This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, July 9, 2014

....((( ပြသဒါးဆူဆိုဒ် )))



နောက်ဆုံးပေါ်ရင်နာကမ္ဘာကဗျာတစ်ပုဒ်
ဘယ် ဘာသာစကားနဲ့မှ မယက်လုပ်တော့ဘူး
လေလွှာထဲမှာပဲ ငါရေးထွင်းထားတော့လိုက်မယ်
ထာဝရတည်မဲ့ ဒီဒဏ်ရာတွေ၊ ထာဝရတည်မဲ့ ဒီသိက္ခာသေ
ငါနဲ့ ငါ့ဘရာဇီးတွေ ကျဆုံးတဲ့ ကြမ္မာဝင်္ကဘာ
ဘော်လုံးထဲမှာ ဘာအရာတွေရှိလဲ
ဘော်လုံးထဲမှာ ဘာပညာတွေရှိလဲ
ဘော်လုံးထဲမှာ ဘာမှော်အခရာတွေရှိလဲ
ပိတ်လှောင်ခံ လေထုဟာ အသိရခက် အနက်နဲရှိုင်းဆုံးပဲလား
ဂုဏ်ယူထားတဲ့သစ္စာနဲ့ ငါကျေကွဲခဲ့တယ် ကမ္ဘာရေ
ရဲရဲ ပျော်ပျော်ကြီး သေတယ်ဟေ့။ ။

နေရဲခိုက်
၀၉-၀၇-၂၀၁၄

Thursday, January 9, 2014

သင်သေသွားသော်..............................


ဪ လူ့ပြည်လောက
လူ့ဘဝကား
အိုရ နာရ သေရဦးမည်
မှန်ပေသည်တည့် ။

သို့တပြီးကား
သင်သေသွားသော်
သင်ဖွားသောမြေ
သင်တို့မြေသည်
အခြေတိုးမြှင့်
ကျန်ကောင်းသင့်၏ ။

သင်၏ မျိုးသား
စာစကားလည်း
ကြီးပွါးတက်မြင့်
ကျန်ကောင်းသင့်၏ ။

သင်ဦးချ၍
အမျှဝေရာ
စေတီသာနှင့်
သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက်
ကျန်စေတည်း ။
ဇော်ဂျီ (ဒီဇင်ဘာ ၁၉၃၅)

Friday, January 3, 2014

ဒို့မြို့ကိုဒို့ကယ်မယ်...............................

ဆူနာမီ
မာလာ
နာဂစ်နဲ့
ပြာဖြစ်ဖူးတဲ့မြို့။

ဘေးဒုက္ခအစုံစုံ
မယုံနိုင် အောင် ကြုံလည်း
ယိုင် လဲမသွားတဲ့မြို့။

ကယ်ဆယ်ရေး ကယ်ဆယ်ရေး
ဘယ်သူကယ်ကယ်မကယ်ကယ်
ဒို့မြို့ကိုဒို့ကယ်မယ်
အဲ့ဒီ မာန်တင်းသံတွေနဲ့
အံတင်းတင်းကြိတ်ထားတဲ့မြို့။

(လင်းဝေမိုးကို အားကျလို့ရေးကြည့်တာ)

ဒုက္ခသည်.........................

ဒုက္ခသည်

တရုတ်ကလှူ
ကုလားကကူ
ကရင် က ပေး
ဗမာက ကျွေးနဲ့
အ ရောင် စုံ ကာလာဆန်း
ကယ်ဆယ်ရေးစခန်းမှာလေ။

လှူသူအဝင်
ယူသူအထွက်
ပြည့်လုလုလမ်းမှာ
စေတနာခိုးတွေ
မှိုင်းဝေ နေတယ်လေ။

ဆုံးရုံးသမျှ မကာမိပါဘူး
သဒ္ဓါရှိစွာလှူသမျှကိုတော့
ယူပါရ စေတဲ့လေ။
Like · ·

Sunday, October 27, 2013

တစ်ခါသုံး ..................




လျှော်ပီးပြန်သုံးရတဲ့

လက်ကိုင်ပုဝါတွေအစား

တစ်ခါသုံးတစ်သျူးကို

လူတွေကမက်မောကြသတဲ့ --


ဟင်းဝယ်ရင်သုံးတဲ့

Steel ပစ္စည်းတွေထက်

တစ်ခါသုံးဖော့ဘူးက

ပိုအသုံးကျသတဲ့ -------:/


ဒီလိုနဲ့ပဲ

အချိန်ကြာကြာချစ်တက်တဲ့

နှလုံးသားတွေ

ဘေးထွက်နေရပီး

တစ်ခါသုံးနှလုံးသားတွေ

လူငယ်တွေကြား

ခေတ်စားလာတယ် ---


တစ်ခါသုံးနှလုံးသားတွေ

မင်းမူကြချိန်

သစ္စာရှိတဲ့ နှလုံးသားတွေ

လက်ညှိုးထိုးဟားတိုက်

ခံရတယ် -----


ထားပါတော့လေ

မပြောတော့ပါဘူးး

ဒါ တစ်ခါသုံးတွေ

တစ်ခေတ်ထတဲ့ချိန်ကိုးးး ----:/



စိမ့်စိမ့် ( တောင်ကြီး) http://www.zwmnna.com/2013/10/blog-post_2188.html

Tuesday, July 30, 2013

ဟဲလို အမေ

သူဌေးသားလဲ မဟုတ်တော့
I Phone ကြီးလဲ မကိုင်နိုင် သေးပါဘူး

ခေတ်လူငယ် တစ်ယောက် ပီပီ
Nokia ကိုင် ပြီးတော့ ပုံတုံးကြီးတော့
အ ပြောမခံနိုင် ပါ ဘူး

Phone ပြောနေရင်း ရေထဲ ငုပ်နေမှာလဲ
မဟုတ်တော့
Sony Xperia Z Ultra ကိုလဲ မမက်မောသေးပါဘူး :P:P

ကိုးရီးယားရောဂါ ထ နေတဲ့ အချိန်မှာ
Samsung ကြီး ကိုင် ပြီး ကိုးရီးယားယဉ်ကျေးမှုတွေ ကို ထပ်စီးဆင်းလာမှာ မလိုလားသေးပါဘူး

