This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label နိုင်ငံရေး. Show all posts
Showing posts with label နိုင်ငံရေး. Show all posts

Monday, July 7, 2014

အာဏာရှင်စနစ်တွင် တာဝန်ယူရန်၊ တာဝန်ခံရန် မလိုအပ်သဖြင့် ပြည်သူများ တာဝန်ယူမှုနှင့် ဝေးကွာဟု ဒေါ်အောင်ဆန်းစုကြည်ပြော.............................

ခင်ငြိမ်းသစ်၊ အေးမြင့်စန်း

မြန်မာနိုင်ငံသည် အာဏာရှင်စနစ်အောက်တွင် ရာစုနှစ်ဝက်ခန့် နေထိုင်ခဲ့ရပြီး အာဏာရှင်စနစ်တွင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန်မလိုအပ်ဘဲ အမိန့်အာဏာတစ်ခုတည်းဖြင့်သာ အုပ်ချုပ်ခဲ့သဖြင့် ပြည်သူများအနေနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုသည့် အရာများနှင့် ဝေးကွာခဲ့ရသည်ဟု တော်ဝင်နှင်းဆီခန်းမတွင် ဇူလိုင်လ ၅ရက်က ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူငယ်ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က "အထူးသဖြင့် ကျွန်မတို့နိုင်ငံလို အာဏာရှင်စနစ်အောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ နေခဲ့ရတဲ့ နိုင်ငံမှာဆိုလို့ရှိရင် တာဝန်ယူမှုစိတ်ဓါတ်ဟာ အင်မတန်မှ နည်းပါတယ်။ အခြေခံအကြောင်းကတော့ အာဏာရှင်စနစ်မှာ အုပ်ချုပ်တဲ့ လူတွေကိုယ်တိုင်က တာဝန်ယူစရာမလိုဘူး။ အမိန့်အာဏာနဲ့ အုပ်ချုပ်တာဖြစ်လို့ ဘယ်သူ့ကို မှလည်း တာဝန်ယူစရာမလိုဘူး၊ တာဝန်ခံစရာမလိုဘူး။ အဲဒီတော့ တာဝန်ဆိုတဲ့ နက်နဲမှုကိုသိတဲ့ လူတွေက အင်မတန်နည်းပါတယ်။ အုပ်ချုပ်သူတွေကိုယ်တိုင်က တာဝန်ဆိုတဲ့ စကားကို မှန်မှန်ကန်ကန် နားမလည်တော့ အုပ်ချုပ်ခံရတဲ့ ပြည်သူလူထုလည်း တာဝန်ဆိုတဲ့ စကားနဲ့ ဝေးကွာ သွားကြပါတယ်" ဟုပြောကြားခဲ့သည်။

ထို့ကြောင့် ဒီမိုကရေစီစနစ်ကို ထူထောင်မည်ဟုဆိုလျှင် ပြည်သူများ၏ စိတ်နှလုံးအတွင်း တာဝန်ယူမှုကို ထည့်ပေးရန်လိုသည်ဟု ပြောသည်။ ထို့ကြောင်း ၎င်းအနေနှင့် လူငယ်များအား နေရာပေးပါဟုဆိုလာလျှင် ငြင်းဆိုလေ့ရှိပြီး လူငယ်များအား တာဝန်သာပေးလိုကြောင်းလည်းပြောကြားသည်။ လူငယ်ညီလာခံတွင်တက်ရောက်လာသည့် တာဝန်ခံများအနေနှင့် တာဝန်ယူရန်၊ တာဝန်ခံရန်အတွက်သာ စဉ်းစားစေလိုသည် ဟုပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၀င်ရောက်ရာတွင် ရည်ရွယ်ချက်အမျိုးမျိုးရှိကြမှာဖြစ်ပြီး မိမိအနေနှင့် မည်သည့်ရည်ရွယ်ချက်ဖြင့် ၀င်ရောက်လာသည်ကို မိမိသာ အသိဆုံးဖြစ်ပြီး မည်သည့်ရည်ရွယ်ချက်ဖြင့် ၀င်ရောက်လာသည်ဖြစ်စေ၊ မိမိလုပ်ကိုင်ရမည့် တာဝန်နှင့်ဝတ္တရားများကို ကျေပြွန်စွာ ဆောင်ရွက်မည်ဟုပြောသည်။

ထို့အပြင် NLD ပါတီအတွင်းသို့ မိမိကိုယ်ကျိုးအတွက် ၀င်ရောက်လာခဲ့သည်ဆိုပါက စောစောစီးစီး ထွက်ခွာသွားရန်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထို့အပြင် ပြည်သူလူထုအနေဖြင့် NLD ပါတီကိုယခုအချိန်အထိ ထောက်ခံနေခြင်းမှာ ကိုယ်ကျိုးရှာသည့် ပုဂ္ဂိုလ်များအား ထိန်းချုပ်နိုင်သည့် အဖွဲ့ဟု ယုံကြည်သောကြောင့် ဖြစ်သည်ဟုဆိုသည်။

ဒ်ါအောင်ဆန်းစုကြည်က "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဆိုတာလည်း သာမာန်ပြည်သူတွေထဲက ပေါက်ဖွားလာတဲ့ ပြည်သူတွေပါပဲ။ လောဘဒေါသဆိုတာလည်း ကင်းကြတာမဟုတ်ပါဘူး၊ အဲ့ဒီထဲမှာလဲ ကိုယ်ကျိုး ရှာတဲ့သူတွေ၊ ရည်ရွယ်ချက်နဲ့ ၀င်တဲ့သူတွေရှိမယ်ဆိုတာ ပြည်သူလူထုက မှန်းဆလို့ရပါတယ်။" ဟု ပြောကြားခဲ့သည်။

NLD ပါတီအနေနှင့် ၁၉၈၉ခုနှစ်ကတည်းက လူငယ်ညီလာခံပြုလုပ်ရန်အတွက် ကျိုးပမ်းခဲ့သော်လည်း ဖိနှိပ်ခံရမှုများကြောင့် လူငယ်ညီလာခံအထိ မပြုလုပ်နိုင်ခဲ့ဘဲ ယခုမှသာပြုလုပ်နိုင်သည်ဟု ဆိုသည်။ ယနေ့ပြုလုပ်သည့် လူငယ်ညီလာခံတွင် တက်ရောက်ခွင့်ရှိသူ ၁၆၅ ယောက်ရှိရာ ၁၅၀ကျော် တက်ရောက်ခဲ့သည်။

Sunday, July 6, 2014

မန္တလေးဖြစ်ရပ်အပေါ် ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးမလုပ်သင့်ဟု ဒေါ်စုပြော ..................

စိုးသန်းလင်း

ပြီးခဲ့သည့်နှစ်ရက်အတွင်း လူသေဆုံးမှုရှိခဲ့ပြီး ဇူလိုင် ၃ရက်ကစ၍ ‘ညမထွက်ရ’ အမိန့် ထုတ်ထားသည့် မန္တလေး ပဋိပက္ခနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဘာသာရေးကိုခုတုံးလုပ်ပြီး နိုင်ငံရေးမလုပ်သင့်ဟု မဇ္ဈိမကို ဇူလိုင်လ ၄ရက် နံနက်တွင် ပြောခဲ့သည်။

“အဲဒီဖြစ်ရပ်အပေါ် အဖွဲ့ချုပ်ရဲ့သဘောထားကို ကြေညာချက်ထုတ်တယ်၊ ထုတ်ထုတ်ချင်းမှာ အတု ထွက်လာတယ်၊ အဲဒီကတည်းက ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချနေသလားဆိုတာ အဖွဲ့ချုပ်အနေနဲ့ အများကြီး စဉ်းစားရမယ်၊ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးမချသင့်ဘူး၊ ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေး လုပ်နေတာကတော့ အခြေခံဥပဒေနဲ့ မညီညွတ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၄ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး မစတင်မီ မဇ္ဈိမ၏အမေးကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

မန္တလေး ပဋိပက္ခနှင့် ပတ်သက်ပြီး NLD က ထုတ်ပြန်သည့် ကြေညာချက်တွင် ‘လူမျိုးစုများ တွေ့ဆုံဖြေရှင်းကြစေလိုကြောင်းနှင့် ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေလိုကြောင်း’ ဖော်ပြပါရှိသော်လည်း ကြေညာချက် အတုတွင်မူ ‘ ယခုဖြစ်ရပ်၌ တာဝန်ပေါ့လျော့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတို့အား ပြင်းထန်စွာအရေး ယူသင့်ကြောင်း အပြင် မွတ်ဆလင်ဘာသာဝင်တို့အား ကာကွယ်ပေးသင့်သည် ဟူသည့် အဓိပ္ပါယ်မျိုး ဖော်ပြပါရှိသည်ဆို၏။

NLD က ကြေညာချက် ထုတ်ရခြင်းနှင့် ပတ်သက်ပြီး “အစတုန်းက သူများတွေပြောရင် အဖွဲ့ချုပ်က ဝင်မပါဘူး၊ တတ်နိုင်သမျှ ဒါတွေမဖြစ်အောင်လို့ အားလုံးအဆင်ပြေဖို့အတွက် ဟိုဘက်ဒီဘက် မျှမျှတတ ဖြစ်အောင် ကြေညာချက်ထုတ်တာပါ” ဟုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

ထို့အပြင် ယခုကဲ့သို့ ညမထွက်ရ ကာဖျူးထုတ်ခြင်းသည် အမှန်တကယ် လိုအပ်မှသာ ထုတ်သင့်ကြောင်း၊ အမှန်တကယ်လိုအပ်မှု ရှိ မရှိ သေချာဖို့လိုအပ်ကြောင်းနှင့် နောက်ထပ် ပဋိပက္ခမဖြစ်စေရန် ကာကွယ် ခြင်းမျိုး ဖြစ်စေလိုကြောင်း၊ ထိန်းချုပ်ခြင်းနှင့် ကာကွယ်ခြင်းတို့မှာ မတူခြားနားပါကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက်ပြောကြားခဲ့သည်။

မန္တလေးမြို့တွင် ဇူလိုင်လ ၁ရက်၊ ၂ရက်နှင့် ၃ရက်နေ့များတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ပြီး ၁၄ဒဏ်ရာရရှိခဲ့ပြီးနောက် မန္တလေးမြို့အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်တွင် ဇူလိုင်လ ၃ရက်မှ စ၍ ည၉နာရီမှ နံနက် ၅နာရီအထိ ညမထွက်အမိန့်ကို ရက်အကန့်အသတ်မရှိ ထုတ်ပြန်ခဲ့သည်။

Saturday, July 5, 2014

အာဏာသိမ်း ထိုင်းစစ်တပ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချီးကျူး webteam



အာဏာသိမ်းဖို့ ထိုင်းစစ်ဗိုလ်ချုပ်တွေရဲ့ ဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံ အလည်အပတ်ရောက်ရှိနေတဲ့ မြန်မာ့ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးကျူးပြောဆိုလိုက်တယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာက ရေးသားပါတယ်။

နိုင်ငံတော်နဲ့ ပြည် သူတွေ ရဲ့ လုံခြုံရေးအတွက် တာဝန်ယူထိန်း သိမ်းလိုက်တဲ့ ထိုင်းစစ်တပ်ကို ယုံကြည်တဲ့ အကြောင်း မြန်မာ့ ကာကွယ်ရေး ဦးစီးချုပ်က ထိုင်းစစ်တပ် ကာကွယ်ရေး ဦးစီးချုပ် တာနာဆပ်ပါတီမာပရာကောင်နဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းမှာရေးပါတယ်။

ဒါ့အပြင် အမျိုးသားငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ကောင်စီရဲ့ လမ်းပြမြေပုံ အောင်မြင်လိုက်မယ်လို့ ယုံကြည်ကြောင်းနဲ့ ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံထက် ဆိုးဝါးတဲ့အခြေအနေကို ဖြတ်ကျော်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ထိုင်းစစ်တပ်အကြီး အကဲကလည်း ထိုင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေကို ကောင်းကောင်း စောင့်ရှောက်ထားတဲ့အကြောင်း၊ တရားမ၀င် အလုပ်သမားတွေကို အသုံးပြုမှုကို ရပ်တန့်ဖို့ မူဝါဒတွေကို အကောင်ထည်ဖော်ပြီး တရားဝင်ဖြစ်ရေး ကိစ္စတွေ အကောင်ထည်ဖော်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်က ရေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကာကွယ်ရေး ကိစ္စရပ်တွေမှာ တိုးမြှင့်ဆက်ဆံရေး ပိုမိုပူးပေါင်းဆောင်ရွက်ဖို့၊ နယ်စပ်ဆက်သွယ်ရေး ပိုမိုအားကောင်းဖို့၊ စစ်ဘက်ဆိုင်ရာ အရာရှိတွေ အပြန်အလှန် ဖလှယ်ရေးကိစ္စတွေနဲ့ ဒီနှစ် ပူးတွဲ စစ်ရေးလေ့ကျင်မှုဖြစ်တဲ့ ရွှေမြွေဟောက် လေ့ကျင်မှုမှာ မြန်မာရဲ့ ပါဝင်ဆောင်ရွက်ရေးနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

Monday, June 30, 2014

အစိုးရ အဖွဲ့၏ အတွင်းရေး အရှုပ်တော်ပုံများ...........................


