This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, July 8, 2014

အားမသွင်းထားသည့် ဆဲလ်ဖုန်းများနှင့် လက်တော့ပ်များ လေယာဉ်ပေါ် သယ်ဆောင်ခြင်းကို အမေရိကန် တားမြစ်..............



Posted by: Ko Myo on Monday, July 07, 2014 Categories:
အမေရိကန်သို့ လာရောက်မည့် လေယာဉ်များ၏ လုံခြုံရေးကို အဆင့်မြှင့်တင် လုပ်ဆောင်သည့် အနေဖြင့် အားမသွင်းထားသည့် ဆဲလ်ဖုန်းများနှင့် အခြားသော ထုတ်ကုန်များကို လေယာဉ်ပေါ်သို့ သယ်ဆောင်ခွင့်ပြုမည် မဟုတ်ကြောင်း အမေရိကန် သယ်ယူပို့ဆောင်ရေး လုံခြုံမှု စီမံခန့်ခွဲရေးအဖွဲ့ (TSA) က ထုတ်ဖော် ပြောကြား လိုက်သည်။

အမေရိကန်နိုင်ငံ၏ အမိမြေလုံခြုံရေး အတွင်းရေးမှူး ဂျာဂျွန်ဆန်က အဆိုပါ လုံခြုံရေး ဆောင်ရွက်ချက် သည် လေကြောင်းလုံခြုံရေးကို ပြန်လည်ချင့်တွက်ပြီးနောက် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။

၎င်း လုံခြုံရေး ဆောင်ရွက်ချက်ကို တရားဝင် အသုံးပြုမည့် လေဆိပ်စာရင်းအား မသိရသေးသော်လည်း အဆိုပါ လုံခြုံရေး ဆောင်ရွက်ချက်သစ်ကို ကျင့်သုံးမည့် လေဆိပ်များတွင် လန်ဒန်မြို့ရှိ ဟီးသရိုးလေဆိပ် ပါဝင်ကြောင်း BBC က ဖော်ပြခဲ့သည်။

ထို့အပြင် အမေရိကန်၏ လုံခြုံရေးအဆင့်မြှင့်တင် ဆောင်ရွက်ခြင်းသည် ဆီးရီးယားနှင့် ယီမင်တွင် အကြမ်းဖက်သမားများက လုံခြုံရေး ရှာဖွေမှု ဆောင်ရွက်ချက်များကို ရှောင်လွှဲပြီး ဗုံးများ သယ်ဆောင်ခဲ့ သည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

TSA ၏ ထုတ်ပြန်ကြေညာချက်တွင် “လုံခြုံရေးအတွက် စစ်ဆေးမှု ပြုလုပ်နေချိန်မှာ ဆဲလ်ဖုန်းအပါအဝင် အီလက်ထရွန်နစ် ထုတ်ကုန်ကို ပိုင်ဆိုင်သူများအနေနဲ့ အချို့ထုတ်ကုန်တွေကို ဖွင့်ပြဖို့လိုပါတယ်။ အားမသွင်းထားတဲ့ ထုတ်ကုန်တွေဆိုရင်တော့ လေယာဉ်ပေါ် တက်ရောက်ခွင့်ရှိမှာ မဟုတ်ပါဘူး” ဟု ဖော်ပြထားသည်။


Ref: CNET
Internet Journal
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

အနှိပ်စက်ခံ ကမ္ဘောဒီးယား အမျိုးသမီးများ ဘဝ.......................



Posted by: Ko Myo on Monday, July 07, 2014 Categories:
အိပ်ရာကထပြီး မတ်မတ်လေး ထိုင်ရန်မှာ ဆိုဖောင်း အတွက် အလွန်ခက်ခဲ လွန်းလှသည်။ သူမ ကလေးများ အကူအညီဖြင့် သစ်သား အိမ်ငယ်လေးအတွင်း သွားလာ နေထိုင်ရသည်။ တစ်အိမ်လုံး ဆေးနံ့တွေကလည်း ပျံ့နှံ့နေ သည်။

ဆိုဖောင်းအသက် ၅၉ နှစ်ရှိပြီ။ ယမန်နှစ်က သူမသည် အိမ်ထဲမှ “ကယ်ကြပါရှင်” ဟုအော်ပြီး ပြေး ထွက်လာသည်။ သူမ အော်သံက ထိတ်လန့်စရာ ကောင်းလှသည်။ လက် ကားရား ခြေကားရား ဝှေ့ယမ်းအော် ဟစ်ပြီး သူမပြေးထွက် လာခြင်း ဖြစ်သည်။ သူမတစ်ကိုယ်လုံး ဓာတ်ဆီတွေ ရွှဲနေပြီး အပေါ်ပိုင်းတွင် မီးတွေစွဲနေသည်။ အိမ်နီးနားချင်း တွေက ပြေးထွက် လာကြပြီး မီးကိုဝိုင်း ငြှိမ်းလိုက်ကြသည်။ ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံး မီးလောင်ကျွမ်းမှုကို ခံစားခဲ့ရသည်။

ဆိုဖောင်းသည် ကမ်ပေါ့ တိုက်နယ်ဆေးရုံတွင် ဆယ်ရက်ခန့် ကုသမှု ခံယူလိုက်ရသည်။ ဆေးကုသမှု ခံယူပြီးနောက် သူမကို မီးရှို့ခဲ့သည့် အသက် ၅၀ အရွယ် ခင်ပွန်းသည် မောင်ဆင်းနှင့် အတူပြန်နေရန် အိမ်ငယ်လေးဆီသို့ ပြန်ခဲ့ရသည်။

မီးရှို့ခံရသည့်နေ့ မတိုင်မီက ဆိုဖောင်းနှင့် မောင်ဆင်းတို့ စကားများခဲ့ကြသည်။ စစ်သားတစ်ယောက် ဖြစ်သည့် မောင်ဆင်းက ဇနီးသည်ကို အသံမထွက်နိုင်သည်အထိ ရိုက်နှက်ပြီးနောက် တံခါးပိတ်ကာ ထားခဲ့သည်က များသည်။ နောက်တစ်နေ့တွင် ဆိုဖောင်းကို ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့ခြင်း ဖြစ်သည်။

“ကျွန်မထွက်ပြေးဖို့ ကြိုးစားသေးတယ်။ သူဓာတ်ဆီတွေ လာလောင်းကတည်းက မီးရှို့တော့မှာပဲဆိုတာ သိနေတယ်။ ဒါပေမဲ့ သူက ကျွန်မကို ချုပ်ထားတော့ မပြေးနိုင်ဘူး။ နောက်မှ မီးရှို့လိုက်တာ” ဟု ဆိုဖောင်းက ပြန်ပြောပြခဲ့သည်။

သူတို့ အိမ်ထောင်သက်က နှစ်ပေါင်း ၂၀ ခန့် ရှိပြီးမှ ကြမ္မာငင်သော ထိုနေ့သို့ ရောက်ခဲ့ရခြင်း ဖြစ်သည်။ ထိုနေ့မတိုင်မီကလည်း ဆိုဖောင်းတစ်ယောက် ခွေးရိုက် နွားရိုက် ရိုက်ခံခဲ့ရခြင်းများ၊ အလိုမတူဘဲ အဓမ္မအကျင့်ခံခဲ့ရခြင်းများနှင့် အိမ်ထောင်သည်ဘဝ တစ်လျှောက်လုံး ငရဲကျနေသလို ခံစားခဲ့ရသည်။

“ကျွန်မ သူ့ကိုထားပြီး ထွက်သွားဖို့ ကြိုးစားတယ်။ ဒါပေမဲ့ တစ်နေ့နေ့တော့ သူပြင်လာမှာပါထင်ပြီး သည်းခံခဲ့တယ်” ဟု သူမရင်ဘတ်ပေါ်ရှိ ကန့်လန့်ဖြတ် ဒဏ်ရာကြီးပေါ်သို့ လာနားသော ယင်ကောင်များ ကို မောင်းထုတ်ရင်း ပြောသည်။ နောက်ပြီး သူမတွင်ရှိသော ကလေးငါးယောက်အတွက် သူ့လုပ်စာ တစ်ခုတည်းကိုသာ မှီခိုနေရသဖြင့် သူမတွင် ရွေးချယ်ခွင့် မရှိခြင်းကို ဆွေးမြည့်စွာ ထုတ်ဖော်ရှာသည်။

ကမ္ဘောဒီးယားနိုင်ငံ အနှံ့အပြားတွင် အမျိုးသမီးများ အကြမ်းဖက် ခံရခြင်းများသည် ယနေ့အထိ ရင်ဆိုင် ကြုံတွေ့နေရသော ပြဿနာတစ်ရပ် ဖြစ်သည်။ ယဉ်ကျေးမှု ဓလေ့ထုံးစံအရလည်း အိမ်ထောင်ရေး ကွာရှင်းရန် ခွင့်မပြု။ သူတို့ လူ့ဘောင်အဖွဲ့အစည်းတွင် ဇနီးဖြစ်သူသည် ခင်ပွန်းဖြစ်သူကို ရိုသေပြီး ပြောသမျှ လိုက်နာရမည်သာ ဖြစ်သည်။ ခင်ပွန်းသည်က ဘာလုပ်လုပ် ခံမပြောနဲ့ နားထောင်ဆိုသည့် ဘဝနှင့်သာ သူတို့နေထိုင်ကြရသည်။

ကမ္ဘောဒီးယားနိင်ငံ၏ ရိုင်းစိုင်းသော ယောက်ျားများ ဓလေ့အတိုင်း မောင်ဆင်းသည် ဇနီးသည်ကို သေလောက်အောင် ကြံစည်ထားသော်လည်း အရေးယူခံရခြင်း မရှိခဲ့ပေ။ ထိုသို့ အပြစ်လုပ်သူကို ဓလေ့ဖြင့် ဖုံးလွှမ်းပြီး အရေးယူနိုင်မှု မရှိခြင်းကပင် ယဉ်ကျေးသော လူ့ဘောင်ကြီး တစ်ခုလုံးကို စော်ကားနေသလို ဖြစ်သည်။

ကမ္ဘောဒီးယားရှိ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများကလည်း ဓလေ့ထုံးစံအရ ငုံ့ခံနေသူတွေများ သောကြောင့် အထောက်အထားများ ရနိုင်မှု ခက်ခဲကြောင်း ပြောကြသည်။ အမျိုးသမီးတို့ ဘဝသည် အိမ်ထောင်ကျသည်နှင့် လင်ယောက်ျား လုပ်သမျှခံ၊ ပေးသမျှယူ၊ ကျွေးသမျှစားကာ ခင်ပွန်းသည်အပေါ် လုံးဝမှီခို နေကြရသဖြင့် အစိုးရလည်း တစ်ခုခုကို အရေးယူခြင်းထက် ခေါင်းရှောင်နေသည်က များသည်။

“အမျိုးသမီးတွေ သူတို့ဘယ်လောက်ပဲ အကြမ်းဖက် ခံရသည်ဖြစ်စေ နှုတ်ဆိတ်နေတာက အကြောင်းရှိ တယ်။ သူတို့မှာ အခြားရွေးချယ်ခွင့်ဆိုတာ ဘာမှရှိကြတာ မဟုတ်ဘူး။ ယောက်ျားကို ဆန့်ကျင်ရင် အသိုင်းအဝိုင်းက ကဲ့ရဲ့ပြစ်တင်ကြမယ်။ မထင်ရင် မထင်သလို ယောက်ျားရဲ့ လက်တုံ့ပြန်တာကိုလည်း ခံရဦးမယ်” ဟု ကုလသမဂ္ဂ အမျိုးသမီးရေးရာ အတိုင်ပင်ခံ ဖရေရာ လာဆင်က ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံ လူ့အခွင့်အရေးအဖွဲ့ Licadho တွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးက ၂၀၁၂ ခုနှစ်တွင် အမျိုးသမီးများ အကြမ်းဖက် အနိုင်ကျင့်ခံရမှုပေါင်း ၃၀၄ မှု ရှိခဲ့ပြီး၊ သူတို့ခင်ပွန်းသည်များ၏ သတ်ဖြတ်မှုကို ခံရသူလေးဦး ရှိကြောင်း ပြောကြားသည်။

“ပြည်တွင်းမှာ နှိပ်စက် အနိုင်ကျင့်ခံနေရတဲ့ အမျိုးသမီး ပြဿနာတွေ အများကြီး ရှိတယ်။ တကယ်လို့ အဲဒီ အမျိုးသမီးတွေက သက်ဆိုင်ရာကို တိုင်ကြားချင်တယ်ဆိုရင် ကျွန်မတို့က ကူညီပေးဖို့ အသင့်ရှိတယ်။ ဒါပေမဲ့ ပြဿနာအများစုက သူတို့ယောက်ျားတွေ လာချော့လိုက်ရင် ပျော့ပြီး ပြန်ပါသွားကြတာများတယ်” ဟု Licadho အဖွဲ့ကို ထူထောင်သူ စောချန်ဟွန်းက ဆိုသည်။

၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အမျိုးသမီးရေးရာ ဝန်ကြီးအဖွဲ့၏ အစီရင်ခံစာအရ ကမ္ဘောဒီးယား နိုင်ငံအမျိုးသမီး ၄၀ ရာခိုင်နှုန်းခန့်သည် အကြမ်းဖက် အနိုင်ကျင့်မှုများ ခံစားနေကြရကြောင်း သိရသည်။ အထူးသဖြင့် အိမ်တွင်း၌ ကျိတ်ပြီး နှိပ်စက်မှုများကို ခံနေကြရခြင်း ဖြစ်သည်။ ထိုအထဲတွင် အမျိုးသမီး ၃၀၀၀ လောက်မှာ ကြိုးတုပ်ပြီး အရိုက်ခံကြရသည်။ ပမာဏအားဖြင့် ၂၀ ရာခိုင်နှုန်းခန့် ဖြစ်သည်။ ၇ ရာခိုင်နှုန်းသည် လည်ပင်းညှစ်ခြင်းနှင့် မီးရှို့ခြင်းများကို ခံစားနေကြရသည်။

“မိန်းမတွေကို သူတို့ယောက်ျားတွေက ပြဿနာမရှာနဲ့ ငတ်သွားမယ်လို့ ပြောနေနိုင်တာကိုက သဘာဝ မကျသေးဘူး။ ကမ္ဘာပေါ်မှာ ဒီလို အိမ်ထောင်ကျလိုက်တာနဲ့ အနှိပ်စက်ခံရမယ်ဆိုတာ ပြဿနာတစ်ရပ် အနေနဲ့ ရှိနေသေးတယ်။ အထူးသဖြင့် ကျွန်မတို့နိုင်ငံမှာ အဲဒီလို ယောက်ျားတွေကို အပြစ်မပေးနိုင်တာ ကလည်း အားနည်းချက် တစ်ခုလို ဖြစ်နေတယ်” ဟု ၁၉၈၈ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ အမျိုးသမီးရေးရာ ဝန်ကြီးဌာနတွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မူဆိုချောက ဆိုသည်။

ကမ်ပေါ့ကျေးရွာသူ ကျေးရွာသားတွေကလည်း မိမိတို့ရွာ အတွင်း မောင်ဆင်း၏ နှစ်ပေါင်းနှစ်ဆယ်ခန့် လူမဆန်စွာ နှိပ်စက် ညှဉ်းပန်းနေမှုကို မသိဟုဆိုခြင်းမှာ လူမှုရေး အသိစိတ်နှင့် အကြင်နာတရား ခေါင်းပါးသည်ဟု ဆိုနိုင်ခြင်းထက် ဓလေ့ထုံးစံ များကြောင့်သာ ဖြစ်မည် ထင်သည်။

“မောင်ဆင်းကို ကြည့်ရတာ လူကောင်းတစ်ယောက်ပါ။ ယဉ်ကျေးတယ်၊ ခင်မင်စရာ ကောင်းတယ်။ သူ့ကို လူတိုင်းသဘောကျကြတယ်။ သူဒီလိုလုပ်မယ့် လူတစ်ယောက် မဟုတ်ပါဘူး” ဟုပင် ရွာလူကြီး ခန်ဆာမောင်းက ထောက်ခံပေးလိုက်သေးသည်။

ကမ်ပုံ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့မှ ရဲအရာရှိ ရို့သ်ဆမ်အန်းအား မောင်ဆင်းကို အဘယ်ကြောင့် မဖမ်းရ သနည်းဟု မေးလိုက်သော အခါတွင် သူက “တိုင်မှမတိုင်တာ ဘယ်လို အရေးယူလို့ ရမှာလဲ။ တိုင်မှ ကျုပ်တို့ရဲတွေကလည်း ဥပဒေကြောင်းအရ အရေးယူလို့ရမှာပေါ့” ဟု ပြောကြားသည်။

“ကျုပ်တို့ အဲဒီအမှုကို ကြားပါတယ်။ သွားပြီးတော့တောင် မေးခဲ့သေးတယ်။ ဒါပေမဲ့ သူ့ကို ဖမ်းလို့မရ ဘူးဗျ။ ဘာကြောင့်လဲဆိုတော့ မိသားစုဝင်တွေက အမှုမှ မဖွင့်တာ” ဟု ဆမ်အန်းက ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် လူသတ်မှု၊ ဓားပြမှုတို့လောက်က လွဲပြီး လင်မယားချင်း အနိုင်ကျင့်မှုများမှာ မတိုင်လျှင် အရေးယူနိုင်ခြင်း မရှိပေ။

“တကယ့်ပြဿနာက မောင်ဆင်းမှာ စိတ်ဝေဒနာ နည်းနည်း ရှိတယ်။ သူလည်း ဒဏ်ရာရထားတာပဲ။ ခုဆိုရင် သူလည်းမကျန်းမာဘူး။ သူနေကောင်းမယ်ဆိုရင် ကျုပ်တို့လည်း ဥပဒေအရ အပြစ်ပေးနိုင်မယ် ထင်တယ်” ဟု စိတ်ဝေဒနာကို အကြောင်းပြပြီး ရဲက အမှုကို လျှောချသွားခဲ့သည်။

ဆိုဖောင်းကမူ သူမအနေနှင့် နှိပ်စက် မီးရှို့ခံရပြီးနောက် ရဲစခန်းသို့ တိုင်ကြားလိုသော်လည်း ကျေးရွာ လူကြီးက သူမကိုရဲမတိုင်ရန် ဖိအားများ ပေးခဲ့သည်ဟု ဆိုသည်။ ပြီးတော့ ရဲသွားတိုင်လို့လည်း အပိုပဲ မောင်ဆင်းကို အရေးယူလို့မရကြောင်း လာပြောခဲ့သည်။

“မိသားစုက မောင်ဆင်းကို ဖမ်းစေချင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်က အဲဒီလိုလုပ်လို့ အကျိုးမရှိနိုင်ဘူးလို့ သူတို့ကို ပြောခဲ့တယ်” ဟု ရွာလူကြီးကလည်း ဆိုသည်။

ရွာလူကြီးက ဆက်ပြီး “ဒါမျိုးတွေ မကြာခဏ ဖြစ်နေတာပဲ။ အဲဒီလို ဖြစ်လာလို့ လုပ်တဲ့ကောင်တွေကို ဖမ်းပြီးထောင်ချရမယ် ဆိုရင်လည်း မိသားစုတွေအတွက် ပိုပြီးကောင်းလာမှာမှ မဟုတ်တာ” ဟု ပြောခဲ့သည်။

ဆိုဖောင်းသည် ယခုအခါ ပြည်တရွှဲရွှဲ ဖြစ်နေသည့် အနာများနှင့် အင်္ကျီကိုပင် မဝတ်နိုင်ပေ။ ဆေးရုံက ဆင်းခွင့် ပြုလိုက်ကတည်းက သူမယောက်ျားနှင့် မည်သို့ မျက်နှာချင်းဆိုင်ပြီး ပြန်နေရမည်ကိုပင် မတွေးနိုင်လောက်အောင် ခေါင်းရှုပ်နေခဲ့သည်။

“သူ ကျွန်မကို စကားပြောပါ့မလားတော့ မသိဘူး။ ကျွန်မကတော့ သူ့ကို အိမ်ပေါ်က ဆင်းသွားခိုင်းမယ်။ ဒါပေမဲ့ သူက နှုတ်နည်းနည်းနဲ့ ရက်စက်တတ်တာဆိုတော့ ပြောရခက်တယ်။ ခုထိ သူအိမ်က ထွက်မသွားသေးဘူး” ဟု ဆိုဖောင်းက ပြောသည်။

နိုင်ငံအနှံ့ အမျိုးသမီးများ အကြမ်းဖက်ခံရခြင်း ဘေးမှ ကင်းဝေးစေရန် အမျိုးသမီး စောင့်ရှောက်ရေး အဖွဲ့များသည် ကုလသမဂ္ဂ၏ အထောက်အပံ့များဖြင့် လှုပ်ရှားမှုများကို ပြုလုပ်ကြသည်။ အထူးသဖြင့် White Ribbon လှုပ်ရှားမှုကို ဆောင်ရွက်ကြသည်။ အမျိုးသားများကို အမျိုးသမီးများ၏ အခွင့်အရေးများ ပညာပေးကြသည်။ ဂျာမန်နှင့် စပိန်အစိုးရတို့ကလည်း The Good Men လှုပ်ရှားမှုကို ဦးဆောင်ပြီး အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှ အခွင့်အရေးအတွက် ပညာပေးမှုများ ပြုလုပ်နေကြသည်။

“တစ်နှစ်၊ ၂ နှစ်လောက်ဆိုရင် စိတ်ထားတွေ ပြောင်းကုန်မယ် ထင်ပါတယ်။ လူတွေရဲ့ အလေ့အထ စရိုက်တွေကို ပြောင်းရလိမ့်ဦးမယ်။ အချိန်တော့ ယူရမှာပေါ့” ဟု စပိန် NGO Paz Y Desarrollo အဖွဲ့ခေါင်းဆောင် ဒေသကိုယ်စားလှယ် စတီဖာနိုဘရီဂိုနီက ဆိုသည်။ သူက The Good Men အဖွဲ့တွင် ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် ပေးနေသူလည်း ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် အမျိုးသမီးများ အကြမ်းဖက်မှု ကာကွယ်ရေးဆိုင်ရာ ဥပဒေကို နိုင်ငံတော် အစိုးရကလည်း ၂၀၀၅ ခုနှစ်တွင် ပြဋ္ဌာန်းပေးခဲ့ပြီး ဖြစ်သည်။ သို့သော် ထိုဥပဒေတွင် ပါရှိသည် အားနည်းချက်များကို လူ့အခွင့်အရေး လှုပ်ရှားသူများ အဖွဲ့ကလည်း ထောက်ပြ ဝေဖန်နေကြသည်။ ဥပဒေအရ “သင့်တော်သလို ပိုင်းဖြတ်ရန်” ဆိုသည့်စကားသည် ဇနီးမယားနှင့် သမီးသားတို့အတွက် အခွင့်အရေးများ ဆုံးရှုံးသလို ဖြစ်နေသည်။ ယောက်ျား ၏ ပြုမူလုပ်ဆောင်ချက်သည် စည်းကမ်း လိုက်နာစေရန်နှင့် ပညာပေးသည့် သဘောမျိုး ဖြစ်ပြီး စိတ်ထားကောင်းစွာဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ပိုင်းဖြတ်ခြင်း ခံရလျှင် ထိုခင်ပွန်းယောက်ျားကို အပြစ်ပေး အရေးမယူနိုင်ခြင်းက ဥပဒေကို လက်တစ်လုံးခြား လှည့်စားထားသလို ဖြစ်နေသည်။

မယားကို မီးရှို့ပြီးနောက်တွင်လည်း မောင်ဆင်းသည် ဆက်လက် နှိပ်စက်မြဲ ဖြစ်သည်။ ရွာလူကြီးက သူ့ကို ရှစ်လတိတိ အိမ်ကထွက်သွားရန် အမိန့်ထုတ်လိုက်သည်။

“ဆိုဖောင်းက ကျွန်တော့်ဆီလာပြီး မောင်ဆင်းနဲ့အတူ မနေနိုင်ပါဘူးလို့ လာပြောတယ်။ သူ့ကို မောင်ဆင်းက အဓမ္မကျင့်တယ်။ သူ့သမီးကိုလည်း အဓမ္မကျင့်ဖို့ ကြိုးစားတယ်လို့ လာတိုင်တယ်။ ဒါကြောင့် အဲဒီကောင်ကို သူ့မိဘတွေဆီ ပြန်နေဖို့ ကျွန်တော် အမိန့်ထုတ်ထားတယ်” ဟု ရွာလူကြီးက ဆိုသည်။

မောင်ဆင်းသည် ယခုအခါ နှစ်မိနစ်လောက် လမ်းလျှောက် သွားလျှင် ရောက်နိုင်သည့် သူ့မိဘများ အိမ်သို့ ရောက်နေသည်။ သူ့အိမ်က လှမ်းကြည့်လျှင်ပင် ဇနီးနှင့် သားသမီးများကို မြင်နိုင်သည်။
ဆိုဖောင်းကမူ “သူမရှိမှ အေးတော့တယ်” ဟု ဆိုလာသည်။ သူမအနေနှင့် လူတွေက ဘယ်လိုပြောပြော ဂရုမစိုက်တော့ကြောင်းလည်း ပြောလာသည်။

“ခုဆိုရင် ကျွန်မအနေနဲ့ ယောက်ျားမရှိလည်း ဘာမှမဖြစ်တော့ဘူး။ ကျွန်မကို မီးရှို့ထားတဲ့ ကောင်လို့ တွေးလိုက်တိုင်း ဖြေသာမိတယ်” ဟု သူမက ဆိုလိုက်သည်။

Ref : Beaten and Burned, by Denise Hruby (GLOBE, April 2013)


The Voice Weekly
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

အရွယ်နဲ့ မလိုက်အောင် အိုသွားစေနိုင်တဲ့ အစားအစာ(၃)မျိုး......................



