This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, September 19, 2012

Huawei ရဲ့အသစ်ထွက်ဖုန်း Huawei Ascend P1 S (သို့) ကမ္ဘာ့အပါးလွှာဆုံးဖုန်း



Huawei ကအသစ်ထုတ်လုပ်လိုက်တဲ့ဖုန်း Huawei Ascend P1 S အကြောင်းကို မြန်မာ Mobile Application Store မှ User များအတွက်မိတ်ဆက်လိုက်ရပါတယ်။တရုတ်ကုမ္ပဏီကထုတ်လုပ်တဲ့ဖုန်းဆိုပေမယ့် ဖုန်းရဲ့ပါဝင်တဲ့ Hardware တွေနဲ့ Operating System ကိုကြည့်လိုက်တာနဲ့
Huawei Ascend P1 S ဖုန်းရဲ့ အဆင့်အတန်းကိုလျှော့တွက်လို့မရမှန်းသိကြမှာပါ။ ဖုန်းရဲ့ အထူဟာ ၆.၆၈ မီလီမီတာ သာရှိတာကြောင့် ကမ္ဘာ့အပါးလွှာဆုံးစမတ်ဖုန်းတစ်လုံးလို့ပြောကြရတဲ့အထိ နာမည်ကြီးနေတဲ့ဖုန်းတစ်လုံးပါ။ GSM ဖုန်းအမျိုးအစားဖြစ်ပါတယ်။
ုဖုန်းရဲ့ Processor ကို Dual-core 1.5 GHz Processor ကိုတပ်ဆင်ပေးထားပြီး RAM က 1GB ဖြစ်ပါတယ်။ နောက်ထပ်အခြားပြိုင်ဘက်ဖုန်းတွေကို တုန်လှုပ်စေတဲ့အချက်ကတော့ Huawei Ascend P1 S ဖုန်းရဲ့ Operating System ကို လက်ရှိ နာမည်ကြီးဖုန်းအနည်းငယ်မှာသာပါဝင်သေးတဲ့ Google ရဲ့နာမည်ကျော် Android Operating System ဖြစ်တဲ့ Android 4.0 Ice SandWich ကိုထည့်သွင်းပေးထားခြင်းပဲဖြစ်ပါတယ်။
ဖုန်းရဲ့ကင်မရာအနေနဲ့ 8 Mega Pixel ရှိတဲ့ကင်မရာကိုထည့်သွင်းပေးထားတာမို့ ကင်မရာပိုင်းဆိုင်ရာမှာလည်း တော်တော်ကောင်းမွန်တယ်လို့ဆိုရမှာဖြစ်ပြီး Full HD video တွေကိုပါရိုက်ကူးနိုင်တယ်လို့ဆိုပါတယ် ။ရှေ့ကင်မရာအနေနဲ့ကတော့ 1.3 Mega Pixel ရှိတဲ့ကင်မရာကိုတပ်ဆင်ပေးထားပါတယ်။ HDMI Cable နဲ့ချိတ်ဆက်အသုံးပြုနိုင်တဲ့ feature ကိုလည်းထည့်သွင်းပေးထားပါတယ်။
ဖုန်းရဲ့ Storage အနေနဲ့ 4GB ပါဝင်ပြီး SD Card ကို 32 GB Storage ရှိတဲ့ SD Card အထိထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်မယ့်ကွန်ရက်တွေအနေနဲ့ Wifi,GPRS,EDGE စတဲ့အင်တာနက်စနစ်တွေကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ 3G Network တွေဖြစ်တဲ့ HSDPA, HSUPA စတဲ့ Network များနဲ့လည်းချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ GPS စနစ်ကိုလည်း အထောက်အပံပေးနိုင်တဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။
ဖုန်းရဲ့ နောက်ဘက် Cover ကိုတော့အရောင်ငါးမျိုးခန့်ရရှိနိုင်မှာဖြစ်ပါတယ်။
ခြုံငုံသုံးသပ်ရရင်တော့ Huawei Ascend P1 S ဖုန်းဟာတော်တော်ကောင်းမွန်တဲ့ဖုန်းတစ်လုံးလို့ပြောရမှာဖြစ်ပြီး Huawei ကထုတ်ခဲ့တဲ့ဖုန်းတွေထဲမှာတော့ အကောင်းဆုံး Androidဖုန်းတစ်လုံးလို့ဆိုရမှာဖြစ်ပါတယ်။ Android OS ကိုကြိုက်နှစ်သက်တဲ့ မိုဘိုင်းဖုန်းအသုံးပြုသူတွေအနေနဲ့ အဆင့်မြင့်မြင့်နည်းပညာတွေနဲ့Huawei Ascend P1 S ဖုန်းဟာ ဈေးနှုန်းသင့်တင့်ပြီးကိုင်သင့်တဲ့ ဖုန်းတစ်လုံးဖြစ်တဲ့အကြောင်းကိုတင်ပြလိုက်ရပါတယ်။
 .Huawei P1 ဈေးနှုန်းအမှန်က၂သိန်းခြောက်သောင်းကိုးထောင်ဖြစ်ပါတယ်.
Credit To

Thet Naing Soe
(Myanmar Mobile Application Store)

ကားပြပွဲ တွေ မှာ အဖော်လွန် တဲ့ မော်ဒယ်(လ) တွေ ကို တရုတ် နှိပ် ကွပ်



https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-snc6/225973_347907195300820_322559510_n.jpg
by FNG on September 18, 2012

တရုတ် ပြည်မှာ မော်တော် ကား ပြပွဲ တွေ ကျင်းပ တဲ့ အခါ မလုံ မခြံ ၀တ်ထား တဲ့ မော်ဒယ်(လ)
တွေ ကို ဖမ်းဆီး အရေး ယူတာ တို့  မော်တော်ပြ ပွဲ ကျင်း ပတဲ့ ကုမ္ပဏီ ကို လည်း အရေးယူတာ
တွေ လုပ် လာ ပြီ ဖြစ်တဲ့ အကြောင်း ဒီနေ့ ထုတ် ဝေတဲ့ South China Morning Post သတင်း
စာ မှာ ဖော်ပြထား ပါတယ်။

စက်တင်ဘာ လဆန်း က ချန်ဒူး မော်တော် ကား ပြ ပွဲ မှာ မစ်ယန်ယူ ဆိုတဲ့ မော်ဒယ်(လ) အပါအ၀င်
အခြား မော်ဒယ် လေးဦး ဟာ ၀တ်လစ် စလစ် နီး ပါး ဖက်ရှင် နဲ့  ပုရိသ တွေ အကြိုက် ဓာတ် ပုံ အရိုက်
ခံ ခဲ့ တယ် လို့  ဆို ပါတယ်။

ဒီကား ပြပွဲ မှာ ဂျပန် လုပ် မော်တော် ကား တွေ နဲ့  တရုတ် ပြည် လုပ် မော်တော် ကား တွေ
ပြသထား ပါတယ်။

အစိုးရ က နှိပ် ကွပ် ပေမယ့် လည်း မော်ဒယ်(လ) တွေ ရဲ့  အစွမ်း ကြောင့် ကား တွေ အရောင်း စွံ သဗျို့ 
လို့  ချန်ဒူး အော်တို ပြပွဲ ကို စီစဉ် သူ တစ်ဦးက ဆိုပါတယ်။

Car News China အင်တာနက် စာမျက် နှာ မှာ တော့ ကား ပြ ပွဲ တွေ မှာ မော်ဒယ်(လ) တွေ ၀တ်လစ်
စလစ် နီး ပါး အလှ ပြ ခိုင်း တာ မျိုး တွေ့  ရင် အရေး ယူအပြစ် ပေးမယ် လို့  ဖော်ပြ ထား ပါတယ်။

မြန်မာ နိုင်ငံ ရဲ့  အိမ် နီး ချင်း နိုင်ငံ ဖြစ်တဲ့ တရုတ် နိုင်ငံ မှာ ကား ပြ ပွဲ တွေ ၊ မော်ဒယ်(လ) ရှိုး တွေ မှာ
မမြင် အပ် တဲ့ နေ ရာ တွေ ကို ဖော်ပြ ပြီး လူကြိုက်များ အောင် လုပ်တာ ခွင့် မပြု တော့ ဘူး လို့  ဆို ပါတယ်။

မြန်မာ နိုင်ငံ မှာ တော့ မော်တော် ကား ပြ ပွဲ တွေ မော်ဒယ် ရှိုး တွေ မှာ ၀တ်လစ်စလစ် နီး ပါး မဖြစ် သေးတာ
ကြောင့် သိသာ တဲ့ နှိပ် ကွပ် မှု တွေ မလုပ် သေးဘူး လို့  မော်ဒယ်(လ) ပြပွဲ စီစဉ် သူ တစ်ဦး က ပြောပါ
တယ်။

လတ်တလော ကျင်း ပနေ တဲ့ မော်တော်ကား ပြပွဲ တွေ ၊ မော်ဒယ်(လ) ရှိုး တွေ မှာ စကတ် တို ယဉ်ကျေးမှု
ခောတ်စား နေပေမယ့် အဖော် အချွတ် လုပ် ပြီး ပြတာ မျိုးတော့ မတွေ့ ရ သေးဘူး လို့  ရန်ကုန် မြို့  က ဟို
တယ် မန်နေဂျာ တစ်ဦး က ပြောပါတယ်။

မူရင်းသတင်း--Freedom News Group(Burma)
— with Myomyo Kyaw.

