Wednesday, September 19, 2012

အသည်းယားလို.ကိုက်မိတာတဲ့ (ခေတ်မိန်းကလေးတွေ သတိထားကြဖို့ပါပဲ။)


ဒီနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက ၁၇၄ ပေါ်မှာ စုံတွဲတစ်တွဲလိုက်ပါလာပါတယ်။ မနက်ပိုင်းရုံးတက်ချိန်ဆိုတော့ ကားကလူအရမ်းကျပ်နေပါတယ်။

စုံတွဲက ထိုင်ခုံမှာထိုင်နေတာပါ။ မိန်းကလေးဝတ်ထား တဲ့အ၀တ် အစားကတော့ မြင်သူခိုးကြည့်ချင်စရာပေါ့။
စကတ်ပေါင်တိုက တော်တော်တိုပါတယ်။ ပေါင်သားတွေကဖွေးဖွေးကြီးပေါ်နေပါတယ်။ ရွှေဂုံတိုင်မှတ်တိုင်နားအရောက်မှာ ကောင်မလေးဆီက စူးစူးဝါးဝါး အား.... ခနဲအော်သံကြီးထွက်လာလို့ ကားဆရာက ကားကိုရပ်ပြီး လူတွေလည်းရုတ်ရုတ်သဲသဲဖြစ်ကုန်ပါတယ်။ ထိုင်နေတဲ့ ကောင်မလေးရဲ့ ပေါင်ကို ကုလားအဘိုးကြီးတစ်ယောက်က ကုန်းကိုက်လိုက်တာပါ။

မလွှတ်တမ်းကုန်းကိုက်နေတဲ့အတွက် ကောင်လေးက အဘိုးကြီးကို ဆော်ပလော်တီးပါတော့တယ်။ ကားပေါ်ပါလာတဲ့လူတွေလည်း ၀ိုင်းသမမယ် ရဲစခန်းပို့မယ် တကဲကဲဖြစ်ကုန်ပါတယ်။ ကောင်လေးရဲ့ထိုးနှက်ချက်ကြောင့်လည်း အဘိုးကြီးမှာ မျက်ခုံးကွဲ၊ မျက်နှာဖူးရောင်ဒဏ်ရာတွေဖြစ်သွားတာ ပေါ့။

အဘိုးကြီးက အသည်းယားလို့ ကိုက်မိတာလို့ ပြောပါတယ်တဲ့။ ဒီနေ့ အဲဒီကားပေါ်မှာပါလာတဲ့ အင်တာနတ်သတင်းစဉ်ရဲ့ မိတ်ဆွေတွေက သူတို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာကို ပြန်ပြောပြတာပါ။ ဒီလိုမျိုး ပေါင်ကိုကုန်းကိုက်ခံရတဲ့အဖြစ်မျိုး ကြားရတာ ဒါနဲ့ဆို နှစ်ကြိမ်ရှိပါပြီ။

ခေတ်မိန်းကလေးတွေ သတိထားကြဖို့ပါပဲ။
ယင်ကောင်ကိုအပြစ်မတင်နဲ.။
သရက်သီးမှည့်ကိုအခွံခွာမိတဲ့ကိုယ့်ကိုယ်ဘဲအပြစ်တင်ပါနော်။
မော်နီကာ
 

0 ကွန်မန့်ရေးရန်:

Post a Comment