This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, January 1, 2014

ရန်ကုန်တွင် ကျူးကျော်အလုံးအရင်း တိုးပွားမှု အရေးယူတော့မည် ..................................


Tuesday, December 31, 2013

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်နှင့် တွံတေးမြို့နယ် တို့တွင် ကျူးကျော် အိမ်ခြေများ အလုံးအရင်း တိုးပွားနေမှုကို ဥပဒေနှင့်အညီ အရေးယူနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ကျူးကျော်အိမ်ခြေ တည်ဆောက်မှု ပြဿနာများကို သေချာစွာ စိစစ်နေသောကြောင့် အရေးယူမည့် အချိန်ကာလ ကိုမူ လတ်တလောတွင် ပြောကြားနိုင်ခြင်း မရှိကြောင်း အဆိုပါ အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
"သူတို့ (ကျူးကျော်နေထိုင်သူများ) ကို မြေကွက်တွေ ချထားပေးမယ် ဆိုတဲ့ သတင်းတွေက လျှောက်ပြောနေတာပါ၊ သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူမှာပါ" ဟု ၄င်းကဆိုသည်။

ပန်းလှိုင်မြစ်ကမ်း ပေါ်တွင် နေထိုင်သူများမှာ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူများ ဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်များက ၄င်းတို့၏ နေအိမ်များကို ဒီဇင်ဘာလ ၂ ရက်နေ့ နောက်ဆုံးထားကာ ဖျက်သိမ်း ပြောင်းရွှေ့ပေးရန် စာဖြင့် ညွှန်ကြားထားသဖြင့် နေစရာမြေ မရှိခြင်းကြောင့် ယခုကဲ့သို့ ဝင်ရောက်ကာ တောများခုတ်ထွင် ရှင်းလင်း၍ နေထိုင်ရန် တဲများဆောက်လုပ်ခြင်း ဖြစ်ကြောင်း အိုးအိမ်မဲ့ တည်ဆောက်ရေး ခေါင်းဆောင် ဦးကျော်ထက်နိုင်က ပြော ကြားသည်။

လှိုင်သာယာ-တွံတေး ကားလမ်း ဝဲယာ တစ်လျှောက်တွင် အစိုးရက မြေကွက်များ ချထားပေးမည် ဆိုသော သတင်းများ ဒီဇင်ဘာ လဆန်းပိုင်းက ထွက်ပေါ်လာ ပြီးနောက် ယင်းနေရာများတွင် မြေကွက်များကို ဦးယူ နေကြပြီး ပန်းလှိုင်မြစ်ကူး တံတားအနီး ပန်းလှိုင်မြစ်ကမ်း တစ်လျှောက်ရှိ မြေနုကျွန်းများ၊ ဥယျာဉ်ခြံများ တွင်လည်း “ဆင်းရဲဒုက္ခ ရောက်နေသည့် အိုးမဲ့အိမ်မဲ့ ပြည်သူများ သောင်ထွန်းမြေနုကျွန်း ပေါ်တွင် ခေတ္တယာယီ တဲထိုး နေထိုင်ရာဒေသ” ဟူ၍ ဗီနိုင်းပိုစတာများ စိုက်ထူကာ အဆောက်အအုံများ ထောင်နှင့်ချီကာ ဆောက်လုပ်လျက်ပြီး ယင်းတို့အထဲတွင် သာသနာ့ အဆောက်အအုံ တစ်ခုလည်း ပါဝင်သည်။

"သူတို့က ဒီမှာ မင်းမဲ့စရိုက် ဆန်ဆန်ပဲ၊ အုပ်ချုပ်ရေးမှူးတွေ၊ ရဲတွေလည်း ဒီအတိုင်း ကြည့်နေရတယ်။ ဒီမှာရှိတဲ့မြေကွက် လပ်မှန်သမျှ သူတို့ကလွဲပြီး တခြားလူ မဦးရဘူး။ တဲထိုးပြီးရင် တခြားလူကို ပြန်ရောင်း စားတယ်" ဟု တွံတေးမြို့နယ် ခလောက်ချိုက် ကျေးရွာအုပ်စုတွင် နေထိုင်သူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။