မြန်မာပြည်လမ်းပေါ်က အမေရိကန် ဇိမ်ခံကား Cadillac CTS


-







General Motor ထုတ် Cadillac ဇိမ်ခံကားများဟာ ကမ္ဘာတစ်လွှား ရေပန်းစားကားများ ဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း ရှိနေပါပြီ။

ရောက် လာနိုင်ငံ နည်းလမ်း နှစ်ခုတော့ အကြမ်းဖျင်းအားဖြင့် ရှိနေပါတယ်။ ဂျပန်လေလံဈေးကနေ နဲ့ အေးဂျင့်မှာမှာယူပေးမှု ဖြစ် ပါတယ်။

ဂျပန်လေလံကနေ လာတာဆိုရင် သာမန် ဂျပန်ကနေ User car ဝယ်တဲ့ထုံးစံအတိုင်းပဲ ဖြစ်ပါ တယ်။ မြန်မာငွေနဲ့ တွက်ရင် သိန်း ၂၅၀ ဝန်းကျင်ပဲ ရှိပါတယ်။ ဒါက ၂၀၀၉ မော်ဒယ် ဖြစ်ပါတယ်။ အင်ဂျင်ပါဝါကလည်း ၃ထောင်ကျော်မှာ ရှိတဲ့အတွက် မြန်မာပြည်အရောက် အခွန် များ
နဲ့ တွက်လိုက်ရင် သိန်း ၁ထောင်ထက်တော့ မပိုပါဘူး။ သိန်း ၈၀၀ ကတော့ အနည်းဆုံး ဖြစ် ပါတယ်။

အေးဂျင့်က မှာပေးမယ်ဆိုရင်တော့ တစ်ပတ်ရစ်ကား မဟုတ်ပဲ ဘရန်ဒီကားလည်း ဖြစ်တဲ့အတွက် ဈေးက သာမန် အမေရိကန်နိုင်ငံသားတွေဝယ်တဲ့ ဈေးအပြင် ထပ်ပေါင်းပေးရတာမျိုးလည်း ရှိပါအုံးမယ်။ အနည်းဆုံးကတော့ သိန်း ၁,၀၀၀ ပဲ ဖြစ်ပါတယ်။

ဆီစားကြီးလို့
သာမန် ကားဝယ်တဲ့သူများကတော့ မဝယ်ပါ ဘူး။ ငွေပိုနေတဲ့ ဇိမ်ခံကား ခရေဇီများကတော့ ဝယ်စီးပါတယ်။ မြန်မာပြည်လမ်းပေါ်မှာလည်း တွေ့နေရပါပြီ။

သို့ပေမယ့် ၂၀၀၇ ထက်မကျော်တဲ့ မော်ဒယ် Cadillac CTS ကို ဂျပန်လေလံမှာ တွေ့ရင်တော့ သာမန် ဂျပန်ကားဝယ်သလိုပဲ ကုန်ကျမှာ ဖြစ်ပါတယ်။ သိန်း ၅၀၀ ထက်တောင် နည်းနိုင်ပါတယ်။ သို့ပေမယ့် Cadillac ဟာ ဂျပန်လေလံဈေးကွက်မှာ တက့ယ်ရှားပါး ကားဖြစ်နေပါတယ်။

အဓိကကတော့ တံဆိပ်ကြောင့် ဈေးကြီးပုံရပါတယ်။ အတွင်းမှာ ပါဝင်တဲ့ Accessory က အခြားမော်ဒယ်မြင့် ကား များထက် မပိုပါဘူး။ ၂၀၀၇ မော်ဒယ်အထက်မှာတောင် အတွင်း LCD တီဗီက ကိုယ်တိုင် ဝယ်တပ်ရတာပါ။

၂၀၀၂ ခုနှစ်ကနေ ၂၀၀၇ ကြားက ပထမမျိုးဆက်၊ ၂၀၀၇ အထက်က ဒုတိယမျိုးဆက် ဖြစ်ပါတယ်။ ဒီဇိုင်းက အဓိက ကွဲပြားတဲ့ ထူးခြားချက်ဖြစ်ပါတယ်။ တံခါး နှစ်ပေါက် coupe, တံခါးလေးပေါက် sport ဆလွန်း၊ တံခါး ၅ပေါင် စတေရှင် ဝက်ဂွန် ဆိုပြီး သုံးမျိုး ခွဲထုတ်ထားပါတယ်။ လက်ရှိမြန်မာပြည်မှာတော့ ဆလွန်း တွေ့ရပါတယ်။

ပထမမျိုးဆက်ထက် သာသွားတဲအပိုင်းက ကားရှေ့ ပိုင်း ဒီဇိုင်းနဲ့ အသုံးပြုတဲ့ သတ္တုဖြစ်ပါတယ်။ Safety အသားပေးတဲ့အတွက် ရှေ့ ပိုင်း ပိုမာလာပြီး အင်ဂျင်ပါဝါလည်း ထပ်မြင့်ထားပါတယ်။ ၂၀၀၂ အထက်မှာတုန်းက ၂၆၀၀ စီစီ အရွယ်ရှိတဲ့ ပစ်စတင် ၆လုံးပူး V အင်ဂျင်အ သုံးပြုခဲ့ပါတယ်။ ၂၀၀၇ အထက်မှာတော့ အနည်းဆုံး ၃၀၀၀ စီစီ ဖြစ်ပါတယ်။ အများဆုံး ၆၂၀၀ စီစီ အင်ဂျင်တောင် ထုတ်ပါတယ်။ ဒါကြောင့် ထုတ်လုပ်နိုင် တဲ့ မြင်းကောင်ရေအားက ၂၇၀ ထက်ပိုပါတယ်။ ၆၂၀၀ စီစီမှာ ဆိုရင် မြင်းကောင်ရေ ၅၅၀ အထက်မှာ ရှိပါတယ်။ ကားက Mid size Lux ဖြစ်ပါတယ်။ top speed- အမြန်ဆုံး ၁၅၀ အထက်ဖြစ်ပါတယ်။ CTS-V version ဆိုရင် တစ်နာရီ မိုင် ၂၀၀ နားကပ်တဲ့အတွက် ကမ္ဘာ့အမြန်ဆုံး ကားများ စာရင်းထဲတောင် Cadillac ဇိမ်ခံကားက ပါဝင်ပါသေးတယ်။

အဲယားကွန်း၊ လေအိတ်၊ ပါဝါဝင်းဒိုး၊ စမတ်ကီး၊ ရေဒီယို စတာတွေအပြင် Navigation device, LCDတီဗီ၊ GPS, စပီကာ၊ Woofer, DVD player, Audio system, LED မီးလုံး၊ iPod ထိုး အသုံးပြုနိုင်သော အော်ဒီယိုစနစ် စတာတွေအပြင် အခြား ဇိမ်ခံပစ္စည်းများလည်း ပါဝင်ပါ တယ်။ အီလက်ထရောနစ် ပစ္စည်းတော်တော်များများ စုံစုံလင်လင် ပါရှိပါတယ်။ ကားငြိမ်အောင် ထိန်းပေးမယ့် Stability control, traction control တို့က Safety ပိုင်းမှာ အားဖြည့်ထားပါတယ်။

တံခါးလေးပေါက် ဆလွန်းကား ဆိုရင် အရှည် ၁၉၁.၆ လက်မ၊ အကျယ် ၇၂.၅ လက်မ၊ အမြင့် ၅၈ လက်မ အရွယ်အစားရှိပါတယ်။ ဂီယာ ၆ချက်ထိုး ရိုးရိုးနဲ့ အော် တို နှစ် မျိုး တွေ့မြင်နိုင်ပါ တယ်။ နောက်ဘီးမောင်းစနစ် ကားနဲ့ လေးဘီးမောင်း စနစ်ကား ဆိုပြီး ထုတ်လုပ်ထား ပါတယ်။ ဓာတ်ဆီစားတဲ့ အင်ဂျင်ကို အသုံးပြုထားပြီး လေးဘီးစနစ်မှာ အကုန်အကျ များနိုင်ပါတယ်။

၂၀၀၇ မော်ဒယ်အထက် သိန်း ၁ထောင်အောက် ရှိတဲ့ ဂျပန်လေလံအောင် CTS မကြိုက်ရင်လည်း သိန်း ၁ထောင်အထက် ပရီမီယံ Cadillac များကို မှာယူစီးနိုင်ပြီ ဖြစ်ပါတယ်။ သူကနေ ခွဲထွက်တဲ့ STS ကားများလည်း လေလံထဲမှာ ရှိနေတတ်ပါသေးတယ်။

အောက်ပါ မြန်မာ လေလံဝဘ်ဆိုဒ်မှာ ရှာဖွေတွေ့ရှိနိုင် ပါတယ်။

http://www.colayonline.com.mm/automobile/portal.html#auction

http://staging.colayonline.net/automobile/portal.html#auction:detail:2oCcYQn6zcb1lA

