This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, April 9, 2013

ကရင်နီ ဒုက္ခသည်စခန်းအတွက် စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ချထား

ဒေလီထက်

ကရင်နီဒုက္ခသည် အမှတ် ၂ စခန်း မီးလောင်မှု ဖြစ်ပွားပြီးနောက် စခန်းအတွင်းကို လူသားချင်းစာနာ သူတွေက နေ့စဉ် အ၀င်အထွက် ပြုလုပ်လာခြင်းကြောင့် မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွန်းမြို့နယ် တာဝန်ရှိသူတွေက သွားလာခွင့် ပိတ်ထား လိုက်တယ်လို့ စခန်းကော်မီတီ ဥက္ကဌ ဆရာမ ရှယ်လီသန်းက အခုလိုပြောသွားပါတယ်။

“လူဝင်လူထွက် စီစစ်လို့ရအောင် ဆိုပြီးမှ ဆွေမျိုးတွေကို လာလည်လို့ရအောင် တပတ်ကို ၁ ခါလောက် လာလည်ခွင့်ပေးတယ် ဗုဒ္ဓဟူးနေ့မှာ ကျန်တဲ့ NGOs တွေကတော့ ရက်တိုင်းလာလို့ရတယ်”

ပြီးခဲ့တဲ့ အင်္ဂါနေ့က ထိုင်းဒေသအာဏာပိုင်များနှင့် အစည်းအဝေးထိုင်ချိန်မှာ ချမှတ်လိုက်တာဖြစ်ပြီး ဂိတ်များလည်း တိုးချဲ့ချထား ကြတယ်လို့လည်း ဆရာမရှယ်လီသန်းက ပြောပါတယ်။

“မဲ့စပင်မှာတဂိတ်၊ ရွာအ၀င်မှာတဂိတ်၊ တာဟိုးထာကျေးရွာ လာတဲ့လမ်းမှာ အောဆော် ဂိတ်ချထားတယ်လို့ ကြားရတယ်”

ယခုလက်ရှိ စခန်းအတွင်းတွင် နေရာအခက်အခဲကြောင့် စေတနာရှင်များ လှူဒါန်းလာသော ပစ္စည်းများကို ခွန်ယွန်းတွင်ထားရှိပြီး လိုအပ်သော ပစ္စည်းစာရင်း ဇယားများကို ပေးပို့ပါက လာရောက်ပို့ဆောင် ပေးတယ်လို့လည်း ဆရာမရှယ်လီသန်းက ပြောသွား ပါတယ်။

သင်္ကြန်မယ်တွေ သတိထားဖို့ ရေနွေးမလိုတဲ့ ရေအေး၊ အအေး၊ ဖျော်ရည် ဘယ်ဟာထဲမှာမဆို သူများမသိအောင် ထည့်သုံးနိုင်တဲ့ ဆေးတမျိုး

Botin Tin and KyawMin Aung shared အဖြူရောင်စာမျက်နှာ's photo.
သင်္ကြန်တွင်းမှာ သတိထားစရာ ဆေးဆိုတဲ့ဟာတွေ
ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီ နဲ့ ညစ်ညမ်းကော်ဖီတွေကို ရေးထားပြီးပါပြီ။ ဒီကော်ဖီဆိုတာတွေက ရေနွေးမှာဖျော်ပြီး မိန်းကလေးတွေကို ရိုးရိုးကော်ဖီဆိုပြီး ဖျားယောင်းတိုက်တဲ့ ဆေးကော်ဖီတွေပါ။

သင်္ကြန်မှာ ရေအေးနဲ့ပက်ဖြန်းပြီး အအေးသောက်ရ၊ တိုက်ရတာက ပိုလွယ်ကူပါတယ်။ ရေနွေးမလိုတဲ့ ရေအေး၊ အအေး၊ ဖျော်ရည် ဘယ်ဟာထဲမှာမဆို သူများမသိအောင် ထည့်သုံးနိုင်တဲ့ ဆေးတမျိုးကို ရေးပါမယ်။
• Spanische Fliege
• German Spanische Love 20ml drop
• Spanische Fliege extra konzentriert Liebesstropfen 15ml
• Die Spanische Fliege စတဲ့နာမည်တွေနဲ့ ရောင်းပါတယ်။

