This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, December 1, 2012

ယနေ့ နေ့လည် ၂နာရီတွင် ကျင်းပသည့် မုံရွာရဲများ၏ သပိတ်စခန်း ဖြိုခွင်းမှုနှင့် ပတ်သက်သော သြ၀ါဒခံယူပွဲကို မုံရွာမြို့ ရွှေစည်းခုံစေတီတွင် ကျင်းပခဲ့

ယနေ့ နေ့လည် ၂နာရီတွင် ကျင်းပသည့် မုံရွာရဲများ၏ သပိတ်စခန်း ဖြိုခွင်းမှုနှင့် ပတ်သက်သော သြ၀ါဒခံယူပွဲကို မုံရွာမြို့ ရွှေစည်းခုံစေတီတွင် ကျင်းပခဲ့သည်။

မုံရွာမြို့ ကျောင်းတိုက် ၁၀ခုမှ ဆရာတော် ၁၀ပါး ကြွရောက်ခဲ့သည်။ ရဲအင်အား ၁၀၀ကျော် တက်ရောက်ခဲ့ပြီး လာရောက်ကြည့်ရှုသော လူပရိသတ် ၅၀ကျော်ခဲ့သည်။

ယင်းပွဲသို့ စစ်ကိုင်းတိုင်း ရဲမင်းကြီး ဦးစန်းယုတက်ရောက်ပြီး ဆရာတော်အရှင်သူမြတ်များကို မုံရွာသပိတ်စခန်းအရေးနှင့် ပတ်သက်ပြီး လျှောက်ထားခဲ့သည်။

ယင်းလျှောက်ထားချက်မှာ...

မုံရွာမြို့တွင် 29ရက်နေ့ သပိတ်စခန်းများကို လူစုခွဲရာတွင် အနည်းဆုံး အင်အားနှင့် ထိခိုက်မှု နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများကိုသာ အသုံးပြုဆောင်ရွက်ခဲ့ပါသည်။ မထင်မှတ်ဘဲ သံဃာတော်များ ထိခိုက်နစ်နာဒဏ်ရာရရှိခဲ့သည့်အတွက် အလွန်ပင် စိတ်မကောင်း ၀မ်းနည်းရပါသည်။ တာဝန်အရ ဆောင်ရွက်ခြင်း ဖြစ်ပြီး သံဃာတော်များကို နစ်နာစေရန် ရည်ရွယ်ခြင်း မဟုတ်ပါ။ ထိခိုက်နစ်နာခဲ့သည့်အတွက် စိတ်နှလုံး မသာမယာဖြစ်ကြရပါသည်။ မေတ္တာတရား ရှေ့ထားပြီး ခွင့်လွှတ်ပေးပါရန် လျှောက်ထားအပ်ပါသည်....

ထို့နောက် အုတ်ကန်ကျောင်းဆရာတော် ဦးနန္တေဘာသမှ ဆရာ တပည့် လက်တွဲပြီး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကျေအေးလျှင် ကောင်းပါကြောင်း မိန့်ကြားခဲ့သည်။

ယင်းနောက် ရဲမင်းကြီးမှ ကြွရောက်လာသော ဆရာတော် သံဃာများကို ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဒဏ်ရာရရှိသော သံဃာတော်များကိုလည်း သြ၀ါဒ ဆရာတော်များထံမှ တစ်ဆင့် ပစ္စည်းများ ဆက်ကပ်ခဲ့သည်။

ယနေ့လုပ်ဆောင်ခဲ့သည့် သံဃာတော်များကို တောင်းပန်ပွဲ မှသည် သြ၀ါဒခံယူပွဲအဖြစ်သို့ ပြောင်းလဲသွားသည့်အတွက် မုံရွာဒေသခံများနှင့် တခြားသော ရဟန်းများက ကျေနပ်မှုမရှိကြောင်း သတင်းရရှိသည်။

ဧရာဝတီ

မိန်းကလေးငယ် တစ်ဦး၏ နှာခေါင်း အတွင်းသို့ စိုက်ဝင်ခဲ့သည့် ဝက်အူလှည့် တရုတ်ခွဲစိတ် ဆရာဝန်များ အောင်မြင်စွာ ခွဲစိတ် ဖယ်ရှားနိုင်



ပေကျင်း နိုဝင်ဘာ ၂၉
တရုတ်နိုင်ငံမှ ကျားလီ အမည်ရှိ အသက်လေးနှစ် အရွယ် မိန်းကလေးငယ် တစ်ဦး၏ နှာခေါင်းဝသို့ မတော်တဆ ထိုးစိုက်ဝင် သွားခဲ့သည့် ဝက်အူလှည့် တစ်ချောင်းကို ခွဲစိတ် အထူးကု ဆရာဝန်ကြီး    ယူချင် က ဦးဆောင် ၍ အောင်မြင် စွာ ခွဲစိတ်ဖယ် ရှားနိုင်ခဲ့ပြီး ထိုမိန်းကလေးသည် ယခုအခါ တွင်  ပြန်လည် ကောင်း မွန် လာပြီ ဖြစ်ကြောင်း အင်တာနက် သတင်းတစ် ရပ်အရ သိရသည်။
အဆိုပါ မိန်းကလေးသည် တရုတ် နိုင်ငံ ကန်စုပြည်နယ် ထျန်းရွှီးမြို့တွင် နေထိုင်ပြီး သူမ၏ လက်ထဲတွင် ဝက်အူ လှည့်ကို ဆုပ်ကိုင်ထားရာမှ မတော်တဆ မှောက် လဲပြီး မျက်နှာအား ထိုးမိခြင်း ဖြစ်ကြောင်း သိရ သည်။ 
 
ထို့နောက် သူမအား ဒေသ တွင်းရှိ ဆေးရုံ နှစ်ရုံသို့ ခေါ်ဆောင် သွားခဲ့သော်လည်း အဆိုပါ ဆေးရုံ များက လက်မခံဘဲ အခြားဆေးရုံသို့ လွှဲပြောင်း ပေးခဲ့ သောကြောင့် ခွဲစိတ် အထူးကု ဆရာဝန်ကြီး ယူချင်၏ ဆေးရုံသို့ ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် သူမ၏မျက်နှာအား X-rays နှင့် CAT Scans များ ရိုက်ယူ စစ်ဆေးခဲ့ရာ   ထိုဝက်အူလှည့် သည် မျက်စိသူငယ်အိမ် အောက်နားအထိ စိုက်ဝင် ခဲ့၍  ဦးနှောက်ကို  ထိခိုက်ရန်  ၂-၃ မီလီမီတာ ခန့်သာ  လိုတော့ကြောင်း၊ ဦးနှောက် ကို ထိခိုက်သွားပါက အလွန်အန္တရာယ် ရှိကြောင်း ၎င်းဆေးရုံမှ ခွဲစိတ် အထူးကု ဆရာဝန်ကြီးက ပြောကြား ခဲ့သည်။

ထို့နောက်သူမ၏ မျက်နှာပေါ်ရှိ နှာခေါင်းတွင် စိုက်ဝင်နေသည့် ဝက်အူလှည့်ကို ခွဲစိတ် အထူးကု ဆရာ ဝန်ကြီးက ခွဲစိတ်ကုသ ဖယ်ရှားပေးခဲ့ရာ သူမသည် ယခုအခါ တွင် ပြန်လည် ကောင်းမွန် လာပြီဖြစ် ကြောင်း ဗြိတိသျှ သတင်း စာကြီး တစ်စောင်တွင် ဖော်ပြထား သည်။
 
မြ၀တီ

ထိုင်းနိုင်ငံ 5Stars အဆင့်ဝင် ဘန်ဂလိုတွင် မြန်မာနိုင်ငံသား ၁၀၀ ခန့် လစာများ ဖြတ်တောက်ခံနေရ


Salad Beach Resortထိုင်းနိုင်ငံ တောင်ပိုင်း စူရဌါနီ ခရိုင်၊ ကော့ပကမ်း (Koh Phagan ) ကျွန်းတွင် 5 stars Hotels အဆင့်တွင် ပါဝင်သော Salad Beach Resortနှင့် Salad Buri Resort တွင် အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသား ၁၀၀ခန့်ကို သူဌေး ဖိဒမ်နှင့် သူဌေးမ ဖိဂါဝီ မှ အလုပ်ချိန်များကို အပိုဆင်းခိုင်းခြင်း၊ အလုပ်ကြမ်းများ ခိုင်းပြီး လစာများကို အကြောင်းအမျိုးမျိုးပြပြီး ဖြတ်တောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
အလုပ်ချိန်များမှာ အပိုဆင်းနေရပြီး နေမကောင်းသဖြင့် ခွင့်ယူလျှင် လစာများ ဖြတ်တောက်ခံရခြင်းနှင့် အလုပ်သမားများအား အတင်းအားဓမ္မ အလုပ်လုပ်ခိုင်းခံနေရပုံကို အလုပ်သမား တစ်ဦးက " ကျွန်တော်တို့ အလုပ်ချိန်က မနက် ၆ နာရီခွဲကနေ ည (၁၂)နာရီကျော်ထိ အလုပ်ဆင်းရပါတယ်။ လွန်ခဲ့တဲ့ ၃ လလောက်က ထိုင်းအစိုးရအဖွဲ့ လာစစ်ဆေးတုန်းက အလုပ်ချိန်များနေတာကို လျှော့ဖို့ ပြောခဲ့တယ်။
တကယ်လို့ မလျှော့ဘူးဆိုရင် တစ်လကို အချိန်ပိုကြေးအနေနဲ့ အလုပ်သမား တစ်ယောက်ကို ပိုက်ဆံ ၁၅၀၀ ပေးရမယ်ဆိုပြီး စာချုပ် ချုပ်ထားတာ ရှိပါတယ်လို့ ကြားရပါတယ်။ အဲဒါကိုလည်း သူဌေးနှင့် သူဌေးမက ကျွန်တော်တို့ကို မပြောပါဘူး။ သူတို့မှာ ဘန်ဂလိုက နှစ်ခုရှိပါတယ်။ ပထမ တစ်ခုက Salad Beach ဘန်ဂလို ဖြစ်ပါတယ်။ နောက်တစ်ခု အသစ်ဆောက်ထားတာက Salad Buri ဘန်ဂလိုက ၄ နှစ်လောက်ပဲ ရှိပါသေးတယ်။ အခု Salad Beach ဘန်ဂလိုမှာ လုပ်နေတဲ့ အလုပ်သမားတွေကို ဘန်ဂလို အလုပ် တစ်ခုတည်း မဟုတ်ပဲနဲ့ သူတို့ ဆောက်လုပ်နေတဲ့ အဆောက်အဦးလုပ်ငန်းတွေကို မိုးရေထဲမှာ ခိုင်းနေတာ ဖြစ်ပါတယ်။ သူဌေးမက စားပွဲထိုးတွေကိုလည်း တောင်တွေပေါ် တက်ခိုင်းပြီး ကျောက်တွေ ထမ်းခိုင်း၊ မြေတွေကို တူးခိုင်းတယ်။ အလုပ်သမားတွေ အကုန်လုံးသွားရပါတယ်။ အလုပ်လုပ်ခိုင်း တာက နွားတွေကို ခိုင်းသလိုပဲ ခိုင်းပါတယ်။ ရိုက်နှက်ပြီးတော့ ခိုင်းတာတွေလည်း ရှိပါတယ်။ အလုပ်ပင်ပန်းလို့ နေမကောင်း ဖြစ်သွားရင်လည်း (၄)ရက် နားခွင့်ပဲပေးပြီးတော့ တစ်ရက်ကို ၅၀၀ ဖြတ်ပါ တယ်။ အဲဒီနားတဲ့ ရက်ကိုလည်း ပိုက်ဆံမပေးတော့ပါဘူး။ အချိန်ပိုကြေးအဖြစ် သတ်မှတ်ထား တဲ့ ၁၅၀၀ ကိုလည်း မပေးဘူး။ ဆေးခန်းကို လည်း လိုက်မပို့ပါဘူး။ တစ်နေ့ကို ဘတ် ၁၅၀ ကျော်ပဲ ရပါတယ်။ ဘန်ဂလို နှစ်ခုပေါင်း ဆိုရင် မြန်မာအလုပ် သမား ၁၀၀ နီးပါးခန့်လောက် ရှိပါတယ်။ လကုန်ပြီးလို့ နောက်လ ၁၁ ရက်မှ လစာထုတ်ပေးတယ်။ လစာထုတ်ခါနီးပြီဆိုရင် ပိုက်ဆံတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖြတ်ပါတယ်။ ကျွန်တော်တို့နဲ့ အလုပ်အတူလုပ်တဲ့ မျိုးမင်းထွန်းကိုလည်း တောင်ပေါ်မှာ အလုပ်ကြမ်းတွေ လုပ်ခိုင်းတယ်။ မလုပ်နိုင်ဘူးပြောတော့ ပါးကိုရိုက်တော့ လစာလည်း မရပဲနဲ့ အလုပ်ထွက်သွားရပါတယ်။ ထားဝယ်က ကောင်လေးတစ်ယောက်ဆိုရင်လည်း မိုးရေထဲမှာ အလုပ်ကြမ်းတွေကို အနားမပေးပဲ ခိုင်းခံနေရပါတယ်။ အလုပ်သမားတွေက မကျေနပ်ပေမဲ့လည်း ပြန်မပြောရဲ ဖြစ်နေကြပါတယ်။ ထိုင်းစကားကလည်း မပြောတတ်ကြ၊ သွားလာဖို့ကလည်း ပတ်စပို့စ်က မရှိဆိုတော့ အရမ်းဒုက္ခ ရောက်နေကြပါတယ်။ ပြီးတော့ သူဌေးမက ဗမာလူမျိုးတွေကို မုန်းတဲ့ စိတ်၊ နှိမ်ချဆက်ဆံတဲ့ စိတ်ကရှိနေလို့ ဒီလိုဆက်ဆံတာလို့ ကျွန်တော် ထင်ပါတယ်။ " ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အလုပ်အကိုင်များ ရှားပါးပြီး စားဝတ်နေရေး အဆင်မပြေသောကြောင့် ထိုင်းနိုင်ငံကို အလုပ်လုပ်ရန် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများသည် ထိုင်းအလုပ်ရှင် သူဌေးများ၏ မတရား ညှင်းပန်းနှိပ်စက်မှုများ၊ အလုပ်ကြမ်းများကို နားချိန်မပေးပဲ လုပ်ခိုင်းနေခြင်းများ၊ လစာအပေါ် ခေါင်းပုံဖြတ်မှုများကို ရင်ဆိုင်နေကြရသည်။
ယခုကဲ့သို့ ထိုင်းနိုင်ငံတောင်ပိုင်း ကော့ပကမ်း (Koh Phagan ) ကျွန်းတွင် 5 stars Resort အဆင့်တွင် ပါဝင်သော ဘန်ဂလိုတစ်ခုတွင် အလုပ်သများ အပေါ်တွင် မတရား ခေါင်းပုံဖြတ် နေခြင်းသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံကောင်း မပီသမှု၊ လူမျိုး ရေးမုန်းတီးရေးစိတ်များနှင့် ဆက်ဆံနေခြင်း ကြောင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား ရင်းနှီးချစ်ကြည်မှု ထိခိုက်လာနိုင်ကြောင်း အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေသူများက ဆိုသည်။
by- arakantimes

