This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, December 21, 2012

“ဒီမိုကရေစီလမ်းပေါ်လျှောက်နိုင် အောင် ယခင်စစ်အုပ်စုခေါင်းဆောင်တွေ လုပ်ပေးခဲ့တယ်ဆိုတာလုံးဝလက်မခံပါဘူး´´၀ါရင့်နိုင်ငံရေးသမားကြီး ဟံသာဝတီဦးဝင်းတင် နှင့်တွေ့ဆုံခြင်း

လက်ရှိမြန်မာနိုင်ငံ၌ ဒီမိုကရေစီလမ်းစဉ်အား စတင်အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမှာ ယခင်အစိုးရခေါင်းဆောင်များ၏ ဆောင်ရွက်ပေးခဲ့မှုဖြစ်ကြောင်းနှင့် ယခင်စစ်အစိုးရခေါင်းဆောင်များ လုပ်ဆောင်ပေးခဲ့သဖြင့် ပြည်သူများ ဒီမိုကရေစီအရသာအား စတင်ခံစားနေရပြီဖြစ်ကြောင်း၊ လက်ရှိအစိုးရ၏ ခေါင်းဆောင်ပိုင်း တာဝန်ရှိသူအချို့မှ ပြောနေခြင်းအပေါ် ၀ါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်အား Hot News Weekly သတင်းထောက်မှ တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ ဒီမိုကရေစီလမ်းစဉ် ကျင့်သုံးနိုင်ခြင်း အပေါ် ယခင်စစ်အစိုးရခေါင်းဆောင်များ၏ အခန်းကဏ္ဍအပေါ် အမြင်သုံးသပ်ချက်အချို့အား မေးမြန်းဖြစ်ခဲ့သည်။လက်ရှိအစိုးရခေါင်းဆောင်ပိုင်းက တာဝန်ရှိသူတွေအနေနဲ့ ဒီနေ့ မြန်မာ နိုင်ငံ မှာ ဒီမိုကရေစီလမ်းစဉ် ကျင့်သုံး လာနိုင်တာ ယခင်စစ်အစိုးရခေါင်း ဆောင်တွေ လုပ်ပေးခဲ့လို့လို့ ပြောနေ ကြပါတယ်။ ဒီအပေါ် ဘဘရဲ့ အမြင် လေးကို သိပါစေ။

ခုသမ္မတဦးသိန်းစိန်နဲ့ အသိုင်း အ၀ိုင်းကလည်း ဒီလို ပြောနေတယ်။ နောက်ဆုံး သမ္မတဦးသိန်းစိန်ကိုယ်တိုင် ကကို ထုတ်ဖော်ပြောခဲ့တာပဲ။ ခု ဒီမို ကရေစီလမ်းစဉ်ကို လျှောက်လှမ်းနိုင်ဖို့ ယခင်စစ်အာဏာရှင်အစိုး ခေါင်းဆောင် တွေက လုပ်ပေးခဲ့တာပါ၊ လမ်းခင်းပေး ခဲ့တာပါလို့ သူတို့ပြောနေကြတာတွေကို လုံးဝလက်မခံပါဘူး။ သူတို့ကပြောရင်

ယခင် နှစ် နှစ်ဆယ်ကျော်ထဲက ဒီမို ကရေစီစနစ်တည်ဆောက်ဖို့ စီစဉ်ပြီး သားပါဆိုတာတွေ ပြောကြတယ်။ အဲဒီ အချိန်ကတည်းကပြောရရင် ၁၉၈၈/၈၉ ထဲက တိုင်းပြည်ကိုဖျက်ဆီးခဲ့တာ၊ နှိပ်ကွပ် ခဲ့တာ စစ်အုပ်စုတွေပဲ။ သူတို့က ဒီမို ကရေစီနဲ့ တိုင်းပြည်ကိုသွားဖို့ ဖွင့်ပေးခဲ့ တာမဟုတ်ဘူး၊ ဒီမိုကရေစီကို ပိတ်ခဲ့ တာ။

၁၉၉၀ အထွေထွေရွေးကောက်ပွဲကြီး တုန်းကလည်း ဗိုလ်ချုပ်မှူးကြီးစော မောင်က အနိုင်ရ NLD ကို အခြေခံ ဥပဒေဆွဲခိုင်းတယ်လို့ သိရပါတယ်။ အဲဒီတုန်းက တိုင်းပြည်ရဲ့အခြေအနေ တွေအပေါ် ဘဘအနေနဲ့ ဘယ်လို သုံး သပ်ပါသလဲ။

အဲဒီအချိန်က လူထုက စစ်အုပ်စု တွေကို မလိုလားလို့ NLD ကို မဲပေးခဲ့ တာ အပြတ်အသတ်နိုင်ခဲ့တာပဲ။ ဒီတော့ ရွေးကောက်ပွဲမလုပ်ခင် ဗိုလ်ချုပ်မှူးကြီး စောမောင် ပြောခဲ့တာပဲ။ ရွေးကောက်ပွဲ ကျင်းပပေးမယ်။ အနိုင်ရတဲ့သူကို အာ ဏာလွှဲပေးမယ်။ ပြီးရင် သူတို့တွေ စစ် စခန်းတွေကို ပြန်မယ်။ ဒီတော့ လိုအပ် တဲ့အခြေခံဥပဒေဆွဲပါလို့ ပြောတယ်။ ဒီဟာက ကမ္ဘာ့သတင်းစာတွေမှာတောင် နေရာယူခဲ့တာ။ အဲဒီတုန်းက အခြေ အနေတွေကို သုံးသပ်ရရင် NLD နိုင်ခဲ့ တယ်။ NLD နိုင်တယ်ဆိုတာက သိပ် ကောင်းလို့မဟုတ်ဘူး။ အဲဒီ ရွေးကောက် ပွဲရဲ့ရလဒ်ကို စစ်အုပ်စုတွေအောက်မှာ နှစ်ပေါင်းများစွာ ချုပ်ချယ်မှုတွေနဲ့ နေ လာခဲ့ရတဲ့ ပြည်သူတွေက စစ်အုပ်စုတွေ၊ စစ်အာဏာရှင်တွေကို လက်မခံတော့ ကြောင်း ပြလိုက်တာ NLD ပွဲကလည်း တစ်နှစ်နဲ့ ၇ လကျော်ပဲရှိတာ။ ဒါဟာ စစ်အာဏာရှင်အုပ်စုကို ပြည်သူက ငြင်း ပယ်လိုက်တာပဲ။ မင်းတို့တွေသွားလို့ မောင်းထုတ်လိုက်တာပဲ။ အဲဒီတုန်းက လူထုက ဒီမိုကရေစီလိုချင်တယ်ဆိုတာ ထက် စစ်အုပ်စုကို အလိုမရှိဘူးဆိုပြီး ငြင်းလိုက်တာပဲ။

အဲဒီတုန်းက အနိုင်ရတဲ့ NLD က လွှတ်တော်ခေါ်ပေးဖို့ န၀တအစိုးရကို တောင်းဆိုတုန်း ၁/၉၀ ကြေညာချက် ထုတ်ပြန်မှုအရ အမျိုးသားညီလာခံကြီး ကျင်းပရတဲ့အပေါ်ရော ဘယ်လိုမြင်မိ ပါသလဲ။

၁၉၉၀ မှာ NLD က ရွေးကောက်ပွဲ နိုင်တယ်။ အဲသလို နိုင်ပြီးတဲ့နောက် န၀တကို လွှတ်တော်ခေါ်ပေးဖို့ တောင်း ဆိုတယ်။ နှစ်လအထိ အစိုးရက လွှတ် တော်မခေါ်ဘူး။ အဲဒါနဲ့ နောက်တစ်လ ထပ်စောင့်မယ်။ အဲဒီလိုစောင့်တာမှ မရ ရင် ကိုယ့်သဘောနဲ့ကိုယ် လွှတ်တော် ခေါ်မယ်ဆိုပြီး န၀တကို ရာဇသံပေး လိုက်တယ်။ အဲဒီမှာပဲ န၀တက ၁/၉၀ ကြေညာချက်ဆိုပြီးထုတ် ဒီတော့ အစိုးရ က အာဏာလွှဲပြောင်းဖို့တာ ဟုတ်ပြီ။ အခြေခံဥပဒေဆွဲပါ။ တကယ်တော့ စစ် အုပ်စုတွေက အာဏာလည်း မလွှဲချင် ရော အမျိုးသားညီလာခံ ခေါ်ပြီးမှ အခြေခံဥပဒေဆွဲပါ။ အဲဒီညီလာခံမှာ NLD ကိုယ်စားလှယ်တွေလည်း တက် ပါ။ တကယ်တက်ခွင့်ရတော့ အနိုင်ရ NLD အမတ် ၄၀၀ ထဲက လေးပုံတစ်ပုံ ပဲ တက်ရတယ်။ ညီလာခံကိုယ်စားလှယ် တွေနဲ့ယှဉ်ရင် ၈ ပုံ ၁ ပုံပဲ တက်ရတယ်။ ဒါဟာ အစိုးရရဲ့ တစ်ဖက်သတ်ဖိနှိပ်တဲ့ သဘောကို ပြခဲ့တာပဲ။ အနိုင်ကျင့်တဲ့ သဘောကို ပြခဲ့တာပဲ။ ကျွန်တော် ဆွဲ ပြောနေတာ မဟုတ်ဘူး ဒီလိုပဲမြင်တယ်။

အဲဒီညီလာခံကြီးရဲ့ ရလဒ်တွေအရ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲနိုင်တာတို့၊ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းနိုင်ခဲ့တာရော ရှိခဲ့ပါသလား။

အဲဒီညီလာခံကြီးမှာ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ် အခတ်ရပ်စဲရေးဆိုတာလည်း လုပ်ခဲ့တာ ပဲ။ ပြဿနာကို အဖြေရှာခဲ့ကြတာပဲ။ ဒါပေမဲ့ အပစ်အခတ် ရပ်စဲရေးဆိုတာ လောက်ပဲ လုပ်နိုင်ခဲ့တယ်။ သူတို့ရဲ့ နိုင်ငံ ရေးပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ဘူး။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကို ထိထိရောက်ရောက် မဆွေးနွေးနိုင်ခဲ့ဘူး။ အဖြေမရှာနိုင်ခဲ့ဘူး။ အဲသလို ဘာမှ အဖြေတိတိကျကျ မထွက် ခဲ့တဲ့ ညီလာခံက ထွက်ပေါ်လာတဲ့ အခြေ ခံဥပဒေလည်း ဘာမှ အသုံးမကျဘူး။ တိုင်းပြည်အတွက်ရော ညီလာခံတက်ခဲ့ တဲ့ တိုင်းရင်းတွေအတွက်ရော ဘာမှ အသုံးမကျခဲ့ဘူး။

ခု သမ္မတဦးသိန်းစိန် ဦးဆောင်ပြီး လုပ်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု တွေ၊ ဆွေးနွေးမှုတွေအပေါ်မှာရော ဘယ်လိုမြင်မိပါသလဲ။

ခုသမ္မတက တိုင်းရင်းသားတွေကို လာခဲ့ကြပါ။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အတွက် လွှတ်တော်ထဲဝင်ကြပါ။ ပါတီ တွေဖွဲ့ကြပါ။ ပြီးလျှင် လွှတ်တော်ထဲက နေ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြပါလို့ ပြောတယ်။ မသိတဲ့ လူကျတော့ ဒီအစိုးရ သိပ်ကောင်းတာပဲ။ သိပ်ပွင့်လင်းတာပဲ။ သင်ကြမယ်။ တကယ်တော့ ဒီလိုလုပ်နေတာတွေ၊ ဒီလို ပြောနေတာတွေဟာ ဒီမိုကရေစီကို သူတို့ပေးတာ၊ ဒီမိုကရေစီကို သူတို့ဖန်တီး တာဆိုတာမျိုး ဖြစ်အောင်ပြောနေတာ ကျွန်တော်က ဒီလိုပဲမြင်တယ်။

ဘဘခင်ဗျား… လက်ရှိမြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီပြောင်းလဲလာမှုကရော ဘယ်အတိုင်းအတာထိ ရှိပါသလဲ၊ အဲဒီ အပေါ်မှာရော ဘဘအနေနဲ့ ဘယ်လို မြင်မိပါသလဲ။

လက်ရှိဒီမိုကရေစီ ပြောင်းလဲမှုဖြစ် စဉ်က အရမ်းကို အရှိန်အဟုန်မြင့်နေ တယ်လို့ မသိတဲ့လူတွေက ထင်ကြတယ်။ ပြီးတော့ ဒီအစိုးရကိုလည်း ဒီမိုကရေစီကို ဖွင့်ပေးတဲ့အစိုးရ၊ ယခင် စစ်ခေါင်းဆောင် တွေကိုလည်း ဒီမိုကရေစီသွားနိုင်အောင် လုပ်ပေးခဲ့သူတွေလို့ မြင်ကြတယ်။ တကယ်တော့ စစ်အစိုးရ အသွင်ပြောင်း အုပ်စုတွေက ဒီမိုကရေစီကို ဖွင့်ပေးတဲ့ သူတွေ၊ ဒီမိုကရေစီရအောင် လုပ်ပေးသူ တွေမဟုတ်ဘူး။ ဒီမိုကရေစီမရအောင် ပိတ်သူတွေပဲ။ ပြီးတော့ သူတို့လုပ်လို့ ရတယ်ဆိုတဲ့ ဒီမိုကရေစီကလည်း ရေ ပေါက်လေးပမာပဲ။ သူတို့တွေ ပိတ်ဆို့တဲ့ ကြားကနေ ပြည်သူတွေရဲ့ လိုလားမှုနဲ့ စိမ့်ထွက်လာတဲ့ ရေပေါက်လေးပမာပါပဲ။ ဒီတော့ ဒီကနေ့ ဒီမိုကရေစီဟာ ဘာမှ မပြည့်ဝသေးတဲ့ ဒီမိုကရေစီ လုံးဝပြည့်ဝမှု မရှိသေးတဲ့ ဒီမိုကရေစီပဲလို့ မြင်တယ်။
ဟုတ်ကဲ့၊ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘဘ။

ရင်းမြစ်...  The Hot News

မြန်မာနဲ့ အမေရိကန် စစ်ရေးပူးပေါင်းမှု မကြာခင်စတင်မယ်

Lu Bo and 2 other people shared Ko John's photo.
မြန်မာနဲ့ အမေရိကန် စစ်ရေးပူးပေါင်းမှု မကြာခင်စတင်မယ်

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားပေးတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုက မြန်မာတပ်မတော်နဲ့ စစ်ရေးဆက်ဆံမှုတွေကို မကြာခင် စတင်တော့မယ့်လို့ မနေ့က ပြောဆိုလိုက်ပါတယ်။