ဆေးအရည်ပုလင်းငယ်လေးတွေပါ။ ၁၅-၂ဝ (စီစီ = မယ်လ်) သာပါလို့ ထိုးဆေးပုလင်းအတိုင်းပါဘဲ။ မိန်းကလေး တယောက်ကို ဖျားယောင်းသွေးဆောင်ဘို့ရာ (သားကာင်းကို ကျော့ကွင်းထောင်ဘို့ရာ) ဆေး ၁ဝ-၁၅ စက်သာလိုပါတယ်။

"ညီမလေး အအေးလေးသုံးဆောင်ပါအုံး" ဆိုပြီး တစိမ်းယောက်ျားဖြစ်ဖြစ် သမီးရည်းစားကဖြစ်ဖြစ် တယောက်ယောက်ကဖြစ်ဖြစ် သဘောကောင်းချင်ယောင်နဲ့ တိုက်လာရင် သတိထားပါလေ။ ငါးမျှားချိတ်ကိုမမြင်ကြဘဲ စားစရာသာမြင်လို့သာ ငါးတွေဟာ တငါသည်ဖမ်းတာ ခံကြရတာပါ။ သင်္ကြန်တွင်းမှာသာ အဲလိုလုပ်နိုင်တာ မဟုတ်တာလည်း သတိထားပါ။ ဒီဆေးကို ယင်ကောင်တမျိုးကနေ ထုတ်တာပါ။ အညှီရှိရင် ယင်အုံတယ် မဟုတ်ပါလား။

ဆေးအစွမ်းက သောက်မိလိုက်တဲ့ မိန်းကလေးဟာ ခဏလေးနဲ့ (၁၅-၃ဝ မိနစ်) ကိုယ်နဲ့စိတ် ပြောင်းလဲမှုတွေဖြစ်လာမယ်။ လိင်စိတ်တွေ မကဲသင့်ဘဲ ကဲပိုလာမယ်။ အတူနေချင်စိတ်တွေ ဖြစ်ပေါ်လာမယ်။ မဖြစ်သင့်တာအတွက် အဆင်သင့် ဖြစ်လာတော့မယ်။ သတိလက်မလွတ်ပါ။ ဆေးအရှိန်ကုန်ပြီး တခုခုဆက်ဆံတာ အပြုခံရပြီးမှ နောင်တရပါလိမ့်မယ်။ နောက်ကျသွားပါပြီ။

ပိုဆိုးမှာက “မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိ” အဖြစ်မျိုးဆိုတာ သင်္ကြန်ကာလမှာ ပိုပြီးဖြစ်နိုင်ပါတယ်။ သင်္ကြန်ကို ပျော်စရာတခုတည်းအတွက်သာ ထင်သူတွေမှာ ဖြစ်နိုင်ပါတယ်။

မြန်မာပြည်မှာ FDA မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနကနေ ကြိုးစားနေပေမဲ့ ဖျက်ဆီးခံထားရတဲ့ ကာလကြီးက ကြာခဲ့တာမို့ ဆင့်ပါးစပ်နှမ်းပက်သာ စစ်ဆေးတာ၊ အရေးယူတာတွေ လုပ်နိုင်ပါသေးတယ်။ ဒီဆေးမျိုး လက်သိပ်ထိုးရောင်းတာတွေ သေချာပေါက်ရှိမှာပါ။

အမှောင်ခေတ်လူဖြစ်လာသူတွေကံဆိုးကြလိုဘဲ အလင်းရောင် ခပ်ဝါးဝါးကာလကလူတွေလဲ ကံမကောင်းကြသေးပါ။ ဝိုင်းဝန်းပြုပြင်ရေး အားပေးပါရစေ။
ဒေါက်တာတင့်ဆွေ/သတင်းစုံလင် ဖေ.ဘုတ်တခွင်
သင်္ကြန်တွင်းမှာ သတိထားစရာ ဆေးဆိုတဲ့ဟာတွေ
ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီ နဲ့ ညစ်ညမ်းကော်ဖီတွေကို ရေးထားပြီးပါပြီ။ ဒီကော်ဖီဆိုတာတွေက ရေနွေးမှာဖျော်ပြီး မိန်းကလေးတွေကို ရိုးရိုးကော်ဖီဆိုပြီး ဖျားယောင်းတိုက်တဲ့ ဆေးကော်ဖီတွေပါ။