ယင်းအပြင် လှိုင်သာမြို့နယ်၊ စက်မှုဇုန် အချို့ရှိ ပိုင်ရှင်ရှိ မြေကွက်များ ပေါ်တွင်လည်း လူအုပ်စု အလုံးအရင်းဖြင့် နေအိမ်၊ အဆောက် အအုံများ ဝင်ရောက်ဆောက်လုပ်ခြင်းများ ရှိနေပြီး ဒေသခံ ကျေးရွာသားများနှင့်လည်း မကြာခဏ ပဋိပက္ခများ ဖြစ်ပွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပန်းလှိုင် မြစ်ကူးတံတား အနီးတွင် ခလောက်ချိုက် ကျေးရွာအုပ်စု၊ ပဒံရေကျော် ကျေးရွာတွင် ဒီဇင်ဘာလ ၄ ရက်နေ့နှင့် ဒီဇင်ဘာ ၂၈ ရက်နေ့များက လည်းကောင်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းကျေးရွာတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့ များတွင်လည်းကောင်း ကျူးကျော် ဝင်ရောက်သူတို့နှင့် ဒေသခံကျေးရွာသား များအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

The Voice Weekly

Thit Htoo Lwin - News

သီလရှင်ကို ခြိမ်းချောက်၍ သားမယား ပြုကျင့် ခဲ့သူ နှစ်ဦး ဖမ်းဆီး ရမိ.........................









သီလရှင် တစ်ပါးကို ဓါးထောက် ခြိမ်းချောက်၍ လူနှစ်ဦး တို့က သားမယား ပြုကျင့်မှု ဖြစ်ပွားပြီး ဒီဇင်ဘာ
(၉) ရက်နေ့က မကွေးမြို့မ ရဲစခန်း (ပ) ၂၄၂/ ၂၀၁၃၊ ပြစ်မှု ပုဒ်မ-၃၇၆/ ၅၀၆/ ၁၁၄ အမှုမှ ထွက်ပြေး
တိမ်းရှောင်နေသူ တရားခံ အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

အဆိုပါတရားခံများအား ဖမ်းဆီးရမိရန် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှ ဒုရဲအုပ်နိုင်လင်းနှင့်အဖွဲ့၊ ခ
ရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ကြပ်ကြီး သန်းမြင့်ဇော်နှင့်အဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်မြင့်စိုးဦး မြို့မရဲစခန်း
မှ နယ်ထိန်းခေါင်းဆောင် သက်အောင်စိုးနှင့်အဖွဲ့၊ ညောင်ကန်နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်
ဒုရဲအုပ် ကျော်ငြိမ်းထွန်း အဖွဲ့တို့က ပူးပေါင်းဖမ်းဆီးခဲ့ကြောင်း၊ ဒီဇင်ဘာ(၂၈)ရက်၊ နေ့(၂)နာရီအချိန်တွင်
မကွေးမြို့နယ်၊ ညောင်ပင်သာကျေးရွာအနောက်ဘက် နဘူးခြုံအတွင်း၌ ပြစ်မူကျူးလွန်ခဲ့စဉ်က ကိုင်ဆိုင်ခဲ့
သော အရိုးငါးလက်မ၊ အသွားသုံးလက်မခွဲရှိ မောင်းပြန်ဓါးချွန် တစ်ချောင်းအား ကိုင်ဆောင်ထားသူ ခင်
မောင်ကြည် (၅၄)နှစ်၊ (ဖ) ဦးဘဟိန်း ၊ဗုဒ္ဓဘာသာ/ ဗမာ တည်ပင်ကံပေါက်ကျေးရွာ မကွေးမြို့နယ် အား
ဝိုင်းဝန်းဖမ်းဆီး ရမိကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာ(၁၅)နေ့က တရားခံ ၀င်းနိုင် (၄၁)နှစ်၊ (ဖ) ဦးခင်မောင်ထွေး၊ ဗုဒ္ဓဘာသာ/ဗမာ၊ တည်
ပင်ကံပေါက်ကျေးရွာ မကွေးမြိုနယ်နေသူထိုင်အား ၎င်းရွာ၌ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းတရားခံနှစ်ဦးကို ပြစ်
မှုကျူးလွန်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်စစ်ဆေးပြီး ဆက်လက်ဆောင်ရွက်နေကြောင်း ရဲမှတ်တမ်းအရ
သတင်းရရှိသည်။