ပင်တဂွန် အမေရိကန်စစ်ဌာနချုပ် ထိပ်ပိုင်းအရာရှိတစ်ဦးရဲ့ ဗုဒ္ဒဟူးနေ့ ပြောကြားချက်အရဆိုရင် မြန်မာ့တပ်မတော်က အရာရှိတွေကို လူသားချင်းစာနှာမှု ဆိုင်ရာ ကယ်ဆယ်ကူညီရေး၊ ခုခံကာကွယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနဲ့ စစ်ဖက်ဆိုင်ရာ ဆေးဝါးကုသရေး ကဏ္ဍတွေမှာ အမေရိကန်တပ်မတော်က သင်တန်းပို့ချမှာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ မြန်မာစစ်တပ်တွေအကြား ဆက်ဆံရေးကို တဆင့်ပြီးတဆင့် တိုးမြှင့်သွားမှာဖြစ်ကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို မကြာခင်မြင်ရမှာ ဖြစ်ကြောင်းလည်း အဲဒီ ပင်တဂွန် အရာရှိက ပြောပါတယ်။

မဟာဗျူဟာပြောင်းလဲကျင့်သုံးနေတဲ့ အမေရိကန်ပြည်ထောင်စုဟာ တရုပ်သြဇာကြီးနေတဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ အထူးလိုလားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

လာမယ့်နှစ်အတွင်း ထိုင်းနိုင်ငံမှာ ကျင်းပမယ့် စစ်ရေးလေ့ကျင့်ပွဲကို လေ့လာသူအဖြစ် မြန်မာတပ်မတော်အရာရှိတွေ တက်ရောက်ပါလိမ့်မယ်။

အဲဒီလေ့ကျင့်ပွဲဟာ အမေရိကန်နဲ့ အာရှမဟာမိတ်တပ်ဖွဲ့တွေ ပါဝင်တဲ့ အာရှတိုက်ရဲ့ အကြီးမားဆုံး စစ်ရေးလေ့ကျင့်ပွဲဖြစ်ပါတယ်။

အမေရိကန်အစိုးရဟာ တရုပ်ပြည်ရဲ့ အင်အားလွှမ်းမိုးမှုကို တုံ့ပြန်တဲ့အနေနဲ့ အာရှ ပစိဖိတ်ဒေသကို နောက်ဆုံးပေါ် စစ်သင်္ဘောတွေ လက်နက်တွေ စေလွှတ်ချထား ဖို့စီစဉ်နေပါတယ်။

အဲဒီလိုတပ်စွဲချထားမယ့် အင်အားစုတွေထဲမှာ ပီအိပ် အမျိုးအစား ရေငုတ်သင်္ဘောခြေရာခံ ထောက်လှမ်းရေး လေယာဉ်ပျံတွေ၊ ခရုစ်ဒုံးကျည်တွေ၊ ဗာဂျီးနီးယား အမျိုးအစား ရေငုတ်သင်္ဘောတွေ၊ ကမ်းရိုးတန်းဒေသသုံး တိုက်သင်္ဘောတွေနဲ့ တည်ဆောက်နေဆဲ နောက်ဆုံးပေါ် F35 တိုက်လေယာဉ်ပျံတွေ ပါဝင်ပါလိမ့်မယ်။

အမေရိကန်တပ်မတော်ရဲ့ အင်အား ထက်ဝက်ကျော်ကို အာရှပစိဖိတ်ဒေသမှာ တပ်စွဲချထားမယ်လို့ သိရပါတယ်။

Credit : RFA 

2012-12-19

http://www.rfa.org/burmese/news/mm-us-military-12192012224556.html

ယောင်္ကျားလျာနဲ့ မိန်းမလျာ လင်မယား ဘယ်လို စခန်းသွားလဲ

Lulay Tarrtarr shared မြန်မာ့သားကောင်း's photo.
ယောင်္ကျားလျာနဲ့ မိန်းမလျာ လင်မယား ဘယ်လို စခန်းသွားလဲ
=============================

လောကကြီးမှာ အထူးအဆန်းတွေတော်တော် များလာတယ် ပြောရမလားပါဘဲ။ ဘန်ကောက်ပို့စ်မှာ ဖော်ပြ ထားတဲ့ သတင်းဗီဒီယို မှတ်တမ်း တခုကိုကြည့်လိုက်တော့ အံ့သြခဲ့ရပေမယ့် ဘ၀ဟာ တခါ တရံ ပြောင်း
ပြန်တွေက အတည့်ဖြစ်တာလည်း ရှိတယ်လို့ ယူဆမိလိုက်ပါတယ်။ 

ထိုင်းလူမျိုးတွေဖြစ်ကြတဲ့ လိင်ခွဲစိတ်ထားတဲ့ မိန်းမလျာ တဦးနဲ့ ယောင်္ကျားလျာ တဦးတို့ရဲ့ အချစ်နဲ့ သူတို့ အိမ်ထောင်ရေးဖြစ်ရပ်ကို မှတ်တမ်း တင်ထားတာပါ။ ရိုမန်တစ် အချစ်လို့ တင်စားပြီး ဘန်ကောက် ပို့စ် က ဖော်ပြထားပါတယ်။ 

နောက်ဆုံးတော့လည်း ယောင်္ကျားနဲ့ မိန်းမ လက်ထပ်ဖြစ်တာတော့ မှန်ပေမယ့် ဓမ္မတာအတိုင်း မဟုတ် ဘဲ ယောင်္ကျားတဖြစ်လဲ မိန်းမနဲ့ မိန်းမ အသွင်ပြောင်း ယောင်္ကျာလျာ တို့ဖြစ်နေတာပါ။

သူတို့မှာ တရားဝင် လက်ထပ်စာချုပ်လည်း ရှိကြပါတယ်။ သူတို့ဘ၀ကို သူတို့က ပျော်ပိုက်နေကြတယ်လို့ ဆိုပါတယ်။ လူတွေက သူတို့ကို ထူးထူးဆန်းဆန်း အဖြစ် အမျိုးမျိုး ဝေဖန်ကြပေမယ့် သူတို့ အချစ်ကတော့ ပြိုလဲမသွားပါဘူးတဲ့။ 

သူတို့ ၂ ဦးရဲ့ အိမ်မက်မှာ သူတို့ ကိုယ်ပိုင် သားသမီး တဦးလိုချင်တာနဲ့ အိမ်ကောင်းကောင်းတလုံး ပိုင်ဆိုင် ချင်တယ်လို့လည်း ပြောထားပါတယ်။
ဓါတ်ပုံ - ယောင်္ကျားလျာနဲ့ မိန်းမလျာတို့ရဲ့ ဘ၀ ၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ် 

်from -ဧရာဝတီ

မသီတာထွေး အရေးကြောင့် ရွာကိုမလာရဟု တားမြစ် ပိတ်ပင်ခံထားရသူ ရွာပြန်လာ၍ ထောင် (၁) နှစ် ချမှတ်ခံရ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် စံပြကျေးရွာတွင် မသီတာထွေး သေဆုံးပြီးနောက် လုံဆော်မူများ ပြုလုပ်သည့် စွပ်စွဲချက်ဖြင့် ရွာသို့ ပြန်မလာရဟု ခံဝန်ချက်ဖြင့် ရဲက ရွာထဲမှ နှင်ထုတ်ခံထားရသူ တစ်ဦး ရွာပြန်လာသဖြင့် ရမ်းဗြဲမြို့နယ် တရားရုံးက ထောင် (၁) နှစ် ချလိုက်သည်ဟု သိရသည်။
မသီတာထွေး တို့နေ ရပ် ကျောက်နီမော် ကျေးရွာ။
မသီတာထွေး တို့နေ ရပ် ကျောက်နီမော် ကျေးရွာ။
သူ့မှာ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး ဖြစ်သူ ကျောက်နီမော်ကျေးရွာမှ  ဦးမောင်ဖိုးဦး၏ သား ကိုလှသွယ် အသက် (၃၈) နှစ် ဖြစ်သည်။
ကိုလှသွယ်အား ခံဝန်ချက် ကတိဖေါက်ဖျက်မှုဖြင့် ရမ်းဗြဲတရားရုံးက ယနေ့ ဒီဇင်္ဘာလ ၂၀ ရက် ယနေ့တွင် ထောင်ဒဏ် (၁) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
“ ကိုလှသွယ်ကို ဖမ်းရတဲ့ အကြောင်းရင်းက သူ့ကို ကျောက်နီမော်မှာ
လှုံဆော်မှု ပြုလုပ်သူ ဖြစ်တယ်ဆိုပြီး ကျောက်နီမော် ကို မလာဖို့ ရဲဆီမှာ ၀န်ခံကတိ ပြုလုပ်ပြီး လက်မှတ် ရေးထိုးထားရပါတယ်။ မနေ့က သူက ကျောက်နီမော်ကို လာတဲ့ အတွက် ၀န်ခံကတိကို ဖေါက်ဖျက်တယ်ဆိုပြီး ကျောက်နီမော်ရဲက ဖမ်းဆီးပါတယ်။ ဖမ်းပြီး ချက်ချင်း ရမ်းဗြဲမြို့နယ် တရားရုံးကို ပို့ပါတယ်။ တရားရုံးက ၀န်ကတိ ဖေါက်ဖျက်မှုနဲ့ ဒီနေ့ နေ့လည် ၁၂ နာရီခွဲအချိန်မှာ ထောင်တစ်နှစ် ချမှတ်လိုက်ပါ တယ်” ဟု ရမ်းဗြဲဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
ကိုလှသွယ်မှာ ဒေသ အခြေအနေ အေးချမ်းနေပြီ ဖြစ်သဖြင့် ပြန်လာခြင်း ဖြစ်ပြီး ယခုကဲ့သို့ ထောင်ချမည်ဟု မထင်ခဲ့ကြောင့် ရမ်းဗြဲဒေသခံက ဆက်ပြောသည်။
“ ကိုလှသွယ်ကို ရွာအပြန် လမ်းမှာ ရဲက ဖမ်းဆီးပြီး ရမ်းဗြဲကို ယူလာပါတယ်။ ရဲက ကိုလှသွယ်ကို ရှေ့နေ ငှားမလားလို့ မေးတော့ ကိုလှသွယ် ငွေကြေးမတတ်နိုင်တာက တကြောင်း၊ ထောင်ကျလိမ့်မယ်လို့ မထင်တာက တကြောင်းကြောင့် ရှေ့နေ မငှား ဘူးလို့ ပြန်ပြောလိုက်ပါတယ်။ ဒါကြောင့် ရဲက သူ့ကို တရားရုံးသို့ တိုက်ရိုက်ပို့ပြီး ခုလို အမူကို ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယနေ့ တရားရုံးတွင် စစ်ဆေးရာတွင် ကိုလှသွယ်က မိမိမှာ  ပြည်ခိုင်ဖြိုး ပါတီဝင်တယောက်ဖြစ်တဲ့ အတွက် ပါတီ ကိစ္စအပြင် ဗိုလ်မှူးကျော်ခိုင် ကျောက်နီမော်ကို လာရန်ရှိသည့် အတွက် သွားရောက်ခြင်းဖြစ်သည်ဟု ထွက်ဆို ခဲ့သော်လည်း ခံဝန်ချက်ကို ချိုးဖေါက်သည်ဟု ဆိုကာ ရမ်းဗြဲမြို့နယ် တရားသူကြီး ဦးမျိုးအောင်က ထောင်ဒဏ် တစ်နှစ် အမိန့် ချမှတ်လိုက်သည်ဟု တစ်ခြား ရဲသား တစ်ဦးကလည်း အတည်ပြု  ပြောကြားသည်။
ယခုကဲ့သို့ တစုံတရာ အမူကို သေသေချာချာ စစ်ဆေးမေးမြန်း မရှိသည့် အပြင် အယူခံဝင်ခွင့် မရဘဲ ထောင်ဒဏ်ချမှတ်လိုက်သည့်အပေါ် အဆိုပါ ရမ်းဗြဲဒေသ ခံက သူ၏ အမြင်ကို ယခုကဲ့သို့ ပြောသည်။
“ အခု နိုင်ငံတော် သမ္မတက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းမှာ ပါတီတွေက လူတွေ တိုက်ရိုက် ပါဝင် ပတ်သက် နေတယ်လို့ ပြောထားတဲ့အပေါ်မှာ သူတို့ ပြည်ခိုင်ဖြိုးပါတီက ပါတီဝင်တွေကိုလဲ ခုလို ပါဝင်ပတ်သက်လာရင် ထောင်ချတယ်ဆိုတဲ့ သဘောမျိုး လုပ်ပြ လိုက်တာလို့ မြင်ပါတယ်။ ဒါမှ  နောက်ထပ် တခြား ပါတီက လူတွေကို အရေးယူနိုင်မှာကိုး။ တစ်ခြား ပါတီဝင်တွေကို ဘယ်လို လုပ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ကိုလှသွယ်ကို ရမ်းဗြဲတရားရုံးမှာ နေ့လည် ၁၂ နာရီခွဲတွင် ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်ပြီးနောက် နေ့လည် ၂နာရီခွဲတွင် ကျောက်ဖြူ အကျဉ်းထောင်သို့ ယူဆောင်သွားကြောင်း သိရသည်
။မောင်ရမ္မာ
by- narinjara.