'ဝတ်မှုန်ရွှေရည် ' ကြော်ငြာတဲ့ 'JAS' ဖုန်း
သူတောင် တစ်ခါမှ မကိုင် တာ
'ပြည်တွင်းဖြစ်ကို အားပေးပါ' ဆိုတဲ့ စကားလဲ
ကျွန်တော့် ရင် ထဲ အမြစ် မတွယ်သေးပါဘူး

'လက်ပံတောင်းတောင် စီမံကိန်း' ကို
သူများတွေ ဘယ်လိုပဲ ဆန့်ကျင်တယ်
ပြောပြော နောက်ဆုံးတော့ ကျွန်တော်
တရုတ်လုပ်တဲ့ Huawei ဖုန်းပဲ
ကိုင်နေမိတယ် အ မေ ရေ

( copy ပါ သက်ဆိုင် သူကို credit ပေးပါတယ်ဂျာ )

Thursday, July 18, 2013

အာဇာနည်နေ့ အမှတ်တရ အစီအစဉ်


July 18, 2013 at 1:08pm



မှန်းဆမျှော်ရည် အာဇာနည်

( ရင်သွေးကဗျာ )

နှစ်တိုင်းသည်ချိန် ပြန်ရောက်တဲ့ခါ
ရို သေ စွာ
 ဦးညွှတ်ညီညာ မျှော်မှန်းလို့သာ
ကြည် ညို စွာ
စုပေါင်းကာ ၊ ဆုတောင်းတာ
အာဇာနည်ကို ရင်ဝယ်မြတ်နိုးစွာ
ပန်းခွေမှာ ၊ လွမ်းစေရာ ။

                                                           ငြိမ်းစိုးသူ

 .................................................................


အဲဒါကြောင့် ?

ဆရာညိုမြရဲ့
အောင်ဆန်းအမွေတောင်းခန်း
ဖတ်ပြီးတော့ လွမ်းလိုက်တာ
ဒါ .. တပ်မတော်ရဲ့သေနာပတိတဲ့လား
သမီးနားမှာပန်ဖို့
“ကျုပ်တို့ အမေ့ဆီလာခဲ့တာ” … တဲ့။




                                                          ဗိုရဲ



..................................................................

 ပြန်လည်  ရေး၊ ညွှန်း၊ ရိုက်ကူးသည်

 (၁)

လူသတ် လက်နက်များ
နတ်နန်းဘုံဆောင်
အမှောင်ထုတွင်းမှ တိုးထွက်လာ…။
(၂)

သဲသဲမဲမဲ... 
ကျည်ဆန်များ 
အကြောက်တရားဖြင့်...ပစ်လွှတ်
အာဃာတ၊ မာနဖြင့်....ပျံဝဲ
လောဘ၊ ဒေါသဖြင့် ....ကျဲချ
ဝန်တိုပူပန်မှုဖြင့်.....သွန်လောင်း…
အငြိုးတကြီး…   ။

(၃)
မရိုးတဲ့ လက်နက်ဆန်းတွေက
တစ်ချက်ပစ်ရင် ခေတ်အဆက်ဆက် သေစေနိုင်စွမ်းသတဲ့
ဒါပေမယ့်...
အချိန်တန်ရင်  ရွှေဘ တပြန် နိုင်မှာ သေချာတယ်မဟုတ်လား
လာရာလမ်းဆီ မှန်းဆမျှော်ရင်း
ပြီးပါပြီ စာတမ်းကြီး ပေါ်လာလေမလား
သဲထိတ်ရင်ဖို...  ။       ။

                                                                          သတိုး

.....................................................................


အတ္ထုပ္ပတ္တိ

ရမ္မက်နဲ့အမုန်းပွား သတ်ဖြတ်ရဲသူက(ဂဠုန်)ဦးစော
အသက်ပေးစွန့်လွှတ်ခဲ့သူအဖြစ်က အာဇာနည်ကိုးဦး
ခြောက်ဆယ့်ခြောက်နှစ်တိုင်တိုင် မျက်ရည်စက်တွေရွာသွန်းနေတဲ့
မိုးကဇူလိုင်လို့
ဘယ်သူဖျက်ပျက်ခဲ့ဖူးသလဲ
ပြည်သူတွေရဲ့လွမ်းဆွတ်တမ်းတမှုကို…….။              ။

မိုးခါး




........................................................................................

ဆယ့်ကိုး   ဂျူလိုင်  ဆယ်နာရီ သုံးဆယ့်ခွန်


အခိုက်အတန့်လေး
အဲ့ဒီအခိုက်အတန့်လေးမှာပဲ
စီးဆင်းနေတဲ့မြစ်တွေ ထိုးရပ်သွားပြီး
တိုက်ခတ်နေတဲ့လေညှင်းက နောက်ကြောင်းပြန်ခေါက်တယ်
ပန်းပွင့်တို့ရနံ့ပြယ်ညိုးငယ်ပြီး
လိပ်ပြာတွေ တောင်ပံမဲ့ကုန်တယ်
တေးဆိုငှက်တွေ ဆွံ့အတိတ်ဆိတ်
တစ်လောကလုံး
မှောင်
မိုက်
လို့
ငို
ရှိုက်
ခဲ့
အခိုက်တန့်လေး
အဲ့ဒီအခိုက်တန့်လေးမှာပဲကြမ္မာငင်



                                                           မောင်ရင်စစ်


.......................................................................... 