Posted by: Ko Myo on Monday, July 07, 2014 Categories:
Lily on 2014-07-07 17:56
ဘယ်သူမဆို ကိုယ့်အသက်အရွယ်ထက် ပိုပြီးတော့ နုချင်ကြတာ မဆန်းပါဘူး။ အပြင်ပိုင်း အပြင်အဆင်နဲ့ သင့်အရွယ်ကို စိတ်ချလက်ချ ဖုံးကွယ်ထားလို့ မရနိုင်ပါဘူး။ သင့်အစား အသောက်ကို သင့်တင့်အောင် စားသုံးခြင်းကနေ ယုံကြည်စိတ်ချမှုကို ရယူနိုင်ပါတယ်။ လူ့ခန္ဓာကိုယ်ကို နုပျိုအောင် ပြုလုပ်ပေးတာ ကတော့ ဆဲလ်တွေပါပဲ။ ဒါဆို ဆဲလ်တွေကို ဘယ်သူက သတ်နေလဲ။ အဖြေကတော့ သွေးမှာပါတဲ့ သကြားဓါတ် လွန်ကဲမှုကြောင့် ဖြစ်တာပါ။ အဲဒါကြောင့် သကြားဓါတ်များအောင် လုပ်ဆောင်ပေးတဲ့ အစားအသောက်တွေကို လျော့စားလိုက်မယ်ဆိုရင် အိုမင်းခြင်းကနေ ကာကွယ်ပေး ရုံတင်မက… ကျန်းမာရေး အတွက်လည်း တစ်ဖက်တစ်လမ်းမှ အကူအညီပေးမှာဖြစ်ပါတယ်။

ခုဖော်ပြပေးထားတဲ့ အစားအသောက်တွေဟာ သွေးအတွင်း သကြားဓါတ်လွန်ကဲစွာ ဖြစ်ပေါ်စေတဲ့ အစားအသောက်တွေမို့လို့ လျော့ပြီး စားသုံးဖို့ အကြံပေးလိုက်ပါတယ်။

၁။ ဂျုံ

၂။ သကြား

၃။ ပဲပိစပ် နှင့် ဟင်းသီးဟင်းရွက် အဆီများ

ကဲ အရွယ်တင်နုပျိုချင်တဲ့ ပျိုမေတွေ အထက်မှာဖော်ပြထားတဲ့ အစားအသောက်တွေကို လျှော့စားရင်း နုပျိုမှုကို ခံစားကြည့်လိုက်ပါလို့။

Ref:womenslife.today
Trend Myanmar
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ပျောက်ဆုံးသွားတဲ့ အိုင်ဖုန်း (၉) လကြာပြီးနောက် ပြန်လည်တွေ့ရှိ.........................



Posted by: Ko Myo on Tuesday, July 08, 2014 Categories:
အေသင်အောင်
အမေရိကန် ပြည်ထောင်စု၊ အိုကလာဟိုးမား ပြည်နယ်မှာ နေထိုင်တဲ့ ကီဗင်ဝှစ်တနီဟာ ၂၀၁၃ အောက်တိုဘာလမှာ သူကိုင်ဆောင်ထားတဲ့ အိုင်ဖုန်း ပျောက်သွား ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဖုန်းဟာ အံ့အားသင့်ဖွယ်ကောင်း လောက်အောင် ကိုးလ ကြာပြီးတဲ့နောက် ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ဒီဖုန်းဟာ အမေရိကန် ပြည်ထောင်စု ကနေ ဂျပန်နိုင်ငံ အထိ ရောက်သွားပြီး တဲ့နောက် မူလပိုင်ရှင်ဖြစ်တဲ့ ကီဗင်ဝှစ်တနီဆီ ပြန်လည်ရောက်ရှိ လာခဲ့ခြင်းဖြစ်ပါတယ်။ ကီဗင်ဝှစ်တနီဟာ စက်ရုံ လုပ်သား တစ်ဦး ဖြစ်ပြီး သူ့ရဲ့အိတ်ကပ်ထဲမှာ အိုင်ဖုန်းကို ထည့်ဖို့ ကြိုးစားစဉ် အောက်ကိုပြုတ်ကျကာ ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီဖုန်းကို ပြန်လည်တွေ့ရတော့မယ်လို့ ထင်မှတ်ထားခြင်း မရှိပါဘူး။ ဒါပေမဲ့ ပျောက်ဆုံးသွားတဲ့ အိုင်ဖုန်းဟာ ပစ္စည်းတွေကြားထဲ မှာ ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီပစ္စည်းတွေကို ဂျပန်နိုင်ငံကို ပို့ဆောင်မှု ပြုလုပ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ ကီဗင်ဝှစ်တနီဆီ ဖုန်းဆက်သွယ်မှု ပြုလုပ်လာ ခဲ့ပါတယ်။ အဲဒီ ဖုန်းကလည်း ကီဗင်ဝှစ်တနီရဲ့ အိုင်ဖုန်း ဖြစ်နေပါတယ်။ ဒါကြောင့် ကီဗင်ဝှစ်တနီဟာ အရမ်းကို အံ့အားသင့်သွားခဲ့ပါတယ်။ ဂျပန် နိုင်ငံမှာ ရှိနေတဲ့လူတစ်ဦးက အဲဒီဖုန်းကို ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။ ကီဗင်ဝှစ်တနီဟာ ဖုန်းထဲမှာ ဓာတ်ပုံမှတ်တမ်းတွေ ရှိနေတာမို့ ပြန်လည်တွေ့ရလို့ ၀မ်းသာမိကြောင်း ပြောကြားသွားခဲ့ပါတယ်။


The Messenger
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

♪ လေးမိနစ်အတွင်း အလုံးရေ ၅၀,၀၀၀ ရောင်းချခဲ့ရသည့် Xiaomi MiPad ♫...................


တရုတ်နိုင်ငံ၏ စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်လာသော Xiaomi သည် Apple ၏ iPad mni နှင့် ယှဉ်ပြိုင်နိုင်မည့် MiPad tablet အလုံးရေ ၅၀,၀၀၀ ကို လေးမိနစ်အတွင်း ရောင်းချခဲ့ရကြောင်း ပြောကြားခဲ့သည်။
Xiaomi သည် အဆိုပါ MiPad အလုံးရေ ၅၀,၀၀၀ ကို တရုတ်နိုင်ငံတွင် ရောင်းချခဲ့ရခြင်း ဖြစ်သည်။
MiPad သည် စွမ်းဆောင်ရည် မြင့်မားသည့်အပြင် ဈေးနှုန်းသက်သာသောကြောင့် tablet ကွန်ပျူတာအသစ်တစ်လုံး ရှာဖွေသူများ အတွက် ရွေးချယ်စရာတစ်ခု ဖြစ်လာခဲ့သည်။ MiPad တွင် ၇.၉ လက်မ 2,048x1,536 pixel resolution IPS display ပါဝင်ပြီး NVIDIA Tegra K1 processor အပြင် 2GB RAM နှင့် အနည်းဆုံး 16GB onboard storage တို့ပါဝင်သည်။ ထို့အပြင် microSD card များကိုလည်း အထောက်အပံ့ပေးနိုင်သည်။
ကျောဘက်ကင်မရာသည် 8-megapixel ဖြစ်ပြီး အရှေ့ဘက် ကင်မရာက 5-megapixel ဖြစ်သည်။ ဘက်ထရီမှာ 6,700mAh ဘက်ထရီဖြစ်ပြီး အရောင်ငါးမျိုးဖြင့် ရရှိနိုင်သည်။ တန်ဖိုးက အမေရိကန်ဒေါ်လာ ၂၄၀ ဝန်းကျင်သာရှိသည်။
Ref: Ubergizmo

လက်ထက်ပွဲမှာ ကွာရှင်းခွင့် တောင်းတဲ့ အမျိုးသား........................



Posted by: Ko Myo on Tuesday, July 08, 2014 Categories:
07 July 2014 | By Aung Kham Kyaw
ဆော်ဒီအာရေဗိယ နိုင်ငံမှာ ဖြစ်ပါတယ်.. မင်္ဂလာဆောင်နေစဉ် အတွင်းမှာပဲ ကွာရှင်းခွင့်ပါ အမျိုးသား တစ်ဦးက တောင်းဆိုခဲ့ ပါတယ်။ အမျိုးသားကို အပြစ်မြင်နေကြ ပါလိမ့်မယ်။ ဖြစ်စဉ်က ဒီလိုပါ။ မင်္ဂလာဆောင်ဖို့ တစ်ရက် အလိုမှာပဲ အမျိုးသားဆီ လူတစ်ယောက်က Memory Stick တစ်ချောင်း လာပေး ပါတယ်။ ယင်းထဲမှာ သူနဲ့ လက်ထက်တော့မယ့် ချစ်သူ နဲ့ သူ့ အရင်ရည်းစား ဟောင်းတို့ တွဲရိုက်ထားတဲ့ ဓာတ်ပုံများကို ထည့်ထားတာကို ဖွင့်ကြည့် မိလိုက်ပါတယ်။ ရိုးရိုးတန်း ဓာတ်ပုံတွေ မဟုတ်ပါဘူး။ ဟိုတယ် အခန်းမှာ တစ်ညတာ ကုန်ဆုံးတဲ့ အမှတ်တရ အနေနဲ့ နှစ်ယောက်သား အတူ ရိုက်ထားကြတဲ့ ဓာတ်ပုံများ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဓာတ်ပုံ မြင်မြင်ချင်း Shock ဖြစ်သွားခဲ့ ပါတယ်။

သို့ပေမယ့် ဘယ်သူ့ကိုမှ မဖွင့်မပြောခဲ့ ပါဘူး။ မင်္ဂလာဆောင်တဲ့ ခန်းမက ဘုန်းတော်ကြီး ကောင်းချီးပေး နေချိန်မှာပဲ တွေဝေ နေတဲ့ စိတ်ကနေ တစ်ထစ်ချ ကောက်ချက်ချပြီး ကွာရှင်းဖို့ပါ တောင်းဆိုခဲ့ခြင်း ဖြစ်ပါ တယ်။ သူနဲ့ လက်ထက်တော့မယ့် အမျိုးသမီးဟာ အရင်ချစ်သူဟောင်းရဲ့ ဆက်သွယ် ခြိမ်းခြောက်မှုကို ခံရကြောင်း ဆိုပါတယ်။ သူ့ကိုပဲ လက်ထက်ပါလို့ တောင်းဆိုတာကို ငြင်းလို့ ဓာတ်ပုံ များကို ပို့လိုက်ခြင်း ဖြစ်ပါတယ်။ ဒီသတင်း ကနေလည်း ရိုးရာလေး စာဖတ်သူကို ဆင်ခြင်စရာ သိစရာ တွေ ပါလိမ့်မယ်လို့ ယုံကြည် ပါတယ်။


Ref: Mirror
ရိုးရာလေး
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ကလေးများအတွက် နည်းပညာနဲ့ ဆိုင်သော အကြံပေးချက် တစ်ချို့ ............................

Posted by: Ko Myo on Monday, July 07, 2014 Categories:
7 July 2014 | By Aung Hein Oo
ပြီးခဲ့တဲ့ ရက်က နည်းပညာ နဲ့ ငယ်ရွယ်သော ကလေးများကြား.... ဆိုတဲ့ သတင်းတစ်ပုဒ်ကို စာဖတ်သူများ အတွက် ရေးသားခဲ့ပြီးတော့ ယခု တစ်ခါ ကလေးများရဲ့ အွန်လိုင်း၊ ကွန်ပျူတာ၊ ဂိမ်း နဲ့ တီဗီစတဲ့ အသုံးပြုခြင်းမှ လျော့ချပေးနိင်တဲ့ နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ နည်းနည်း စကားစချီပါရစေ။

ထိုကဲ့သို့ ကျတော်တို့ ကွန်ပျူတာ၊ ဂိမ်း၊ တီဗီ၊နဲ့ အခြား ဖုန်းတွေကို အသုံးပြုမူကို ရည်ညွှန်းတဲ့ စကား
တစ်ရပ်ကတော့ Screen time လို့ခေါ်ပါတယ်။ ထို ကရိယာတွေ ရဲ့ Screen ရှေ့မှာ အသုံးပြုနေတဲ့ အချိန်ပေါ့။ ထို Screen time ဟာ များသောအားဖြင့် ထိုင်လုပ်ရတဲ့ အလုပ်ဖြစ်ပြီး ထိုင်နေစဉ်တွင် မလှုပ်ရှားဘဲ လုပ်ရတဲ့ အလုပ်ဖြစ်ကာ ခန္ဓာကိုယ်ရဲ့ အားအင်တွေကို ထိုအချိန်တွင် အသုံးပြုမူ မဆို စလောက် နည်းပါးစေပါတယ်။ ဒီလို အချိန်တွေ ကလေးတွေမှာ များလာတဲ့အခါ ညအခါမှာ အိပ်မပျော် တာ၊ တော်တော်နဲ့ မအိပ်တာတွေ ဖြစ်လာပါတော့တယ်။ နောက်ပြီး အာရုံစူးစိုက်မူနဲ့  အ၀လွန်မူ ပြသာနာတွေ ဖြစ်လာပါတယ်။ ဒါက အကြမ်းဖျင်းလောက်သာ ဖြစ်ပါသေးတယ်။ 

လမ်းညွှန်းမူတွေ အနေနဲ့ ...