“စမ်းချောင်းရဲစခန်း အချုပ်ခန်းအတွင်း သေကြောင်းကြံစည်မှု ဖြစ်ပွား”

ခိုးမှု၊မသင်္ကာမှုဖြင့် ဖမ်းဆီးခံထားရသူမှ အချုပ်ခန်းအတွင်း မိမိကိုယ်ကို သေကြောင်းကြံစည်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့ ည (၇)နာရီခန့်က စမ်းချောင်းမြို့နယ် အတွင်း ရှိ နေအိမ်တစ်အိမ်တွင် 3K တံဆိပ်ပါ ဘက်ထရီအိုးကြီး တစ်လုံးအား ခိုးယူခဲ့ပြီး သံတံတားရပ်ကွက် အတွင်းရှိ ရွှေညီကို အမှတ်(၂) ပစ္စည်း အဟောင်း ရောင်းဝယ်ရေးဆိုင်တွင် သွားရောက်ရောင်းချခဲ့သူဟု မသင်္ကာမှုဖြင့် စမ်းချောင်းမြို့နယ်

သံတံတားရပ်ကွက်နေ မောင်ဇော်အား စမ်းချောင်းရဲစခန်းမှ ပ-၄၇၆/၁၂ ပုဒ်မ ၃၈၀/၅၄ ဖြင့် အမှုဖွင့် စစ်ဆေးခံခဲ့ရပြီးနောက် စမ်းချောင်း ရဲစခန်းအချုပ်ခန်းအတွင်း ချုပ်နှောင်ထားစဉှ် အချုပ်ခန်း သစ်သားတိုင်နှင့် ဦးခေါင်းအား ဆောင့်၍ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သဖြင့် ဦးခေါင်းထိပ်ပေါက်ပြဲ ဒဏ်ရာတစ်ချက် ရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးသို့ ရဲဆေးစာဖြင့် ပို့ဆောင်ကုသရသောကြောင့် စမ်းချောင်းရဲစခန်းက ပ-၄၇၇/၁၂ ပုဒ်မ ၃၀၉ ဖြင့် ပုဒ်မတစ်ခု ထပ်ဖွင့်ကာ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

from-Popular  Myanmar News  Journal

လားရှိုးသိန်းအောင် ပြန်လာပြီ

[Image: 610x336xreturn-of-lasho-thein-aung_jpg_p...kkNmdY.jpg]
မေစစ်ပိုင်

မြန်မာနိုင်ငံမှ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ က ထွက်ခွာသွားပြီး အမေရိကန်နိုင်ငံတွင် အခြေချနေထိုင်နေသည့် အဆိုတော် လားရှိုးသိန်း အောင် သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ဝင်ပေါက်မှတဆင့် မြန်မာပြည်သို့ ပြန်လည် ရောက်ရှိ လာ ပြီဖြစ် သည်။

လားရှိုးသိန်းအောင်သည် မြန်မာပြည်တွင် လာမည့် ၂၀၁၃ ဧပြီလကုန်အထိနေရန်စီစဉ်ထားပြီးအနုပညာလှုပ်ရှားမှုအဖြစ်ရန်ကုန်၊မနလေး၊ တောင် ကြီး၊ လားရှိုးနှင့် နေပြည်တော် စသည့် မြို့ကြီးများတွင် ရှိုးပွဲများ ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရသည်။

နေပြည်တော်တွင် အာဏာပိုင်များက ခွင့်ပြုမည်ဆိုပါက အစိုးရ အကြီးအကဲများနှင့် လွှတ်တော် အမတ်များကို ဂုဏ်ပြုသည့် အနေဖြင့် ပွဲတခု စီစဉ်ကာ သီချင်းဖြင့် ဖျော်ဖြေသွားချင်သည်ဟု ၎င်းကဆိုသည်။

“ပြန်လာချင်တာကတော့ ထွက်သွားတဲ့ နေ့ကတည်းက ပြန်လာချင်တာ။ မြန်မာပြည် စရောက် ရောက် ချင်း လေယာဉ်ပေါ်မှာ ကတည်းက ငို ရမလို၊ ပျော်ရမလိုနဲ့ ဝမ်းနည်းဝမ်းသာ ဖြစ်နေတယ်။ အရင်ဆုံးတော့ အမေ့ကို တွေ့ဖို့ လား ရှိုးပြန်မယ်” ဟု ၎င်းက လေဆိပ်အနီးရှိ Friendship စားသောက်ဆိုင်တွင် ပြုလုပ်သည့် စာနယ်ဇင်း တွေ့ဆုံပွဲတွင် ပြောသည်။

လားရှိုးသိန်းအောင် အနေဖြင့် မြန်မာနိုင်ငံတွင် နေထိုင်ခွင့် ၁ နှစ်ရရှိသည်ဟု သိရသည်။

၎င်းသည် ယခင်အစိုးရ လက်ထက်က “အမည်မည်း” စာရင်း သွင်းခံရသည့်ကိစ္စများကို ပြန်လည် စဉ်းစားမနေတော့ဘဲ လက်ရှိ အခြေအနေ အရ တိုင်းပြည်ကောင်းကျိုး အတွက်ကိုသာ ဝိုင်းဝန်းဆောင်ရွက်စေချင်ကြောင်း၊ အဆိုးကို ကြည့်မနေတော့ဘဲအကောင်းမြင်ရန်နှင့်မှားယွင်း ခဲ့မှုများကိုလည်း ဝိုင်းဝန်း မေတ္တာရပ်ခံ သင့်ကြောင်း၊ ကိစ္စတခုခုအတွက် ကျေ နပ်မှု မရှိပါက မည်သည့်အတွက်ကြောင့် မကျေနပ်သည်ကို အရင်ဆုံး ပြောပြသင့်ကြောင်း၊ နောက်မှသာ ဆန္ဒပြ တောင်းဆိုမှုများ ပြုသင့် ကြောင်း သတင်းထောက်များအား ပြောဆိုခဲ့သည်။

ဆက်လက်၍ ၎င်းက “ဘယ်လိုဖြစ်ဖြစ် တိုင်းပြည်အတွက် လုပ်တာဆို ချက်ချင်းလက်ခံရမယ်၊ မှားတယ်ဆိုလည်းလူပဲဗျာ၊တတ်နိုင်ရင် တရား နဲ့ဖြေ၊ မေတ္တာနဲ့ကြည့်ရမယ်။ တိုင်းပြည် စည်းလုံးဖို့အတွက် ရှေ့တလှမ်းတိုးပြီး နောက်နှစ်လှမ်း ဆုတ်နေလို့တော့ မဖြစ်ဘူး၊ နိုင်ငံရေးအကြောင်း နားမလည်ရင် ဝင်မရှုပ်တာ အကောင်းဆုံးပဲ” ဟု ဆိုသည်။

လားရှိုးသိန်းအောင်သည် အမေရိကန်နိုင်ငံတွင် နှစ် ၄၀ ခန့် နေထိုင်ခဲ့သော်လည်း အမိမြေကို ချစ်သည့်အတွက် နိုင်ငံသားအဖြစ် မခံယူခဲ့ ကြောင်း၊ တိုင်းပြည်၊ မိသားစုနှင့် ပရိသတ်များကို ပြန်တွေ့ချင်သည့်အတွက် တဦးတည်း ပြန်လာခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

“မြန်မာပြည်ရဲ့ ဂီတလောကကိုတော့ လေ့လာဖြစ်တယ်။ နောက်ပိုင်းလူငယ်တွေကသီချင်းဟောင်း တွေ ပြန်ဆိုနေကြတာကို အားပေးတယ်။ အနုပညာက တိုးတက်လာတယ်၊ ဆိုတဲ့သူတွေကလည်း တော်တယ်၊ ပစ္စည်းတွေကလည်း ကောင်းလာတယ်။ မူးယစ်ဆေးဝါး မသုံးဖို့တော့ ပြောချင်တယ်” ဟု ၎င်းက မြန်မာ့ ဂီတလောက အခြေအနေကို သုံးသပ်သည်။

လားရှိုးသိန်းအောင်သည် ၁၉၇၂ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို လက်မခံနိုင်ဘဲ စွန့်စားလိုသည့် ဝါသနာအတွက် တောခို သွား ခဲ့ပြီး အမေရိကန်နိုင်ငံတွင် ဂီတလုပ်ငန်း အပါအဝင် ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ရင်း အမေရိကန်နိုင်ငံသူ တဦးနှင့် အိမ်ထောင် ကျ ကာ သမီးတယောက်နှင့် သား ၂ ယောက် ရရှိခဲ့သည်။

၎င်းကို အဆိုတော် ပလေးဘွိုင်းသန်းနိုင်က မြေတောင်မြှောက်ပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ၎င်း၏ အမေတခု သားတခု၊ မုန်းမုန်းမေ့ မေ့၊ နှုတ်မဆက်နဲ့ ငိုချင်တယ် စသည့် တေးသီချင်းများသည် လူကြိုက်များခဲ့ပြီး ယနေ့တိုင် အောင်မြင်မှု ရနေဆဲဖြစ်သည်။
Posted by ကိုကို :

ချောင်းသာ ဟိုတယ်တွင် ခရီးသွား ၂၀ ရာခိုင်နှုန်း တိုးတက်လာ

hlyothwetuyin

ပွင့်လင်း ရာသီ ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလမှ စတင်ပြီး ချောင်းသာ ဟိုတယ်မှာ ခရီးသွား ဧည့်ဝင်ရောက်မှုတွေ ၂၀ ရာခိုင်နှုန်း နီးပါး
တိုးမြင့် လာတယ်လို့ ချောင်းသာ ဟိုတယ် ဇုန်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ၀င်ရောက်ရာ မှာတော့ ကျေးရွာနဲ့ နီးတဲ့ ဟိုတယ်တွေမှာ ပြည်တွင်းမှ ခရီးသွား ဧည့်သည် ၀င်ရောက်မှု ပိုမို များပြားပြီး ပြည်ပ ခရီးသွားတွေ ကတော့ နည်းပါး နေတာ ဖြစ်ပါတယ်။

ဒီလို နည်းပါး ရတာ ကလည်း ပြည်ပ ခရီးသွားတွေဟာ ရွာတွေနဲ့ဝေးပြီး တိတ်ဆိတ်တဲ့ နေရာတွေမှာ တည်းခိုကြတာ ကြောင့်ဖြစ်ပါတယ်။ အခုလို ခရီးသွား ၀င်ရောက်မှုတွေ များပြား လာမှုဟာ ယခင်နှစ်က ထက်လည်း ပိုပိုများပြား လာတာ ဖြစ်ပါတယ်။ ဒီလို ချောင်းသာ ဟိုတယ်ဇုန်မှာ ခရီးသွား ၀င်ရောက်မှုတွေ မှာတော့ အပန်းဖြေ လာရောက်သူများ ပြားပြီး အခုလို ပွင့်လင်း ရာသီတွေမှာ ပိုမို ၀င်ရောက်တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ချောင်းသာ ဟိုတယ်ဇုန်တွေ အတွင်း တရားဝင် လိုင်စင်ရ ဟိုတယ် ၁၅ လုံးနဲ့ တရားဝင် လိုင်စင်ရ တည်းခို ရိပ်သာ အလုံး ၄၀ ကျော်ရှိပြီး အခုအချိန်မှာ အေးတဲ့ရာသီဥတု ဖြစ်ပေမယ့်လည်း ခရီးသွား များပြားပြီး ဟိုတယ် အခန်းတွေ ပြည့်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
 
ကိုထင်ကျော် မန္တလေးမှာ တကိုယ်တော် ဆန္ဒပြ

ကုန်စိမ်းနှုန်းကျဆင်းရေး အဖွဲ့မှ ကိုထင်ကျော်ဟာ ယနေ့ညနေ ၄နာရီအချိန် မန္တလေးမြို့ ဈေးချိုတော် ရှေ့ မှာ  တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒပြခဲ့ပါတယ်။

၎င်း၏ ကြွေးကြော်သံများတွင် ခရိုနီများကို ကာကွယ်ပေးနေသည့် ဗိုလ်ချုပ်ကြီးများကို ကန့်ကွက်ကြောင်း၊ ၄င်းတို့ကို ခုံရုံးတင်ရန် လိုအပ်ကြောင်း၊ လက်ပံတောင်းစီမံကိန်းအရေးများမှာ ရဲများနှင့် မသက်ဆိုင်ဘဲ ရဲများကိုနောက်ကွယ်မှ ဗိုလ်ချုပ်ကြီးများက ကြိုးကိုင် ခိုင်းစေခြင်း ဖြစ်ကြောင်း အစရှိသည်များကို ပြော ဆို ကြွေးကြော်ခဲ့ပါတယ်။ 

၎င်းသည် ဥပဒေပုဒ်မ (၁၈) (၅၀၅) တို့အတွက် လမ်းလျှောက်ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ 

လိုင်ဇာဌာနချုပ်ကို သုံးဖက်သုံးတန်မှ စစ်ဆင်ရန် အစိုးရပြင်ဆင်

လိုင်ဇာဌာနချုပ်ကို သုံးဖက်သုံးတန်မှ စစ်ဆင်ရန် အစိုးရပြင်ဆင်

20 December 2012 Written by ရွှေဟင်္သာသတင်းဌာန

အစိုးရသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ကို တိုက်ခိုက်ရန် စစ်ဗျူဟာ (၃) ခုဖြင့် သုံးဖက်သုံးတန်မှ စစ်ဆင်ရန်ပြင် ဆင်နေသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက ဆိုပါသည်။

“ ကျနော်တို့ ဗဟိုကို လမ်းကြောင်း (၃) ခုကနေ ချဉ်းကပ်ဖို့သူတို့ ပြင်ဆင်နေတာရှိတယ်၊ ဂန်တောင်ယန် - ဝိုင်းမော်လမ်းကြောင်း၊ ဒေါ့ ဖုန်းယန်း - ဗန်းမော်လမ်းကြောင်း၊ စတန်ပါမှာ ဗျူဟာ တစ်ခု ဖွင့်ထားပြီး တစ်ကြောင်း ချထားတယ်၊ အဲဒီ သုံးကြောင်းနဲ့ ကျွှန်တော်တို့ဌာန ချုပ်ကို စစ်ဆင်ရေးကြီးလုပ်မယ့် အနေအထားရှိတယ်” ဟု KIA ပြောခွင့်ရ ဦးလနန်မှ ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြားခဲ့ပါသည်။

ဒေါ့ဖုန်းယန်း - ဗန်းမော် လမ်းကြောင်း၌ အစိုးရတပ် အင်အား (၄၀၀) ခန့် ရောက်ရှိ နေကြကာ စုစည်းလျက် ရှိသည်။ စတန်ပါ ဗျူဟာ လမ်းကြောင်း၌မူ အင်အား (၄၀၀) နီးပါးခန့် ရှိနိုင် သည်ဟု ခန့်မှန်းပါသည်။ ဂန်တောင်ယန် - ဝိုင်းမော် လမ်းကြောင်း၌ စစ်ကား (၁၀) စီးဖြင့် အင်အား (၂၀၀) ကျော်နှင့် လက်နက်ကြီးများ ရောက်ရှိနေသည်ဟု ဆိုပါသည်။ ဤအင်အားသည် အနည်းဆုံး တပ်ရင်း (၈) ရင်းခန့် ရှိပါသည်။

ထို့အပြင် ယခုစစ်ဆင်ရေးအတွက် အသုံးပြုရန် အထူးတပ်ရင်းများ (ကွန်မန်ဒို) များလည်း ပါဝင်နေသလို ရဟတ်ယာဉ်များဖြင့် လေကြောင်း ပစ်ကူများ ပိုမိုအသုံးပြုပြီး လက်နက်ကြီးများကို ယခင်ကထက် ပိုမိုအသုံးပြု ဖွယ် ရှိနေပါသည်။

အစိုးရ၏ လက်နက်ကြီးပစ်ကူများနှင့် လေကြောင်း ပစ်ကူများသည် ရှေ့တန်းမြေပြင်ရှိ ခြေလျင်တပ်ဖွဲ့များ ရှေ့သို့ မတိုးနိုင်သည့် အခြေ အ နေ၌ ရှေ့တိုးနိုင်ရန်အတွက် KIA ခံစစ်ကြောင်း ယူထားသည့် နေရာများကို အဓိကပစ်ကူပေးရန် ဖြစ်သည်ဟု ဆိုပါသည်။

“ဒီလို ပြင်ဆင်မှုတွေကိုကြည့်ရင် ဒါဟာ ကျွှန်တော်တို့ လိုင်ဇာကို စစ်ဆင်ရေး လုပ်မယ့် အနေအထားလို့ တွက်လို့ရပါတယ်၊ ဒီနေရာမှာ သူတို့ကလက်နက်ကြီးနဲ့ လေကြောင်းပစ်ကူကို အဓိကထားပြီး ပြင်းပြင်းထန်ထန်ကို အရင်တိုက်လာနိုင်ဖွယ်ရှိပါတယ်၊ ဒါပေမဲ့ သူတို့ထင် သလို ဖြစ်ချင်မှဖြစ်မှာပါ” ဟု ဆိုပါသည်။ 

