This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, February 22, 2014

ဓားကိုင်ပြီး အလှူခံနေသည့် သင်္ကန်း ၀တ်ထားသူကို လူဝတ်လဲပြီး အမှုဖွင့်................

သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရား ပွဲတော်တွင် ဓားကိုင်ပြီး အလှူခံနေသည့် သင်္ကန်း ၀တ်ထားသူ တစ်ဦး ကို သံဃနာယကအဖွဲ့က လူဝတ်လဲပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်တွင် မြို့နယ်ရဲစခန်းက အမှုဖွင့်အရေး ယူလိုက်သည်။

ဖေဖော်ဝါရီ ၁၉ ရက် ည ၁၀ နာရီခွဲတွင် သတင်းအရ ဘုရားပွဲ လုံခြုံရေး ဆောင်ရွက်နေသည့် သင်္ဃန်း ကျွန်း ရဲစခန်းမှ ရဲတပ်အဖွဲ့က သွားရောက်စစ်ဆေးရာ ဓားကိုင်အလှူခံနေသူသည် ရန်ကင်းမြို့နယ် (၁၂) ရပ် ကွက်၊ မဟာစန္ဒာသူရိယကျောင်းမှ ဦးပညာသီဟ (ခ) အောင်သန်း (၄၂)နှစ် သုံးဝါရှိသူဖြစ်ပြီး ၎င်းင်းတွင် သာသနာဝင်ကတ် မရှိပေ။

အဆိုပါ သင်္ကန်းဝတ်ထားသူကို ကျိုက္ကဆံဘုရားဓမ္မာရုံ၌ မြို့နယ်သံဃနာယကအဖွဲ့ဝင် စည်းကမ်းထိန်း သိမ်းရေးအကျိုး တော်ဆောင်ဆရာတော် ဦးဝါသေနနှင့် မြို့နယ်လ၀ကမှူး ဦးနန်းမြင့် တို့ရှေ့တွင် သိက္ခာချ လူဝတ်လဲခဲ့သည်။

ထို့နောက် ဦးပညာသီဟ(ခ) အောင်သန်းကို လက်နက်ကိုင်ဆောင်မှုဖြင့် အရေးယူပေးရန် ရဲအုပ်တင့်ဆွေ က တိုင်တန်းသဖြင့် မြို့နယ်ရဲစခန်းက ဖေဖော်ဝါရီ ၂၀ ရက်တွင် အမှုအမှတ်စဉ် (ပ)၆၇/၂၀၁၄ဖြင့် အမှုဖွင့် ပြီး လက်နက်ပုဒ်မ ၁၉(င)ဖြင့် အရေးယူရန် စစ်ဆေးနေသည်။

ထို့ပြင် အများပြည်သူရှေ့မှောက်တွင် သာသနာတော် ညှိုးနွမ်းအောင် သင်္ကန်းဝတ်ဖြင့် အရက်မူးဓားကိုင် ပြီး အလှူခံသဖြင့် ထပ်မံအရေးယူပေးရန် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီး ဌာနမှ လ၀ကမှူး ဦးနန်းမြင့်ကလည်း တရားလိုပြုလုပ် တိုင်တန်းလိုက်သည်။

ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ)၆၈/၂၀၁၄ ဖြင့် အမှုဖွင့်ကာ ပြစ်မှုပုဒ်မ ၂၉၅/၂၉၅က ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

အော်ရီဒူး ဖုန်းကတ်တွင် မိုဘိုင်းလ် ဘဏ်စနစ် ပါဝင်မည် .......

အော်ရီဒူးက ဆင်းမ်ကတ် စတင် ရောင်းချချိန်တွင် မိုဘိုင်းလ်ဖုန်းမှ တစ်ဆင့် ဘဏ်ဝန်ဆောင်မှု
များ ပေးမည့် Mobile Banking စနစ်နှင့် 3G စနစ်များ ပါဝင်လာမည် ဖြစ်ကြောင်း အော်ရီဒူးမြန်
မာမှ အမှုဆောင် အရာရှိချုပ် Ross Cormack က ပြောကြားသည်။

“ဆင်းမ်ကတ် စရောင်းတဲ့ အချိန်မှာ ပြည်တွင်းဘဏ် Account ရှိသူတွေ သုံးစွဲနိုင်မယ့် Mobile
Banking စနစ် တစ်ပါတည်း ပါဝင်ပါမယ်။ 3G စနစ်နဲ့ စပေးမယ်။ Data ရော Voice ပါ တစ်ပါ
တည်း ပါမယ်” ဟု ၎င်းကဆိုသည်။

