This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, December 27, 2012

ကမ္ဘာ့ဂရင်းနစ်စံချိန်ဝင်ထူးဆန်းထွေလားများစုစည်းမှု

ကမ္ဘာ့ထူးဆန်းထွေလာများနှင့် ကမ္ဘာ့အံ့သြမင်သက်စရာများကို ကမ္ဘာ့ပေးတွင် မှတ်တမ်းစာအုပ်ပြုလုပ်ကာ အမြဲမှတ်တမ်းတင်ထားလေ့ ရှိပါသည် . ဂရင်းနစ်စာအုပ်တွင် ၀င်ရောက်ရန် ကမ္ဘာ့နေရာအသီးသီးမှ ထူးဆန်းသောလူများက မဖြစ်နိုင်တာတွေကိုဖြစ်အောင်လုပ်ပြကာ ဂရင်းနစ်စာအုပ်တွင် မိမိနာမည် ပါအောင်မှတ်တမ်းတင်ကြပါသည် ယခုလဲ ခုလပိုင်းတွင်နောက်ဆုံးတင်ထားသော ဂရင်းနစ်စာအုပ်မှအကြောင်းအရာများကို တင်ပြလိုက်ပါသည်..။
အမေရိကန်နိုင်ငံမှ အမျိုးသမီးတစ်ယောက်သည် ဘောလုံးမျက်လုံးဟုခေါ်ရမည့်အလားမျက်လုံး အိမ်ကျယ်ပုံကတော့ မြင်တဲ့အတိုင်းဖြစ်ပါသည် ၄င်း၏ဦးခေါင်းခွံသည် 0.47 inches ရှိပါတယ်လို့ သိရပါသည်..။

ဗြိတိန် နိုင်ငံမှ အမျိုးသားတစ်ယောက်သည် ၄င်း၏အရေပြားသည် ဆွဲဆန့် သလိုဆွဲနိုင်ကြောင်းပြသကာ ဂရင်းနစ်စံချိန်တင်ပြခဲ့ပါသည် ၄င်းအရေပြားသည် 6.25 inches.(16cm) အထိဆွဲဆန့် နိုင်တယ်လို့ သိရပါသည်..။

John Evans ဆိုသည့် ပုဂ္ဂိုလ် သည် ပေါင် 352ရှိသည့် ကားကို ၄င်း၏ခေါင်းပေါ်တွင်  33 စက္ကန့် ထိထားကာ မတ်ရပ်ပြပြီးဂရင်းနစ်စံချိန်တင်ခဲ့ပါသည်..။

Juhn Rasanen ဆိုသည့် သူကတော့ အလေးချိန် 132 ပေါင်ရှိသည့် လူတစ်ယောက်ကို 5.40 မီတာ ရောက်သညိအထိ ပစ်ပြကာ ဂရင်းနစ်စံချိန်တင်ပြသွားခဲ့ပါသည်..။

အမေ၇ိကန်နိုင်ငံ Texas မြို့ တွင် ရှိသည့် Jackie Bibby ဆိုသည့် မြွေဆရာဟုခေါ်သည့် ပုဂ္ဂိုလ် သည် ထိုအထက်ပါဇလားထဲတွင် အဆိပ်အပြင်းဆုံး မြွေ 87 ကောင်နှင့်အတူ 45မိနစ် အတူနေပြကာ ဂရင်းနစ်စံချိန်ကိုတင်လိုက် ပါသည်..။

Space Cowboy ဟုချစ်နိုးအမည်ပေးထားပါတယ် သူ့ ကိုတော့ သူ့ နာမည်အရင်းကတော့  Chayne Hultgren ဖြစ်ပါသည် ၄င်းသည် သူရဲ့အောက်မျက်ခုံးနှင့် 907 ပေါင် အလေးချိန်ရှိတဲ့ အထက်ပါလှည်းကို ဆွဲပြကာ ဂရင်းနစ်စံချိန်တင်ခဲ့ပါသည်..။

Austrain မှ Oliver Gratzer ဆိုသည့် အမျိုးသားတစ်ယောက်သည် ရေခဲသေတ္တာ 24 လေးလုံးကို အဝေးဆုံးသို့ ပျက်စီးအောင်လက်ဖြင့် တွန်းဖယ်ကာ တစ်မိနစ်အတွင်း လုပ်ပြခဲ့ပါသည်..။

Brain Duffied ဆိုသည့် ပုဂ္ဂိုလ်သည်  ကြက်သွန်နီ ဥတစ်လုံးကို 1မိနစ်နဲ့ 29 စက္ကန့် အတွင်းအကုန်စားပြကာ ထူးထူးခြားခြားစံချိန်တင်ပြသွားခဲ့ဖြင်းဖြစ်ပါသည်...။ (ကြက်သွန်နီက စပ်တယ်လေဂျာဟိ. :hehe..)

သူတို့ ကတော့ စံချိန်တင်တာလား ကားကောင်းမကောင်းစမ်းတာလားမသိဘူးပဲ  .. Smart Car သေးသေးလေးပေါ်တွင် လူ14 ယောက်ဝင်ကာ ပြသခြင်းဖြစ်ပါသည်..။
မြန်မာတက်ကနစ်ဖိုရမ်မှ ဗဟုသုတအဖြစ်သာမျှဝေပါသည်။

ရက်စက်ယုတ်မာကောက်ကျစ်တဲ့ ခင်ပွန်းတစ်ယောက်အကြောင်း

ယုတ်မာတယ်
ရက်စက်ယုတ်မာကောက်ကျစ်တဲ့ ခင်ပွန်းတစ်ယောက်အကြောင်း

ဘင်္ဂလားဒေ့ရှိနိုင်ငံက အဖြစ်အပျက်လေးတစ်ခုဖြစ်ပါသည်။
အထက်တန်းပညာရေးအဆင့်သာရှိတဲ့ ခင်ပွန်းဖြစ်သူဟာ ဘွဲ့ဒီဂရီတစ်ခုရဖို့ လေ့လာနေတဲ့ ဇနီးဖြစ်သူရဲ့ ညာဘက်လက် (၅)ချောင်းစလုံးကို ခုတ်ဖြတ်လိုက်တယ်လို့ ဆိုပါတယ်...
အသက် (၃၀) အရွယ်ရှိ ခင်ပွန်း Rafiqul Islam ဟာ UAE မှာ သွားရောက်အလုပ်လုပ်ကိုင်နေ သူ ဖြစ်ပါတယ်...သူဟာ ဘင်္ဂလားဒေ့ရှ်ကို ပြန်လာပြီး ဇနီးဖြစ်သူ Hawa Akhter ကို အံ့သြစရာလက်ဆောင် တခုပေးမယ်ဆိုပြီး...ရုတ်တရက် ဇနီးရဲ့မျက်လုံးနဲ့ ပါးစပ်တွေကို ပိတ်စည်းပြီး လက်တွေကိုလည်း ကြိုးနဲ့တုတ်ချည်လိုက်ပါတယ်...အဲဒီနောက် ညာဘက်လက်(၅)ချောင်းလုံးကို ခုတ်ဖြတ်လိုက်တာပါ..
ပြတ်သွားတဲ့ လက်ချောင်းတွေကိုလည်း ဆရာဝန်က ပြန်ပြီးမဆက်နိုင်အောင်ဆိုပြီး အမှိုက်ပုံးထဲကို ပစ်ထည့်ခဲ့ပါတယ်...
၈ တန်းပညာရေးအဆင့်သာရှိတဲ့ ခင်ပွန်းဖြစ်သူဟာ ဇနီးဖြစ်သူ ပညာတတ် ဖြစ်လာမှာကို မနာလိုဝန်တိုဖြစ်ပြီး အခုလိုလုပ်ခဲ့တာလို့ ဆိုပါတယ်...သူ့ဟာ အဖမ်းခံရပြီး ထောင်ဒဏ် တသက်တကျွန်း ကျခံဖို့ ရှိနေပါတယ်...လူ့အခွင့်အရေးအဖွဲ့တွေကလည်း သူ့ကို ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ပေးဖို့
တောင်းဆိုနေကြပါတယ်...သူမကတော့ ညာဘက်လက်ချောင်းတွေ မရှိတော့ပေမဲ့လည်း ဘယ်ဘက်လက်နဲ့ စာရေးလေ့ကျင့်ပြီး ဘွဲ့ဒီဂရီ ရအောင် ကြိုးစားမယ်လို့ ဆိုပါတယ်...
@ daily mail
Posted by 925