KIA နှင့် ဒိန်ဂါယန်တိုက်ပွဲတွင် အစိုးရတပ် ၃ ဦးကျ ၆ ဦးဒဏ်ရာရ


KNG

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်မှ ၃ မိုင်အကွာရှိ ဒိန်ဂါယန် (Dingga Yang) တွင်တပ်ချထားသော မြန်မာအစိုးရတပ်နှင့် က ချင် လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြားတိုက်ပွဲအနည်းငယ်ပြင်းထန်စွာဖြစ်ပွားခဲ့ရာ အစိုးရတပ်မှ ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိသွား ကြောင်း ရှေ့တန်းမှ အရာရှိများမှသိရသည်။

ဒိန်ဂါယန်တွင် တပ်စွဲထားသော အစိုးရတပ်အင်အား ၂၀ ကျော်ရှိ ခလရ (၁၄၂) တပ်ကို KIA တပ် မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၄) မှ မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာတွင် ကျဆုံးဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုချိန် ထိုအစိုးရတပ်မှ ထိခိုက်ဒဏ်ရာရရှိသောသူများကို ဒေါ့ဖုန်းယန်ဆေးရုံသို့ပို့ဆောင်ထားကြောင်း မျက်မြင်များ ကချင်သတင်း ဌာန သို့ပြောသည်။

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကြား ပဋိပက္ခများသည် ဆက်လက်တင်းမာနေဆဲဖြစ်ပြီး ကချင်ပြည်နယ်ဖက်သို့ တပ်အင် အား များတိုးချဲ့ကာ ထိုးစစ်ဆင်မှုများ မရပ်မနားရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ စက်တင်ဘာ ၁၆ ရက် ညတွင်လည်း ဗန်းမော်ဘက်မှ မြန်မာအစိုးရတပ်သည် စစ်ကား ၄ စီး အင်အား ၈၀ ကျော်ဖြင့် နွမ်လန် (Num Lang) ရွာတွင် တပ်စွဲထားသည့် ခမရ (၄၃၈) သို့ စစ်အင်အားများထပ်မံဖြည့်နေကြောင်း KIOအရာရှိများပြောသည်။

ပြန်လွတ်လာ တဲ့ ကျောက်ဆည် အဓိကရုံး သံဃာ ၂၂ ပါး ဦးဝိသူရ ထံ မှ သင်္ဃန်း ပြန်စည်း


AP     ၊၂၀၀၂  ခုနှစ် ကျောက်ဆည် အရေး အခင်း တုန်းက ဖမ်းဆီး ထောင်ချခံရတဲ့ သံဃာ
၂၂ ပါး ဟာ
မနေ့  က မြန်မာ အစိုးရ ရဲ့  လွတ်ငြိမ်းချမ်းသာ ခွင့် ကြောင့် ပြန်လွတ်လာ တဲ့ အကျဉ်းသား
၅၁၄
ဦး ထဲ မှာ ပါဝင် ပြီး ဒီနေ့ မှာ တော့ သူ တို့  ဟာ မန္တလေး က ဆရာ တော် ဦးဝီရသူ ကျောင်းမှာ
သင်္ဃန်း ပြန်စည်းတယ် လို့  FNG က သတင်း ရရှိ ပါတယ်။
ဒီသတင်း နဲ့  ပတ်သက် ပြီး မန္တလေး က စာနယ်ဇင်း ဆရာ တစ်ဦးက ” သံဃာ ၂၂ ပါးစလုံး မန္တလေး
ထောင် က ပြန်လွတ်လာ တာ လေ ၊ ညနေ မှာ ပြန်ပြီး သိက္ခာ ထပ် တယ်။ ပြီးတော့ မှ ရပ် ရွာ ကို
ပြန်ကြွ မယ် ထင်တယ် ” လို့  ပြောပါတယ်။
မျိုးဆက် သစ် လူငယ် များ အဖွဲ့  Generation Wave အဖွဲ့  က တစ်ဦး တည်း ကျန် ရှိ နေ တဲ့

ပဲခူး ထောင် က ဇင်မင်းအောင် လည်း ပြန်လည် လွတ်မြောက်လာ ပြီး ၊ ၁၉၉၈ ခုနှစ် မေ လ က
တည်း က ဖမ်းဆီးခံထား ရတဲ့ ဦးရွှေထူး လည်း တောင်ကြီး အကျဉ်းထောင် က ပြန်လည် လွ
မြောက် လာခဲ့ ပါတယ်။
မန္တလေး အကျဉ်းထောင် က အများ ဆုံး လွတ်မြောက် လာ တာ ဖြစ် ပြီး နိုင်ငံ ရေး အကျဉ်းသား
ပေါင်း ၄၇ ဦး လွတ်မြောက် ကာ ၊ သယာဝတီ ၊ အင်းစိန် နဲ့  တောင်ငူ အကျဉ်းထောင် က အကျဉ်း
သား တွေ လည်း ပြန်လည် လွတ်မြောက် ခဲ့ ပါတယ်။   ပြန်လွတ်လာတဲ့ နိုင်ငံ ရေး အကျဉ်းသား
၉၀ ကျော် ရှိ တယ် လို့  နိုင်ငံရေး အကျဉ်းသား ဟောင်းများ ကွန်ယက် အဖွဲ့  က ပြောပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စု ကြည် ရဲ့  အမေရိကန် ခရီးစဉ် စတင် တဲ့ နေ့ မှာ
ပဲ နိုင်ငံ ရေး  ကျန် ရှိ နိုင်ငံ ရေး အကျဉ်းသား တွေ ကို အကျဉ်းထောင် ထဲ က ပြန်လည် လွှတ်ပေး
လိုက် တာ ဖြစ်ပေမယ့် လူ့  အခွင့် အရေး ကာကွယ် မြှင့် တင် ရေး အဖွဲ့  က ဦးမြင့်အေး တို့   အပါအ၀င်
ရာ နဲ့  ချီ ကျန် ရှိ နိုင်သေးတယ်လို့  နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ဦး ဖြစ် သူ ကိုအောင်မြတ် က
ပြောပါတယ်။
မြန်မာ အစိုးရ ဟာ ၂၀၁၂ ခုနှစ် နှစ်ဆန်း ကတည်း က စ ပြီး ကိုမင်းကို နိုင် ၊ ကိုကိုကြီး တို့  လို ထင်ရှား
တဲ့ နိုင်ငံ ရေး အကျဉ်းသား တွေ ကို ရာ နဲ့  ချီ ပြန်လွှတ် ခဲ့ ရာ မှာ အရင် က ထောင် နဲ့  ချီ ဖမ်းထား တဲ့
နိုင်ငံ ရေး အကျဉ်းသား တွေ ဟာ ရာ ဂဏန်း လောက် ပဲ ရှိ တော့ တယ် လို့  နိုင်ငံရေး အကျဉ်းသား
ဟောင်း အဖွဲ့  က ပြောပါတယ်။
Feature Photo : AP / Khin Maung Win

ဗြိတိန်နိုင်ငံ၏ နျူကလီးယားဒဏ်ခံနိုင်သည့် ဘန်ကာမြေအောက် အနက်ပေ ၁၀၀ တွင် တည်ဆောက်ထား


ဗြိတိန်နိုင်ငံရှိ အမှတ် ၃၄၅ ပူးပေါင်းတပ်ဖွဲ့၏ နျူကလီးယားဒဏ် ခံနိုင်သည့် ဘန်ကာတစ်ခုကို လန်ဒန်မြို့ ဆင်ခြေဖုံးရှိ နော့သ်ဝုဒ်အရပ်ရှိ တောင်စောင်းအောက် ပေ ၁၀၀ အနက်တွင် တည်ဆောက်ထားကြောင်း သိရသည်။

အဆိုပါ အခန်းမှနေ၍ နျူကလီးယားလက်နက်များ သယ်ဆောင်ထားသည့် ရေငုပ်သင်္ဘောများကို ထိန်းချုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ နျူကလီးယား လက်နက်တပ်ဆင်ထားသည့် Vanguard အမျိုးအစား ရေငုပ်သင်္ဘောလေးစင်းအနက်မှ တစ်စင်းသည် Trident IID-5 ဒုံးကျည်များကို သယ်ဆောင်ထားပြီး စဉ်ဆက်မပြတ် ကင်းလှည့်လျက်ရှိသည်။ ၄င်းဒုံးကျည်များသည် ထိပ်ဖူး ၁၂ ခုထိ သယ်ဆောင်နိုင်ပြီး ထိပ်ဖူးတစ်ခုစီသည် ဟီရိုရှီးမားတွင် အသုံးပြုခဲ့သည့် ဗုံးထက် ၈ ဆ ပိုမို အစွမ်းထက်ကြောင်း သိရသည်။ ၄င်းဘန်ကာ၏ အပူချိန်နှင့် စိုထိုင်းမှုကို ထိန်းသိမ်းထားပြီး အဆောက်အအုံအတွင်းရှိ လေကိုပိုမို ဖိအားပေးထားသည့်အတွက် ဓာတုလက်နက်များဖြင့် တိုက်ခိုက်ခံရပါက ထိခိုက်မည်မဟုတ်ကြောင်း သိရသည်။ ဗြိတိန်ဝန်ကြီးချုပ်က Whitehall အောက်ရှိ ၄င်း၏ ဘန်ကာမှနေ၍ နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်မှုပြုလုပ်ရန်အတွက် အဆိုပါ ဘန်ကာသို့ အမိန့်ပေးနိုင်ကြောင်း သိရသည်။ (အင်တာနက်)