သို့သော် မိုဘိုင်းလ် ငွေပေးချေမှု စနစ်များမှာမူ ဆက်သွယ်ရေး နည်းဥပဒေ ထွက်ရှိသည့် အချိန်
ကို စောင့်ဆိုင်းပြီး ဆွေးနွေးမှုများ ထပ်မံ ပြုလုပ်ရဦးမည် ဖြစ်ရာ ယခုနှစ်ကုန်ပိုင်းမှ စတင်နိုင်
မည်ဟု ၎င်းကဆိုသည်။

အော်ရီဒူး ကုမ္ပဏီသည် ဆင်းမ်ကတ်များကို ၁၅၀၀ ကျပ်ဖြင့် ယခုနှစ်လယ်တွင် စတင် ရောင်း
ချမည် ဖြစ်ပြီး ဖုန်းခေါ်ဆိုခများကိုမူ ဆင်းမ်ကတ်များ စတင် ရောင်းချမည့်အချိန်ကာလ နီးကပ်
မှသာ ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။

“ဒီအတိုင်းဆိုရင် ဘဏ် Account မရှိတဲ့သူတွေအတွက် ဒီ Mobile Banking စနစ်က အသုံး
မဝင်နိုင်ဘူး။ ပြည်တွင်းမှာ ဘဏ် Account ရှိတဲ့သူက ဘယ်နှယောက်ရှိလို့လဲ တယ်လီနော
က လုပ်မယ့် မိုဘိုင်းလ် ငွေလွှဲစနစ်ကို ပိုစိတ်ဝင်စားတယ်” ဟု Star မိုဘိုင်းလ် ဖုန်းဆိုင်မှ ဦး
ဇော်မင်းက ဆိုသည်။

တယ်လီနော ကုမ္ပဏီကလည်း မိုဘိုင်းလ်မှတစ်ဆင့် ငွေကြေး လွှဲပြောင်းသည့် ဝန်ဆောင်မှု
ပေးရန် ပြင်ဆင်နေပြီး 2Gနှင့် 3G စနစ်များ ပါဝင်သော Sim Card များကို လာမည့် ခြောက်
လမှ ရှစ်လအတွင်း စတင် ရောင်းချသွားမည်ဟု ကြေညာထားသည်။

Ref & Credit: The Voice Weekly

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: အော်ရီဒူး ဖုန်းကတ်တွင် မိုဘိုင်းလ် ဘဏ်စနစ် ပါဝင်မည် http://www.simon-vlog.com/2014/02/blog-post_7592.html#ixzz2u0JKD3Wv
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

ညီအစ်မနှစ်ဦးကို ပိတ်လှောင်ကာ ပြည့်တန်ဆာ အဖြစ် စေခိုင်း ခဲ့သော လင်မယား ဖမ်းမိ...........

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၈၀) ရပ်ကွက်တွင်နေသူ အသက် ၁၇ နှစ်အရွယ် ညီ
အစ်မနှစ်ဦးကို အထည်ချုပ် စက်ရုံတွင် လစာကောင်းသော အလုပ်ရမည်ဟု လိမ်လည်
ပြောဆိုကာ အခန်းတံခါးပိတ်ပြီး ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့သည်ဟု တိုင်ကြားခံရ
သော လင်မယားနှစ်ဦးကို ဖမ်းမိထားကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းမှ ရဲ
အရာရှိတစ်ဦးက ပြောကြားသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် (၈၀) ရပ်ကွက်တွင် နေထိုင်သော အသက် ၁၇ နှစ်အရွယ် အမျိုး
သမီးငယ်ကို ဇန်နဝါရီလ ၂၄ ရက်နေ့က ၎င်းနှင့် ရင်းနှီးသော မသဲသဲ ဆိုသူက အ
ထည်ချုပ် စက်ရုံတွင် လစာကောင်းဖြင့် အလုပ်ရမည်ဟုဆိုကာ ဗိုလ်တထောင်မြို့နယ်၊
၅၂ လမ်းအောက် ဘလောက်ရှိ တိုက်ခန်းတစ်ခု၏ ငါးလွှာတိုက်ခန်းသို့ ခေါ်ဆောင်ခဲ့
ကြောင်း၊ ယင်းနောက် တိုက်ခန်းတွင်း ပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် စေခိုင်းခံ
ရကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းထံမှ သိရှိရသည်။

ယင်းသို့ စေခိုင်းခံရစဉ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ၎င်းကို စတင်ခေါ် ဆောင်သူ
မသဲသဲမှာ ဒဂုံဆိပ်ကမ်းမြို့နယ် (၇၈) ရပ်ကွက်တွင်နေသူ ၎င်း၏ ညီမဝမ်းကွဲ တော်
စပ်သူ အသက် ၁၇ နှစ်အရွယ် မိန်းကလေးကို ပြည့်တန်ဆာအဖြစ် စေခိုင်းရန် ခေါ်
ဆောင်လာခဲ့သော်လည်း ယင်းညီမဝမ်းကွဲမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အရေး
ပေါ် လှေကားထွက်ပေါက်မှ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသ
ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