ဝိုင်းကြည်အောင်

BY THIT HTOO LWIN

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: သီလရှင်ကို ခြိမ်းချောက်၍ သားမယား ပြုကျင့် ခဲ့သူ နှစ်ဦး ဖမ်းဆီး ရမိ http://www.simon-vlog.com/2013/12/blog-post_8981.html#ixzz2p5TOtiyO
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

အခြေခံ ဥပဒေ ပြင်ဆင်ချက် ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ရန် ခက်ခဲဆဲ.........................









(ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသည့် ပုဒ်မ ၅၉(စ) အပါအ၀င် အချက် ၅၀ ကျော်ကို ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေးပါတီ)က ပြင်ဆင်ရန် စီစဉ်နေသော်လည်း ဒေါ်အောင်ဆန်းစုကြည်
သမ္မတ ဖြစ်လာရေးအတွက် ခက်ခဲနေဆဲ ဖြစ်သည်ဟု သိရသည်။

ဒီဇင်ဘာလ ၂၇ ရက် မှ ၃၀ ရက် အထိ ကျင်းပခဲ့သော ကြံ့ခိုင်ရေး ပါတီ ဗဟို ကော်မတီ အဆင့် အစည်းအ
ဝေးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် အချက် ၇၃ ချက် တင်ပြရာ၌ ၂၂ ချက်ကို ပယ်ဖျက်
၍ ၅၁ ချက် ကို ပြင်ဆင်ရန် အတည်ပြုခဲ့ကြောင်း ကြံ့ခိုင်ရေး ပါတီက ပြောသည်။

ပြင်ဆင်ချက်များ ထဲတွင် သမ္မတ အရည်အချင်း ပြင်ဆင် သတ်မှတ်ခြင်း အပါအ၀င် တိုင်း ဒေသကြီးနှင့် ပြည်
နယ် ၀န်ကြီးချုပ်များကို သမ္မတက တိုက်ရိုက် ခန့်အပ်ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်
နယ် လွှတ်တော်များက ရွေးချယ်ခွင့် ရရှိ စေရန်၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများကို ဥပဒေ ပြဋ္ဌာန်း၍ တာ
ဝန်ပေး ဆောင်ရွက်ရန် ဆိုသော အချက်များ ပါဝင်ကြောင်း လည်း ကြံ့ခိုင်ရေး ပါတီ ဗဟိုကော်မတီဝင် ဦးလှ
ဆွေက ပြော ပြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတဖြစ်ခွင့် အရည်အချင်း သတ်မှတ်ချက်တွင် ပါဝင်သည့် ပုဒ်မ ၅၉(စ)တွင်
တရားဝင် သားသမီး တဦးဦး၏ ဇနီးနှင့် ခင်ပွန်းသည် နိုင်ငံခြားသား မဖြစ်စေရ ဆိုသော အချက်ကို ကြံ့ခိုင်
ရေး ပါတီက ပြင်ဆင်ပေးရန် လွှတ်တော်သို့ တင်သွင်းမည်ဟု သဘောတူ ခဲ့သော်လည်း အမျိုးသား ဒီမိုက
ရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်လာရန် အတား အဆီး များစွာ ရှိနေသေး
ကြောင်း မြန်မာ့ နိုင်ငံရေး လေ့လာသူများက ပြောဆိုကြသည်။