(၂) နှစ်အောက်ကလေးတွေဟာ ထို Screen time ကို မရှိသင့်ပါဘူး။

(၂) နှစ်အထက်ရှိတဲ့ ကလေးတွေကတော့ တစ်နေ့ကို ၁နာရီကနေ ၂နာရီ အထိ ကန့်သတ်မူနဲ့ ပေးသုံးနိင်မှာ ဖြစ်ပါတယ်။

Screen time ကို ဘယ်လို လျော့ချမယ် ?

ကလေးတစ်ယောက်ကို ဒီလို ပြုမူစေဖို့ ခက်ခဲတယ်ဆိုပေမဲ့ မိဘတွေအနေနဲ့ ဒီအပေါ်မှာ ကျန်းမာရေး အကျိုးတွေနဲ့ ကျန်းမာတဲ့ ကလေးတစ်ယောက် ဖြစ်စေမဲ့ နည်းလမ်းတွေကို ပြောပြပါ။

- ကလေးရဲ့ အိပ်ခန်းထဲမှာ တီဗီရှိရင်တော့ တီဗီတွေကို ရွေ့ထားလိုက်ပါ။ ( ဖုန်း၊ နဲ့ အခြား တပ်ပလပ် များကိုလည်း ဒီနေရာမှာ အကန့်အသတ်နဲ့ ပေးသုံးနိင်ပါတယ်)

- အိမ်စာလုပ်နေစဉ်နဲ့ ထမင်းစားနေချိန်တွင် တီဗီ မကြည့်စေရပါ။

- ကြည့်လိုသည့် တီဗီအစီအစဉ် (သို့) ဆော့လို့သည် ဂိမ်းကို ရွေးချယ်စေပြီး အစီအစဉ် ပရိုဂရမ်တစ်ခု ပြီးတာနဲ့ တီဗီကို ပိတ်တဲ့ အကျင့်လုပ်ပေးပါ။ ( တီဗီကို အမြဲဖွင့်ထားတာမျိုး မလုပ်မိပါစေနဲ့)

- အင်တာနက်၊ ဂိမ်း၊ ကွန်ပျူတာတို့ကို ပြုလုပ်စေမည်အစား အခြား ပဟေဋ္ဌိနဲ့ မိသားစု ဂိမ်းတွေနဲ့ အပြင် လမ်းထွက်လျှောက်ဖို့ တိုက်တွန်းကြည့်ပါ။

- မှတ်တမ်းလုပ်ပါ။ ထိုသို့ Screen time ကို ငြိမ်ပြီး လုပ်မဲ့တဲ့ အချိန်နဲ့ တူညီစွာ တက်ကြွမူတစ်ခုခုကို ကြိုးစားစေပါ။ - မိဘတစ်ယောက်အနေနဲ့ သင့်ကိုယ်တိုင် Screen time အချိန်တွေကို လျော့ချခြင်း ဖြစ်သင့်ပါတယ်။

အနာဂတ်ရဲ့ ရင်သွေးတိုင်း အားသစ်လောင်းနိင်ကြပါစေ။

Ref: childhealth
ရိုးရာလေး
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Ooredoo ရဲ့ ညောင်လေးပင် ဘကကျောင်းအလှူ ..........................

Tuesday, July 8, 2014

 ~




Ooredoo မြန်မာကုမ္ပဏီက ဆက်သွယ်ရေးလိုင်စင်ရရှိခြင်း တနှစ်ပြည့်အမှတ်တရအဖြစ် ညောင်လေးပင်မြို့နယ်ထဲက ဘုန်းတော်ကြီးသင်စာသင်ကျောင်းတခုမှာ အလှူဒါနပြုခဲ့ပါတယ် တဲ့။

သူတို့ရဲ့ သတင်းထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။


  • ဇူလိုင်လ ၇ ရက်နေ့ ၂၀၁၄  
  • ရန်ကုန်၊ မြန်မာ။

Ooredoo မြန်မာ သည် မြန်မာနိုင်ငံ တွင် တယ်လီကွန် လိုင်စင် ရရှိသော တစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် Ooredoo မြန်မာ မှ ကိုယ်စားလှယ်များ အဖွဲ့ သည် ဆရာတော် အရှင် ဘဒ္ဒန္တပဏ္ဍိတ ဦးဆောင်၍ တည်ထောင် ထားသော ပဲခူး တိုင်း ဒေသကြီး ၊ ညောင်လေးပင်မြို့နယ် ၊ ခုံအင်း ကျေးရွာ အုပ်စု ၊ ကြံခင်းရွာ  ရှိ ပြည်သူ့အားမာန် ဘုန်းတော်ကြီးသင် စာသင်ကျောင်း သို့ ဇွန်လ ၂၇ ရက်နေ့ သောကြာနေ့တွင် သွားရောက်ပြီး အလှူဒါနများ ပြုလုပ်ခဲ့သည်။

ကြံခင်း ကျေးရွာ ကို လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က စတင် တည်ထောင် ခဲ့သော်လည်း ယမန်နှစ်ကမှ စ၍ စာသင်ကြောင်း  ရှိခဲ့သည်။

Ooredoo မြန်မာက စာသင်ကြားရေး တွင် ကျောင်းသားများ နှင့် ဆရာများကို အထောက်အကူ ဖြစ်စေမည့် ကျောင်းသုံး စာရေး ကိရိယာများ ကို ဘုန်းတော်ကြီးသင် စာသင်ကျောင်းသို့ လှူဒါန်းခဲ့သည်။

အလှူဒါန ပြုလုပ်ရခြင်း နှင့် စပ်လျှင်း ၍ Ooredoo မြန်မာ ၏ အလုပ်အမှုဆောင် အရာရှိချုပ် Ross Cormack က 
“ဒီနေ့ ဟာ ကျွန်တော်တို့ လိုင်စင် ရရှိကြောင်း သတင်းကောင်းကြားတာ တစ်နှစ်တိတိ ပြည့်တဲ့ နေ့ဖြစ်ပါတယ်။
ကျွန်တော် တို့ အနေ နဲ့ အင်မတန် မြတ်နိုးစရာ ကောင်းတဲ့ မြန်မာမှူ မြန်မာ့ဟန်ကို ထိမ်းသိမ်း ရင်း အလှူဒါန ပြုရခြင်း ဖြစ်ပါတယ်။
မြန်မာပြည်သူ လူထု ရဲ့ဘ၀တွေ တိုးတက် ပြောင်းလည်း ဖို့ အင်အားတွေ ဖြည့်ရန် ဆိုတာ က ကျွန်တော်တို့ အဓိက ရည်မှန်းချက် ဖြစ်ပြီး ဒီနေ့အလှူဒါနလေး ကလည်း အခြေခံ လူမှူဘ၀တွေ ကို တတ်စွမ်းသမျှ ကူညီတဲ့ အနေနဲ့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟုပြောကြားလိုက်ပါသည်။

ဆရာတော် အရှင် ဘဒ္ဒန္တပဏ္ဍိတ က Ooredoo မြန်မာ ၏ အလှူဒါန ကို ၀မ်းမြောက်စွာ လက်ခံ ရရှိပြီး၊
“မြန်မာ့ ကျေးလက် ပညာရေး ကို မြေတောင် မြှောက်ပေးနေကြသည့် Ooredoo မြန်မာ မိသားစုဝင် များ ကျန်းမာကြပါစေ။” ဟု ဆုတောင်း မေတ္တာ ပို့သလိုက်ပါသည်။
 

 



.

ဗီယက်နမ်စစ်ရဟတ်ယာဉ်ပျက်ကျမှု ၁၆ ဦးသေဆုံး ....................

8 July 2014 02:07(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)

 ဗီယက်နမ် စစ်ရဟတ်ယာဉ် တစီး တနင်္လာနေ့ အစောပိုင်းက ဟနွိုင်းမြို့တော် အနီးမှာ ပျက်ကျခဲ့ရာ လူ ၁၆ဦး သေဆုံးပြီး ၅ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ဗီယက်နမ် အရာရှိတွေက ပြောပါတယ်။

MI - 171 ရဟတ်ယာဉ်ဟာ လေ့ကျင့်ရေး ခရီးစဉ်အတွင်း စက်ချို့ယွင်းမှုကြောင့် Thach That ခရိုင်ရှိရွာထဲကို ပျက်ကျသွားခဲ့တာ ဖြစ်တယ်လို့ ဒုတိယစစ်ဦးစီးချုပ် Vo Van Tuan က ဘီဘီစီကို ပြောပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ အားလုံးဟာ စစ်မှုထမ်းတွေဖြစ်ကြတယ်လို့ သူက ပြောပါတယ်။

ရဟတ်ယာဉ်ဟာ မပျက်ကျခင်အချိန်မှာ ခက်ခက်ခဲခဲပျံသန်းနေရတယ်လို့လည်း မျက်မြင်တဦးက ပြောပါတယ်။

ဒါ့ပြင် ရဟတ်ယာဉ်ဟာ အနိမ့်မှာ ပျံသန်းနေစဉ် မြေပြင်နဲ့ထိပြီးတပြိုင်နက် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

လေယာဉ်မှူးဟာ အနားမှာရှိတဲ့ ဈေးနဲ့လူနေအိမ်တွေပေါ်မပျက်ကျမိစေဖို့ လမ်းကြောင်းပြောင်းရာမှာ ကွင်းပြင်ပေါ်ထိုးကျသွားခဲ့ပုံရတယ်လို့ သူကပြောပါတယ်။

ဗီယက်နမ်လေတပ်ရဲ့ သက်တမ်းရင့်လေယာဉ် အများစုဟာ ရုရှားနိုင်ငံက ဝယ်ယူထားတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်က ဒီရက်မှာပဲ MIC - 21 တိုက်လေယာဉ် တစီးပျက်ကျခဲ့ပေမယ့် လေယာဉ်မှူးတွေက အချိန်မီ လေထီးနဲ့ခုန်ဆင်းနိုင်ခဲ့ပါတယ်။

၂၀ဝ၈ခုနှစ်မှာလည်း တကြိမ် ဟနွိုင်းမြို့အပြင်ဘက်မှာ စစ်လေယာဉ်တစီးပျက်ကျခဲ့ရာ လေယာဉ်မှူး ၅ ဦး သေဆုံးခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

http://www.bbc.co.uk/burmese/world/2014/07/140707_vietnam_plane_crashed.shtml

ဗီယက်နမ်က ရုရှားလုပ် MI - 171 ရဟတ်ယာဉ် တစီး

ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေရောက် Miss Universe Myanmar ဆန်ခါတင် အလှမယ်များ.................



Posted by: Ko Myo on Tuesday, July 08, 2014 Categories:


The Swimsuit Photo Making of Miss Universe Myanmar 2014 Finalists was held on Karon Beach of Phuket Island in Thailand on July 6, 2014. Miss Universe Myanmar 2014 Beauty Pageant will be held at the National Theater in Yangon on July 26, 20 finalists are vying for the crown.





















ref;Myanmar Celebrity
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

သွေးမလွန် တုပ်မကွေးကြစေဖို့.....................