သင်္ကြန်မှာ ရေအေးနဲ့ပက်ဖြန်းပြီး အအေးသောက်ရ၊ တိုက်ရတာက ပိုလွယ်ကူပါတယ်။
ရေနွေးမလိုတဲ့ ရေအေး၊ အအေး၊ ဖျော်ရည် ဘယ်ဟာထဲမှာမဆို သူများမသိအောင် ထည့်သုံးနိုင်တဲ့ ဆေးတမျိုး ကို ရေးပါမယ်။
• Spanische Fliege
• German Spanische Love 20ml drop
• Spanische Fliege extra konzentriert Liebesstropfen 15ml
• Die Spanische Fliege စတဲ့နာမည်တွေနဲ့ ရောင်းပါတယ်။

ဆေးအရည်ပုလင်းငယ်လေးတွေပါ။ ၁၅-၂ဝ (စီစီ = မယ်လ်) သာပါလို့ ထိုးဆေးပုလင်းအတိုင်းပါဘဲ။ မိန်းကလေး တယောက်ကို ဖျားယောင်းသွေးဆောင်ဘို့ရာ (သားကာင်းကို ကျော့ကွင်းထောင်ဘို့ရာ) ဆေး ၁ဝ-၁၅ စက်သာလိုပါတယ်။

"ညီမလေး အအေးလေးသုံးဆောင်ပါအုံး" ဆိုပြီး တစိမ်းယောက်ျားဖြစ်ဖြစ် သမီးရည်းစားကဖြစ်ဖြစ် တယောက်ယောက်ကဖြစ်ဖြစ် သဘောကောင်းချင်ယောင်နဲ့ တိုက်လာရင် သတိထားပါလေ။ ငါးမျှားချိတ်ကိုမမြင်ကြဘဲ စားစရာသာမြင်လို့သာ ငါးတွေဟာ တငါသည်ဖမ်းတာ ခံကြရတာပါ။ သင်္ကြန်တွင်းမှာသာ အဲလိုလုပ်နိုင်တာ မဟုတ်တာလည်း သတိထားပါ။ ဒီဆေးကို ယင်ကောင်တမျိုးကနေ ထုတ်တာပါ။ အညှီရှိရင် ယင်အုံတယ် မဟုတ်ပါလား။

ဆေးအစွမ်းက သောက်မိလိုက်တဲ့ မိန်းကလေးဟာ ခဏလေးနဲ့ (၁၅-၃ဝ မိနစ်) ကိုယ်နဲ့စိတ် ပြောင်းလဲမှုတွေဖြစ်လာမယ်။ လိင်စိတ်တွေ မကဲသင့်ဘဲ ကဲပိုလာမယ်။ အတူနေချင်စိတ်တွေ ဖြစ်ပေါ်လာမယ်။ မဖြစ်သင့်တာအတွက် အဆင်သင့် ဖြစ်လာတော့မယ်။ သတိလက်မလွတ်ပါ။ ဆေးအရှိန်ကုန်ပြီး တခုခုဆက်ဆံတာ အပြုခံရပြီးမှ နောင်တရပါလိမ့်မယ်။ နောက်ကျသွားပါပြီ။

ပိုဆိုးမှာက “မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိ” အဖြစ်မျိုးဆိုတာ သင်္ကြန်ကာလမှာ ပိုပြီးဖြစ်နိုင်ပါတယ်။ သင်္ကြန်ကို ပျော်စရာတခုတည်းအတွက်သာ ထင်သူတွေမှာ ဖြစ်နိုင်ပါတယ်။