နိုးထဇူလိုင်

ဆယ်စုနှစ်များစွာ
ဖုန်အခါကိုစောင့်ရင်း
မှိုနံ့တသင်းသင်းနဲ့
သက်ပြင်းချရင်းမှိုင်နေရဲ့
.
စာဖွဲ့မမီ
ဘာနဲ့မှညီမျှခြင်းချလို့မရ
ငါတို့အဖတွေရဲ့
သွေး၊ချွေး၊ စိတ်ဓါတ်
မြင့်မြတ်စွာစွန့်လွှတ်ရင်း
အစားထိုးမရတဲ့ဆုံးရှုံးခြင်း
အန္တိမကြေကွဲသီချင်း
အဲဒါငြင်းလို့မရတဲ့သမိုင်း
အကြောက်တရားနေ့မေ့ခိုင်းလို့
ပြည်သူတွေဟာအမြဲထုံထိုင်းမနေဘူး
 .
သမိုင်းဆိုတာ
တစ်ခါသုံးစက္ကူမဟုတ်ဘူး
မလိုချင်တော့လို့ချောင်ထိုးထားတဲ့
လက်နှီးစုတ်မဟုတ်ဘူး
လိုသလိုပုံသွင်းလို့ရတဲ့
ရွှံ့တုံးမဟုတ်ဘူး
အလျော်အစားလုပ်လို့ရတဲ့
ချိန်ခွင်မဟုတ်ဘူး
ကိုယ်တိုင်ရေးပုံတူမဟုတ်ဘူး
….    ….  မဟုတ်ဘူး
.
ဒီပြဇာတ်မှာ
ပါဝင်သူတွေဟာ
သူ့နေရာနဲ့သူ
တန်ဖိုးတွေမတူ
ကြည့်ရှုသူတွေကဆုံးဖြတ်
ဇာတ်လိုက်လား၊ဗီလိန်လား
အာဇာနည်လား၊ဖျက်မြင်းလား
ဖြတ်လျှောက်လား၊…   …. လား
မှတ်ကျောက်ကတော့ပြည်သူ

 .
ဝိညာဉ်တွေကိုနှိုးကြ
ကိုယ့်အားကိုယ်ကိုးကြ
ပိတ်ဆို့တံခါးတွေချိုးဖျက်
တက်ကုန်ဖွင့်ရွက်စုံလွှင့်
မျက်စေ့ကိုဖွင့်နားကိုစွင့်
အသင့်ရှိပေစေ
မတွေဝေနဲ့
လက်တွေခိုင်ခိုင်တွဲ
သံမဏိစိတ်ဓါတ်ရဲ
လှေခွက်ချည်းကျန်အလံမလှဲ
ကြောက်ရင်လွဲရဲ..မင်းဖြစ်
အားလုံးကိုဆေးကြောပစ်
လူသစ်စိတ်သစ်
နိုင်ငံအသစ်ဇူလိုင်အသစ်
ကဏ္ဍသစ်ကိုဖွင့်လှစ်
ကဲ… တစ်က ပြန်စရအောင် …။               ။  


                                                                ဗိုရဲ



.....................................................................

 ဆင်ဖြူ့မျက်နှာ


ဟေ့… ဟေ့ .. နေကြဦး !
ဟန့်တားရုံကာပြတဲ့ လက်တစ်ဖ၀ါး
မောင်းခလုတ်ပေါ်တင်ထားတဲ့လက်ညှိုးက
ဘာ့ကြောင့်ကြောက်သလဲ။
 .
သူ့ကိုယ်ထဲတိုးဝင်လာတဲ့
ပထမကျည်ဆံ
ဒုတိယကျည်ဆံ
တတိယကျည်ဆံ… တွေက စလို့
သူ့ဇနီး၊သူ့သား၊ သူ့သမီးနဲ့ သူ့အတွက်
တွေးမိမှာမဟုတ်ဘူး
ဒဏ်ရာကိုမျက်ကွယ်ပြု
လူထုအတွက်ပဲတွေးခဲ့လိမ့်မယ်။
.
စတုတ္ထကျည်ဆံ
ပဉ္စမကျည်ဆံ
ဆဌမကျည်ဆံ
            မှ ….. ….
နောက်ဆုံးကျည်ဆံအထိ
ဝတ်စုံနှစ်စုံပဲရှိတဲ့သူ့အဖြစ်
ဇနီးမယားနဲ့သမီးသားအတွက် မကျေခဲ့တဲ့တာဝန်
ခေါင်းထဲဝင်လာမှာမဟုတ်ဘူး
ငါ့နိုင်ငံတော်
ငါ့ပြည်သူ
ငါတို့လွတ်လပ်ရေး
ဒီအတွေးတွေနဲ့ပဲလဲကျ
စိတ်မချလက်မချ ဘ၀ကူးသွားတယ်။
 .
ကြောက်ဒူးဆတ်ဆတ်တုန်
ကျည်တစ်ကုန်ဆွဲညှစ်
၁၃ရက်နေ့သားကြီးကိုယ်ထဲ
ခဲသီး၁၃ တောင့် ထိုးခွဲမွှေနှောက်ပြီးမှ ရပ်သတဲ့လား။
 .
ပိုက်ဆံပေါ်
ကျောင်းစာအုပ်ထဲ
ရုံးခန်းနံရံတွေပေါ်က
သတ်ကွင်းထဲထိဆွဲဆွဲချ
နောက်မျိုးဆက်တွေမသိရအောင် ဖျောက်ပစ်ကြတယ်
စက္ကူပေါ်မှာအရုပ်ထင်နေတဲ့ သက်မဲ့ဓါတ်ပုံကိုတောင်
မင်းတို့… သက်ရှိ  အာဏာရှိ  လက်နက်ရှိတွေက
ဘာလို့ဒီလောက်ကြောက်သလဲ။
.
စကားပြောရိုင်းတဲ့လူယဉ်ကျေးကြီး
လုပ်ကြံခံရလို့
ခန္ဓာကိုယ်ကြီးသေသွားလို့
အာဇာနည်ဖြစ်ခဲ့တာမဟုတ်ဘူး
ပြည်သူတစ်ရပ်လုံးပုခုံးပေါ်တင်
ခါးချည့်အောင်လမ်းထွင်လျှောက်ရသူ
သူ့တစ်သက်လုံးအာဇာနည်ဖြစ်နေခဲ့ပြီးသား။
 .
ပါးကွက်သားတို့
(သေချာတယ်)
မင်းတို့… …
“အာဇာနည်စိတ်”ကိုကြောက်တာ။
 .
.
ကိုကြည်နိုင်
..............................................................................................

