This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, May 26, 2012

လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖေါ်သူများ ရဲသတင်းတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးနေ

နံနက် ၁၀နာရီခွဲ၊ မေလ ၂၂ ရက်၊ ၂၀၁၂ ခုနှစ် (YPI)
မန္တလေးမြို့၌ မေလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့ညများက လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းတိုင်များဖြင့် ဆန္ဒထုတ်ဖေါ်ခဲ့သူများထဲမှ ဦးဆောင်သူ ၁၉ ဦးကို ရဲသတင်းတပ်ဖွဲ့က ယနေ့နံနက် ၆ နာရီမှ ခေါ်ယူစစ်ဆေးလျှက်ရှိရာ သတင်းရရှိချိန် နံနက် ၁၀ နာရီထိ ပြန်မလာသေးကြောင်း ခေါ်ယူခံရသူ၏ မိတ်ဆွေတဦးက ပြောသည်။
၎င်းက “မနက်စောစောပိုင်းက လာခေါ်သွားတာ၊ မနေ့ညက ခင်ဗျားတို့ လုပ်ခဲ့တဲ့ ဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်လို့ မေးချင်တာတွေရှိလို့ပါ ခဏလေးပါ” ဟု ရဲသတင်းတပ်ဖွဲ့ (SB) မှ ပြောဆိုသွားကြောင်း ပြောသည်။
ယခုလို ခေါ်ယူရာတွင် ကောင်းကောင်းမွန်မွန် ပင်ပြောဆိုခဲ့သည်ဟု လည်းဖြည့်စွက်ပြောဆိုသည်။
ခေါ်ယူခံရသူများထဲတွင် စာရေးဆရာ ညီပုလေး (လူထုဒေါ်အမာ၏ သား) နှင့် အခြားမန္တလေး အန်အယ်လ်ဒီအဖွဲ့ဝင်အချို့ နှင့် မေလ ၂၀ ရက်နေ့ည အရေးပေါ် သတင်းစာရှင်းလင်းပွဲ တက်ရောက်သူ ဆန္ဒထုတ်ဖေါ်သူအချို့တို့ ပါဝင်သည်ဟု သိရှိရသည်။ ။
YPI

ထူးခြားဆိုက်များ

ထူးခြားဆိုက်များ
By Ko Phyoe
» www.uneyclopedia.org ဝီကီပီးဒီးယားနဲ့ဆင်တူတဲ့စွယ်စုံကျမ်းဝက်ဆိုက်ပါပဲ
» www.lifehacker.com နေ့စဉ်ကြုံတွေ့ရတဲ့ကိစ္စလေးတွေကိုဖြေရှင်းနိုင်တဲ့
နည်းပညာလေးတွေစုစည်းဖေါ်ပြထားတဲ့ဆိုက်ပါ
» www.aftervote.com သည်ဝက်ဆိုက်မှာဂူဂဲလ်၊ရာဟူး၊MSN,Diggဝက်ဆိုက်
အားလုံးပေါင်းရှာသလိုကြည့်နိုင်
» www.answerbag.com မေးချင်တာမေးတစ်မိနစ်အတွင်းဖြေပေး၏
» www.langid.net မသိတဲ့စာကြောင်းကိုကော်ပီကူးပြီး ကိုရီးယားလား
ဂျပန်စာလား၊ရုရှစာလား......သိမယ့်ဆိုက်ပါ
» www.Ultrasonic-ringtones.com ကိုယ်ပဲကြားရပြီးတစ်ခြားလူတွေမကြားရတဲ့
ထူးဆန်းသောဖုန်းသံများရှိပါသည်
» www.scopesys.com သင်သိချင်တဲ့နေ့စွဲကိုရိုက်ထည့်ပြီးအဲဒီနေ့ရဲ့ ထူးခြား
ချက်နဲ့နေ့ထူးနေ့မြတ်တွေကိုဖော်ပြပေးလိမ့်မယ်
» www.onlinefunsite.com ဟာသဆန်ဆန်ဓာတ်ပုံတွေ ဂိမ်းတွေ၊ရုပ်ပုံတွေဖေါ်ပြ
ထားတဲ့ဆိုက်ပါ။
» www.oddee.com ကမ္ဘာပေါ်မှအထူးအဆန်းဆုံး၊သတင်း၊ပစ္စည်း၊ဖြစ်ရပ်၊
ကိစ္စများကိုဖော်ပြထားသည်
» www.Dailymotion.com ထူးဆန်းတဲ့ဖြစ်ရပ်တွေကြည့်လို့ရတဲ့ဆိုက်ပါ
» www.onlinefunsite.com ဟာသဆန်ဆန်ဓာတ်ပုံတွေ ဂိမ်းတွေ၊ရုပ်ပုံတွေပါတဲ့
ဆိုဒ်ပါ။
» www.beautifulpeople.com ရုပ်ချောသူများကိုသာဝင်ခွင့်ပြုသည့်ဝက်ဆိုက်
» www.cracked.com ရယ်စရာအစုံရှိနေတဲ့ဆိုက်ပါ
» www.bluesfear.com ရုပ်ပုံချည်းစုပေါင်းရေးဆွဲထားတဲ့စုစုပေါင်အရှည် ၈၂ပေ
ကျော်ပြီးသင်လည်းပါဝင်နိုင်တဲ့ကိုယ့်အလှည့်စောင့်ဖို့
လိုမယ့်အင်တာနက်ပေါ်မှာအရှည်ဆုံးဆိုတဲ့ဝက်ဆိုက်
တစ်ခုပါ-
» www.world wide tdescope.com သင့်ကွန်ပြူတာနေအကာသထဲကိုတယ်လီစကုပ်နဲ့
ကြည့်လို့ရအောင်လုပ်ပေးမယ့်ဆိုက်ပါ