KIO ဋ္ဌာနချုပ်လိုင်ဇာအနီးသို့ အစိုးရတပ်များအလုံးအရင်းဖြင့်ချ ဉ်းကပ်ရောက် ရှိ

Ashino Hoshi shared Shan News's photo.
KIO ဋ္ဌာနချုပ်လိုင်ဇာအနီးသို့ အစိုးရတပ်များအလုံးအရင်းဖြင့်ချဉ်းကပ်ရောက်
ရှိ 

26.12.2012

KIO ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးသို့ အင်အားထောင်ချီရှိသည့် အစိုးရ စစ်ကြောင်းများ ဖြန့်ခွဲချဉ်းကပ်နေရာ မကြာမီအချိန်အတွင်း နှစ်ဘက်တိုက်ပွဲ
များ ပြင်းထန်စွာ ဖြစ်ပွားလာနိုင်ကြောင်းABSDF  ကျောင်းသားတပ်မှူးတစ်ဦး
က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
မြစ်ကြီးနား၊ ဗန်းမော်နှင့် ဆင်ဘိုဘက်လမ်းကြောင်း ၃ခုမှ နေ၍ အစိုးရတပ်
များ လိုင်ဇာအနီးသို့ချဉ်းကပ်လာခြင်း ဖြစ်ပြီးယမန်နေ့က အစိုးရတပ်အင်အား
၈၀၀ ကျော်ခန့်လိုင်ဇာနှင့်၁၀မိုင်ခန့်သာ ကွာဝေးသည့်မန်သဲနှင့်မန်ဆိုင်းရွာ
များသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။

“ဗန်းမော်ဘက်ကလာတဲ့ စစ်ကြောင်းကလိုင်ဇာနားကိုကပ်နေပြီအင်အား
၈၀၀ ကျော်လောက်ရှိတယ်။မနေ့ညကတော့ လက်နက်ကြီး တွေနဲ့ပစ်တယ်။ သူတို့ရာဇသံပေးထားတာ ဒီနေ့နောက်ဆုံးဆိုတော့ ဒီညပိုင်းတိုက်ပွဲတွေ ဖြစ်
လာနိုင်တယ်။” ဟု သူက ဆိုသည်။

ယခုလ ၂၃ ရက်နေ့က မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်မှအစိုး
ရတပ်များ ၀င်ရောက်မည့်လမ်းကြောင်း ပေါ်ရှိ KIA တပ်စခန်းများအားယခုလ
၂၅ရက်နေ့ နောက်ဆုံးထားရုပ်သိမ်းရန်KIOထံသတိပေးစာ ပေးပို့ခဲ့ရာယင်းစာ
 နှင့်ပတ်သက်၍ KIO မှ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်ဦးအောင်မင်း
ထံ ကန့်ကွက်စာ ပြန်လည်ပေးပို့ထားကြောင်း သိရသည်။

“လိုင်ဇာကိုထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာပေါ့၊စစ်ကြောင်း၃ ကြောင်းခွဲပြီးတက်
လာတာ၊ ရှဒန်ပါမှာသံချပ်ကာယာဉ်တွေ ရဟတ်ယာဉ်တွေပါတယ်” ဟု သူက 
ဆက်ပြောသည်။

လိုင်ဇာမြို့သို့ ချီတက်လာသည့် အစိုးရစစ်ကြောင်းများနှင့် KIA တပ်ဖွဲ့တို့ အကြား မြစ်ကြီးနား - လိုင်ဇာကားလမ်းပေါ်ရှိကန်တောင်ယန်ရွာအနီးတွင်
 နေ့စဉ် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်းလည်း ရှေ့တန်း
ရောက် KIA တပ်မှူးတစ် ဦးက ပြောသည်။

“မြစ်ကြီးနားဘက်က လာတဲ့စစ်ကြောင်းက ကန်တောင်ယန်မှာ ထိုးစစ်ဆင်တိုက်ခိုက်နေတာ အရင်တပ်ရင်း ၄ ရင်း မနေ့က ၃၈၈ တပ်ရင်း တစ်ရင်း ထပ်တိုးတယ် မနေ့မနက် ၉ နာရီ မိနစ် ၂၀ မှာ လေယာဉ်တွေနဲ့
လာပစ်တယ် ၁၀၅ ဟော်ဝစ်ဇာ တွေ ၁၂၀မမ တွေနဲ့လည်း တစ်နေကုန်ပစ်တယ်” ဟု သူက ဆိုသည် ။

ယမန်နေ့က အစိုးရ လေကြောင်းတိုက်ခိုက်မှုအတွင်း မြစ်ကြီးနားမြို့သို့ လျှပ်စစ်မီးပေးနေသည့် KIO ၏ မလိရေအား လျှပ် စစ်စက်ရုံ ပျက်စီးမှုအချို့ရှိခဲ့ပြီး လျှပ်စစ်မီးပေးမှု ရပ်ဆိုင်းထားရကြောင်း သိရသည်။

ယခုလ ၁၄ ရက်နေ့က KIO ဋ္ဌာနချုပ်လိုင်ဇာမြို့နှင့် ၅ မိုင်ခန့်သာ ကွာဝေးသည့် လဂျားယန်ရွာတွင် KIA နှင့် ABSDF ပူးပေါင်းတပ်များနှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများ ပြင်ထန်စွာဖြစ်ပွားခဲ့ရကြောင်း စစ်ဘက်
သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

“ပွင့်လင်းရာသီရောက်ရင် ထိုးစစ်ဆင်တိုက်ခိုက်မှု ရှိမှာမဟုတ်ဘူး” ဟု - အမေရိကန်နိုင်ငံ ဝေါရှင်တန်မြို့သို့
 ရောက်ရှိစဉ် ပြည်ထောင်စုငြိမ်း ချမ်းရေးလုပ်ငန်းဖေါ်ဆောင်ရေးကော်မတီ ဒုဥက္ကဌ၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောသည်ဟု စက်တင်္ဘာ ၂၁ ရက်နေ့ ဗီအိုအေ သတင်းဌာန က ထုတ်ပြန်ဖူးပါသည်။ 
သျှမ်းသံတော်ဆင့်

ဒီဇင်ဘာ ၂၆ ရက်နေ့ KIA နှင့် အစိုးရ တိုက်ပွဲအခြေအနေများ

ဦးဦး ကုလားကြီး shared အဖြူရောင်စာမျက်နှာ's photo.
ဒီဇင်ဘာ ၂၆ ရက်နေ့ KIA နှင့် အစိုးရ တိုက်ပွဲအခြေအနေများ