လက်ရှိအခြေအနေ၌ အစိုးရတပ်များသည် လိုင်ဇာဌာနချုပ် အနီးဆုံနေရာ အနီးသို့ အစိုးရတပ်များ ချဉ်းကပ်ရောက်ရှိနေပြီး ဖြစ်သည့်အ တွက် ယခုရက်ပိုင်းများအတွင်း တိုက်ပွဲကြီးများ ပြင်းထန်စွာ ထပ်မံဖြစ်ပွားလာနိုင်ဖွယ်ရှိသည်ဟု KIA မှ တွက်ဆထားပါသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၄) လဂျားယန်စစ်ဆင်ရေး၌ အစိုးရသည် အင်အား (၄၀၀) ခန့်သုံးပြီး စစ်ဆင်ရာတွင် တရာကျော် ခန့်သည် ထိ ခိုက်ဒါဏ်ရာရခဲ့ပြီး အလောင်းများပြန့်ကျဲပြီး ကျန်ခဲ့သည့်အပြင် သုံ့ပန်းပါ ဖြစ်စေခဲ့ပါသည်။ သုံ့ပန်းများ၏အဆိုအရ အစိုးရတပ်ဖွဲ့တွင် အ ခြေအနေအရ ဒါဏ်ရာရရဲဘော်များကို ထားပစ်ခဲ့ရမည်ဆိုလျှင် ပစ်သတ်ရန်အမိန့်ပေးထားခဲ့သည်ဟု ထွက်ဆိုခဲ့ပါသည်။ လဂျားယန် တိုက်ပွဲ၌ မိသော ဒါဏ်ရာရ သုံ့ပန်းများအဆိုအရ ၄င်းတို့၏ ရဲဘော်ရဲဖက်များက မပစ်သတ်ဘဲ ထားခဲ့လို့သာ အသက်ရှင်သန်ခွင့် ရခဲ့ကြောင်း ဆိုပါကြပါသည်။

ထို့အပြင် အစိုးရအမြောက်တပ်၏ ကျည်ဆံများသည် အများအားဖြင့် မိမိတို့တပ်အပေါ်၌သာ ပိုမိုကျရောက်ခဲ့သဖြင့် ထိရောက်မှု မရှိခဲ့ပေ။ တပ်ထဲတွင်လည်း တပ်သားများတွင် ကလေးငယ်သာဖြစ်ကြပြီး အတွေ့အကြုံမရှိကြပေ။ ကြီးနိုင်ငယ်ညှင်းစနစ်ကြောင့် အရာရာတွင် အမိန့် ဖြင့်သာ မောင်းနှင်နေကြရာ တပ်တွင်း၌ စည်းလုံးညီညွတ်မရှိသည်ကို လက်တွေ့ တိုက်ပွဲများက သက်သေပြလျက်ရှိပါသည်။

ဤကဲ့သို့စိတ်ဓါတ်အခြေအနေကြောင့် အစိုးရတပ်မတော်သည် လာမည့်စစ်ဆင်ရေးတွင်လည်း မိမိကိုယ်ကို ဒါဏ်ရာမရရေးသည် အဓိ ကဖြစ်ရာ တပ်ဖွဲ့ခေါင်းဆောင်များ မည်မျှပင် အမိန့်ဖြင့် အတင်းခိုင်းနေသည်ဖြစ်စေ အကျအဆုံးများစွာနှင့် ရည်မှန်းချက် အောင်မြင်ရန်ခက် ခဲသော စစ်ဆင်ရေးသာ ဖြစ်လိမ့်မည်ဟု အကဲခတ်များကဆိုပါသည်။

20 December 2012

အစိုးရသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ကို တိုက်ခိုက်ရန် စစ်ဗျူဟာ (၃) ခုဖြင့် သုံးဖက်သုံးတန်မှ စစ်ဆင်ရန်ပြင် ဆင်နေသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက ဆိုပါသည်။

 “ ကျနော်တို့ ဗဟိုကို လမ်းကြောင်း (၃) ခုကနေ ချဉ်းကပ်ဖို့သူတို့ ပြင်ဆင်နေတာရှိတယ်၊ ဂန်တောင်ယန် - ဝိုင်းမော်လမ်းကြောင်း၊ ဒေါ့ ဖုန်းယန်း - ဗန်းမော်လမ်းကြောင်း၊ စတန်ပါမှာ ဗျူဟာ တစ်ခု ဖွင့်ထားပြီး တစ်ကြောင်း ချထားတယ်၊ အဲဒီ သုံးကြောင်းနဲ့ ကျွှန်တော်တို့ဌာန ချုပ်ကို စစ်ဆင်ရေးကြီးလုပ်မယ့် အနေအထားရှိတယ်” ဟု KIA ပြောခွင့်ရ ဦးလနန်မှ ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြားခဲ့ပါသည်။

ဒေါ့ဖုန်းယန်း - ဗန်းမော် လမ်းကြောင်း၌ အစိုးရတပ် အင်အား (၄၀၀) ခန့် ရောက်ရှိ နေကြကာ စုစည်းလျက် ရှိသည်။ စတန်ပါ ဗျူဟာ လမ်းကြောင်း၌မူ အင်အား (၄၀၀) နီးပါးခန့် ရှိနိုင် သည်ဟု ခန့်မှန်းပါသည်။ ဂန်တောင်ယန် - ဝိုင်းမော် လမ်းကြောင်း၌ စစ်ကား (၁၀) စီးဖြင့် အင်အား (၂၀၀) ကျော်နှင့် လက်နက်ကြီးများ ရောက်ရှိနေသည်ဟု ဆိုပါသည်။ ဤအင်အားသည် အနည်းဆုံး တပ်ရင်း (၈) ရင်းခန့်
ရှိပါသည်။

ထို့အပြင် ယခုစစ်ဆင်ရေးအတွက် အသုံးပြုရန် အထူးတပ်ရင်းများ (ကွန်မန်ဒို) များလည်း ပါဝင်နေသလို ရဟတ်ယာဉ်များဖြင့် လေကြောင်း ပစ်ကူများ ပိုမိုအသုံးပြုပြီး လက်နက်ကြီးများကို ယခင်ကထက် ပိုမိုအသုံးပြု ဖွယ် ရှိနေပါသည်။

အစိုးရ၏ လက်နက်ကြီးပစ်ကူများနှင့် လေကြောင်း ပစ်ကူများသည် ရှေ့တန်းမြေပြင်ရှိ ခြေလျင်တပ်ဖွဲ့များ ရှေ့သို့ မတိုးနိုင်သည့် အခြေ အနေ၌ ရှေ့တိုးနိုင်ရန်အတွက် KIA ခံစစ်ကြောင်း ယူထားသည့် နေရာများကို အဓိကပစ်ကူပေးရန် ဖြစ်သည်ဟု ဆိုပါသည်။

“ဒီလို ပြင်ဆင်မှုတွေကိုကြည့်ရင် ဒါဟာ ကျွှန်တော်တို့ လိုင်ဇာကို စစ်ဆင်ရေး လုပ်မယ့် အနေအထားလို့ တွက်လို့ရပါတယ်၊ ဒီနေရာမှာ သူတို့ကလက်နက်ကြီးနဲ့ လေကြောင်းပစ်ကူကို အဓိကထားပြီး ပြင်းပြင်းထန်ထန်ကို အရင်တိုက်လာနိုင်ဖွယ်ရှိပါတ
ယ်၊ ဒါပေမဲ့ သူတို့ထင် သလို ဖြစ်ချင်မှဖြစ်မှာပါ” ဟု ဆိုပါသည်။

လက်ရှိအခြေအနေ၌ အစိုးရတပ်များသည် လိုင်ဇာဌာနချုပ် အနီးဆုံနေရာ အနီးသို့ အစိုးရတပ်များ ချဉ်းကပ်ရောက်ရှိနေပြီး ဖြစ်သည့်အ တွက် ယခုရက်ပိုင်းများအတွင်း တိုက်ပွဲကြီးများ ပြင်းထန်စွာ ထပ်မံဖြစ်ပွားလာနိုင်ဖွယ်ရှိသည်ဟု KIA မှ တွက်ဆထားပါသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၄) လဂျားယန်စစ်ဆင်ရေး၌ အစိုးရသည် အင်အား (၄၀၀) ခန့်သုံးပြီး စစ်ဆင်ရာတွင် တရာကျော် ခန့်သည် ထိ ခိုက်ဒါဏ်ရာရခဲ့ပြီး အလောင်းများပြန့်ကျဲပြီး ကျန်ခဲ့သည့်အပြင် သုံ့ပန်းပါ ဖြစ်စေခဲ့ပါသည်။ သုံ့ပန်းများ၏အဆိုအရ အစိုးရတပ်ဖွဲ့တွင် အ ခြေအနေအရ ဒါဏ်ရာရရဲဘော်များကို ထားပစ်ခဲ့ရမည်ဆိုလျှင် ပစ်သတ်ရန်အမိန့်ပေးထားခဲ့သည်ဟု ထွက်ဆိုခဲ့ပါသည်။ လဂျားယန် တိုက်ပွဲ၌ မိသော ဒါဏ်ရာရ သုံ့ပန်းများအဆိုအရ ၄င်းတို့၏ ရဲဘော်ရဲဖက်များက မပစ်သတ်ဘဲ ထားခဲ့လို့သာ အသက်ရှင်သန်ခွင့် ရခဲ့ကြောင်း ဆိုပါကြပါသည်။

ထို့အပြင် အစိုးရအမြောက်တပ်၏ ကျည်ဆံများသည် အများအားဖြင့် မိမိတို့တပ်အပေါ်၌သာ ပိုမိုကျရောက်ခဲ့သဖြင့် ထိရောက်မှု မရှိခဲ့ပေ။ တပ်ထဲတွင်လည်း တပ်သားများတွင် ကလေးငယ်သာဖြစ်ကြပြီး အတွေ့အကြုံမရှိကြပေ။ ကြီးနိုင်ငယ်ညှင်းစနစ်ကြောင့် အရာရာတွင် အမိန့် ဖြင့်သာ မောင်းနှင်နေကြရာ တပ်တွင်း၌ စည်းလုံးညီညွတ်မရှိသည်ကို လက်တွေ့ တိုက်ပွဲများက သက်သေပြလျက်ရှိပါသည်။

ဤကဲ့သို့စိတ်ဓါတ်အခြေအနေကြောင့် အစိုးရတပ်မတော်သည် လာမည့်စစ်ဆင်ရေးတွင်လည်း မိမိကိုယ်ကို ဒါဏ်ရာမရရေးသည် အဓိ ကဖြစ်ရာ တပ်ဖွဲ့ခေါင်းဆောင်များ မည်မျှပင် အမိန့်ဖြင့် အတင်းခိုင်းနေသည်ဖြစ်စေ အကျအဆုံးများစွာနှင့် ရည်မှန်းချက် အောင်မြင်ရန်ခက် ခဲသော စစ်ဆင်ရေးသာ ဖြစ်လိမ့်မည်ဟု အကဲခတ်များကဆိုပါသည်။

သတင်းရင်းမြစ် - ရွှေဟင်္သာသတင်းဌာန

Phone အလကား ပြောမယ်++ Aire Talk

hlyothwetuyinhttp://hlyothwetuyin.blogspot.com/2012/12/phone-aire-talk.html

  • Viber ကိုတော့ မြန်မာတွေ တော်တော်များများ သိကြပါတယ်။ Wifi Connection ရရင် Free SMS နဲ့ Free Voice Call တွေရတဲ့အတွက် ဖုံးဖိုးချွေတာလိုတဲ့ သူတွေအဖို့ အများကြီး အဆင်ပြေခဲ့ပါတယ်။ အဲ့ဒီအတွက်လည်း Viber ကို တော်တော်များများ အသုံးပြုလာကြပါတယ်။ ဖုံးပြောတာနဲ့ SMS အပြင် Viber က တခြား Feature တွေမပါတဲ့အတွက် အပြည့်စုံဆုံး App တစ်ခုတော့ မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။
  • Aire Talk: Free All in One Communication App
  • အခုပြောပြမဲ့ App ကတော့ Viber ကဲ့သို့ Free Phone Call/Free SMS အပြင် Free Video Call, Walkie Talkie, Image Sharing, File Transfer အပြင် မိမိရောက်နေတဲ့ Location ကိုပါ သူငယ်ချင်းတွေအချင်းချင်း အပြန်အလှန် ပေးပို့ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။
  • Feature တွေပိုမို စုံလင်တဲ့အပြင် Adv Free လဲ ဖြစ်ပါတယ်။ ကြော်ငြာတွေ မတွေ့ရပါဘူး။
  • Register Accout နဲ့ ဆက်သွယ်နိုင်သလို Facebook Account နဲ့လည်း ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ Android ဖုံးတွေအပြင် iOS Devices တွေမှာလည်း အသုံးပြုလို့ရတာကို တွေ့ရပါတယ်။ App ကတော့ Aire Talk လို့ခေါ်ပါတယ်။
  • Aire App ကို သွင်းထားတဲ့ Mobile ဖုံးအချင်းချင်း ဆက်သွယ်ပြောဆို ဝေမျှနိုင်မှာ ဖြစ်ပါတယ်။ Aire က ထွက်တာ သိပ်မကြာသေးတဲ့အတွက် မိမိမှာ ရှိတဲ့ Friend တွေ သုံးထားချင်မှ သုံးထားပါလိမ့်မယ်။ အကယ်လို့ မိမိအသုံးပြုရတာ လွယ်ကူရင် Invite လုပ်ပြီး အသုံးပြုကြဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။
  • နှစ်ဦး နှစ်ဘက် App ကို သွင်းပြီးသွားပြီဆိုရင်တော့
၁. ဖုံးပြောလို့ရပါမယ်။ Voice/Video
၂. SMS ပို့လို့ရပါမယ်။
၃. Walki Talki လိုမျိုး ပြောလို့ရပါမယ်။
၎.Voice Message ပို့လို့ရပါမယ်။
၅. Photo တွေ ပို့လို့ရပါမယ်။
၆. File တွေ ပို့လို့ရပါမယ်။
၇. Location ကို Share လို့ရပါမယ်။

  • Internet Bandwidth အများကြီး မကောင်းရင်တောင် အဆင်ပြေပြေ အသုံးပြုနိုင်မယ်လို့ ပြောကြားထားပါတယ်။

  Android အတွက်

Direct Download Link
Google Play Store Link

    iOS အတွက်

       ဒေါင်းရန်
  
   COMPUTER  အတွက်

       ဒေါင်းရန်

သေရွာပြန်ကျောင်းသူတစ်ယောက် မြို့တွင်းသို့အဝင်မခံ

ဒီဇင်ဘာလ(၂၀)

စာဖတ်သူအပေါင်းတို့ခင်ဗျား...
ကျနော်များ သတင်းဌာနမှ မေတ္တာရပ်ခံလိုပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးကို ကြားသိရခြင်း အလွန်ကို ဆို့နင့် ကြေကွဲဖွယ်ရာ သတင်းအဖြစ် ဖော်ပြချင်ပါတယ်။ ဖြစ်စဉ်က မန္တလေးမြို့ ကြာနီကန်သုဿာန်မှာ သေဆုံးပြီး လူတစ်ယောက် သတိပြန်လည်လာတဲ့ ကိစ္စပါ။ သေဆုံးသွားသူအတွက် ယူကြုံးမရ ဖြစ်နေရတဲ့ မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်းနဲ့ မိတ်ဆွေအပေါင်းတို့က ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ်။ ကျနော်တို့ ဆွေမျိုးတော်စပ်ခြင်းမရှိပါတဲ့ လူတွေလည်း ဒီသတင်းအပေါ် ဝမ်းသာပီတိ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာအဖြစ်က ပေါ်လာတယ်။ သေဆုံးပြီးလူလို့ သတ်မှတ်ပြီးရင် အသက်ပြန်ရှင်လာသော်လည်း လူရှင်များနေထိုင်ရာ မြို့ရွာတွင်းသို့ ဝင်ရောက်ခွင့် မပြုကြတော့ပါဘူး။ မြို့ရွာ ထိခိုက်နစ်နာတယ် အမင်္ဂလာ ကိစ္စလို့ ပြောဆိုပြီး ပြန်လည်ခေါ်ဆောင်သွားဖို့ ကန့်ကွက်ကြတယ်။

ပြုံးသူမှာ မျက်ရည်စတွေနဲ့ ဖြစ်ရပါပြီ။ တကယ်ကို ဝမ်းသာလို့ပြုံးပျော်နေပြီး မျက်ရည်ကျရအောင် ပျော်ရွှင်နေတဲ့ သူမရဲ့ အသိုင်းအဝိုင်းမှာ ဝမ်းနည်းပြီး ရှိုက်ကြီးတငင် ငိုယိုကြရပါပြီ။ ကျနော်တို့ ငယ်စဉ်က သင်ခဲ့ရတဲ့ ရှင်မွေ့နွန်းနဲ့ မင်းနန္ဒာ ဇာတ်လမ်းက ဘယ်လောက်များ ကြေကွဲစရာဖြစ်ခဲ့သလဲဗျာ..