Bookmark and Share [ ]


လေးဆယ်ကျော် ရှိသည်။ အကြံပေး အချင်းချင်းပင် သမ္မတတွင် အကြံပေး မည်မျှ ရှိသည်ကို တိတိကျကျ မ
ပြောနိုင်ပေ။ သမ္မတရုံးတွင် ၀န်ကြီးငါးဦး ရှိသည့် အနက် ဦးစိုးသိန်းသည် သမ္မတ၏ အခန်းသို့ တံခါးမရှိ ဓါး
မရှိ ၀င်ထွက်ခွင့်ရသည်။ အခြား ၀န်ကြီးများ ၀င်လိုက ကိုယ်ရေး အရာရှိ မှတစ်ဆင့် ခွင့်တောင်းပြီးမှ ၀င်ရ
သော်လည်း ဦးစိုးသိန်းမူ သမ္မတ ရုံးခန်းတံခါးကို သူကိုယ်တိုင်ဖွင့်ပြီး ၀င်လိုသည့် အချိန် ၀င်နိုင်သည်။

နာဂစ် ကာလက ရေတပ်မှ စစ်သင်္ဘော သုံးစီး နစ်မြုပ် သွားသဖြင့် ရေတပ် ဦးစီးချုပ် ရာထူးမှ ဖယ်ရှား ခံရ
တော့မည့် ဦးစိုးသိန်းကို တစ်ပတ်စဉ်ထဲ သူငယ်ချင်း ဖြစ်သဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အသနား ခံပြီး
ကယ်တင် ထားခဲ့သည်ဟုလည်း အတွင်းသိများက ပြောဆိုနေကြသည်။

သို့သော် ဦးစိုးသိန်းသည် သူ၏ ကယ်တင်ရှင် ဦးသူရရွှေမန်းကို မောက်မာစွာ ဆက်ဆံသည်။ ဦးရွှေမန်းက စကားပြောလျှင်ပင် ပြန်ပြောချင်မှ ပြောသည်ဟုလည်း နာမည်ကြီးသည်။ အစိုးရ ၀န်ကြီးများ အတွင်းတွင် အမောက်မာဆုံး ပုဂ္ဂိုလ်ဟုလည်း နာမည်တစ်လုံး ရထားသူဖြစ်သည်။

စီးပွားကူးသန်း ၀န်ကြီးကား အခြား ၀န်ကြီးများနှင့် ယှဉ်တိုင်း အပြောဆိုခံရသည်။ ထို့ကြောင့် ဗိုလ်ချုပ်တွေ
ကြားမှာ ကျွန်တော် တစ်ယောက်ပဲ ရိုးရိုးသားသား စစ်သားပါဟု ရင်ဖွင့်လေ့ရှိသည်။ ပြည်ထောင်စု ၀န်ကြီး
၃၆ဦးတွင် ပညာရေး ၀န်ကြီး၊ စီးပွား ကူးသန်း ၀န်ကြီး၊ အမျိုးသား စီမံကိန်းများ ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီး၊
ကျန်းမာရေး ၀န်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီး၊ ဆောက်လုပ်
ရေးဝန်ကြီး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး၊ အားကစား ၀န်ကြီးတို့ ၈ဦးသာ အရပ်သားများ ဖြစ်ပြီး ကျန်ဝန်ကြီး
၂၈ပါးမှာ စစ်ဗိုလ်များ ဖြစ်ကြသည်။

ထိုအထဲတွင်လည်း စစ်တက္ကသိုလ်မှ ဆင်းသည့် ၀န်ကြီးက ၂၅ ဦးပါပြီး ဗိုလ်သင်တန်း ကျောင်းဆင်း ၀န်
ကြီးမှာ ၃ပါးသာ ပါရှိသည်။ စစ်ဗိုလ်ဝန်ကြီး ၂၅ပါးတွင် လေတပ်မှ ၂ဦး၊ ရေတပ်မှ ၂ဦးပါဝင်သည်။

ထို့ကြောင့် ၀န်ကြီးများကို အချိုးကျ ကြည့်လျှင် စစ်ဗိုလ်များက ၇၇.၂ ရာခိုင်နှုန်းနှင့် အရပ်သားများက ၂၂.၈ ရာခိုင်နှုန်း ဖြစ်သည်ကို တွေ့ရသည်။ တစ်ဖန် စစ်ဗိုလ်များကို အချိုးချ ကြည့်လျှင် စစ်တက္ကသိုလ် ကျောင်း
ဆင်းများက ၈၉.၂ရာခိုင်နှုန်း ၀န်ကြီးများ နေရာများ ရရှိထားပြီး ဗိုလ်သင်တန်း ကျောင်းဆင်းများက ၁၀၁.၈
ရာခိုင်နှုန်းသာ ရရှိထားသည်။

သမ္မတကြီးသည် စစ်တက္ကသိုလ် အမှတ် ၉ မှဖြစ်ပြီး သတ္တုတွင်း ၀န်ကြီး ဦးမြင့်အောင်မှာ သမ္မတနှင့် တစ် ပတ်စဉ်ထဲ ဖြစ်သည်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပို့ဆောင်ရေး ၀န်ကြီး ဦးဥာဏ်ထွန်းအောင် သမ၀ါယမ
ဝန်ကြီး ဦးကျော်ဆန်း တို့သည် စစ် တက္ကသိုလ် အမှတ်စဉ် ၁၁ သင်တန်း ဆင်းများ ဖြစ်ပြီး ပြည်ထောင်စု
လွှတ်တော် နာယက ဦးရွှေမန်းနှင့် တစ်ပတ်စဉ်ထဲ သူငယ်ချင်းများ ဖြစ်ကြသည်။

ယဉ်ကျေးမှု ၀န်ကြီးသည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၀ မှဖြစ်သည်။ သမ္မတ ၀န်ကြီးရုံး ဦးသိန်းညွန့် သည်
စစ်တက္ကသိုလ် အမှတ်စဉ် ၁၂မှဖြစ်သည် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းသည် စစ်တက္ကသိုလ် အမှတ်စဉ်
၁၃မှဖြစ်ပြီး ဦးနေ၀င်း လက်ထက် ထောက်လှမ်းရေးများကို ဖြိုခွင်းခဲ့စဉ် ကျန်ခဲ့သူ ဖြစ်သည်။

စစ်တက္ကသိုလ် အမှတ်စဉ် ၁၅ တွင် ၀န်ကြီးများ အဖြစ် ဦးလှထွန်း၊ ဦးဆန်းဆင့်၊ ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊ ဦးဌေးအောင်တို့ ဖြစ်သည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၆မှ နိုင်ငံခြားရေးဝန်ကြီး တစ်ဦးရှိပြီး စစ်တက္ကသိုလ်
အမှတ်စဉ် ၁၇မှ ဦးမြင့်လှိုင်၊ ဦးမြတ်ဟိန်း ဦးအုန်းမြင့်၊ ဦးခင်ရီ၊ ဦးသန်းဌေး၊ ဦးစိုးမောင် ဦးတင်နိုင်သိန်း ၀န်
ကြီး ၇ပါးရှိသည်။

ကာကွယ်ရေး ၀န်ကြီသည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၈မှ ဖြစ်သည်။ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်
ကြီး ကိုကိုနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်သည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၉မှ ဖြစ်ပြီး တပ်မတော် ကာ
ကွယ်ရေး ဦးစီးချုပ်နှင့် တစ်ပတ်စဉ်ထဲ ဖြစ်သည်။

စက်မှုဝန်ကြီးသည် စစ်တက္ကသိုလ် အမှတ်စဉ် ၂၀မှဖြစ်ပြီး ဦးဇေယျာအောင်သည် စစ် တက္ကသိုလ် အမှတ်
စဉ် ၂၂မှဖြစ်သည်။ ဗိုလ်သင်တန်း ကျောင်းဆင်းများမှ နယ်စပ်ရေးရာ ၀န်ကြီး၊ ပြန်ကြားရေး ၀န်ကြီးနှင့် အ
လုပ်သမား ၀န်ကြီးတို့ ၃ဦး ဖြစ်သည်။

ပြည်သူ အများစုက အစိုးရ အဖွဲ့အစည်းအဝေး ကက်ဘိနပ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့ကို လူသိများသော်လည်း နိုင်ငံတော် စီးပွားရေး ကော်မတီဆိုသည့် ဦးစိုးသိန်း ဥက္ကဋ္ဌလုပ်နေသော အဖွဲ့ကို လူ
သိနည်းသည်။

ထိုအဖွဲ့သည် ၀န်ကြီးဌာနများနှင့် အစိုးရ အဖွဲ့အစည်း များက တင်ပြလာသော ငွေကြေးသုံးစွဲခွင့်နှင့် စီးပွား
ရေး လုပ်ငန်းများကို အဆုံးအဖြတ်ပေးသည်။ ဆိုရလျှင် စစ်အစိုးရခေတ်က ကုန်သွယ်ရေး မူဝါဒ ကောင်စီ
၏ အလုပ်ကို လုပ်သည်။ ထိုနေရာမှ သတင်းဦး ရသူသည် စီးပွားရေး လောကတွင် နေ့ချင်း သူဌေး ဖြစ်
သွားနိုင်သည့် စီးပွားရေး မူဝါဒ ချမှတ်သည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

ကားအိုကားဟောင်းများ အပ်ပြီး ကားသစ်များ ပါမစ်ထုတ်ပေးသည့် သတင်းကို ကြိုတင်ရရှိသူများက နယ်
အနှံ့ ကားအိုကားဟောင်းများ ဆင်းဝယ်ပြီး အချီကြီးပွသွားသည့် ကိစ္စမျိုးဖြစ်သည်။

အစိုးရ အဖွဲ့အတွင်းတွင်လည်း သမ္မတ၏ သဘောကောင်းမှုကို အခွင့်အရေး တစ်ရပ်အဖြစ် ယူနေသူများ
လည်း ရှိသည်။ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းကို အပုပ်နံ့ အထွက် များသဖြင့် ရာထူးမှ ဖယ်ရှားရန် ကြံစည်ခဲ့သော်လည်း ဦးကျော်ဆန်းက သူ့ကို ရာထူးမှ ဖယ်ရှားပါက လည်ပင်းတွင် စာဆွဲပြီး လွှတ်တော်
ရှေ့တွင် တစ်ကိုယ်တော် ဆန္ဒပြမည်ဟု ပြန်လည် ခြိမ်းခြောက်သဖြင့် ၀န်ကြီးဌာနသာ ပြောင်းလဲလိုက်ရ
သည်ဟုလည်း သတင်းထွက်ပေါ်ခဲ့ဖူးသည်။