26 December 2012 Written by ရွှေဟင်္သာသတင်းဌာန

ကချင်ပြည်နယ် ဗန်မော်ခရိုင် ဒေါ့ဖုန်းယန်မြို့နယ် ခန်းကိုင်တောင် ပေါ်ရှိ အစိုးရ၏ အမြောက်တပ်ဖွဲ့တို့သည် ကေအိုင်အေ တပ်မဟာ (၅) လက်အောက်ခံ ဘွမ်ဆောမ်တပ်စခန်း၊ မန်တဲ တပ်စခန်းနှင့် လဂျားယန်တပ်စခန်းဘက်သို့ လက်နက်ကြီး များဖြင့် ပစ်ခတ်လျှက် ရှိကြောင်း ကေအိုင်အေ စစ်ရုံးချုပ်မှ အရာရှိတဦးက ယနေ့ ညနေပိုင်းတွင် ပြောကြားခဲ့ပါသည်။

“မနေ့က ည ၉ နာရီအထိ လက်နက်ကြီးနဲ့ လဂျားယန်ကို ပစ်ခတ်သွားတယ်။ ဒီနေ့မနက် (၄) နာရီတုန်းကလည်း နေ့လည် အထိ အကြိမ် ၃၀ လောက် ၁၀၅ မမ၊ ၁၂၀ မမ နဲ့ ပစ်လိုက်ပြန်တယ်။ ကျည်ကုန်သွားလားမသိ ခဏရပ်သွားတယ်။ ဘယ် အချိန်ပြန်ပစ်မယ်တော့ မသိသေးဘူး။” ဟု ဆိုပါသည်။

မြောက်ပိုင်းတိုင်း တိုင်းမှူးသည် ဗန်းမော် -လိုင်ဇာ လမ်းကြောင်းရှိ လဂျားယန်တ၀ိုက်၌ တပ်စွဲနေသော ကေအိုင်အေ တပ် စခန်း အားလုံးကို ဒီဇင်ဘာလ (၂၅)ရက်နေ့ကို နောက်ဆုံးထားပြီး ဆုတ်ခွာပေးရန် ရာဇာသံပေးထားခဲ့ပါသည်။

ရာဇာသံကို ဒီဇင်ဘာလ ၂၃ ရက်နေ့ရက်စွဲဖြင့် ရေးထားသော်လည်း ထိုနေ့မှ ယနေ့အထိ လဂျားယန်တ၀ိုက်ရှိ ကေအိုင် အေစခန်းများရှိရာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေခဲ့ပါသည်။

“အဲဒီလဂျားယန်က အရင်ကဆို ကေအိုင်အေ တပ်စခန်းပေါ့။ ၁၉၉၄ အပစ်ရပ်တော့ အစိုးရတပ်ဖွဲ့တွေက ၁၉၉၈ ခုနှစ် လောက်မှာ အတင်းလာပြီးတပ်စွဲလိုက်တယ်။ ဒီလမ်းဟာတရုတ်ပြည်ကိုလည်း ၀င်ထွက်နေတဲ့လမ်းဖြစ်တော့လိုင်ဇာမြို့မှာ (လဝက) လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ထိုင်ဖို့ သူတို့တောင်းတယ်။ နောက်ဆုံးတော့ မြို့တွင်းဖြစ်တဲ့ လဝါမှာ နေခွင့်ပေးလိုက်တယ်။ နောက်တော့ လဂျား ယန်ကိုပါ စုပေါင်းတပ်ထားမယ်ဆိုတဲ့ သဘောနဲ့ လာတော့တာဘဲ။ အခုအထိနှင်လဲ မထွက်တော့ဘူး။” ဟု ဆိုပါသည်။

အစိုးရတပ်ဖွဲ့သည် လဂျားယန်စခန်း၌ လက်နက်ကြီးတပ်ဆင်ရန် ရည်ရွယ်ထားသည်ဟု KIA က ယူဆထားပါသည်။ အ ကယ်၍ ထိုနေရာ၌ လက်နက်ကြီး တပ်ဆင်ထားပါက ကေအိုင်အေ၏ လိုင်ဇာဗဟိုဌာနချုပ် စခန်းသည် အစိုးရလက် အောက်သို့ ကျရောက်နိုင်သော အနေအထား၌ ရှိပါသည်။

လိုင်ဇာကို စစ်ဆင်နေသော နောက်လမ်းကြောင်းတခုမှာ လဂျားယန်အနောက်ဘက်၌ရှိသော စတန်ပါ လမ်းပိုင်းရှိ ငှက် ပျောခြံတွင် ယနေ့မနက် (၇) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြစ်ကြီးနား - ဗန်မော်လမ်းကြောင်းတလျှောက်တွင်လည်း နေ့တိုင်း လိုလိုတိုက်ပွဲဖြစ်နေပါသည်။ အသေးစိပ်ကို မသိရသေးချေ။

အစိုးရသည် လမ်းကြောင်း (၃) ခု၌ လိုင်ဇာကို စစ်ဆင်နေပါသည်။ သို့သော် KIA ၏ ပျောက်ကျား ပစ်ခတ်မှုကြောင့် ရှေ့မတိုး နိုင်သေးကြောင်း KIA ကဆိုပါသည်။ လက်နက်ကြီးနှင့် စစ်ရဟတ်ယာဉ်၏ အကူကိုယူသော်လည်း ထိရောက်မှုမရှိပေ။ ၂၄ရက်နေ့ မနက် ၁၀ နာရီအချိန်၌ ခမရ (၃၉၀) နှင့် ခလရ (၂၉၈) တပ်ဖွဲ့တို့၏ စစ်ဆင်မှုကြောင့် ကွမ်းရှောင် (Kum Shawng) တပ်စခန်းနှင့် ခမွတ် (Hka Mut Post) စခန်းမှ KIA တပ်များဆုတ်ခွာခဲ့ရသော်လည်း ညဦးပိုင်း၌ KIA ကပြန် လည် သိမ်းပိုက်ခဲ့ပြန်ပါသည်။

ပိန်ချင်တဲ့ အမျိုးသမီးတွေအတွက် သတိထား စရာ သင်ခန်းစာပေးတဲ့ သတင်းတစ်ပုဒ်

Ashino Hoshi shared Afraid (ကြောက်တတ်သူများ like လုပ်ရန်မသင့်)'s photo.
ပိန်ချင်တဲ့ အမျိုးသမီးတွေအတွက် သတိထား စရာ သင်ခန်းစာပေးတဲ့ သတင်းတစ်ပုဒ်

ပိန်ချင်တဲ့ အမျိုးသမီးတွေအတွက် သတိထား စရာ သင်ခန်းစာပေးတဲ့ သတင်းတစ်ပုဒ်ပါ။ မိန်းကလေးတိုင်း လှချင်ကြတာကတော့ ဓမ္မတာပါဘဲ။
ဒါပေမယ့် မိန်းကလေးတိုင်းရဲ့ အလှဟာ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ညီညွတ်စွာ ထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါ။

ခန္ဓာကိုယ် ပိန်ချင်တဲ့ အတွက် ကိုယ်အလေးချိန် ချခဲ့ရာက ကမ္ဘာ့အပိန်ဆုံး အမျိုးသမီး ဖြစ်သွားသူကတော့ ရုရှားနိုင်ငံဖွား မိုနာကို နိုင်ငံမှာနေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ်ရှိတဲ့ (Valeria Levitin) ဗလာရီရာ လက်ဗီတင် ဆိုသူပါဘဲ။

