This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, April 16, 2012

“40 လေးဆယ် ၄၀ ”

အရမ်းကြိုက်လို့ ပြန်လည်မျှဝေလိုက်ပါတယ်။
အသက်၄၀ မပြည့် သေးတဲ့သူတွေရော ၊ပြည့်တော့မယ့်သူတွေရော၊ ပြည့်ပြီးတဲ့သူတွေရော အားလုံးအတွက် ----
ကိုယ်ဖြတ်သန်းလာခဲ့ပြီးတဲ့ နှစ်တွေ ကို ပြန်လည်ဆန်းစစ်ကြည့်နိုင်ဖို့ပါ။




“40 လေးဆယ် ၄၀ ”




သူငယ်ချင်း
အသက်လေးဆယ်ဆိုတာ
ဟိုနိုင်ငံတွေမှာသာ ဘ၀အစဆိုပေမယ့် 
မြန်မာပြည်မှာတော့  ကြာဆံတွေ ခေါင်းပေါ်တင်လို့ 
အိုမင်းခြင်းကိုစလက်ခံရတဲ့အရွယ်ပါဘဲ။


သူငယ်ချင်း အသက်လေးဆယ်ဆိုတာ
ကလေးဘ၀က ဆရာမကိုအဖြေလွှာ ပြသလို
အမှန်ခြစ်လေးရတာနဲ့  ပျော်ပြရမှာမဟုတ်သလို
ိုကြက်ခြေခတ်လေးတွေ့ တာနဲ့ ဝမ်းနည်းပြရမယ့် အရွယ်လဲမဟုတ်ပေါင်ကွယ်။


သူငယ်ချင်း အသက်လေးဆယ်ဆိုတာ
ဟို မျက်မှန်နဲ့ ကောင်လေးမေးသလို
“အသက်လေးဆယ် လူတွေမေးတယ် ဘယ်တော့များမှ စားရမှာလဲ”
ဆိုတာ သဘာဝမကျ။
ဒီအရွယ်ရောက်မှတော့အမြီးတော့ပေါက်သင့်သပေါ့ ။


သူငယ်ချင်း အသက်လေးဆယ်ဆိုတာ
လာမြှေက်ပေးရင် ဖောပေးလိုက်
လာခြောက်ရင်လဲ ကောပေးလိုက်
မြှောက်တတ်သွားအောင်လဲမြှောက်မပေးနဲ့ 
အောက်စိုက်သွားအောင်လဲ ဆောင့်မကန်လိုက်နဲ့ 
စလိုးအင်စတယ်ဒီ ဆိုတဲ့ဘိုစကား မေ့ထားလို့မရတဲ့ အရွယ်လေကွယ်။


သူငယ်ချင်း အသက်လေးဆယ်ဆိုတာ
လက်နဲ့ရွယ်တာနဲ့  မျက်ရည်ကျချင်လို့တော့မရဘူး။
လက်နဲ့တို့တာနဲ့ မျက်ရည်စို့ ရမယ့် အရွယ်လဲလွန်ခဲ့ကြာပေါ့ ။
သစ်ပင်တွေ အပွေးတက်သလို
ိုရင့်သထက်ရင့်ကျက်လာအောင်
ချက်ရမယ့် အရွယ်လေကွယ်။


သူငယ်ချင်း အသက်လေးဆယ်ဆိုတာ
တကယ်တော့ မသိခြင်းတရားရဲ့ ဆယ်နှစ်
နည်းနည်လေးသိသလိုလိုနဲ့  ဆယ်နှစ်
တော်တော်လေးသိသလိုလိုနဲ့ ဆယ်နှစ်
သေချာပြန်စစ်မှ ဘာမှမသိသေးတာဆယ်နှစ်
ဒီလိုနဲ့ပဲ အနှစ်လေးဆယ်
မွန်းအောင်သီချင်းလေးငှားသုံးရင်
် “ကုန်လွယ်လွန်းလိုက်တာ”ပါဘဲ။