ကျနော်တို့ စာဖတ်သူအများစုဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြမယ်လို့ ယူဆမိပါတယ်။ ဗုဒ္ဓဘာသာဆိုတာ ကံသာပဓာနလို့ ခံယူထားပါတယ်။ ကိုယ်ပြုတဲ့ ကောင်းခြင်း ဆိုးခြင်းကို ကိုယ်သာ ပြန်ခံစားရတယ်လို့ ဆိုထားပါတယ်။ အခြားသော အယူဝါဒတွေဟာ ဗုဒ္ဓဝါဒမဟုတ်ဘဲ ရောထွေးယှက်တင် ဖြစ်နေခြင်းပါ။ ရှေးရိုးအယူဝါဒတွေကို မစွန့်လွှတ်နိုင်သေးတဲ့သူတွေကို အယူသည်းသူတွေလို့ အများစုက ခေါ်ဆိုကြပါတယ်။ မလိုအပ်တော့တဲ့ အယူဝါဒတွေကို စွန့်ပယ်ဖို့ လိုအပ်ပါပြီ။ လူသားတစ်ဦး ပြန်အသက်ရှင်လာတာကို နွေးထွေးစွာ ကြိုဆိုသင့်တယ်။ ဒီလိုမှ မဟုတ်ခဲ့ရင် သူမဟာ နောက်တစ်ကြိမ် ပြန်သေသွားပါလိမ့်မယ်။ အသက်သေခြင်းမဟုတ်ဘဲ လူသားတစ်ဥိးအတွက် ဘဝသေခြင်း ဖြစ်သွားမှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

တောင်းပန်ချက်- ဘာသာရေးရာကျွမ်းကျင်သူ၊ အယူဝါဒရေးရာ ကျွမ်းကျင်နှံ့စပ်သူ၊ သမိုင်းသုတေသီ များမှ အဆိုပါဖြစ်ရပ်အပေါ် ဖြေကြားရှင်းလင်းမှုဖြင့် သေရွာပြန် လူသားတစ်ဦးကို ဆက်လက်အသက်ရှင်ခွင့် ပေးသင့် မပေးသင့်ဆိုသည်ကို ဆွေးနွေးပေးကြပါရန်။

မုံရွာတိုင်းမ် သတင်းအဖွဲ့
-----------------------------------------------------------------------------
 
ဒီနေ့မန္တလေး ကြာနီကန်သုဿန်မှာ ဖြစ်ပွါးတဲ့
ထူးခြားတဲ့ဖြစ်ရပ်။

ဒီနေ့မွန်းလွဲ၁၂နာရီ၁၅မိနစ်မှာ ကုန်ထုတ်ဓါတုဗေဒ မဟာတန်းကျောင်းသူလေး အသုဘမီးသဂြိင်္ုခါနီး မိခင်ဖြစ်သူမှနောက်ဆုံးအနေနှင့် နမ်းလိုက်စဉ်နှလုံးခုန်သံကြားရ၍ ဆရာဝန်ပင့်စမ်းသပ်ရာ အသက်ရှင်နေကြောင်းသိရှိရ။ မိခင်ဖြစ်သူမှာဝမ်းသာလွန်း၍ထကသော်လည်း ရပ်ကွက်လူထုက မြို့နာမှာစိုးလို့ဟုဆိုကာ မြို့ထဲသို့အဝင်မခံ၍ မိန်းကလေးခမျာ ကြူကြူပါအောင်ငိုပါတော့သည်။ အခြားအသုဘတစ်ခုလာပို့သူ မန္တလေးသိန်းဇော်ကိုယ်တိုင် ဝင်ခွင့်ပြုရန်တောင်းပန်ပြောဆိုသော်လည်း မြို့လူထုကလက်မခံသဖြင့် မိဘများမှမြို့ပြင်တွင် အိမ်ဆောက်ပေး၍ နေစေမည်ဟုသိရပါသည်။ ယနေ့လိုခေတ်တွင် ရှေးရိုးအယူအဆများကြောင့် မဟာတန်းကျောင်းသူတစ်ယောက် လူထဲမတိုးတော့မည့်အဖြစ်မျိုးကား ထိုမိန်းကလေးဘဝအတွက် နစ်နာလွန်းလှပါသည်။ တတ်စွမ်းသူများ ထိုမိန်းကလေးကို ကူညီကြပါခင်ဗျာ။

Source: Kaung Naing
Photo: fssms.blogspot.com.. shared Monywa Times's photo.

GSM ဖုန်းလိုင်းများ မက်ဆေ့(ခ်ျ) ပေးပို့ ခြင်း ဝန်ဆောင်မှုများ ပြတ်တောက်နေ

GSM ဖုန်းလိုင်းများ မက်ဆေ့(ခ်ျ) ပေးပို့ခြင်း ဝန်ဆောင်မှုများ ပြတ်တောက်နေမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ ဂျီအက်(စ်)အမ် မိုဘိုင်းဖုန်း လိုင်းများ အချင်းချင်း မက်ဆေ့(ခ်ျ) ပေးပို့သည့် ဝန်ဆောင်မှု များ ၁၈ ရက် နေ့လည်ပိုင်း အချိန်မှစတင်ကာ ယခုအချိန်ထိ ပြတ်တောက် နေကြောင်း အသုံးပြုသူများ ထံမှ သတင်းရရှိသည်။

 ထိုကဲ့သို့ မိုဘိုင်းဖုန်းလိုင်း များ၏ မက်ဆေ့(ခ်ျ)ပေးပို့ခြင်း ဝန်ဆောင်မှု ပြတ်တောက် ရာတွင် ဂျီအက်(စ်)အမ် ဖုန်းလိုင်းများ ဖြစ်သော ၀၉ ၄၂ ၊ ၀၉ ၄၀၊ ၀၉ ၄၄ ဖြင့်စသည့် ဖုန်းလိုင်း အများစုမှာ အထွက်မက်ဆေ့ခ်ျပေးပို့မရခြင်း၊ အခြားနံပါတ်မှ စာပေးပို့သော်လည်း အဝင်မက်ဆေ့ခ်ျလက်ခံရရှိမှုမရှိခြင်းများ ယခုအချိန်ထိဖြစ်ပေါ် လျက်ရှိသည်။
“မနေ့ညနေကမှသိလိုက်ရတယ်။ မက်ဆေ့ခ်ျအဝင်ရောအထွက်ရောမရဘူး။ တခြားသူကပို့လိုက်လည်း သူ့ဆီတော့စာအထွက်ပြသွားတယ်။ ဒီဘက်ကိုမရောက်လာဘူး” ဟု မက်ဆေ့ခ်ျပေးပို့ခြင်း ဝန်ဆောင်မှုပြတ်တောက်မှုနှင့်ကြုံတွေ့နေရသူ လူငယ်တစ်ဦးကပြောသည်။
ယင်းနေ့ နေ့လည်ခင်းကတည်းဖြစ်ပေါ်နေသော အဆိုပါ အကြောင်းအရာနှင့် ပတ်သတ်ပြီး မြန်မာ့ဆက်သွယ်ရေးသို့ ဆက်သွယ်ရေးမှ မိုဘိုင်းအင်ဂျင်နီယာချုပ်က “ ကျွန်တော်တောင်အခုမှသိပါတယ်။ မက်ဆေ့ခ်ျစင်တာက ဆာဗာချို့ယွင်းမှုကြောင့်ဖြစ်နိုင်ပါတယ်။ ချက်ချင်းပြင်ဆင်မှုတွေလုပ်ပေးပြီးအသုံးပြုသူတွေကိုအကြောင်း ပြန်ပေးပါမယ်” ဟု ပြောကြားသည်။
မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းနှင့်ပတ်သတ်သည့် ဝန်ဆောင်မှုများသည် မကြာခဏဆက်သွယ်မှုပြတ်တောက်ခြင်း၊ ဖုန်းဘေလ်များ မှားယွင်းဖြတ်မိခြင်းအစရှိသည့် ဆာဗာချို့ယွင်းမှုမျိုးမကြာခဏဖြစ်ပေါ်လျက် ရှိသည်ဟုသိရသည်။
7Day News

အမေရိကန် စစ်တပ်က မြန်မာ စစ်အရာရှိများကို သင်တန်းပေးမည်

ရန်ပိုင်

မြန်မာတပ်မတော်အရာရှိများကို အမေရိကန်နိုင်ငံက တိုက်ခိုက်ရေးနှင့် မသက်ဆိုင်သည့် စစ်ဘက်ဆိုင်ရာ သင်တန်းများ စတင်ပေးတော့ မည် ဟု ၀ါရှင်တန်အခြေစိုက် AFP သတင်းတွင် ယမန်နေ့က ရေးသားဖော်ပြလိုက်သည်။

လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့ပြုပြင်ပြောင်းလဲမှုများကို အားပေးသည့်အနေဖြင့် နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အဓိက အား ဖြင့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး၊ စစ်ဘက်ဆိုင်ရာ ဆေးဝါးကုသရေးနှင့် ကာကွယ်ရေးကဏ္ဍ ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု များကို ပို့ချမည်ဟု ပင်တဂွန် စစ်ဌာနချုပ်မှ အရာရှိတဦးကို ကိုးကားပြီး AFP သတင်းက ရေးသားထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် ကျင်းပခဲ့သော အမေရိကန်-မြန်မာ လူ့အခွင့်အရေး စကားဝိုင်း (US-Burma Human Rights Dialogue) သို့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက် ကယ် ပေါ့စနာ (Michael Posner) ဦးဆောင် သော အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွင် အိမ်ဖြူတော် အမျိုးသား လုံခြုံရေးအဖွဲ့၊ ဒု သမ္မ တရုံး၊ နိုင်ငံတော် လုံခြုံရေး ဝန်ကြီးဌာန၊ အမေရိ ကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီတို့နှင့်အတူ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာ နမှ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် စစ်ဘက်အကြီး အကဲ ဒု ဗိုလ်ချုပ်ကြီး ဖရန်စစ် ဝီယာစင်ကီ (Francis Wiercinki) နှင့် အကြီးတန်း အရာရှိများ တွေ့ဆုံဆွေးနွေးပြီးနောက် ဤကဲ့သို့ စစ်ဘက် ဆိုင်ရာ ဆက်ဆံရေး လမ်းပွင့်လာခြင်း ဖြစ်သည်ဟု သိရသည်။

“အမေရိကန်-မြန်မာ စစ်တပ်ချင်း ဆက်ဆံရေးမှာ အခြေတည်စ အခြေအနေကိုပဲ ကျနော်တို့ အာရုံစိုက်တာပါ။ သတိရှိရှိနဲ့ စံညွှန်းအတိုင်းဖြစ် တဲ့၊ သင့်လျော်ပြီး ရည်မှန်းချက်ပြီးမြောက်တဲ့၊ သတ်မှတ်ဘောင်ရှိတဲ့ စစ်တပ်ချင်း ဆက်ဆံရေး မျိုးကို ယေဘုယျအားဖြင့် ထောက်ပံ့ပေးနိုင် မယ့် အနေအထားမျိုးဟာ မြန်မာတနိုင်ငံလုံးချီ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်တွေမှာ အကျိုးသက်ရောက်စေပါလိမ့်မယ်” ဟု ပင်တဂွန် စစ်ဌာနချုပ်မှ အရာရှိတဦးကို ကိုးကားပြီး AFP သတင်းက ရေးထားသည်။

လာမည့် ၂၀၁၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် ရွှေမြွေဟောက် (Cobra Gold) စစ်ရေး လေ့ကျင့်မှုတွင်လည်း လေ့လာသူအဖြစ် လေ့ လာ သူအဖြစ် တက်ရောက်ရန် မြန်မာတပ်မတော်ကို မကြာသေးမီက ဖိတ်ကြားထားပြီးဖြစ်သည်။

သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာပြီးသည့်နောက် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာရာ မကြာသေးမီက အမေ ရိ ကန် သမ္မတ ဘားရက် အိုဘားမာ လာရောက်လည်ပတ်သည့်အထိ နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်နိုင်ခဲ့သည်။

မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက “သင်တန်းက နိုင်ငံရေး ဆိုင်ရာ ပို့ချမှု ပါမပါတော့ မသိဘူး။ လွတ်လပ်တဲ့နိုင်ငံ တပ်မတော်ချင်း ဆက်ဆံတာ အရမ်းကောင်းတဲ့ အစီအစဉ်ပါ၊ အပယ်ခံ ဖြစ်နေတာ ထက်စာရင် စွမ်းရည်ပြည့်ဝတဲ့ တပ်မ တော်ဖြစ်လာမယ့်ဟာ ကောင်းတာပေါ့” ဟု ဆိုသည်။

သို့သော်လည်း မိမိတို့ တပ်မတော်အနေဖြင့် သင်ကြားသည့် ပညာရပ်သည် ပြည်သူလူထုကို အကျိုးပြုရန်သာဖြစ်ပြီး ဒုက္ခပေးရန် မဟုတ် ဆို သည်ကိုလည်း မမေ့သင့်ကြောင်း ဦးတင်ဦးက ထောက်ပြပြောဆိုသည်။

ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဒေါက်တာ သီတီနန် ပွန်ဆဒ်ဟီရက်ခ်က အမေရိကန်၏ စစ်တပ်ချင်း ပူး ပေါင်းဆောင်ရွက်မှုသည် စစ်သင်တန်းနှင့် စစ်လက်နက် သင်တန်းများ မဖြစ်သင့်ဘဲ မြန်မာစစ်ဗိုလ်ချုပ်များ အနေဖြင့် နိုင်ငံရေးတွင် ဝင်မ ပါ တော့ဘဲ စစ်တန်းလျားသို့ ပြန်ရေး လက်ခံလာစေရန်သာ ဖြစ်သည်ဟု ပြောသည်။

ယခုကဲ့သို့ မြန်မာတပ်မတော် အရာရှိများကို သင်တန်းများပို့ချမည်ဟု ပြောဆိုချိန်သည် မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်း ပြည် နယ်များအတွင်းရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရတပ်များ တိုက်ပွဲများ ဖြစ်ပွားချိန်နှင့် တိုက်ဆိုင်နေသည်။

လွတ်လပ်ရေးရပြီး ကာလများ အင်္ဂလန်နိုင်ငံနှင့်သာ စစ်ရေးဆက်ဆံမှုရှိခဲ့သည့် မြန်မာတပ်မတော်သည် ၁၉၅၀ ခုနှစ်လွန် ကာလများတွင် အ မေရိကန်နိုင်ငံနှင့်ပါ စစ်ရေးဆက်ဆံမှုများ တိုးမြှင့်ခဲ့သည်။

ထိုစဉ်က တပ်မတော် ခေါင်းဆောင်တဦးဖြစ်သည့် ဗိုလ်မှူးချုပ် မောင်မောင်က မြန်မာစစ်တပ် စုဖွဲ့ပုံတချို့ကို အမေရိကန် စစ်တပ်များကဲ့သို့ တိုက်ခိုက်ရေးကို အားပြုသည့်ပုံစံသို့ ပြောင်းလဲဖွဲ့စည်းခဲ့သည့်အပြင် တပ်မတော် စိတ်ဓာတ် စစ်ဆင် ရေး ဌာနကိုလည်း ဖွဲ့စည်းကာ မြန်မာအ ရာရှိများကို အမေရိကန်သို့ စတင် စေလွှတ်လေ့လာစေခဲ့သည်။

နောက်ပိုင်းတွင် အမေရိကန် ဗဟို ထောက်လှမ်းရေးအဖွဲ့ (CIA) နှင့် အနီးကပ် ဆက်ဆံပြီး ဗိုလ်မှူးချုပ် တင်ဦး၊ နိုင်ငံခြားရေး ဝန်ကြီး ဟောင်း ဦးလေးမောင်စသည့် စစ်ဘက်အရာရှိကြီးများကို ထောက်လှမ်းရေး အတတ်ပညာပိုင်းကိုပါ သင်ကြားစေခဲ့သည်။

ထို့အပြင် တောတွင်းတိုက်ခိုက်ရေး သင်တန်း (Ranger Course)၊ ကွန်မန်ဒိုသင်တန်း၊ အရာရှိသင်တန်း၊ ကာကွယ်ရေးတက္ကသိုလ် များသို့ပါ တခြားသော မြန်မာတပ်မတော် အရာရှိကြီးများကို စေလွှတ်ပြီး တက်ရောက်စေခဲ့သည်။

ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရကျော်ထင် အပါအ၀င် ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဗိုလ် ချုပ် ဉာဏ်လင်း၊ ထောက်လှမ်းရေး ညွန်ကြားရေးမှူး ချုပ်ဟောင်း ဗိုလ်မှူးကြီး အောင်ကိုး တို့သည် အမေရိကန် စစ်တက္ကသိုလ်များတွင် တက်ရောက်ခဲ့သည့်ထင်ရှားသည့်စစ်ဘက် အရာရှိကြီးများ ဖြစ်သည်။

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ်ချင်းဆက်ဆံရေး နည်းပါးသွား ခဲ့ပြီး မရှိမဖြစ် လိုအပ်သည့် နည်း စနစ်ပိုင်းဆိုင်ရာ သင်တန်းများကိုသာ စေလွှတ်နိုင်ခဲ့သည်။

၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး ဒီမိုကရေစီ လှုပ်ရှားမှုများကို အဆက်မပြတ် နှိမ်နင်းခဲ့ခြင်း၊ လူအခွင့်အရေး ချိုးဖောက်မှုများကြောင့် နှစ် နိုင် ငံတပ်မတော်အကြား ဆက်ဆံရေး ပြတ်တောက်ခဲ့သည်။

နောက်ပိုင်းတွင် တရုတ်တပ်မတော်နှင့် ပိုမိုနီးကပ်စွာ ဆက်ဆံလာရာ မြန်မာတပ်မတော် အရာရှိများလည်း တရုတ်နိုင်ငံသို့ သွားရောက် ကာ သင်တန်းများ တက်ရောက်ခဲ့သည့်အပြင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ ရုရှား စသည့်နိုင်ငံများသို့ စေလွှတ်မှုများလည်း ရှိခဲ့သည်

လူတိုင်း သိထားသင့်တဲ့ မစ္ဆရိယ (၅) မျိုး

Lu Bo shared နှလုံးသားအာဟာရ's photo.
လူတိုင်း သိထားသင့်တဲ့ မစ္ဆရိယ (၅) မျိုး

(၁)  အာဝါသမစ္ဆရိယ
မိမိပိုင်ဆိုင်ရာ နေရာဌာန၌ မိမိမှတစ်ပါး မည်သူ့ကိုမျှ မနေစေလိုခြင်း၊ တစ်နည်း မိမိရနေသော ဆောက်အဦးကောင်းမျိုးကို သူတစ်ပါး မရစေလိုခြင်း။ (ကိုယ်ကောင်းကောင်းရသလို သူများကို မရစေချင်တာမျိုး၊ ရသွားရင်ပဲဖြစ်ဖြစ် ရနေရင်ပဲဖြစ်ဖြစ် မကျေမချမ်းဖြစ်နေတာမျိုး)

(၂)  ကုလမစ္ဆရိယ
ရဟန်းဖြစ်လျှင် မိမိကို ကိုးကွယ်နေသော ဒကာ၊ ဒကာမများ အခြားရဟန်းကို မကိုးကွယ်စေလိုခြင်း၊ လူဖြစ်လျှင် မိမိဆွေမျိုး မိတ်သင်္ဂဟများက မိမိထက် အခြားသူများအား ပိုမိုချစ်ခင်သွားမည်ကို မလိုလားခြင်း။ (ကိုယ်နဲ့ ခင်နေတဲ့မိတ်ဆွေ သူများနဲ့ပိုခင်သွားမှာ စိုးရိမ်တာမျိုး) 

(၃)  လာဘမစ္ဆရိယ
စီးပွားလာဘ်လာဘ မိမိရသလို သူတစ်ပါး မရစေလိုခြင်း။ (ကိုယ့်ထက်သာနေတာကိုလည်း လက်မခံနိုင်ဘဲ မကျေနပ်တာ၊ အလိုမရှိတာ၊ မလိုလားတာမျိုး)

(၄)  ၀ဏမစ္ဆရိယ
သူတစ်ပါး၏ လှပသော အဆင်းဂုဏ် မြင့်မြတ်သော အကျင့်ဂုဏ်ကို မိမိလည်း မချီးမွမ်းနိုင်ခြင်း၊ သူတစ်ပါး ချီးမွမ်းသည်ကိုလည်း အလိုမရှိခြင်း။ (သူများရဲ့ ကောင်းဂုဏ်ကို မချီးမွမ်းနိုင်တာ၊ သူများပြောရင်လဲ မလိုလားပဲ မကောင်းလိုက်ပြောတာမျိုး)

(၅)  ဓမ္မ စ္ဆရိယ
 စာပေပရိယတ္တိနှင့် တရားအသိအမျိုးမျိုးကို မိမိ သိသလို သူတစ်ပါးအား မသိစေလိုခြင်း တို့ဖြစ်ကြလေသည်။ (ကိုယ်သိသလို သူများကို မသိစေချင်တာ၊ မတတ်စေချင်တာမျိုး)

ဒီ (၅)မျိုးကို လက်ခံထားရင် ကိုယ်တိုးတက်မယ့်ဂုဏ် မတိုးတက်ပါဘူး… ကိုယ်ရမယ့်ဟာတွေ ကိုယ်ဖြစ်လာမယ့် အရာတွေဟာ လမ်းပိတ်လိုက်သလို ဖြစ်သွားပါတယ်.. ကိုယ်ပြောစကား ကိုယ့်နှုတ်ထွက်စကားက သြဇာအာဏာ မရှိဘူးတဲ့…. သူများနားမထောင်ဘူးပေါ့… ဖြစ်ရာဘဝကိုလိုက်ပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရတယ်တဲ့… သူတစ်ပါးရဲ့ အကူအညီကိုလဲ မရတတ်ဘူးတဲ့…. အကုသိုလ်ကြီးလွန်းရင် အရမ်းသနားတတ်တဲ့သူ၊ အရမ်းပေးကမ်းတတ်တဲ့သူ၊ အရမ်းစာနာတတ်တဲ့သူနဲ့ တွေ့ရင်တောင် အဲ့ဒီလူအပေါ် သနားချင်စိတ်တွေ.. ပေးကမ်းချင်စိတ်တွေ.. စာနာချင်စိတ်တွေ…ကူညီချင်စိတ်တွေ ပျောက်သွားပါတယ်။

သူတစ်ပါးကြီးပွားပျော်ရွှင်တာကို၊ သူတစ်ပါးတို့ ချစ်ခင်ကြင်နာတာကို အန္တရယ်ပြုသည်အထိ ဝန်တိုခြင်း မစ္ဆရိယရှိသူအတွက် လက်ငင်းဆိုးကျိုး၊ သံသရာဆိုးကျိုးများကို သိလိုပါသည်ဟု မေးလျောက်ရာ ဗုဒ္ဓက မစ္ဆရိယသမားအတွက် လက်ငင်းဆိုးကျိုးကား သူတောင့်တသော အရာမှန်သမျှ ဘယ်တော့မှမရ။ ကူညီစောင့်မမည့်သူလည်း မရှိ။ 

သံသရာဆိုးကျိုးကား ငရဲ၊ တိရစ္ဆာန်စသော အပါယ်လေးဘုံသို့ ကျရောက်ရပြီး ထိုဘုံများမှလွတ်၍ လူ့ဘဝသို့ ရောက်ခဲ့လျှင် အဆင်းရဲဆုံးဘဝသို့ ရောက်ရသည်။ အမြဲလိုလို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရတတ်သည်။ ဝမ်းစာကို နဖူးကချွေး ခြေမကျသည်အထိ ပင်ပန်းဆင်းရဲစွာ ရှာဖွေရသည်ဟု ဖြေကြားခဲ့ပေသည်။

ဆရာတော်အရှင်ဇဝန မေတ္တာရှင်(ရွှေပြည်သာ) 
(ဆရာတော်အရှင်ဇဝန မေတ္တာရှင်(ရွှေပြည်သာ)၏ “အတွင်းရန်သူ” စာအုပ်မှဖြစ်ပါသည်။ အင်မတန်ကောင်းသော စာအုပ်ဖြစ်၍ ကိုယ်တိုင်မဖြစ်မနေ ဝယ်ဖတ်ကြည့်စေချင်ပါသည်) နှလုံးသားအာဟာရ

လက်နက်ထိန်းချုပ်ရေး အိုဘားမားဆော်သြ

20/12/12 | |
ဗွီအိုအေ (မြန်မာဌာန)

အမေရိကန်နိုင်ငံ သမိုင်းတလျှောက်မှာ ဒုတိယအဆိုးရွားဆုံးဖြစ်ခဲ့တဲ့ ကွန်နက်တီကပ် ပြည် နယ် မူလတန်းကျောင်းက ပစ်ခတ်မှုပြီးတဲ့နောက် ၅ ရက်အကြာမှာ တိုက်ပွဲသုံးလက်နက်တွေ ပိတ်ပင်ထားမှုကို ပြန်ပြီး အကောင်အထည်ဖော်ဖို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက လွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။

သမ္မတအိုဘားမားက ဒုသမ္မတ ဂျိုးဘိုင်ဒန်ကို ဇန်န၀ါရီလကို နောက်ဆုံးထားပြီး သေနတ်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဖြေရှင်းဖို့အတွက် အဆိုပြုချက်တွေ ရေးသားဖို့ကိစ္စကို ဦးဆောင်ဖို့ တာဝန်ပေးခဲ့ပါတယ်။

ကွန်နက်တီကပ်ပြည်နယ် နယူးတောင်းမြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့ကဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှု ပြီးတဲ့နောက်မှာလည်း ရဲ အရာရှိတွေအပါအ၀င် အမေရိကန်နိုင်ငံသား အတော်များ များဟာ သေနတ်နဲ့ တိုက်ခိုက်ခံရတာတွေ ရှိခဲ့တယ်လို့ သူက ထောက်ပြသွားပါတယ်။

ဒီလိုဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်ကြီး ဘာကြောင့် ဖြစ်သွားတယ်ဆိုတာကို သူ့အနေနဲ့ ဘယ်တော့မှ သိလာနိုင်ချင်မှ သိလာနိုင်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည် သူတွေဟာ သေနတ်ကြောင့် တနေ့တခြား ပိုပြီးတော့ သေဆုံးလာနေတယ်ဆိုတာကိုတော့ သိလာရတယ်လို့ ပြောပါတယ်။ အဲဒီလို အကြမ်းဖက်မှုတွေဟာ အမေရိကန်လူမှု အသိုင်းအ၀ိုင်းအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

သေနတ်ရောင်းတဲ့သူတွေဆီကနေ လက်နက်တွေလာဝယ်ကြတဲ့အခါမှာ လက်နက်တွေ ၀ယ်တဲ့သူတွေရဲ့ နောက်ကြောင်းရာဇ၀င်တွေကို စုံစမ်းစစ်ဆေးဖို့ သမ္မတအိုဘားမား က တောင်းဆိုလိုက်ပါတယ်။

ကမ္ဘာ မပျက်ပါ ၊ သို့သော်...