မြန်မာပြည်မှာ FDA မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနကနေ ကြိုးစားနေပေမဲ့ ဖျက်ဆီးခံထားရတဲ့ ကာလကြီးက ကြာခဲ့တာမို့ ဆင့်ပါးစပ်နှမ်းပက်သာ စစ်ဆေးတာ၊ အရေးယူတာတွေ လုပ်နိုင်ပါသေးတယ်။ ဒီဆေးမျိုး လက်သိပ်ထိုးရောင်းတာတွေ သေချာပေါက်ရှိမှာပါ။

အမှောင်ခေတ်လူဖြစ်လာသူတွေကံဆိုးကြလိုဘဲ အလင်းရောင် ခပ်ဝါးဝါးကာလကလူတွေလဲ ကံမကောင်းကြသေးပါ။ ဝိုင်းဝန်းပြုပြင်ရေး အားပေးပါရစေ။
ဒေါက်တာတင့်ဆွေ/သတင်းစုံလင် ဖေ.ဘုတ်တခွင်

အမျိုးသမီးတို့ အနိုင်ကျင့်ခံရစေခြင်းမှ ကင်းဝေးစေမည့် အတွင်းခံ

မိုး ခါး shared TechSpace Journal's photo.
အမျိုးသမီးတို့ အနိုင်ကျင့်ခံရစေခြင်းမှ ကင်းဝေးစေမည့် အတွင်းခံ

အန္ဒိယနိုင်ငံက အင်ဂျင်နီယာ ကျောင်းသားများ ဖန်တီးလိုက်တဲ့ ဝတ်စုံ ဖြစ်ပါတယ်။ 

အန္ဒိယမှာ အမျိုးသမီးတို့ အဓမ္မအကျင့်ခံရတဲ့ မှုခင်းတွေ များလာတာ အတွက်ကြောင့် ယခုလို ဖန်တီးထုတ်လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ အပေါ်အောာက် One-Set အတွင်းခံဖြစ်ပြီး အမျိုးသားတို့ ထိလိုက် တာနဲ့ မလှုပ်မယှက်ဖြစ်သွားအောင်ကို ပြုလုပ်နိုင်ပါတယ်။ 

အဝတ်မှာ လျှပ်စစ်ဓာတ်လမ်းကြောင်းစီးဆင်းနေပြီး အမျိုးသား တစ်ယောက်က Rape လုပ်ဖို့ ကြိုးပမ်းပြီဆိုရင် လျှပ်စစ်ကြောင့် ကျင်သွားပြီး မလှုပ်မယှက်ကို လှဲသွားစေမှာ ဖြစ်ပါတယ်။ 

ဒီတော့ ဝတ်ထားတဲ့ အမျိုးသမီးကို မထိခိုက်ဘူးလားလို့ မေးစရာ ရှိပါတယ်။ လုံးဝမရှိပါဘူး။ ဝတ်ထားတဲ့ သူရဲ့  နှလုံးခုန်နှုန်း၊ ခန္ဓာကိုယ် လှုပ်ရှား တုန်ခါမှု index တစ်ခု သတ်မှတ်ထားပြီး ယင်း အမှတ်ကို ရောက်တာနဲ့ ပြင်ပက လာထိတဲ့သူမှန်သမျှကို လျှပ်စစ်နဲ့ တုန့်ပြန်စေမှာ ဖြစ်ပါတယ်။ ဝတ်ထားတဲ့သူကတော့ ဘာမှ မဖြစ် ပါဘူး။ 

နောက်ထပ်ပိုကောင်းတာ တစ်ခုက ဝတ်စုံမှာ GPS ပါဝင်ပြီး လျှပ်စစ်ဓာတ်လွတ်လိုက်ပြီဆိုတာနဲ့ ရဲစခန်းက ကွန်ပြူတာကို ချက်ချင်း လှမ်းအကြောင်းကြားစေမှာ ဖြစ်ပါတယ်။ ဒီတော့ ဝတ်စုံ ဝယ်ဝတ်ဖို့ ဆုံးဖြတ်ထားသူများ အနေနဲ့ မိမိချစ်သူများကို ဖက်တဲ့ အခါ သတိထားရန်လိုအပ်တယ်လို့ တိုက်တွန်းထားကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/04/blog-post_5696.html