ကဲ သူငယ်ချင်း အသက်လေးဆယ်ဆိုတာ
တကယ်တော့  ကုန်လွန်ခဲ့တဲ့
့ အနှစ်လေးဆယ် ဒီထက်ဘာမှမပိုတာ
အသေချာကြီးပါကွယ်။


ကိုပေါက်လက်ဆောင်အတွေးစဉ် (18-3-2012)
http://poem.myanmarfriendsday.net/archives/1618

အောင်မြင်မှုရဲ့ တကယ့်လျှို့ဝှက်ချက်



လူအများစုဟာ အောင်မြင်ရေးလျှို့ဝှက်ချက်တွေကို ရှာဖွေနေကြပါတယ်။ သန်းကြွယ်သူဋ္ဌေးတစ်ယောက်ဖြစ်ဖို့အတွက် လျှို့ဝှက်ချက်၊ အလုပ်မှာ အောင်မြင်ဖို့အတွက် လျှို့ဝှက်ချက်၊ စသဖြင့် အောင်မြင်ရေးလျှို့ဝှက်ချက်တွေကို ရှာဖွေနေကြတယ်။ သူတို့တွေ အဲဒီလျှို့ဝှက်ချက်တွေကို ရှာတွေ့ဖို့အတွက် Amazon.com က စာအုပ်ပေါင်း ၁၇၉၇ အုပ်ကို လက်ရှိ စာရင်းပြုစုထားပါတယ်။ အဲဒီစာအုပ်တွေထဲမှာ ” ထူးထူးခြားခြား အောင်မြင်ကြသော အမျိုးသမီးများ၏ အောင်မြင်ရေးလျှို့ဝှက်ချက်များ ” ဆိုတဲ့ စာအုပ်က အစ၊ ” သန်းကြွယ်သူဋ္ဌေးတို့၏ လျှို့ဝှက်ချက် ၂၁ ခု”  စတဲ့ အောင်မြင်စေရမယ်လို့ ကတိပေးထားတဲ့ စာအုပ်တွေ ပါဝင်ပါတယ်။ သင်ဟာလည်း အောင်မြင်ရေးလျှို့ဝှက်ချက်ကို ရှာဖွေနေတဲ့သူတစ်ယောက်ဆိုရင်တော့ အဲဒီစာအုပ် ၁၇၉၇ အုပ်နဲ့ အချိန်ကုန်ခံမနေပါနဲ့တော့။ သင့်ကို အချိန်ကုန် သက်သာအောင် ကျနော် ပြောပြပါ့မယ်။
အဓိက အချက်က ဒါပါပဲ – အောင်မြင်မှုမှာ ဘာလျှို့ဝှက်ချက်မှ မရှိပါဘူး။ အောင်မြင်မှုအတွက် ပဉ္စလက်ဆန်တဲ့ နည်းလမ်းတွေ မရှိပါဘူး၊ ဖြတ်လမ်းတွေ မရှိပါဘူး၊ ထီလက်မှတ်တွေလိုမျိုးလည်း သင် ၀ယ်ယူလို့မရပါဘူး။
အောင်မြင်ဖို့အတွက် ရေရှည် ကြိုးပမ်းနိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ အလုပ်မှာ စိတ်နှစ်ထားမှု၊ ၀ါသနာကြီးမှု၊ လေ့ကျင့်မှု၊ အာရုံစူးစိုက်မှုနဲ့ အလုပ်ကြိုးစားမှုတို့ လိုအပ်တယ်ဆိုတာကို အောင်မြင်နေကြတဲ့သူတွေ သိကြပါတယ်။ တကယ်တော့ ဒါတွေဟာ ဘာလျှို့ဝှက်ချက်တွေမှ မဟုတ်ပါဘူး။
ချက်စတာ ကာလ်ဆန်ကို ကြည့်ပါ။ သူဟာ ဓာတ်ပုံကူးတဲ့ နည်းပညာကို တီထွင်ခဲ့တဲ့ အောင်မြင်တဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ သူမအောင်မြင်ခင်က သူ့ရဲ့ စိတ်ကူးကို ကုမ္ပဏီကြီး  ၂၀ က ငြင်းပယ်ခဲ့ကြတယ်။ သူဟာ ဇွဲရှိရှိ၊ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ စောင့်ခဲ့ရတာ ၇ နှစ်ကြာတယ်။ နောက်ဆုံးမှာတော့ ကုမ္ပဏီတစ်ခုက သူရဲ့ တီထွင်မှုကို ၀ယ်ယူခဲ့တယ်။ အဲဒီနောက်မှာတော့ သူဟာ Xerox Corporation ကြီးအဖြစ် အောင်မြင်လာခဲ့တယ်။