“တိုက်ခန်းထဲမှာ တံခါးပိတ်ပြီးထားတဲ့ အမျိုးသမီး ၁၀ ဦးလောက် ရှိတယ်။ သူတို့ကို
လည်း စစ်ဆေးနေပါတယ်။ ကားနဲ့ ဖုန်းဆက်တဲ့ နေရာတွေကို လိုက်ပို့ပြီး ပြည့်တန်
ဆာ လုပ်ကိုင်နေတယ်လို့ ကနဦး စစ်ဆေးချက်တွေအရ သိရတယ်” ဟု ဒဂုံမြို့သစ်
ဆိပ်ကမ်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းလင်း ပြောကြားသည်။

ဇန်နဝါရီလ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ၂၃ ရက်ကြာ ပျောက်ဆုံးခဲ့
သော အမျိုးသမီးငယ်မှာ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရပြီး နေအိမ်သို့ ပြန်လာစဉ်
၎င်း၏ မိခင်ဖြစ်သူက သမီးဖြစ်သူကို တိုက်ခန်းအတွင်း ချုပ်နှောင်ကာ ပြည့်တန်ဆာ
အဖြစ် စေခိုင်းခဲ့သူ ခြောက်ဦးကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ
၂၄ ဖြင့် မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။

ငါးလွှာ တိုက်ခန်းအတွင်း အမျိုးသမီးများကို ပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် စေ
ခိုင်းသည်ဟု တိုင်ကြားခံရသော အသက် ၄၄ နှစ်အရွယ် ဦးကျော်စိုးဝင်းနှင့် ဇနီးဖြစ်
သူ အန်တီကြူ (ခ) မေသင်းကြူ (ခ) ဒေါ်ကြူတို့ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင်
ဖမ်းမိခဲ့ပြီး ကျန်လေးဦးကို စုံစမ်းရှာဖွေလျက် ရှိကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မ
ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly မှကူးယူမျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ညီအစ်မနှစ်ဦးကို ပိတ်လှောင်ကာ ပြည့်တန်ဆာ အဖြစ် စေခိုင်း ခဲ့သော လင်မယား ဖမ်းမိ http://www.simon-vlog.com/2014/02/blog-post_1525.html#ixzz2u0ILb08p
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

အမေကို သွားကျိုးထွက်သွားအောင်လက်သီးနဲ့ ထိုးခဲ့သူကို ကြိမ်ဒဏ် ၂၄၀၀ နဲ့  သွားတစ်ချောင်းပြန်ချိုးဖို့ အမိန့် ချ ..............

Photo: အမေကို သွားကျိုးထွက်သွားအောင်လက်သီးနဲ့ ထိုးခဲ့သူကို ကြိမ်ဒဏ် ၂၄၀၀ နဲ့  သွားတစ်ချောင်းပြန်ချိုးဖို့ အမိန့် ချ
Friday, February 21, 2014 

ဆော်ဒီအာရေဗျနိုင်ငံသားတစ်ယောက်ဟာ သူ့ ရဲ့အမေကို သွားကျိုးထွက်သွားအောင်ထိုးမိခဲ့ကြောင်း ၀န်ခံခဲ့ပြီးတဲ့နောက် အပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ရှေးရိုမန်ဥပဒေတစ်ခုဖြစ်တဲ့၊ ကုရ်အာန်ကျမ်းစာလာ မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက်သွားတစ်ချောင်း ပြစ်ဒဏ်အတိုင်း သူ့ ရဲ့ ပါးစပ်ထဲက နေရာတူသွားတစ်ချောင်းကို ပြန်ချိုးခံရမယ်လို့ အမိန့် ချမှတ်လိုက်ပါတယ်။

အမည်မဖော်ပြထားတဲ့ အဲဒီ့ဆော်ဒီလူမျိုးကို ထောင်ဒဏ်ငါးနှစ်နဲ့ ကြိမ်ဒဏ် ၂၄၀၀ လည်းချမှတ်ခဲ့ပါတယ်။ ဒီကြိမ်ဒဏ် ၂၄၀၀ကို ဒေသတွင်းမှာရှိတဲ့ဈေးအလယ်ခေါင်မှာ ဆယ်ရက်တစ်ခါအချက် ၄၀ စီ အရိုက်ခံရမှာ ဖြစ်ပါတယ်။

သူ့ ရဲ့အမေက သူမကို သားက ထိုးနှက်နေကြောင်းရဲတွေကို အကြောင်းကြားပြီးအကူအညီတောင်းခဲ့တဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်ပြီး သူမအမေကို ဆေးရုံကို ပို့ ဆောင်ခဲ့ရပါတယ်။ ဆေးစစ်ချက်အစီရင်ခံစာအရ အသက်၃၀ အရွယ်ရှိတဲ့ ဒီဆော်ဒီလူမျိုးဟာ စိတ်ပုံမှန်အနေအထားမှာရှိပြီး သူ့ အမေကို ထိုးနှက်ချိန်တုန်းက အရက်၊မူးယစ် ဆေးဝါးသုံးစွဲထားခြင်းမရှိဘူးလို့ သိရပါတယ်။