မြန်မာက တရုတ်အတွက် ပို အရေးပါလာနေ


ဝီလျံဘွတ်

တရုတ်အစိုးရအနေနဲ့ ကမ္ဘာ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေအပေါ် မှီခိုမှု ပိုများလာပြီး အမေရိကန်ပြည်ထောင်စုက အဲ့ဒီ နိုင်ငံတွေအပေါ် မှီခိုမှု လျော့ပါးသွားတာမို့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် ဗျူဟာမြောက် အားထားရမှု ကြီးမား လာလိမ့်မယ်လို့ လာမယ့် ဆယ်စုနှစ် ၂ စုအတွင်း ရေနံထုတ်လုပ်မှုနဲ့ သုံးစွဲမှု အလားအလာဆိုင်ရာ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (International Energy Agency – IEA)ရဲ့ အကဲဖြတ်ချက် အသစ်ထဲမှာ ရေးသားထားပါတယ်။

မနှစ်တုန်းက တရုတ်နိုင်ငံထဲ ရေနံတင်ပို့မှုမှာ အီရတ်က ၅ ရာခိုင်နှုန်း ပါခဲ့တာပါ။ တနေ့ကို ရေနံ စည် ပေါင်း ၂၇၅၀၀၀ ဝန်းကျင် တင်ပို့ခဲ့ပါ တယ်။ ဒါပေမယ့် အဲ့ဒီတင်ပို့မှုနှုန်းက ၂၀၃၅ ခုနှစ်ရောက်တဲ့အခါ တနေ့ကို ရေနံ စည်ပေါင်း ၈ သန်းကျော်အထိ များပြားသွားလိမ့်မယ် လို့ IEA ရဲ့ စီးပွားရေးပညာရှင် ဖာတီ ဘီရိုလ် (Fatih Birol) က သုံးစွဲမှုအလားအလာဆိုင်ရာ လေ့လာချက်တခုထဲမှာ ကြိုတင်ခန့်မှန်း ထားပါတယ်။ ဒီနှုန်းဟာ ဆော်ဒီအာရေဗျ နိုင်ငံက နေ တင်သွင်းမှုရဲ့ အထက်ကို ရောက်သွားပါလိမ့်မယ်။

ဒီအခြေအနေမှာ မြန်မာနိုင်ငံက အရှေ့အလယ်ပိုင်း ရေနံထွက်ရာဒေသတွေနဲ့ တရုတ် ရေနံချက်စက်ရုံအတွက် ကြားခံ သယ်ယူပို့ဆောင် ရေး လမ်းကြောင်းအဖြစ် အရေးပါနေတာပါပဲ။

အခုဆိုရင် မြန်မာနိုင်ငံကိုဖြတ်ပြီး တရုတ်နိုင်ငံအနောက်တောင် ယူနန်ပြည်ထဲကို သွယ်တန်းမယ့် ရေနံပိုက် လိုင်းတခုကို တရုတ် အမျိုး သား ရေနံကော်ပိုရေးရှင်း (Chinese National Petroleum Corporation – CNPC) က ဦးဆောင်ပြီး တည်ဆောက်နေပါတယ်။ ဒီပိုက် လိုင်းဟာ ရှေ့နှစ်အလယ်ဝန်းကျင်ဆိုရင် အရှေ့အလယ်ပိုင်းက ရေနံ တွေကို စတင် စုပ်ယူတော့မှာပါ။

လုပ်ငန်းအခြေကျသွားတဲ့အခါ အဲ့ဒီပိုက်လိုင်းက တနှစ်ကို ရေနံစိမ်း မက်ထရစ်တန်ပေါင်း ၂၃ သန်းအထိ သယ် ဆောင်နိုင်မှာဖြစ်တယ်လို့ ပီ ကင်း အခြေစိုက် ဂလိုဘယ်လ်တိုင်းမ်စ် သတင်းစာ (Global Times) က ရေးသား တင် ပြခဲ့ပါတယ်။ မက်ထရစ်တန် ၂၃ သန်းဆိုတာ ဟာ သိပ်ကြီးမားလှတဲ့ ပမာဏတော့မဟုတ်ပါဘူး၊ ဒါပေမယ့် ဒီတင်ပို့ မှုဟာ လာမယ့်အနာဂတ်ကာလမှာ အဲ့ဒီပမာဏထက် အများကြီး ပိုကြီးတဲ့ အရှေ့အလယ်ပိုင်းက ရေနံစိမ်းတွေကို မြန်မာနိုင်ငံကနေဖြတ်ပြီး တင်ပို့မယ့် ရှေ့ပြေးအရိပ်အယောင် ဖြစ်နိုင်ပါတယ်။

လက်ရှိ ပိုက်လိုင်းနဲ့ အရှေ့အလယ်ပိုင်းက ရေနံတင်သင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်အောင် ကျောက်ဖြူရေနက်ဆိပ် ကမ်း တည်ဆောက်ဖို့တွေအတွက် CNPC က အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ သုံးစွဲနေတာပါ။

“တကယ်လို့ ပိုက်လိုင်းအစီအစဉ်ဟာ မြန်မာပြည်မြောက်ပိုင်း ဒေသတချို့မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အင်အား စုတွေ နှောက်ယှက် တာ မခံရဘူးဆိုရင် တရုတ် အမျိုးသားရေနံကုမ္ပဏီတွေ (National Oil Companies – NOCs) မြန်မာပြည်ကို ဖြတ်ပြီး ပိုက်လိုင်းတွေ ပိုဆောက် လာနိုင်တဲ့ အလားအလာ အတော်လေးရှိပါတယ်” လို့ ဒေသဆိုင်ရာ စွမ်းအင်လုပ် ငန်း လေ့လာသုံးသပ်သူ ကောလင်း ရေးနိုးစ် (Collin Reynolds) က ပြောပါတယ်။

“တကယ်လို့ တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းနိုင်ငံတွေကနေ ရေနံတင်ပို့မှုကို တိုးမြှင့်မယ်ဆိုရင် မာလက်ကာ ရေလက်ကြားကို ဖြတ်ပြီး သယ်ဆောင်ရတဲ့ လမ်းကြောင်းရဲ့အန္တရာယ်ကို လျှော့ချနိုင်ဖို့ ဘာဘဲလုပ်ရလုပ်ရ လုပ်ချင်ပါလိမ့် မယ်။ ဒါကြောင့်မို့လည်း အခြားရွေး ချယ် စရာ နည်းလမ်းတခုအနေနဲ့ တရုတ်တွေက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှု လုပ်ခဲ့တာပေါ့။ အခု လမ်းကြောင်းကိုလည်း သူတို့ကကာကွယ်ချင် မှာပဲလေ” လို့ သူက ဆိုပါသေးတယ်။အိန္ဒိယနိုင်ငံကတော့ အိန္ဒိယသမုဒ္ဒရာ ထဲမှာ တရုတ်ရေတပ်သင်္ဘောတွေ ပိုများလာတာနဲ့ပတ်သက်ပြီး စိုးရိမ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

CNPC နဲ့ တရုတ်အမျိုးသား ကမ်းလွန်ရေနံကော်ပိုရေးရှင်း (China National Offshore Oil Corporation) ဟာ အီရတ် ရေနံတွင်းတွေ မှာ ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံနေကြတယ်လို့လည်း IEA က ပြောပါတယ်။ ဒီလို ရင်းနှီး မြှုပ်နှံနေတဲ့အတွက် အီရတ်နိုင်ငံဟာ မကြာခင် မှာ တရုတ်နိုင်ငံက ရေနံအများဆုံးဝယ်ယူတဲ့ ကမ္ဘာပေါ်မှာ ဆော်ဒီအာရေဗျနိုင်ငံပြီးရင် ဒုတိယအများဆုံး ရေနံထုတ်လုပ်သူအ ဖြစ်ပေါ်ထွက် လာဖို့ ဦးတည်နေတယ်လို့လည်း အဲ့ဒီအဖွဲ့က ဆိုပါ တယ်။

“တရုတ်နိုင်ငံအနေနဲ့ အီရတ်ကနေ ရေနံတွေ တစထက်တစ ပိုများပြီး တင်သွင်းမယ်ဆိုတာ သိပ် ကိုဖြစ်နိုင်တဲ့အပြင် အဲ့ဒီလို တင်သွင်းတာ ဟာ တရုတ်နိုင်ငံအတွက် အကျိုးအမြတ်ရှိစေပါတယ်။ အရှေ့အလယ်ပိုင်းက တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် လောလောဆယ်မှာ အီ ရတ်က အတော်လေး တည်တည်ငြိမ်ငြိမ်ရှိပေမယ့် ဘေးအန္တရာယ်တွေကိုလည်း ကျနော်တို့ နားလည် သဘောပေါက်ထားသင့်ပါတယ်” လို့ Xiamen တက္ကသိုလ်က တရုတ်နိုင်ငံ စွမ်းအင်စီးပွားရေး သုတေသနစင်တာရဲ့ ဒါရိုက်တာ လင်ဘိုကီယန်င် (Lin Boqiang) ကတရုတ် နေ့စဉ် (China Daily) သတင်းစာကို ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ပြည်တွင်း ရေနံထုတ်လုပ်မှုဟာ ၂၀၂၀ မှာ အများဆုံးဖြစ်လာနိုင်ပြီး တနှစ်ကို တန်ပေါင်း ၂၂၀ သန်း လောက် ထုတ်နိုင် လိမ့် မယ်လို့ မျှော်လင့်ထားပေမယ့် တရုတ်နိုင်ငံရဲ့ စီးပွားရေးက တနှစ်ကို ၇ ရာခိုင်နှုန်း ဒါမှမဟုတ် လည်း အဲ့ဒီထက်ပိုပြီး ဆက်တိုးချဲ့လာမယ် ဆိုရင် ရေနံသုံးစွဲမှုကလည်း တနှစ်ကို တန်ပေါင်း ၆၅၀ သန်းကျော် အထိ ရောက်ရှိသွားလိမ့်မယ်လို့ စီးပွားရေးနဲ့ ဖွံ့ဖြိုတိုးတက် မှုဆိုင်ရာ သု တေသနအင်စတီကျုဖြစ်တဲ့ စီနိုပက် (SINOPEC) အဖွဲ့က ကြိုတင်ခန့်မှန်းထားပါတယ်။

IEA ရဲ့ အစီရင်ခံစာထဲမှာတော့ တရုတ်နိုင်ငံအနေနဲ့ အရှေ့အလယ်ပိုင်းက ရေနံကို တစတစပိုပြီးအလေးအနက်ထား လာနေတာဟာ ဒေသ တွင်းက အခြားနိုင်ငံတွေကို ရေနံတင်သင်္ဘောကြီးတွေ ဖြတ်သန်းမယ့် “ဗျူဟာမြောက် လမ်း ကြောင်းတွေရဲ့ လုံခြုံရေးကို အာရုံစိုက်ဖို့” ဖိ အား ပေးရာရောက်လိမ့်မယ်လို့ ရေးထားပါတယ်။

တရုတ်အစိုးရအနေနဲ့ အထူးစိုးရိမ်နေတာက မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံကြားမှာရှိတဲ့ မာလက်ကာရေ လက်ကြားရဲ့ နေရာကျဉ်းကျဉ်း က လေးကိုပါ။ အရှေ့အာရှကို သွားနိုင်ဖို့အတွက် တရုတ်သင်္ဘောတွေ အားလုံး အဲ့ဒီနေရာကျဉ်းကျဉ်း လေးကတဆင့် စင်္ကာပူနိုင်ငံကို ဖြတ်ပြီး သွားရတာတကိုး။ နိုင်ငံရေးအရ ပြဿနာတစုံတရာတက်လာတဲ့ အခါမျိုးမှာ ရေလက်ကြားကို အလွယ်တကူ ပိတ်ဆို့လိုက်နိုင် တယ်လို့ တရုတ်တွေက စိုးရိမ်နေတာပါ။

တရုတ်အစိုးရက မြန်မာပြည်အပေါ် ပထဝီနိုင်ငံရေးအရ မှီခိုလာနေတာဟာ အရှေ့တောင်အာရှနိုင်ငံတွေ အတွက် လည်း စိုရိမ်စရာဖြစ် လာစေ ပါတယ်။ တရုတ်ကုမ္ပဏီကြီးတွေက ဒေသဆိုင်ရာအကျိုးစီးပွားကို ပျက်စေတယ်လို့ အဲ့ဒီ နိုင်ငံတွေ ကြားမှာ သဘော ထား ကြ တာမို့ သူတို့ရဲ့လုပ်ရပ်အပေါ် ဒေါသထွက်နေကြတာလည်း ရှိပါတယ်။

CNPC ရဲ့ ပါတနာတွေဖြစ်တဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (Myanmar Oil & Gas Enterprise – MOGE) နဲ့ စွမ်းအင် ဝန်ကြီးဌာ နတွေရဲ့ အဆိုအရ မြန်မာနိုင်ငံအနေနဲ့ ရေနံပိုက်လိုင်းကနေ ဖြတ်သန်းသယ်ယူပို့ ဆောင်ကြေးအဖြစ် တနှစ်ကို အများဆုံး ဒေါ် လာ ၃၆.၈ သန်း ရလိမ့်မယ်လို့ သိရပါတယ်။ လမ်းကြောင်းခက ဒေါ်လာ ၁၃.၈ သန်းနဲ့ ပိုက်လိုင်းကိုဖြစ်မယ့် ရေနံစိမ်းတွေအတွက် တ တန်ကို တဒေါ်လာ ရမယ်လို့ ဆိုပါတယ်။ လူ့အခွင့် အရေးအဖွဲ့တွေကတော့ ဒီနှုန်းထားက သိပ်ကို နည်းလွန်းတယ်လို့ ဝေဖန်ကြပါတယ်။

ဒါ့ပြင် သဘာဝဓာတ်ငွေ့လိုင်းနဲ့ အတူယှဉ်ဖောက်မယ့် ရေနံပိုက်လိုင်းတလျှောက်မှာ ဒေသခံတွေကို အဓမ္မနေရာရွှေ့ပြောင်းတာတွေနဲ့ မြေ သိမ်း တဲ့ကိစ္စတွေ အမြောက်အမြား ဖြစ်နေကြတယ်လို့ လည်း အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ (NGOs) က စွပ်စွဲကြပါတယ်။

ဒါပေမယ့် “ဒေသခံတွေရဲ့ ပညာရေးနဲ့ ကျန်မာရေးအဆင့်အတန်းတွေ တိုးတက်လာအောင် ကူညီဖို့” CNPC က ဒေါ်လာ ၆ သန်းလှူခဲ့ တယ်လို့ အခိုင်အမာပြောဆိုကြောင်း ဂလိုဘယ်တိုင်းမ်စ်က ရေးသားတင်ပြခဲ့ပါတယ်။ “ပိုက်လိုင်း တလျှောက်မှာရှိတဲ့ ရွာတွေဖွံ့ဖြိုးလာ စေရေးမှာ ပိုပြီး ကူညီနိုင်အောင်” CNPC က နှစ်စဉ် ဒေါ်လာ ၂ သန်း ထည့်ဝင်သွား ဖို့ သဘောတူတယ်လို့လည်း အဲ့ဒီသတင်းမှာ ဖော်ပြ ထားပါတယ်။

သဘောတူလက်မှတ်ထိုးခဲ့တဲ့ စာချုပ်တွေအရ လုပ်ငန်းလည်ပတ်ရာမှာ ဒေသခံပြည်သူတွေနဲ့ အဆင်ပြေ အောင် မကြိုးစားကြပါဘူး။

ဘယ်လိုပဲဖြစ်နေနေ စာချုပ်နဲ့လုပ်တဲ့ လုပ်ငန်းတွေဖြစ်တာမို့ အဲ့ဒီလုပ်ငန်းတွေကို ဖျက်လိုက်ရင် မြန်မာနိုင်ငံက လျော်ကြေးငွေ အမြောက် အ မြားပေးရနိုင်တယ်လို့ မုံရွာကြေးနီစီမံကိန်း တိုးချဲ့တဲ့အပေါ် ဆန့်ကျင်ကန့်ကွက် နေကြသူတွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ သမ္မတရုံးဝန်ကြီး ဦး အောင် မင်းက ဖွင့်ဟပြောသွားခဲ့ပါတယ်။ ဒီစီမံကိန်းကို တရုတ်နိုင်ငံက ဝမ်ဘောင် (Wanbao) ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေးဦးပိုင်တွေက ပူးတွဲပိုင်ဆိုင် ကြတာပါ။