Friday, March 15, 2013

( အားသွားလို့လာ ? သူငယ်ချင်း )



http://t3.gstatic.com/images?q=tbn:ANd9GcTL0jNM1f1ze32KkzrvgF9sQLs9hBGI_YvDN_v-tc5ecYUi7Mij
မင်း ငါဆုံခိုက် ဘု၇ားလိုက်ဖို့
ငါတိုက်တွန်းငြား မင်းပြောကြားခဲ့
မအားသေးဘူး နောက်မှကွယ်

ဥပုသ်နေ့ဍ် ကျောင်းကိုလိုက်ဖို့
ငါတိုက်တွန်းငြား မင်းပြောကြားခဲ့
မအားသေးဘူး နောက်မှကွယ်

ဆိတ်ငြိမ်နေရာ အေးရိပ်သာဝယ်
အာနာပါန ရသမျှကို
သွင်းပရှုရိုက် အတူလိုက်ဖို့

ငါတိုက်တွန်းငြား မင်းပြောကြားခဲ့
မအားသေးဘူး နောက်မှကွယ်

ဟိုတစ်နေ့က
မအားနေရင်း သူငယ်ချင်းဟာ
သေမင်းခေါ်ရာ မငြင်းသာဘဲ
လိုက်ပါသွားရ ရှာလေပြီ

ကိုယ်ခေါ်စဉ်က ငြင်းလို့ရလည်း
ခုမှမငြင်း လိုက်သွားခြင်းကြောင့်
ရင်တွင်းစကား ဆိုမိငြားလည်း
အားသွားလို့လား ? သူငယ်ချင်း

                                                                                                     ဒါနရှင်       အရှင် နိမလ
http://www.kopaelay.blogspot.com/  မှ

Saturday, March 2, 2013

စင်တော်ဖွင့်အမီ


.

ကြည့်စမ်းပလေ
မြို့ကလေးပေါ်
ချယ်ရီတွေ ကြွေကျ .. လှနေလိုက်တာများ
ကော်ဇောနီခင်းထားတဲ့ မင်းခမ်းမင်းနားအတိုင်း
 .

ကြည့်စမ်းပလေ
နေရောင်ခြည်က တိမ်အထုထုကို ထိုးဖေါက်
အနူးညံ့ဆုံး ပြိုကျနေလိုက်တာများ
မြို့ကလေးဟာ ၀င်းရှင်းတောက်ပ
ရွှေရည်နဲ့ သ ထားတဲ့အတိုင်း
 .

ကြည့်စမ်းပလေ
ကြယ်လေးတွေ တစ်စင်းပြီးတစ်စင်း ခုန်ချ
ပင်လယ်မှာ စံပယ်တွေ ပွင့်ပွင့်နေလိုက်တာများ
ရင်ထဲ ဒုတ်ဒုတ်ထိ မွှေးတော့မယ့်အတိုင်း
 .

ကျွန်တော့် စိတ်ကူးထဲက ဒီမြို့ကလေး
ကျွန်တော့် ညီအစ်ကိုတွေဆီထိ
ကောင်းကင်ယံကို ချဉ်းနင်းထိုးဖေါက်
လက်ဆောင်ထုပ်အဖြစ် ရောက်သွားစေချင်လိုက်တာ
 .

သူတို့  … ကျောင်းမတက်ရဘူးတဲ့
သူတို့ … အစား မှန်မှန်မစားရဘူးတဲ့
သူတို့ … မကျန်းမာလည်း ဆေးမရှိဘူးတဲ့
.

မေမေရယ်
လောကကြီးတစ်ခုလုံး
ရွှေဖြစ်အောင် မပြုံးနိုင်တဲ့အဆုံး
နေလုံး မကွယ်အောင်လေးတော့ ကြိုးစားပေးသင့်တယ်မဟုတ်လား။

.
.

ကိုကြည်နိုင် (၁. ၃. ၂၀၁၃)
.

Tuesday, January 22, 2013

မြန်မာ မော်ဒယ်ဂဲ

ပလီပလာ ထွေကာလီကာ and Lu Bo shared Phay Sit Gyi's photo.
မြန်မာ မော်ဒယ်ဂဲ 
--------------------
ခါးက တုတ်တုတ်
ဒူး ညိုပုတ်  
ဗိုက် ကြီးက ရွှဲ
အသား မဲ 
မရှိတဲ့ ဖင် ကောက်ကာတင် 
ရွှေရင်ဖိုးမောက် စီလီကွန်ကြောင့် 
အသားရယ် ညို
ဝတ်လိုက်တော့ အတို 
ဒေါက်မြင့် စီးလည်း ငါးပေပဲ ..... ။

ကဲ .... 
ဘယ်လောက် လှလဲ
မြန်မာ မော်ဒယ်ဂဲ ။




စစ်ကြီး
မြန်မာ မော်ဒယ်ဂဲ
--------------------
ခါးက တုတ်တုတ်
ဒူး ညိုပုတ်
ဗိုက် ကြီးက ရွှဲ
အသား မဲ
မရှိတဲ့ ဖင် ကောက်ကာတင်
ရွှေရင်ဖိုးမောက် စီလီကွန်ကြောင့်
အသားရယ် ညို
ဝတ်လိုက်တော့ အတို
ဒေါက်မြင့် စီးလည်း ငါးပေပဲ ..... ။

ကဲ ....
ဘယ်လောက် လှလဲ
မြန်မာ မော်ဒယ်ဂဲ ။




စစ်ကြီး

Tuesday, December 25, 2012

"သူပုန်ကျောင်း"







by Thein Myint Win on Sunday, December 23, 2012 at 4:53am 

သူပုန်တွေ စားတဲ့ အစားအစာ
နွေးချင်နွေး၊ အေးချင်အေး၊
မေတ္တာပေါင်းကူးလေး ဖြစ်ချင်ဖြစ်မယ်