လက်ရှိတွင်လည်း ကျန်းမာရေး ၀န်ကြီး ဌာနသည် စွမ်းဆောင်ရည် ညံ့ဖျင်းခြင်း၊ လာဘ်ပေးလာဘ်ယူ အ
သံများ ထွက်ခြင်းကြောင့် ကျန်းမာရေး ၀န်ကြီးကို သမ္မတရုံးတွင် တွဲဖက် ထိုင်စေပြီး ဒုသမ္မတ ဒေါက်တာ
စိုင်းမောက်ခမ်းက ကျန်းမာရေး ၀န်ကြီးဌာနကို ကိုင်တွယ်နေရသည်။

ထို့ကြောင့် ဒုသမ္မတက ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင်ကို ရာထူးမှ ထွက်စာတင်ရန်ပြောရာ
ဒေါက်တာ ဖေသက်ခင်က မထွက်ဘူးဆိုရင်ရောဗျာဟု ပြန်လည် တုန့်ပြန်သဖြင့် ရာထူးမှ မဖယ်ရှားရဲပဲ
ထားနေရသည်ဟု ဆိုသည်။

အထူးသဖြင့် သမ္မတအနီးမှ အကြံပေးများနှင့် ၀န်ကြီးအချို့သည် လုပ်ပိုင်ခွင့်များကို နည်းအမျိုးမျိုးနှင့် ရယူ
နေကြသည်။ ယခုလည်း သန္တိသုခကျောင်း ကိစ္စတွင် ကိုင်တွယ် ဖြေရှင်းသော ဦးအံ့မောင်သည် သမ္မတ
ရုံး အကြံပေး မဟုတ်ပါဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ငြင်းဆိုသွားသည်။

သို့သော် ဦးအံ့မောင်သည် ရန်ကုန် ကမ္ဘာအေးရှိ သာသနာရေး ဦးစီး ဌာနတွင် ရုံးတက် နေပြီး ရုံးခန်းတွင်
နိုင်ငံတော် သမ္မတ အကြံပေး ပုဂ္ဂိုလ်ဟု မည်သည့်အတွက် ဆိုင်းဘုတ် ချိတ်ထားသည်ကို စဉ်းစားရန် ဖြစ်
လာသည်။

သန္တိသုခကျောင်းကို စစ်ပွဲ ပုံစံညဘက် စီးနင်းရာတွင် တာဝန်ရှိသော သာသနာရေး ၀န်ကြီးကိုလည်း ရာ
ထူးမှ အနားပေးမည်ဟု သတင်းများ ထွက်ပေါ်နေသည်။ သို့သော်လည်း သမ္မတ ဦးသိန်းစိန်၏ စိတ်နေ
စိတ်ထားအရ တစ်နှစ်သာ ကျန်တော့သည့် အစိုးရ သက်တမ်းတွင် ၀န် ကြီး အားလုံးကို အတတ်နိုင်ဆုံး
မဖြုတ်ပဲ လက်တွဲခေါ်ယူသွားမည့် အခြေအနေက ပိုဖြစ်နိုင်သည်ဟု အတွင်းသိများက ပြောကြသည်။

နိုင်ငံတော်၏ မဏ္ဍိုင်ကြီး သုံးခုတွင် တရားစီရင်ရေး မဏ္ဍိုင်ကလည်း လုပ်ချင်ရာ လုပ်နေသည်။ လွှတ်တော်
တွင် တရားစီရင်ရေးမဏ္ဍိုင်သည် ပြိုလုဖြစ်နေပြီဟု ဆွေးနွေးခဲ့ကြသော်လည်း တရားရေးမှ တာဝန်ရှိသူများ
က မည်သူ့ကိုမျှ မကြောက်၊ ချချင်သည့် အမိန့်တွေ ချနေကြသည်။ လာဘ် စားမြဲစားနေကြသည်။ ယခင်က
အုပ်ချုပ်ရေး မဏ္ဍိုင်၏ လက်အောက်တွင် နေခဲ့သဖြင့် အညှိုးနှင့် လက်စားချေနေသလား ထင်ရအောင် မ
တော်မတရား အမိန့်များချသည်။

လက်နက်မှုသည် အာမခံ မပေးရဟု ဆိုသော်လည်း ပြောင်ပြောင်တင်းတင်း အာမခံပေးပစ်သည်။ စီရင်
ချက်အတွက် အနည်းဆုံး ပြစ်ဒဏ်နှင့် အများဆုံး ပြစ်ဒဏ်ကြားတွင် တရားရေး မဏ္ဍိုင်မှ တာဝန်ရှိသူများ
ပျော်ပျော်ကြီး ခရီးနှင် နေကြသည်။ အုပ်ချုပ်ရေးမှ တာဝန်ရှိသူ လူကြီးတစ်ဦးက ဒီတရားစီရင်ရေး မဏ္ဍိုင်
ကြောင့် ဘာမှအုပ်ချုပ်လို့ကို မရတော့ပါဘူးဟု ငြီးတွားရသည့် အခြေအနေ ရောက်နေသည်။

တစ်ချိန်တည်းတွင် အစိုးရသည် တစ်ပါတီတည်း ဖြစ်သော ကြံ့ခိုင်ရေး ပါတီဝင် လွှတ်တော် အမတ်များ၊
လွှတ်တော် ဥက္ကဋ္ဌ၊ လွှတ်တော် နာယကတို့နှင့်လည်း အဆင်မပြေ ဖြစ်နေသည်။ လွှတ်တော် နာယက
သူရဦးရွှေမန်းက သမ္မတနှင့် တရားဝင် တွေ့ဆုံခွင့် တောင်းထားသည်မှာ ခြောက်လကျော်ပြီ ဖြစ်သော်
လည်း သမ္မတက တွေ့ခွင့်မပေးဟု အမျက်ထွက်သည်။

သမ္မတကလည်း သူရဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အကြိမ် ၇ ကျော် အဘယ်ကြောင့် တွေ့
ဆုံသနည်းဟု မေးခွန်း ထုတ်ပြန်သည်ဟု ကြားရသည်။ မေလတွင် တပ်မတော်က စာမျက်နှာ ခြောက်
မျက်နှာပါသော စာတစ်စောင်ကို သမ္မတနှင့် လွှတ်တော် နာယကထံပို့သည့် သတင်းများ ထွက်ပေါ်သည်။

စာထဲတွင် မည်သည်တို့ကို ရေးထားသည်ကို မသိသော်လည်း ထိုစာရပြီးနောက် သမ္မတ၊ လွှတ်တော် နာ
ယကနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ သုံးပွင့်ဆိုင်တွေ့ကြသည်ဟု သတင်းရရှိသည်။

မေလ နောက်ဆုံးအပတ်တွင် ကြံ့ခိုင်ရေး ဗဟို အလုပ်အမှုဆောင် အစည်းအဝေးကို တံခါးပိတ် ကျင်းပ
ပြီး ပါတီ လျှောက်လှမ်းမည့် အနာဂတ်လမ်းကြောင်းနှင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဟာဗျူဟာများ
ချမှတ်လိုက်သည်ဟု သိရသည်။ ယခု အပတ်တော့ ဤမျှနှင့် နားပါဦးမည်။ ရှေ့ပတ်တွင် လွှတ်တော်၊ နိုင်
ငံရေး ပါတီများနှင့် မီဒီယာများအကြား အရှုတ်တော်ပုံများ ရေးပါဦးမည်။

သံဖနောင့်

Tomorrow


Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: အစိုးရ အဖွဲ့၏ အတွင်းရေး အရှုပ်တော်ပုံများ http://www.simon-vlog.com/2014/06/blog-post_965.html#ixzz3641shvRL
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

ဖွဲ့စည်းပုံပြင်ရေး လက်မှတ်ထိုးဆန္ဒပြုသူပေါင်း ၂၆ သိန်း ကောက်ယူရရှိထား ....................

ရွှေအောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးလှုပ်ရှားမှု စတင်ခဲ့တဲ့ တလအတွင်း တိုင်း ၃ တိုင်းမှာ လက်မှတ်ပေါင်း ၂၆ သိန်းလောက် ကောက်ယူရရှိခဲ့တယ်လို့ အဖွဲ့ချုပ်ပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်ကစပြီး ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဖို့ ဆန္ဒပြုလက်မှတ်ကောက်ယူခဲ့ရာမှာ ရန်ကုန်၊ မန္တလေးနဲ့ မကွေးတိုင်းတို့မှာ အခုလို ကောက်ယူရရှိထားတာဖြစ်ပြီး ဆက်သွယ်ရေး ခက်ခဲတဲ့ ပြည်နယ်တိုင်းတွေက လက်မှတ်စာရင်းတွေ ရောက်မလာသေးဘူးလို့လည်း သူက ပြောပါတယ်။

“အားလုံးပေါင်းလိုက်မယ်ဆိုရင် ၂၅ သိန်း ၂၆ သိန်းလောက် စာရင်းဝင်နေပြီ။ ဒါက အကုန်မဟုတ်သေးဘူး။ စစ်ကိုင်းတိုင်း အထက်ပိုင်း တွေဆိုရင် သွားရေးလာရေးနဲ့ ဆက်သွယ်ရေးက ခက်ခဲတဲ့အတွက် ကျနော်တို့ဆီကို ရောက်မလာသေးဘူး။ နောက်ကချင်ပြည်နယ်။ ပြည်နယ်တွေကနေ ကျနော်တို့ဆီကို ရောက်မလာသေးဘူး။ ကျနော်တို့နဲ့ ဆက်သွယ်ရေးလွယ်ကူတဲ့ ဒေသတွေ ဆိုရင် အခု သိန်း ၂၀ ကျော်နေပြီ ခင်ဗျ။”

ဒါ့အပြင် အခုရက်ပိုင်း လက်မှတ်ထိုးကောက်ခံမှုတွေမှာ လူတစုတဖွဲ့က မသမာမှုတွေ ပြုလုပ်လာနေတာတွေ့ရပြီး ဘယ်အုပ်စုဘယ်အဖွဲ့အစည်းက လုပ်နေသလဲဆိုတာကို စုံစမ်းနေတယ်လို့လည်း ပြောပါတယ်။

“လက်မှတ်ရေးထိုး ကောက်ယူမှုကိစ္စတွေမှာ တန်ပြန် သဘောသက်ရောက်တဲ့ဟာလေးတွေ လုပ်လာတွေ့တယ်ဗျ။ လက်မှတ်ရေးထိုးကောက်ယူတဲ့နေရာမှာ ကျနော်တို့လူတွေ မဟုတ်တဲ့ သူတွေဝင်လာပြီး လူတွေကို မချေမငံ ဆက်ဆံပြောဆိုတာလေးတွေရှိတယ်။ ၄၃၆ ကို လက်မှတ်ထိုး၊ မထိုးဘူး။ ဘာလို့ထိုးရမှာ ၄၃၆ က ဘာလဲဘာညာဆိုရင်၊ ဒါလေးတောင် မသိဘူးလား၊ တိုင်းပြည်အတွက် ဒါလေးတောင် တာဝန်မကျေနိုင်ဘူးလား ဘာညာဆိုပြီး လုပ်တဲ့ ပုံစံလေးတွေပေါ့။”


မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ်ထဲမှာ ပြုလုပ်ခဲ့တာလို့လည်း ဦးထင်လင်းဦးက ပြောပါတယ်။

အန်အယ်ဒီနဲ့ ၈၈ တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံပြင်ရေး လူထုဟောပြောပွဲတွေ ပြုလုပ်နေရာမှာလည်း ကချင်၊ ချင်းစတဲ့ ပြည်နယ်တွေမှာ ဟောပြောပွဲကျင်းပခွင့် မပြုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုတွေကို လာမယ့်ဇူလိုင်လ ၁၉ ရက်အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Sunday, June 29, 2014

ကာ/ချုပ်နှင့် တွေ့ဆုံလိုဟု အမျိုးသမီး အဖွဲ့ သုံးဖွဲ့ တောင်းဆို......................