By Khitlunge

အရက်ပုလင်း နဲ့ ရွှေတိဂုံ




မလေးရှားနိုင်ငံ Teo Seng Chan အရက်ကုမ္ပဏီက သူတို့ရဲ့ထွက်ကုန်တခုမှာ ရွှေတိဂုံဘုရားပုံ တံဆိပ်တပ်ထားကြောင်း သူတို့ ၀က်ဆိုက်မှာ ရှိတဲ့ ပုံအရ သိရပါတယ်။

ဒီကုမ္ပဏီက အရက်မျိုးစုံကို တံဆိပ်မျိုးစုံထုတ်ပါတယ်၊ မလေးရှား၊ စင်္ကာပူ နဲ့ ဗီယက်နမ်ဈေးကွက်တွေကို ပစ်မှတ်ထားပါတယ် တဲ့။




ကုမ္ပဏီဝက်ဘ်ဆိုက်မှာ ထုတ်ကုန်ပစ္စည်းများ (Products) ဆိုတဲ့နေရာကို ကလစ်လိုက်ရင် အရက် အုပ်စု ၉ မျိုးကို တွေ့ရပါတယ်။
အဲဒီထဲက Thai Liquor လို့ အမည်ပေးထားတဲ့အုပ်စုကို ကလစ်လိုက်ရင် ရွှေတိဂုံတံဆိပ် အရက်ပုလင်းများကို တွေ့ရမှာပါ။

ဒီကုမ္ပဏီ မလေးရှားမှာ အမှန်တကယ် တည်ရှိသလား၊ ဒီပစ္စည်းတွေ တကယ်ထုတ်လုပ်သလား ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။ သူတို့အွန်လိုင်းမှာ တွေ့ရတာကို ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

(ကုမ္ပဏီတည်ရှိဆယ် ဆိုတဲ့နေရာက မြို့တော် ကွာလာလမ်ပူနဲ့ သိပ်မဝေးပါဘူး)

ကုမ္ပဏီအမည် အပြည့်အစုံ - Teo Seng Chan Liquor Merchants Sdn Bhd.
ဝက်ဘ်ဆိုက်လိပ်စာ - http://www.tsc-liquor.com/index.html
ကုမ္ပဏီ အီးမေး၊ ဖုန်း၊ ဖက်စ်၊ လိပ်စာ အပြည့်အစုံ နဲ့ သူတို့ရဲ့ထွက်ကုန်တွေ ၀ယ်ယူနိုင်မယ့်ဒေသတွေကို ၀က်ဘက်ဆိုက်မှာ အခုလို ရေးထားပါတယ်။

37, Jalan Apollo U5/186,
Bandar Pinggiran Subang,
40150, Shah Alam,
Selangor, Malaysia
Tel : 603-7845 0158, 603-7845 6649
Fax : 603-7845 6396
Email : enquiries@tsc-liquor.com

Where to Buy

1. All sundry shop with liquor license
2. All medical shop with liquor license
3. All liquor shop
4. Giant Hypermarket
5. Jaya Jusco
6. All cash & carry hyper market with liquor license

ကချင်ပြည်နယ် ဖားကန့်တွင် တိုက်ပွဲရပ်စဲ



၈၈ မျိုးဆက်ကျောင်းသားတွေ ရောက်ရှိနေချိန်ရက်ပိုင်းအတွင်း ဖားကန့်မြို့မှာ သေနတ်သံ တိတ်ဆိတ်နေတဲ့အတွက် မြို့ခံတွေ ကျေနပ်နေကြပါတယ်။
ကိုမင်းကိုနိုင်၊ ကိုပြုံးချိုအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား  ၅ ဦးဟာ အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်အကြား တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မြို့ကို ရောက်တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ညကတည်းက သေနတ်သံ၊ ဗုံးသံနဲ့ အမြောက်သံတွေ တိတ်ဆိတ်ခဲ့တာဖြစ်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က “ဖားကန့်မှာတော့ ကျနော်တို့မရောက်ခင် ညအထိကတော့ တိုက်ပွဲတွေ ရှိနေတုန်းပဲ။ ကျနော်တို့ ရောက်သွားတာနဲ့တပြိုင်တည်း တိုက်ဆိုင်တာပဲ ပြောရမလား၊ နားလည်မှုရှိရှိပဲ ဆိုရမလား၊ ကျနော်တို့ရဲ့ စိတ်ရင်းစေတနာအပေါ်မှာ သူတို့ရဲ့ တုံ့ပြန်ချက်လို့ပဲ ထင်မှတ်ပါတယ်။ နှစ်ဖက်သော အဖွဲ့တွေက အပစ်အခတ် ရပ်စဲသွားတယ်။
“ဒီနေ့ထိ သေနတ်သံတွေ လုံးဝတိတ်ဆိတ်သွားတဲ့အတွက်ကြောင့် ဖားကန့်တနယ်လုံးက အင်မတန်မှ ၀မ်းမြောက်ကြည်နူးတယ်။ သူတို့တွေ လမ်းပေါ်တွေမှာ တက်ပြီးတော့ အောင်ပွဲခံကြ တယ်။ လမ်းမတွေပေါ်မှာ ကလေးတွေရော၊ အမျိုးသမီးတွေရော၊ လမ်းလျှောက်နေကြတယ်။ ကျနော်တို့ကို ပြောပြတယ်။ အဲလို ညဆို အပြင်မထွက်ရဲခဲ့တာ သူတို့မှာ ကြာခဲ့ပါပြီတဲ့။ အခုတော့ သေနတ်သံတွေ တိတ်ဆိတ်သွားတဲ့နေ့တွေ နေ့တိုင်းဖြစ်သင့်တယ်၊ ညတိုင်းလည်းဖြစ်သင့်တယ်။ အခု ကျောင်းတွေ ပြန်ဖွင့်ပြီ။ ကလေးတွေ ကျောင်းပြန်တက်နေကြပြီ။ ကျနော်တို့ အဲမြင်ကွင်းတွေကို ထာဝရပန်းချီကားတချပ်လို ရေးခဲ့ချင်ပါတယ်။ ငြိမ်းချမ်းရေးကို ဆက်ပြီးထိန်းသိမ်းကြဖို့ အားလုံးမှာ တာဝန်ရှိသလို ကျနော်တို့ကိုယ်တိုင်မှာလည်း တာဝန်ရှိတယ်လို့ ခံစားရပါတယ်။ ကျနော်တို့ အမြဲမပြတ်စောင့်ကြည့်နေပါ့မယ်လို့ အားလုံးကို အသိပေးခဲ့ပါတယ်”  လို့ ပြောပါတယ်။
သူတို့ မရောက်ခင်ကတည်းက ပစ်ခတ်သံတွေ ရပ်သွားတာဖြစ်တဲ့အကြောင်းနဲ့ ဒေသခံတွေ စိတ်ခံစားမှုတွေကို ဖားကန့်မြို့ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ်ရဲ့ ညီလာခံဖြစ်မြောက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးဒါရှီလဆိုင်းက ခုလို ပြောပါတယ်။
“ထူးခြားမှုကတော့ သူတို့လာတဲ့အချိန်မှာ လူတွေရဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ကင်းသွားတာပေါ့။ သူတို့က ည ၈ နာရီလောက် မြို့ထဲရောက်လာတာဆိုတော့ သူတို့မရောက်ခင်အချိန်ဆို အဲ့အချိန်ကာလဟာ ညဆို စစ်သားတွေက ကင်းလှည့်တဲ့အချိန်ဆိုတော့ လူထုတွေက ကျီးလန့်စာစားဖြစ်နေကြတာပေါ့။ သူတို့ရောက်လာတဲ့အချိန်ကြတော့ လူထုရဲ့စိတ်မှာပေါ့ပါးသွား တာပေါ့။ သူတို့ကိုလည်း အားလုံးက လိုလိုလားလားနဲ့ ကြိုဆိုကြတယ်။ နောက်ကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ နေခွင့်ရတော့မယ်ဆိုပြီး ထင်နေကြသူတွေလည်းရှိတယ်။”
စက်တင်ဘာ ၁၇ ရက်နေ့မှာ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ မြို့ပေါ်က ရပ်မိရပ်ဖတွေ၊ ဘာသာအသီးသီးကပုဂ္ဂိုလ်တွေနဲ့ အလွှာအသီးသီးက အပါအ၀င် ဒေသခံတွေနဲ့ တွေ့ဆုံပြီး ဖားကန့်ဒေသ အပါအ၀င် ကချင်တပြည်နယ်လုံးနဲ့  တနိုင်ငံလုံး တိုက်ပွဲတွေရပ်စဲဖို့ လက်မှတ်ရေးထိုးလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပါတယ်။
ဒီနေ့မှာတော့ သူတို့အဖွဲ့ဟာ ဖားကန့်မြို့ကနေ မိုးကောင်းမြို့ကို ထွက်ခွာခဲ့ကြပြီး မြို့ပြင် ဘက်နားက မြဦးစေတီဘုန်းကြီးကျောင်းမှာ ခိုလှုံတဲ့ စစ်ရှောင်ဒုက္ခသည် ၅၀၀ ခန့်ကို အားပေးနှစ်သိမ့်ခဲ့ပါတယ်။ သူတို့ဟာ မနက်ဖြန်မနက်ကျရင် မိုးကောင်းမြို့မှာ “ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး” ဟောပြောပွဲလုပ်မှာ ဖြစ်ပါတယ်။
အပစ်အခတ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး စီမံချက်ကစတင်ပြီး အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)အကြား အပစ်အခတ်ရပ် သဘောတူညီချက် ပျက်ပြားခဲ့ ရတာဖြစ်ပါတယ်။
By အေးနိုင် (ဒီဗွီဘီ)

