This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, March 22, 2012

မော်ဒယ်မမများ


ကိုကိုများအတွက် သီးသန့် (မော်ဒယ်ပုံလေးတွေရှာထားတာ)

တုံးအတဲ့ယောက်ျားနဲ့ ထက်မြက်တဲ့ယောက်ျား

(၁) တုံးအတဲ့ယောက်ျားက မိန်းမကို ဘယ်တော့မှ မချီးကျူးဘူး။ ကောင်းတာတွေလုပ်ရင် ဆိတ်ဆိတ်နေတယ် မကောင်းတာတွေလုပ်ရင် ကဲ့ရဲ့တယ်။

ထက်မြက်တဲ့ယောက်ျားက မိန်းမရဲ့ အားသာချက်လေးတွေကို ရှာကြံချီးကျူးပြီ: ရှေ့ဆက်လုပ်ချင်အောင် အားပေးတယ်။

(၂) တုံးအတဲ့ယောက်ျားက ကိုယ့်မိန်းမကလွဲရင် မိန်းမအားလုံး လှတယ်ထင်တယ်။
ထက်မြက်တဲ့ယောက်ျားက ကိုယ့်မိန်းမကို ဘယ်လိုလှအောင်လုပ်ပေးရမလဲ စဉ်းစားတယ်။

(၃) တုံးအတဲ့ယောက်ျားက ကိုယ့်မိန်းမကို အလုပ်တွေ အများကြီးပြီးမြောက်စေချင်တယ်။ (နူးညံ့ပြီး ယောကျာ်းကို နာခံပြုစုတတ်စေချင်တယ်။ တချိန်ထဲမှာပဲ လှပပြီး ထက်မြက် ဝင်ငွေကောင်းစေချင်တယ်။ ဒါတွေ တပြိုင်နက် မဖြစ်နိုင်ဘူးဆိုတာ သူမေ့ထားတယ်)

ထက်မြက်တဲ့ယောက်ျားက Nobody is Perfect ဆိုတာကို ယုံကြည်လက်ခံတယ်။ ကိုယ်ရတဲ့ မိန်းမဟာ အကောင်းဆုံးလို့ မှတ်ယူတယ်။

(၄) တုံးအတဲ့ယောက်ျားက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး မနာလိုဖြစ်တယ်။
ထက်မြက်တဲ့ယောက်ျားက လှပတဲ့ အနာဂတ်ရောက်ဖို့ ဦးတည်တယ်။

(၅) တုံးအတဲ့ယောက်ျားက မိန်းမကို တဗျစ်တောက်တောက်ပြောတယ်လို့ အပြစ်တင် စိတ်ပျက်တယ်။

ထက်မြက်တဲ့ယောက်ျားက အနမ်းပြင်းပြင်းတစ်ချက်နဲ့ နှုတ်ဆိတ်စေဖို့ သတိရတယ်။

(၆) တုံးအတဲ့ယောက်ျားက ‘နင်မရှိလဲ လှေကား၃ထစ်ဆင်း လူပျိုပဲ’ လို့ အော်ဟစ်တယ်။
ထက်မြက်တဲ့ယောက်ျားက ‘နင်ဟာ ငါ့ဘဝရဲ့ မရှိမဖြစ်သူပါ’ လို့ ဆိုတယ်။

(၇) တုံးအတဲ့ယောက်ျားက မိန်းမကို တာဝန်အရ အရာရာ ပေးဆပ်စေတယ်။
ထက်မြက်တဲ့ယောက်ျားက မိန်းမကို စိတ်လိုလက်ရ ပြုစုအောင် စွမ်းဆောင်နိုင်တယ်။

(၈) တုံးအတဲ့ယောက်ျားက ကိုယ်တော်၊ ကိုယ်တတ်ကြောင်းကို ပိုအရေးစိုက်တယ်။ ကိုယ့်မာန ကိုယ့်အတ္တထိခိုက်မခံဘူး။

ထက်မြက်တဲ့ယောက်ျားက နှစ်ဦးအတူကြိုးစားမှ ခရီးရောက်တယ်ဆိုတာ လက်ခံတယ်။

(၉) တုံးအတဲ့ယောက်ျားက မိန်းမကို စိတ်အားငယ်မှုနဲ့ ကိုယ့်ကိုယ်ကို မယုံကြည်မှုတွေပေးတယ်။

ထက်မြက်တဲ့ယောက်ျားက မိန်းမကို စိတ်လုံခြုံမှုနဲ့ အေးချမ်းမှုကို ပေးတယ်။

(၁ဝ) တုံးအတဲ့ယောက်ျားက သူ့ဒေါသကြားမှာ မိန်းမကို ဦးတည်ရာပျောက်စေတယ်။
ထက်မြက်တဲ့ယောက်ျားက သူ့ တည်ကြည်မှုနဲ့ အိမ်ထောင်ကို သာယာစေတယ်။

ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး



  ၁။ ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရမှု၊ ဟောင်းနွမ်းသွားမှု မရှိခြင်း။


  ၂။ ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူရာတွင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။


  ၃။ တောထွက်တော်မူစဉ်က ပယ်ဖြတ်ခဲ့သောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။


  ၄။ ဆွမ်းစားပြီး၍ သပိတ်တော်ဆေးလျှင် လက်တော်ပါ စင်၏။ လက်တော်ဆေးလျှင် သပိတ်တော်ပါ စင်၏။


  ၅။ မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ပင် ၀င်နိုင်ခြင်း။


  ၆။ ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသည်ရှိသော် အရပ်(၁၀)မျက်နှာလုံးကို ဖောက်ထွင်းခြင်း။


  ၇။ ကိုယ်တော်မှ နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)


  ၈။ ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။


  ၉။ အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။


၁၀။ လူနတ်တို့၏စိတ်ကို အာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။


၁၁။ တရားဟောတော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ ဟောသကဲ့သို့ကြားရခြင်း။


၁၂။ ကျွတ်ထိုက်သော သတ္တ၀ါတို့ကို မဟာဂရုဏာသမာပတ္တိဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။


၁၃။ လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော ဣနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။


၁၄။ အထက်ပါ ၁၃-ပါးနှင့် ဥေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။


၁၅။ အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။


၁၆။ ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးပြာဋိဟာ ပြနိုင်ခြင်း။


၁၇။ တာဝတိံသာသို့ အဘိဓမ္မာတရားဟောတော်မူရန် ကြွသည့်အခါ နှစ်လှမ်း သုံးဖ၀ါးတည်းဖြင့် ကြွတော်မူနိုင်ခြင်း။


၁၈။ ဒေသစာရီကြွချီတော်မူလျှင် ခြေတော်ရာမတင်သည့်အပြင် မြေပြင်မှာလည်း အညီအညွတ်ဖြစ်ရခြင်း

.

သမန္တစက္ခုဒီပနီ တတိယတွဲ ပုစ္ဆာအမှတ်-၇၁ ။ စာမျက်နှာ ၂၃၉-၌အကျယ်ရှုပါ ။