Thursday, December 13, 2012

သို့ ....ချစ်ရပါသောသူငယ်ချင်း..

ဆုံဆည်းမူ အစုစုတွေနဲ့ ..
နှင်းကွဲတဲ့ ဆောင်းမှာ..
ဒို့ လက်ချောင်းတွေ..
ညီညာပေါင်းစုလို့ ..
အကြောင်းတစ်ခုခု ပေါ်တိုင်း..
မောင်းထုပြီး ဟစ်ခဲ့ ဘူးတယ်..
သူငယ်ချင်း..
ရွက်ကြွေတဲ့ နွေတကြောမှာ..
ဒို့ တွေ ရဲ့ ရယ်မောသံတွေ..
ညီညာစုဝေးလို့ ..
သူ့ အတွေး ကိုယ့်အတွေးတွေနဲ့ ..
ပေါင်းဆပ်ကာ ကောင်းမြတ်တဲ့ 
အရာတွေကိုလည်း လုပ်ခဲ့ ဘူးတယ်..
သူငယ်ချင်း..
ဒို့ တွေဖောက်ခဲ့ တဲ့ လမ်း..
ဒိုတွေ့  လျှောက်ရုံနဲ့ လမ်းမပျောက်စေရဘူး..
ကျန်ခဲ့ တဲ့ ခြေရာတွေပေါ်အလံတွေစိုက်..
ဒို့ တွေရဲ့ အမှိုက်ဆိုတာမရှိစေရဘူး..
ဒို့ တွေရဲ့ ခရီးလမ်းဆုံး..
ဒီလမ်းကိုသုံးမယ့်သူတွေ ရှိနေအုံးမယ်ဆိုတာ..
ဒို့ တွေမမေ့ ပျောက်စေရဘူး..
ဒို့ တွေဖောက်ဒို့ တွေလျှောက်လို့ ...
ပြီဆုံးတဲ့ တစ်နေ့ ကမ္ဘာတံခါးကိုခေါက်ပြီး..
မင်းက မင်းလမ်းကိုလျှောက်..
ငါက ငါ့ လမ်းကိုလျှောက်..
မင်းနောက်ကိုငါလိုက်လို့ မရဘူး..
ငါ့နောက်ကိုမင်းလိုက်လို့ မရဘူး..
သူငယ်ချင်း..

0 ကွန်မန့်ရေးရန်:

Post a Comment