မွတ်စလင်ဘာသာကိုလှောင်ပြောင်တဲ.အခွေထုတ်တာအမေရိကန်မဟုတ်ပါဘူး


မွတ်စလင်ဘာသာကိုလှောင်ပြောင်တဲ.အခွေထုတ်တာအမေရိကန်မဟုတ
်ပါဘူး
အီဂျစ်လူမျိုးအမေရိကန်နိုင်ငံသားခံယူသွားတဲ.မွတ်စလင်ကုလားတယောက်ဖြစ်ကြောင်း အမေရိကန်က
ဖော်ပြလိုက်ပါတယ်ဗျာ၊၊
မွတ်စလင်ဘာသာကိုသိက္ခာချတာမွတ်စလင်လူမျိုးများကိုယ်တိုင်ပဲဖြစ်ပါတယ်။

By Black Angle

မိုဘိုင်းဖုန်းဆိုင် အချို့တွင် ကျပ် ၅၀၀၀ တန် ငွေဖြည့်ကဒ် များ စတင်ရောင်းချ


ရန်ကုန် ၊ စက်တင်ဘာ ၁၈

မိုလ်ဘိုင်း ဖုန်းသုံးစွဲသူများ မျှော်လင့်လျက် ရှိသော ကျပ် ၅၀၀၀ တန် ငွေဖြည့်ကဒ်များ ကို ရန်ကုန်မြို့ တော်ရှိ မိုဘိုင်း ဖုန်းဆိုင် အချို့တွင် စက်တင်ဘာလ(၁၈) ရက်နေ့မှ
စတင် ရောင်းချ နေပြီဖြစ် ကြောင်း အဆိုပါ ငွေဖြည့်ကဒ် ဝယ်ယူ သုံးစွဲခဲ့သူများနှင့် မိုလ်ဘိုင်းဖုန်း အရောင်းဆိုင်များ ထံမှ စုံစမ်း သိရှိ ရသည်။

“ ကဒ်တွေကတော့ မနေ့က စရောက်တယ် ၊ ရောင်းတာတော့ ဒီနေ့မှ စရောင်းတာပါ” ဟု အဆိုပါ ငွေဖြည့်ကဒ်များကို စတင် ရောင်းချပေးနေပြီ ဖြစ်သော Sim-Net မိုဘိုင်းဖုန်း အရောင်းဆိုင်မှ တာဝန်ခံ အမျိုးသမီး ကပြောကြားသည် ။

အဆိုပါ ၅၀၀၀ ကျပ်တန် ငွေဖြည့်ကဒ်များကို ဆိုင်အချို့တွင် စတင်ရောင်းချပေးနေပြီ ဖြစ်သော် လည်း Elite Tech ၊ Do Co Mo အပါအဝင် အခြား မိုလ်ဘိုင်း ဖုန်းအရောင်းဆိုင် အချို့တွင် ရောင်း ချခြင်း မရှိသေး ကြောင်း အဆိုပါ မိုလ်ဘိုင်းဖုန်း အရောင်းဆိုင်များထံမှ သိရှိရသည် ။

Elite Tech မိုဘိုင်းဖုန်း အရောင်းဆိုင် တစ်ခုမှ တာဝန်ခံ တစ်ဦးကို The Voice Weekly ကဆက် သွယ် မေးမြန်းရာ ကဒ်များ ရောက်ရှိနေပြီ ဖြစ်သော်လည်း ရုံးချုပ်မှ ရောင်းချရန် ညွှန်ကြားထားခြင်းမရှိ သေးကြောင်း နှင့် ယခုရက်ပိုင်းအတွင်း ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း ပြန်လည် ပြောကြား သည်။
ထို့အပြင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ ယနေ့ နံနက်ပိုင်းက ဆက်သွယ် မေးမြန်းရာတွင် ယခု တစ်ပတ်အတွင်း ရောင်းချသွားမည် ဟု သာပြန်လည် ဖြေကြားခဲ့ပြီး မည်သည့် ရက်တွင် ရောင်းချ ပေးသွားမည်ကို မသိရှိကြောင်း ပြန်လည် ဖြေကြားသည်။

အဆိုပါ ကျပ် ၅၀၀၀ တန် ငွေဖြည့်ကဒ် များကို GSM/WCDMA , CDMS 800 MHz နှင့် CDMA 450 MHz စသည့် မိုလ်ဘိုင်းဖုန်း အမျိုးအစား အားလုံးအတွက် ဖြန့်ချိပေးသွားမည် ဖြစ်ကြောင်းမြန်မာ ဆက်သွယ်ရေး လုပ်ငန်း ထုတ်ပြန်ချက်များ အရ သိရှိရသည် ။

By The Voice Weekly

မဏ္ဍိုင်ကြီး သုံးရပ် ပွင့်လင်းမြင်သာမှုရှိရန် လွှတ်တော်နာယက သတိပေး


ကျော်ခ

ဒီမိုကရေစီ၏ အနှစ်သာရအရ အားလုံးပါဝင် ဆွေးနွေးနိုင်ရန် ပြည်သူ့ကိုယ်စား တာဝန်ထမ်းဆောင်နေကြသော ဥပဒေပြုရေး၊ အုပ်ချုပ် ရေးနှင့် တရားစီရင်ရေးဆိုင်ရာ မဏ္ဍိုင်အသီးသီးက ပုဂ္ဂိုလ်များသည် ပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင် အောင်မြင့် က ပြောဆိုလိုက်သည်။

ပွင့်လင့်မြင်သာမှုမရှိပါက မှန်ကန်စွာပါဝင်ဆွေးနွေးနိုင်ခြင်း မရှိသည့်အတွက် နှစ်ဦးနှစ်ဖက်အကျိုးပျက်တတ်ကြောင်း ယနေ့ ကျရောက် သော အ ပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှု အပေါ် ပြည်သူနှင့် ပြည်သူ့ ကိုယ်စားလှယ်များက သိရှိသွားမည် ကို စိုးရိမ်ပြီးဘောင်ခတ်ကန့်သတ်တတ်ကြ ပါတယ်၊ ပွင့်လင်းမြင်သာမှု မရှိခြင်းသည်၊ အားလုံးပါဝင်ဆွေးနွေးမှုကို ဆန့်ကျင်တဲ့ သဘော လက္ခဏာ ဖြစ်တဲ့ အတွက် ဒီမိုကရေစီလူ့ဘောင် တည်ဆောက်မှုကို တုံ့နှေးအောင်ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်” ဟု ဆိုသည်။

ထိုအခမ်းအနားကို နေပြည်တော်လွှတ်တော်တွင်ကျင်းပခြင်းဖြစ်ပြီး အစိုးရဝန်ကြီးများ၊ လွှတ်တော်အမတ်များ၊ စီးပွားရေး လုပ်ငန်းရှင် များ နှင့် NGO အဖွဲ့များ တက်ရောက်ကြသည်။

စနစ်ဟောင်းတစ်ခုမှ စနစ်သစ်တစ်ခုကို ပြောင်းလဲကျင့်သုံးရာတွင် စနစ်ကို နားမလည်ခြင်း၊ နားလည်သော်လည်း မသိစိတ်က လက်မခံ နိုင် ခြင်းတို့ကြောင့် ပွင့်လင်းမြင်သာမှု မရှိနိုင်အောင်လည်း ဖြစ်တတ်ကြောင်း ဦးခင်အောင်မြင့်က ထည့်သွင်းပြောဆို သွားသည်။

“အားလုံးပါဝင်ဆွေးနွေးလျက် ဒီမိုကရေစီ ဗဟိုချက်ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့၏ ဆောင်ပုဒ်အရ နိုင်ငံသား အားလုံးက ပါဝင် ဆွေးနွေးနိုင်ရေးအတွက် ပြည်သူ့ကိုယ်စား တာဝန်ယူဆောင်ရွက်သူအသီးသီးက ပွင့်လင်းမြင် သာစွာ ဆောင်ရွက်နိုင်ကြပါစေ” ဟု ပြော ဆို သွားသည်။

ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော တိုင်းပြည်တွင် ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားရန်လိုအပ်ပြီး ခိုင်ခိုင်မာမာ ယုံကြည်လက်ခံ ကျင့်သုံး သည့် လူ့ဘောင်ဘဝရှိရမှာ ဖြစ်ကြောင်း ပြည်သူတစ်ရပ်လုံးကို ဒီမိုကရေစီစနစ်ဖြင့် အံဝင်ခွင်ကျဖြစ်စေရန် ပညာပေးလုပ် ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပေးကြရမှာဖြစ်သည်ဟုဆိုသည်။

ယင်းသို့ လုပ်ဆောင်နိုင်ရန်အတွက်လည်း ပါတီနိုင်ငံရေးကင်းရှင်းသည့် အသင်းအဖွဲ့သို့မဟုတ်အစည်းအရုံးများကိုလွတ်လပ်စွာဖွဲ့စည်း ဆောင် ရွက်ခွင့်ပြုရမှာဖြစ်ကြောင်းပြောသည်။

ထို့အတူ ယနေ့မြန်မာနိုင်ငံတွင် ကိုယ်ကျိုးစီးပွားကင်းသော လူ့အဖွဲ့အစည်းများသည် လှုပ်ရှားရန် အားယူနေကြပြီဖြစ်ကြောင်း၊ ယုံကြည် ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရေးသား ဖြန့်ဝေခွင့်များကိုလည်း တောင်းဆိုနေလျက်ရှိကြောင်း ထည့်သွင်း ပြော ဆိုသည်။

“သတင်းကဏ္ဍကနေ တော်ဖြောင့်မှန်ကန်စွာ ဘက်လိုက်မှုကင်းကင်းနဲ့ ပြည်သူကို ဒီမိုကရေစီ ပ ညာပေးဖို့လည်း လိုအပ်လျက် ရှိပါတယ်၊ ဒါ ကြောင့် ပြည်တောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၅၄ အရ ဒီမိုကရေစီရဲ့ စရိုက် လက္ခဏာကို ဖော်ဆောင် ပေး ကြရမှာဖြစ်ပါတယ်” ဟု ဦးခင်အောင်မြင့် က ပြောသည်။

ထို့အပြင် ဒီမိုကရေစီ မျိုးဆက်သစ်ထွန်းကားရေး အတွက်လည်း အဆင့်ဆင့်သော ပညာသင်ကြားရေး ကဏ္ဍတွင် အခြေခံ ဒီမိုကရေစီ ဘာ သာရပ်မှ ခေတ်မီနိုင်ငံရေးသိပ္ပံပညာရပ်ထိ ပြဌာန်သင်ကြားရေးရန် လိုအပ်လျက်ရှိနေပြီဖြစ်ကြောင်း ပြောဆိုသွားသည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ပြည်ထောင်စုလွှတ်တော်က ကြီးမှူး၍ နေပြည်တော် လွှတ်တော်တွင် ဒုတိယအကြိမ် ကျင်းပခဲ့ခြင်း ဖြစ် ပြီး ယခင်နှစ်က စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင်မူဆလင်လူမျိုးများဆန္ဒပြ


မွတ်ဆလင်မ်လူမျိုး ၃၀၀ ခန့်သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးသို့ ယနေ့ ချီတက်ဆန္ဒပြကြောင်း သိရသည်။ ဆန္ဒပြသမားများက ဘန်ကောက်စံတော်ချန် မွန်းလွဲ ၂ နာရီခန့်တွင်
စတင်ချီတက် ဆန္ဒပြခဲ့ကြပြီး မွန်းလွဲ ၃ နာရီခွဲခန့်တွင် လူစုကွဲသွားကြောင်းနှင့် အကြမ်းဖက်မှု တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ခြင်းမရှိကြောင်း Bangkok Post သတင်းက ပြောကြားသည်။

အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်မိုဟာမက်ကို လှောင်ပြောင်သရော်ထားသော ရုပ်ရှင်ဇာတ်လမ်းတို တစ်ခုကို အမေရိကန်ဒါရိုက်တာတစ်ဦးက ရိုက်ကူးခဲ့ပြီး အဆိုပါ ရုပ်ရှင်ဇာတ်လမ်းတိုမှာ အွန်လိုင်းမှတစ်ဆင့် ကမ္ဘာတစ်ဝန်း ပြန့်နှံ့ခဲ့ရာ မွတ်ဆလင်မ်တို့၏ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။ လစ်ဗျားတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုမှတစ်ဆင့် ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း အမေရိကန်သံအမတ် သေဆုံးခဲ့ရသည်။

အစ္စလာမစ်နိုင်ငံအများအပြားတွင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး အချို့နိုင်ငံများမှ ဆန္ဒပြမှုများမှာ အကြမ်းဖက် တိုက်ခိုက်မှုအသွင်ဆောင်ခဲ့ပြီး အမေရိကန်သံရုံးများကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ပြုလုပ်ခဲ့သော ဟစ်ဇ်ဘိုလာအုပ်စုက ဦးဆောင်သည့် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုမှာ လူပေါင်းတစ်သိန်းခန့် ပါဝင်ခဲ့ကြောင်း သိရသည်။

By Planet Myanmar Network

စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား(၁၆၆)ဦး ပြန်လည်လွတ်မြောက်


ရွှေဘန်း(စစ်တွေ)

စက်တင်ဘာ (၁၇) ရက်နေ့က စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား (၁၆၆) ဦးအား ပြန်လွှတ်ပေးလိုက်သည်။

ပြန်လွှတ်ပေးလိုက်သူများတွင် နယ်စပ်ဒေသနှင့် လူဝင်မှုကြီးကြပ်ရေးရုံးမှ (၃) ဦး၊ ထိုင်းနိုင်ငံသား (၁) ဦး၊ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား (၁၁၄) ဦး၊ ညမထွက်ရ အမိန့်ဖောက်ဖျက်၍ အရေးယူခံထားရသူ မြန်မာနိုင်ငံသား (၄၈) ဦး ပါဝင်ကြောင်း သိရသည်။

ညမထွက်ရ အမိန့်ဖြင့်ပြစ်ဒဏ် ချမှတ်ခံထားရသူများမှာ သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်မဟုတ်ဘဲ အယူခံဖြင့်ပြန်လည်လွတ်မြောက် လာ ကြပြီး ကျန်သူများမှာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ပုဒ်မ ၄၀၁(၁)ကို လက်မှတ်ရေးထိုး၍ ပြန်လွတ်လာခြင်းဖြစ်သည်။

ပုဒ်မ-၄၀၁(၁)အရ ပြန်လွတ်လာသူများမှာ ပြစ်မှုတစ်စုံတစ်ရာ ထပ်မံကျူးလွန်ပါက ပြန်လည်ဖမ်းဆီးခံရ ကာ ကျန်ရှိနေသောပြစ်ဒဏ်များ ကို ပါ ယခုပြစ်ဒဏ်နှင့်အတူ သီခြားကျခံရမည်ဖြစ်သည်။ အကျဉ်းသား (၅၁၄) ဦးကို နိုင်ငံတော်သမ္မတ က ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပြု လိုက်ကြောင်း စက်တင်္ဘာ (၁၆) ရက်နေ့တွင်ကြေညာအပြီးယခုကဲ့သို့ ပြန်လည်လွတ်မြောက် လာ ကြခြင်းဖြစ်သည်။

စစ်တွေမြို့မှ ညမထွက်ရ အမိန့်ဖြင့် ကနဦးအရေးယူထားသူ (၆၁) ဦးရှိသည့်အနက်ယခု (၄၈) ဦးပြန်လွှတ်ပေးခဲ့ရာကျန် (၁၃) ဦးမှာပြန် လည် လွတ်မြောက် လာခြင်း မရှိသေးပေ။

ရခိုင်ဒေသ ပဋိပက္ခကြောင့် သေဆုံးသူ (၈၇) ဦး၊ ဒဏ်ရာရသူ (၁၁၁) ဦး ၊မီးလောင်ပျက်စီးအိမ်ပေါင်း (၄၈၂၂) အိမ်၊လူပေါင်းခြောက်သောင်း ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန် ထားခဲ့သည်။

ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်ပွဲ ရန်ကုန်တွင် ကျင်းပ



လင်းသန့်။
၂၀၀၇ ခုနှစ် စက်တင်ဘာလက စစ်တပ်က မတရားဖြိုခွင်းခံခဲ့ရသည့် ရွှေဝါရောင် တော်လှန်ရေးနေ့ ၅ နှစ်ပြည့် နှစ်ပတ် လည် အောက်မေ့ဖွယ် အခမ်းအနားတခုကို ရန်ကုန်မြို့ ဒဂုံမြို့သစ်ရှိ
တက္ကသီလာ မဟာဇေယျ သိဒ္ဓိ ပဌာန်းကျောင်း၊ ပရိ ယတ္တိ စာသင်တိုက်တွင် ယနေ့ နေ့လယ် ၁၁ နာရီမှ ၂ နာရီထိ ကျင်းပခဲ့ကြသည်။