Posted by: Ko Myo on Tuesday, July 08, 2014 Categories:
သရုပ်ဖော် ပန်ချီ အာကာ 
ဝသန်ကာလ မိုးကျပြီဆိုမှဖြင့် အပူဒဏ်တွေ လျော့ပါးလို့ စိတ်သက်သာရာ ရတဲ့ အကျိုးအမြတ်ရယ်၊ ရာသီပေါ် သီးနှံတွေ ပေါပေါလောလော (ဈေးတော့ သိပ်ပေါမယ်မထင်) စားသုံးရတဲ့ စိတ်ကျေနပ်မှု ရယ်နဲ့အပြိုင် မိုးထဲ လေထဲ သွားရလာရ၊ အလုပ်လုပ်ရ ခက်ခဲ တာ၊ မြို့ တော်ကြီးမှာ ရေကြီးကားကျပ်နဲ့ ညည်းချင်းဖွဲ့ရတာ၊ အစား အသောက်နဲ့ ရေကနေ ယင်ကောင်က တဆင့် ကူးစက်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ jဖစ်တာ၊ ကလေးရှိသူ မိသားစုတိုင်း အမြဲချောက် ချားနေရတဲ့ သွေးလွန်တုပ်ကွေးရဲ့ ခြိမ်းခြောက်မှုကို စိုးရွံ့နေရတာတွေက ချိန်ခွင်လျှာ ပိုပြီး သာသာထိုးထိုး ဖြစ်သွားကြလေရဲ့။ အထူးသဖြင့် သွေးလွန် တုပ်ကွေးကတော့ တခြားရာသီ တွေမှာလည်း ဖြစ်တတ်ပေမယ့် မိုးရာသီမှာ ပိုအဖြစ်များတာမို့ အခုချိန်ထိ အမြဲတပ်လှန့်နေရတဲ့ ရောဂါတခုပါပဲ။

လူတိုင်းက ကိုယ့်အိမ် ကိုယ့်ရာ၊ ကိုယ့်နေရာမှာ လုပ်သင့်တာလေးတွေ လုပ်နိုင်ရင် ကာကွယ်မှု အတော်လေး ရနိုင်ပေမယ့် ထုံးစံ အတိုင်း ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး မူဝါဒကြီးနဲ့ အရိုးစွဲနေတဲ့ လူ့ အဖွဲ့အစည်းမှာတော့ ဖြစ်လာမှ အငိုလွယ် အရှိုက်ခက် ဖြစ်ကြ ရတာပါပဲ။ အရင်တုန်းကနဲ့ နှိုင်းစာရင် သေပျောက်မှု နည်းလာပေမယ့် ရှိနေတုန်း၊ ရှိနေဆဲ ဆိုတာတော့ သတိပြုမိကြမှာပါ။ မိုးတွင်း မှာ ကိုယ့်ကလေး ဖျားနာလာမှ သွေးလွန်တုပ်ကွေး ဖြစ်မှာ စိုးရိမ်လို့ ဆေးခန်း အမြန်ပြေးပြတဲ့ အလေ့အထ ဖွံ့ဖြိုးလာပေမယ့် ရောဂါရဲ့ ပင်မဖြစ်တဲ့ ခြင်နှိမ်နင်းဖို့ ကိုယ့်တနိုင် လုပ်စရာလေးတွေ လုပ်ဖို့ကျတော့ အာပေါက်အောင် ပြောနေရဆဲ၊ လိုက်နာမှုလည်း အားနည်း နေမြဲပါ။

မိုးရာသီရောက်ရင် သွေးလွန်တုပ်ကွေးအတွက် စိတ်ပူရတယ်ဆိုတဲ့ အသိလောက်တော့ ရှိကြပေမယ့်၊ သွေလွန်တုပ်ကွေးရောဂါက ခြင်ကိုက်လို့ ဖြစ်ရတယ်ဆိုတာတော့ သိကြပေမယ့် ဘာတွေသတိပြုရမယ်၊ ဘာတွေလုပ်ထားရင် ကာကွယ်ရာရောက်တယ် ဆို တာ ကိုတော့ မေ့လွယ်ပျောက်လွယ် လုပ်ပစ်ကြတာ စိတ်မသက်သာစရာပါ။

သွေးလွန်တုပ်ကွေးရဲ့ အခြေခံအချက်အလက်များ

သွေးလွန်တုပ်ကွေးဆိုတာ ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်တဲ့ရောဂါပါ။ အဲဒီ ဗိုင်းရပ်စ် ပိုးကို သယ်ဆောင်တဲ့ ခြင်ကျား ကိုက်ရာက တဆင့် တဦးကိုတဦး ကူးစက်တာပါ။ ဒီခြင်ကျားက ရေ ကြည်ရေသန့်တွေမှာ ပေါက်ပွားပြီး နေ့ဘက်မှာသာ ကိုက်တာများတဲ့ ခြင်အမျိုးအစားပါ။ ခြင်မှာ ခြင်မ တွေကသာ ကိုက်တတ်တယ် ဆိုတာတော့ ကြားဖူးကြမှာပေါ့။ ခြင်ကိုက်ခံရလို့ သွေးလွန်တုပ်ကွေး ဖြစ်ပြီ ဆိုရင် သာမန်ဖျားနာတာမျိုးနဲ့ ပြီးသွား တတ်သလို အသက်ဆုံရှုံးတဲ့အထိလည်း ဖြစ်သွား တတ်တယ် ဆိုတာကိုလည်း သိကြမယ် ထင်ပါတယ်။

အရင်ကတော့ ၃ နှစ်ကနေ ၁၃ နှစ်လောက် ကလေး တွေမှာ အဖြစ်များတယ်ဆိုပေမယ့် အခုတော့ အရွယ်မရွေး ဖြစ်တတ်တာကို တွေ့လာရပါတယ်။ ကလေး တွေနဲ့ သက်ကြီးရွယ်အိုတွေမှာဖြစ်ရင်တော့ အသက် အန္တရာယ်ပါ စိုးရိမ်ရတတ်ပါ တယ်။ ဒီရောဂါအတွက် တိကျထိရောက်တဲ့ ကာကွယ်ဆေးရယ်လို့ မကြားဖူး သေးသလို ဖြစ်လာရင်လည်း ရောဂါလက္ခဏာတွေ ကိုသာ စောင့်ကြည့်ကုသရပြီး ဗိုင်းရပ်စ်ပိုးသေစေတဲ့ ဆေးဝါးတွေ မရှိသေးတာကတော့ ဒီရောဂါရဲ့ အဓိက ခြိမ်းခြောက်မှုပါပဲ။

ဒီရောဂါရဲ့  အဓိက လက္ခဏာက ဖျားတာပါ။ ခေါင်းကိုက်၊ မျက်လုံးတွေကိုက်၊ အဆစ်အမြစ်တွေ ကိုက်၊ ပျို့အန်၊ ကြွက်သားတွေ နာ ကျင်ပြီး ခန္ဓာကိုယ်မှာ အနီစက်တွေ ထွက်လာတတ်ပါတယ်။ အခြား အဖျားတွေထက် ပိုပြီး နုံးချည့်နေတတ်ပါတယ်။ အစား အသောက် ပျက်ပြီး မှိန်းနေတတ်ပါတယ်။ ဖျားပြီး ၃ ရက်ကနေ ၆ ရက်အတွင်း လောက်မှာတော့ အန္တရာယ်ရှိတဲ့ လက္ခဏာတွေ တွေ့ ရတတ်ပါတယ်။ ရုတ်တရက် အဖျားကျ သွားတတ်ပါ တယ်။ နောက်ပြီး အလိုအလျောက် သွေးယိုစိမ့်တဲ့လက္ခဏာတွေ ဖြစ်တဲ့ နှာခေါင်းသွေးယိုမယ်၊ သွားဖုံး သွေး ထွက်မယ်၊ ပြင်းထန်စွာ ဗိုက်အောင့်မယ်၊ ကော်ဖီရောင်တွေ အန်မယ်၊ ဝမ်းမည်းမည်းတွေ သွားမယ်၊ ခန္ဓာကိုယ်ပေါ်မှာ အနီစက်တွေပေါ်လာမယ် စတဲ့ ကိုယ်တွင်း သွေးယိုတဲ့ အခြေအနေ ရောက်လာပါတယ်။ သွေးယိုစိမ့်မှုတွေ များလာရင် သွေးလန့်ခြင်း ခေါ်တဲ့ ရှော့ခ် (Shock) ဖြစ်တဲ့အခါ ခြေဖျားလက်ဖျားတွေ အေးစက်၊ သွေးပေါင်ချိန် ကျဆင်းပြီး အချိန်မီ မကုသနိုင်ရင် အသက်ဆုံးရှုံးရ တတ်ပါတယ်။

ဒီတော့ အခုလို မိုးဦးကျကာလမှာ ကလေးဖျားနာပြီဆိုရင် ဆေးရုံဆေးခန်းမှာ ပြသပါ။ အဲဒီမှာ အဖျားတိုင်းတာနဲ့အတူ သွေးပေါင်ချိန် ကိရိယာကို လက်မောင်းမှာပတ်ပြီး သွေးလွန်တုပ်ကွေးရဲ့လက္ခဏာ အနီစက်လေးတွေ စစ်ဆေးတဲ့ Hess test လုပ်ကြည့်ပြီး အတိအကျ မဟုတ်သည့်တိုင် သွေးလွန်တုပ်ကွေး နဲ့ သက်ဆိုင်မှုရှိ မရှိကို မှန်းဆပေးပါလိမ့်မယ်။ အခုဆို သွေးလွန်တုပ်ကွေး ဟုတ် မဟုတ် သေချာစေမယ့် ပဋိပစ္စည်း တိုင်းတာတဲ့ အမြန်သွေးစစ်ကိရိယာလေးတွေလည်း ရှိနေပြီမို့ ရောဂါကို အချိန်စောစော ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ရောဂါ လက္ခဏာတွေ့လို့ ဂရုတစိုက်ရှိမယ်ဆိုရင် အခြေအနေပေါ်လိုက်ပြီး အိမ်မှာပဲ စောင့်ကြည့်ကုသနိုင်သလို ဆေးခန်း၊ ဒါမှမဟုတ် ဆေးရုံ အဆင့်ဆင့်ကို ရောဂါအဆင့်လိုက်ပြီး အချိန်မီ လွှဲပို့ကုသနိုင်ပါတယ်။

လူတိုင်းပါဝင်ရမယ့် ကာကွယ်ရေးကဏ္ဍ

ရောဂါရဲ့အရင်းအမြစ်က ခြင်ကိုက်ရာက ကူးစက်ရတာဆိုတော့ ခြင်နှိမ်နင်းရေးက ရောဂါ ကာကွယ်ရေးရဲ့ သော့ချက်လို့ သတ်မှတ် ရမှာပါပဲ။ အဲဒီတော့ ခြင်နှိမ်နင်းရေးလုပ်ဖို့ ဘယ်လိုဆောင်ရွက် ရမယ်ဆိုတာ အခြေခံအသိ ရှိသင့်ပါတယ်။ ခြင်ကိုကာကွယ်ဖို့ ရှင်းရှင်း လင်းလင်း အနှစ်ချုပ်မှတ်သားစရာ ပြောရမယ်ဆိုရင်

• ခြင်မပေါက်ပွားအောင်

• ခြင်မခိုလှုံနိုင်အောင်

• ခြင်ကိုက် မခံရအောင်

အဲဒီ ၃ မျိုးကိုလုပ်နိုင်ရင် ခြင်အန္တရာယ် ကာကွယ်တာပဲပေါ့။ ဒါကလည်း အထူးတလည် လုပ်ဆောင်နေ ရတာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့အိမ်မှာ၊ ပတ်ဝန်းကျင်မှာ ပုံမှန်လုပ်ဆောင်မှုမျိုးနဲ့ လုပ်လို့ ရတာတွေပါ။

ခြင်မပေါက်ပွားအောင်

ဒီခြင်က ရေကြည်ရေသန့်၊ ရေဝပ်နေတဲ့ နေရာတွေမှာ ပေါက်ပွားတတ်ပါတယ်။ ဥချပြီး ၂ ရက်မှာ ပိုးလောက်လန်းဖြစ်၊ လောက် လန်း ဘဝက ၅ ရက် လောက်နေရင် ခြင်သားလောင်းဖြစ်၊ နောက် ၂ ရက်လောက် နေရင်တော့ ရောဂါ ကူးစက်စေမယ့် ခြင်ဘဝကို ရောက်တာမျိုးပါ။ ဒီတော့ သိုလှောင် ထားတဲ့ ရေတွေကို ၂ ရက်၊ ၃ ရက် တခါလောက် လဲလှယ်ပေးတာက ခြင်မပေါက်အောင် လုပ်ပေးတာ ပဲပေါ့။ ဘုရားပန်းအိုးကအစ အိမ်မှာရှိတဲ့ ဘူးခွံ၊ ပုလင်းခွံ တွေအထိပါ ခြင်မပေါက်နိုင်အောင် သတိပြုရ ပါမယ်။ ရေကို သိုလှောင်သုံးရတယ်ဆိုလည်း ဖုံးအုပ်ထား၊ ပုံမှန် စစ်ကြည့်ပြီး လောက်လန်းတွေ ရင် စစ်ထုတ်၊ ဖြစ်နိုင်ရင် သွန်ပြီးလဲပေါ့။ တချို့ဒေသ တွေမှာတော့ ပိုးလောက်လန်းဘဝမှာ ခြင်တွေဆက်ပြီး မရှင်သန်နိုင်တဲ့ Abate ဆေးကို သိုလှောင်ထားတဲ့ရေတွေထဲ ခပ်ပေးကြ ပါတယ်။ အိမ်ပတ်ဝန်းကျင်မှာ ရှိတဲ့ ခြင် ပေါက်ပွားနိုင်တဲ့နေရာတွေကို ရှင်းလင်းပစ်ပြီး ရေဝပ်နေတဲ့ ရေမြောင်းတွေကိုလည်း ရေ စီးရေလာ ကောင်းအောင် လုပ်ပေးရမှာပါ။

ခြင်မခိုအောင်းနိုင်အောင်

အိမ်တွင်း အိမ်ပြင် သန့်ရှင်းအောင် ထားရပါမယ်။ အမှိုက်ကို စနစ်တကျစွန့်ပစ်ရပါမယ်။ ချုံနွယ် ပိတ်ပါင်းတွေ ရှိရင် ရှင်းလင်းပေးရပါမယ်။ ကပ်ရောဂါအသွင်နဲ့ နေရာတခုတည်းမှာ လူနာအများ ကြီးဖြစ်ကြတဲ့ အခါတွေမှာတော့ ခြင်ဆေးမှုတ်တဲ့ လုပ်ငန်းလုပ်ကြရပါတယ်။ ဒါပေမယ့် တခု သတိပြုဖို့က အဲဒီခြင်ဆေးရဲ့အာနိသင်က ရက်ကြာကြာ မခံတတ်ပါဘူး။