NLD နေပြည်တော် ခရိုင် ဥက္ကဋ္ဌ ဦးမင်းသူက ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ သားနှစ်ဦးကို မွေးဖွားခဲ့
သည့် အချိန်တွင် မြန်မာ သံရုံးသို့ သွားရောက်ပြီး နိုင်ငံသား မှတ်ပုံတင် ခဲ့ကြောင်းကို ၁၉၈၉ ခုနှစ်က ပြု
လုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး သတင်းစာဆရာများနှင့် တွေ့ဆုံပွဲတွင် ထုတ်ဖော် ပြော
ဆိုထားကြောင်း၊ သားနှစ်ဦးလုံးမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်းကို ရှင်း လင်း ခဲ့ကြောင်း ဧရာဝတီသို့
ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သား ၂ ဦးသည် ယခုအခါ ဗြိတိန်နိုင်ငံသားများ ဖြစ်ကြပြီး မွေးဖွားချိန်မှ ၁၉၈၉
ခုနှစ် အထိ မြန်မာနိုင်ငံ သားများ ဖြစ်ခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းတွင် နိုင်ငံရေးအရ တပ်မတော် အစိုး
ရက မြန်မာနိုင်ငံသား အဖြစ် ရုပ်သိမ်းခဲ့သည့် အတွက် ၎င်းတို့နှစ်ဦးကို (Stateless) နိုင်ငံမဲ့ ဖြစ်မသွားစေ
ရန် ဗြိတိန်နိုင်ငံက နိုင်ငံသား ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျနော့် အမြင်အရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်း မိုက်ကယ်အဲရစ်က သေသွားပြီ ဆိုတော့ ပြသနာ
မရှိတော့ဘူး။ ဒါပေမယ့် သူ့ရဲ့သားနှစ်ယောက် မြန်မာနိုင်ငံသား ခံလိုက်ရင် ရပြီ။ ဒါဆို သူ သမ္မတအဖြစ်
အရွေးခံခွင့် ရှိပြီ”ဟု ဦးလှဆွေက ဧရာဝတီသို့ ပြော သည်။

မြန်မာ့နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းကမူ လက်ရှိ အာဏာရ ပါတီဖြစ်သော ကြံ့ခိုင်ရေး ပါတီ
၏ သဘောထား တခု တည်းနှင့်သာ ဒေါ်ဆောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ဘဲ ဖြတ်ကျော်ရမည့် အဆင့်
များစွာ ရှိနေသေးကြောင်း၊ လွှတ်တော်ထဲတွင် ယင်းအချက်ကို ပြင်ဆင်ရန် မဲခွဲဆုံးဖြတ်မှု အပါအ၀င် ပြည်
လုံးကျွတ် ဆန္ဒခံယူပွဲများ ပြုလုပ်ရမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြော သည်။

နိုင်ငံရေး သဘောအရ ကြံ့ခိုင်ရေး ပါတီ အနေဖြင့် သမ္မတ အရည်အချင်း ကန့်သတ်ချက်ကို ပြင်ဆင်ပေး
လိုကြောင်း သဘောထား ရှိသည်ဟု ထုတ်ပြရုံသာ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သမ္မတ ဖြစ်ခွင့် ပုဒ်မကို ပြင်ဆင်နိုင်ရန် လွှတ်တော်ထဲတွင် အမတ်ဦးရေ ၇၅ ရာခိုင်နှုန်းကျော် ရှိရန် လိုအပ်
သည့် အတွက် တပ်မတော်၏ သဘောထားမှာ အရေးကြီး လာကြောင်း ဒေါက်တာ ရန်မျိုးသိမ်းက ပြော
ဆိုသည်။