၂၀၀၇ ခုနှစ် တွင် ပါဝင်ခဲ့ကြသော ရွှေဝါရောင်သံဃာတော်များ၊ ကုန်ဈေးနှုန်းကျဆင်းရေး အဖွဲ့၊ အလုပ်သမား သမဂ္ဂ များ ပေါ်ပေါက်ရေး ကြိုးစားနေသူများ၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးကိုကိုကြီး၊ ဦးမင်းဇေယျ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှသူများ စသဖြင့် နိုင်ငံရေးအဖွဲ့များစွာက စုစုပေါင်း လူပေါင်း ၂၀၀ ကျော် ခန့် တက်ရောက်ကြောင်း ဦးစန္ဒာသီရိ (ဦးဇင်း ပုရစ်) က ဧရာဝတီကို မိန့်ကြားသည်။

“ရွှေဝါရောင်တော်လှန်ရေးနေ့ကို ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့် မြတ်ရေး၊ ရွှေဝါရောင် သံဃာ တော်များအပါအ၀င် နို်င်ငံရေး အကျဉ်းသားများ အားလုံး ချွင်းချက်မရှိ ပြန်လွတ်ရေး၊ ပြည်ပရောက် ဒီမိုကရေစီအင် အားစုအားလုံး ပြည်ဝင်ခွင့် လွတ်လပ်စွာ ရရှိရေး၊ အခြေခံကျတဲ့ ဒီမိုကရေစီ အခွင့်အရေးများ အပြည့်အ၀ ရရှိရေးဆို တဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်”ဟု သူက ဆက်လက်မိန့်ကြားသည်။

ရွှေဝါရောင် သံဃာ့အရေးအခင်းအတွင်းက ဖမ်းဆီးခံခဲ့ရပြီး မလွတ်မြောက်သေးသည့် အကျဉ်းသားသံဃာတော် စုစု ပေါင်း ၃၀ ကျော် ရှိနေရာ ယမန်နေ့က လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသူများထဲတွင် မပါဝင်
ကြောင်း ဦးစန္ဒာ သီရိ က မိန့်သည်။

“ရွှေဝါရောင် သံဃာတော်အပါး ၃၀ ကျော် ကျန်နေပါသေးတယ်” ဟု သူက မိန့်သည်။

ယမန်နေ့က ကြေညာခဲ့သည့် လွတ်ငြိမ်းသက်သာခွင့် အမိန့်အရ ပုဒ်မ ၄၀၁ ဖြင့် အစိုးရက အကျဉ်းသား စု စုပေါင်း ၅၁၄ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း ကြေညာခဲ့သော်လည်း နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၈၇ ဦး သာ လွတ် မြောက်သည့် စာရင်းတွင် အတည်ပြုနိုင်ကြောင်း၊ မလွတ်သည့် အကျဉ်းထောင်ပင် ရှိကြောင်း၊ နိုင် ငံခြားသား အကျဉ်းသားများကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုအံ့ဘွယ်ကျော် က ပြောသည်။

“ရွှေဝါရောင် သံဃာတော်တွေ မပါလာဘူးသိရတယ်။ ကျောက်ဆည် ဘာသာရေး အဓိကရိုဏ်းက ကိုယ်တော် တချို့ က မနေ့က မန္တလေးထောင်က ပြန်လွတ်တဲ့အထဲပါတယ်”ဟု ကိုအံ့ဘွယ်ကျော်က ဆိုသည်။


၂၀၀၇ ခုနှစ် စက်တင်ဘာလက ရန်ကုန်နှင့် မြို့ကြီးတချို့တွင် သံဃာတော်များ ဦးဆောင်၍ မေတ္တာပို့ ဆုတောင်း ဆန္ဒ ပြမှုများဖြစ်ပွားခဲ့ရာတွင် ယခင် စစ်အစိုးရက ရက်စက်စွာ ဖြိုခွင်းပြီးနောက် ရဟန်း သံဃာတော်များ ရာနှင့်ချီ၍ ဖမ်းဆီးခံ ခဲ့ရကြောင်း၊ သံဃာတော် တချို့လည်း ပျံလွန်တော်မူခဲ့ကြောင်း၊ တချို့ သံဃာတော်များလည်း ပြည်ပသို့ ထွက်ပြေးခဲ့ ကြရကြောင်း သိရသည်။

ယခုနှစ် ၅ နှစ်ပြည့် ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်ကျင်းပသည့်နေ့သည် တိုက်ဆိုင်စွာပင် ၁၉၈၈ ခုနှစ် စက် တင်ဘာလ ၁၈ ရက်နေ့ လွန်ခဲ့သည့် ၂၄ နှစ်က စစ်တပ်က အာဏာသိမ်း နှစ်ပတ်လည်နေ့ လည်းဖြစ်နေသည်။

ယခင် နှစ်များက အထူးသဖြင့် ရန်ကုန်မြို့တွင် လုံခြုံရေး တင်းကြပ်မှုများ လုပ်ဆောင်ခဲ့သော်လည်း ယခုနှစ် တွင်မူ နှုတ်အား ဖြင့်သာ တားမြစ်လာမှု တချို့ ရှိကြောင်း သိရသည်။

ယမန်နေ့ညက သာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက မြို့နယ် သံဃနာယကအဖွဲ့ကို လာရောက်လျှောက်ထားပြီး ယနေ့ ကျင်းပမည့် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်ပွဲကို ဆိုင်းဘုတ် တင်ခြင်း၊ ကြွေးကြော်သံများ အော် ဟစ်ခြင်း၊ အလံများ ထောင်ခြင်း စသည်များကို မလုပ်ရန် တားမြစ်ကြောင်း ပြောကြားလာသော်လည်း ယနေ့ အခမ်း အနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

“ညက ဒီကျောင်းကို ဖုန်းဆက်တယ်။ ဒီကျောင်းက ဆရာတော်က အဲဒီလို နုတ်နဲ့ တားမြစ်တာကို တရား မ၀င်ဘူး။ တ ကယ်လို့ တားမြစ်ချင်တယ်ဆိုရင် စာထုတ်ပေးပါလို့ ဆိုပြီးအကြောင်းပြန်လိုက်တယ်။ အခု အခမ်း အနား ပြီးဆုံးတဲ့ အ ထိ စာထုတ်ပြီး လာတားမြစ်တာ မရှိဘဲ အေးအေးချမ်းချမ်း ပြီးမြောက်သွားတယ်လို့ ပြော လို့ရပါတယ်”ဟုဦးစန္ဒာသီရိ က မိန့်သည်။

By Irrawaddy

ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၁၄ ဦးနှင့် မြန်မာနိုင်ငံသား ၅၂ ဦး စစ်တွေ အကျဉ်း ထောင်မှ လွှတ်


ထွန်းထွန်း

ရခိုင်ပြည်နယ် စစ်တွေမြို့ အကျဉ်းထောင်မှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၁၄ ဦးနှင့် မြန်မာနိုင်ငံသား ၅၂ ဦးတို့ လွှတ်မြောက်လာကြောင်း သတင်း ရရှိ သည်။

မြန်မာနိုင်ငံသား ၅၂ ဦးထဲတွင် ၄၈ ဦးမှာ သမ္မတ လွှတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်မြောက်လာသူများ မဟုတ်ဘဲ အယူခံဖြင့် လွှတ်မြောက် လာသူများ ဖြစ် ကြောင်း သိရသည်။ ကျန် ၄ ဦးထဲတွင် မြန်မာနိုင်ငံသား (၃) ဦးနှင့် နိုင်ငံခြား သား တစ်ဦး ဖြစ်ကြောင်း သိရသည်။

မြန်မာ သမ္မတ ဦးသိန်းစိန်မှ အကျဉ်းသား ၅၁၇ ဦးကို လွှတ်ငြိမ်းချမ်းသာခွင့် ကျေညာပြီးနောက် စစ်တွေထောင်မှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ သားများနှင့် မြန်မာ နိုင်ငံသားများ လွှတ်မြောက်လာကြခြင်း ဖြစ်သည်။

“မနေ့က လွတ်ငြိမ်းချမ်းသာမှုနဲ့ တော်တော်များများ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ ပြီးရင် ညမထွက်ရ အမိန့်နဲ့ ဖမ်းဆီးထောင်ချခံထား ရတဲ့ လူ ၅၀ နီးပါးကို ပြန်လည် လွှတ်ပေးလိုက်တယ်လို့ကြားပါတယ်” ဟု ရခိုင် ပြည်နယ်လွှတ်တော် စစ်တွေအမတ် ဦးအောင်မြကျော် က နိရ ဉ္စရာသို့ ပြောသည်။

လွတ်ငြိမ်းချမ်းသာခွင့် သုံးကြိမ်ထုတ်ပြန်ခဲ့ပြီး ပထမဆုံး ၂၀၁၂ ဇန္န၀ါရီလ ၃ရက်နေ့တွင် အကျဉ်း သား (ကျား) ၆၀၈၇ဦးနှင့် အကျဉ်းသူ (မ) ၅၆ ၉ဦး စုစုပေါင်း ၆၆၅၆ဦးကို လွှတ်ပေးခဲ့ပြီး ဇန္န၀ါရီလ ၁၃ရက်နေ့က အကျဉ်းသား စုစုပေါင်း ၆၅၁ဦးကို ထပ်မံ လွှတ်ပေးခဲ့သည်ဟု သိရ သည်။