ခြင်ကိုက်မခံရအောင်

အိပ်တဲ့အချိန်တိုင်းမှာ ခြင်ထောင်နဲ့ အိပ်ဖို့ကတော့ အရေးကြီးဆုံးပါပဲ။ ကျောင်းတွေမှာ ခြင်ဆန်ခါတွေ တပ်ဆင်ထားသင့် ပါတယ်။ အလင်းရောင် ရအောင် အိမ်တံခါးတွေကို နေ့လယ် နေ့ခင်းပိုင်း ဖွင့်ပေး တာကလည်း ခြင်ကိုက် သက်သာစေပါတယ်။ ခြင် မကိုက် အောင် လူးတဲ့ဆေးတွေလည်းပေါ်ပေါက် နေပါပြီ။ ဒါလည်း ထိရောက်ပါတယ်။ အခုဆိုရင် စေးကပ်မှုမရှိအောင် တီထွင်ထားတဲ့ လူးဆေးတွေ ပေါ်နေပါပြီ။ ခြင်ဆေးခွေထွန်းတာကတော့ အကျိုးထက် အပြစ်ပိုစေတဲ့ နည်းလမ်းတခုလို့သာ ဆိုပါရစေ။

ဒီလို ခြင်အန္တရာယ် ကာကွယ်ခြင်းကသာ သွေးလွန်တုပ်ကွေး ကာကွယ်ရေးမှာ အထိရောက်ဆုံးဆိုတဲ့ အသိလေး မြဲကြရင်၊ ဘယ် လိုတွေ ပြုမူလုပ်ဆောင်ရမယ်ဆိုတာကိုသိရှိလိုက်နာကြရင် အများကြီး စိတ်အေးကြရမှာပါ။ ဒီနည်းလမ်းတွေကလည်း တကယ်ဆို ကိုယ့်အိမ်ကိုယ်ရာမှာ ပုံမှန်လုပ်နေသင့်တဲ့ အလုပ်တွေသာဖြစ်ပြီး တကူးတက အကုန်အကျခံနေစရာလည်း မလိုပါဘူး။ ခြင်အန္တရာယ် ကာကွယ်ရေး အတွက် နှိုးဆော်ပေးတာ၊ စေတနာ့ ဝန်ထမ်းတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေက လိုက်လံ ပညာပေး၊ ကူညီ လုပ်ဆောင်တာတွေကို ပူးပေါင်း ဆောင်ရွက်ဖို့ကလည်း တကယ့် လိုအပ်ချက်ပါ။

အတွေ့အကြုံအရဆိုရင် နှစ်စဉ် အဲဒီလို လုပ်ဆောင်ပေးနေတဲ့ ဒေသတခုမှာတော့ “မိုးရောက်လာပြီ၊ အိမ်မှာ ဘုရားအိုးတွေ လာ မလဲပေးသေးဘူးလား၊ အိမ်နားက အမှိုက် သရိုက်တွေ လာရှင်းမပေး သေးဘူးလား” ဆိုတဲ့ တောင်းဆိုမှုမျိုး ကြုံခဲ့ရဖူးသလို အိမ်က အိုးခွက်တွေကို ပိုးလောက်လန်း စစ်ဆေးပေးတာကို ရန်လိုတာလည်း ခံရဖူးပါတယ်။ တကယ်တော့ ဒါတွေက လူတိုင်း ကိုယ့် တာဝန် ကိုယ်ကျေပွန်ရင် နှိုးဆော်နေရမှာ မဟုတ်သလို ရောဂါဘယလည်းကင်းမယ့် နည်းလမ်းတွေပါ။ အသိတရားလည်း ရှိပါမှ၊ သတိတရားလည်း ရှိပါမှ အသက် အန္တရာယ် ဖြစ်စေတဲ့အထိ ဆိုးရွားတဲ့ ရောဂါကို ကာကွယ်ပေးနိုင်မှာပါ။ တဦးတယောက်က မလိုက်နာရင်လည်း ကျန်တဲ့ဝန်းကျင် တခုလုံးကို ထိခိုက်စေမှာပါ။

ကဲ လာပါ။ အရေးမကြီးတဲ့ ကိစ္စတွေအတွက် ဖြုန်းပစ်နေကြမယ့် အချိန်တွေထဲကနေ ကိုယ့်အိမ်တွင်းနဲ့ ပတ်ဝန်းကျင်မှာ ခြင်ပေါက် ပွား ခိုလှုံမှုမရှိအောင် လုပ်ဆောင်ကြပါစို့။ ကိုယ့်အိမ်က ကလေးတွေသာမက ပတ်ဝန်းကျင်တခွင်လုံးက ကလေးတွေပါ သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်ပြီးသားဖြစ်သွားကြရင် စိုးရိမ်သောကတွေ၊ နာဖျားမကျန်းမှု အတွက် ပေးရမယ့် အချိန်တွေ၊ စရိတ်စက တွေ လျော့နည်းပြီး စိတ်ချမ်းမြေ့ကြရမယ် မဟုတ်ပါလား။ ။


The post သွေးမလွန် တုပ်မကွေးကြစေဖို့ appeared first on ဧရာဝတီ.
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

၂၀၁၄ ကမ္ဘာ့ဖလားနဲ့ နည်းပညာ အသစ်တွေ ................

Posted by: Ko Myo on Tuesday, July 08, 2014 Categories:
၂၀၁၄ ကမ္ဘာ့ဖလားနဲ့ နည်းပညာ အသစ်တွေ
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကို ဘရာဇီးလ်မှာ ကျင်းပနေတာ ကွာတားဖိုင်နယ် အဆင့်တောင် ပြီးပါပြီ။ ဘောလုံးပွဲတွေ ကြည့်ရင်း ကမ္ဘာ့ဖလားပွဲ ပြင်ဆင်ထားတဲ့ အကြောင်း ဘောလုံးကွင်း၊ ဘောလုံးနည်းပညာတွေ အကြောင်းလည်း ဖတ်ကြည့်ဖြစ် ပါတယ်။ ဘောလုံးရောဂါ ထနေတဲ့ အချိန်ဖြစ်လို့ ၂၀၁၄ ခုနှစ် ဖီဖာကမ္ဘာ့ ဖလားပြိုင်ပွဲ ဘရာဇီးလ်မှာ ပထမဦးဆုံး သုံးစွဲခဲ့တဲ့ နည်းပညာ အသစ်တွေ အကြောင်း ရေးထားပါတယ်။

ဂိုးလိုင်းနည်းပညာ အစ

ဘောလုံး ပြိုင်ပွဲကြီးတွေ ကျင်းပ ပြီးစီးတိုင်း အောင်မြင်သူတွေ၊ ကျရှုံးသူတွေ ပေါ်ထွက်လာတဲ့ နောက်ကွယ်မှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဘောလုံးအသင်း၊ ကစားသမားတွေ ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာမှုတွေ၊ အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေ အကြောင်းလည်း ပြောစရာဖြစ်၊ ကျန်ရစ် ခဲ့လေ့ ရှိပါတယ်။

ကွင်းလယ် ဒိုင်တဦးတည်းကနေ တကွင်းလုံး စောင့်ကြည့်ရတာ ဖြစ်လို့ မှားယွင်းဆုံးဖြတ်မှု တွေလည်း ရှိနိုင်ပါတယ်။ ကွင်းလယ်ဒိုင် တွေရဲ့ ကစားသမားတယောက်ကို အနီကတ်ပြ ထုတ်ပယ်လိုက်မှုတွေ၊ လူကျွံဘော သတ်မှတ် လိုက်မှု တွေ၊ ပင်နယ်တီ အဆုံးအဖြတ် ပေးလိုက်တာတွေ၊ ဘောလုံး ဂိုးစည်း ကျော်သွားတယ်လို့ သတ်မှတ်မှု တွေဟာ အမြဲ အငြင်းပွားစရာ ဖြစ်နေတတ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကွင်းလယ် ဒိုင်ရဲ့ ဆုံးဖြတ်ချက်က နောက်ဆုံး အတည်ဖြစ်ပြီး ဘယ်လိုမှ အယူခံဝင်ခွင့် မရှိပါဘူး။ တခြား ဆုံးဖြတ်ချက်တွေ ထက်စာရင် ဂိုးသမား ပုတ်ထုတ်လိုက်တဲ့ ဘောလုံး၊ ဒါမှမဟုတ် နောက်တန်းက ဖျက်ထုတ်လိုက်တဲ့ ဘောလုံး၊ ဒါမှမဟုတ် တိုင်ထိပြီး ဂိုးစည်း ကျော်သွားတယ် ဆိုပြီး မပေးသင့်တဲ့ ဘောလုံးကို ဂိုးပေးမိ လိုက်တာမျိုးဟာ တဖက်အသင်း အတွက် အထူးအခွင့်အရေး ပေးလိုက်သလို ကျန်တဲ့ တဖက်အသင်း အတွက် အများကြီး ထိခိုက် နစ်နာသွားစေပါတယ်။

၂၀ဝ၀ ပြည့်နှစ် အာဖရိကနိုင်ငံများ ဖလား ဖိုင်နယ်ဘောလုံး ပြိုင်ပွဲရဲ့ ဖိုင်နယ်ဘောလုံးပြိုင်ပွဲမှာ နိုက်ဂျီးရီးယားနဲ့ ကင်မရွန်းတို့ ယှဉ်ပြိုင်ကစား ခဲ့ကြပါတယ်။ အဲဒီ ဘောလုံးပြိုင်ပွဲမှာ နိုက်ဂျီးရီးယား ကစားသမား ဗစ်တာ (Victor Ikpeba) ကန်သွင်းတဲ့ ဘောလုံးကို ကွင်းလယ်ဒိုင်က ဂိုးစည်း မကျော်သွားဘူး ဆိုပြီး ဂိုးမဝင်ဘူးလို့ ဆုံးဖြတ် ခဲ့ပါတယ်။

ဒါပေမယ့် တီဗီကင်မရာမှာ ပြန်ကြည့်တဲ့ အခါမှာတော့ ဘောလုံးဟာ ဂိုးစည်း ကျော်သွားပြီး ဂိုးဝင်သွားခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်လို့ ကင်မရွန်းက အနိုင်ရ ဗိုလ်စွဲသွားပြီး အာဖရိက ညီညွတ်ရေး ဖလားကို ကိုင်မြှောက်ခွင့် ရသွားခဲ့ပါတယ်။

၂၀ဝ၅ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ကျင်းပခဲ့တဲ့ အင်္ဂလန်က မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင် ဟမ်ဟော့စပါး ဘောလုံးပွဲ မှာလည်း တော့တင်ဟမ် ကွင်းလယ်လူ ပီဒရိုမင်းန်ဒက်စ် (Pedro Mendes) က ၅၅ ကိုက်အကွာက ကန်လိုက်တဲ့ ဘောလုံးကို မန်ယူဂိုးသမား ရွိုင်းကာရိုးလ် (Roy Carroll) က ဖမ်းရာမှာ လက်ထဲကလွတ်ကျပြီး ဂိုးလိုင်းနဲ့ တကိုက်လောက် ကျော်သွားပြီးမှ ပြန်ပုတ်ထုတ် လိုက်တာကို ကွင်းလယ်ဒိုင်ကရော စည်းကျပ်ဒိုင်ကပါ မမြင်ခဲ့ဘဲ ဂိုးမပေးခဲ့ပါဘူး။

အဲဒီလိုဖြစ်ရပ်မျိုးကို ၂၀ဝ၉ ခုနှစ်၊ ဩဂုတ်လမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ဘရစ်စတို စီးတီးရဲ့ ပွဲမှာလည်း အလားတူ အငြင်းပွားစရာ ဖြစ်ရပ်မျိုး ဖြစ်ခဲ့ပါတယ်။

အဲဒီလို မှားယွင်းဆုံးဖြတ်မှုတွေ မဖြစ်အောင် ဂိုးလိုင်း နည်းပညာ သုံးဖို့ စကော့တလန်နဲ့ အင်္ဂလန်က ဘောလုံး အဖွဲ့ချုပ်တွေက ၆ မဲ ၂ မဲနဲ့ ဆုံးဖြတ်ခဲ့ကြ ပါတယ်။ UEFA ဥရောပ ဖလားရဲ့ ပြိုင်ပွဲဝင်အသင်း ခေါင်းဆောင်တွေ အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော် ကလည်း ဂိုးလိုင်းနည်းပညာကို အသုံးပြုဖို့ မဲပေးခဲ့ကြ ပါတယ်။