သူပုန်တွေ ဝင်တဲ့ အပေါက်ဟာ
ဆင်းရဲသားဖြစ်ဖြစ်၊ ဦးလူပေါဖြစ်ဖြစ်၊
လမ်းကြား နောက်ပေါက် ဖြစ်ချင်လည်း ဖြစ်မယ်
သူပုန်တွေ ပေးတဲ့ သြဘာ
နောက်သလိုလို၊ ပြောင်သလိုလို၊
ချောက်ကျတဲ့ လမ်းဖြစ်ချင်ဖြစ်မယ်
သူပုန်တွေ ဆွဲတဲ့ ပုံ
အတိုင်းအတာပါမယ်၊ အချိုးကိုက်မယ်၊
ထောင့်စုံချင်မှတော့ စုံမယ်
လူငယ်ဆိုတာက ပုန်ကန်မှ ပုံမှန်
အကုန် မှန်စရာလည်း မလိုပါဘူး
ခေတ်ဆန်ချင်လည်း ဆန်မယ်
ခေတ်ကိုလည်း ဆန်ချင်ဆန်မယ်
လူသားတွေဟာ ပညာမီးကို ပုန်ကန်ပြီး မွှေးခဲ့ရတာ
လူသားတွေဟာ ပညာခေတ်ကို ပုန်ကန်ပြီး ဆောက်ခဲ့ရတာ
ပုန်ကန်တယ်ဆိုပေမယ့် စုံကန်တာမဟုတ်တာ သေချာတယ်
ပညာဆိုတော့ အစုန်အဆန် ရှိတာသေချာတယ်
ဒါပေမယ့်
အဲဒီ တစ်ခါတုန်းကတော့
ခေတ်က တို့ကို ငြိုငြင်ခဲ့လေတယ်
သူပုန်အမည်တပ် မြိုင်ရပ်ကိုနှင်
တို့ တစ်မျိုးဆက် အောင်မြင်စွာ ကျဆုံးခဲ့တယ်
အဲဒီ စာမေးပွဲ
သူပုန်သမိုင်းမှာ ဂုဏ်ထူးနဲ့ အောင်တယ်
သူပုန်ကျောင်းခမျာတော့ ကျောင်းခေါ်ချိန် မပြည့်ရှာဘူး
ဒါ သူပုန်ကျောင်းရဲ့ သမိုင်း၊ သူပုန်တွေရဲ့ ရာဇဝင်
ဒီကျောင်းကို ဝင်လာရင်
သူပုန်နံ့ ရမယ်၊ သူပုန်စကား ကြားမယ်၊ သူပုန်စိတ် နိုးကြွမယ်
အကုန် မှန်စရာလည်း မလိုပါဘူး
သူပုန်ကျောင်းဆိုမှတော့ ပုန်ကန်မှ ပုံမှန်လေ ။   ။
သိန်းခေါင်ငြိမ်းသစ်
20121223

Saturday, December 22, 2012

မိန်းမသားနဲ့ ရဲသား

Chit Zaw shared Zaw Win's photo.
မိန်းမသားနဲ့ ရဲသား 


အမှန်တရားက

မိန်းမသားကို

အားဖြစ်စေအံ့။


မိန်းမတယောက်

လက်ညိုးငေါက်ငေါက် ခါးကိုထောက်လျက်

မကြောက်မရွံ့ နောက်မတွန့်ဘဲ

အံကိုခဲ၍ ရဲကို အာခံ

သည်အားမာန်ဟာ

သူ့ထံ ဘယ်လို ရောက်သလဲ။


အမှန်တရားက

မိန်းမသားကို

အားဖြစ်စေပြီ။


လယ်သမားက

ရွှေသားမလို၊ ကြေးပြားမလို

မြေကိုပေးပါ

မြေသာ ဘဝ

မြေက ဆီဆန်

ရာသက်ပန်ပဲ

ကျည်ဆံမလို

ဆီ ဆန်လိုတယ်

မြေကို မသိမ်းကြပါနဲ့။


ကြေးနီတောင်ကို

သင်တို့ဖြိုလို့ ပြိုချင်လည်း ပြို

လူကိုဖြိုလို့ ပြိုမကျနိုင်။


ကြေးနီတောင်က

ကြေးတွေရလို့

ကြေးက ငွေဖြစ်၊ စိန်ရွေှ့ဖြစ်လည်း

စစ်ဗိုလ်မယား

နိုင်ငံခြားမှာ ကားစီး တိုက်ဝယ်

လယ်သမားမယား

ခါးစီး ဗိုက်မှောက် သဘောက်ဘဝ

လုံးဝမလွတ်

ဘောင်းဘီချွတ်လည်း မချွတ်သေနတ်

စစ်တပ်နောက်ခံ ပါလီမန်ဟာ

စစ်အလံလွှင့်ဆဲ

ဘယ်လဲ ဘာလဲ ဘယ်လိုလဲ။


သစ်ကိုလည်း ရောင်း

ကျောက်မျက်ရောင်းခဲ့

မြစ်ကိုလည်း ရောင်း

တောင်ကို ရောင်းပြန်

ရောင်းရန် ငွေက

ဘယ်လောက်ရလို့ ဘယ်သူယူ

ဘယ်မူသုံးမလဲ

ရဲရဲဖြေပါ

သည်မြေမဟီ

သက်သေတည်အံ့

ဒီမိုကရေစီတခါး ပွင့်စေသား။      ။


မောင်စွမ်းရည်၊ (စက်တင်ဘာ ၁၆၊ ၂၀၁၂)