ဒါမှမဟုတ် ဂျူလီယာ ချိုင်းလ်ဒ်ကို ကြည့်ပါ။ သူမဟာ ပြင်သစ် ချက်နည်းပြုတ်နည်းစာအုပ်အတွက် အလုပ်လက်ခံရရှိခဲ့တယ်။ ပူးပေါင်းဆောင်ရွက်သူနှစ်ယောက်နဲ့အတူ ငါးနှစ် အလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူမရဲ့ စာမူကို ထုတ်ဝေသူက ငြင်းပယ်ခဲ့တယ်။ သူမ နောက်ထပ် တစ်နှစ် ထပ်ကြိုးစားတယ်။ ဒီတစ်ခါလည်း သူမရဲ့ စာမူကို ငြင်းပယ်ခံရပြန်တယ်။ ဒါပေမဲ့ ဂျူလီယာက အရှုံးမပေးဘူး။ နောက်ထပ် ရှစ်နှစ်လောက်ကြာတဲ့အခါ စာအုပ်တိုက်တစ်ခုက သူမရဲ့ ချက်နည်းပြုတ်နည်းစာအုပ်ကို ထုတ်ဝေခဲ့တယ်။ အဲဒီစာအုပ်ဟာ အုပ်ရေ သန်းချီပြီး ရောင်းချခဲ့ရတယ်။
သင်ဟာ အောင်မြင်ချင်တယ်ဆိုရင်၊ သင့်ကို အောင်မြင်စေမယ့် လျှို့ဝှက်ချက်တစ်ခုခုကို အပြင်မှာ ရှာဖွေနေတာကို ရပ်လိုက်ပါ။ အဲဒီအစား၊ သင့်ရဲ့ အမြင်အာရုံတွေကို သင့်ရဲ့ အတွင်းထဲကို လှည့်လိုက်ပါ။ သင် လိုအပ်သမျှ အရာတိုင်းကို သင် တွေ့ရပါလိမ့်မယ်။ သင့်အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ဟာ သင်ကိုယ်တိုင်ပါပဲ။ ဒါပေမဲ့ အောင်မြင်မှုအတွက် လိုအပ်တဲ့အရာတွေ သင့်မှာမရှိသေးဘူးလို့ ထင်တယ်ဆိုရင် ထပ်စဉ်းစားကြည့်ပါဦး။ တစ်ခုခုကို အထူးဝါသနာပါတဲ့သူတွေ၊ လုပ်အားပေးအဖွဲ့အစည်းတွေ၊ ဒါမှမဟုတ် အင်တာနက် ဘလော့ဂ်တွေကို လျှောက်ကြည့်ပါ။ ကဗျာဆရာတွေ၊ အဆိုတော်တွေ၊ အနုပညာရှင်တွေ၊ အားကစားသမားတွေ၊ hacker တွေ၊ နံရံတွေပေါ်မှာ ပုံဆွဲတဲ့ ပန်းချီဆရာတွေ၊ သူတို့တွေကို လေ့လာကြည့်ပါ။
စိတ်ဓာတ်ခိုင်မာခြင်း၊ ဇွဲရှိခြင်း၊ လက်တွေ့လုပ်ဆောင်တတ်ခြင်း နဲ့ အလုပ်ကြိုးစားခြင်းတို့ကို ထင်ထင်ရှားရှားတွေ့ရပါလိမ့်မယ်။ ပြီးတော့ အဲဒီအရာတွေဟာ သင့်ရဲ့ ကိုယ်တွင်းမှာလည်း ရှိနေပါတယ်။ အဲဒီအရာတွေက သင် သူတို့ကို ဘယ်အချိန်မှာ လှမ်းခေါ်မလဲလို့ စောင့်နေကြပါတယ်။
အောင်မြင်တဲ့သူတွေဟာ သူတို့ရဲ့ ခွန်အားတွေကို သူတို့ရဲ့ စိတ်ဝင်စားမှု၊ သူတို့ရဲ့ ၀ါသနာတွေမှာ ထည့်ထားကြတယ်။ သူတို့ဟာ အခက်အခဲတွေ၊ နောက်ပြန်လန်ကျမှုတွေ၊ စိတ်ပျက်စရာတွေကို ကြံ့ကြံ့ခိုင်နိုင်ကြတယ်။
အောင်မြင်ရေးလျှို့ဝှက်ချက်တွေ ရှာဖွေနေတာကို ရပ်လိုက်ပါ။ သင့်အောင်မြင်မှုရဲ့ တကယ့်လျှို့ဝှက်ချက်ဟာ သင်ကိုယ်တိုင်ပဲဆိုတာကို စပြီး သဘောပေါက်ပါ။ “နှလုံးသားဟာ ဘာမဆို လုပ်နိုင်တယ်” လို့ Moliere က ပြောပါတယ်။ သင့်ရဲ့ အလုပ်ထဲမှာ သင့်နှလုံးသားကို ရှာဖွေပါ။ သင်ဟာ ဘယ်အရာကိုမဆို လုပ်နိုင်ပါလိမ့်မယ်။