ငွေကြေးဆိုင်ရာ အကျိုးဆက်တွေ ရှိနိုင်တာမို့ မြန်မာအစိုးရအနေနဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေ စိတ်မကောင်းဖြစ် အောင် လုပ်မိမှာကို စိုး ရိမ်တယ်လို့ ဦးအောင်မင်းက ဆန္ဒပြသူတွေကို ပြောပါတယ်။ ဒီလို ပြောတာဟာ အထူးသဖြင့် မြစ်ဆုံရေကာတာနဲ့ သက်ဆိုင်ပါတယ်။ အဲ့ဒီရေ ကာတာတည်ဆောက်မှုကို သဘာဝ ပါတ်ဝန်ကျင်ဆိုင်ရာ အကြောင်းပြချက်တွေနဲ့ သမ္မတဦးသိန်းစိန်က တရားဝင် ရပ်ဆိုင်းခဲ့တာ ကိုး။

ကောလင်း ရေးနိုးစ်ကတော့ “CNPC နဲ့ ရေနံတင်ပို့မှုနည်းနာတွေကို ကိုင်တွယ်ဖို့ဆိုရင် မြန်မာပြည် မှာ အခုရှိနေတဲ့ အစိုးရထက် ပိုပြီး အား ကောင်း မောင်းသန်ရှိတဲ့ အစိုးရတရပ် လိုပါတယ်” လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈နာရီခွဲအချိန်က ပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံ


ဓါတ်ပုံ - Eleven Media Group
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ အုန်းခြံ ရပ်ကွက်၊ ဇက်ဆိပ် သောင်ပြင်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈နာရီခွဲ အချိန်က ဒေသခံ ပြည်သူလူထုအား မိန့်ခွန်း ပြောကြား ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းကလည်း ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာတွင် မိန့်ခွန်းပြောကြားရာ၌ လက်ပံတောင်းတောင် အရေးနှင့်ပတ်သတ်၍ အနည်းငယ်သာ ပါဝင်ခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်က ပြောကြားခဲ့သော မိန့်ခွန်းတွင် လက်ပံတောင်းတောင် အရေးအား အဓိကထား ပြောကြားခဲ့ကြောင်းလည်း သိရသည်။

မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

တစ်ဖက်တည်း ကိုယ်လိုချင်တာချည်း တောင်းလို့မဖြစ်ဘူး။ ကျွန်မတို့နိုင်ငံအတွက် အကောင်းဆုံးအဖြေကို အားလုံးကနေ အတူတူရှာရမယ်။ အဖြေတစ်ခုရှာတယ်ဆိုတာဟာ အပေးအယူ လုပ်တတ်ရမယ်။ အလျော့အတင်း လုပ်တတ်ရမယ်။ ကျွန်မအမြဲပြောတယ်။ လောကကြီးက အနတ္တလောကပဲ အနတ္တဆိုတာ  ကိုယ်စိုးမိုးလို့ ရတာမဟုတ်ဘူး။ ကိုယ်ဖြစ်ချင်တိုင်း ဘာမှ ၁၀၀ ရာခိုင်နှုန်း ဖြစ်လို့မရဘူး။ ငါဖြစ်ချင်တိုင်း ၁၀၀ ရာခိုင်နှုန်းဖြစ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ သွားလို့တော့ ကျွန်မတို့က ဒီမိုကရေစီနိုင်ငံကိုတော့ ကောင်းကောင်းထူထောင်လို့ ရမှာမဟုတ်ပါဘူး။

ကျွန်မပွင့်ပွင့်လင်းလင်း ပြောမှာနော်။ ကျွန်မပြည်သူတွေအကြိုက်ကို လိုက်မပြောဘူး။ ပြည်သူတွေအကြိုက်ကို လိုက်ပြောတဲ့သူလည်း ပြည်သူတွေကို စေတနာရှိလို့ မဟုတ်ဘူး။ ပြည်သူတွေကို အသုံးချချင်တဲ့သူပဲ။

ကျွန်မဒီကိုလာတဲ့ကိစ္စက လက်ပံတောင်းတောင်ကိစ္စနဲ့ လာတာပဲ။ ဘာလဲဆိုတော့ ကျွန်မတို့နိုင်ငံမှာ ဒီလို လိပ်ခဲတည်းလည်းနဲ့ ပြဿနာတစ်ခု ဖြစ်နေတယ်ဆိုတာ မသင့်တော်ဘူး။ နောက်ပြီးတော့ ဖြစ်နေတဲ့ ကိစ္စတွေမှာ အိမ်နီးချင်းနိုင်ငံတစ်ခုကလည်း ပါနေတယ်။ တရုတ်နိုင်ငံပေါ့။ အားလုံးခေါင်းထဲမှာ ထားရမှာက ကျွန်မတို့နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံအဖြစ်နဲ့ ထူထောင်မယ်ဆိုရင် ကျွန်မတို့ဟာ ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ သိက္ခာနဲ့ ကိုက်ညီအောင် နေနိုင်ရမယ်။ အဲဒီဟာမှာ ဘာပါလဲဆိုတော့ နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီအောင်လို့ နေနိုင်ရမယ်။ ကျွန်မတို့ နိုင်ငံရဲ့ ပြဿနာက နှစ်ပေါင်း ၅၀ လောက် အာဏာရှင်လက်အောက်မှာ နေခဲ့ရတယ်။  နှစ်ပေါင်း ၅၀ လောက် အာဏာရှင်လက်အောက်မှာ နေခဲ့တဲ့အချိန်မှာ လုပ်ပုံလုပ်နည်းတွေဟာ ပြည်သူရဲ့ဆန္ဒမပါတဲ့ လုပ်ပုံလုပ်နည်းတွေ ဖြစ်နေတယ်။ ပွင့်လင်းမြင်သာမှုဆိုတာလည်း မရှိခဲ့ဘူး။ ပြည်သူတွေရဲ့ဆန္ဒကို ထည့်ပြီးတွက်တယ်ဆိုတာလည်း မရှိခဲ့ဘူး။ အဲဒီတုန်းက လုပ်ခဲ့တဲ့ အကျိုးဆက်တွေကို ကျွန်မတို့ ဆက်ပြိးတော့ ခံစားနေရတယ်။ ဒီလို ခံစားနေရတဲ့နေရာမှာ နှစ်ဖက် စဉ်းစားရမယ်။ အရင်တုန်းက ပြည်သူရဲ့ဆန္ဒမပါဘဲနဲ့ အာဏာရှင်နည်းနဲ့ လုပ်ခဲ့တဲ့ ကိစ္စတွေရဲ့ အကျိုးဆက်တွေကို ခံစားတဲ့နေရာမှာ ဘယ်လောက်ထိ တာဝန်ရှိတယ် မရှိဘူးဆိုတာကို စဉ်းစားရမယ်။ အရေးကြီးဆုံးကိစ္စတစ်ခုက တာဝန်ပဲ။ ကျွန်မကတော့ တာဝန်ရှိမှုကို အင်မတန်မှ လေးစားပါတယ်။ ကျွန်မတို့အားလုံးဟာ ဒီလိုစိတ်ဓာတ်ရှိရမယ်။ ဘ၀ရဲ့ဆုံးခန်းမှာ ငါဟာ တာဝန်တွေအားလုံး ကျေခဲ့ပြီ။ တတ်နိုင်သလောက် ကျေခဲ့ပြီပေါ့။ ၁၀၀ ရာခိုင်နှုန်းလည်း ကျေချင်မှကျေနိုင်မှာ။ တစ်ခါတလေမှာ တာဝန်ဆိုတာဟာ ဟိုဘက်ကတာဝန်၊ ဒီဘက်ကတာဝန် ကိုယ် ပိုပြီးအလေးထားရမယ်ဆိုတဲ့ တာဝန်ကို လုပ်ရတယ်။ တာဝန်တွေအားလုံး ကျေတယ်ဆိုတာကတော့ ဖြစ်ချင်မှဖြစ်နိုင်မယ်။ ဒါပေမယ့် အဓိကယူထားတဲ့ တာဝန်တွေတော့ ကျေတယ်ဆိုတာ ဖြစ်စေချင်တယ်။ ကျွန်မတို့နိုင်ငံက ကိုယ့်နိုင်ငံသားတွေ အားလုံးတာဝန်ရှိတယ်ဆိုတာ လက်ခံထားရမယ်။ ဒီတော့ အာဏာရှင်စနစ်အောက်က ကတိက၀တ်ပြုခဲ့တဲ့ ဟာတွေကို ကျွန်မတို့အခုခေတ်မှာ တည်ဖို့လိုလား အလေးထားဖို့လိုလားဆိုတာကို မေးရမယ်။ အဲဒီလိုမေးတဲ့အခါမှာ နိုင်ငံတကာမှာ ကျွန်မတို့နိုင်ငံရဲ့ အနေအထားကိုလည်း ပြန်ပြီးတော့ကြည့်ရမယ်။ နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် နိုင်ငံနှစ်နိုင်ငံ ကြားထဲမှာ ယူထားတဲ့ သဘောတူညီချက်တွေကို လေးစားရတယ်။ လိုက်နာရတယ်။ ပြည်သူတွေရဲ့ စိတ်ဓာတ်ဆန္ဒမပါဘဲနဲ့ ယူထားတဲ့ သဘောတူညီချက်တွေကို အဲဒါဟာ တစ်ချို့ဟာတွေက လေးစားရမှာပဲ လိုက်နာရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရဲ့မျက်နှာနဲ့။ ကျွန်မတို့ရဲ့ အနေအထားက ဒီလိုပါပဲ။ ဆုံးဖြတ်တဲ့ နေရာမှာ ငါမပေးခဲ့တဲ့ ကတိက၀တ်တွေမို့လို့ ငါလုံးဝ မလေးစားဘူးဆိုပြီး လုပ်လို့လည်းမရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဟိုဘက်ဒီဘက်ဆိုတာ ရှိတယ်။ ကိုယ့်ဘက်ကိုချည်း ကြည့်လို့မရဘူး။ လက်ပံတောင်းတောင်နဲ့ ပတ်သက်တဲ့ကိစ္စနဲ့ ပတ်သတ်လို့ရှိရင် ကျွန်မတို့နိုင်ငံနဲ့ တရုတ်နိုင်ငံက္ပကုမ္ပဏီနဲ့ ဘယ်လိုသဘော တူညီချက်တွေလုပ်ခဲ့လဲဆိုတာ ပြည်သူတွေအနေနဲ့ သိရမယ်လို့ ကျွန်မယုံကြည်တယ်။ သိပိုင်ခွင့်ရှိတဲ့ အပေါ်မှာ အခြေခံပြီးတော့ ညှိနှိုင်းပြီးတော့ ဆွေးနွေးတိုင်ပင်ရမယ်။ အခုဟာက ဒီမှာ လက်ပံတောင်းတောင်ပတ်ဝန်းကျင် ပျက်စီးသွားတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရဘူး။ ဒါပေမယ့် ဒီကိစ္စတွေ စတာကတော့ အခု ၂၀၁၀ မှ စတာ မဟုတ်ပါဘူး။ ကြေးနီစီမံကိန်းကို စပြီးလုပ်တာက ၁၉၈၄ ခုနှစ်က မဆလ အစိုးရခေတ်မှာ စတယ်လို့ နားလည်ပါတယ်။ နောက်ပိုင်းမှာ အိုင်ဗင်ဟိုး ကုမ္ပဏီက ၉၂ ခုနှစ်မှာ ၀င်လာတယ်။ နောက်ပိုင်း ၂၀၁၀ ကျမှ လက်ရှ္ပိကုမ္ပဏီက ၀င်လာတယ်။ အဲတော့္ပကုမ္ပဏီ အဆက်ဆက် မြန်မာနိုင်ငံက လုပ်ငန်းမှာ ပါဝင်ခဲ့တာ အခုမှဖြစ်တာ မဟုတ်ဘူး။ ဒေသခံတွေအနေနဲ့လည်း နည်းနည်းနဲ့ ကြေးနီတွေကို တူးတဲ့လုပ်ငန်းတွေကို လုပ်နေတာလည်း တော်တော်ကြာပါပြီ။ ဒါလည်း အများအသိပဲဖြစ်ပါတယ်။ အရင်တုန်းက ကျွန်မတို့နိုင်ငံသာမက တစ်ကမ္ဘာလုံးမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ အင်မတန်မှ နည်းပါတယ်။ အလေးထားတာလည်း မရှိခဲ့ပါဘူး။ အဲတော့ ကျွန်မတို့ပတ်ဝန်းကျင် ပျက်စီးလာတာဟာ အခုမှ မဟုတ်ပါဘူး နည်းနည်းနှစ်နဲ့ကြာပြီဆိုတာ အားလုံးသိပြီးဖြစ်တယ်လို့ ထင်ပါတယ်။ အဲဒါ ဟုတ်တယ်မဟုတ်လား (ဟုတ်ပါတယ်)။ ကျွန်မပြောချင်တာက တာဝန်ယူစိတ်ရှိရမယ်။ ပြသနာတစ်ခု ဖြစ်လို့ရှိရင် တစ်ဖက်ကိုပဲ အားလုံးပုံချတဲ့စိတ်ဓာတ်နဲ့ လုပ်လို့မဖြစ်ပါဘူး။ ကိုယ့်တာဝန် ကိုယ်ယူနိုင်တဲ့ စိတ်ဓာတ်ရှိရမယ်။ အဲဒါဟာ လူတစ်ယောက်ရဲ့သိက္ခာ ၊ မာနလို့လည်း ပြောလို့ရတယ်။ အဲဒါဟာ နိုင်ငံတစ်ခုရဲ့ သိက္ခာ၊ နိုင်ငံတစ်ခုရဲ့ မာနလို့လည်း ပြောလို့ရတယ်။ ဒါဟာ ထားသင့်တဲ့ မာနတစ်ခုပါ။ အခုချိန်မှာ ဖြစ်နေတာတော့ နောက်ဆုံးမှာလာပြီးတော့ တာဝန်ယူတဲ့္ပကုမ္ပဏီနဲ့ ဖြစ်တာပေါ့နော်။ အရင်တုန်းက္ပကုမ္ပဏီတို့၊ မဆလခေတ်တုန်းက လုပ်ခဲ့တဲ့ကိစ္စတွေကို ကျွန်မတို့ လုံးဝလျစ်လျူရှု ထားလို့ မရဘူး။ တစ်ဖက်သတ်ကြည့်လို့ မရဘူး။ ကျွန်မက ပွင့်ပွင့်လင်းလင်း ပြောပါမယ်။ ဒါကိုပြည်သူက ကြိုက်ချင်ရင်လည်း ကြိုက်မယ်။ မကြိုက်ချင်လည်း မကြိုက်ဘူး။ ကျွန်မအမြင်အတိုင်း အမှန်အတိုင်းပဲပြောမယ်။ ပြည်သူကို လှည့်ဖြားပြီး ပေါ်ပြူလာဖြစ်အောင် မစည်းရုံးဘူး။ ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အဆင်ပြေအောင် နေတတ်ရမယ်။ အိမ်နီးချင်းနိုင်ငံဆိုတာ တရုတ်နိုင်ငံတစ်ခုတည်းပြောတာ မဟုတ်ဘူး။ အိန္ဒိယရှိတယ်။ ထိုင်းနိုင်ငံရှိတယ်။ ဘင်္ဂလားဒေ့ရှ်ရှိတယ်။ လာအိုရှိတယ်။ ကျွန်မတို့ အိမ်နီးချင်းနိုင်ငံတွေအားလုံးနဲ့ အဆင်ပြေအောင် နေတတ်ရမယ်။ အဲဒါဟာ နိုင်ငံကြီးတစ်ခုရဲ့ တာဝန်ပဲ။ နိုင်ငံကြီးတစ်ခုရဲ့ သိက္ခာပဲ။ အဆင်မပြေတဲ့ကိစ္စတွေရှိရင် ညိနှိုင်းတိုင်ပင် ဖြေရှင်းရမယ်။ အဲလိုလုပ်မှ ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ်နဲ့ နေနိုင်မယ်။ နောက်တစ်ခုပြောမယ်နော်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ မတည့်လို့ ရွှေ့ပြောင်းပြီး နေလို့မရဘူး။ ဒါဟာ လုံးဝဖြစ်နိင်တဲ့ ကိစ္စမဟုတ်ဘူး။ အဲဒါကတော့ ဘယ်လိုမှ ငြင်းလို့မရဘူး။ ဒီပြသနာကို ဖြေရှင်းတဲ့နေရာမှာ ကျွန်မတို့ ပြည်သူပြည်သားတွေ မနစ်နာအောင်လည်း ဖြေရှင်းရမယ်။ ကျွန်မတို့ရဲ့ နိုင်ငံအနေနဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ ဂုဏ်သိက္ခာရှိရှိ လုပ်နိုင်တယ်ဆိုတာလည်း ကျွန်မတို့ သေသေချာချာ သတ်မှတ်သွားရမယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ မတည့်လို့ ရွေ့ပြောင်းသွားလို့ မရပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် လင်မယားချင်းမတည့်တာကမှ ကွာရှင်းလို့ ရသေးတယ်။ အိမ်နီးချင်းနိုင်ငံတွေ မတည့်လို့ ဘယ်လိုမှ ပြောင်းလို့မရပါဘူး။ လက်တွေ့ကျကျ ကြည့်ရမယ်။ အဖြစ်ကို အဖြစ်အတိုင်း ရင်ဆိုင်ရမယ်။ ဒီကိစ္စကို ဖြေရှင်းတဲ့နေရာမှာ အစတုန်းက ဘယ်လိုသဘောတူညီချက်တွေ လုပ်ခဲ့လည်းဆိုတာကတော့ အများပြည်သူမှာ သိပိုင်ခွင့်ရှိတယ်ဆိုတဲ့ အချက်ကိုတော့ ခိုင်ခိုင်မာမာ ကိုင်သွားချင်တယ်။ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပဲ။ အဲတော့ ဒီသဘောတူညီချက်ပေါ်မှာ အခြေခံပြီးတော့ မျှတသလား၊ မမျှတဘူးလား၊ နှစ်ဦးနှစ်ဖက်စလုံးကနေ လက်ခံနိုင်အောင်လို့ ဘယ်လိုအပေးအယူလုပ်မလဲ ဆိုတာကို စဉ်းစားရမယ်။ မနေ့က ကုမ္ပဏီကအကြီးအကဲတွေနဲ့ သွားတွေ့ပါတယ်။ သူတို့ပြောတာတွေကိုလည်း ကျွန်မနားထောင်ခဲ့တယ်။ အလုပ်တစ်ခုလုပ်တယ်ဆိုရင် ဟိုဖက်ဒီဖက်ကို နားထောင်ရမယ်။ တစ်ဖက်ထဲကို နားထောင်လို့မဖြစ်ဘူး။ ကိုယ်ကြိုက်တဲ့ဘက်ကိုပဲ နားထောင်လို့မဖြစ်ဘူး။ ဒါကြောင့် ကျွန်မတရားဟောတာကိုပဲ လာနားထောင်မနေနဲ့၊ တခြားပါတီတွေ ဟောတာကိုလည်း သွားပြီးနားထောင်လိုက်ဦး။ အဲ့တာမှ ဟိုဘက်ဒီဘက် ချင့်ချိန်လို့ရအောင်။ ဟိုဖက်ဒီဖက်နားထောင်မှ အဖြေရှာနိုင်မှာပါ။ လက်ပံတောင်းတောင်နဲ့ ပတ်သက်တဲ့ အဓိကကျတဲ့ ရွာလေးရွာနဲ့ ဒီနေ့မှ ဆွေးနွေးဖြစ်မှာ။ ဒီလိုဆွေးနွေးတဲ့ အခါမှာ ဟိုဘက်ဒီဘက်အမြင်ကို အများကြီး နားလည်လာတယ်။ အခုချိန်မှာဆို၇င် ဒီမှာလုပ်နေတဲ့ ကုမဏီတွေကလည်း ညှိနှိုင်းချင်တဲ့စိတ် ရှိလာပါတယ်။ အဲဒါ ကောင်းပါတယ်။ တစ်ဖက်က လက်ကမ်းရင် ကိုယ်ကလည်း ပြန်ကမ်းရပါတယ်။ ဒီလိုနည်းနဲ့မှ တိုးတက်မှုရနိုင်ပါတယ်။ ကျွန်မတို့ဟာ စိတ်ကာက်တဲ့စိတ်နဲ့ လုပ်လို့မရဘူး။ ကိုယ့်စိတ်ကိုယ် အလေးထားလို့ မရဘူး။ ရေရှည်ကို ကြည့်ရမယ်။ ကိုယ့်ရွာသူရွာသားတွေရဲ့ ခံစားချက်ကို တော်တော်လေး နားလည်လာပါတယ်။ ဒီခံစားချက်ကို ပြေလည်အောင်လည်း လုပ်ရမယ်။ တော်င်သူလယ်သမားတွေဟာ မြေမရှိရင် ဘာလုပ်ရမှာလဲတဲ့။ အများကြီး နားလည်ပါတယ်။ ကြေးနီစမံကိန်းဆိုတာ ရေရှည်စီမံကိန်း မဟုတ်ဘူး။ ဒါ နားလည်သလေဘာက် နှစ် ၃၀ လောက်ထိပဲ လွန်ရောကျွံရော။ ဒီကြေးနီထုတ်လပ်ရေးဟာ ဖြစ်နိုင်တယ်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေဟာ ကမ္ဘာတည်သရွေ့ ဘယ်လိုဆက်ပြီး လုပ်သွားမလဲဆိုတာ သိရမယ်။ စီမံကိန်တွေနဲ့ သွားရမယ်။ ရေရှည်အကျိုးရိမယ့် ပုံစံမျိုး ညှိပြီးတော့ လုပ်ယူ၇မယ်။ တော်တော်မျးများကတော့ စီမံကိန်းကို ချက်ချင်းရပ်သွားအောင် လုပ်ပေးပါလို့ တောင်းဆိုတယ်။ ပွင့်ပွင့်လင်းလင်းပြောပါမယ်။ စီမံကန်းရပ်သွားအောင် လုပ်ပေးနိုင်တဲ့  အခြေအနေမရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အကြောင်းနှစ်ခုရှိပါတယ်။ တစ်ခုကတော့ ဘယ်လိုစာချုပ် ချုပ်ထားတယ်ဆိုတာ ကျွန်မမသိပါဘူး။ အစိုးရနဲ့ ကုမ္ပဏီနဲ့ ချုပ်ထားတဲ့စာချုပ်၊ နောက်တစ်ခုကတော့ ကျွန်မတို့ တစ်ပတ်ကျော်ကျော်လောက်က အဆိုတင်သွင်းခဲ့တာပါ။ အဆိုအရ လက်ပံတောင်းတောင်ကိစ္စကို သေသေချာချာ စိစစ်ဖို့ ကော်မရှင်တစ်ခုဖွဲ့ရေး ဖြစ်ပါတယ်။ ဒီကော်မရှင်ထဲမှာ ပြည်သူလူထုအများက ရိုသေလေးစားပြီးတော့ လက်ခံနိုင်တဲ့သူတွေလည်း ပါရမယ်။ အစိုးရဘက်ကလည်း ပါရမယ်။ ကျွမ်းကျင်သူတွေလည်း ပါရမယ်။ အဲလိုကော်မရှင်တစ်ခုအနေနဲ့ ဒီကိစ္စကိ လူမှုရေးဘက်က စီးပွားရေးဘက်က ပတ်ဝန်းကျင်ဘက်က အားလုံးကို အမြန်ဆုံး လေ့လာပြီးတော့ အစီရင်ခံစာတင်ဖို့ ဖြစ်ပါတယ်။ အဲလို လုပမှပဲ ကျွန်မတို့ တစ်နိင်ငံလုံးကရော၊ တစ်ကမ္ဘာလုံးကရော လက်ပံတောင်းတောင်ရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်သွားမှာ။ ဘာတွေဖြစ်နေလဲ။ ဘယ်လိုဖြစ်နေလဲ။ ဘယ်သူတွေက ဘယ်လိုနစ်နာမလဲ။ နစ်နာမှုတွေကို ဘယ်လိုရှောင်နိုင်မလဲ။ ဘယ်လိုပြန်ပြီးတော့ ဖြစ်ပြီးသား ကိစ္စတွေကို ပြန်ပြီးတော့ ကောင်းအောင်ဘယ်လိုလုပ်နိုင်မလဲ၊ ဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲ ဆိုတာ အဲဒါ အဖြေကို ရှာရမှာဖြစ်ပါတယ်။ ကျွန်မကတော့ အဖြေရှာပြီးတော့ အဖြေပေါ်မှာ အခြေခံပြီးတော့ အားလုံးကောင်းအောင် စီမံကိန်းတစ်ခုကို ချသင့်တယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ လူကြီးပီသတယ်။ ရင့်ကျက်တယ်။ အပေးအယူလုပ်မယ် ကိုယ့်ဘက်ကနေ ပြီးတော့ အတတ်နိုင်ဆုံး သည်းခံမယ်။ အတတ်နိုင်ဆုံး သဘောထားကြီးကြီးနဲ့ လုပ်မယ်။ အဲလိုဆိုရင် နောက်တစ်ဖက်ကလည်း ဒီလိုပဲတုန့်ပြန်လိမ့်မယ်လို့ ကျွန်မ မျော်လင့်ပါတယ်။ ကျွန်မတို့ကနေပြီးတော့ သဘောထားကြီးကြီးနဲ့ ဦးတည်တယ်ဆိုရင် တစ်ဖက်ကလည်း ဒီလို ဦးတည်လိမ့်မယ်လို့ ယုံကြည်တယ်။ ဦးတည်အောင်လည်း လုပ်နိုင်စွမ်းရှိမယ်လို့ ယုံကြည်ပါတယ်။