အမှန်တရားက

မိန်းမသားကို

အားဖြစ်စေအံ့။


မိန်းမတယောက်

လက်ညိုးငေါက်ငေါက် ခါးကိုထောက်လျက်

မကြောက်မရွံ့ နောက်မတွန့်ဘဲ

အံကိုခဲ၍ ရဲကို အာခံ

သည်အားမာန်ဟာ

သူ့ထံ ဘယ်လို ရောက်သလဲ။


အမှန်တရားက

မိန်းမသားကို

အားဖြစ်စေပြီ။


လယ်သမားက

ရွှေသားမလို၊ ကြေးပြားမလို

မြေကိုပေးပါ

မြေသာ ဘဝ

မြေက ဆီဆန်

ရာသက်ပန်ပဲ

ကျည်ဆံမလို

ဆီ ဆန်လိုတယ်

မြေကို မသိမ်းကြပါနဲ့။


ကြေးနီတောင်ကို

သင်တို့ဖြိုလို့ ပြိုချင်လည်း ပြို

လူကိုဖြိုလို့ ပြိုမကျနိုင်။


ကြေးနီတောင်က

ကြေးတွေရလို့

ကြေးက ငွေဖြစ်၊ စိန်ရွေှ့ဖြစ်လည်း

စစ်ဗိုလ်မယား

နိုင်ငံခြားမှာ ကားစီး တိုက်ဝယ်

လယ်သမားမယား

ခါးစီး ဗိုက်မှောက် သဘောက်ဘဝ

လုံးဝမလွတ်

ဘောင်းဘီချွတ်လည်း မချွတ်သေနတ်

စစ်တပ်နောက်ခံ ပါလီမန်ဟာ

စစ်အလံလွှင့်ဆဲ

ဘယ်လဲ ဘာလဲ ဘယ်လိုလဲ။


သစ်ကိုလည်း ရောင်း

ကျောက်မျက်ရောင်းခဲ့

မြစ်ကိုလည်း ရောင်း

တောင်ကို ရောင်းပြန်

ရောင်းရန် ငွေက

ဘယ်လောက်ရလို့ ဘယ်သူယူ

ဘယ်မူသုံးမလဲ

ရဲရဲဖြေပါ

သည်မြေမဟီ

သက်သေတည်အံ့

ဒီမိုကရေစီတခါး ပွင့်စေသား။ ။


မောင်စွမ်းရည်၊ (စက်တင်ဘာ ၁၆၊ ၂၀၁၂)

Tuesday, December 18, 2012

(Xxxxxxxx----------အွန်လိုင်းချစ်သူ(သို့)ပျားရည်နွံအိုင်-------xxxxxxxxxxxxx)



ချက်တင်မှာတွေ့….စကားတွေပြော…
ကိုယ့်မနောမှာ……ဘယ်အချိန်ရောက်လဲ..ကိုယ်မသိပြီ….
သတိရစွာ…ဆွဲဖွင့်..ကိုယ့်ရင်….ဟာခနဲအော်……
အလို..နှလုံးသားအစုံ..သူ့ထံပါသွားပါလား……
အတွေးထဲငို…အပြင်လဲငို…အဲ…သတိရတော့…..
ခေါင်းအုန်းလေးမျက်ရည်စို…….။
အံ့သြစွာ.လှိုက်မောစွာ..စိုးရွံ့စွာ…..
ကြောက်ရွံ့စွာ….အင်း..ကိုယ်သိလိုက်တာတော့….
ကိုယ့်ဘ၀သူခိုးသွားပြီ…..။
မမြင်ဘူးပဲ…..မသိဘူးပဲ….စွဲလမ်းခြင်းမရှိလို့…တွေးဘူးပေမယ့်…
သတိတရကြည့်တော့……ကိုယ်က…အချစ်နွံထဲမှာ….
အရင်ကကြောက်လို့မကပ်…အဝေးပြေးနေတဲ့ကိုယ်….
ခုတော့…အသံလေးခေါ်ရာ…..စာသားများခေါ်ရာ…လှမ်းလာရင်း..အချိန်တိုအတွင်း
သက်ဆင်းမိပေါ့..အချစ်နွံ…..။
ကြောက်ပေမယ့်ကိုယ်ပျော်နေတယ်….အရာရာတိုင်းလှနေတယ်….
ရွံ့ပေမယ့်….မပြေးပဲ..၀ဲနေတယ်…..
အဲ့တော့…..ကိုယ်နံမည်ပေးလိုက်တယ်…အဲ့နွံအိုင်ကိုလေ…
ပျားရည်နွံအိုင်လို့…….။
ပျားရည်သီးရင်တော့သေတတ်တယ်တဲ့…ကိုယ့်အတွက်လဲအတူတူပါပဲလေ….
အော်…အွန်လိုင်းချစ်သူရယ်……ပျားရည်နွံအိုင်မှာ..ကိုယ်ပျားရည်မသီးပါရစေနဲ့နော်….။
နေနန္ဒလင်း(၉၊၁၂၊၂၀၁၂။ည….၁၁း၄၅နာရီ……)
မှတ်ချက်။      ။တေးရေးဆရာတစ်ယောက်၏သီချင်းခေါင်းစဉ်နှင့်….ဆရာနွမ်ဂျာသိုင်း၏၀တ္ထုတိုခေါင်းစဉ်ကိုပေါင်းစပ်ပြီးကဗျာလေးကိုအမည်ပေးထားပါတယ်…
                  ဆရာများကိုကျေးဇူးတင်လျှက်….(နေနန္ဒလင်း)

ဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)၏ ကဗျာ ========================

Sa Maung shared Zaw Win's photo.
ဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)၏ ကဗျာ
========================

ငလျင်လှုပ်ပြီး
ဘုန်းကြီး မီးလောင်
ဒေါသတချောင်းချောင်း
လက်ပတောင်း ဒီတောင်
တရုတ်ကျေးဇူး.???
ရှိဖူးသတဲ့ မောင်
--အမလေး
စစ်ခွေးတစ်ကောင်ဟောင်...။ ။

ဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)

Credit: Ponnya Swe / ပုညဆွေ
ဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)၏ ကဗျာ
========================

ငလျင်လှုပ်ပြီး
ဘုန်းကြီး မီးလောင်
ဒေါသတချောင်းချောင်း
လက်ပတောင်း ဒီတောင်
တရုတ်ကျေးဇူး.???
ရှိဖူးသတဲ့ မောင်
--အမလေး
စစ်ခွေးတစ်ကောင်ဟောင်...။ ။

ဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)

Credit: Ponnya Swe / ပုညဆွေ

Friday, December 14, 2012

( ( ( ၀ဋ်နာ ကံနာ ) ) )



ထိုင်နေခဲ့တယ် အလင်း ရဲ့ တစ်ဖက်

အမှောင် ကိုပဲတွယ်တာမိခဲ့တယ်။

ဘာတစ်ခုမှ မသိချင်ပဲ

အရာရာကို ဖောင်ခတ်ထားမိ

နေ၀င်လာရင်ပဲ အသိစိတ်က

ရင်ခုန် လှိုက်မောလာတယ်

စောင့်စားရင်း နဲ့ အသက်ရှင်ခဲ့

ညတွေ ညတွေ

အမှောင်ကမ္ဘာ မှာ

ဒဏ်ရာ ကို ဆေးကုရင်း

ငြီမ်းချမ်းမှု ရှာဖွေခဲ့

ထိုစဉ့့်

အလင်းတန်း တစ်ခု

အမှောင် ကို ကျောခိုင်းဖို့

လက်ယှက်ခေါ့်

အလင်းရောင် ကို မတိုးဝံတာ

ဝဋ်နာ ကံနာ တစ်ခုပဲတဲ့။

တာယာဂျလေဘီ

Thursday, December 13, 2012

သို့ ....ချစ်ရပါသောသူငယ်ချင်း..