“ကြံခိုင်ရေး ပါတီက ပြင်ပေးဖို့ သဘောတူရုံလောက်နဲ့ ဒေါ်စု သမ္မတ မဖြစ်နိုင်သေးဘူး။ လွှတ်တော်ထဲမှာ
ဒီကိစ္စကို ပြန်ဆွေးနွေးရင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ ရှိတယ်။ ကြံ့ခိုင်ရေး အပါအ
ဝင် တခြားပါတီတွေနဲ့ တိုင်းရင်းသားတွေ ထောက် ခံဦး။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တ
ယောက် မထောက်ခံရင် ဘာမှလုပ်လို့ မရဘူး။ လွှတ်တော်က သဘောတူ သွားရင်တောင် ဖွဲ့စည်းပုံမှာပါတဲ့
အချက် ၇၄ ချက်လောက်က တနိုင်ငံလုံးမှာ လူထု ဆန္ဒခံယူပွဲ လုပ်ပြီး ပြင်မှရမယ်” ဟု ဒေါက်တာ ရန်မျိုး
သိမ်းက ဆိုသည်။

တနိုင်ငံလုံးတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်၍ မဲပေးပိုင်ခွင့် ရှိသည့် လူဦးရေ အားလုံးထောက်ခံမှ
သာလျှင် ပြင်ဆင်နိုင်မည် ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ သမ္မတ ဖြစ်နိုင်ခြေ နည်းပါးသည်
ဟုလည်း ၎င်းက ပြောသည်။

တပ်မတော် အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပြီး ဖြစ်သော်လည်း အသေး
စိတ် မထုတ်ပြန်နိုင် သေး ကြောင်း ၊ သို့သော် မကြာမီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ၂၀၀၈ ဖွဲ့စည်း
ပုံ ပြင်ဆင်ရေး တပ်မတော်သား ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဝေလင်းက ဧရာဝတီသို့
ပြောကြားသည်။

NLD ပါတီကလည်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို စီစဉ်နေကြောင်း၊ ဖွဲ့စည်းပုံ အခန်း(၁၂)၌ ပြင်ဆင်ခွင့်
ပေးထားရာ ထိုအခန်း (၁၂) ကိုပင် ပြင်ဆင်ရန် လိုအပ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက
လည်း ပြောသည်။

“အခန်း(၁၂)ကိုလည်း ပြင်ဖို့လုပ်မှာပါ။ ဟို ၇၅ ရာခိုင်နှုန်းကျော် ဆိုတာလည်း ပြင်ရမယ်။ ကျနော်တို့ ၅၉(စ)
ကိစ္စအပါအ၀င် ပြင် ရမယ့် အကြောင်းတွေ အားလုံးကို မကြာခင်ထုတ်ပြန်ပေးဖို့ ရှိပါတယ်”ဟု ဦးဉာဏ်ဝင်း
က ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း(၁၂)တွင် ပုဒ်မ ၇၀ ကျော်ကို ပြင်ဆင်လိုပါက ပြည်ထောင်စု
လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက်
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ဖော်
ပြထားသည်။

ဒီဇင်ဘာလ ၂၉ ရက်တွင် NLD ပါတီ၏ ၂၀၁၃ ခုနှစ် အတွက် ဒုတိယအကြိမ် ဗဟို ကော်မတီ အစည်းဝေး
ကျင်းပခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည် ဖြစ်စေ၊ မပြင်သည် ဖြစ်စေ NLD ပါတီ အနေ
ဖြင့်၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက အစည်းဝေး အပြီးတွင်
ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုသည်။

“ဒီလို အခြေအနေမှာ မပြင်ဘဲနဲ့ ရွေးကောက်ပွဲ မ၀င်သင့်ဘူးဆိုတာ သဘောတရားရေး အရ ပြောတာ။ ဒေါ်
စုက NLD အတွက် ပြောခဲ့တာ မဟုတ်ဘူး။ သဘောတရားရေးအရ ပြောခဲ့တာ။ ဒီနေ့အစည်းဝေးက NLD
ရွေးကောက်ပွဲဝင်မ၀င် ဆုံးဖြတ်တဲ့ အစည်းဝေး မဟုတ်ဘူး။ ရွေးကောက်ပွဲ ၀င်ဖို့ အရင်ကတည်းက ဆုံးဖြတ်
ပြီးသား။ ဒါကြောင့် ၀င်ဖြစ်အောင် ၀င်မယ်လို့ ကျနော် ပြောတာ” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