တစ်ခုကတော့ သံဃာတော်တွေနဲ့ သပိတ်စခန်းမှာ ပြောရမယ်ဆိုရင်တော့ အင်မတန် ကြမ်းကြမ်းတမ်းတမ်းနဲ နှိမ်နင်းလိုက်တယ်။ ခွဲလိုက်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်နဲ့တွေ့ဖို့ စီစဉ်ထားပါတယ်။ ဘာကြောင့် ဒီလို ကြမ်းကြမ်းတမ်းတမ်း လုပ်ရတာလဲလို့။ ပြည်သူ အနေနဲ့ မေးပိုင်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။ ပြဿနာရှာချင်လို့ မဟုတ်ပါဘူး။ ပြဿနာရှင်းချင်လို့ပါ။ ဒီလောက်လုပ်ဖို့ လုံးဝမလိုအပ်ပါဘူး။ ဒီလိုပြောလို့ ပြည်သူကို စိတ်စွပေး တာမဟုတ်ဘူးနော်။ ကျွန်မပြည်သူကို စိတ်စွပြီးတော့ ဘယ်တော့မှ မစည်းရုံးဘူး။ ပြည်သူတွေအနေနဲ့ စဉ်းစဉ်းစားစားနဲ့ ဆုံးဖြတ်နိုင်အောင်လို့ လုပ်ရတာပါ။ မနေ့ညတုန်းက ဆေးရုံမှာ ဒဏ်ရာရနေတဲ့ သံဃာတွကို ဖူးလိုက်ပါတယ်။ မဖူးမီ မိးလောင်တဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ပါတယ်။ တော်တော်ဆိုး တာပဲ၊ သံဃာတော်တွေရဲ့ ဒဏ်ရာကလည်း တော်တော်ကို ဆိုးတာပဲ။ အဲဒီလောက်ထိ ဘာဖြစ်လို့ လုပ်တယ်ဆိုတာ ပြည်သူအနေနဲ့ သိပိုင်ခွင့်ရှိတယ်လို့ ထင်ပါတယ်။ နားလည်သလောက်ကတော့ သမ္မတရုံးကနေပြီးတော့ ထုတ်ပြန်ချက်နှစ်မျိုး ထုတ်ပါတယ်။ တစ်မျိုးက မီးလောင်ဗုံးမသုံးခဲ့ပါဘူး။ မျက်ရည်ယိုဗုံးပဲ သုံးခဲ့ပါတယ်တဲ့။ နောက်တစ်ခါ အဲဒါကို ရုပ်သိမ်းပါတယ်ဆိုတာ ထုတ်တယ်။ ကျွန်မ နည်းနည်းခေါင်းမှာ ရှုပ်သွားပါတယ်။ အဲဒီတော့ ကျွန်မခေါင်းရှုပ်တာလည်း ရှင်းရင်းနဲ့ ပြည်သူတွေခေါင်းရှုပ်တာလည်းရှင်းဖို့ သက်ဆိုင်ရာအာဏာ ပိုင်တွေနဲ့ကြည့်ပြိး လုပ်ပါမယ်။

မြန်မာနိုင်ငံမှာ သတ္တုတွင်းဝန်ကြီးဌာနဆိုတာ ရှိပါလျက် ဘာကြောင့်ကြေးနီစီမံကိန်းက ဦးပိုင်လက်အောက်ကို ရောက်သွားတာပါလဲတဲ့

(ပြည်သူထဲမှ စာဖြင့်မေးသည်ကို ဖတ်ပြခြင်းဖြစ်)

ဦးပိုင်ကုမ္ပဏီဆိုတာကတော့ စစ်တပ်နဲ့ဆက်စပ်နေတယ်ဆိုတာ အများသိပါတယ်။ တပ်မတော်ဟာ ကျွန်မတို့နိုင်ငံနဲ့  ဆက်စပ်နေပါတယ်။ တစ်ချို့က ကျွန်မအနေနဲ့ တပ်မတော်အပေါ်မှာ မေတ္တာထားတယ်ဆိုရင် မကြိုက်ကြပါဘူး။ မတတ်နိုင်ဘူး။ ထားတာက ထားတာပဲ။ ဒါကတော့ ကျွန်မ အမှန်အတိုင်းပြောတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက ငယ်ငယ်ကတည်းက ဖေဖေ့သမီးအနေနဲ့ ကြီးလာတာကိုး။ တပ်မတော်အပေါ်မှာ မေတ္တာမထားဘဲနဲ့ကို မနေတတ်ဘူး။ ငယ်ငယ်ကတည်းက မွေးကတည်းက တပ်မတော်အပေါ်မှာ မေတ္တာထားဖို့ သင်ခဲ့တော့ မေတ္တာကတော့ ဘယ်လိုမှ မပျောက်ကွယ်သွားနိုင်ဘူး။ လုပ်တဲ့ ကိစတွေကိုတော့ ကျွန်မ မကြိုက်ဘူးပေါ့။ အထူးသဖြင့် ကျွန်မအပေါ်မှာလုပ်တာလည်း မကြိုက်ဘူး။ ပြည်သူအပေါ်မှာလုပ်တာလည်း မကြိုက်ဘူး။ မကြိုက်သော်လည်း မေတ္တာတော့ မပျက်ပါဘူး။ အဲတော့ ဦးပိုင်လီမိတက်ဆိုတာလည်း ဦးပိုင်နဲ့ဆက်စပ်နေတယ်ဆိုတော့ ကျွန်မတို့ ဒီကိစ္စတွေကို ချဉ်းကပ်တဲ့အခါမှာ သဘောထားကြီးကြီးနဲ့ နောက်ဆုံးကျတော့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ပဲ ချဉ်းကပ်မယ်လို့ ကျွန်မပြောပါရစေ။ မသိချင်ယောင်တော့ ဆောင်မနေပါဘူး။ မေးသင့်တာတွေတော့ ကျွန်မမေးမှာပါ။ ဒါပေမယ့် မေးတယ်ဆိုတာဟာ ကောင်းတဲ့အဖြေတစ်ခုကို လိုချင်လို့ မေးခွန်းမေးတာပါ။ ဖြေလိုက်တဲ့အဖြေကို ပြောတာမဟုတ်ဘူး။ ဖြေလိုက်တဲ့အဖြေပေါ်မှာ အခြေခံပြီး ဘယ်လိုအကောင်းဆုံး ဖြစ်နိုင်မလဲဆိုတာကို အဲဒါကိုလုပ်ဖို့ ကျွန်မတို့ရည်ရွယ်တာပါ။ ဥိးပိုင်က တာဝန်ခံတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်မယ်။ ပြည်သူကတော့ ဒီလိုမေးနေတယ်။ ကျွန်မဘယ်လို ဖြေရမလဲလို့။