Bookmark and Share [ ]


ရန်ကုန်၊ ဇွန် ၂၇

ပြည်တွင်းစစ် ဖြစ်ပွား နေသော ဒေသများတွင် လိင် အ
ကြမ်းဖက် မှုများ ရပ်တန့်နိုင်ရေး အတွက် တပ် မတော်
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်
နှင့် တွေ့ဆုံဆွေးနွေးရန် မြန်မာအမျိုးသမီးများ ကိုယ်စား
ပြု အဖွဲ့ သုံးဖွဲ့က တောင်း ဆိုကြောင်း ကချင် အမျိုး သမီး
ငြိမ်းချမ်းရေးကွန်ရက်နှင့် ကျားမရေးရာတန်းတူညီမျှရေး
ကွန်ရက် အဖွဲ့ ဒါရိုက်တာ ဒေါ်မေ စပယ်ဖြူ က ပြောဆို
သည်။

ယင်း မြန်မာအမျိုးသမီးများ ကိုယ်စားပြုအဖွဲ့ သုံးဖွဲ့မှာ ဗြိ
တိန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပသည့် စစ်ပွဲဒေသများ
အတွင်း လိင် အကြမ်းဖက်မှု ရပ်တန့်ရေး ညီလာခံ သို့
တက်ရောက်ခဲ့သည့် အဖွဲ့များဖြစ်သည်။

အစိုးရ သစ် လက်ထက်တွင် တိုက်ပွဲ အချို့ ဖြစ်ပွားနေသော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေ
သများ၊ ကရင်ပြည်နယ် တို့တွင် တပ်မတော် သားများ၏ လိင်အကြမ်းဖက် ခံရသူ အမျိုး သမီး အရေအတွက်
၁၀၀ကျော် ရှိနေသောကြောင့် ယင်းအကြမ်းဖက် မှုများ ရပ်တန့်ရန်နှင့် ဥပဒေနှင့် အညီ ပွင့်လင်းမြင်သာ အ
ရေးယူ ပေးရန် ကာကွယ်ရေး ဦးစီးချုပ်တွင် တာဝန် အပြည့်အဝ ရှိသောကြောင့် တွေ့ဆုံလိုခြင်း ဖြစ်ကြောင်း
၎င်းက ထပ်လောင်း ပြောကြားသည်။

“ကာ/ချုပ်နဲ့ တွေ့ခွင့် ရမယ် ဆိုရင်တော့ ကျွန်မတို့ အနေနဲ့ ပြောစရာ အချက် အလက် ဒေတာတွေ၊ အမှန်
တကယ် အဖြစ်အပျက်တွေ တင်ပြသွားမှာပါ” ဟု ၎င်းက ပြောဆိုသည်။

ကချင်အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက်၊ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ Action Aid ဖောင်ဒေး
ရှင်း တို့သည် ဇွန်လ ၂၇ ရက်နေ့တွင် ကျင်းပ ပြုလုပ် ခဲ့သည့် စစ်ဘေးသင့် ဒေသ များတွင် အမျိုး သမီးများ
အခွင့်အရေးချိုးဖောက်ခံရခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ဇွန်လ ၁၀ ရက်မှ ၁၃ ရက်အထိ ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ကျင်းပပြုလုပ်ခဲ့သော စစ်ဖြစ်ပွားရာ ဒေသများအ
တွင်း လိင်အကြမ်းဖက်မှု ပပျောက်ရေး ညီလာခံကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသန့်ကျော်
တက်ရောက်ပြီး သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအ
ရ သိရှိရသည်။

The Voice Weekly မှကူးယူမျှဝေသည်။

အစိုးရကို ရခိုင်ဒေသ တွင်းထွက်တွေအတွက် တရုတ်က ခေါင်းပုံဖြတ်


(၂၈ ရက် ဂျွန်လ ၂၀၁၃ ခုနှစ်)


သိန်းစိန်တို့ တရုတ်ပြည်မှာ ဂစ်ရောင်းရငွေ တနှစ်ပြည့် အထိပ်မှတ်နဲ့ သွားကြတာကို ချစ်ကြည်ရေး ဆိုပြီး ဘန်းပြတာ အတိုက်ခံတွေနဲ့ ရခိုင်တွေ သိရင် သိပ်ကောင်းမယ်ဗျာ။
ကြီးကြီးကျယ်ကျယ် နှစ်နိုင်ငံ နှစ်(၆၀) ပြည့် ချစ်ကြည်ရေးတဲ့…..
တရုတ်နဲ့ဆက်ဆံတာ ပြန်ကြားရေး ၀န်ချီး ရဲဖွတ်က ပြောပြီးသား (ပျူ ခေတ်ထဲက) အဆက်ဆံရှိခဲ့ကြတာပါတဲ့… အဲဒါကို ..မဟုတ်တရုတ်တွေက ရုပ်ရှင်ကားကြီးတောင် ရိုက်ပြီးလို့ ယူနန် တီဗွီလိုင်းမှာ ပြနေတာ (၃) ပတ်တောင် ကျော်နေပြီဗျ…
အမျိုးမျိုးပဲ……… မုန်လာဥ လုပ်လိုက် ဟိုဟာ ဟိုဒင်းလုပ်လိုက်နဲ့… ရခိုင်ကို ဂစ်ရောင်းတာ ၂၀၁၃ ခုနှစ် ဂျွန်လ (၁၈) ရက်နေ့ကလေ ခုဆို တနှစ်ပြည့်လို့ စိန်ပြောင်တို့ တရုတ်ပြည်မှာ ပွဲတော်သွားတည်ကြတာ..
အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း(၁၂) ဘီလီယံ ဘိုးတောင် ရောင်းရသတဲ့… တရုန်က အမေရိကန်ဒေါ်လာ ( ၃ဒသမ ၄) ဘီလီယံ ပဲပေးမယ်ပြောလို့ သမ္မတ စိန်ပြောင်နဲ့ လိုက်သွားတဲ့ စာရင်းစစ်ကြီး မျက်နှာ နီသွားသတဲ့ဗျာ…
တရုတ်က အောက်တန်းစား ဈေးနဲ့ပေးဝယ်တာတင်မကဘူး အခု နှစ်ပတ်လည် ငွေရှင်းတော့မှ … အိတ်ပေါက်ပြသလို လုပ်တာလေ..
ဘာတဲ့……..ဂစ်ပိုက်လိုင်းဘိုးကို (၁၀)ရာနုံန်းဖြတ်တယ်
ဘာတဲ့….မြေယာလျော်ကြေးအတွက် ( ၄)ရာနုံန်းဖြတ်တယ်
ဘာတဲ့….လယ်ယာမြေအတွက် သီးစားလျော်ကြေး (၄)ရာနုံန်းဖြတ်တယ်
ဘာတဲ့….လမ်းတံတားတွေ ရခိုင်မှာ ဖေါက်လုပ်ပေးရတယ်ဆိုပြီး ( ၃) ရာနုံန်းဖြတ်တယ်
ဘာတဲ့….ရခိုင်ဒေသအတွက် ပညာရေးနဲ့ကျန်းမာရေး စရိတ်သုံးငွေ(၂) ရာနုံန်းဖြတ်တယ်
ဘာတဲ့…အလုပ်သင် အလုပ်သမားသစ်များ ပျိုးထောင်ရေးစရိတ်( ၁)ရာနုံန်းဖြတ်တယ်
ဘာတဲ့ …လုံခြုံရေး ၀န်ထမ်းစရိတ်(၃)ရာနုံန်းဖြတ်တယ်
ဘာတဲ့…လုပ်ငန်းသဘောတူမှု တည်တန့်ရေးအတွက် (၂) ရာနုံန်း စဘော်အဖြစ် ဖြတ်တယ်
ဘာတဲ့…လုပ်ငန်း အစုရှယ်ယာ ကုမ္ပဏီများ အာမခံကြေးအတွင် ( ၄) ရာနုံန်းဖြတ်တယ် နောက်ဆုံး (၃) မျိုးကတော့ သတင်းပေးပို့သူ လိုင်းကျသွားလို့…အတိကျ မသိလိုက်ရပါ
သေခြာတာကတော့ မြန်မာ အစိုးရကို ရခိုင်ဒေသ တွင်းထွက်တွေအတွက် တရုတ်က ခေါင်းဖြတ်လိုက်တယ် ဆိုတာကိုတော့ ကြိမ်းသေတယ်ဗျာ ....
တရုတ်ပြည်က ပြန်လာကြရင် သွားကြည့်ကြ တကောင်မှကို ခေါင်းပါမလာတော့ဘူး အထက်က တင်ပြထားတဲ့အတိုင်း ဖြတ်လိုက်လို့ပေါ့ဗျာ…………
သတင်းအမှန် (ဂိုလ်ရှယ်လေး)

Saturday, June 28, 2014

“ရိုမန်ဖွတ်တို့ရဲ့ ၄၃၆ ကမ္ဘာ” .....................

၂၀၁၄ ခုနှစ်ထုတ် “ရိုမန်းဘော့ထ်တို့ရဲ့ကမ္ဘာ” အပြာစာအုပ်ကတော့ ပတ်စာခွါ၊ ဖျာလိပ်သွားပါပြီ။ စာအုပ်ရေးသူရော ထုတ်လုပ်ဖြန့်ချိသူတွေပါ ပြည်ထဲရေးဌာနက ခြေရာခံ လိုက်နေကြပြီ...ဆိုပါတယ်။
အသက် (၁၈) နှစ်အောက် လူငယ်လူရွယ်တွေကို လမ်းမှားရောက်စေနိုင်တာရယ်၊ (၁၈) နှစ်အထက် လူကြီးတွေအတွက် ဒီစာအုပ်ဟာ အကြောင်းပြချက် တစ်ခု ဖြစ်လာနိုင်တာရယ်... နဲ့ အထူးသဖြင့် အပြာဝါသနာရှင်အတော်များများ ပီဒီအက်ဖ်ဖိုင်အသီးသီး ဒေါင်းလုတ်ဆွဲပြီးကုန်တာရယ်... ကို ထောက်ဆကြည့်တော့ ပြည်ထဲရေးက ဒီစာအုပ်ကို ပိတ်ဖို့၊ သိမ်းဖို့၊ ထိန်းဖို့ လုပ်တာဟာ သင့်တင့်မျှတတဲ့ ကိစ္စလို့ ယူဆရမှာ ဖြစ်ပါတယ်...။