မြန်မာပြည်မှ အလွဲများ



ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် စီးပွား/ကူးသန်းဝန်ကြီး ဦးဝင်းမြင့် - ဓာတ်ပုံသတင်း- Messenger News Journal

မြန်မာနိုင်ငံသို့ နိုင်ငံခြားကုမ္မဏီများမှ စီးပွားရေးလုပ်ငန်းများ လာရောက်စုံစမ်းမှုများ များစွာရှိသော်လည်း လက်တွေ့တွင် မြင်သာသောရင်းနှီးမြုပ်နှံမှုတစ်စုံတစ်ရာမရှိခြင်းနှင့် ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီး ဌာန၀န်ကြီး ဦးဝင်းမြင့်က
''နိုင်ငံခြားသားတွေလာတယ် အများကြီးပဲ ဒါပေမယ့် ကျွန်တော် တို့ အလုပ်ဖြစ်ခဲ့တာတစ်ခုမှမရှိဘူး ၊ ကျွန်တော်တို့ လွဲနေတာတွေ တော့ရှိနေပြီ၊ ဟန်ရေးပြနေလို့ မရတော့ဘူး အနှစ်သာရရှိရှိလုပ်မှ ရမယ် ကျွန်တော်တို့ အခု စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ် ၊တစ်ခုရှိတာက နိုင်ငံခြား သားတွေတွေ့တိုင်း အလုပ်ဖြစ်တာမဟုတ်ဘူး လာပြီးပြန်သွားကြ တာကြီးပဲ ဒီတော့ ဒီကိစ္စကိုလည်း စဉ်းစားသင့်နေပါပြီ'' ဟု UMFCCI နှစ်ပတ်လည်အစီးအဝေး တွင် ပြောကြား သွားခဲ့သည်။

အားအားယားယား ဖယောင်းတိုင်ထွန်းကြသလား ?