ကျွန်မတစ်ခုတော့ သတိပေးမယ်နော် ကျွန်မတို့စိတ်ထဲမှာ အာဃာတတွေတော့ မထားပါနဲ့။ အာဃာတတွေထားလို့တော့ ကျွန်မတို့နိုင်ငံ တိုးတက်ရေးအတွက် အင်မတန်မှ ခက်ပါတယ်။ ကျွန်မတို့ ရုန်းကန်ခဲ့ရတယ်ဆိုတာ အနှစ်၂၀ ကျော်ပါပြီ။ ညတုန်းကလည်း သံဃာတော်တွေကို တွေ့ဆုံခဲ့ပါတယ်။ ဒီအနှစ် ၂၀ ကျော် ရုန်းကန်ခဲ့ရတဲ့အချိန်မှာ ကျွန်မစိတ်ထဲမှာ ဘာရှိလဲဆိုတော့ ကျွန်မနှလုံးသားထဲမှာ အမုန်းတ၇ားဝင်သွားရင် ကျွန်မရှုံးတော့မယ်လို့ ကျွန်မခိုင်ခိုင်မာမာ စွဲထားတယ်။ အမုန်းတရား ၀င်သွားရင်တော့ ကျွန်မရှုံးမှာ။ ကျွန်မကို တိုက်ခိုက်နေတဲ့သူတွေ ရှုံးမှာမဟုတ်ဘူးလို့ ဆိုပြီး ကျွန်မနှလုံးသားထဲကို ဘယ်တော့မှ အမုန်းတရား အ၀င်မခံခဲ့ဘူး။ ကံကောင်းထောက်မလို့လည်း ၀င်လည်းဝင်မလာပါဘူး။ ကျွန်မတို့ ပြည်သူတွေလည်း ဒီလိုပဲထားစေချင်တယ်။ မတရားတဲ့ကိစ္စဆိုရင် မခံရဘူး။ ဒီလိုပဲ ကိုယ်ကနေပြန်ပြီး ကာကွယ်ရမယ်။ ကိုယ်ကနေ ပြန်ပြီးတုန့်ပြန်ရမယ်။ အမုန်းတရားနဲ့ မဟုတ်ဘူး။ အမှန်တ၇ားကို အခြေခံပြီး ခေါင်းအေးအေး ပြန်ပြီးတော့ တုန့်ပြန်ရမယ်။ လက်ပံတောင်းတောင် ကိစ္စနဲ့ ပတ်သက်လို့လည်း ကျွန်မဒီအတိုင်းပဲ လုပ်ချင်တယ်။ အမှန်တရားပေါ်မှာ အခြေခံပြီး တုန့်ပြန်မယ်။ အမုန်းတရားပေါ်မှာ အခြေခံပြီး ကျွန်မတို့ မတုန်ပြန်ဘူး။ အာဃာတတွေပေါ်မှာ အခြေခံပြီး မတုန့်ပြန်ဘူး။ အဲဒီလိုလုပ်တဲ့အခါမှာ ပြည်သူလူထုရဲ့ ထောက်ခံမှုကို အများကြီး လိုလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေက ပါဝင်ပြီးထောက်ခံမှ လုပ်ငန်းတစ်ခု အောင်မြင်အောင် လုပ်နိုင်မှာပါ။ အားလုံးသိတယ်နော်။ အာဏာရှင် စနစ်ဆိုတာ နှစ် ၅၀ တည်ခဲ့တယ်။ ဒါပေမယ့် ပြည်သူက မထောက်ခံခဲ့တော့ အာဏာရှင်စနစ်ဟာ ပြိုလဲခဲ့ပါတယ်။ အာဏာရှင်စနစ် ပြိုလဲရုံနဲ့လည်း ကျွန်မတို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်ပြီလို့ ပြောလို့မရသေးဘူး။ ဖြစ်အောင်လုပ်ဖို့ အလုပ်တွေကလည်း အများကြိးကျန်ပါသေးတယ်။ အဲဒီလိုအလုပ်တွေ အောင်မြင်ဖို့ဆိုတာလည်း ပြည်သူကပါမှ ဖြစ်ပါမယ်။ ပြည်သူက ပါတယ်ဆိုတာမှာလည်း ရွေးကောက်ပွဲမှာ မဲထည့်ရုံနဲ့ မပြီးသေးဘူး။ ကိုယ်လုပ်နေတဲ့အလုပ်တွေဟာ ဒီမိုကရေစီနိုင်ငံသူ၊ နိုင်ငံသား တစ်ယောက်ရဲ့ လုပ်ရပ်နဲ့ ကိုက်ညီရဲ့လားဆိုတာ စဉ်းစားရမယ်။ အမြဲတမ်းစိစစ်ပါ။ နိုင်ငံရေးဆိုတာ အားလုံးနဲ့ဆိုင်ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီ နိုင်ငံရေးမှာ ပိုဆိုင်ပါတယ်။ ဘာမဆို ခေါင်းအေးအေးနဲ့ စဉ်းစားပါ။ ကျွန်မတစ်ခုပြောမယ်။ လူတိုင်းလူတိုင်း ညမအိပ်ခင်ကလေးမှာ အဲဒီမေးခွန်းကို စဉ်းစားကြည့်စေချင်တယ်။ ငါဒီနေ့ ဒီမိုကရေစီနိုင်ငံသားတစ်ယောက်ရဲ့ ကျင့်ဝတ်နဲ့အညီ နေခဲ့ရဲ့လားဆိုတဲ့ မေးခွန်းကို ပြန်မေးစေချင်တယ်။ မနေ့က ကြေးနီစီမံကိန်းက အပြန်မှာ ဟောပြောပွဲတစ်ခု လုပ်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်မပြောခဲ့ပါသေးတယ်။ ကျွန်မတို့ဟာဆက်ပြီးတော့ ရုန်းကန်ရမှာတွေ အများကြီးရှိတယ်။ ဆက်ပြီး ရုန်းကန်တဲ့နေရာမှာ စည်းစည်းလုံးလုံးနဲ့ နေရမယ်။ ကျွန်မတို့နိုင်ငံဟာ ပြန်လည်ရင်ကြားစေ့ရေး လုပ်ရမယ်။ ပြန်လည်ရင်ကြားစေ့ရေး ဆိုတာဟာ ကျွန်မတို့ တိုင်း၇င်းသားတွေကြားမှာလည်း လုပ်ရမယ်။ ကျွန်မတို့ ပြည်သူတွေကြားထဲမှာလည်း လုပ်ရမယ်။ အဖွဲ့အစည်းအတွေ ကြားထဲမှာလည်း လုပ်ရမယ်။ အဲဒီအတွက် ပြည်သူတွေအားလုံး ပါလာမှဖြစ်မှာပါ။ ပြည်သူတွေကို လှည့်ဖြားပြီးတော့လည်း မစည်းရုံးဘူး။ အစကတည်းက ပြောထားတယ်နော်။ အကောင်းဆုံးပဲ ကြိုးစားမယ်။ ဘာလုပ်ပေးမယ်။ ညာလုပ်ပေးမယ်ဆိုပြီး ကတိတွေပေးလို့ မရဘူး။ ကျွန်မ အကောင်းဆုံး ကြိုးစားမယ်။ ကျွန်မ အကောင်းဆုံးထက်တော့ ပိုမတတ်နိုင်ဘူးလေ။ ကျွန်မအတတ်နိုင်ဆုံး ကြိုးစားမှာပဲ။ အတတ်နိုင်ဆုံးက မလုံလောက်ဘူးဆိုရင်လည်း ပိုပြီးတတ်နိုင်တဲ့သူတွေ ရှာရမှာပဲ။ အဲဒီတော့ အတတ်နိုင်ဆုံး ကြိုးစားမယ်။ ကျွန်မက ၀ိဇ္ဇာဖော်ဂျီလည်း မဟုတ်ဘူး။ ဒါပေမယ ကျွန်မအတတ်နိုင်ဆုံး ကြိုးစားပါမယ်။ ဒီလိုကြောင့် ဒီလိုဆုံးဖြတ်တယ်ဆိုတာကို ပြည်သူတွေကို ကျွန်မရှင်းပြပါမယ်။ ပြည်သူတွေအနေနဲ့လည်း ကျွန်မရဲ့လုပ်ဆောင်မှုတွေကို ထောက်ခံမလား၊ မထောက်ခံဘူးလားဆိုတာ ကိုယ့်ဘာကိုဆုံးဖြတ်ပါ။ ကျွန်မကတော့ မှန်မှန်ပြောရရင် ထောက်ခံစေချင်တာပေါ့နော်။ သဘာဝကျကျ ပြောရရင်တော့ ထောက်ခံစေချင်တာပေါ့။ မထောက်ခံလို့ကတော့ ကျွန်မအလုပ်တွေကလည်း လွယ်မှာမဟုတ်ပါဘူး။ ကျွန်မတို့နိုင်ငံရဲ့အကျိုးကို ရေရှည်အနေနဲ့ စဉ်းစားပါတယ်။ ရေတိုအနေနဲ့ မစဉ်းစားပါဘူး။ မနက်ဖြန် သန်ဘက်ခါအတွက်၊ နောက်လ နောက်နှစ်အတွက် မစဉ်းစားဘူး။ အနောက်မှာ အင်မတန်မှ ပြတ်ကျန်ရစ်ခဲ့တဲ့ နိုင်ငံဟာ ကျန်တဲ့နိုင်ငံတွေကို ဘယ်လိုလိုက်နိုင်မလဲဆိုတာ အမြဲပဲ စဉ်းစားနေတဲ့ ကိစ္စပဲ။ အဲလိုစဉ်းစားတဲ့အခါမှာ ပြည်သူလူထုကလည်း ပါဝင်ပြီးတော့ စဉ်းစားစေချင်တယ်။ ပြည်သူကလည်း ယုံကြည်လို့သာ ထောက်ခံစေချင်တယ်။ ယုံကြည်ချက်နဲ့ ထောက်ခံမှ ထိရောက်တဲ့ထောက်ခံမှုဖြစ်မယ်။

အခုကြေးနီစီမံကိန်းနဲ့ ပြဿနာတွေကို ပြေပြေလည်လည်နဲ့ ဂုဏ်သိက္ခာရှိရှိ ဖြေရှင်းချင်ပါတယ်။ ပြဿနာတွေကို ဖြေရှင်းမယ်။ ဒေသခံတွေရဲ့ ရေရှည် အကျိုးကိုကြည့်ပြီး ဖြေရှင်းမယ်။ ရေရှည်အကျိုးဆိုတာဟာ မနက်ဖြန် သန်ဘက်ခါအတွက်လည်း မဟုတ်ဘူး။ နောက်နှစ်အတွက်လည်း မဟုတ်ဘူး။ ဒီကြေးနီစီမံကိန်းပြီးတဲ့ နောင်အနှစ် ၃၀ မှာလည်း ဒေသခံတွေဟာ  ပြည့်ပြည့်စုံစုံနဲ့ ရပ်တည်နိုင်ဖို့ကို ကြည့်ပြီးလုပ်သွားမယ်။  အဲလိုလုပ်ရတဲ့နေရာမှာ အပေးအယူလုပ်ရမယ်ဆိုတာကို အခုကတည်းက ပြောထားပါ၇စေ။ နိုင်ငံတစ်နိုင်ငံမှာပဲဖြစ်ဖြစ် အဖွဲ့အစည်း တစ်ခုခုမှာပဲဖြစ်ဖြစ် ပြဿနာတွေဆိုတာ ရင်ဆိုင်ရတာပဲ ဒီပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ အပေးအယူလုပ်တဲ့ နည်းသာလျင် ယဉ်ကျေးတဲ့ပုဂိုလ်များရဲ့ နည်းလမ်းဖြစ်တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ကိုယ်နဲ့မတည့်သူကို မီးပုံးနဲ့လည်း ပစ်လို့မရဘူး။ သေနတ်နဲ့လည်း ပစ်လို့မရဘူး။ ပြည်သူတွေရဲ့ အားဆိုတာလည်း ရှိတယ်။ ပြည်သူတွေရဲ့ အားဆိုတာ မနည်းတဲ့အားတွေပါ။ မနည်းတဲ့အားတွေမို့ အလွဲသုံးစား မလုပ်ရဘူး။ မှန်မှန်ကန်ကန်နဲ့ သိက္ခာရှိရှိသုံးဖို့ပဲ လိုပါတယ်။ ကျွန်မလည်း ကျွန်မမှာရှိတဲ့အားကို မှန်မှန်ကန်ကန်နဲ့ သိက္ခာရှိရှိ သုံးဖို့ကြိုးစားပါမယ်။ နောက်ဆုံးကျတော့ ပြည်သူပဲ ရှိပါတယ်။ ဘယ်သူမှ မရှိပါဘူး။ ဒီအားကိုးချက်နဲ့ လုပ်နေတာပဲ။ အားကိုးစရာမရှိရင် ကျွန်မရဲ့လုပ်ငန်းတွေဟာလည်း အောင်မြင်စရာ မရှိပါဘူး။ လက်ပံတောင်းတောင် ကိစ္စနဲ့ပတ်သက်လို့ အာဏာပိုင်တွေနဲ့ ကျွန်မတွေ့ဖို့ရှိတယ်။ ရွာသူရွာသားတွေနဲ့ တွေ့ဖို့ရှိတယ်။ အားလုံးအဖြေရှာပြီးတော့ အကောင်းဆုံးဖြစ်အောင်လို့ ကြိုးစားသွားမယ်။ ကျွန်မတို့ ဘယ်လိုဆုံးဖြတ်တယ်။ ဘယ်လိုဖြစ်တယ် ဘယ်လိုအဖြေပေါ်တယ် ဆိုတာကို ကျွန်မတို့ရဲ့ ပြည်သူတွေသိအောင် ကျွန်မအသိပေးပါမယ်။ အသိပေးပြီးတဲ့အခါကျရင်လည်း ပြည်သူတွေအနေနဲ့ ခေါင်းအေးအေးနဲ့ စဉ်းစားကြပါ။ ဒါ ဖြစ်သင့်သလား မဖြစ်သင့်ဘူးလား။ သဘောတူတဲ့သူရှိမယ်။ သဘောမတူတဲ့သူရှိမယ်။ ဒါပေမယ့် ဒီမိုကရေစီလမ်းကို လျောက်ချင်တယ်ဆိုရင် အများရဲ့ သဘောတူညီချက်ကို လေးစားရလိမ့်မယ်။ ဒီလိုအများရဲ့ သဘောတူညီချက်ကို လေးစားလို့  အများရဲ့ဆုံးဖြတ်ချက်ကို လေးစားလို့ အနည်းစုရဲ့ ခံစားချက်ကို ကျွန်မတို့ လျစ်လျူရှုမှာ မဟုတ်ပါဘူး။ အနည်းစုရဲ့ ခံစားချက်ကိုလည်း လေးစားရမယ်။ ဒါပေမဲ့ အပေးအယူဆိုတာတော့ လုပ်ရမှာပေါ့။ ကျွန်မတို့နိုင်ငံဟာ ဒီမိုကရေစီ လမ်းပေါ်ကို ရောက်သွားပြီလို့ ပြောနေကြတယ်။ ကျွန်မခဏခဏ ပြောတယ်။ ဒီလမ်းဟာ ဘယ်သူမှ ဆောက်ပေးထားတဲ့ လမ်းမဟုတ်ဘူး။ လမ်းစတော့တွေ့ပြီ။ ကိုယ့်ဟာကိုယ် ခင်းသွားရမယ်။ ဒီလမ်းဟာလည်း ဖြောင့်ဖြောင့်ဖြူးဖြူးတော့ မဟုတ်ဘူး။ ကြမ်းကြမ်းတမ်းတမ်းတော့ရှိတယ်။ ကြမ်းကြမ်းတမ်းတမ်းလမ်းကို လျောက်တဲ့အခါမှာ ကျွန်မတို့ဟာ တက်ညီလက်ညီနဲ့ တစ်ယောက်နဲ့တစ်ယောက် ယုံယုံကြည်ကြည်နဲ့ လျောက်သွားမှ  ခရီးရောက်နိုင်မှာပါ။ မိတ်ဆွေနဲ့ သွားတဲ့လမ်းဆို ဘယ်လောက်ပဲ ခက်ခဲ ခက်ခဲ ပျော်စရာကောင်းပါတယ်။ ကိုယ့်ဘက်မှာ ကိုယ်အားကိုးရတဲ့ ရဲဘော်ရဲဘက်တစ်ယောက်ရှိရင် အမှောင်ကိုလည်း အမှောင်လို့ မမြင်တော့ဘူး။ လမ်းကြမ်းဆိုတာလည်း လမ်းကြမ်းလို့ မမြင်တော့ဘူး။ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ ရဲဘော်ရဲဘက်တွေအနေနဲ့ မိတ်ဆွေတွေအနေနဲ့ ဒီလမ်းတွေကို ကျွန်မနဲ့အတူ လျောက်လှမ်းပေးပါလို့ ပြောကြားချင်ပါတယ်။