NLD ပါတီသည် ယင်း၏ ပြိုင်ဖက်ပါတီ ကြံ့ခိုင်ရေး ပါတီနှင့် နှလုံးရည်အရ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး တိုက်ပွဲ
များ ဆက်လက် ပြင်း ထန်မည် ဖြစ်ကြောင်း၊ NLD အနေဖြင့် ပုဒ်မ ၅၉(စ) အပါအ၀င် ဖွဲ့စည်းပုံ အခြေခံ
ဥပဒေတွင် ပြင်ဆင် လိုသော အချက် ၁၆၈ ချက် ရှိကြောင်း ထုတ်ပြန် ပြောဆိုသည်။

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်
ပတ်သက်ပြီး အကြံပြုချက် များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီသို့ ဒီဇင်ဘာ
လ ၂၄ ရက်က ပေးပို့ခဲ့သည်ဟု ထုတ်ပြန်သည်။

အကြံပြုချက်များတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ် အရွေးခံနိုင်မည့် ပုဒ်မကို ပြင်ဆင်ပေးရန်
တောင်းဆိုမှု မပါဝင်ဘဲ တိုင်းရင်းသား နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံ ဆွေးနွေးမှု ၊ ပြည်ထောင်စု
လွှတ်တော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ဖြစ်စဉ် ၊ ရှစ်လေးလုံး ဒီမိုကရေစီ အရေး
တော်ပုံ ငွေရတု အခမ်းအနားမှ ဆုံးဖြတ်ထားသော အမျိုးသား အင်အားစု အားလုံး ပါဝင်သည့် ညီလာခံ
တရပ် ဖြစ်ပေါ်လာရေး ကြိုးပမ်းနေမှု ဖြစ်စဉ်များ အားလုံးကို ဆက်စပ် ညှိနှိုင်း၍ ဖွဲ့စည်းပုံ အခြေခံ ဥပေ
ဒေ ပြင်ဆင် ပြောင်းလဲမှုများကို ဥပဒေကြောင်းအရ ခိုင်မာစွာ အတည်ပြုနိုင်ရန် အကြံပြုထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ခက်ခဲ တင်းကျပ်လွန်းပါက ဥပဒေအရ ဖြေရှင်းနိုင်မှု မရှိဘဲ သွေးထွက်
သံယိုမူများ၊ အုံကြွမှုများဖြင့် ပြောင်းလဲရသည့် အခါ နိုင်ငံ အတွက် များစွာသော နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်
စေနိုင်သည်ဟု ယင်း အကြံပြုစာတွင် ပါရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထောက်ခံ ဆန္ဒ ခံယူပွဲကို ၂၀၀၈ ခုနှစ် မေလ ၁၅ ရက်တွင် တပ်မတော်
အစိုးရက မြို့နယ်ပေါင်း ၂၇၈ မြို့နယ်တွင် ပြုလုပ်ခဲ့ရာ လူဦးရေ ၉၉.၀၇ ရာခိုင်နှုန်း တက်ရောက်ခဲ့ပြီး ယင်း
တို့အနက်မှ ၉၂.၄ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြောင်း ထိုအချိန်က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး
ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်တိုး က ကြေညာခဲ့သည်။

ဧရာဝတီ-သတင်းဋ္ဌာန by Heavyrain

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: အခြေခံ ဥပဒေ ပြင်ဆင်ချက် ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ရန် ခက်ခဲဆဲ http://www.simon-vlog.com/2013/12/blog-post_6007.html#ixzz2p5Scn8ex
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