သူဟာ သူ့ခန္ဓာကိုယ်ကို ကိုယ်အလေးချိန် လျှော့ချနိုင်ဖို့အတွက်ကို အဟာဓာတ်တွေကို စားသုံးရာမှာ လို အပ်တဲ့ အစားစားတွေကို နှစ်ပေါင်းများစွာ အလွန်အကျွံ လျှော့စားခဲ့ရာမှာ အခုလို အဖြစ်မျိုးနဲ့ ကြုံတွေ့ ခဲ့ ရတာပါ။

သူ အသက် ၂၀ ကျော်အရွယ်မှာ မော်ဒယ် တစ်ဦးဖြစ်နိုင်ဖို့အတွက်စတင်ပြီး ခန္ဓာကိုယ်ကို လျှော့ချနိုင်ဖို့ အစားအသောက် ကို စားသင့်တဲ့ အနေထားကနေ လွန်ကဲစွာ လျှော့စားခဲ့ရာမှာ အစားစားချင် စိတ်ပျောက်တဲ့အထိဖြစ်ခဲ့တာပါဘဲ။

အမျိုးသား ကျန်းမာရေ ဌာနမှာ(MHS)က ဆရာဝန်ပြောကြားချက် ကတော့ ယခု လက်ရှိ တွင် သူ့ အသက် ၃၉ နှစ်နဲ့ အရပ် အမောင်းက ၅ပေ ၈ လက်မ ရှိသူဖြစ်တဲ့အတွက် ရှိသင့်တဲ့ ကိုယ်အလေးချိန်ကတော့ ၄ စတုံနဲ့ ၃ အောင်စဘဲ ရှိပါတယ်။ တကယ် ရှိသင့်တာက ၉ စတုံနှင် ၁၂ စတုံ တွင်ရှိနိုင်ရမယ်လို့ အဆိုပါ သတင်းမှာ ဖော်ပြ ထားပါတယ်။

အခုအချိန်မှာတော့ သူက ကိုယ်အလေးချိန် လျှော့ချမယ် မိန်းကလေးတွေကို သူ့ရဲ့ ပိန်ချုံပြီး အပေါင်း အသင်း မိတ်ဆွေတွေ အကြား လူတော မတိုးရဲလောက်အောင် ဖြစ်သွားတဲ့ သူ့ ခန္ဓာကိုယ်ကို ပြသပြီး သင်ခန်းစာ ယူနိုင်ဖို့အတွက် ကိုယ်အလေးချိန် လျှော့ချခြင်းဟာ ကြောက်စရာ ကောင်းကြောင်း သတိပေးပြောဆိုနေပါတယ်။

ဗလာရီရာ့ ဆီကို ကိုယ်အလေးချိန် လျှော့ချချင်တဲ့ မိန်းကလေးများက အင်တာနက်မေးလ်တွေနဲ့ ဆက် သွယ် အကြံဥာဏ် တောင်းသူတွေကို သူ့ အနေနဲ့ဖြင့် ကိုယ်အလေးချိန် မလျှော့ဖို့အတွက်ကိုဘဲ အကြံဥာဏ်ပေးတယ်လိုလည်း The sun မှာ ဖော်ထားပါတယ်။

Mirror news သတင်းရဲ့ အဆိုအရ သူ့ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေကို သေချာ လေ့လာပြီး သင်ခန်းစာ ယူတတ်ကြစေဖို့ ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။
Copy by Thet Ko Oo

Like · · · 15 hours ago ·

မကြာမီ ချပေးမည့် ကျပ်တစ်သိန်းဝန်းကျင် ဂျီအက်စ်အမ်ဖုန်းများ အင်တာနက်လိုင်း တစ်ပြိုင်တည်းပေးမည်

Min Maung Myo and Kotoke Gyi shared International Social Network Myanmar's photo.
မကြာမီ ချပေးမည့် ကျပ်တစ်သိန်းဝန်းကျင် ဂျီအက်စ်အမ်ဖုန်းများ အင်တာနက်လိုင်း တစ်ပြိုင်တည်းပေးမည်

ဇန်နဝါရီလဆန်းပိုင်းတွင် ရောင်းချပေးမည့် ဂျီအက်စ်အမ်ဖုန်းများတွင် အင်တာနက်လိုင်းပါ တစ်ပြိုင်တည်း ချထားပေးမည်ဖြစ်ကြောင်း မိုဘိုင်းဆက်သွယ်ရေးဌာနမှ ဒုအင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောသည်။ အဆိုပါ ဂျီအက်စ်အမ် ဆင်းကတ်များကို ကျပ်တစ်သိန်း ဝန်းကျင်ဖြင့် ရောင်းချနိုင်ရန် စီစဉ်ထားပြီး ယင်းသို့ ရောင်းချသည့် နေ့တွင်ပင် အင်တာနက်လိုင်း လျှောက်နိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ “အရင်ကတော့ ဖုန်းဆင်းကတ် ရောင်းတဲ့နေ့မှာ အင်တာနက်လိုင်း တစ်ခါတည်း ချမပေးခဲ့ဘူး။ နောက်မှ အင်တာနက်လိုင်း လျှောက်ခွင့်ပေးခဲ့တာပါ။ အခု အင်တာနက်လိုင်း လျှောက်ချင်တဲ့သူတွေ တစ်ခါတည်း လျှောက်နိုင်အောင် လုပ်ပေးတဲ့ သဘောပါပဲ” ဟု ဦးစိုးအောင်က ပြောသည်။ မကြာမီကာလတွင် 3G (UMTS) လိုင်း တစ်သန်းကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မွန်၊ ကရင် အစရှိသည့် နေရာများတွင် ရောင်းချ သွားမည်ဖြစ်ပြီး ယင်းသို့ ရောင်းချနိုင်ရန်အတွက် ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းကာ လိုင်းတိုးချဲ့ တပ်ဆင်နေမှုကို ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း အပြီးသတ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ပြည်ပနိုင်ငံများတွင် ဆင်းကတ် ဝယ်ယူသည့်အခါ အင်တာနက်လိုင်း သီးသန့်လျှောက်ထားရန် မလိုအပ်ဘဲ တစ်ပြိုင်တည်း အသုံးပြုနိုင်ကြောင်း ပြည်ပနိုင်ငံတွင် အိုင်တီလုပ်ငန်း လုပ်ကိုင်ခဲ့သူ ဦးအောင်ဇေယျက ပြောကြားခဲ့သည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ Time Based Charging စနစ်ကို အခြေခံ၍ အင်တာနက် အသုံးပြုခ GSM (2.75G) အတွက် တစ်မိနစ် နှစ်ကျပ်၊ WCDMA/CDMA 800 ဖုန်းများအတွက် တစ်မိနစ် လေးကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ပတ္တမြား ငမောက်

Sa Maung shared သတင်းစုဗူး's photo.
ပတ္တမြား ငမောက်

မြန်မာဘုရင်များအဆက်ဆက်တွင်အထွတ်အမြတ်ထားခဲ့သောပတ္တမြားငမောက်ကျောက်မြတ်ရတနာကို မိုးကုတ်ပတ္တမြားနယ်မြေ အတွင်း အင်းခေါင်းမှ ရရှိသည်။ ၄င်းကျောက်ကို အင်ကြင်းတောင်နှင့် ကျောက်ဆောင်လူးတော်များမှရသည်ဟုလည်းမူကွဲလျှက် ရှိသည်။