-----------------------------------------------------
“ရိုမန်းဘော့ထ်တို့ရဲ့ကမ္ဘာ” အပြာစာအုပ်အပြီးမှာ အခုတစ်ခါ အလှည့်ကျလာတာကတော့ ၂၀၀၈ ခုနှစ်ထုတ် “ရိုမန်ဖွတ်တို့ရဲ့ကမ္ဘာ” အစိမ်းစာအုပ်ပါပဲ။ စာအုပ်ထုတ်ဝေဖြန့်ချိသူတွေထဲက တစ်ချို့ သမ္မတဖြစ်တဲ့သူ ဖြစ်၊ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်တဲ့သူဖြစ်... နေကြပြီး မူလစာရေးသူကတော့ သူ့အိမ်မှာ အေးအေးဆေးဆေး စာဖတ်နေတယ်....လို့ ဆိုပါတယ်။
မည်သို့ပင်ဆိုစေကာမူ “ရိုမန်ဖွတ်တို့ရဲ့ကမ္ဘာ” စာအုပ်ဟာလည်း ပြည်သူလူထုအတွက် အလွန်အင်မတန် အန္တရာယ်ကြီးမားတဲ့ စာအုပ်တစ်အုပ်ပါပဲ။ ၄င်းစာအုပ် ပိုဒ်ရေ ၄၃၆ အရ ယူနီဖောင်းဝတ်အုပ်စုတစ်စုက ပြည်သူပြည်သား၊ အရွယ်သုံးပါးကို ဥပဒေနဲ့အညီ မုဒိန်းကျင့်ဖို့ ခွင့်ပြုထားတာမျိုး၊ အဲဒီကဆက်နွယ်ပြီး တစ်ချိန်တည်းမှာ “ဖယောင်းတိုင်ထွန်း၊ တစ်နပ်လျှော့စား၊ နွားနို့သောက်၊ ပါးရိုက်၊ ကျည်ဆန်၊ သုံးသိန်း၊ နှစ်ထောင်၊ ဘဘပြောင်” အစိုးရ ဖင်ခေါင်းကျယ်သမျှ ပြည်သူက ထမင်းကျွေးပြီး ခံကြရမယ်ဆိုတာမျိုး။
၂၀၁၄ ခုနှစ်ထုတ် “ရိုမန်ဘော့ထ်တို့ရဲ့ ကမ္ဘာ” ဟာ လူပေါင်းအယောက် ၆၀၀၀ ကို လမ်းမှားရောက်စေနိုင်တယ်ဆိုရင် “ရိုမန်ဖွတ်တို့ရဲ့ကမ္ဘာ” က အသက် (၁၈) နှစ် အထက်ရော၊ အောက်ပါ၊ ယောက်ျားရော မိန်းမပါ၊ လူပေါင်း သန်း (၆၀) ကို ချောက်ထဲ တွန်းချဖို့ လမ်းကြောင်းပေးထားတဲ့စာအုပ်ပါပဲ။
ဆိုတော့ကာ... “ရိုမန်ဖွတ်တို့ရဲ့ကမ္ဘာ” စာအုပ်ကိုလည်း အများပြည်သူအကျိုး ရှေးရှုပြီးသကာလ သိမ်းကြရတော့မှာပါ။ သို့သော်... ပထမတစ်အုပ်နဲ့ မတူတဲ့အချက်က “ရိုမန်ဘော့ထ်တို့ရဲ့ ကမ္ဘာ” ကို ပြည်ထဲရေးက သိမ်းယူခဲ့တာဖြစ်ပေမယ့် အခုတစ်ခါ “ရိုမန်ဖွတ်တို့ရဲ့ကမ္ဘာ” ကိုတော့ ကျွန်တော်တို့ ပြည်သူလူထုကပဲ အလိုက်တသိ၊ ကိုယ့်အသိစိတ်နဲ့ကိုယ် အနာဂတ်အန္တရာယ်ကို ကြိုတွေးပြီး သိမ်းယူကြရမှာ ဖြစ်ပါတယ်...။
-----------------------------------------------------
“ရဟန်းရှင်လူ၊ မိဘပြည်သူများခင်ဗျား....
မိမိတို့အစိုးရဟာဆိုရင် ရဟန်းရှင်လူ၊ မိဘပြည်သူတို့ ဆန္ဒရှိခဲ့ကြတဲ့အတိုင်း မုဒိန်းကျင့်နေရတာ ဖြစ်ပါတယ်၊ မိမိတို့မှာ လုံးလုံးအပြစ်မရှိပါဘူး” ဆိုပြီး “ဦးလေးပြောင်၏ ဖတ်စာများ” ကဏ္ဍ နောက်တစ်ပတ် အမ်အာတီဗီဖိုးမှာ လွှင့်မလာခင်၊ (နောက်ထပ်ရက်ပေါင်း ၂၀ ကျော်မရောက်ခင်) ကျွန်တော်တို့ကအရင် ၄င်းစာအုပ်အစိမ်းကို သိမ်းယူဖို့ ပြင်ဆင်ကြရမှာ ဖြစ်ပါတယ်။ နီးစပ်ရာ NLD ရိုးနဲ့ ၄၃၆ ပြင်ဆင်ရေးဌာနတွေမှာ ကိုယ့်နာမည်၊ မှတ်ပုံတင်နံပါတ်နဲ့ လက်မှတ်ထိုးပြီး ဆန္ဒပြုကြဖို့ပါပဲ။
ရဟန်းရှင်လူ၊ မိဘပြည်သူများခင်ဗျား...
Let’s shag ‘em off!
You might also like:

Thursday, June 26, 2014

NDFပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်အိမ် အဖောက်ခံရ .....................

ခင်မြတ်မြတ်ဝေ

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၏ အိမ်သို့ ဇွန်လ ၂၃ ရက် သန်းခေါင်းယံအချိန်က အဖောက်ခံရပြီး ပစ္စည်းအချို့ အခိုးခံလိုက်ရသည်ဟု ဒေါ်ခင်ဝိုင်းကြည်က မဇ္ဈိမကို အတည်ပြုပြောကြားသည်။

“ကံကောင်းတာက လွှတ်တော်ဝင်တဲ့ကဒ်တွေ၊ ပတ်စ်ပို့စ်တွေ၊ မှတ်ပုံတင်တွေ ပါတဲ့အိတ်ကို အိမ်ရှေ့မှာပြန်ထားခဲ့တယ်၊ သူ့စိတ်ထဲ ပိုက်ဆံပါတယ်ထင်လို့ ယူတာ မတွေ့တော့ ပြန်ထားခဲ့တယ်”ဟု ဒေါ်ခင်ဝိုင်းကြည်ကပြောသည်။

ဒေါ်ခင်ဝိုင်းကြည်၏ မြောက်ဒဂုံမြို့၊ ၄၆ရပ်ကွက်ရှိ အိမ်ဖောက်ခံရခြင်းကြောင့် ဆမ်းဆောင်းဟန်းဆက် မီနီတစ်လုံး၊ အိတ်တစ်လုံး အခိုးခံခဲ့ရပြီး အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားထားခြင်းမရှိဟု ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။ လွှတ်တော်ကဒ်၊ ပတ်စ်ပို့နှင့် မှတ်ပုံတင်များပါသည့်အိမ် ပြန်တွေ့သည့်အတွက် အမှုမဖွင့်ခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

ဒေါ်ခင်ဝိုင်းကြည်သည် ဇွန်လ ပထမပတ်က အချိုးကျ ကိုယ်စားပြုစနစ် (ပီအာရ်စနစ်)ကို တင်သွင်းခဲ့ပြီးနောက် ၎င်းကို ခြိမ်းခြောက်မှုအချို့ ခံနေရသည်ဟုလည်း ဒေါ်ခင်ဝိုင်းကြည်က မဇ္ဈိမ၏ အင်တာဗျူးတစ်ခုတွင် ပြောခဲ့ဖူးသည်။

Tuesday, June 24, 2014

"ဒီအရေးအခင်းမှာ ဦးအံ့မောင်ကတော့ တရားခံပဲ".........................

Tuesday, June 24, 2014
.

 


သန္တိသုခအရေးနဲ့ ၀န်ကြီး ဦးဆန်းဆင့် ဖြုတ်ခံရမှု အပေါ် ဦးဝီရသူရဲ့ အမြင်ကို ဧရာဝတီ မြန်မာပိုင်း ပင်မ စာမျက်နှာမှာ တနင်္လာနေ့က တင်ခဲ့ပါတယ်။ မဖတ်ရသေးသူများအတွက် ပြန်လည် ကောက်နုတ် ဖော်ပြလိုက်ပါတယ်။
  

ပီနန် ဆရာတော်ကြီး ဦးပညာဝံသ နှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့တို့ အကြား ပိုင်ဆိုင်မှု အငြင်းပွား လျက် ရှိသော  မဟာသန္တိသုခ ကျောင်းတော်ကြီးကို ဇွန်လ ၁၀ ရက်နေ့၊ ညပိုင်းတွင် ရန်ကုန်တိုင်း သာသနာ ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ၀င်ရောက်စီးနင်းချိတ်ပိတ်ခဲ့ပြီး သာသနာ ညှိုးနွမ်းစေမှုဖြင့် ကျောင်းတိုက် တွင် နေထိုင် သော ပီနန် ဆရာတော် ဦးပညာဝံသ၏ တပည့်ရင်း သံဃာတော် ၅ ပါး ကို  ဖမ်းဆီး လူဝတ်လဲခဲ့သည်။
ဇွန် ၂၀ ရက်နေ့တွင် တာမွေမြို့နယ် တရားရုံးတွင် အမှုစစ်ဆေးခဲ့ပြီး ဖမ်းဆီးခံ ဆရာတော်များကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။ ယင်းနောက် ဦးဆန်းဆင့် ရုတ်တရက် ဖမ်းဆီးခံရခြင်း၊ ၀န်ကြီးရာထူး ဖြုတ်ခံရခြင်း၊ ဦးအံ့မောင်ကို ခေါ်ယူမေးမြန်းခြင်းဆိုသော နောက်ဆက်တွဲဖြစ်တွဲ ဖြစ်ရပ် အများအပြား  ပေါ်ပေါက်လျက်ရှိရာ ဧရာဝတီအကြီးတန်းသတင်းထောက် စနေလင်းက မန္တလေး မစိုးရိမ် တိုက်သစ် ဆရာတော် ဦးဝီရသူ၏  အမြင်များ မေးမြန်း ထားပါသည်။


မေး။     ။ အခုလို သန္တိသုခကျောင်းတိုက်က သံဃာ ၅ ပါးကို ဖမ်းဆီး တရားရုံးတင်ခဲ့တာနဲ့ပတ်သက်လို့ ဆရာတော်အမြင် သိချင်ပါတယ်။

ဖြေ။     ။ အဓိက ပြောရမှာက အာဏာရှင်လက်ထက်တုန်းက သံဃာတော်တွေကို နှိပ်ကွပ်ဖို့ ရေးဆွဲခဲ့တဲ့ မတရားသော ညွှန်ကြားလွှာ တွေရှိတယ်။ အဲဒီညွှန်ကြားလွှာတွေက အခုချိန်ထိ အသက်ဝင်နေတုန်းပဲ။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော် တပါးပါးက မကျေနပ်ဘူးဆိုရင် အဲဒီညွှန်ကြားလွှာနဲ့ လုပ်ပိုင်ခွင့်ရှိတယ်။ အဲတော့ သန္တိသုခ အရေးတော် ပုံမှာ ဒီညွှန်ကြားလွှာကို ကိုင်ပြီးတော့ အခုလို အရေးယူတာဖြစ်တယ်။ တကယ်တမ်းမှာ အစိုးရက အရေး ယူခိုင်းတာ မဟုတ်ဘူး။ နိုင်ငံတော် သံဃမဟာနာယက က ညွှန်ကြားချက်အတိုင်း အရေးယူလိုက်တာ။ အဲဒီ ၂၀/၉၀ ညွှန်ကြားချက်မှာ ဗိုလ်ချုပ်ကြီး စောမောင် ကိုယ်တိုင် လက်မှတ်ထိုးပြီး ထုတ်ပြန်ထားတဲ့ ဥပဒေဖြစ်တယ်။ အဲဒီဥပဒေထဲမှာ တိုင်းဒေသကြီး၊ သာသနာရေးအဖွဲ့က တရားလိုလုပ်ပြီးတော့ တရားစွဲရမယ်လို့ ပါတယ်။ အဲဒီ ဥပဒေကြီးနဲ့ ကိုင်လိုက်တာ။

မေး။     ။ အရေးယူခံနေရတဲ့ ဆရာတော်တွေဆိုရင် သင်္ကန်းဝတ်ကြီးနဲ့ တရားရင်ဆိုင်ရမယ့် အနေအထားဖြစ်နေတယ်။

ဖြေ။     ။ မှန်ပါတယ်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကသာ ဒီအမှုကို ပြန်ရုပ်သိမ်းလိုက်မယ်ဆိုရင် တရားလို လုပ်ထားတဲ့ တိုင်းဒေသကြီးအဖွဲ့က ချက်ချင်း သင်္ကန်းဝတ်ပေးဖို့ စီစဉ်နေတယ်။ သို့သော် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့က ဆရာ တော်တွေက ဒီလိုသာ ပြန်ရုပ်သိမ်းလိုက်ရင် နောက်အမှုတွေမှာလည်း ဒီလိုပြန်ရုတ်သိမ်းနေရမှာပဲ။ အဲဒီတော့ သူတို့ဘက် က မရုပ်သိမ်းနိုင်ဘူး။ သို့သော် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို သူတို့တွေက ကန့်ကွက်ဖို့မရှိပါဘူး။ တရားရုံးရဲ့ ဆုံးဖြတ်ချက် အတိုင်း သဘောတူပါတယ်လို့ ဆရာတော်ကြီးတွေက ထပ်မံညွှန်ကြားထားတဲ့အတွက်ကြောင့် အခုတိုင်းဒေသကြီးအစိုးရ နဲ့ တရားရေး ဌာနနဲ့ ညှိပြီးတော့ အာမခံရအောင် လုပ်ပေးလိုက်တယ်။