ဆုံဆည်းမူ အစုစုတွေနဲ့ ..
နှင်းကွဲတဲ့ ဆောင်းမှာ..
ဒို့ လက်ချောင်းတွေ..
ညီညာပေါင်းစုလို့ ..
အကြောင်းတစ်ခုခု ပေါ်တိုင်း..
မောင်းထုပြီး ဟစ်ခဲ့ ဘူးတယ်..
သူငယ်ချင်း..
ရွက်ကြွေတဲ့ နွေတကြောမှာ..
ဒို့ တွေ ရဲ့ ရယ်မောသံတွေ..
ညီညာစုဝေးလို့ ..
သူ့ အတွေး ကိုယ့်အတွေးတွေနဲ့ ..
ပေါင်းဆပ်ကာ ကောင်းမြတ်တဲ့ 
အရာတွေကိုလည်း လုပ်ခဲ့ ဘူးတယ်..
သူငယ်ချင်း..
ဒို့ တွေဖောက်ခဲ့ တဲ့ လမ်း..
ဒိုတွေ့  လျှောက်ရုံနဲ့ လမ်းမပျောက်စေရဘူး..
ကျန်ခဲ့ တဲ့ ခြေရာတွေပေါ်အလံတွေစိုက်..
ဒို့ တွေရဲ့ အမှိုက်ဆိုတာမရှိစေရဘူး..
ဒို့ တွေရဲ့ ခရီးလမ်းဆုံး..
ဒီလမ်းကိုသုံးမယ့်သူတွေ ရှိနေအုံးမယ်ဆိုတာ..
ဒို့ တွေမမေ့ ပျောက်စေရဘူး..
ဒို့ တွေဖောက်ဒို့ တွေလျှောက်လို့ ...
ပြီဆုံးတဲ့ တစ်နေ့ ကမ္ဘာတံခါးကိုခေါက်ပြီး..
မင်းက မင်းလမ်းကိုလျှောက်..
ငါက ငါ့ လမ်းကိုလျှောက်..
မင်းနောက်ကိုငါလိုက်လို့ မရဘူး..
ငါ့နောက်ကိုမင်းလိုက်လို့ မရဘူး..
သူငယ်ချင်း..

Wednesday, December 12, 2012

နိုးကြ ထကြ မြန်မာတို့

Paing Oo shared Yaung Ni Oo's photo.
နိုးကြ ထကြ မြန်မာတို့
==============
ငါ သာလျှင် တော် ၊ သူ မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

 ကြွားရင်းနှင့် နစ် ၊
ဝါးရင်း နစ်သည့်နစ်လျက်နေပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊

အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊

သူ့ကို ငါညှိုး ၊ ငါ့ သူညှိုးနှင့်
အညှိုးကြီးပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊ 
( မင်းသုဝဏ် )
Credit to Ya Tha,
===========
နိုးကြ ထကြ မြန်မာတို့
==============
ငါ သာလျှင် တော် ၊ သူ မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

ကြွားရင်းနှင့် နစ် ၊
ဝါးရင်း နစ်သည့်နစ်လျက်နေပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊

အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊

သူ့ကို ငါညှိုး ၊ ငါ့ သူညှိုးနှင့်
အညှိုးကြီးပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊
( မင်းသုဝဏ် )
Credit to Ya Tha,
===========

Monday, December 10, 2012

တောသားအတွေးနဲ့ ငြိမ်းချမ်းရေး



တောသားဘဝနဲ့

တောက အလှတွေက

ရင်ထဲကို အေးမြစေပါတယ် အမေ.........။

နေညိုချိန် ညနေစောင်းက

မြူခိုးတွေ ရစ်ဝိုင်းနေတဲ့ တောင်တန်းတွေရဲ့ကြား

ငုပ်လျှိုး ကွယ်ပျောက်တော့မယ့် နေလုံးနီနီ
မျက်လွှာလေးချ အိပ်စပြုနေတဲ့ သစ်ပင်လေးတွေ

ဆည်းဆာအလှတွေကြား လေညှင်းလေးတွေနဲ့

စပါးပင်လေးတွေကလည်း ယိမ်းကနေကြတယ်

မြင်မြင်သမျှ အေးမြတယ်အမေ....

ကျွန်တော်တို့လည်း ဘာမှမသိဘူး....

 လောဘဆိုတာလည်း မကြီးခဲ့ဘူး......။

မြို့ကြီးဆီိကိုရောက်

ကျွန်တော် အွန်လိုင်းပေါ် မျက်စိမှောက်ခဲ့ရပြီ............။

နေ့စဉ်တိုင်း တွေ့နေရတာက

ကမ္ဘာ့နိုင်ငံ အသီးသီးက နည်းအမျိုးမျိုးနဲ့ သိမ်းပိုက်ချင်နေကြတဲ့

ကျွန်တော်တို့ မြန်မာပြည်.......

လူမျိုးရေး သဘောတရားနဲ့

 သွေးထိုးစကားတွေကိုလည်း တွေ့ရတယ်

ခေတ်မှီတဲ့ နိုင်ငံကြီးတွေက တင်ဆက်တဲ့ ခေတ်မှီတဲ့

လူသတ်လက်နက်တွေ...............