Lu Bo shared Myanmar Journal's photo.
ကမ္ဘာ မပျက်ပါ ၊ သို့သော်...
▬▬▬▬▬▬▬▬▬▬▬
မနက်ဖြန် ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာပျက်တော့မတဲ့။ ရုပ်သံတွေမှာ ဂျာနယ်တွေမှာ၊ စာအုပ်စာတမ်းတွေမှာ မာယာတွေရဲ့ ကမ္ဘာပျက်ကိန်းနဲ့ ပတ်သက်လို့ တော်ကီပစ်၊ အာထု၊ လေပန်း မဆုံးနိုင် ဖြစ်နေခဲ့တာ ၂ဝဝ၉ လောက်တည်းကပါပဲ။ အဲဒီ အပြောတွေ အဟောတွေထဲမှာ ကျွန်တော် ဘဝင်ကျမိတဲ့ သဘောတူ ကျေနပ်အားရမိတဲ့ အယူအဆတွေ ပါဝင်ပါတယ်။ အဲဒါလေးတွေ စုစည်း တင်ပြချင်ပါတယ်။

တကယ်တော့ မာယာလူမျိုးတွေရဲ့ ပြက္ခဒိန် ပြီးဆုံးတာနဲ့ ကမ္ဘာ ပျက်တာ တခြားစီပါပဲ။ ဆီနဲ့ရေ၊ နံ့သာဆီနဲ့ မစင် လုံးဝ ကွဲပြားသလို သင်္ကေတသရုပ်ဖော်တဲ့ Symbolism နဲ့ အရမ်းကာရော တိုက်ရိုက်နိမိတ် အဖြစ် ကောက်ယူခြင်းဟာ တမျိုးစီ ကွဲပြားတယ်လို့ ပြောပါရစေ။

သမိုင်းထဲက ကမ္ဘာပျက်ကိန်းများ

၁၉၅၅ ခုနှစ်၊ ခရစ်စမတ် အကြိုညမှာ ကမ္ဘာကြီးကို ရေတွေ လွှမ်းပြီး ပျက်စီးတော့မယ်လို့ ယုံကြည်ထားတဲ့ The Seekers အမည်ရ အဖွဲ့တစ်ဖွဲ့ဟာ အဲဒီညမှာပဲ ဂြိုဟ်သားတွေက ပန်းကန်ပြားပျံတွေနဲ့ လာကယ်လိမ့်မယ် လို့ ယုံကြည်ပြီး တစ်မျှော်တည်း မျှော်ခဲ့ဖူးပါတယ်။ ခရစ်စမတ်နေ့ မနက်အာရုံသာ တက်လာတယ်။ ဘယ်လို ရေဘေးမှ ပေါ်ပေါက်မလာတဲ့အတွက် အဖွဲ့ခေါင်းဆောင် ဘွားတော်ကြီးက ဘုရားသခင်ဟာ သူတို့အဖွဲ့ရဲ့ ကြိုးပမ်းချက်တွေကို လေးစားတဲ့အနေနဲ့ ကမ္ဘာကို ကယ်တင်သွားတယ်လို့ သံကောင်းဟစ်ခဲ့ပါတယ်။ ဒီအဖွဲ့ဟာ အဲဒီနေ့မှာ ကမ္ဘာကြီး ရေဘေးသင့် ပျက်စီးမယ်လို့ ယုံကြည်ပြီး အလုပ်တွေ ထွက်၊ ရှိတာလေးတွေ ရောင်းထုတ်ပြီး မျှော်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

သမ္မာကျမ်းစာကို ဂဏန်းသင်္ချာ လျှို့ဝှက်သင်္ကေတအဖြစ် ယုံမှတ်ထားသူ Harold Camping ဆိုတဲ့ အငြိမ်းစားအင်ဂျင်နီယာ တစ်ဦးကလည်း ၁၉၉၄၊ စက်တင်ဘာလမှာ ကမ္ဘာပျက်မယ်လို့ ဟောကိန်း ထုတ်ခဲ့ ဖူးပါတယ်။ ဟောတဲ့အတိုင်း ဖြစ်မလာတော့ သူက ဒါဟာ သုတေသန မပြည့်စုံလို့ ဆိုပြီး ယူဆခဲ့ပါတယ်။ ဒါပေမယ့် သူက လက်မလျှော့ပါဘူး။ ၂ဝ၁၁၊ မေလ ၂၁ ရက်နေ့မှာ ကမ္ဘာ ပျက်မယ်လို့ ထပ် ဟောပြန်ပါသေးတယ်။ ဒါပေမယ့် ဟောကိန်းအတိုင်း ဖြစ်မလာဘဲ ကမ္ဘာကြီးက သူ့ဖာသာ ဆက်လက် လည်ပတ် ဖြစ်တည်နေတဲ့အတွက် အောက်တိုဘာ ၂၁ ရက်ကို ထပ်ရွှေ့ပြီး ဟောကိန်းကို ပြင်ဆင်ခဲ့ပါတယ်။ အောက်တိုဘာ ၂၁ ရက်မှာလည်း ဘာမှ ထူးမခြားနား ဖြစ်ခဲ့တဲ့အတွက် လျှို့ဝှက်ဂဏန်းတွေအပေါ် အဓိပ္ပါယ် တလွဲတွေ ကောက်ယူ ခဲ့တာ ဖြစ်တယ်လို့ ပြောသွားပြန်ပါတယ်။

၁၉၁ဝ တုန်းကလည်း အဲဒီနှစ်မှာ ကောင်းကင်ပေါ်က သာမန်မျက်စိနဲ့ မြင်ရတဲ့ ဟေလီကြယ်တံခွန်ရဲ့ အမြီးဖျားက အဆိပ်ငွေ့တွေကြောင့် သေကြေပျက်စီးလိမ့်မယ်လို့ ကောလာဟတွေ ထွက်ခဲ့ဖူး ပါတယ်။ ဟေလီ ကြယ်တံခွန်ဟာ ကမ္ဘာဆီ ၇၆ နှစ်ကြာတိုင်း တစ်ကျော့ပြန် လှည့်လာလေ့ ရှိပါတယ်။ အဲဒီနှစ် မေလ ၁၈ ရက်နေ့မှာ ကြယ်တံခွန် ကမ္ဘာကို ဖြတ်သန်းတဲ့အခါ အမြီးဖျားက အဆိပ်ငွေ့ တန်းတွေကြောင့် လူတွေ တသီကြီး သေကုန်လိမ့်မယ် ဆိုတဲ့ ကောလာဟလကြောင့်လည်း အကြံအဖန် ဆေးဝါးတွေ၊ မျက်နှာစည်းပုဝါတွေ ရောင်းကောင်းခဲ့ပါတယ်။ တကယ်တမ်း ကြယ်ခံခွန် ဖြတ်သွားတော့ ဘာမှ မဖြစ်တဲ့အခါ ကံကောင်းလို့ မသေသူများ အဖြစ် တချို့တွေက ပျော်ပွှဲရွှင်ပွဲတောင် လုပ်ခဲ့ပါသေးတယ်။

၁၉၉၇ တုန်းကဆိုရင် ဂျပန်က တိုကျိုမြေအောက် ရထားလိုင်းမှာ အဆိပ်ငွေ့နဲ့ တိုက်ခိုက်ခဲ့တဲ့ (ကမ္ဘာပျက်မယ်) ဆိုတဲ့ ဘာသာရေး အစွန်းရောက်ဂိုဏ်း၊ နောက်တစ်ခါ ဟေးဘော့ဂ် ကြယ်တံခွန် ပေါ်လာချိန်မှာ အရူးထပြီး ကိုယ့်ဖာသာ သတ်သေကြတဲ့ Heaven's Gate အဖွဲ့ စတဲ့ ကမ္ဘာပျက်ကိန်း ခရေဇီတွေကိုလည်း သမိုင်းမှာ ပြန်လှန်ကြည့်နိုင်ပါသေးတယ်။ အနီးဆုံး ဆိုရရင် ၂ဝဝဝ ပြည့်နှစ်က Y2K ဆိုတဲ့ ကွန်ပျူတာထဲက ဂဏန်းတွေကိစ္စဟာ ယုံကြည်လွဲမှား အစွန်းရောက်သူများ ပါးစပ်ဖျားမှာ ကမ္ဘာပျက်ကိန်းအဖြစ် ရေပန်းစားခဲ့လို့ တတ်ကျွမ်းနားလည်သူတွေက မနည်းကို ရှင်းပြခဲ့ရပါတယ်။

၂ဝ၁၂၊ ဒီဇင်ဘာ ၂၁

သမိုင်းထဲက ကမ္ဘာပျက်ကိန်းတွေ အလီလီ ဂွမ်းခဲ့သလို လာမယ့် ဒီဇင်ဘာ ၂၁ ကမ္ဘာပျက်ကိန်းကရော အလွဲကြီး လွဲဖို့ ရှိနေပါသလား။ မာယာပြက္ခဒိန် အဆုံးသတ်လို့ ကမ္ဘာလည်း ကိစ္စချောမယ်လို့ ယူဆသူတွေ အကြောင်းကိုတော့ မီဒီယာတွေမှာ ဖော်ပြနေပါတယ်။ တောင်ပေါ် တက်ပြေးမယ့်သူ၊ လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ ဝင်အောင်း နေမယ့် သူတွေ၊ အရေးပေါ် ကယ်ဆယ်ရေး အသုံးအဆောင်တွေ ဝယ်စုနေသူတွေ စသဖြင့် မျိုးစုံ မြင်တွေ့နေ ရပါတယ်။ တော်သေးတာက မြန်မာပြည်မှာ အဲလို ပြင်ဆင်နေသူတွေ ကိုယ်လက်လှမ်းမီ သလောက် မတွေ့မြင်ရသေးပါဘူး။ ရှိရင်လည်း သူ့သဘော သူဆောင် သူ့အမြင်နဲ့သူ လုပ်တာမို့ ဘာမှ ပြောစရာ မရှိပါ။

တစ်ကမ္ဘာလုံးက အာကာသသိပ္ပံ ပညာရှင်တွေနည်းတူ ဗေဒင်နက္ခတ်ဆရာအပေါင်းကလည်း မာယာပြက္ခဒိန် ပြီးဆုံးပေမယ့် ကမ္ဘာနိဂုံးချုပ်မှာ မဟုတ်ဘူးလို့ အတိအလင်း ကြေငြာ ပြောဆိုထားပါတယ်။ မြန်မာပြည် မှာတော့ ဟိုတလောကတင် ဆရာစံဇာဏီဘိုနဲ့ မင်းခိုက်စိုးစန် တို့က ရုပ်သံလိုင်းတစ်ခုမှာ ဆွေးနွေးခန်းပုံစံနဲ့ တင်ဆက်သွားပါသေးတယ်။ မာယာတွေနဲ့ ပတ်သက်လို့ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ စာအုပ် စာတမ်း တချို့ကိုလည်း ဆိုင်တွေမှာ မြင်တွေ့ရပါတယ်။ ကျွန်တော်လည်း တတ်သိ နားလည်သူတွေ ရေးသားတဲ့ ရှင်းလင်းချက်တွေ စုဆောင်း ဖတ်ရှု ကြည့်ဖြစ်ပါတယ်။

အဲဒီမှာ နောက်ဆုံးအနှစ်ချုပ်အဖြစ် ၂ဝ၁၂၊ ဒီဇင်ဘာ ၂၁ နဲ့ ပတ်သက်လို့ ဘာသွားတွေ့သလဲ ဆိုတော့ ရုပ်ရှင်တွေ ရိုက်ပြသလို၊ အယူသည်းသူတွေ လန့်ဖြန့်နေသလို အဲဒီနေ့မှာ ကမ္ဘာကြီး ပျက်စီးမ သွားနိုင်ပေမယ့် အဲဒီနေ့က စလို့ အထူးသဖြင့် ၂ဝ၁၂ အကုန် ၂ဝ၁၃ အတွင်းမှာ မကြုံစဖူး ထူးကဲပြင်းထန်တဲ့ သဘာဝဘေးမျိုးစုံတွေနဲ့ ရင်ဆိုင် ကြုံတွေ့ရဖို့ ရှိတယ်လို့ ပညာရှင်တွေက ရေးသား ဖော်ပြကြပါတယ်။

ဒီနေရာမှာ ၂ဝ၁၂ ဟောကိန်းအကြောင်း ရေးသားတင်ဆက်ခဲ့သူတွေထဲက တစ်ဦး ဖြစ်တဲ့ ဆရာနျူမန်ရဲ့ (၂၁.၁၂.၂ဝ၁၂ သို့မဟုတ် စကြာဝဠာတွင် ထူးခြားမည့်နေ့) စာအုပ်ပါ အချက်တချို့ကို ထုတ်နုတ် ဖော်ပြ လိုပါတယ်။

(သောကြာနှင့် တနင်္ဂနွေ ဂြိုဟ် ၂ လုံး နောက်ဆုံး ပူးခဲ့သော ကာလမှာ ဇွန်လ ၈ ရက်၊ ၂ဝဝ၄ ခုနှစ်က ဖြစ်ခဲ့ပြီး လူသိန်းပေါင်းများစွာ သေဆုံးခဲ့ရသည့် ဆူနာမီ ဖြစ်ခဲ့သော နေ့မှာ ဒီဇင်ဘာ ၂၆၊ ၂ဝဝ၄ ခုနှစ် ဖြစ်ကာ ၎င်းတို့ နှစ်လုံး ပူးခဲ့ပြီးနောက် စုစုပေါင်း ၆ လ၊ ၁၈ ရက်အကြာတွင် ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၂ တွင် ကြည့်ပါက ဇွန်လ ၆ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အကြား ကာလမှာ ၆ လ၊ ၁၅ ရက် ဖြစ်နေသည်ကို သတိပြုမိပါသည်။)

ဆိုလိုတာက ၂ဝဝ၄ ဆူနာမီ ဖြစ်ခဲ့တုန်းက အဲဒီနှစ် ဇွန်လမှာ သောကြာဂြိုဟ်က နေကို ဖြတ်သန်းခဲ့ဖူးပါတယ်။ အဲဒီ ဖြတ်သန်းတဲ့ နေ့နဲ့ ဆူနာမီ ဖြစ်ပွားရာ နေ့တို့ အကွာအဝေးရယ်၊ လက်ရှိ ၂ဝ၁၂ မှာ သောကြာ နေကို ဖြတ်သွားခဲ့တဲ့ နေ့နဲ့ မာယာပြက္ခဒိန် နောက်ဆုံးနေ့က အကွာအဝေးရယ်ဟာ ထပ်တူနီးပါး ဆင်နေတာကို ရည်ညွှန်းတာပါ။

ဒီအချက်က ကျွန်တော် အင်မတန် စိတ်ဝင်စားတဲ့ အချက်ပါ။ ကိန်းဂဏန်းတွေရဲ့ ဆင်တူထပ်ကိန်းကျော့လာတဲ့ ဖြစ်စဉ်တစ်ခုလို ခံစားမိတာပါ။ မြန်မာ့ရိုးရာ ဗေဒင်နှင့် နက္ခတ်ဆိုဒ်က ဆရာဇေယျာမောင်ကလည်း ဒါနဲ့ပတ်သက်လို့ ၁၂. ဝ၁. ၂ဝ၁ဝ Vs ၂၁. ၁၂. ၂ဝ၁၂ ဆိုပြီး ဆောင်းပါးတစ်ပုဒ် ရေးဖူးပါတယ်။ တွေးတော ချင့်ချိန်စရာ အမြင်တွေမို့ လေ့လာကြည့်စေလိုပါတယ်။
မြန်မာစာနယ်ဇင်းများနဲ့ Skynet ရုပ်သံမှာ နေရာ အတော်ရနေတဲ့ မြန်မာနိုင်ငံ နက္ခတ်ပညာရှင်များအသင်း ဥက္ကဋ္ဌ ဦးဇေယျာကိုက Planet X ဆိုတဲ့ နီဘီရူဂြိုဟ်ကြီး ကမ္ဘာကို ဝင်ဆောင့်ဖို့ ဆိုတာ ခုထိ ကောင်းကင်မှာ မမြင်ရသေးလို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ နဂါးငွေ့တန်းဗဟိုချက်နဲ့ ကမ္ဘာ တစ်တန်းတည်း ကျတာကလည်း နှစ်တိုင်း ဇွန်နဲ့ ဒီဇင်ဘာလတွေမှာ ဖြစ်နေကျမို့ မထူးခြားကြောင်း ဂျာနယ်တွေမှာ ပြောထားပါတယ်။