ရရှိပုံ

ရရှိပုံမှာချင်းတွင်းနယ်သားဖြစ်သောငမောက်ဆိုသူသည်မိုးကုတ်နယ်မြေတွင်လာရောက်ပြီးလယ်ယာစိုက်ပျိုးနေထိုင်ရာ၊တစ်ညသော အခါ မိမိခြံအတွင်းမှ ပြိုးပြိုးပျက်ပျက် အရောင်တလက်လက်နှင့် ထူးဆန်းတောက်ပနေသည်ကို မြင်ရသဖြင့်သွားရောက်ကြည့်ရှု လေသော် အလွန်တရာလှပသော ကျောက်နီ ပတ္တမြားကြီး တစ်လုံးကိုတွေ့ရှိလေသည်။

ငမောက်လည်းဝမ်းသာစွာကောက်ယူခဲ့ပြီးနောက် သိမ်းဆည်းထားရာမှ၂ပိုင်းခွဲပြီးလျှင် တစ်ပိုင်းကို ယောက်ဖဖြစ်သူ မောင်ရွှေအားတရုတ်ပြည်ဘက်သို့ ရောင်းရန်စေလွှတ်လိုက်ပြီးနောက်၊ ကျန်တစ်ပိုင်းကို သက္ကရာဇ်၁၀၂၃ခု၊ ငါးထပ်ကြီးဒါယကာ ပင်းတလဲမင်း
လက်ထက် အင်းဝမြို့တော်သို့ သွားရောက် ဆက်သရာ ဘုရင်မင်းမြတ်လည်းများစွာနှစ်သက်အားရ ၀မ်းမြောက်လှသဖြင့် ငမောက်အား ဆုတော်ငွေများပေးသနားတော် မူလိုက်လေသည်။ ထို့ကြောင့် ထိုပတ္တမြားကို ငမောက်ဆိုသူဆက်သသဖြင့် ငမောက်ပတ္တမြား ဟု ထင်ရှားကျော်စောလေသည်။

တရုတ်ပြည်သို့ ရောက်သွားသော ထိုကျောက်တစ်ပိုင်းမှာလည်း ထိုအချိန်၌
တရုတ်ပြည်တွင် မင်မင်းဆက် ပျက်စီးပြီး တိုင်းပြည်မငြိမ်မသက် ဖရိုဖရဲဖြစ်နေသောကြောင့် နီးစပ်ရာတိုင်းပြည်များသို့ဝင်ရောက်တိုက်ခိုက်နေကြသဖြင့်တရုတ်ပြည်သို့ရောက်သွားသောထိုကျောက်တစ်ပိုင်းကိုမြန်မာပြည်ခိုဝင်လာသောတရုတ်လူမျိုးတစ်ဦး
လက်ထဲတွင်ငမောက်ရောင်းချခဲ့သောပတ္တမြားတစ်ပိုင်းလည်းပါလာခဲ့ပါသည်။

ထိုတရုတ်လူမျိုးကုန်သည်ကြီးသညိုပတ္တမြားတစ်ပိုင်း ကိုမြန်မာဘုရင်အား ဆက်သခဲ့ရာ ဘုရင်လည်းဝမ်းမြောက်ဝမ်းသာ လက်ခံပြီးဆုတော်ငွေများ ပြန်လည်ပေးသနားခဲ့ပါသည်။
ဘုရင်မင်းမြတ်လည်း ၀မ်းသာအားရ၊ မိမိတွင်ရှိရင်းဖြစ်သော(ငမောက်)ကျောက်တစ်ခြမ်းနှင့် ဆက်စပ်ကြည့်ရာ တစ်လုံးတည်း ရှုမငြီးသည့်ကျောက်ကြီး ဖြစ်ကြောင်းသိကာ၊ ငမောက်အား အားလုံးကို မဆက်သရသလောဟုအမျက်တော်ပွားသဖြင့်၊ မင်းပရိယာယ်ဖြင့် ရေဝေးရာတောင်ကုန်းတွင်မီးလောင်စင်ကြီးများ ပြုလုပ်ပြီး၊ ငမောက်၏ ဆွေ(၇)ဆက် မျိုး(၇)ဆက် ကိုခေါ်ကာကွပ်မျက်တော်မူလေသည်။ ငမောက်နှင့် ဆွေမျိုးများ သေဆုံးခဲ့ရသောနေရာကိုလောင်းစင်ရွာဟူ၍၄င်း၊ ရေနှင့်ဝေးသောနေရာဖြစ် ၍ ရေဝေးရွာ ( နောင်တွင်ရေဝေရွာ ) ဟူ ၍ ၄င်း ယခုတိုင် ခေါ်ဆိုနေကြသေးသည်။

မီးတိုက်နေသော အခြင်းအရာကို ငမောက်၏ အမဖြစ်သူ ဒေါ်နန်း မြင်လျှင် လွတ်ရာသို့ပြေးရရှာလေသည်။ တောင်ပေါ်တစ်ခုသို့ ရောက်သောအခါ ပြန်လှည့် ကြည့်လိုက်ရာ၊များစွာပူပင်သောက၊ စိတ်ဒုက္ခရောက်ပြီး ရင်ကွဲနာကျကာ ထိုတောင်၌ပင် သေလေသည်။၎င်းသေဆုံးရာ၌ လွမ်းစေတီကလေး တစ်ဆူကိုပင် တည်ထားလျှက်ရှိပေသည်။ဒေါ်နန်းလှည့်ကြည့်သည့်တောင်ကို အစွဲပြုပြီး ဒေါ်နန်းကြည့်တောင်၊ကာလကြာသောအခါ ဒေါ်နန်းကြည်တောင် ဟု ခေါ်ဝေါ်ကြလေသည်။ ၄င်းပတ္တမြားမျက်ရှင်မှာ
တတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် အစတုံးကာ လုံးလုံးကြီး ကွယ်ပျောက်ပြီးမည်သည့်လက်သို့ ရောက်နေသည်ဟု အသေအချာ မပြောပြနိုင်တော့ပေ။

ထူးခြားချက်

ငမောက်ပတ္တမြား(ခေါ်)ပတ္တမြားငမောက်အလေးချိန်မှာရတီ(၉၀)ရှိပြီးလုံးချောသွေးထားကာအရည်အသွေးအလွန်ကောင်းလှကြောင်း သိရပါသည်။ စွတ်စွတ်ဖြူနေသော ၀ါဂွမ်း ( သို့) နွားနို့အတွင်းတွင် ထိုပတ္တမြားကိုထည့်လိုက်လျှင် ၀ါဂွမ်းနှင့် နွားနို့ပင် အနီရောင် ပြောင်းလာကြောင်းသိရပါသည်။ိုပတ္တမြားငမောက်ကို လက်ညှိုးနှင့်လက်မညှပ်ကိုင်ထားလျှင်အရည်လည်ပြီးပေါက်ကွဲယိုစီးမလား ထင်ရသည်။ မှောင်ထဲမှာအနီရောင်တလျှမ်းလျှမ်း ဖြာထွက်နေသည်။ လက်ထဲ ဘယ်လောက်ကြာကြာဆုပ်ထားပေမဲ့အေးမြနေ သည်။ ရေထဲစိမ်သောက်လျှင် လည်ချောင်းနာ၊ ရင်ပူ၊ ခေါင်းကိုက်၊ ဇက်လေး၊မူးမော်၊ မောပန်းတာတွေ ပျောက်ပြီး အားအင်တိုးလာသည်ဟု ဆိုသည်။ မျက်နှာကိုပွတ်သပ်ပေးလျှင် အေးမြပြီး၊ ၀က်ခြံ တင်းတိတ် ကင်းစေသည်။