Ref: THE SECRET TO SUCCESS by Nan S. Russell



ဗေဒင် ဟောပေးတဲ့ ဆော့ဝဲလ် တဲ့ဗျာ




ကဲ ... ကိုကံလင်း  ပြောတာ ဒါလားမသိဘူးဗျာ... C-Box မှာ ခဏခဏ လာပြောနေလို့ ရှာရှာဖွေဖွေ တင်ပေးလိုက်ပါတယ်...ကိုယ့်ဘာသာကိုယ်သာ ကလိကြည့်လိုက်ပါနော်...:)
ဗေဒင် ၊ ဇာတာ၊ ယတြာ တွေနဲ့ ပတ်သက်ပြီး လေ့လာချင်ရင်တော့ ဆရာ ဟိန်းတင့်ဇော် ဆီကိုသာ သွားလိုက်ပါဗျာ...

အားလုံးကို ကျေးဇူးတင်ပါတယ်...။


Download ဗေဒင်ဆော့ဝဲလ်


"The Lady" ရုပ်ရှင်ဇာတ်ကားကို HD Quality ဖြင့်ကြည့်ရှုနိုင်ပါပြီ





နိုင်ငံတကာမှာရုံတင်ပြသပြီးပေမယ့်..မြန်မာနိုင်ငံမှာ..ခုချိန်ထိပြသနိုင်ခြင်းမရှိသေးတဲ့....ဒေါ်အောင်ဆန်းစုကြည့်ရဲ့အကြောင်းကိုရိုက်ကူးထားသော " The Lady " ရုပ်ရှင်ဇာတ်ကားကို Online ကနေ HD Quality ဖြင့်ကြည့်ရှုနိုင်ပါပြီ။ ကြာမြင့်ချိန် (132) မိနှစ်ခွဲရှိပြီး.. Download ဆွဲမယ်ဆိုရင်တော့ (396.62)MB ရှိပါမယ်။








www.kyaukme.com   ကတဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။