( ၂ဝ၁၂၊ ဒီဇင်ဘာ ၂၁ ကတော့ လွန်ခဲ့တဲ့ လေးနှစ်တည်းက ကျွန်တော်တို့ နက္ခတ်သိပ္ပံပညာရှင်တွေရဲ့ ဦးနှောက်ထဲမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကြီးတစ်ခုအဖြစ် ထည့်စဉ်းစားတဲ့ အကြောင်း ကိစ္စလည်း မရှိဘူး။ အခုချိန်ထိလည်း အဲဒါနဲ့ ပတ်သက်ပြီး ဘာဖီလင်မှ မရှိဘူး။ )  လို့ ဦးဇေယျာကိုက ခပ်ပြတ်ပြတ် ပြောပါတယ်။ ဆရာစံဇာဏီဘိုကလည်း ( ကမ္ဘာကြီး ကြေပျက်သွားတာတို့ မရှိပါဘူး။ ပြောင်းလဲဥွားတာ ပြောတာ။ မာယာ ပြက္ခဒိန်ကြီး ပြောင်းလဲသွားသလို အသစ်တွေ ပေါ်မယ်။) လို့ သုံးသပ်ပါတယ်။ အဟောင်း ချုပ်ငြိမ်းလို့ အယူအဆသစ်၊ အတွေးအခေါ်သစ်၊ ကမ္ဘာသစ်တစ်ခုဆီ ဦးတည်တဲ့ သဘောမျိုး သူက ပြောပါတယ်။

ဟောကိန်းတွေ အမြင်တွေ သုံးသပ်ချက်တွေကို စုစည်းကြည့်တဲ့အခါ မာယာပြက္ခဒိန် ပြီးဆုံးလို့ မနက်ဖြန် ကမ္ဘာပျက်မယ် ဆိုတာကို ယုံကြည်ရလောက်တဲ့ အဖွဲ့အစည်းတွေနဲ့ ပညာရှင် အပေါင်းက ငြင်းဆိုထားတာ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီနေ့အလွန် ၂ဝ၁၃ နဲ့ နောက်ပိုင်းနှစ်တွေမှာတော့ ကမ္ဘာကြီးဟာ သဘာဝဘေးမျိုးစုံနဲ့ ဆက်လက် ရင်ဆိုင်တိုး ရမယ် လို့တော့ ကောက်ချက်ချမိပါတယ်။ အကောင်းမြင်၊ အပြုသဘော ပြောရ ရင်တော့ မနက်ဖြန်ဟာ စိတ်သစ်၊ လူသစ်၊ ကမ္ဘာသစ်ဆီ အတူတကွ ချီတက်ကြရမယ့် မှတ်တိုင်နေ့လို့ ပြောရမှာပါ။

တကယ်လို့များ မနက်ဖြန်မှာ ပညာရှင်တွေ ယတိပြတ် ငြင်းဆိုထားတာနဲ့ တခြားစီ ဖြစ်ပြီး ရုပ်ရှင်ထဲကလို ရုတ်တရက် ကမ္ဘာပျက်ပြီဟေ့ ဆိုရင်တော့ ရင်ကော့ပြီး အသေခံလိုက်ရုံပါပဲ။ သေခြင်းအတွက် အာမခံ လက်မှတ်လို ဖြစ်နေတဲ့ ကုသိုလ်ကောင်းမှုတွေလည်း ကျွန်တော် များများစားစား လုပ်မထားပါဘူး။ လူတကာ ကြောက်တဲ့ အကုသိုလ်တွေနဲ့လည်း ယခုတိုင် ပတ်သက် ယှက်နွယ်နေဆဲပါ။ အဲဒီတော့ ချော်ရည်ပူတွေ လာမလား၊ ဆူနာမီလှိုင်းတွေ ဝင်မလား။ ငလျင်ထဲ ပါသွားမလား။ ရေထဲ နစ်မြုပ် သွားမလား။ ကြိုက်တာ လာထားပါပဲလို့ ပြောရင်း ဒီစာစုကို နိဂုံးချုပ်လိုက်ပါတယ်။

မူရင်းလင့် - http://www.myastroview.com/2012/12/blog-post_20.html?fb_action_ids=10151383190452053&fb_action_types=og.likes&fb_source=other_multiline&action_object_map=%7B%2210151383190452053%22%3A150642405083082%7D&action_type_map=%7B%2210151383190452053%22%3A%22og.likes%22%7D&action_ref_map=%5B%5D

သပိတ်ကျင်းမြို့ အနီး ငလျှင်ထပ်မံလှုပ်ခတ်

ယနေ့(ဒီဇင်ဘာ ၂၀ ရက်) မွန်းလွဲ ၁၂ နာရီ ၂၄ မိနစ် ၅၆ စက္ကန့်တွင် မန္တလေး မြေငလျင် စခန်းမှ မြောက်ဘက် ၆၈ မိုင်အကွာ သပိတ်ကျင်း
မြို့၏ မြောက်ဘက် ၅ မိုင်အကွာ နေရာကို ဗဟိုပြု၍ အင်အားရစ်ခ်ျ တာစကေး ၄ ဒသမ ၆ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်
တစ်ခု လှုပ်ရှား သွားကြောင်း မန္တလေး မြေငလျင်သတင်းဌာနမှ သတင်း
ထုတ်ပြန်သည်။

အဆိုပါ ငလျင်ငယ်မှာ သပိတ်ကျင်းမြေငလျင်ကြီး၏ နောက်ဆက်တွဲ
မြေငလျင်ဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက် နံနက်တွင် အင်အားပြင်းထန်စွာ လှုပ်ခတ်ခဲ့သော သပိတ်ကျင်းမြေငလျင် လှုပ်အပြီး နောက်ဆက်တွဲမြေငလျင်
လှုပ်ခဲ့သော အကြိမ်ရေ ၄၀ နီးပါးရှိပြီးဖြစ်သည်။

ဒီဇင်ဘာ ၁၇ ရက် နံနက် ၈ နာရီ ၂ မိနစ်ကျော်တွင်လည်း နေပြည်တော်
အနောက်တောင်ဘက် မိုင် ၃၀ ခန့်အကွာကို ဗဟိုပြု၍ ၄ ဒသမ ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ခဲ့သည်။

7Day News Journal

မိမိအသည်းတစ်ဝက်ကို သမီးငယ်အား လှူဒါန်းသည့် မိခင်

Imogen ဆိုတဲ့ ကလေးငယ်ဟာ အသက်ကိုးပတ် အရွယ်ခန့်မှစပြီး
Biliary Atresia ရောဂါရှိတယ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။
သည်းခြွေပန်မပါဘဲ မွေးလာတဲ့ ကလေးဖြစ်ပြီး အစာထဲမှ အဆီကို ဖြိုခွဲဖို့ မဖြစ်နိုင်တဲ့အခြေအနေပါ။
ဒါကြောင့် အသည်းက အလုပ် အလွန်လုပ်ရပြီး အသည်းမှာ သည်းခြေရည်တွေ စုဆောင်းမှု ရှိနေကာ
သေဆုံးနိုင်တာကြောင့် အသည်းအစားထိုး ကုသမှုခံယူဖို့ ငါးလခန့် စောင့်ဆိုင်းနေစဉ်အတွင်း
အသက်ကယ်ဖို့ အရေးပေါ် အခြေအနေ ဖြစ်လာတဲ့အတွက် မိခင်ဖြစ်သူက
သူမရဲ့ အသည်းတစ်ဝက်ကို အစားထိုးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အင်မိုဂန် ၁၁ လအရွယ်မှာ အသည်းအစားထိုးဖို့ မိခင်နဲ့ကလေးဟာ ဆေးရုံ တစ်ခုစီမှာ
ခွဲစိတ်မှု ခံယူတယ်လို့ သိရပါတယ်။ မိခင် ချဲလော့ရဲ့ အသည်းအစိတ်အပိုင်း တချို့ကို
Queen Elizabeth ဆေးရုံမှာ ကိုးနာရီကြာအောင် ခွဲစိတ်ပြီး ထုတ်ယူကာ
ဘာမင်ဟန် ကလေးဆေးရုံမှ အင်မိုဂန်ကို အစားထိုး ကုသဖို့ ပေးခဲ့ပါတယ်။
အသည်းရဲ့ ပြန်လည် ပြုပြင်နိုင်စွမ်းကြောင့် သမီးငယ်ကို ပေးခဲ့တဲ့ ချဲလော့ရဲ့ အသည်း ဘယ်ဘက်ခြမ်းဟာ
ပုံမှန်အရွယ်အတိုင်း ကြီးထွားလာပြီး မိခင်မှာ ကျန်ရစ်ခဲ့တဲ့ ညာဘက် ခြမ်းမှာလည်း
ပုံမှန်အသည်း အရွယ်အစားအတိုင်း ပြန်လည်ကောင်း မွန်သွားပါတယ်။
ခွဲစိတ်ကုသမှုခံယူပြီး ခြောက်ရက်အကြာမှာမှ မိခင်ဟာ သူမရဲ့သမီးကို တွေ့ခွင့်ရရှိတယ်လို့ သိရပါတယ်။

From:yoyarlay

မြန်မာ့သမိုင်းမှာဘုရင်ကိုတရားစွဲခဲ့ဘူးတဲ့တောင်သူတွေရှိခဲ့ဘူးတယ်။

သက်ဦးဆံပိုင် ဘုရင်စနစ်မှာ သာမန် တောင်သူလယ်သမားတွေက ရှင်ဘုရင်ကို တရားပြန်စွဲပြီးတဲ့ ကိစ္စတွေ ဖြစ်ခဲ့ဘူးတယ်ဆိုတာ ယုံနိုင်စရာတောင် မရှိဘူးဗျာ။ ဘိုးတော်ဘုရား (ဦးဝိုင်း) လက်ထက်မှာ ဖြစ်ခဲ့တာ။ တစ်ရက် လွှတ်တော်မှာ ၀န်ကြီးစုံညီ အစည်းအဝေးလုပ်နေတုန်း ရတနာသိင်္ခက လယ်သမားကြီးတွေ ရောက်လာကြသတဲ့။ တကယ်တော့ အဲဒီလယ်သမားကြီးတွေဟာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရဲ့ ဆွေတော်မျိုးတော်တွေဖြစ်ပေမယ့် မင်းစိုးရာဇာလို မနေချင်လို့ တောင်သူကြီးအလုပ်ပဲ ပြန်လုပ်နေကြတဲ့ သူတွေပဲ။ ဘိုးတော်ဘုရား နန်းတက်ပြီးတော့ သူပိုင်တဲ့လယ်တွေကို ရွှေကြိုးတားသတဲ့။ အဲဒီလိုရွှေကြိုးတားပြီး နယ်နိမိတ်ပိုင်းခြားသတ်မှတ်တဲ့အခါ ချိုင့်တွေ၊ လျှိုတွေ၊ ဂမူတွေ ရှိနေလို့ သူပိုင်လယ်ကွက်အပြင် နီးစပ်ရာ လယ်ကွက်တွေကိုပါ ထည့်ပြီး ပိုင်းဖြတ် ရွှေကြိုးသတ်မှတ် ကြတဲ့အခါ ဒေသခံ တောင်သူတွေရဲ့ လယ်ကွက်တွေပါ ဘုရင်ပိုင်လယ်ကွက်ဖြစ်ကုန်လေတော့ အဲဒီလယ်သမား ကြီးတွေက ဘုရင်ကို ပြန်တရားစွဲဖို့ လွှတ်တော်ရောက်လာကြတာ။ (ဒီနေရာမှာ အလောင်းမင်းတရားကြီး ရဲ့ ဆွေတော်မျိုးတော်လယ်သမားတွေ ဖြစ်နေပေမယ့် အလောင်းမင်းတရားကြီး လွန်ပြီး ကြားထဲ မှာ နောင်တော်ကြီးမင်း၊ ဆင်ဖြူရှင်မင်း၊ စဥ့်ကူးမင်း နဲ့ ဖောင်ကားစားမောင်မောင် (သူကတော့ ၇ရက်ပဲ ဘုရင် ဖြစ်လိုက်တာ) တို့ ဘုရင်လုပ်ပြီးမှ ဘိုးတော်ဘုရားက ဘုရင်ဖြစ်ရတာ ဆိုတော့ နှစ်ပေါင်း လည်း ကြာလှပြီ။ ပြီးတော့ ဆင်ဖြူရှင် လက်ထက်မှာ သားတော် စဥ့်ကူးမင်းတို့ကို မင်းမြှောက်တော့ မင်းညီမင်းသားအချင်းချင်းတောင် အရာချ၊ ဖမ်းဆီးတဲ့ကိစ္စတွေဖြစ်ခဲ့တာ ဆိုတော့ တရားစွဲရဲတဲ့ လယ်သမားကြီးတွေဟာ ဆွေတော်မျိုးတော်ဖြစ်ပေမယ့် ဘုရင့် အမိန့် အကြောင်းမရွေးတာကြောင့် ဘုရင်ကို တရားစွဲရဲတဲ့ အတော်ကို ဇ ပြင်းတဲ့ပုဂ္ဂိုလ်ကြီးတွေပဲဗျ)
ဒီအမှုကို ဘယ်လွှတ်တော်ကမှ လက်မခံရဲပေမယ့် အမတ်ကြီး ဦးပေါ်ဦး က လက်ခံလိုက်ပါတယ်။ ဘိုးတော်ဘုရားကို ဆင့်ခေါ်ပါတယ်။ ပထမရက်ချိန်း ဘုရင်က မလာဘူး။ ဒုတိယရက်ချိန်းကမှ လာတာ။ အမှုကို တရားစားရိတ်အတွက် ဘုရင်က ကျခံပေးဖို့ ဆုံးဖြတ်ပေးလိုက်ပါသတဲ့။ (ညိုမြ၊ ကုန်းဘောင်ရှာပုံတော် စာ ၁၀၃-၁၀၅)
ခုခေတ်လယ်သမားတွေတောင် ဒီမိုကရေစီ မိုးထဲရေထဲမှာ အဆာငတ်ခံတဲ့သူက ခံ.. အဖမ်းခံတဲ့သူ ခံ.. ဆန္ဒပြတာတောင် မရဲတရဲ ဆိုတော့ မြန်မာ့ သမိုင်းမှာ ဒါမျိုးဖြစ်ခဲ့တယ်ဆိုတာ (ခုမှ သတိထားမိတဲ့) ကျွန်တော့ အတွက်တော့ အံ့သြဘနန်း ဖြစ်ရပါတယ်။
 credit to ကိုကျော်သူရှိန်
စာပေဝေမျှသူ(မော်နီကာ)