Eleven Media Group

မိုဘိုင်းဖုန်းများ အင်တာနက်သုံးစွဲမှုကို Time Based Charging စနစ်ကို ဆက်လက်သုံးစွဲမည့် အစီအစဉ်ကြေညာခြင်း


ယနေ့ 30-11-2012 ရက်နေ့တွင် မီဒီယာများနှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတို့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုနှင့် ပြည်သူလူထု မိုဘိုင်းဖုန်း အင်တာနက်ကို ဈေးနှုန်း သက်သာစွာနှင့် ပိုမို တွင်ကျယ်စွာ အသုံးပြုနိုင် ရေးတို့ အတွက် ယခုကြေညာထားသည့် Volume Based Charging စနစ်ထက် ပိုမိုကောင်းမွန်စွာနှင့် ဈေးနှုန်း သက်သာစွာ သုံးစွဲနိုင်မည့် နည်းလမ်းများကို အသေး စိတ်ထပ်မံ စိစစ်လျက်ရှိပါသည်။

သို့ပါ၍ ယင်းသို့စိစစ်နေစဉ်အတွင်း လက်ရှိအသုံးပြုနေသည့် Time Based Charging စနစ်ကိုသာ ဆက်လက်သုံးစွဲသွားမည်ဖြစ်ပါသည်။ အသေးစိတ် ထပ်မံစိစစ်ရရှိသည့် နှုန်းထားသစ်ကို 1-1-2013 ရက်နေ့မှ စ၍ အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း


ဓါတ်ပုံ - Popular Myanmar News Journal

ကမ္ဘာ့ အမြင့်ဆုံး မိုးမျှော်တိုက်ကို ရက်ပေါင်း ၉ဝ အတွင်း တရုတ် ကုမ္ပဏီ တည်ဆောက်မည်



ပေကျင်း  နိုဝင်ဘာ ၂၅
တရုတ်နိုင်ငံမှYuandaGroup ကုမ္ပဏီသည် အထပ် ၂၂ဝ ပါဝင်သော မိုးမျှော်တိုက် တစ်လုံးကို ရက်ပေါင်း ၉ဝ အတွင်း တည်ဆောက်ရန် စီစဉ်လျက် ရှိကြောင်း Shin Chew နေ့စဉ်ထုတ် သတင်းစာ၏ ဖော်ပြ ထားချက် အရ သိရသည်။ ၈၃၈ မီတာ အမြင့်ရှိသော Sky City  အမည်ရှိ အဆိုပါ မိုးမျှော်တိုက်ကို ချန်ရှာ ဒေသ၌ ယခုလ အကုန်တွင် စတင် တည်ဆောက် သွားမည် ဖြစ်ကြောင်း Yuanda Group ကုမ္ပဏီက  ပြောကြားသည်။
အဆိုပါ မိုးမျှော်တိုက် တည်ဆောက်မှုသည် လာမည့်နှစ် မတ်လတွင် ပြီးစီးမည် ဖြစ်ပြီး ကမ္ဘာ့ အမြင့်ဆုံး မိုးမျှော်တိုက် ဖြစ်လာ မည် ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် ဒူဘိုင်းမြို့ရှိ ၈၂၉ မီတာ ရှည်လျားသော Burj Khalifa မိုးမျှော် တိုက်သည် ကမ္ဘာ့ အမြင့်ဆုံး မိုးမျှော်တိုက် အဖြစ် မှတ်တမ်း တင်ခြင်း ခံထား ရကြောင်း သိရသည်။ Sky City မိုးမျှော် တိုက်ကို ပုံစံထုတ် ကြိုတင် ပြုလုပ်သော စနစ်ဖြင့် တည်ဆောက်မှု နည်းပညာ အသုံးပြု၍ တည်ဆောက် သွားမည် ဖြစ်ပြီး ငလျင်ဒဏ်ကို ကြံ့ကြံ့ ခံနိုင်မည် ဖြစ်ကြောင်း ယူအန်ဒါ မီဒီယာမှ အရာရှိ လျူလင် ဖောင်က ပြောကြားသည်။
အဆိုပါ ကုမ္ပဏီသည် အထပ် ၃ဝ ပါ ဟိုတယ် တစ်ခုကို ယင်း နည်းပညာ အသုံးပြု၍၁၅ ရက် အတွင်း တည်ဆောက် ခဲ့ကြောင်း သိရ သည်။
ref:မြ၀တီ

တောင်အာရှ ကာယ ဗလမောင် ပြိုင်ပွဲတွင် HIV ရောဂါ ခံစား နေရသည့် မဏိပူရ ကာယ အလှမောင် အနိုင်ရ













အင်ဖာ  နိုဝင်ဘာ  ၂၆
အိန္ဒိယ နိုင်ငံ မဏိပူရ ပြည်နယ်မှ HIV ရောဂါ ခံစား နေရသော ကာယ အလှမောင် တစ်ဦး ဖြစ်သူ ခွန်ဒရာ ပန်ပရာဒစ် ကူးမာသည် ပန်ဂျက် ပြည်နယ် လက်ဟီအန်နာ မြို့တွင် ကျင်းပသော တောင်အာရှ ၆၅ ကီလို ဝိတ်တန်း ကာယဗလမောင် ပြိုင်ပွဲတွင် အနိုင် ရရှိ ခဲ့ကြောင်း အင်တာနက် သတင်း အရ သိရသည်။

၎င်း၏ အောင်မြင်မှုသည် ဒေသ အတွင်းရှိ လူအများ အပြားအား အံ့အား သင့်စေခဲ့ပြီး HIV ရောဂါခံစား နေရသူများ အနေဖြင့် သာမန် လူများကဲ့သို့ နေထိုင်နိုင်သည် ဟူသော သတင်း စကားကို လူအများ သိရှိစေ ရန် ဆောင်ကြဉ်း ပေးလိုက်ခြင်း ဖြစ်သည်။
ပရာဒစ် ကူးမာ၏ အောင်မြင် မှုအတွက် မဏိပူရ ပြည်နယ် အားကစား သက်သာ ချောင်ချိရေး အဖွဲ့၊ ၎င်း၏ မိသားစု ဝင်များ၊ Self Support G1 အဖွဲ့ဝင် များနှင့် မိတ်ဆွေများက ဂုဏ်ပြု ချီးကျူး ခဲ့ကြောင်း သိရသည်။
ပရာဒစ် ကူးမာသည် ယခင်နှစ်တွင် ကျင်းပသည့် ကမ္ဘာ့ ကာယ အလှမောင် ပြိုင်ပွဲတွင် နံပါတ်ရှစ် နေရာ၌ ရပ်တည် နိုင်ခဲ့သူ တစ်ဦး ဖြစ် သည်။
၎င်းသည် HIV ရောဂါ ကုသမှု ခံယူနေစဉ် အတွင်း ဒီဇင်ဘာ လတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပမည့် ကမ္ဘာ့ ကာယ အလှမောင် ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။  
ref:မြ၀တီ

ထူးထူးခြားခြား ကမ္ဘာ့မြေအောက်မှ ဆေးရုံ


သယ်ရင်းတို့ရေ ဆေးရုံက မိုက်တယ်နော်..... မြေအောက်မှာဆောင်ထားတယ်ဆိုပဲ......
          ဒီဆေးရုံကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဆေးရုံတွေနဲ့ မတူ၊ တစ်မူ ထူးဆန်းတဲ့ဆေးရုံဖြစ်ပါတယ်။  ထူးဆန်းဆို ကမ္ဘာ့မြေမျက်နှာပြင်ပေါ်မှာမဟုတ်ပဲ မြေအောက် မီတာ ၃၀၀ ရာကျော်အနက်မှာ ရှိတဲ့ ဆေးရုံဖြစ်ပါတယ်။  ဒီ Solotvyno’s Allergological Hospital ဟာ ယူကရိန်းနိုင်ငံမှာ တည်ရှိပြီးတော့ အရင်တုန်းကတော့ ဆားတွင်း အဟောင်းကြီးဖြစ်ပါသတဲ့။
          ဒီဆေးရုံကိုတော့ လေပြွန်ရောင်တာတို့၊ ပန်းနာရင်ကျပ်တို့၊ အသက်ရှုမ၀တာတို့စတဲ့ ရောဂါတွေအတွက် ကုသပေးပါသတဲ့။  ဆေးရုံကဆရာဝန်တွေကတော့ ဒီလို ဆားငွေ့တွေပါတဲ့အတွက် အနုဇီဝ ပိုးမွှားတွေကို သေစေနိုင်ပြီးတော့ အသက်ရှုလမ်းကြောင်းအတွက် ကောင်းမွန်စေတယ်လို့ ဆိုပေမယ့် အခြားဆရာဝန်တွေကတော့ ဒီအဆိုကို သိပ်ပြီးတော့ မထောက်ခံပါဘူး။
          သို့ပေမဲ့လည်း နှစ်စဉ် လူနာပေါင်း ၅၀၀၀ လောက်ကတော့ ဒီဆေးရုံမှာ လာရောက်ပြီး ကုသနေကြပါသတဲ့။  တစ်ခေါက်ကုသလျှင် လူနာ ၂၀၀ လောက်ကို ဆားငန် လေတွေရှိတဲ့ လှိုင်ဂူထဲမှာ နေ့လည် လောက်အထိ ဒါမှမဟုတ်ရင်တော့ တစ်ညအိပ်စေပါသတဲ့။  လူနာတွေရဲ့ သုံးပုံတစ်ပုံကတော့ ကလေးတွေဖြစ်ပါတယ်။  ကုထုံးကတော့ ၂၄ရက်ကြာမြင့်ပါသတဲ့။
          ဒီမှာ ဆေးကုသရင်တော့ သက်တောင့်သက်သာနဲ့ အေးအေးဆေးဆေးနေနိုင်ပေမယ့် အန္တရာယ်တော့ အနည်းငယ်ရှိတယ်လို့ ဆိုပါတယ်။  ဒီအတွက် ဆေးကုသနေတဲ့ အချိန်မှာ ကလေးငယ်လေးတွေဆိုရင် Safety ဦးထုပ်တွေ၊ လှိုင်ဂူ မျက်နှာကျက်တွေကနေ ယိုစိမ့်လာတဲ့ ရေတွေကို ကာကွယ်ပေးဖို့ ပလပ်စတစ်တွေနဲ့ ကာကွယ်ပေးထားပါသတဲ့......
          ကဲ…. ရင်ကျပ်ပန်းနာ၊ အသက်ရှုကျပ်၊ လေပြွန်ရောင်သူများလည်း သက်သာလို သက်သာငြား အဆိုပါ မြေအောက် ဆေးရုံလေးသို့ သွားရောက် စမ်းသပ်နိုင်ပါကြောင်း…..။  မှတ်ချက်။   ။ပျောက်မပျောက် အာမ မခံပါ။
ref:ရွှေမြန်မာဥယျာဉ်(Monica)

အရောင်သွေးစုံပြီးချစ်စရာငါးလေးတွေ...