Inbox
x

 demonprince13@gmail.com




အားအားယားယား ဖယောင်းတိုင်ထွန်းကြသလား ?
ဒီနေ့ မိတ်ဆွေတစ်ယောက်ရဲ့ ဆောင်းပါးတိုလေး တပုဒ်ကို ဖတ်လိုက်ရတော့ ကျနော်တော်တော်
အတွေးပွားသွားတယ် ။ အဲ့ဒီမိတ်ဆွေကလည်း ကျနော်နဲ့ တော်တော်ခင်တဲ့မိတ်ဆွေ ၊ ပြောရရင် သောက်
ဖော်သောက်ဖက် ၊ ကဗျာ ရွတ်ဖော် ရွတ်ဖက်ပေါ့ ။ ထားတော့ ။ သူ့ဆောင်းပါးမှာ ဘယ်လိုရေးထားလဲဆို
တော့ . . . ဖယောင်းတိုင်ထွန်းပြီး ဆန္ဒထုတ်ဖော်တာ မလုပ်သင့်တဲ့ကိစ္စပါတဲ့ ၊ မလိုအပ်သေးပါဘူးတဲ့ ။
ကျနော်တို့မှာ လျှပ်စစ်မီးသုံးစရာလည်း သိပ်မရှိပါဘူးတဲ့ ၊ ထမင်းချက်တာ တီဗွီကြည့်တာလောက်ပဲ လုပ်
တဲ့လူတွေက ဆန္ဒပြတယ်ပေါ့လေ ။ တကယ့် လျှပ်စစ်ကိုသုံးနေတဲ့ စက်ရုံပိုင်ရှင်တွေ က ဆန္ဒထွက်ပြရ
မှာတဲ့ ၊ ကျနော်တို့က အပ်နဲ့ထွင်းရမဲ့နေရာကို ပုဆိန်နဲ့ပေါက်နေတာတဲ့ ၊။ အကျဉ်းချုပ်လိုက်ရင်တော့
ဒီ အဓိပ္ပါယ်နဲ့ ရေးထားတယ် ။

ကျနော် ပြန်စဉ်းစားကြည့်တယ် ။ ကျနော်တို့များမလိုအပ်ပဲ နဲ့ လမ်းပေါ်ထွက်ပြီးအချိန်ကုန်ခံ ၊ အဖမ်းခံရမှာ
မကြောက် ဘာမကြောက် နဲ့ ဟေးလားဟားလား လုပ်နေကြသလား ? ။ ကျနော်တို့ မြန်မာလူမျိုးတွေ ဘဝ
က အစိုးရတရပ်ရဲ့ ( ဘယ်အစိုးရ တက်လာတက်လာ ) ထားရာနေ စေရာသွား ၊ သူတို့လုပ်သမျှ ငြိမ်ခံ ၊ သူတို့
ကိုကြောက်ရွံ့ပြီး ဒီအတိုင်းဆက်နေသွားရတော့မှာလား ။ မဟုတ်သေးဘူးနော် ၊ အဲ့ဒါမဟုတ်သေးဘူး ။ လူ
တစ်ယောက်မှာ လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ဆိုတာ ရှိရတယ် ၊ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ဆိုတာ
ရှိရတယ် ။ ဒီမြေ ဒီရေ ဒီနိုင်ငံဟာ အဲ့ဒီအစိုးရတရပ်ရဲ့ ဘိုးဘွားပိုင်အမွေ မဟုတ်ဘူး ။ အဲ့ဒီပါတီရဲ့ အပိုင်ပစ္စည်း
လည်းမဟုတ်ဘူး ။ နိုင်ငံသားတိုင်းပိုင်တဲ့ နိုင်ငံ ၊ လူတစ်ယောက်ရဲ့ ရပ်တည်မူ့ကွဲပြားသွားလို့သာ နိုင်ငံဖြစ်ရပ်
တွေ နဲ့ မနီးစပ်တာပဲ ရှိမယ် ၊ နိုင်ငံသားတိုင်းဟာ နိုင်ငံအရေးကိစ္စတွေမှာ လိုအပ်လာရင် ပါဝင်ရမယ် ။ ကျနော်
အဲ့ဒါကို နိုင်ငံရေးလို့ အဓိပ္ပါယ်ဖွင့်တယ် ။