ပျောက်ဆုံးပုံ

" သီပေါက တိုင်တန်းသည့်ငမောက်ပတ္တမြားအပါအဝင် အဖိုးတန်ရတနာများကိစ္စ နှင့်ပတ်သက်၍မူ အိန္ဒိယပြည်ဆိုင်ရာအတွင်းဝန် က အချက်များကို တင်ပြရန် ထက် အောက် အရာရှိများကို တောင်းဆိုသည်။ ဆိုင်ရာတို့ကစုံစမ်းပြီးအထက်သို့တင်ပြ သည်။ တင်ပြချက်မှာယခင်ကအတိုင်းပင်ဖြစ်သည်။စလေဒင်သည်သီပေါထံမှအဖိုးတန်ရတနာပစ္စည်းများ ယူသည်ဟု ထင်စရာအကြောင်း ဘာမျှမရှိကြောင်း၊ မည်သည့်ကတိဝန်ခံ ချက်ကိုမျှလည်း မပေးခဲ့ကြောင်း၊သီပေါသည် မိမိနှင့် တစ်ပါတည်း ယူဆောင် လာသော ရတနာပစ္စည်းများမှအပအခြားမည်သည့်ရတနာပစ္စည်းကိုမျှပြန်ရမည်ဆိုသည်ကတိစကားလည်းမရှိခဲ့ကြောင်းဖြင့်အကြောင်းပြန်
သည်။စလေဒင်သည်ပစ္စည်းသိမ်းကော်မတီကသိမ်းယူခဲ့သောရတနာပစ္စည်းများကိုပစ္စည်းသိမ်းကော်မတီ၏ကိုယ်စားတာဝန်ကျ သည့် အစောင့်ကိုလွှဲပြောင်းပေးလိုက်ကြောင်း၊ ထိုနေ့က (၁၈၈၅ ခု၊ နိုဝင်ဘာ လ ၃၀ ရက်နေ့) ဘုရင်လက်နက်ချသည့်အခါ တွင် မိမိနှင့်တာဝန်ရှိသူများသည်သီပေါနှင့်မိသားစုတို့ယူဆောင်သွားခြင်းမပြုသောပစ္စည်းများကိုဗိုလ်ချူပ်ပရင်ဒါဂတ်စ်၏အမိန့်အရပစ္စည်း သိမ်း ကော်မတီသို့ လွှဲပြောင်းပေးလိုက်ကြောင်း ဖြင့်ဖော်ပြပါရှိသည်။

မြန်မာပြည်အစိုးရသည် ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာဝန်ဟောင်းတချို့ကိုလည်း သေချာစွာစုံးစမ်းခဲ့သည်။

သူတို့ထွက်ဆိုချက်အရ သီပေါဘုရင်၏သရဖူထဲတွင်ရှိကြောင်း၊ထိုပတ္တမြားကြီးသည်အရည်အသွေးကောင်းမွန်၍ တန်ဖိုးမဖြတ်နိုင် သည့် ပတ္တမြား ကြီးဖြစ်ပြီး ဘိုးတော်ဘုရား (၁၉၈၂-၁၈၁၉) လက်ထက်ကတည်းက ရှိခဲ့သော နန်းစဉ်ရတနာကြီးဖြစ်ကြောင်း၊ ၁၈၈၅ ခု၊ နိုဝင်ဘာ ၂၉ ရက်နေ့မနက်တွင် သီပေါမင်းကိုယ်တိုင်ထိုပတ္တမြားကြီးကို စလေဒင် လက်သို့ပေးအပ်လိုက်ကြောင်း၊ ထိုအချိန်က စလေဒင်၏စာရေးတော် ကြီး နီကလတ် လည်းရှိကြောင်း၊ ထို့ပြင် တိုင်းတာမင်းကြီးလည်းရှိကြောင်း၊ မိမိကိုယ်ပိုင် ပုရပိုဒ် တစ်ဆူပေါ်တွင် ရတနာပစ္စည်း များ၏စာရင်းကို ရေးမှတ်ပေးရကြောင်း၊ သို့ရာတွင် အပြည့်အစုံ မမှတ်ရသေးကြောင်း၊ထိုစာရင်း ကို နီကလတ်သို့ ပေးလိုက်ကြောင်း၊ ထိုပစ္စည်းများအားလုံးကိုစလေဒင်ကအင်္ဂလိပ်အရာရှိတစ်ယောက် လက်အောက်ရှိ အစောင့်တစ်ယောက်ကိုပေးအပ်လိုက်သည်ကို မိမိမြင်လိုက်ကြောင်းဖြင့် ရွှေတိုက်ဝန်ကထွက်ဆိုသည်။

ထိုအင်္ဂလိပ်အရာရှိ၏ အမည်ကို သတိရခြင်း ရှိမရှိ၊ ရွှေတိုက်အတွင်းဝန်၏ ထွက်ဆိုချက် မှန်မမှန်၊ ထိုစာရင်း နှင့် ထိုအဖိုးတန် ပစ္စည်းများ မည်သို့မည်ပုံ ဖြစ်သွားသည်ကို သိမသိ၊ ပစ္စည်းသိမ်းကော်မတီသို့ အပ်ရာတွင်မည်သို့သော အခြေအနေရှိသည်ကို သိမသိ စသည်သို့ကို စလေဒင်အား မေးမြန်းသည်။

၁၈၈၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့စွဲဖြင့် စလေဒင်က အသေးစိတ် ပြန်ကြားရာ၌ ရွှေတိုက်အတွင်းဝန်ပြောသည့်စကား မှန်နိုင်ကြောင်း၊မိမိသည်ထိုနေ့မနက်ကရွှေတိုက်အတွင်းဝန်ကိုနန်းတော်ထဲတွင်တွေ့ခဲ့ရကြောင်း၊သို့ရာတွင်ပုရပိုဒ်တစ်ဆူပေးသည်မပေးသည်ကိုမူမိမိမမှတ်မိတော့ကြောင်းထိုသို့ရုတ်ရုတ်သဲသဲအချိန်မျိုးတွင်အဖိုးတန်ကျောက်မျက်ရတနာများ၊စီခြယ်ထားသည့် ရွှေထည်ပစ္စည်းအသေး၊အကြီးအမျိုးမျိုးတို့ပါသည်နန်းစဉ်ရတနာပစ္စည်းအားလုံးကိုရေးမှတ်ဖို့ဆိုသည်မှာခက်ခဲလှကြောင်းဖြင့် စလေဒင်ကအကြောင်းပြန် သည်။

ထိုရတနာပစ္စည်းများအားလုံးသည်နန်းတော်ဝရန်တာကြမ်းပြင်နှင့်ကျယ်ဝန်းလှသောညီလာခံသဘင်ခန်းမကြမ်းပြင်တွင်စုပုံပြန့်ု ကြဲလျက် ရှိပါသည်..........။

ဗြိတိလျှအစိုးသည် အနည်းငယ်မျှသော ကျောက်မျက်ရတနာအချို့ကိုဝိတိုရိယဘုရင်မကြီးထံ ပေးပို့သည်။ ကျန်ပစ္စည်းများမှာ ဆောက်ကင်ဆီတန်ပြတိုက်သို့ပေးပို့သည်။

ဧကရီဘုရင်မကြီးထံ ပေးပို့သည့်ပစ္စည်းများထဲတွင် သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့်ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း တို့ပါသည်။