ကုရ်အာန်ကျမ်းစာလာ အသက်တစ်ချောင်းအတွက်အသက်တစ်ချောင်း၊မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး ကို အခြေခံထားတဲ့ ဒီဥပဒေကို အာရဗစ်နိုင်ငံအများစုက လက်ရှိတရားဝင်ကျင့်သုံးလျက်ရှိတယ်လို့  သိရပါတယ်။ ကိုရန်ကျမ်းစာမှာ မိဘဖြစ်သူဟာ ရိုသေလေးမြတ်ခြင်းခံရတဲ့ အတိုင်း အာရဗစ်နိုင်ငံတွေမှာ မိဘဖြစ်သူကို တိုက်ခိုက်စော်ကားလို့ ရှိရင် ကြီးမားပြင်းထန်တဲ့ အပြစ်ကို ချမှတ်ခံရမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ကလည်း မိခင်ဖြစ်သူကို လက်ကျိုးအောင်ရိုက်ခဲ့တဲ့လူတစ်ယောက်ကို သူ့ အမေကို ထောင်ထဲက ထွက်ခွင့်ပြုဖို့ သဘောမတူမချင်း အခုအချိန်ထိ ထောင်သွင်းအကျဉ်းချထားတယ်လို့ Gulf News သတင်းစာ ကိုဆိုပါတယ်။

Trend Myanmar

မြန်မြန်အားသွင်းဖို. 2X BATTERY PRO - BATTERY SAVER APK V2.91

Saturday, February 22

မင်္ဂလာပါဗျာ ကျွန်တော်ဒီနေ.တင်ပေးချင်တာလေးကတော့ Android သမားများ အကြိုက်တွေ.စေမဲ့ 2× battery saver လေးပဲဖြစ်ပါတယ် ဖုန်းအားသွင်းဖို. အချိန်မပေးနိုင်ဘူးဆိုရင် ပုံမှန်အားသွင်းနှုန်းကို နှစ်ဆ တိုးပေးမဲ့ ဆော့ဝဲလ်လေးပါ နှစ်ဆ အားသွင်းပေးနိုင်လို. နှစ်ဆပြန်သုံးမယ်တော့မထင်လိုက်နဲ.နော် နာမည် ကိုက battery server ဆိုတဲ့ အတိုင်း လိုသလို ထိန်းချုပ်ထားလို.ရပါသေးတယ် Play Store မှာဝယ်ရင် တော့ ပိုက်ပိုက်ပေးရမှာပေါ့ဗျာ မယုံရင်ဒီမှာသွားကြည်. .........:P ဒီမှာတော့ အလကားရအောင် ရှာပေး ထားတာပါ သုံးဖူးသူတိုင်းလဲ သိကြမယ်ထင်ပါတယ် မသုံးဖူးသေးဘူးဆိုရင်လဲစမ်းသုံးကြည်.ဖို.အကြံပေး လိုက်ပါရစေ လိုချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းသွားလိုက်ပါ............အားလုံးပဲအဆင်ပြေပါစေဗျာ
                                                                                                   (မြန်မာပြည်လူငယ်)
FEATURES:
Manage Internet connection intelligently in the background.
Ensure data transmission completeness by keeping the Internet connection up until the transmission is finished.
Support night mode (PRO-only)
Support whitelist and blacklist.
Auto turn off the screen when you put the phone upside down on the table or into the pocket.
Build-in screen filter to further reduce the screen brightness for saving battery.
Support fully charged notification and low battery warning.
Battery icon theme is changable.
Configurable enable intervals and settings.
Option to keep connection when charging or tethering.
Option to not enable mobile data when screen unlocked.
Respect system settings.
Play sound after when screen on or off.
Home screen widgets.
Display battery usage and time since last unplugged, estimated battery run out time, battery health status, voltage, temperature, etc. information. http://s3.sfcdn.in/MjNlYmNiYTRlYWRiMDY0OGM3NDIzMzg1ZmMyNjlkYjczOTJmNjE0NToxV0d6V0E6WjZ6Zk1xUEdBT3JzZTFSNE9MbmdIdzVCZEE4/9376380d02/2x_Battery_Pro_-_Battery_Saver_v2.91.apk
                                
     မြန်မာပြည်လူငယ်တင်ပြီးသမျှပို.စ်များ Download ဆွဲနည်းမသိပါက ဒီလင့်ကို နှိပ်ပြီးသွားဖတ်ပေးပါ

ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။