မေး။     ။ ဒီဖြစ်စဉ်တခုလုံးမှာ မဟနရဲ့ ၀င်ရောက်စွက်ဖက်မှုက ဘယ်လောက်အတိုင်းအတာထိ ရှိမလဲ။ ကျောင်းသိမ်း တဲ့ကိစ္စ ရော၊ အရေးယူတဲ့ကိစ္စမှာရောပေါ့။

ဖြေ။     ။ ၀င်ရောက်စွက်ဖက်မှုတော့ မဟုတ်တော့ဘူး။ သူ့ရဲ့နယ်ပယ်ဖြစ်နေတာကိုး။ တကယ်တမ်းကျတော့ နည်းလမ်း မကျသော အရေးယူမှုလို ဖြစ်နေတယ်။ သံဃာကို အင်အားသုံးပြီးတော့ ဖယ်ရှားတာ၊ ဖမ်းဆီးတာပေါ့။ အဓိက ဒီအရေးအခင်းမှာ ဦးအံ့မောင်ကတော့ တရားခံပဲ။ သူက နှစ်ပေါင်းများစွာလည်း ဒီနေရာမှာ အလုပ် လုပ်လာတဲ့သူ၊
သန္တိသုခနဲ့ပတ်သက်ပြီးတော့ တော်တော်လေးလည်း မက်လောက်အောင် ရထားတဲ့သူ။ လက်လွတ်သွားမယ် ဆိုရင်လည်း ဆုံးရှုံးမှာတွေက အများကြီးလေ။ ပြီးတော့ စာရင်းစစ်တွေ ၀င်ရင်လည်း သူ့ကိုထိမှာ။ အဲဒီတော့ လုံးဝ အထိမခံဘဲ ဆရာတော် တွေကို ကြိုးကိုင်ခြယ်လှယ်ရင်းနဲ့ တအားကိုကြီးသွားတာ။

မေး။     ။ သာသနာရေး ၀န်ကြီး ဦးဆန်းဆင့် တာဝန်က ရပ်စဲခြင်းခံရတဲ့အပြင် အရေးယူခြင်းလည်းခံရတယ်ဆိုတော့ အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်မလဲ။


ဖြေ။     ။ ဦးဇင်းတို့ ပစ်တာက ဦးအံ့မောင်၊ သို့သော် ဦးအံ့မောင်က လူလည်ဆိုတော့ သူတော်ကောင်းကို အကာအကွယ် ယူနိုင်တာပေါ့။ သူ့ကိုမထိဘဲနဲ့ သူက ဆွဲပြီးခေါ်လိုက်တဲ့ ဦးဆန်းဆင့်ကို ထိသွားတယ်။

မေး။     ။ သမ္မတက သာသနာရေးနဲ့ပတ်သက်လို့ ၀န်ကြီးတပါးကို ဒီလိုအရေးယူတယ်ဆိုတာက နိုင်ငံရေးအရ ထိုးကျွေး ကစားတဲ့ နိုင်ငံရေးကစားကွက် သဘောမျိုးရော မဖြစ်နိုင်ဘူးလား။


ဖြေ။     ။ ဦးဇင်းတို့ကတော့ အဲဒီလိုမမြင်ဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ ၀န်ကြီးက ၀န်ထမ်းကောင်း၊ ဧရာဝတီတိုင်းမှာလုပ်တုန်းကလည်း ပြည်သူလူထုရဲ့ထောက်ခံမှုကို ရတယ်။ သာသနာရေးဌာနမှာလည်း သံဃာတွေရဲ့ထောက်ခံမှုကိုရတယ်။ တကယ် ထိုးကျွေးမယ်ဆိုရင်တော့ ၀န်ထမ်းဆိုးကို ထိုးကျွေးမှာပေါ့။ ၀န်ထမ်းကောင်းကို ထိုးမကျွေးပါဘူး။

မေး။     ။ ဒါဆိုရင် ဦးဆန်းဆင့်ကို တာဝန်မှရပ်စဲတဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတွေ ရှိမယ်ထင်လဲ။


ဖြေ။     ။ ဒီဥစ္စာက ဦးအံ့မောင်ကို နိုင်အောင် မထိန်းနိုင်လို့ပဲ။ ဦးအံ့မောင်ရဲ့အစီအမံတွေနဲ့ နည်းလမ်းမမှန်မကန် ဆောင်ရွက်မှု တွေ မှာ တာဝန်ခံပြီးအရေးယူခံရတယ်လို့ မြင်တယ်။

မေး။     ။  အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အစည်းအဝေး ( မဘသ ) မှာ သန္တိသုခအရေးနဲ့ ဆွေးနွေး တာမျိုး ရော ရှိလား။

ဖြေ။     ။ မဘသရဲ့ အဖွဲ့ကြီးက အမျိုးသားရေး တခုထဲကိုလုပ်ဖို့ ဖွဲ့စည်း ထားတာ။ အချင်းချင်း အငြင်းပွားတဲ့ ကိစ္စတွေကို လုံးဝလုပ်မှာမဟုတ်ဘူး။ အဲဒါကြောင့် မဘသအနေနဲ့ သန္တိသုခကိစ္စမှာ ကြေညာချက်မျိုး မထွက်လာတာပေါ့။ မဘသ အမည်နဲ့လုပ်မယ်ဆိုရင်တော့ ကန့်ကွက်မယ်။






.




Saturday, June 21, 2014

Facebook ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ကို ဦးရဲထွဋ် တောင်းပန် ..............

20 June 2014 19:44(+0630) (လွန်ခဲ့သော 10 နာရီ ခန့်က)

 ဇွန်လ ၂၀

 ဒီနေ့ မနက် ပြည်သူ့လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို Facebook ကိစ္စနဲ့ ပတ်သက်ပြီး တောင်းပန်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က ကိစ္စမရှိပါဘူးလို့ပြန် ပြောခဲ့ပါ တယ်။ အဲဒီလို နားလည်ခွင့်လွှတ်ပေးမှုအပေါ် ကျေးဇူးတင်ကြောင်း သမ္မတပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် က သူ့ ရဲ့  Facebook စာမျက်နှာမှာ ဒီကနေ့ ရေးသားဖော်ပြ ထားပါတယ်။

နောက်တော့ ဒေါ်အောင်ဆန်းစုကြည်၊ ကျွန်တော်၊ အန်ကယ်ဦးဝင်းထိန်၊ ကိုကျော်သီဟ၊ ဒေါက်တာ တင်မာအောင်တို့ ပြည်သူ့နီတိပညာပေးဇာတ်လမ်းတွဲများ ရိုက်ကူး နေတဲ့ ကိစ္စ၊ ဗြိတိန်နိုင်ငံ တော်ဝင်ဘုရင့်စစ်တက္ကသိုလ်အကြောင်းတွေ ဆွေးနွေးဖြစ်ခဲ့ တယ်လို့  ဦးရဲထွဋ် က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို တောင်းပန်ရတဲ့ အကြောင်းကတော့ ဦးရဲထွဋ် ပြီးခဲ့တဲ့ ဇွန်လ ၆ရက်နေ့ က တင်ထားတဲ့ ပို့ စ်မှာ အခုလိုတွေ့ ရပါတယ်။

Facebook သုံးတဲ့အခါ လိုက်နာရမယ့် ကျင့်ဝတ်တွေရှိပါတယ်။ အခြားသူတင်ထားတဲ့ ပို့စ်များကို မျှဝေမယ်၊ နှစ်သက်ကြောင်းပြောမယ်ဆိုရင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ၊ အမုန်းတရားပွားစေတဲ့ ပြောကြားချက်တွေ ပုံတွေ မဖြစ်ဖို့ သတိပြုရပါတယ်။ မိမိရေးတဲ့စာများဟာလည်း ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ အမုန်းတရားပွားစေတဲ့ ပြောကြားချက် မဖြစ်ဖို့ လိုပါတယ်။

ကျွန်တော့ဇနီးရဲ့ Facebook စာမျက်နှာမှာ မနေ့က မျှဝေထားတဲ့ ပို့စ်တစ်ခုဟာ ဒေါ်အောင်ဆန်း စုကြည်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ရာရောက်တဲ့ ဓာတ်ပုံ ပါဝင်နေတာတွေ့ရပါတယ်။

သူ့ရဲ့လုပ်ဆောင်ချက်ဟာ ကျွန်တော်ယုံကြည်လက်ခံထားတဲ့ လူမှုကွန်ယက်အသုံးပြုရာမှာ လိုက်နာရမယ့် ကျင့်ဝတ်များနဲ့လည်းကောင်း၊ ဒီမိုကရက်တစ်စံနှုန်းများနဲ့လည်းကောင်း လွဲချော်နေတဲ့အတွက် သိသိချင်း ပြန်ဖျက်ခိုင်းခဲ့ပါတယ်။

ကျွန်တော်ဟာ အစိုးရတာဝန်ရှိသူတစ်ဦးအနေနဲ့လည်းကောင်း၊ အိမ်ထောင်ဦးစီးအနေနဲ့ လည်းကောင်း မိမိမိသားစုဝင်များရဲ့ အပြုအမှုများကို အများလိုက်နာတဲ့ စံနှုန်းများနဲ့အညီ ဖြစ်အောင် သွန်သင်ဆုံးမဖို့ တာဝန်ရှိပါတယ်။

အဲဒီတာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ကို လည်းကောင်း၊ သူ့ကို ချစ်မြတ်နိုး ထောက်ခံသူများကိုလည်းကောင်း၊ ကျွန်တော့် စာမျက်နှာ ကို အလေးထားလာရောက်ဖတ်ရှုသူများကိုလည်းကောင်းတောင်းပန်အပ်ပါတယ်။

ကျွန်တော့်ဇနီးအနေနဲ့လည်း ဒီဖြစ်စဉ်ကနေ သင်ခန်းစာရခဲ့ပြီးလို့ ကျွန်တော်ယုံကြည်ပါ တယ်။

လေးစားလျှက်
ရဲထွဋ်

By Thit Htoo Lwin

ဓါတ်ပုံ - ဦးရဲထွဋ် (facebook) 

Tuesday, June 17, 2014

ရခိုင် ခေါင်းဆောင်တွေ တရုတ်ပြည် သွား....................


Bookmark and Share [ ]


ပေကျင်းမှာ ကွန်မြူနစ် ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ

RNDP နဲ့ ALD တို့ ပေါင်းစည်း လိုက်တဲ့ ရခိုင် အမျိုးသား ပါတီက ခေါင်းဆောင် တွေကို တရုတ်ပြည် ကွန်မြူ
နစ်ပါတီက ဖိတ်ကြားတဲ့ အတွက် ခေါင်းဆောင် (၃) ဦး တရုတ်ပြည်ကို ထွက်ခွာမယ် လို့ သိရပါတယ်။

အရင် ရခိုင် နိုင်ငံရေး ပါတီတွေကို တရုတ်ပြည် အစိုးရ ကသာ ဖိတ်ကြားလေ့ ရှိပေမယ့် ဒီတကြိမ် မှာတော့
တရုတ်ပြည် ကွန်မြူနစ် ပါတီက တိုက်ရိုက် ဖိတ်ကြားပါတယ်။

ဒီခရီးစဉ်ကို ရန်ကုန် တရုတ်သံရုံးက တဆင့် ဖိတ်ကြား ပြီး ရခိုင် ပါတီနဲ့ အတူ NDF ပါတီ လည်း ဖိတ်ကြား
ခံရတယ်လို့ တရုတ်ပြည် ခရီး လိုက်မယ့် ပါတီ ဗဟို အလုပ် အမှုဆောင် ကော်မီတီ ဝင် ဦးဦးလှစော က ဆို
ပါတယ်။

အခု ခရီးစဉ်ဟာ ဇွန်လ ၁၆ ရက်နေ့ က ၂၅ ရက် နေ့ထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

ရခိုင်ခေါင်းဆောင် တွေ တရုတ်ပြည် ခရီးစဉ် အတွင်း ကူမင်းနဲ့ ဘေဂျင်း မြို့ တို့ကို သွားရောက် ကြမှာ ဖြစ်
သလို အဲဒီမှာ ကွန်မြူနစ် ပါတီက ခေါင်းဆောင် တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဟာ တရုတ်ပြည်ရဲ့ မြန်မာပြည် ထဲက ရင်းနှီးမြုပ်နှံမှု အများအပြား ပြုလုပ်ထားတဲ့ ပြည်နယ်
တခု ဖြစ်သလို စီးပွားရေးနဲ့ စစ်ရေး အရပါ မဟာဗျူဟာ အရ အရေး ပါတဲ့ ပြည်နယ် ဖြစ်တာကြောင့် ရခိုင်
ခေါင်းဆောင် တွေကို ခုလို ခေါ်ယူတွေ့ဆုံ တာ ထူးခြား တယ်လို့ လေ့လာ သုံးသပ်သူတွေက ပြောဆိုပါ
တယ်။

ဘီဘီစီမြန်မာသတင်းဋ္ဌာန မှ ကူးယူမျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ရခိုင် ခေါင်းဆောင်တွေ တရုတ်ပြည် သွား http://www.simon-vlog.com/2014/06/blog-post_2703.html#ixzz34q12giXv
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

Saturday, June 14, 2014

aဒ်ါအောင်ဆန်းစုကြည်သမ္မတဖြစ်ရေး NLDမျှော်လင့်ချက်မကုန်သေး .................