ဇူလိုင်လ ၃ ရက်နေ့တွင် အကျဉ်းသား ၃၇ဦး၊ အကျဉ်းသူ ၄၆ ဦး အသီးသီးလွှတ်ပေး ခဲ့သည်။

AAPP စာရင်းအရ နိုင်ငံရေး အကျဉ်းသားများ ၉၀ ဦးခန့် လွတ်မြောက်လာပြီး ထိုအထဲတွင် မန္တလေးထောင်မှ သိန်းထွန်းအေး ခေါ် ရခိုင်ကြီး ဆိုသူ တစ်ဦး လွှတ်မြောက်လာကြောင်း သိရသည်။

မိုဘိုင်းဖုန်း သန်း ၃၀ စီမံကိန်း ပယ်ဖျက်လိုက်ပြီ



ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း တာဝန်
ယူကာစ ၂၀၁၁ ခုနှစ်က အစိုးရအဖွဲ့နဲ့  ပြည်
သူတွေကို တရားဝင်တင်ပြထားတဲ့ ၅  နှစ်
အတွင်း တယ်လီဖုန်း သန်း ၃၀ တပ်ဆင်ရေး

စီမံကိန်းကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်
သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာတဦးက ပြောပါတယ်။

လက်ရှိ အြေပာင်းအလဲ စီမံကိန်းသစ်အရ မြန်မာ့ ဆက်သွယ်ရေးကို ကော်ပိုရေးရှင်းအဖြစ်
ဖွဲ့စည်းကာ ဆက်သွယ်ရေးလက်အောက်မှာ ဖက်စပ် ကုမ္ပဏီ ၄ ခု
 ဖွဲ့စည်းမှာဖြစ်ကြောင်း၊

 ဒီ ဖက်စပ် ကုမ္ပဏီတွေအြဖစ် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ရတနာပုံ တယ်လီပို့စ် အပြင်အခြား ပြည်တွင်းပြည်ပ ကုမ္ပဏီ ၂ ခုကိုလည်း ဆက်သွယ်ရေးလုပ်ငန်း
လုပ်ကိုင်ခွင့်ပြုမှာဖြစ်ကြောင်း၊ ဒီအတွက် မူလ စီမံကိန်းကို ပယ်ဖျက်လိုက် တာ
 ဖြစ်ကြောင်း ပြောပါ တယ်။

ဆက်သွယ်ရေးရဲ့ မူလစီမံကိန်းအရ ၂၀၁၁-၁၂ မှာ မိုဘိုင်းဖုန်း ၄ သန်း၊
၂၀၁၂-၁၃ မှာ ၅ သန်း၊ စသြဖင့် တပ်ဆင်သွားမှာဖြစ်ပြီး ၅ နှစ်အြကာမှာ သန်း ၃၀ တပ်ဆင်ကာ မြန်မာပြည်သူတွေရဲ့ ဖုန်းပိုင်ဆိုင်မှုနှုန်းကို ၅၀ ရာခိုင်နှုန်းအထိ မြှင့်တင်ဖို့
ရည်ရွယ်ထားကြောင်း သိရပါတယ်။

DVB (မြန်မာပိုင်း)

အမေရိကန်သမိုင်းဝင် "ကွန်ကရက် ရွှေသားဆု"။



 Tuesday 18th September 2012

ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူမည့် အမေရိကန်ကွန်ကရက်က အရပ်သားများကို ပေးအပ် ချီးမြှင့်သည် အမြင်ဆုံး" ကွန်ကရက် ရွှေသားဆု" သည် ၁၇၇၆ခုနှစ်က အမေရိကန် တော်လှန်ရေးကို ရွပ်ရွပ်ချွန်ချွန် တာဝန်  ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီး ဂျော့ဝါရှင်တန်အား ပထမဆုံး စတင် ချီးမြှင့်ခဲ့သည်။

ဆုချီးမြှင့် ခံရသူသည် အမေရိကန်သား မဟုတ်ဘဲ ပြည်ပနိုင်ငံသား ဖြစ်လျင် မိမိဆန္ဒအရ အမေရိကန်နိုင်ငံသား ဖြစ်ပိုင်ခွင့် ရှိသည်။

"ကွန်ကရက်ရွှေသားဆု"ကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးများကို စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့်ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်များအား ချီးမြှင့်ခဲ့ခြင်း ဖြစ်သော်လည်း ၁၉၇၉ ခုနှစ်တွင် အမေရိကန် ကြက်ခြေနီအဖွဲ့ ဆုချီးမြှင့်ဘူးသည်။

စွန့်ဦး တီထွင်သူသော မတ်အယ်ဒီဆင်၊ လကမ္ဘာပေါ်ပထမဆုံး ခြေချခဲ့သော နီးလ်အမ်စထရောင်း၊ ဂီတပညာရှင်၊ ရုပ်ရှင်ပညာတို့ကိုလည်း ချီးမြှင့်သည်။ အင်္ဂလန်ဝန်ကြီးချုပ် ဝစ်စတန်ချာချီ၊ တိုနီဘဲတို့လည်း ဆုရရှိခဲ့သည်။ ၁၉၉၈ ခုနစ်တွင် အာဖိရိကခေါင်းဆောင် နစ်ဆင်မန်ဒဲလား၊ ၂၀၀၆ခုနစ်တွင် တိဘက်ခေါင်း ဘုန်းတော်ကြီး ဒလိုင်းလားမား တို့ကို ဆုချီးမြှင့်ခဲ့သည်။

မြန်မာ့ ဒီမိုကရေစီဒေါ်အောင်ဆန်းစုကြည်အား "ကွန်ကရက်ရွှေသားဆု" မေလ ၅ရက်၊၂၀၀၈ခုနှစ်တွင် ဆုချီးမြှင့်ခဲ့ပြီး မနက်ဖြန် ဗုဒ္ဓဟူးနေ့ တွင်မှ ဆုချီးမြှင့်ရသည်မှာ အမေရိကန် သမိုင်းတွင် မှတ်တမ်းတင် ခံရသည့် ဆုပေးပွဲ အခမ်းအနားဖြစ်သည်။
 
Copy from - Myanmar Online News

ရခိုင်ပြည်ကို ကာကွယ်ရန် အခွင့်အရေး မရခဲ့ဟု ဦးအေးသာအောင် ဆို




 
ရခိုင်အရေး အလေးပေး ဆွေးနွေးသော အမျိုးသားရေး လက္ခဏာ နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင်
တွေ့ရသော ဦးအေးသာအောင်ဓါတ်ပုံ - The Voice Weekly

အစိုးရကသာ အဏာကို ချုပ်ကိုင်ခဲ့သဖြင့် မြန်မာနိုင်ငံ၏ အနောက်ဖက် တံခါး ရခိုင်ပြည်ကို ရခိုင် တိုင်းရင်းသားများ ကာကွယ်ခွင့် မရခဲ့ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောကြားသည်။

အစိုးရကသာ အာဏာကို ချုပ်ကိုင်ထားခဲ့ပြီး ရခိုင် တိုင်းရင်းသားများတွင် လုပ်ပိုင်ခွင့် အာဏာ မရှိခဲ့သဖြင့် အနောက်ဖက် တံခါးကို ထိထိရောက်ရောက် ကာကွယ်နိုင်ခြင်း မရှိခဲ့ကြောင်း ၄င်းက ရှင်းပြသည်။
ရခိုင်အရေး အလေးပေး ဆွေးနွေးသော အမျိုးသားရေး လက္ခဏာ နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင် ဦးအေးသာအောင်က ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

အနောက်ဖက်တံခါးကို ရခိုင်တိုင်းရင်းသားများ သမိုင်းပေးတာဝန်အရ စောင့်ရှောက်ခဲ့သောလည်း အာဏာကို ချုပ်ကိုင်ထားသော အစိုးရပိုင်း၏ အားနည်းမှု အကျင့်ပျက် ခြစားမှုတို့ကြောင့် တစ်ဖက်နိုင်ငံက ဘင်္ဂါလီများ ၀င်လာခဲ့ကြောင်း၊ ယင်းသို့ ၀င်ရောက်လာမှုတို့ကြောင့် ဘူးသီးတောင် ၊ မောင်တောမြို့နယ်တို့တွင် လူဦးရေ မညီမျှမှုများ ဖြစ်လာခဲ့ကြောင်း ဦးအေးသာအောင်က ဆိုသည်။

ဘူးသီတောင် ၊ မောင်တောမြို့တို့တွင် ရခိုင် တိုင်းရင်းသား ဦးရေမှာ ၉ရာခိုင်နှုန်းခန့်သာ ရှိပြီး ဘင်္ဂါလီ ၈၄ရာခိုင်နှုန်းခန့်ရှိသည်။

By Rakhine Citizen Journalists
REF: မြန်မာ့သတင်းများစုစည်းရာ