မလေးရှားတွင် မြန်မာအလုပ်သမား အမျိုးသမီး ၂ ဦး အသတ်ခံရ

Tuesday, December 31, 2013

ကိုဈာန်

မလေးရှားနိုင်ငံ ပီနန်ပြည်နယ် ဂျာလမ်ဘာရူးဒေသ ကမ်ပွန်ဆီတိုးလ်က မီးရထားလမ်း တခုဘေးမှာ ဒီဇင်ဘာ ၃၀ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီး ၂ ဦး အသတ်ခံခဲ့ရပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက မလေးရှားနိုင်ငံ နဂါစာရီ စက်မှုဇုန်နားမှာ အသတ်ခံရတာလို့ အလုပ်သမား ၂ ဦးရဲ့ နာရေးကို လိုက်လံ ကူညီပေးနေတဲ့ ပီနန် နာရေးကူညီမှု အသင်းမှ ဦးပုညက ပြောဆိုပါတယ်။

“စက်မှုဇုန်နားမှာပါ။ ငွေကြေးအရှုပ်အရှင်းကြောင့် ဖြစ်နိုင်ခြေ ရှိပါတယ်။ မုဒိန်းမှုလုံးဝ မပါပါဘူး။ နှစ်ယောက်လုံးက အသတ်ခံရတာ။ နောက်ပြီးတော့ ပစ္စည်းလုတာတွေ ဘာတွေလည်း မပါဘူး။ ရဲက မသင်္ကာသူတွေကို ဖမ်းထားတယ်။”
အသတ်ခံရသူ ၂ ဦးဟာ အသက် ၁၉ နှစ်အရွယ် မဌေးဌေးသန်းနဲ့ အသက် ၄၁ အရွယ် မငယ်တို့ ဖြစ်ကြပြီး မသင်္ကာဖွယ်ရာ မြန်မာ ၂ ဦးကို ခေါ်ယူ စစ်ဆေးနေတယ်လို့ ပြည်နယ်မှုခင်း စုံစမ်းရေးဌာနရဲ့ လက်ထောက်အကြီးအကဲ မာဇလန်ကီဇာက ပြောကြောင်း သည်စတား အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

အခင်းဖြစ်တဲ့နေရာအနီးက ဘတ်စကားမှတ်တိုင်မှာ ပြစ်မှုကျူးလွန်တယ်လို့ ယူဆရသူတွေ အသက် ၃၀ အရွယ် မြန်မာအမျိုးသား ၂ ယောက်ကို မျက်မြင် သက်သေတဦးရဲ့ ပြောပြချက်တွေအပေါ် မူတည်ကာ အခင်းဖြစ်ပြီး မိနစ် ၃၀ အတွင်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

သေဆုံးသူ အမျိုးသမီး ၂ ဦးဟာ စက်ရုံအလုပ်သမားဟောင်းတွေ ဖြစ်ကြပြီး လမ်းလျှောက်လာတုန်း တိုက်ခိုက်ခံရတာလို့ စုံစမ်းစစ်ဆေးရေးအရာရှိ ကီဆာက ပြောပါတယ်။

လူသတ်မှုမှာ အသုံးပြုခဲ့တဲ့ လက်နက်တွေကို ရဲတပ်ဖွဲ့က ရှာဖွေနေဆဲဖြစ်ပြီး ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် တစုံတရာ ရှိရင် အနီးဆုံး ရဲစခန်းကို ဆက်သွယ်သတင်းပေးကြဖို့လည်း မက်ဇလန်ကီဆာက တိုက်တွန်းထားပါတယ်။

မြန်မာအလုပ်သမား အမျိုးသမီး ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမားရေးရာ တာဝန်ရှိသူကို မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရ ဖြစ်နေပါတယ်။

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းလောက်ကလည်း မြန်မာအလုပ်သမားတွေ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့အတွက် မြန်မာအလုပ်သမား ၅ ဦး သေဆုံးခဲ့တယ်လို့ မြန်မာအစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

မလေးရှားမှာ မြန်မာအလုပ်သမားဦးရေဟာ တရားဝင် ၃ သိန်းနဲ့ တရားမဝင် ၄ သောင်း ရှိတယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးရဲ့ စာရင်းအရ သိရပါတယ်။