၂၀၁၀ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တောင်အာဖရိကမှာ ဂျာမနီနဲ့ အင်္ဂလန် ဘောလုံးပွဲမှာ ဂျာမနီက ၄း ၁ နဲ့ အနိုင်ရရှိခဲ့ ပါတယ်။ အဲဒီပွဲမှာ ဖရန့်လမ်းပတ် (Frank Lampard) က ပင်နယ်တီ စည်းအပြင်ဘက်ကနေ ကန်လိုက်တဲ့ ဘောလုံးဟာ ဂိုးတိုင်အပေါ်တန်းထိပြီး ဂိုးစည်း ကျော်သွားခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဂိုးမပေးခဲ့ ပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ စည်းကျပ်ဒိုင်ကနေ ဂိုးမဝင်ဘူးလို့ ဆုံးဖြတ်ခဲ့လို့ ဖြစ်ပါ တယ်။

အဲ့ဒီမှာ ဖီဖာက ဂိုးလိုင်း နည်းပညာသုံးဖို့ ပိုပြီး စိတ်ဝင် စားလာပါတယ်။ ၂၀၁၂ ခုနှစ် ဥရောပဖလား ဘောလုံးပြိုင်ပွဲ မတိုင်ခင်က ဥရောပ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ပလာတီနီ (Michel Platini) က ဂိုးလိုင်း နည်းပညာ အစား လက်ထောက်ဒိုင် တဦးကို ဂိုး ၂ ဖက်မှာ တာဝန်ပေး ကစားဖို့ ပိုပြီး စိတ်ဝင်စားခဲ့ပါတယ်။

ဒါပေမယ့် အုပ်စု (D) ပွဲစဉ် ယူကရိန်းနဲ့ အင်္ဂလန် ပွဲစဉ်မှာ ဟန်ဂေရီဒိုင်လူကြီး မာကိုဒီဗစ် (Marko Devic) နဲ့ အစ်စ်ဗန်ဗက် (Istvan Vad) တို့ နှစ်ဦး စလုံး အင်္ဂလန်က ဂျွန်တယ်ရီ (Joho Terry) သွင်းလိုက်တဲ့ ဂိုးစည်း ကျော်သွားတဲ့ ဘောလုံးကို မမြင်လိုက် ပါဘူး။

ဂိုးလိုင်းနည်းပညာတွေ

ဂိုးလိုင်းနည်းပညာ တွေကို စတင်စမ်းသပ်ခဲ့တာ ကြာပါပြီ။ နည်းပညာတွေ ကလည်း အမျိုးမျိုးရှိနေ ပါတယ်။ ဒီနှစ် ကမ္ဘာ့ဖလား မတိုင်ခင်ကတည်းက သုံးစွဲစမ်းသပ်ခဲ့တဲ့ နည်းပညာတွေ ရှိနေပြီး အဲဒီ နည်းပညာတွေ အကြောင်း အရင်ရေးထား ပါတယ်။

ကိုင်ရို ဂိုးလိုင်းနည်းပညာ

ကမ္ဘာကျော် အားကစားကုမ္ပဏီကြီး အက်ဒီ ဒက်စ်ကုမ္ပဏီနဲ့ ကိုင်ရိုနည်းပညာ ကုမ္ပဏီ (Cairos Technologies AG) တို့ တီထွင်ထားတဲ့ နည်းပညာ ဖြစ်ပါတယ်။ ကင်မရာ မသုံးဘဲ သံလိုက် စက်ကွင်းတွေ သုံးပြီး ဘောလုံးရဲ့ တည်နေရာကို ခြေရာခံ လုပ်ဆောင် စစ်ဆေးပေးမယ့် နည်းပညာ ဖြစ်ပါတယ်။

ဘောလုံးကွင်းရဲ့ ပင်နယ်တီ ဧရိယာ အတွင်း မြက်ခင်း အောက်မှာ ဝါယာ အသေးလေးတွေ မြှုပ်ထားပြီး ဆင်ဆာတွေ ကနေ သံလိုက်စက်ကွင်း ဇယားကွက်တွေကို တိုင်းတာပြီး ရလာတဲ့ ဒေတာတွေကို ကွန် ပျူတာဆီကိုပို့၊ ကွန်ပျူတာကနေ ဘောလုံး ဂိုးစည်း ကျော်မကျော် ဆုံးဖြတ် တွက်ချက်ပေးပါလိမ့်မယ်။ အဲဒီ ကိုင်ရိုနည်းပညာကို ၂၀ဝ၅ ခုနှစ် အသက် ၁၇ အောက် ဖီဖာကမ္ဘာ့ချန်ပီယံရှစ်ပ် ပြိုင်ပွဲမှာ စမ်းသပ် သုံးခဲ့ပေမယ့် လုံလောက်တဲ့ အမြန်နှုန်းနဲ့ တိကျမှု မရခဲ့ပါဘူး။

အက်ဒီဒက်စ်ရဲ့ တင်းမ်ဂျီးယက်စ်

ကိုင်ရို-အက်ဒီဒက်စ် နည်းပညာနဲ့ တွဲသုံးမယ့် ဘောလုံး ဖြစ်ပါတယ်။ အက်ဒီဒက်စ်ကနေ တီထွင် ထားပြီး၊ ဘောလုံးထဲမှာ ချစ်ပ် (Chip) ကို သံအထိန်း ကြိုးတွေနဲ့ တွဲထိန်းထားပါမယ်။ အဲဒီမှာ ပြဿနာရှိတာက လက်ရှိ သုံးစွဲနေတဲ့ ဘောလုံးတွေ အားလုံး သုံးလို့ မရတော့ဘဲ အဲဒီ ချစ်ပ်ပါတဲ့ ဘောလုံးတွေကို ပြောင်းသုံး ရပါမယ်။ ပြိုင်ပွဲမှာ သာမက လေ့ကျင့်တဲ့ အချိန်တွေ အတွက်ပါ အဲဒီ ချစ်ပ်ပါတဲ့ ဘောလုံးတွေ လိုအပ်မှာ ဖြစ်လို့ ငွေကြေး အကုန် အကျ များလွန်းတယ် ဆိုပြီး ဂျာမန် ဘွန်ဒက်စ်လီဂါက ဘောလုံးအသင်းကြီးတွေ ကန့်ကွက် ခဲ့ပါတယ်။

ချစ်ပ် သုံးထားတဲ့ ဘောလုံးတွေကို သုံးမယ် ဆိုရင် ပေါင်စတာလင် ၁၀ သန်းလောက် ကုန်ကျမှာ ဖြစ်ပြီး သိန်းငှက်မျက်လုံး(Hawk-Eye) ဒါမှမဟုတ် Goal Control နည်းပညာကို သုံးရင် ပေါင်စတာလင် သန်း ၂၀ ကျော်လောက် ကုန်ကျမှာဖြစ်လို့ ဘွန် ဒက်စ်လီဂါက အသင်းတော်တော်များများက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဘောလုံးနဲ့ နည်းပညာကို ပီရူးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀ဝ၇ ခုနှစ် အသက် ၁၇ အောက် ကမ္ဘာ့ဖလား လူငယ် ဘောလုံး ပြိုင်ပွဲမှာ စမ်းသပ်သုံး ခဲ့ပါတယ်။ တိကျမှု အနေနဲ့ ၉၅ ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့တဲ့ အတွက် ဖီဖာဥက္ကဋ္ဌ ဆပ်ဘတ္တလာက အဲဒီ နည်းပညာကို လက်ခံသုံးစွဲဖို့ ငြင်းဆိုခဲ့ပါတယ်။

သိန်းငှက်မျက်လုံး (Hawk-Eye)

ဘောလုံးပြိုင်ပွဲတွေမှာ မသုံးခင်ကတည်းက ခရစ်ကတ်၊ တင်းနစ်နဲ့ စနူကာပြိုင်ပွဲတွေမှာ သုံးခဲ့ ပြီးတဲ့ နည်းပညာ ဖြစ်ပါတယ်။ အခု ဘောလုံးပြိုင်ပွဲ တွေမှာ ဂိုးဝင်၊ မဝင် စောင့်ကြည့်ပေးမယ့် လုပ်ဆောင်ချက် ကတော့ မြန်နှုန်းမြင့် ဗီဒီယိုကင်မရာတွေ တပ်ဆင်ထားပြီး ဘောလုံးရဲ့ တည်နေရာကို တွက်ချက် လုပ်ဆောင်ပေးပါမယ်။

ဘရာဇီးလ် ကမ္ဘာ့ဖလားမှာ သုံးတဲ့ ဂိုးလိုင်းနည်းပညာ

ဘရာဇီးလ် ကမ္ဘာ့ဖလားမှာ သုံးထားတဲ့ ဂိုးလိုင်းနည်းပညာကို Goal Control လို့ ခေါ်ပါတယ်။ အဲဒီ နည်းပညာဟာ သိန်းငှက်မျက်လုံး နည်းပညာနဲ့ ဆင်တူပေမယ့် ၁၀ဝ ရာခိုင်နှုန်း တိကျမှုရှိတယ် လို့ ပြောပါတယ်။

ဂိုးတိုင် တဖက်စီမှာ မြန်နှုန်းမြင့် ကင်မရာ ၇ လုံးစီနဲ့ ဂိုးတိုင်နှစ်ဖက် အတွက် ကင်မရာ ၁၄ လုံး သုံးထားပါတယ်။ အဲဒီ ကင်မရာတွေက တခြား အားကစားနည်းတွေမှာ သုံးထားသလိုမျိုး ရှုထောင့် အမျိုးမျိုးကနေ ရိုက်ထားပြီး အနှေး ပြန်ရစ်ကြည့် တာမျိုး မဟုတ်ပါဘူး။ အဲဒီကင်မရာတွေဟာ တမိနစ်ကို ပုံ ၅၀ဝ လောက် အထိ ရိုက်ပါတယ်။ ဂျာမနီက တီတွင်ထားပြီး ဂိုးတိုင်တဖက်စီမှာ ဗွီဒီယိုကင်မရာ ၇ လုံး၊ ဂိုးတိုင် နှစ်ဖက်မှာ ကင်မရာ ၁၄ လုံး တပ် ထားပါမယ်။

အဲဒီ ဗီဒီယိုကင်မရာ ၁၄ လုံးကနေ ဘောလုံးသွားတဲ့ လမ်းကြောင်းကို အဆက်မပြတ် ရိုက်ကူးနေပြီး ဘောလုံး ဂိုးစည်းကို ကျော်၊ မကျော် စစ်ဆေးပေးပါ လိမ့်မယ်။ ကင်မရာတွေ ဖမ်းမိမယ့် ဧရိယာအတွင်းကို ရောက်လာတဲ့ အရာတွေ အားလုံးကို ဖမ်းယူထားပြီး ဘောလုံးရဲ့ တည်နေရာကို ၃ ဖက်မြင် X-Y-Z coordinate ကို အဆက်မပြတ် တွက်ချက်ပေးမှာ ဖြစ်ပြီး ဘောလုံးတည်နေရာကို မီလီမီတာ လောက်အထိ အတိအကျ ပြသနိုင်ပါမယ်။

ဘောလုံးက ဂိုးစည်းကျော်သွားခဲ့ရင် လျှို့ဝှက်အချက် ပေးမှု ပြောင်းထားတဲ့ ရေဒီယို အချက်ပေးမှု (En-crypted Radio Signal) တွေကို ကွင်းလယ်ဒိုင်ရဲ့ စမတ်လက် ပတ်နာရီကို တစက္ကန့် အတွင်း ပို့ပေးပါမယ်။ အဲဒီ Virtual 3 D ပုံတွေကိုလည်း Screen မှာ ဖော်ပြပေး နိုင်ပါတယ်။
ပထမဦးဆုံး ဂိုးလိုင်း နည်းပညာ သုံးတဲ့ပွဲ

လက်ရှိ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ အုပ်စုတွင်း ပွဲစဉ်တခုဖြစ်တဲ့ ပြင်သစ်နဲ့ ဟွန်ဒူးရပ်စ်ပွဲ ဘီရာရီယို (Beira-Rio) ဘောလုံးကွင်းမှာ ကျင်းပခဲ့ပါတယ်။ ပြင်သစ်က သွင်းလိုက်တဲ့ ဒုတိယမြောက် ဘောလုံးဟာ ဟွန်ဒူးရပ်စ် ဂိုးသမား ရဲ့ ဘယ်ဘက်ဂိုးတိုင်ကို ထိပြီး ပြန်ကန်လာတာကို ဂိုးသမားဖမ်းရာမှာ ဂိုးသမားနဲ့ထိပြီးမှ ဂိုးဝင်သွားခဲ့ ပါတယ်။

အဲဒီမှာ ဂိုးတိုင်ထိတဲ့ အချိန်မှာ ဂိုးလိုင်း နည်းပညာက ဂိုးမဝင်ဘူးလို့ ဆုံးဖြတ်ပြီး ဂိုးသမားနဲ့ ထိပြီးတဲ့အချိန်မှာ ဂိုးဝင်တယ်လို့ ဆုံးဖြတ်ပေးပါတယ်။ ဘီဘီစီ ရုပ်သံသတင်းကြေညာ သူတွေအတွက် အနှောင့်အယှက် ဖြစ်စေပြီး ဟွန်ဒူးရပ်စ်နည်းပြ၊ ပြင်သစ်နည်းပြတို့ပါ နားလည်မှုတွေ လွဲကုန်ပြီး ဂိုးလိုင်းနည်းပညာရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လို အတည်ပြုချက် ရယူမလဲဆိုတာ အငြင်းပွားစရာတွေ ဖြစ်ကုန်ပါတယ်။