Friday, June 13, 2014
 ~

  
 
  ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အဟန့်အတားဖြစ်နေတဲ့ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ)  ကို မပြင်ဆင်ဖို့   ပြည်ထောင်စုလွှတ်တော်ရဲ့  အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီက သောကြာနေ့မှာ ဆုံးဖြတ်လိုက်ပေမယ့်လည်း NLD ကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ မျှော်လင့်ချက် ရှိနေသေးတယ်လို့ ပြောပါတယ်။

NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဥာဏ်ဝင်းက ဧရာဝတီကို ပြောတာပါ။
ဒီအကြောင်း ဧရာဝတီသတင်းတပုဒ်   Suu Kyi’s Presidential Bid Not Dead Yet: NLD  http://www.irrawaddy.org/burma/suu-kyis-presidential-bid-dead-yet-nld.html မှာ ရေးထားပါတယ်။

အခု ဆုံးဖြတ်​တာက ​ကော်​မတီကပဲ ဆုံးဖြတ်​တာ၊ လွှတ်​​တော်​က ဆုံးဖြတ်​တာ မဟုတ်​လို့ ဒီကိစ္စ NLD က သ​ဘောထား​ပေးဖို့ ​စောပါ​သေးတယ်​၊ လွှတ်​​တော်​က ဘယ်​လိုဆုံးဖြတ်​မလဲ၊ လွှတ်​​တော်​ ကိုယ်​စားလှယ်​​တွေက ဘယ်​လို သ​ဘောထား ​ပေးကြမလဲ ဆိုတာ ကျ​နော်​တို့ ​စောင့်​ကြည့်​ရအုံးမှာပါ
လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒီကော်မတီမှာ အဖွဲ့ဝင် ၃၁ ဦး ရှိပေမယ့် ပြင်ဆင်ရေးအတွက် ထောက်ခံမဲပေးသူ အရေအတွက်ဟာ အဲဒီနေ့က ၅ ဦးပဲ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းကတော့   ပုဒ်မ ၅၉ (စ) မပြင်ရန် ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ကော်မတီ ဆုံးဖြတ်ပြီ
http://burma.irrawaddy.org/news/2014/06/12/60267.html ဖြစ်ပါတယ်။

အဲဒီသတင်းကို ဧရာဝတီဖေ့စ်ဘုတ်မှာ တင်တော့ စာဖတ်သူတွေက မှတ်ချက် ၂,၄ဝဝ ကျော် ပေးခဲ့ပါတယ်။

အဲဒီထဲက တချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

ကိုယ့်မိဘရဲ့ဂုဏ်သိက္ခာကိုတောင်
ထည့်မစဉ်းစားခဲ့တဲ့သူက တို့လူမျိုးတို့နိုင်ငံရဲ့ဂုဏ်သိက္ခာကို စဉ်းစားပေးပါ့မလား
မောင်နှမအရင်း၂ ယောက်ထဲရှိတာကိုတောင်ီညီ ညွတ်အောင်မကြိုးစားနိုင်တဲ့သူက တို့တမျိုးသားလုံးညီညွတ်ဖို့ တတ်နိုင်ပါ့မလား သားနှစ်ယောက်ထဲကိုတောင် ကိုယ့်လူမျိုးနဲ့ကိုယ်ဘာသာကို လေးစားချင်ခင်လာအောင်မလုပ်နိုင်ခဲ့တဲ့သူက လူမျိုးခြားတွေကို
ကိုယ်အမျိုးဘာသာကို လေးစားလာအောင် ကြိုးစားပါ့မလား
ကိုယ်လူမျိး အစော်ကားခံရတော့ လူမျိုးခြားဘက်ကရပ်ပြီး ကိုယ့်လူမျိုးကပြန်ချတော့ မြန်မာတွေကိုအရိုင်းအစိုင်းတွေ လို့ နိုင်ငံတကာလည်ပြောတဲ့ သူမျိုးသမ္မတဖြစ်လာရင် ကမ္ဘာမြေပုံထဲမှာMYANMAR ဆိုတာပျောက်ကွယ်တော့မယ် ထင်ပါတယ်

ထောက်ခံကြပါ ထောက်ခံကြပါ ဟုတ်ပါတယ် လက်ရှိအစိုးကအဖွဲ့တွေက တိုင်းပြည်ကို ဘယ်တုန်းက ဘာတွေများကောင်းတာတွေ လုပ်ခဲ့ကြလဲ ပြောကြပါအုံးးးး တသက်လုံး ဖိနှိပ်ချူပ်ချယ်မှုတွေနဲ့အုပ်ချူပ်ခဲ့တားးးး အာဏာမြဲဖို့အတွက်ဆို ဘုန်းကြီးသတ်ရမှာလဲဝန်မလေးဘူးးးး ဘုရားဖျက်ရမှာလဲမကြောက်ဘူးးးး လယ်သိမ်းမယ်းးး ယာသိမ်းမယ်းးးရွာဖျက်မယ်

 အ မေ စု က သမ္မ တ ဖြစ် မှ အ လုပ် လုပ် မဲ့ သူ မ ဟုတ် ပတ္တမြား မှန် ရင် နွံ မ နစ်ဖူး အ မေ

မင်းတို့က စစ်အစိုးရပေးတဲ့ ဒီမိုကရေစီ အတုကိုမှကြိုက်နေကြတာကိုး ဒေါ်စုသမ္မတဖြစ်ရင် သူ့အတွက်ဘာမှမလိုဘူး သူကအသက်ကြီးနေပြီ ပြည်သူအတွက် ဒီမိုကရေစီ အစစ်ကို ပေးခဲ့မှာကွ

ပြိုင်ဘက်ကိုကြိုးတုတ်ပြီးရိုက်မယ် အင်မတန်မျှတတဲ့အစိုးရ ဒီအစိုးရပဲပြန်အုပ်ချုပ်ပြည်သူတွေ သတောင်းစားဆက်ဖြစ်ပေါ့

 ဒေါ်အောင်ဆန်းစုကြည်တက်လာရင် ကုလားတိုင်းပြည် ဖြစ်သွားတော့မယောင် ပြည်သူတွေထင်လာမြင်လာအောင် လုပ်သလို ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ အားပေးတဲ့ လူတွေကိုလည်း ကုလားတွေ ကုလားအားပေးတွေလို့ လူတွေယုံကြည်လာအောင် အားထုတ်တယ်

အာဏာလိုချင် လို့ထင် တဲ့သူကရှိသေး
အဲဒါဆို ဒီမှာတောင် နှစ် ရှည်လများဒုက္ခလာ
မခံဘူး ဟိုမှာ ဇိမ်နဲ့ နှပ် နေမှာပေါ့ မြန်မာပြည်
ထဲကမြန်မာလူမိုးဖြစ်နေ လို့ ခေါင်းမရှောင်နိုင်
လို့ အကျယ်ခူပ်ဘဝနဲ့ ဒီမိုက ရေစီလမ်းပြ
ခဲ့တာပေါ့ သူသာမရှိရင် စစ်အာဏာလက်
အောက်မှာ မြန်မာပြည်ကြီး မတွေးရဲဘူး

မှန်ပါတယ်ဖြစ်သင့်ဖြစ်ထိုက်တာကို မှန်ကန်
အောင်ဆုံးဖြတ်ပေးတဲ့ပြည်တောင်စုလွှတ် တော်အဖွဲ့အားကျေးဇူးတင်ပါတယ်ရှင့်

အမေစုက သမတ ဖြစ်ချင်တာ တစ်ခုတည်း မဟုတ်ဘူး၊ တနိုင်ငံလုံး စစ်ကျွန်ဘ၀ကနေ လွတ်အောင်လုပ်ပေးနေတာ၊ စစ်သားပဲ သမတ ဖြစ်ခွင့်ရှိရာကနေ၊ နိုင်ငံသားတိုင်း သမတ လုပ်ခွင့်ရှိအောင် ပြင်ပေးနေတာ၊ အမြင်တွေ ကျယ်ဖို့လိုတယ်၊

တိုင်းပြည်တိုးတက်အောင်လုပ်ပေးမယ့်သူကို လုပ်ပိုင်ခွင့်ရှိတဲ့နေရာတစ်နေရာပေးရဲဖို့ဘဲလိုတယ်။အရင်လူတွေက လုပ်ချင်တိုင်းလုပ် ပေးချင်တိုင်းပေးခဲ့တဲ့project တွေပြသနာပေါ်ပြီးပြည်သူငြိုငြင်မယ့်နေရာတွေမှာ ဥက္ကဌ
ပေးတာတွေ ဘာဖြစ်လို့ အမေစုကမငြင်းပဲလက်ခံခဲ့တာလဲ။ခေါင်းဆောင်ကောင်းဆိုတာကိုယ်ရောက်နေတဲ့နေရာမှာ ဖြစ်သမျှကိစ္စတွေကိုတာဝန်ယူဖြေရှင်းပေးရတယ်။ခေါင်းရှောင်နေဖို့မဟုတ်ဘူး။

ဒေါ်စု မြန်မာနိုင်ငံကိုမအုပ်ချုပ်ပါနဲ့ဦး သားလေးတွေ်ကိုဘဲ နိုင်အောင်အရင်အုပ်ချုပ်ပါ ပီးမှနိုင်ငံကိုအုပ်ချုပ်ရမှာ

ဒေါ်စုကြောင့်
ကုလားနိုင် ငံဖြစ် မယ်ဆို ပြီး
ပြောနေတဲ့သူ တွေဟာ
လူမျိုးရေးခွဲ ခြားသူများ
သာဖြစ် ပါတယ်

 ဒေါ်စု လွှတ်တော်ထဲတာ ရောက်နေတယ်။ သူသမ္မတ ဖြစ်ဖို့ အာဏာရူး နေတာက လွဲရင် တိုင်းပြည် အတွက်ဘာလုပ်ပြခဲ့ သလဲ။

အာဏာရှင် စနှစ်ကိုကြိုက်သော လူတွေကို စိတ်မဆိုးကြပါနဲ့ နားလည်ပေးကြပါ အားလုံးကိုခေါ်ပြီး မြောက်ကိုးရီးယားကို နေ့မကူးပဲ အမြန်ပို့လိုက်ပါလား ဒါဆိုအေးရော လေယာဉ်လက်မှတ်ခကို ကျန်သောပြည်သူက ဝိုင်းလှူကျလိမ့်မယ် ဘယ်လိုလဲ ok မလား