 

  
    
  
  
      
  
  
 
ref: ရွှေမြန်မာဥယျာဉ်မှ soesoesan ၏ပိုစ့်အားပြန်လည်တင်ပြပါသည်။

လက်ပံတောင်းတောင် အကြမ်းဖက်မှုကို မြန်မာသံဃာတော်များ ဘန်ကောက်မြို့ရှိ


hlyothwetuyin | 11/30/2012 09:29:00 AM
၃၀-၁၁-၂၀၁၂(ထိုင်းနိုင်ငံ၊ဘန်ကောက်)

(၂၉-၁၁-၂၀၁၂) နေ့ မနက်ပိုင်း အချိန်မှာ ဖြစ်ပွားခဲ့သည့် လက်ပံတောင်းတောင် အကြမ်းဖက်မှုကို ကန့်ကွက် ရှုတ်ချသည့် အနေဖြင့် ထိုင်းနိုင်ငံရောက် မြန်မာ သံဃာတော် အပါး(၅၀)ကျော်က ယနေ့ နေ့လည်(၁)နာရီ ၁၅ မိနစ်အချိန်မှ စတင်ကာ (၂)နာရီ ၃၀ မိနစ်အချိန်ထိ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မေတ္တာသုတ် ရွတ်ဆိုခြင်းနှင့် မြန်မာအစိုးရကို
 တောင်းဆိုချက်(၅)ချက်တောင်းဆိုပြီး ဆန္ဒပြ ကြွချီခဲ့ပါတယ်။





လက်ပံတောင်းတောင် အကြမ်းဖက်မှုကို  မြန်မာသံဃာတော်များ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ ။ ဓါတ်ပုံ - MNN





ဆူးလေမှာ ဆန္ဒပြခဲ့တဲ့ သံဃာတော်တွေဟာ ဗိုလ်တစ်ထောင်မြို.နယ်ရှိ မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက်ရုံးရှေ.ကို ဆက်လက် ချီတက်သွားခဲ့ပြီး ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။


လက်ပတောင်းတောင် အရေးမှာ သံဃာတော်တွေ ကို အကြမ်းဖက်မှုကိစ္စ နဲ့ပတ်သက်ပြီး ရန်ကုန် မြို့ ရှိသံဃာ အပါး ၃၀ ခန့် ဆူးလေ ဘုရားမှ ဦးပိုင်ကုမ္ပဏီ အထိ လမ်းလျှောက် ချီတက် ဆန္ဒ ထုတ်ဖော်။
၃၀-၁၁-၂၀၁၂(ထိုင်းနိုင်ငံ၊ဘန်ကောက်)

လာဘ်စားမှုများကို ပြည်ထဲရေးဌာန ကိုင်တွယ်အရေးယူမည်


hlyothwetuyin | 11/30/2012 09:18:00 AM
လာဘ်ပေး လာဘ်ယူမှုတွေကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ဖို့ အထောက်အထား အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ဆက်သွယ် တိုင်ကြား နိုင်တယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာနက ဒီနေ့ နိုင်ငံပိုင် သတင်းစာတွေကနေ သတင်း ထုတ်ပြန် လိုက်ပါတယ်။

ပြည်ထဲရေးဌာနရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ အစိုးရရုံးဌာနတွေမှာ ငွေကြေး ဒါမှမဟုတ် ပစ္စည်း တောင်းဆိုပေးကမ်းမှုတွေ ရှိနေဆဲဖြစ်ပြီး ဒါတွေဟာ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးမှာ လက်ခံလို့မရတဲ့ ဆိုးဝါးတဲ့ အကျင့်စရိုက်တွေဖြစ်ပြီး  တိုင်းပြည်နဲ့ လူမျိုးဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် ထိထိရောက်ရောက် တိုက်ဖျက်အရေးယူ ဆောင်ရွက်သွားရမယ်လို့ ဖော်ပြပါတယ်။

လာဘ်စားမှုတွေကို ပြည်သူတွေအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ၀န်ကြီးရုံးနဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနတို့ကို ဆက်သွယ်တိုင်ကြားနိုင်ပြီး၊ ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်နဲ့ ဖက်စ်နံပါတ်တွေလည်း သတင်းစာမှာ ဖော်ပြထားပါတယ်။

တိုင်ကြားလိုသူတွေအနေနဲ့ ဘယ်လို အချက်အလက် အထောက်အထားတွေ တင်ပြတိုင်ကြားရမှာလဲလို့ ဆက်သွယ်မေးမြန်းတဲ့အခါ အဲ့ဒီအတွက် အသေးစိတ်ထုတ်ပြန်ဖို့ ပြင်ဆင်နေတုန်းပဲလို့  ပြည်ထဲရေး ၀န်ကြီးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်းကြေညာချက်မှာ ဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်တိုင်ကြားလို့ ရ မရ အခြေအနေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ဘယ်အချက်တွေကို တိုင်ကြားချင်တယ်ဆိုရင် အချက်အလက်တွေရေးလိုက်ပါ။ ပြီးရင် ဖက်စ်နံပါတ်ပေးပါမယ်၊ ဖက်စ်ထိုးပေးလိုက်ပါ။ စစ်ဆေးပြီးရင် အခြေအနေကို ပြန်ကြားပေးပါမယ်။”

တိုင်ကြားသူရဲ့ လုံခြုံရေးအတွက် စီမံထားမှု အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အခုလို ပြောပါတယ်။

“တိုင်တဲ့သူကိုလည်း ဖော်ထုတ်မှာ မဟုတ်ဘူး။ ဒီလူကတိုင်ပါတယ်လို့လည်း ပြောမှာမဟုတ်ပါဘူး။ မှန်တယ်ဆိုရင် စိစစ်ဖော်ထုတ်မယ်၊ သက်ဆိုင်ရာ ဌာနကို အကြောင်းကြားပြီးတော့ အရေးယူဖို့လုပ်မယ်။ လိုအပ်ရင် အထက်ဌာနကို တင်ပြမယ်။ ဘယ်သူတိုင်တယ်ဆိုတာကိုတော့ ဖော်ထုတ်ဖို့ မရှိပါဘူး။”

လာဘ်ပေးလာဘ်ယူမှုတွေကို အခုလို ၀န်ကြီးဌာနတခုတည်းက အရေးယူဆောင်ရွက်ရုံနဲ့ လုံလောက်မှု ရှိမရှိ၊ တိုင်ကြားသူတွေအတွက် ဥပဒေအရ ဘယ်လိုအကာအကွယ်ပေး ဆောင်ရွက်သင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က တရားလွှတ်တော်ရှေနေ့ ဦးကိုနီက အခုလို ပြောပါတယ်။

“ပြည်ထဲရေး ၀န်ကြီးဌာနက လာဘ်လာဘ်ယူကိစ္စတွေကို ဖော်ထုတ်အရေးယူပေးဖို့ တာဝန်ရှိတယ်။ တချိန်တည်းမှာ မှန်မှန်ကန်ကန် သတင်းပေးသူတွေကိုလည်း ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။ ဘာလို့လဲဆိုတော့ အုပ်ချုပ်ရေး အာဏာပိုင်ဆိုတာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး၊ အေးချမ်းသာယာရေးကို တာဝန်ယူရတဲ့ အဖွဲ့ဖြစ်တယ်။ လာဘ်ပေးလာဘ်ယူဆိုတာ ဥပဒေချိုးဖောက်တဲ့ ကိစ္စ၊ လာဘ်ပေးလာဘ်ယူမှုကို မဖြစ်အောင် ဟန့်တားဖို့ရော၊ အကာအကွယ်ပေးဖို့ရော ဒါဟာ သူတို့ လုပ်ရမယ့် တာဝန်ပဲ။ တကယ် ထိထိရောက်ရောက် အလုပ်လုပ်တာကို လိုချင်ပါတယ်၊ ထိထိရောက်ရောက်လည်း အရေးယူပေးပါ။ တိုင်တဲ့သူကိုလည်း ကာကွယ်ပေးပါ။ အဲလိုမဟုတ်ဘဲ အပြောပဲ ပြောနေမယ်ဆိုရင် ဒီကိစ္စက တော်တော်တော့ ပြောဖို့ခက်ပါတယ်။ လာဘ်ပေးလာဘ်ယူ အများဆုံးလုပ်နေတာက ဘယ်အ၀န်းအ၀ိုင်းလဲဆိုတာ မေးလိုက်ရင်ကို အဖြေကပေါ်နေပါပြီ။ ဒါက ဆက်စပ်မှုရှိနေပါတယ်။ ဆိုပါတော့. အုပ်ချုပ်ရေးဆိုင်ရာ ၀န်ထမ်းတွေ၊ တရားရေးဆိုင်ရာ ၀န်ထမ်းတွေ၊ လာဘ်စားလို့ရတဲ့နေရာမှာ ရှိနေတဲ့သူတွေ။ တချိန်တည်းမှာ အရေးယူရမယ့်သူတွေကလည်း သူတို့ပဲဖြစ်နေတယ်လေ။ အုပ်ချုပ်ရေးဝန်ထမ်းဆိုတာ အများကြီး. စည်ပင်ရှိမယ်၊ ရဲတပ်ဖွဲ့ရှိမယ်၊ လူဝင်မှုကြီးကြပ်ရေး ရှိမယ်ဗျာ။ နေရာတိုင်းက သူတို့ရဲ့ လုပ်ပိုင်ခွင့် အာဏာကို လာဘ်ငွေယူပြီး တလွဲသုံးနိုင်တာပဲ။ ဒါကြောင့် လာဘ်ပေးလာဘ်ယူကိစ္စဟာ တော်တော်ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင်လုပ်ရမယ်။ မူဝါဒတွေ ကောင်းကောင်းချမှတ်ပြီး လုပ်ရမယ်။ ဘက်ပေါင်းစုံ တရားရေးနဲ့ အုပ်ချုပ်ရေးပူးပေါင်းပြီး လုပ်ရမယ်။ အဓိကက ထိပ်ပိုင်းက မူဝါဒချမှတ်ပေးသူတွေ ကောင်းကောင်းမွန်မွန် မူဝါဒချမှတ်ပေးပြီး သူတို့ချမှတ်ပေးတဲ့ မူဝါဒ စည်းကမ်းတွေကိုလည်း တိတိကျကျ အောက်လူတွေ လိုက်နာအောင်၊ အပေါ်က ဥပဒေလုပ်ပေးလိုက်မယ်. အောက်ကလူတွေ လိုက်နာတာ မလိုက်နာတာ သူတို့ကိစ္စဆိုပြီးထားမယ်ဆိုရင် တရားဥပဒေစိုးမိုးရေးဟာ ဖြစ်လာမှာမဟုတ်ဘူး။”

ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ကတော့ အခုလို လာဘ်ပေးလာဘ်ယူကိစ္စ တိုင်ကြားချက်တွေကို လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက လက်ခံဆောင်ရွက်ပေးနေတာလို့ တာဝန်ရှိသူက ပြောပါတယ်။

ခေတ်ကာလအချိန်နဲ့ လိုက်လျောညီထွေရှိပြီး နိုင်ငံတကာစံနဲ့ ကိုက်မယ့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ လွှတ်တော်မှာရေးဆွဲနေပြီး လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းအောင် ဆောင်ရွက်ရာမှာ ပြည်သူလူထုရဲ့ အကူအညီ ရယူဖို့ အထူးလိုအပ်တယ်လို့ ပြည်ထဲရေးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ အကျင့်ပျက်ချစားမှုတွေကို စောင့်ကြည့်လေ့လာတဲ့   နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ Transpararency International ကတော့ မြန်မာ၊ မြောက်ကိုရီးယား၊ ဆိုမားလီးယားနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေကို လာဘ်စားမှု အဆိုးရွားဆုံးတိုင်းပြည် တွေအဖြစ် နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

by ရွှေအောင် (ဒီဗွီဘီ)


လာဘ်ပေး လာဘ်ယူမှုတွေကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ဖို့ အထောက်အထား အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ဆက်သွယ် တိုင်ကြား နိုင်တယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာနက ဒီနေ့ နိုင်ငံပိုင် သတင်းစာတွေကနေ သတင်း ထုတ်ပြန် လိုက်ပါတယ်။

ပြည်ထဲရေးဌာနရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ အစိုးရရုံးဌာနတွေမှာ ငွေကြေး ဒါမှမဟုတ် ပစ္စည်း တောင်းဆိုပေးကမ်းမှုတွေ ရှိနေဆဲဖြစ်ပြီး ဒါတွေဟာ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးမှာ လက်ခံလို့မရတဲ့ ဆိုးဝါးတဲ့ အကျင့်စရိုက်တွေဖြစ်ပြီး  တိုင်းပြည်နဲ့ လူမျိုးဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် ထိထိရောက်ရောက် တိုက်ဖျက်အရေးယူ ဆောင်ရွက်သွားရမယ်လို့ ဖော်ပြပါတယ်။

လာဘ်စားမှုတွေကို ပြည်သူတွေအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ၀န်ကြီးရုံးနဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနတို့ကို ဆက်သွယ်တိုင်ကြားနိုင်ပြီး၊ ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်နဲ့ ဖက်စ်နံပါတ်တွေလည်း သတင်းစာမှာ ဖော်ပြထားပါတယ်။

တိုင်ကြားလိုသူတွေအနေနဲ့ ဘယ်လို အချက်အလက် အထောက်အထားတွေ တင်ပြတိုင်ကြားရမှာလဲလို့ ဆက်သွယ်မေးမြန်းတဲ့အခါ အဲ့ဒီအတွက် အသေးစိတ်ထုတ်ပြန်ဖို့ ပြင်ဆင်နေတုန်းပဲလို့  ပြည်ထဲရေး ၀န်ကြီးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်းကြေညာချက်မှာ ဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်တိုင်ကြားလို့ ရ မရ အခြေအနေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ဘယ်အချက်တွေကို တိုင်ကြားချင်တယ်ဆိုရင် အချက်အလက်တွေရေးလိုက်ပါ။ ပြီးရင် ဖက်စ်နံပါတ်ပေးပါမယ်၊ ဖက်စ်ထိုးပေးလိုက်ပါ။ စစ်ဆေးပြီးရင် အခြေအနေကို ပြန်ကြားပေးပါမယ်။”

တိုင်ကြားသူရဲ့ လုံခြုံရေးအတွက် စီမံထားမှု အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အခုလို ပြောပါတယ်။

“တိုင်တဲ့သူကိုလည်း ဖော်ထုတ်မှာ မဟုတ်ဘူး။ ဒီလူကတိုင်ပါတယ်လို့လည်း ပြောမှာမဟုတ်ပါဘူး။ မှန်တယ်ဆိုရင် စိစစ်ဖော်ထုတ်မယ်၊ သက်ဆိုင်ရာ ဌာနကို အကြောင်းကြားပြီးတော့ အရေးယူဖို့လုပ်မယ်။ လိုအပ်ရင် အထက်ဌာနကို တင်ပြမယ်။ ဘယ်သူတိုင်တယ်ဆိုတာကိုတော့ ဖော်ထုတ်ဖို့ မရှိပါဘူး။”

လာဘ်ပေးလာဘ်ယူမှုတွေကို အခုလို ၀န်ကြီးဌာနတခုတည်းက အရေးယူဆောင်ရွက်ရုံနဲ့ လုံလောက်မှု ရှိမရှိ၊ တိုင်ကြားသူတွေအတွက် ဥပဒေအရ ဘယ်လိုအကာအကွယ်ပေး ဆောင်ရွက်သင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က တရားလွှတ်တော်ရှေနေ့ ဦးကိုနီက အခုလို ပြောပါတယ်။

“ပြည်ထဲရေး ၀န်ကြီးဌာနက လာဘ်လာဘ်ယူကိစ္စတွေကို ဖော်ထုတ်အရေးယူပေးဖို့ တာဝန်ရှိတယ်။ တချိန်တည်းမှာ မှန်မှန်ကန်ကန် သတင်းပေးသူတွေကိုလည်း ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။ ဘာလို့လဲဆိုတော့ အုပ်ချုပ်ရေး အာဏာပိုင်ဆိုတာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး၊ အေးချမ်းသာယာရေးကို တာဝန်ယူရတဲ့ အဖွဲ့ဖြစ်တယ်။ လာဘ်ပေးလာဘ်ယူဆိုတာ ဥပဒေချိုးဖောက်တဲ့ ကိစ္စ၊ လာဘ်ပေးလာဘ်ယူမှုကို မဖြစ်အောင် ဟန့်တားဖို့ရော၊ အကာအကွယ်ပေးဖို့ရော ဒါဟာ သူတို့ လုပ်ရမယ့် တာဝန်ပဲ။ တကယ် ထိထိရောက်ရောက် အလုပ်လုပ်တာကို လိုချင်ပါတယ်၊ ထိထိရောက်ရောက်လည်း အရေးယူပေးပါ။ တိုင်တဲ့သူကိုလည်း ကာကွယ်ပေးပါ။ အဲလိုမဟုတ်ဘဲ အပြောပဲ ပြောနေမယ်ဆိုရင် ဒီကိစ္စက တော်တော်တော့ ပြောဖို့ခက်ပါတယ်။ လာဘ်ပေးလာဘ်ယူ အများဆုံးလုပ်နေတာက ဘယ်အ၀န်းအ၀ိုင်းလဲဆိုတာ မေးလိုက်ရင်ကို အဖြေကပေါ်နေပါပြီ။ ဒါက ဆက်စပ်မှုရှိနေပါတယ်။ ဆိုပါတော့. အုပ်ချုပ်ရေးဆိုင်ရာ ၀န်ထမ်းတွေ၊ တရားရေးဆိုင်ရာ ၀န်ထမ်းတွေ၊ လာဘ်စားလို့ရတဲ့နေရာမှာ ရှိနေတဲ့သူတွေ။ တချိန်တည်းမှာ အရေးယူရမယ့်သူတွေကလည်း သူတို့ပဲဖြစ်နေတယ်လေ။ အုပ်ချုပ်ရေးဝန်ထမ်းဆိုတာ အများကြီး. စည်ပင်ရှိမယ်၊ ရဲတပ်ဖွဲ့ရှိမယ်၊ လူဝင်မှုကြီးကြပ်ရေး ရှိမယ်ဗျာ။ နေရာတိုင်းက သူတို့ရဲ့ လုပ်ပိုင်ခွင့် အာဏာကို လာဘ်ငွေယူပြီး တလွဲသုံးနိုင်တာပဲ။ ဒါကြောင့် လာဘ်ပေးလာဘ်ယူကိစ္စဟာ တော်တော်ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင်လုပ်ရမယ်။ မူဝါဒတွေ ကောင်းကောင်းချမှတ်ပြီး လုပ်ရမယ်။ ဘက်ပေါင်းစုံ တရားရေးနဲ့ အုပ်ချုပ်ရေးပူးပေါင်းပြီး လုပ်ရမယ်။ အဓိကက ထိပ်ပိုင်းက မူဝါဒချမှတ်ပေးသူတွေ ကောင်းကောင်းမွန်မွန် မူဝါဒချမှတ်ပေးပြီး သူတို့ချမှတ်ပေးတဲ့ မူဝါဒ စည်းကမ်းတွေကိုလည်း တိတိကျကျ အောက်လူတွေ လိုက်နာအောင်၊ အပေါ်က ဥပဒေလုပ်ပေးလိုက်မယ်. အောက်ကလူတွေ လိုက်နာတာ မလိုက်နာတာ သူတို့ကိစ္စဆိုပြီးထားမယ်ဆိုရင် တရားဥပဒေစိုးမိုးရေးဟာ ဖြစ်လာမှာမဟုတ်ဘူး။”

ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ကတော့ အခုလို လာဘ်ပေးလာဘ်ယူကိစ္စ တိုင်ကြားချက်တွေကို လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက လက်ခံဆောင်ရွက်ပေးနေတာလို့ တာဝန်ရှိသူက ပြောပါတယ်။

ခေတ်ကာလအချိန်နဲ့ လိုက်လျောညီထွေရှိပြီး နိုင်ငံတကာစံနဲ့ ကိုက်မယ့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ လွှတ်တော်မှာရေးဆွဲနေပြီး လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းအောင် ဆောင်ရွက်ရာမှာ ပြည်သူလူထုရဲ့ အကူအညီ ရယူဖို့ အထူးလိုအပ်တယ်လို့ ပြည်ထဲရေးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ အကျင့်ပျက်ချစားမှုတွေကို စောင့်ကြည့်လေ့လာတဲ့   နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ Transpararency International ကတော့ မြန်မာ၊ မြောက်ကိုရီးယား၊ ဆိုမားလီးယားနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေကို လာဘ်စားမှု အဆိုးရွားဆုံးတိုင်းပြည် တွေအဖြစ် နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

by ရွှေအောင် (ဒီဗွီဘီ)



ကမ္ဘာ့ မြေပုံပေါ်၌ ဖော်ပြထားသည့် စန္ဒီကျွန်း တည်နေရာတွင် ကျွန်းမရှိဘဲ ရေပြင်ဖြစ်နေ



ကမ္ဘာ့ မြေပုံပေါ်တွင် ရှိနေသည့် စန္ဒီကျွန်းကို သိပံ္ပပညာရှင်များ ၂၅ ရက်ကြာ ရှာဖွေရာတွင် မြေပုံပေါ်တွင် ဖော်ပြထားသည့် နေရာ၌ ကျွန်းမရှိဘဲ ရေပြင်သာ ရှိသည်ကို တွေ့ရှိရသည်။ စန္ဒီကျွန်းသည် ပြင်သစ်အုပ်ချုပ် သော နယူးကယ်လီ ဖိုးနီးယားကျွန်းနှင့် သြစတြေးလျ အရှေ့ဘက် ကမ်းခြေအကြား တောင်ပစိဖိတ် သမုဒ္ဒရာ အတွင်း တည်ရှိသည်ဟု မြေပုံပေါ်တွင် ဖော်ပြထား သော်လည်း ဆစ်ဒနီ တက္ကသိုလ်မှ ကျွမ်းကျင် သူ ပညာရှင်များက ရှာဖွေရာတွင် အဆိုပါ ကျွန်းရှိ သည့် နေရာသည် ရေပြင် ဖြစ်နေသည်ကို တွေ့ရှိရသည်။
ပညာရှင်များက အဆိုပါကျွန်းကို ၂၅ ရက်ကြာ ရှာဖွေသော်လည်း မည်သည့် ကျွန်းမျှ မတွေ့ရှိရပေ။ ယခု လက်ရှိ Google Earth နှင့် အခြား ကမ္ဘာ့မြေပုံ များတွင် စန္ဒီကျွန်း ရှိသည်ဟု ဖော်ပြထားပြီး လက်တွေ့တွင်  မည်သည့်ကျွန်းမျှ မတွေ့ရှိရပေ။ မည်သည့် အတွက်ကြောင့် ကမ္ဘာ့မြေပုံများနှင့် ဒေသတွင်း အသုံးပြု နေသည့် ရေပုံများတွင် စန္ဒီကျွန်း ရှိနေကြောင်း ဖော်ပြထားသည်မှာ ပဟေဠိ သဖွယ် ဖြစ်နေပါသည်။
သြစတြေးလျ နိုင်ငံ ရေပုံ ထုတ်လုပ်သော အဏ္ဏဝါ ပထဝီဝင် ဌာနရှိ မြေပုံများနှင့် GoogleEarth တို့မှ မြေပုံပေါ်တွင် စန္ဒီကျွန်း ရှိသည်ဟု ဖော်ပြထားမှုမှာ လူတို့ အမှားကြောင့် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
 

WebcamMax v7.1.2.2 Full Version With Crack









WebCamMax Software ဟာဆိုရင် VZO နဲ့တွဲဖက် အသုံးပြုရတဲ့ Software တစ်ခုလည်းဖြစ်ပါတယ်..VZO ချက်တဲ့အခါမှာ မိမိစိတ်ကြိုက် ရုပ်ပြောင်လေးတွေ..အခြားဟာသ Funny ပုံစံလေးတွေနဲ့ ချက်လို့ရပါတယ်.. အင်တာနက်ဆိုင်အချို့မှာ တင်ထားတတ်တာတွေ့ရပါတယ်...ဘာဘဲဖြစ်ဖြစ် အသုံးပြုရလွယ်ကူပြီး..သုံးဖူးတဲ့သူတိုင်းကြိုက်နှစ်သက်တဲ့ Software ကောင်းတစ်ခုဖြစ်ပါတယ်။
အသုံးပြုမယ်ဆိုရင်တော့ WebcamMax ကိုဖွင့်ပြီးတာနဲ့ VZO Program ကိုပါတစ်ခါတည်းဖွင့်လိုက်ပါ။ WebCamMax ရဲ့ ဒေါင်လိုက် Settings တွေရဲ့ထိပ်ဆုံးမှာလူရုပ်ပုံလေးရှိပါတယ်..အဲဒီမှာ မိမိတပ်ဆင်ထားတဲ့ ကင်မရာရဲ့ USB ကိုရွေးချယ်ပေးရပါမယ်..ပြီးတာနဲ့ VZO  နှင့် WebCamMax ချိတ်ဆက်ပြီးသားဖြစ်သွားပါပြီ..။ အောက်မှာ Download ယူနိုင်ပါပြီခင်မျာ။

Download Here ==> MediafireShareBeast

ငှက် အမျိုးအစား ၁၅၁ ကောင်၏ အသံကို အသံတု ပြုလုပ်နိုင်သည့် နီပေါ နိုင်ငံသား တစ်ဦး




ခတ္တမန္ဒူ နိုဝင်ဘာ ၂၃
နီပေါနိုင်ငံ အလယ်ပိုင်း မက်ခ်ဝမ်ပါး ခရိုင် ဂတ်ဟီရွာရှိ ချာရီဒါဒါဟု ခေါ်သော နာမည်ကျော် ဂူတန်စပ်ကိုတာ ဆိုသူသည် ငှက်အသံ ၁၅၁ မျိုး၏ အသံများကို တုပပြုလုပ် နိုင်ခဲ့သည့် အတွက် ဂင်းနစ် မှတ်တမ်းတင် နိုင်ခဲ့ကြောင်း အင်တာနက် သတင်းအရ သိရသည်။
စပ်ကိုတာသည် ငှက် အမျိုးမျိုး၏ အသံကို တုပပြုလုပ် နိုင်သည့် ထူးခြားသော ပါရမီကြောင့် ကမ္ဘာ့စံချိန် ဂင်းနစ် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် ခံရခြင်းဖြစ်ပြီး ၎င်းသည် နီပေါနိုင်ငံရှိ ခရိုင် ၁၄ဝ ကျော်ရှိ ငှက်အသံ ၁၅၁ ကောင်၏ အသံများကို အသံတု လေ့ကျင့် ခဲ့ရကြောင်း သိရသည်။

ထို့ပြင် ၎င်းသည် ခတ္တမန္ဒူမြို့ရှိ တိရစ္ဆာန်ရုံများ၊ ပန်းခြံများ၊ သစ်တောများ၊ အမျိုးသား ဥယျာဉ်များရှိ ငှက်များ ၏ အသံများကို သုံးနှစ်ကြာမျှ လေ့လာ ခဲ့ရကြောင်း သိရသည်။
ငှက်များသည် လူသားများ၏ လက်ချက်ကြောင့် သေဆုံးခြင်းနှင့် သစ်ပင်များ ခုတ်ထွင်မှုကြောင့် နေစရာ ပျောက်ဆုံးကာ မျိုးသုဉ်း ပျောက်ကွယ်တော့မည် ဖြစ်၍ ထိုကဲ့သို့ အသံတုများကို လေ့ကျင့် ခဲ့ရကြောင်း စပ်ကိုတာက ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းသည် မျောက်များနှင့် အခြား တိရစ္ဆာန်များ၏ အသံများ ကိုလည်း တုပ၍ ပြုလုပ်နိုင်ကြောင်း သိရသည်။
 ref:မြ၀တီ

နှစ်ပေါင်း ၁ဝဝဝဝ ကျော် သက်တမ်းရှိသည့် ရှေးဟောင်း အိမ်တစ်လုံး၏ အပိုင်းအစများ တူးဖော်တွေ့ရှိ



 
အီဒင်ဘာ့ဂ် နိုဝင်ဘာ ၂၄
လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝဝဝ ကျော်က တည်ဆောက်ခဲ့သည့် ရှေးဟောင်းအိမ် တစ်လုံး၏ အကြွင်းအကျန်အစအန များကို စကော့တလန် နိုင်ငံ အီဒင်ဘာ့ဂ် မြို့အနီးတွင် ရှေးဟောင်း သုတေသန ပညာရှင် များက တူးဖော် ရရှိခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ အဆိုပါ နေအိမ် အကြွင်းအကျန် များကို Forth bridge သို့သွားသော လမ်းကြောင်း အနီးတွင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ဘီစီ ၈၂၄ဝ ဝန်းကျင်ခန့်က နေအိမ် အကြွင်း အကျန်များ ဖြစ်သည်ဟု ရှေးဟောင်း သုတေသန ပညာရှင် များက ယူဆကြသည်။

ရှေးဟောင်း သုတေသန ပညာရှင်များ တွေ့ရှိခဲ့သည့် နေအိမ်ဟောင်း အကြွင်းအကျန် အပိုင်းအစ များကို ခုနစ်မီတာ နီးပါး အကျယ်ရှိသော ဘဲဥပုံ မြေကျင်းကြီး ထဲတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး မြေကျင်းထဲ၌ တိုင်စိုက်ရာ တွင်းပေါက်များနှင့် ပြည့်နှက်နေကြောင်း လေ့လာ ချက်များအရ သိရသည်။ ထိုတွင်းများသည် နေအိမ်အမိုး၊ နံရံများကို ကျားကန် ပေးထားသည့်သစ်သားတိုင်များ ထိုးစိုက်ခဲ့ရာ အပေါက်များ ဖြစ်နိုင် ကြောင်းနှင့် အိမ်ကို မြက် များဖြင့် မိုးကာ ထားခဲ့ကြောင်း ရှေးဟောင်း သုတေသန ပညာရှင် များက  ယူဆ ခဲ့ကြသည်။  ထို့အပြင် ၎င်းနေရာ၌ မီးလင်းဖို အပိုင်းအစ များကိုလည်း ရှာဖွေတွေ့ရှိ ခဲ့ကြကြောင်း သိရသည်။
 ထိုအိမ်များကို   ရေခဲခေတ် နှောင်းပိုင်းကာလ ပြီးနောက် စကော့တလန် နိုင်ငံတွင် ပထမဆုံး အခြေချ လာရောက် နေထိုင်သူ များက ဆောက်လုပ် ခဲ့သည်ဟု ကျွမ်းကျင် ပညာရှင် များက ယူဆ ခဲ့ကြသည်။ ထို့အပြင် ၎င်းဒေသတွင် နေထိုင် သူများသည် အုပ်စုလိုက် အမဲ လိုက်ကြ၍ ငှက်များ၊ ငါးများ၊ တောဝက် များနှင့် သမင်များကို စားသုံး ခဲ့ကြကြောင်း လေ့လာချက် များအရ သိရသည်။ ဟယ်ဇယ်သီး အခွံများ ကိုလည်း  ၎င်းနေရာတွင် ရှာဖွေ တွေ့ရှိခဲ့ပြီး အမဲ လိုက်ခြင်းနှင့် အသားများ လှီးဖြတ်ရာတွင် အသုံးပြု ခဲ့သည့် ကျောက်လက်နက်များ အပါအဝင် မီးခတ်ကျောက် များကိုလည်း ရှေးဟောင်း သုတေသန ပညာရှင် များက တူးဖော် ရရှိခဲ့ကြောင်း သိရသည်။
 ref:မြ၀တီ

လက်ပန်တာင်းတောင်ကိစ္စ သမ္မတကြီး တာဝန်မယူ ပါက နှုတ်ထွက်ပေးရန်တောင်းဆို


hlyothwetuyin | 11/30/2012 09:15:00 AM |
ရန်ကုန်၊ နိုဝင်ဘာ ၃၀။






ရန်ကုန်၊ နိုဝင်ဘာ ၃၀။

လက်ပန်တာင်းတောင် ကြေးနီ စီမံကိန်းအား ရပ်တန့်ပေးရန် တောင်းဆိုမှု များကြောင့် ဖမ်းဆီး ချုပ်နှောင်ခြင်း၊ ဒဏ်ရာရအောင် ပြုလုပ်ခြင်း စသည့် ကိစ္စများအား နိုင်ငံတော် သမ္မတကြီးမှ တာဝန်ယူ မဖြေရှင်းပါက လက်ရှိ ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုမှု ကို ရန်ကုန်မြို့ (၅၁) လမ်းရှိ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ရုံးရှေ့တွင် မကွေးကျောင်းတိုက် ဆရာတော် ဦးဝါယမမှ ဦးဆောင်၍ နေ့ညနေ လေးနာရီခွဲခန့်၌ ပြုလုပ်ခဲ့ကြသည်။

၎င်းတို့၏ တောင်းဆိုချက်များတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ချက်ချင်းရပ်တန့်ပေးရန်၊ ဒဏ်ရာရသူများကို အန္တရာယ် ကင်းရှင်းစွာ တာဝန် ယူ ကုသပေးရန် ၊ တိုက်ခိုက်သောအဖွဲ့အစည်းများကို အရေးယူပေးရန်၊ ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံရသူများကို လွှတ်ပေးရန် စသည့် အချက်များ ပါဝင်သည့်ကြေညာချက်ကိုလည်း ထုတ်ပြန်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အောင်သိုက်- မြန်မာ့ခေတ်