ဖီဖာကတော့ ဂိုးလိုင်းနည်းပညာ သုံးစွဲတာနဲ့ မရင်းနှီးသေးလို့ အခုလိုဖြစ်တာလို့ ဆိုပါတယ်။ အဲဒီ ပွဲစဉ်ရဲ့ ရုပ်သံထုတ်လွှင့်မှုတွေနဲ့ ဂိုးလိုင်းနည်းပညာ တွေကို ပြန်လည်သုံးသပ်ပြီး ဘောလုံးဝါသနာအိုးတွေ အတွက် အကောင်းဆုံး အတွေ့အကြုံသစ်တွေ ရရှိအောင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်မယ်လို့ ပြောပါတယ်။

ဘရာဇူကာ

၂၀၁၄ ကမ္ဘာ့ဖလား ဘရာဇီးလ်မှာ အသုံးပြု ခဲ့တဲ့ ဘောလုံးကို အက်ဒီဒက်စ် (Adidas) ကုမ္ပဏီ ကြီးက တီထွင်ထားပြီး ဘရာဇူကာ (Brazuca) လို့ နာမည် ပေးထားပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလား တောင်အာဖရိကမှာ သုံးခဲ့တဲ့ ဂျာဘူလာနီ (Jabulani) လို့ ခေါ်ခဲ့ပါတယ်။ အဲဒီ ဂျာဘူလာနီ ဘောလုံးဟာ လမ်းကြောင်း ပြောင်းသွားလေ့ ရှိလို့ ဂိုးသမားတွေက ဖမ်းရခက်တယ် လို့ ညည်းတွားနေတာမျိုး အခု ဘောလုံး အသစ် ဘရာဇူကာမှာ မဖြစ်အောင် ဒီဇိုင်း လုပ်ထားပြီး အရင်ဘောလုံး ထက်စာရင်လည်း ကုတ်အား ပိုကောင်းလာတယ် လို့ သိရပါတယ်။

အက်ဒီဒက်စ်ရဲ့ ပုံမှန်သုံးနေကျ ဘောလုံးတွေကို ၃၂ ခြမ်း စပ်ထားပြီး ဂျာဘူလာနီက ၈ ခြမ်း၊ အခု ဘရာဇူကာက ၆ ခြမ်းစပ် ထုတ်လုပ်ထားပါတယ်။ ဂျာဘူလာနီက တိုက်စစ်မှူးတွေ အတွက် အခွင့် အရေးရစေမယ့် ဘောလုံးဖြစ်ပါတယ်။ အက်ဒီဒက်စ်ရဲ့ ပြောကြားချက်အရ အရင်က ဘောလုံးထက် ပိုကုတ်အား ကောင်းလာမယ်၊ ပိုအကြမ်းခံ၊ တည်ငြိမ် မှုလည်း ပိုရှိလာမယ့် အပြင် လေထုထဲမှာ ဖြတ်သန်း သွားတဲ့ အရာဝတ္ထုတွေရဲ့ လေခွင်းအား သက်ရောက်မှုကို တိုင်းတာတဲ့ အယ်ရိုဒိုင်းနမစ် (Aerodynamic) နည်းပညာအရ လေခွင်းအား ပိုကောင်းလာစေတယ် လို့ သိရပါတယ်။

အဲဒီ ဘောလုံးကို အမေရိက အာကာသသိပ္ပံ ဆိုင်ရာ အဖွဲ့အစည်း နာဆာ (NASA) ကနေ အယ်ရိုဒိုင်းနမစ် နည်းပညာအရ စမ်းသပ်ခဲ့ပါတယ်။ သူတို့ စမ်းသပ်ချက် အရလည်း ဘရာဇူကာ ဘောလုံးဟာ ရှေ့တန်း တိုက်စစ်မှူးတွေ ထက်စာရင် ဂိုးသမားတွေ အတွက် အခွင့်အရေး ပိုရစေမယ်လို့ ပြောပါတယ်။ တရားဝင် (Offical) ဘောလုံးတွေက ဒေါ်လာ ၁၅၀ လောက် ပေးရမှာဖြစ်ပြီး၊ ပုံစံတူ ရောင်းချတဲ့ ဘောလုံးတွေက ဒေါ်လာ ၄၀ လောက်နဲ့ ရောင်းချ ထားပါတယ်။

9:15 Fairplay

အလွတ်တည်ကန်ဘော (ဖရီးကစ်) တွေမှာ ကစားသမားတွေက လူနံရံလုပ်ကာတဲ့ နေရာနဲ့ ဖရီးကစ်ကန်မယ့် သူရဲ့ နေရာ အကွာအဝေးကို သတ်မှတ်ပေးပြီး ကစားသမားတွေ စည်းခိုးတာ၊ နေရာရွှေ့တာမျိုး၊ ဒိုင်က စောင့်ကြည့် အာရုံစိုက်နေစရာ မလိုအောင် အဖြူရောင် စပရေးဘူးတွေသုံး လိုင်းသားတာ တွေ့မိမှာပါ။

အဲဒီ အဖြူရောင် စပရေးဘူးတွေ ကို 9:15 Fairplay လို့ခေါ်ပြီး ဓာတုပစ္စည်း မပါဘဲ ဇီဝဓာတ်ပြယ်မှု ဖြစ်စေကာ အဖြူရောင် စပရေးဘူးတွေကို အမေရိကန်ဘောလုံး (American Football) မေဂျာလိဂ် ဘောလုံးပွဲတွေနဲ့ ဘရာဇီးလ်လိဂ်တွေမှာ သုံးခဲ့ပြီးဖြစ်ပေမယ့် ကမ္ဘာ့ဖလားမှာတော့ ဒီနှစ်မှ စတင်သုံးခဲ့တဲ့ နည်းပညာအသစ် ဖြစ်ပါတယ်။

တကယ်တမ်း လက်တွေ့ လုပ်ဆောင်ရာမှာတော့ နည်းပညာတွေက ကွင်းလယ်ဒိုင်လူကြီးကို အထောက်အကူ ပေးတဲ့ အဆင့်ပဲ ရှိနေပြီး ကွင်းလယ် ဒိုင်ကပဲ နောက်ဆုံး ဆုံးဖြတ်ချက် ချရမှာဖြစ်သလို လက်ရှိ ဘောလုံးပွဲတွေရဲ့ အငြင်းပွားစရာ ဖြစ်ရပ်တွေ ကလည်း ဂိုးလိုင်းနည်းပညာ တခုတည်းမဟုတ်ဘဲ တခြားဆုံးဖြတ်ချက်တွေ ရှိနေသေးတဲ့ အတွက် ပြဿနာတွေကတော့ ဆက်ရှိနေပါဦးမယ်။

ဘယ်လို ပဲဖြစ်ဖြစ် လက်ရှိ ကမ္ဘာ့ဖလားမှာ သုံးတဲ့ နည်းပညာတွေအကြောင်း၊ အားကစားပွဲတွေရဲ့ နောက်ကွယ်မှာ လည်း သတင်းအချက်အလက် နည်းပညာတွေ၊ ဆက်သွယ်ရေးနည်းပညာတွေဟာ မရှိမဖြစ် လိုအပ် နေပါကြောင်း ရေးသားလိုက်ရပါတယ်။ ။


The post ၂၀၁၄ ကမ္ဘာ့ဖလားနဲ့ နည်းပညာ အသစ်တွေ appeared first on ဧရာဝတီ.
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

အမျိုးသမီး လစဉ်သုံး ပစ္စည်းများနဲ့ ကင်ဆာရောဂါ အန္တရာယ်....................



Posted by: Ko Myo on Tuesday, July 08, 2014 Categories:
အိန္ဒိယနိုင်ငံ၊ ကာလကတ္တားရှိ Tata Cancer Hospital (ခေါ်) ကင်ဆာဆေးရုံမှ အမျိုးသမီးများအတွက် ကျမ္မာရေး အသိပေး နှိုးဆော်ထားချက်ကို မျှဝေလိုက်ပါရစေ။

အဲဒီဆေးရုံမှာ သားအိမ်ကင်ဆာ၊ ဆီးအိမ် ကင်ဆာတို့ ဖြင့် လာရောက် ကုသမှုခံနေကြတဲ့ အမျိုးသမီး ဝေဒနာရှင်များ ကို ဆေးမှတ်တမ်း ပြုစု၍ ရောဂါရာဇ၀င်ကို လေ့လာစမ်းစစ်တဲ့ အခါမှာ၊ ထိုကင်ဆာ ဝေဒနာသည် အများစုဟာ ဓမ္မတာရာသီ လာတဲ့အခါ pad(ခေါ်) လစဉ်သုံး ပစ္စည်းကို အတွင်းခံ ဘောင်းဘီမှာ အချိန်ကြာမြင့်စွာ ထားပြီး၊ တော်တော်နဲ့  အသစ်လဲလေ့မရှိ ခဲ့ကြတာကို အဖြေရှာတွေ့ ခဲ့ပါတယ်။

ရာသီသွေးဆင်းတဲ့အခါ အတွင်းခံဘောင်းဘီမှာ ကပ်ထားတဲ့ pad(ခေါ်)လစဉ်သုံးပစ္စည်းက အပြင် အ၀တ်အထည်တွေကို မစွန်း ထင်းစေဖို့ စုပ်ယူထိန်းထားပေးလေ့ ရှိပါတယ်။ pad တွေကို ဓာတု ပစ္စည်းတွေနဲ့ ဖန်တီးပြုလုပ် ထားခြင်းကြောင့်သာ၊ အခုလို ရာသီးသွေးရည်များနဲ့ အစိုဓာတ်ကို အချိန် ကြာကြာ စုပ်ယူု ထိန်းထားနိုင်တာပါ။ ဒါပေမယ့် အချိန်တော်တော်ကြာ စုပ်ယူပြီးနောက် မှာတော့ pad မှာပါတဲ့ ဓာတုပစ္စည်းများ ပျက်ပြယ်ကာ အထဲမှာ စုပ်ယူထိန်းပေးထားတဲ့ သွေးပုပ်များကို ဓာတ်ပြောင်းလဲ စေပြီး၊ အနီရောင်မှ အစိမ်းရောင် မှိုဖြစ်သွားပါတော့တယ်။

ထိုမှိုများက ယောနိလမ်းကြောင်းမှတဆင့် သားအိမ်လမ်းကြောင်းနဲ့  ဆီးလမ်း ကြောင်းတေ လျှာက် ပျံ့  နှံ့ သွားကာ၊ နောက်ဆုံးမှာတော့ ဆီအိမ်နဲ့  သားအိမ်တို့ ကို ကင်ဆာဖြစ်လာစေပါတယ်။ ဒါ့ကြောင့် pad ကို အတွင်းခံမှာ အကြာကြီးမထားဘဲ ၅-နာရီကြာတိုင်း အသစ်လဲပေးပါလို့  Tata Cancer Hospital က အကြံပြုထားပါတယ်။ ၄င်း လစဉ်သုံးပစ္စည်းများသာမက၊ daily use(ခေါ်)နေ့ စဉ်သုံး ကပ်ခွာပစ္စည်း တွေကိုလည်း ၅-နာရီကြာသုံးပြီးတိုင်း အသစ်လဲလှယ် ပေးသင့်ပါတယ်တဲ့။

၂၀၁၃ခုနှစ်၊ Tata Cancer Hospital ရဲ့  မှတ်တမ်းအရ၊ pad တစ်ခုတည်းကို အချိန်ကြာကြာ သုံးစွဲ ခဲ့ခြင်းကြောင့် ဖော်ပြပါ ကင် ဆာရောဂါများနဲ့  ကွယ်လွန်သူအမျိုးသမီးဦးရေမှာ ၂၀၁၃ ခုနှစ် စက်တင်္ဘာလ လယ်အထိ ၅၆ ဦး ရှိနေပါပြီတဲ့။ ဒါကြောင့် အမျိုး သမီးထု တကိုယ်ရေးသန့်ရှင်း ကျမ္မာရေး အတွက် လွန်စွာအရေးကြီးလို့  ရှက်စရာလို့ မယူဆဘဲ၊ ဒီသတင်းကို မိမိရဲ့  မိတ်ဆွေ အပေါင်းအသင်းများ အား ကျယ်ကျယ် ပြန့် ပြန့် မျှဝေ အသိပေးပါလို့ ကင်ဆာဆေးရုံမှ ထပ်လောင်း အကြံပြုထားပါတယ်။

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)

(မှီငြမ်း Daily Health Tips 20th September 2013)
--
*promise.pauk*
---------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဘွတ်ကီး နိုင်ငံတကာ ပေါက်ဈေးများနှင့် ဂိုးစဂိုးများ 8.7.2014

ဇတ်ကြမ်း
2:30Brazil-5&2=