ဟေးလား ဟားလား ၊ အီးယောင်ဝါးလုပ်ချင်မှတော့ ဖယောင်းတိုင်ကိုင်ပြီး ဘယ်အချိန်ရဲလာဖမ်းမှာကိုကြောက်
ရွံ့နေတာမလုပ်တော့ဘူး ။ ဘီယာသောက်ပြီး ကေတီဗွီပဲ သွားလိုက်တော့မယ် ။ ပိုက်ဆံမရှိရင် လဖက်ရေ
သောက်ပြီး မိတ်ဆွေတွေနဲ့ လေဖေါနေလိုက်မယ် ။ ဒီ ဖယောင်းတိုင်ထွန်းတယ်ဆိုတာ ရင်ဘတ်ထဲကလာတဲ့
စိတ်တစ်ခုနဲ့ထွန်းနေတာ ။ ကိုယ့်ရပိုင်ခွင့် ၊ ကိုယ့်မိသားစုရဲ့ ရပိုင်ခွင့်အတွက် ငြိမ်းချမ်းစွာတောင်းဆိုနေတာ ။
ကျနော်တို့အိမ်မှာ ရေစက်မရှိဘူး ၊ ရေ၀ယ်ရတယ် ၊ ကိုယ့်လိုရေ၀ယ်တဲ့အိမ်တွေများတော့ စောင့်ယူရတယ် ။
မီးပျက်သွားရင် ဘယ်လောက်စောင့်စောင့်မရတော့ဘူး ။ မီးလာတဲ့အချိန်က ည၁၂ နာရီ ၊ ၁ နာရီဆို ရင်လည်း
ရေစက်ပိုင်ရှင်တွေက ရေထမပေးဘူး ။ အဲ့လို နှစ်ရက်လောက် ကြုံသွားရင် ဒုက္ခကို လှလှရောက်ရောပဲ ။ မျက်
နှာသစ်စရာရေတောင် ဘေးအိမ်က ရေဗုံးလေးနဲ့ သွားတောင်းရတယ် ။ သူတို့ကလည်း ကိုယ်လိုဒုက္ခသည်ဆို
တော့ ယူရတာ အားနာစရာကောင်းတယ် ။ ဒီတော့ ရှင်းရှင်းပဲ ပြောမယ် ။ ပိုက်ဆံရှိပြီးရေ၀ယ်မရလို့ ၊ အိမ်သာ
တက်စရာရေမရှိအောင် ဒုက္ခများလွန်းလို့ ၊ ကျနော် ဖယောင်းတိုင် ထွန်းရပါတယ် ။

အရင် က စစ်အစိုးရအုပ်ချုပ်တုန်း က လူတွေဆန္ဒမပြရဲကြဘူး ၊ ရိုက်နှက်ခံရမှာကြောက်ကြတယ် ၊ အဖမ်းခံရမှာ
ကြောက်ကြတယ် ။ အခုတော့ အရင်ကထက် နည်းနည်းလေး တိုးတက်လာတယ် ။ ဒါကိုအခွင့်အရေးယူပြီး
ဆန္ဒပဲ စွတ်ပြနေတာမဟုတ်ဘူး ။ အခု အစိုးရက ဒီမိုကရေစီအစိုးရ နာမည်ခံထားတယ် . နာမည်နဲ့လိုက်အောင်
ဒီမိုအစိုးရဆန်ရမယ် ၊ ဒီတော့ ပြည်သူကလည်း ဒီမိုကရေစီနည်းလမ်းအရ ငြိမ်းချမ်းစွာဆန္ဒပြတယ် ။ ဘယ်သူမှ
လမ်က ဓါတ်မီးတိုင် ခဲနဲ့ထုပြီး မီးပေးပါ လို့ ဆန္ဒပြတာမဟုတ်ဘူး ။ အေးအေးဆေးဆေး ပဲ ဖယောင်းတိုင်ထွန်း
နေတာ . . . လုပ်ပေးနိုင်တာ မလုပ်ပေးနိုင်တာသည် အစိုးရကိစ္စ ၊ တောင်းဆိုတာက ပြည်သူ့ကိစ္စ ။ နောက်
ဆုံး ၀န်ကြီးကို နုတ်ထွက်ဖို့တောင်းဆိုရင်တောင် တောင်းဆိုတာက ပြည်သူ့ကိစ္စ ၊ နုတ်ထွက်ပေးတာမပေးတာ
က ၀န်ကြီးနဲ့ အစိုးရ အဖွဲ့ ကိစ္စ ။ အရင်တုန်းက စစ်အစိုးရဆိုတော့ ဒီလိုမျိုးတောင်းဆိုလို့မရဘူး ၊ အခုဒီမိုအစိုး
ရ လို့ အစိုးရ အဖွဲ့ ကိုယ်နိုက် က ၀န်ခံထားတော့ ကျနော်တို့ ပြည်သူတွေကလည်း ဒီမိုနည်းလမ်းနဲ့ ဆန္ဒထုတ်
ဖော်တယ် ။ ဒါတောင် ပြည်နဲ့ စစ်ကိုင်းမှာ အဖမ်းခံရတယ် ။ ရန်ကုန် နဲ့ မန်းလေးမှာတော့ ရုပ်ပျက်မှာစိုးလို့မ
လုပ်တာထင်တယ် ။