ဒီအမှုကို သီပေါဘုရင်က ၁၉၁၁ ခုနှစ်၊ ဒီဇင်ဘာလ အိန္ဒိယ ပြည်ဘုရင်အဖြစ် ရာဇဘိသေက ခံဖို့ရာလာတဲ့ ပဉ္စမမြောက် ဂျော့ဘုရင်ထံ သူ့ရတနာပစ္စည်းတွေ အတွက် တာဝန်ရှိသူစလေဒင်ကိုတိုင်တန်းစာ ပို့ရာက ဖြစ်လာတဲ့နောက်ဆက်တွဲဖြေရှင်း ချက် များဖြစ်သည်။
ရတနာပုံရွှေတိုက်တော်စာရင်းအရ မြန်မာ့နန်းစဉ်ပတ္တမြားများ

၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်

၂။ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင်ကလေး ဟုခေါ်သော ပတ္တမြား

၃။သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား

၎။အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား

၅။အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား

၆။စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား တို့ဖြစ်သည်။

ကျမ်းကိုး

1. ↑ ရာဇ၀င်စာတင်ရသော နန်းစဉ် ပတ္တမြားကျောက်မျက်များ မိုးကုတ်မြို့၊ ပတ္တမြားမြေသမိုင်း
2. ↑ တော်ဘုရားကလေး(အောင်ဇေ)၏ ပတ္တမြားငမောက် လန်ဒန်ရောက်
3. ↑ မူရင်း Deposed King Thibaw of Burma in India, 1885-1916 by W.S Desai ကို ဆရာ မြသန်းတင့် ဘာသာပြန်တဲ့ တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ အခန်းဆက်
ဆောင်းပါး များမှ

မှတ်ချက် ။ ။ ရှာဖွေဖတ်ရှု့ရင်း Myanmar Online Encyclopedia ကတွေ့လို့ဗဟုသုတအဖြစ်တင်ပေးလိုက်တာပါ ။
အကြင်နာမြို့တော် မှမှုရင်အတိုင်းကူယူတင်ပြပါသည် ။
ပတ္တမြား ငမောက်

မြန်မာဘုရင်များအဆက်ဆက်တွင်အထွတ
်အမြတ်ထားခဲ့သောပတ္တမြားငမောက်ကျောက်မြတ်ရတနာကို မိုးကုတ်ပတ္တမြားနယ်မြေ အတွင်း အင်းခေါင်းမှ ရရှိသည်။ ၄င်းကျောက်ကို အင်ကြင်းတောင်နှင့် ကျောက်ဆောင်လူးတော်များမှရသည်ဟုလည်းမူကွဲလျှက် ရှိသည်။

လေယာဉ်ပျက်ကျ၍ ကွယ်လွန်သွားသူ၏ ကိုယ်ရေးအကျဉ်း

‎'အခုဖြစ်စဉ်မှာ တာဝန်ရှိသူတွေအနေနဲ့ ကြိုးစားလုပ်ဆောင်ခဲ့ပေမဲ့ လစ်လပ်မှုတွေ၊ ကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်'

ဒီဇင်ဘာ ၂၅ ရက် နံနက် ၈ နာရီ ၅၀ မိနစ်အချိန်ခန့်က AirBagn လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် W 9-011 လေယာဉ် XY - AGC လေယာဉ်အမျိုးအစား F-100 သည် မန္တလေးလေဆိပ်မှ ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းနှင့် နှစ်မိုင်ခန့်အကွာ အရှေ့အနောက် ကန့်လန့်ဖြတ် သွယ်တန်းထားသော ကလော-အောင်သပြေ (၆၆) ကေဗွီ ဓာတ်အားလိုင်းနှင့် လေယာဉ်အောက်ပိုင်း တိုက်မိပြီး သစ်ပင်များနှင့် ထပ်မံတိုက်မိခဲ့သည်။

ယင်းနောက် လေယာဉ်တောင်ပံနှစ်ဖက်ကျိုးကာ မြေပြင်ပေါ်သို့ ပျက်ကျပြီး ပေ ၁၀၀၀ ၀န်းကျင်ခန့် ဒရွတ်တိုက်ဖြစ်သွားကာ မီးလောင်သွားသော ဖြစ်စဉ်တွင် ဧည့်လမ်းညွှန်တစ်ဦးဖြစ်သည့် မနွယ်လင်းရှိန် (၃၄) နှစ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့ ဈေးတန်းရပ်ကွက် နေထိုင်သူမှာ သေဆုံးသွားခဲ့သည်။ ထို့အတွက် ၎င်း၏ မိသားစုဝင်တစ်ဦးဖြစ်သူနှင့် မေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

မေး။ ။ မိသားစုမှာ မွေးချင်းဘယ်နှဦးရှိပါသလဲ၊ ဆုံးပါးသွားသူက မွေးချင်းတွေအနက် ဘယ်နှစ်ယောက်မြောက်လဲ။

ဖြေ။ ။ ကျွန်တော်တို့ မိသားစုမှာ မောင်နှမသုံးယောက်ရှိပါတယ်။ ယခု ကွယ်လွန်သွားတဲ့အစ်မက မွေးချင်းထဲမှာ အကြီးဆုံးဖြစ်ပါတယ်။

မေး။ ။ လေယာဉ်ပျက်ကျတဲ့ ဖြစ်စဉ်ကို မိသားစုက ဘယ်လို သိရပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့အိမ်ကို အဲဒီနေ့ နံနက် ၁၁ နာရီဝန်းကျင်လောက်မှာ ရပ်ကွက်ထဲက အသိတစ်ယောက် လာပြောတာကနေစပြီး သိခဲ့ရတာပါ။ ဒါနဲ့ ဟဲဟိုးလေဆိပ်ကို ဆက်သွယ်မေးမြန်းပြီး ကျွန်တော်ရယ်၊ အမေရယ်၊ အစ်မနဲ့ လေဆိပ်ကို လိုက်သွားခဲ့ပါတယ်။ဟိုရောက်တော့ လေယာဉ်ပေါ်မှာ ဘယ်နှစ်ယောက်ပါလာတယ်၊ ဘယ်သူတွေပါလာတယ်ဆိုတာ အချိန်အတော်ကြာမှ သိခဲ့ရပါတယ်။

မေး။ ။ အစ်မဖြစ်သူ သေဆုံးခဲ့တယ်ဆိုတာ ဘယ်အချိန်လောက်မှ သိရလဲ။

ဖြေ။ ။ ကျွန်တော်တို့ မိသားစု လေဆိပ်အရောက်မှာ တစ်ယောက် သေဆုံးတယ်လို့ သိရတယ်။ အဲဒီ ရုပ်အလောင်းကို ဟဲဟိုးဆေးရုံမှာ ခွဲစိတ်တဲ့ အခါမှာ ၁၁ နှစ်အရွယ် အမျိုးသားဖြစ်တယ်လို့ အစမှာ သိလိုက်ရတယ်။ ဒါနဲ့ ကျွန်တော်တို့က လေယာဉ်ပေါ်မှာ စုစုပေါင်း လူဦးရေ ၇၁ ဦးပါ လာတယ်၊ အဲဒီအထဲမှာ ကလေးတစ်ယောက်မှ မပါဘူး၊ တစ်ဦး ပျောက်နေတယ်၊ ပျောက်နေတဲ့သူက ကျွန်တော့်အစ်မ ဖြစ်နေတယ်ဆိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ထပ်ပြောတဲ့အခါ သေဆုံးတဲ့ ရုပ်အလောင်းကို တောင်ကြီးဆေးရုံမှာ ပြန်ပြီးခွဲစိတ်ခဲ့ပါတယ်၊ အဲဒီမှာ သေဆုံးသူက အမျိုးသမီးဖြစ်နေတယ်လို့ ပြန်ပြီးအတည်ပြုခဲ့ပါတယ်။ ကျွန်တော့်အစ်မ သေဆုံးသွားတယ်ဆိုတာကိုတော့ ညနေ ၅ နာရီကျော်မှပဲ အဖြေရခဲ့ပါတယ်။