ကျွန်တော် ရင်တွေ ပူနေတယ် အမေ............။

မာကျူရီ အလင်းမရလဲ

လမင်းကိုကြည့်တာ အေးမြပါတယ်

လေယာဉ်ပျံ မစီးရလည်း

လှည်းယာဉ်လေးစီးတာ အေးမြပါတယ်

မွေ့ယာပေါ် မအိပ်ရလည်း

 မြက်ဖျာပေါ် အိပ်ရတာ အေးမြပါတယ်

ညံ့ဖျင်းတဲ့ စိတ်ဓါတ်လို့ ထင်မလား

လူသားတွေ ငြိမ်းချမ်းဖို့ကို လိုလားတယ်အမေ.............။

စေတနာ ရှေ့ထားတဲ့ အမေ့ရဲ့

 မေတ္တာပို့ တရားသံကို လွမ်းတယ်

ဆွမ်းချက်ဖို့ကို အချက်ပေးတဲ့

ရွာဦးကျောင်းက အုန်းမောင်းသံလေးရယ်

နံနက်ခင်း အာရုဏ် အတက်မှာ

လင်းကြက်တွန်တဲ့ အသံလေးတွေကို

လွမ်းတယ်.........................။

အမေရယ်...........

တောသားဘဝ တောအလှက

နှလုံးသားကို အေးမြစေခဲ့တာ အမှန်ပါ

လောဘ မုဆိုး တွေ ပေါများပြီး

လူတွေနေထိုင်တဲ့ ကမ္ဘာကြီးကို

လူတွေပြန်ပြီး ဖျက်စီးနေကြတယ်လို့ တွေးမိရင်

ကျွန်တော့်ရင်တွေ ပူတယ်အမေ

ဒါ (ခေတ်မှီလာတဲ့) မြို့ပြရဲ့ စရိုက်တွေပေါ့..........။



ညီညီ(မြန်အောင်)

Thursday, December 6, 2012

လ၀က များ................သို့


ရွှေတံခါးမှူး     တာဝန်ထူးကို
မကွာနေ့ည     စောင့်ရှောက်ကြလော့
သမိုင်းပေးစဉ်     ထိုတာဝန်ကို   
ဦးထိပ်ဆင်မြန်း     အို....၀န်ထမ်းတို့
ရေကြည်သာသာ ပြည်မြန်မာကား
အမျိုးမတူ     ဇာတ်တမူနှင့်
စရိုက်ခြားနား     ကျွန်ကုလားတို့
များပြားလာဘိ     သင်သိ၏လော့...။
မိသားတစ်စု     ၀မ်းစာမှုကို
ရည်ရွယ်ရှေးရှု    ဦးတည်ပြု၍
တံစိုးလာဘ်စား     ယူမိငြားသော်
အမျိုးဘာသာ     ပြည်မြန်မာနှင့်
တို့သွေးချင်းများ     ပျောက်ကွယ်သွားလိမ့်
နောင်သံသရာ     ဆက်ဆက်မှာလည်း
ဘ၀စဆုံး     လူဖြစ်ရှုံးကာ
နလန်မထူ     ငရဲပူ၌
ကပ်ကမ္ဘာတိုင်     ကျရောက်နိုင်၍
မင်းခယောင်္ကျား     ဆိုသူများတို့
တံဆိုးလာဘ်ယူ     သံရည်ပူကို
မျိုချသော်သည့်   ဪ.....ကောင်း၏ ။ ။
                 ဦးအောင်ဇေယျ၏   သြ၀ါဒ.....
              အချင်းတို့ငါသည် မင်းအဖြစ်ကို စက်ဆုတ်၏။ ဤဘ၀သည် တစ်သက်တာဟုသိ၏
     သို့သော် လူမျိုးတို့၏ဂုဏ်ကို ရန်သူလက်မှ လုယူကာ သားစဉ်မြေးဆက် မဆုံးနိုင်အောင်
     ထာဝစဉ်တည်စေရန် ငါ့အသက်ကို အဖိုးမထားပြီ ။
              ငါကဲ့သို့အလုပ်မလုပ်လျှင် ငါ့သားတော်ပင် ဖြစ်လင့်ကစား ငါ၏အမျိုးနွယ်မဟုတ်။
     မိဘကိုချစ်သူသည် မိဘ၏အဆက်အနွယ် သားချင်းတို့ကိုစောင့်ရှောက်ရသည် ။ ။
                     အောင်ပင်လယ်  (မန္တလေး)

Wednesday, December 5, 2012

“တောက်! တောက်!! တောက်!!!”


တောက်!!!
ကိုယ်လုံးပြည့်ပတ်တီး ဖြည်တောင် မဖြည်ရသေးဘူး
ှဗုံက လာလာမှန်တယ်။ ခွီး...)))
အ၀ိဇ္ဇာဘီလူး
မင်းမှာ စာသိ/ဥာဏ်သိမရှိ ငပိနံ့တထောင်းထောင်ထုတ်/ထ
နံလွန်းတယ်။

တောက်!!!
လူ။ လူ။ လူတဲ့။ ရှက်ဖို့ကောင်းပါတယ်။
တိရစ္ဆာန်ကျင့်၊ တိရစ္ဆာန်အကြံ၊ မကောင်းဆိုးဝါးကများ
ယုန်အရေခြုံထားရုံလောက်နဲ့ မြေးခွေးခန္ဓာ ပုံမလာဘူး။ ငတုံး။

တောက်!!!
တစ်လောကလုံးကို မျက်လှည့်ပြလို့ရမယ် ထင်သလား။
ပုစွန်ဦးနှောက်တွေကတော့ မင်းကို ထိုင်ရှိခိုးမှာပေါ့။
ဒီအတွက် အမြင့်ခုန် လက်မထောင်မပြနဲ့။
လင်းတကြီး
မင်းပြောင်နေတဲ့ဦးခေါင်း ပြားချပ်သွားအောင် လမ်းကြိတ်စက်
အခါ(၁၀၀) တက်ကြိတ်လိမ့်မယ်။ သိ။

တောက်!!!
မင်းအကုသိုလ် ကြာကြာ ရေငုပ်မနေပါဘူး။
“ဒုန်း...”
မင်းဝဋ်ကြီးကြီးပိ လျှာထွက်ဂန့်မှာ ကြိုမြင်ယောင်သေး
အခုတည်းက ငါတို့ အမျှကြိုဝေမယ်။
“ဟော... မင်းအခု သာဓုခေါ်ရမှာ နားစိမ်းနေတယ် မှတ်လား”
လူ့ပြိတ္တာ။

စေပိုင်ထွဋ်(ပုသိမ်)