ကေအိုင်အေ က တာဝါကို မိုင်းခွဲလို့ မီးပျက်ရတယ်ဆိုတာ အားလုံးမှန်တယ်မထင်ဘူး ၊ ကေအိုင်အေ မိုင်းမခွဲ
ခင်ကတည်းက မီးက မမှန်တာ ။ အစိုးရတစ်ရပ်အနေနဲ့ ဒီအချိန်မှာ ရေအားလျှပ်စစ်နည်းတယ် ၊ ပြည်သူတွေရဲ့
လိုအပ်ချက်မြင့်မယ် ဆိုတာ ကြိုတွေးထားသင့်တယ် ။ ဒီလိုမှ မလုပ်ပေးနိုင်ရင် ၊ ဒီလို အခြေခံလိုအပ်ချက်လေး
တွေကိုတောင် မလုပ်ပေးနိုင်ရင် ဘာကြောင့်တိုင်းပြည်ကိုအုပ်ချုပ်နေသေးလဲ ၊ ခရိုနီတွေကိုပဲ မကြည့်ပါနဲ့ ၊

သာမန် ပြည်သူတွေကိုလည်း တခါတလေ ငဲ့သင့်တယ် ။

အစိုးရ အကြံပေးဦးကိုကိုလှိုင်ရဲ့ မီးမလာရင် ဖယောင်တိုင်ထွန်းဆိုတဲ့စကား နဲ့ ဘုရင်မတစ်ယောက်ရဲ့ ပေါင်
မုန့်မရှိရင် ကိတ်မုန့်စားဆိုတဲ့ စကားက အတူတူပဲ ။ တကယ်မဆင်းရဲ မကျပ်တည်း ဒုက္ခမကြုံဖူးတဲ့လူက အဲ့
ဒီဒုက္ခကို တွေးကြည့်လို့ပဲ ရတာ ၊ တကယ်လက်တွေ့အရသာကိုမသိဘူး ။ အခု အစိုးရက နှစ်ပါတ်အတွင်းမီး
၂၄ နာရီရအောင်လုပ်ပေးမယ်လို့ ကတိပေးထားတယ် ။ ပြောတာပဲ ၊ တကယ်လာမှ ကျနော်တို့ ဖယောင်းတိုင်
ထွန်းတာကို ရပ်နိုင်မယ် ၊ လုပ်ပေးမယ် လုပ်ပေးမယ်နဲ့ ခံရပေါင်းလည်းများလှပြီ ။ ၈၈ ကတည်းက ပေးလိုက်
တဲ့ ဒီမိုကရေစီ ၊ အခုတောင့်ရတာမသေချာသေးဘူး ။ တကယ် ၂၄ နာရီမီးပေးရင် ဘယ်သူမှ အပင်ပန်းခံ လမ်း
ပေါ်ထွက်ပြီး ဖယောင်းတိုင်ထွန်းမနေဘူး ။ အခုမီးပေးမယ်ဆိုတဲ့ ကတိတောင် လမ်းပေါ်ထွက် ဖယောင်တိုင်
ထွန်းလို့ရတာ ။ အရင်လို ငြိမ်နေရင် ဘာမှ မရပဲ အမှောင်ထဲမှာ ငုတ်တုတ်ဖြစ်နေလိမ့်မယ် ။ ဒီတော့ နောက်
နှစ်ပါတ်ကြာလို့ မီး ၂၄ နာရီပေးရင် ကျနော့်မိတ်ဆွေ . . . တနိုင်ငံလုံးက အားအားယားယား ဖယောင်းတိုင်
ထွန်းသူတွေကို ကျေးဇူးတင်လိုက်ပါ . . . ။

မာဃလုလင်

26.5.2012