မေး။ ။လေယာဉ်ပျက်ကျသွားတဲ့ ဖြစ်စဉ်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေနဲ့ ဆောင်ရွက်မှုအပေါ် ဘယ်လိုမြင်လဲ။

ဖြေ။ ။ သူတို့တွေအနေနဲ့ ကြိုးစားပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ လစ်လပ်မှုတွေ၊ ကြန့်ကြာမှုတွေ ရှိခဲ့တယ်ဆိုတာကိုတော့ မြင်ခဲ့ရပါတယ်။

လေယာဉ်ပျက်ကျ၍ ကွယ်လွန်သွားသူ၏ ကိုယ်ရေးအကျဉ်း

အမည်။ မနွယ်လင်းရှိန်
အသက်။ ၃၄ နှစ်
အဘအမည်။ ဦးထွန်းရှိန်
အလုပ်အကိုင်။ စပိန်၊ ဥရောပ ဧည့်လမ်းညွှန်
အလုပ်သက်တမ်း။ ၁၀ နှစ်ဝန်းကျင်

ပညာအရည်အချင်း။ B.A English

နေရပ်လိပ်စာ။ မြို့လယ်လမ်း၊ ဈေးတန်းရပ်ကွက်၊ ရပ်စောက်မြို့၊ ရှမ်းပြည်နယ်တောင်ပိုင်း။

Eleven Media Group

ဗြိတိန်က နာမည်ကြီး မီဒီယာတစ်ခုဖြစ်တဲ့ dailymail မှာ အဲပုဂံ လေယာဉ် ပျက်ကျမူမှာ သေဆုံးသူ သုံးယောက်လို့ ရေးထား

Kotoke Gyi and Tayzar Lwin shared Nyi Thit's photo.
ဗြိတိန်က နာမည်ကြီး မီဒီယာတစ်ခုဖြစ်တဲ့ dailymail မှာ အဲပုဂံ လေယာဉ် ပျက်ကျမူမှာ သေဆုံးသူ သုံးယောက်လို့ ရေးထားပါတယ်.. ဗြိတိန်လူမျိုး လေးယောက်လည်း ဒဏ်ရာရတဲ့ အထဲမှာပါတယ်လို့ ရေးပါတယ်...အဲပုဂံရဲ့ လေယာဉ်ကိုလည်း အပြစ်တင်ချင်ပုံ ရပါတယ်.. တော်တော် အိုဟောင်းနေတဲ့ လေယာဉ် အစုတ်ကြီးပေါ့လေ... ဘာပဲဖြစ်ဖြစ်တော့ ကျွန်တော်တို့ သိတာ ဆိုင်ကယ်စီးတဲ့လူက တစ်ယောက်ရယ် တိုးဂိုက်တစ်ယောက်ရယ်ဆိုတော့ အသက်ဆုံးရှုံးသွားတာ ၂ ယောက်ပဲ သိပါတယ်... 
သတင်း တိတိကျကျ confirm ဖြစ်သူများ တာဝန်ရှိသူများ နောက်ဆုံး updates  သတင်းကို ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် လုပ်စေချင်ပါတယ်..
 လေယာဉ်ပျက်ကျမူဆိုတာကတော့ ဘယ်လောက် တိုးတက်တဲ့ နိုင်ငံက လေယာဉ်ဖြစ်ဖြစ် ရံဖန်ရံခါ ဖြစ်လေ့ရှိတာပါပဲ ဒါပေမယ့်.. နိုင်ငံတကာက မီဒီယာတွေမှာ ဖော်ပြပုံကတော့ ကျွန်တော်တို့ မြန်မာပြည် image ကျစရာ နိုင်ငံခြားခရီးသွား လုပ်ငန်းကို အနည်းနဲ့ အများ Impact ဖြစ်စရာပါ.. air bangan က လေယာဉ်ကို  old aircraft လို့ သုံးသွားသလို.. လက်ရှိ အဲပုဂံမှာ သုံးနေတဲ့ ဖော်ကာ ၁၀၀ ဂျက် လေယာဉ် ၂ စီးက ဆက်ပြီးထုတ်လုပ်တာတောင် မရှိတော့တဲ့ antique လို့အပြစ်တင်ချင်ပုံရပါတယ်... ဘာပဲပြောပြော အနှိမ်ခံရသလို ခံစားရလို့ ... နည်းနည်းပါးပါးတော့ တုန့်ပြန်သင့်တယ်ထင်ပါတယ်.. လေယာဉ် စုတ်တာက စုတ်တာတစ်ပိုင်း ခုဖြစ်တာက ရာသီဥတုကြောင့်ဖြစ်တယ် ဆိုတာ confirm ဖြစ်အောင် လုပ်စေချင်ပါတယ်.. အဲပုဂံ နာမည်ပျက်တာ မပျက်တာထက်.. ကျွန်တော်တို့ မြန်မာတွေ Image ကျစရာဖြစ်နေတယ်လို့ ယူဆမိပါတယ်...

အမေရိကန်သမ္မတ အိုဘားမားဟာ မြန်မာပြည်နဲ့ အာရှခရီးစဉ်ပြီးနောက်မှာ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ရန် စဉ်းစားနေပြီ

Kotoke Gyi and 3 other friends shared Ar Mrat Khine's photo.
သတင်းထူး
..................
သတင်းထူးတစ်ခုရလာခဲ့ပါတယ် ယုံသင့်မယုံသင့်ကိုတော့ ကိုယ့်ဟာကိုယ်စဉ်းစားပြီးမှဆုံးဖြတ်ပါ
သတင်းကဒီလိုပါ====
အမေရိကန်ဆရာများအသိုင်းဝိုင်းကဒီရက်ပိုင်ပြောဆိုလာတဲ့သတင်းပါ အမေရိကန်သမ္မတ အိုဘားမားဟာ မြန်မာပြည်နဲ့ အာရှခရီးစဉ်ပြီးနောက်မှာ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ရန် စဉ်းစားနေပြီဖြစ်ကြောင်းနဲ့ အကယ်၍ သူသာဗုဒ္ဓဘာသာဝင်ခဲ့လျှင် ဟိုးနှောင်းခေတ်က အာသောကမင်းနဲ့တိုင်းသူပြည်သားများဗုဒ္ဓဘာသာကိုဝင်ရောက်ကိုးကွယ်လာသလိုမျိုး အမေရိကတိုက်ရှိပြည်သူများတော်တော်များများလည်း ဗုဒ္ဓဘာသာဖြစ်လာနိုင်ကြောင်းနဲ့ လက်ရှိမှာလည်း အမေရိကန်နေရာတော်တော်များများမှာ အင်္ဂလိပ်စကားပြောတက်တဲ့ ဗုဒ္ဓဘာသာရဟန်တော်များ ပင့်ဖိတ်ပြီး တရားစခန်းတွေ တက်နိုင်သလောက်ပြုလုပ်နေကြတာကို တွေ့ရကြောင်းဆိုကြသည်။

ဓါတ်ပုံ www.boston.com/