ဟဲဟဲ ယောက်ျားကြီးတွေဖြစ်ပြီး မိန်းမတစ်ယောက်ကိုကြောက်နေတာဆိုလို့ ကမ္ဘာပေါ်မှာ ဒို့မြန်မာနိုင်ငံပဲရှိတယ်။

သံဃာတွေကိုသတ်ခဲ့တာဘယ်သူလဲ
သံဃာတွေအများအပြားကိုထောင်ထဲ
ထဲ့ခဲ့ကြတာဘယ်သူတွေလည်းပြန်စဉ်း
စားကြပါ သံဃာသင်းခွဲခဲ့ကြတာဘယ်သူ
တွေဘယ်သူတွေလဲ။ဒေါ်စုမဟုတ်ဘူး
ဆိုတာသမိုင်းက သက်သေပြုလိမ့်မယ်

သမ္မတဖြစ်ခွင့်တော့လုံးဝမပေးပါနဲ့
ဒေါ်စုသမ္မတဖြစ်ရင်မြန်မာပြည်ပျောက်ပြီဟေ့ နေ့ချင်းညချင်းကုလားနိုင်ငံဖြစ်သွားမယ် အားလုံးဒေါ်စုသမ္မတမဖြစ်ရေးကန့်ကွန်ပေးကြပါ

 မြန်မာနိုင်ငံကို အခု အုပ်ချုပ်နေတာ တရုတ်တွေပါ။ တရုတ် အစိုးရမပြောနဲ့ တရုတ်က စီးပွားရေး လုပ်ငန်းရှင်တောင် ကြောက်နေရတဲ့အစိုးရတွေ။ တရုတ်က ဒီနေရာ ဖယ်ပေးဆို ဖယ်ပေးလိုက်တာပဲ။ ကိုယ့်ပြည်သူကို နှိပ်စက်ဆိုလည်း နှိပ်စက်လိုက်တာပဲ။ နောက်ဆုံး ကိုယ့်ဘာသာကိုဖျက်ဆိုလည်း ဖျက်လိုက်တဲ့ လူစိတ်မရှိတဲ့ အစိုးရကို သူ့ဘေးနားကပ်စားနေတဲ့သူတွေပဲ အကောင်းမြင်တော့မှာပေါ့။



 



Saturday, June 7, 2014

ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုး ဒီချုပ်တွင် ပေါ်လာနိုင်ဟုဆို....................

6 June 2014 18:04(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)

    ပါတီအတွင်း ဒေါ်အောင်ဆန်း စုကြည် ကဲ့သို့ စိတ်နေ စိတ်ထားနှင့် တိုင်းပြည် အကျိုး ပြုနိုင်သည့် ခေါင်း ဆောင်များ ပေါ်ပေါက်လာ နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နာယက ဦးတင်ဦး ကပြောသည်။

နာယက ဦးတင်ဦးက ''ဒေါ်အောင်ဆန်း စုကြည်လို ထက်ထက်မြက်မြက် နဲ့ ဦးဆောင်သူတွေ ပေါ်ထွက်လာ ဖို့ ရှိတယ်။ လူဆိုတာ အသက် အရွယ်အရ ကြီးရင့်လာမှာ ဆိုတော့ လူငယ်မျိုးဆက် နိုင်ငံရေး သမား တွေပေါ်ပေါက်လာ ဖို့ လက်ကမ်း တွဲခေါ် လေ့ကျင့် ပေးဖို့ လိုတာပေါ့။ နိုင်ငံရေး ဆိုတာ တစ်သက် လုံး လုပ်နေရမယ့် ကိစ္စဖြစ်တော့ ဒီကနေ တစ်ဆင့် ဒုတိယ၊ တတိယ ဒေါ်အောင် ဆန်းစုကြည်လို ခေါင်းဆောင် တွေပေါ်ပေါက်လာနိုင်မှာပါ''ဟု ရန်ကုန်တိုင်းမ် ဂျာနယ်သို့ပြောသည်။

လက်ရှိနိုင်ငံရေးအခြေအနေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် လူငယ်မျိုးဆက်သစ်နိုင်ငံရေးသမားများကို အဆက်မပြတ်မွေး ထုတ်ပေးနိုင်ပြီး တက်ြ<ွကကာ ပညာအရည်အချင်းပြည့်ဝသည့် အမျိုးသမီး နှင့် တိုင်းရင်းသားလူငယ်များပါ ပါဝင်ကြောင်းပါတီနာယက ဦးတင်ဦး ကဆိုသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းဦးက ''နိုင်ငံရေးပါတီတိုင်း က လူငယ်မျိုးဆက်သစ်တွေ မွေးထုတ်ရမှာက ပါတီခေါင်းဆောင်တိုင်းရဲ့ တာဝန်ပါပဲ။ ကောင်းတဲ့အစဉ်အလာပါပဲ။ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေး ပါတီတိုင်းရဲ့လိုအပ်ချက်က ပါတီရဲ့သဘောတရား၊ အယူအဆတွေသာ သင်ကြားပို့ချပေးနိုင်ပေမယ့် နိုင်ငံရေးသဘောတရား၊ အယူအဆတွေကို ပိုင်ပိုင်နိုင်နိုင်ချပြပေးနိုင်တာမရှိဘူး။ နိုင်ငံရေးအယူအဆနဲ့ ပါတီရဲ့ရပ်တည် ချက်ကို ဆုပ်ကိုင်ထားဖို့လိုသလို လူငယ်တွေကလဲ ကိုယ်တိုင်လေ့လာဖို့ လိုအပ်ပါတယ်'' ဟု ထောက်ပြပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် နိုင်ငံတစ်ဝန်းတွင်မြို့နယ် အဆင့်လူငယ်ညီလာခံများကျင်းပပေးနိုင်ခဲ့ကာ အရန်လူငယ်မျိုးဆက် သစ်ခေါင်းဆောင် ၄၅ဝဝ ခန့်ကိုရွေးချယ်ထားပြီးဖြစ်သည်။
ပါတီ၏လက်ရှိဖွဲ့စည်းပုံအရ နာယကအဖွဲ့၊ ပါတီဥက္ကဋ္ဌနှင့်ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များဖြင့်သာဖွဲ့စည်းထားပြီး ပါတီဒုဥက္ကဋ္ဌနှင့် အတွင်း ရေးမှူးနေရာများတွင် လစ်လပ်လျက်ရှိသည်။

ယခင်စစ်အစိုးရလက်ထက်က ပါတီမျိုးဆက်သစ်လူငယ်ခေါင်းဆောင် များ ပေါ်ထွက်လာစေရန် ရန်ကုန်တိုင်းအဆင့်ဗဟန်း၊ မင်္ဂလာဒုံ၊ လှိုင်သာ ယာနှင့် ရွှေပြည်သာမြို့နယ်များတွင် လူငယ်ကော်မတီများ ဖွဲ့စည်းနိုင်ခဲ့ သော်လည်း စစ်အစိုးရ၏ဖိနှိပ်မှုများကြောင့် ပါတီအနေဖြင့် လူငယ်ခေါင်း ဆောင်များမွေးထုတ်ရေးတွင် ခါးဆက်ပြတ်သကဲ့သို့ဖြစ်ခဲ့ကြောင်း ပါတီ နာယက ဦးတင်ဦးက ရန်ကုန်တိုင်းမ်သို့ပြောသည်။
------------------------------------------------------------------------------------
ယခု တစ်ပတ်ထုတ် ၊ Yangon Times Journal

အတွဲ ၁၀ ၊ အမှတ် ၂၁ | (5-11 , 6 , 2014) ကြာသပတေးနေ့ထုတ် ဂျာနယ်

ရဲလင်းထက်
Yangon Media Group

Sunday, May 25, 2014

ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲမှုတွင် စစ်တပ်ရဲ့ ဗီတိုအာဏာအပေါ် စိုးရိမ်ကြောင်း ကင်တားနား ပြော .............

DVB

မြန်မာနိုင်ငံရဲ့ ဒီမိုကရက်တစ် အကူးအပြောင်းနဲ့ နောက်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ တွေအတွက် အရေးကြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြောင်းလဲမှုတွေအပေါ် စစ်တပ်ရဲ့ ဗီတိုအာဏာအပေါ် စိုးရိမ်မိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး သံတမန် တောမတ်စ် အိုဟေး ကင်တားနားက မေလ ၂၄ ရက်နေ့မှာ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

မစ္စတာ ကင်တားနားဟာ ဒီလဆိုရင် သူ့ရဲ့ အထူးသံတမန်အဖြစ် ၆ နှစ်ကာလ ရာထူးသက်တမ်း ကုန်ဆုံးတော့မှာလည်း ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ပြင်ဆင်မှုကို တားမြစ်ပိုင်ခွင့်ဟာ ၂၀၁၅ ရွေးကောက်ပွဲတွေ အတွက် နိမိတ်ကောင်း မဟုတ်ဘူးလို့လည်း သူ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဆိုပါတယ်။

စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေအပေါ် ပြည်သူလူထုက စောင့်ကြည့်သွားရမှာ ဖြစ်တယ်လို့ လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှုဟာ ပိုပြီး ဒီမိုကရေစီနည်းကျတဲ့နိုင်ငံ တနိုင်ငံဖြစ်လာအောင် အကူးအပြောင်းမှာ အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

Thursday, May 22, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ် ကောက်ယူမှု အပေါ် နှောင့်ယှက်ပါက NLD တရားစွဲမည် ......


ရန်ကုန်၊ မေ ၂၀

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအခန်း (၁၂) ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (NLD ပါတီ) က လူထုဆန္ဒပြုလက်မှတ် ကောက်ယူရာတွင် နှောင့်ယှက် ဖျက်ဆီးမှုများ ရှိပါက တရားဥပဒေအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မေလ ၂၇ ရက်မှ စတင်ကာ ဇူလှိုင်လ ၁၉ ရက်နေ့အထိ တစ်နိုင်ငံလုံးရှိ ပြည်သူလူထု ဆန္ဒပြု လက်မှတ်ကောက်ယူမှု လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ဆန္ဒပြုလက်မှတ် ကောက်ယူတာကို တရားဥပဒေမဲ့ လုပ်ရပ်တွေနဲ့ တားဆီး ပိတ်ပင်တာတွေ ရှိရင် ဥပဒေကြောင်းအရ အရေးယူသွားမယ်။ ဘယ်လို နှောင့်ယှက်သလဲဆိုတဲ့ အပေါ်ကို ကြည့်ပြီး တရားစွဲဆိုမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဆန္ဒပြု လက်မှတ်များကို မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများအထိ ကောက်ယူသွားမည် ဖြစ်ပြီး နှောင့်ယှက် ဖျက်ဆီးမှုများ ရှိလာပါက NLD ပါတီရုံးချုပ်သို့ အဆင့်ဆင့် သတင်းပို့ အကြောင်းကြားရန် NLD ပါတီမှ ထုတ်ပြန်ထားသည်။

ထို့အပြင် ဆန္ဒလက်မှတ် ရေးထိုးသူများသည် မြန်မာနိုင်ငံသား ဖြစ်ခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ခြင်း၊ စိတ်ပေါ့သွပ်သူ မဟုတ်ခြင်း၊ မိမိဆန္ဒနှင့် လွတ်လပ်စွာ လက်မှတ် ရေးထိုးသူ ဖြစ်ရမည်ဟူသော အရည်အချင်း ကန့်သတ်ချက်များကို ထုတ်ပြန်ထားသည်။

ယင်းသို့ လက်မှတ်များကို တစ်နိုင်ငံလုံး အတိုင်းအတာ ကောက်ယူနေသော်လည်း လက်မှတ်များ ရရှိပါက မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို NLD ပါတီက ထုတ်ပြန် ပြောကြားခြင်း မရှိသေးပေ။

အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ၏ ပူးတွဲ လူထုဟောပြောပွဲများကို မေလ တတိယပတ်မှ စတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့ ဟောပြောပွဲများ ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း (၁၂) ပါ ပုဒ်မ ၄၃၆ တွင် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

The Voice Weekly

Friday, May 2, 2014