Thursday, December 27, 2012

ဗြိတိန်က နာမည်ကြီး မီဒီယာတစ်ခုဖြစ်တဲ့ dailymail မှာ အဲပုဂံ လေယာဉ် ပျက်ကျမူမှာ သေဆုံးသူ သုံးယောက်လို့ ရေးထား

Kotoke Gyi and Tayzar Lwin shared Nyi Thit's photo.
ဗြိတိန်က နာမည်ကြီး မီဒီယာတစ်ခုဖြစ်တဲ့ dailymail မှာ အဲပုဂံ လေယာဉ် ပျက်ကျမူမှာ သေဆုံးသူ သုံးယောက်လို့ ရေးထားပါတယ်.. ဗြိတိန်လူမျိုး လေးယောက်လည်း ဒဏ်ရာရတဲ့ အထဲမှာပါတယ်လို့ ရေးပါတယ်...အဲပုဂံရဲ့ လေယာဉ်ကိုလည်း အပြစ်တင်ချင်ပုံ ရပါတယ်.. တော်တော် အိုဟောင်းနေတဲ့ လေယာဉ် အစုတ်ကြီးပေါ့လေ... ဘာပဲဖြစ်ဖြစ်တော့ ကျွန်တော်တို့ သိတာ ဆိုင်ကယ်စီးတဲ့လူက တစ်ယောက်ရယ် တိုးဂိုက်တစ်ယောက်ရယ်ဆိုတော့ အသက်ဆုံးရှုံးသွားတာ ၂ ယောက်ပဲ သိပါတယ်... 
သတင်း တိတိကျကျ confirm ဖြစ်သူများ တာဝန်ရှိသူများ နောက်ဆုံး updates  သတင်းကို ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် လုပ်စေချင်ပါတယ်..
 လေယာဉ်ပျက်ကျမူဆိုတာကတော့ ဘယ်လောက် တိုးတက်တဲ့ နိုင်ငံက လေယာဉ်ဖြစ်ဖြစ် ရံဖန်ရံခါ ဖြစ်လေ့ရှိတာပါပဲ ဒါပေမယ့်.. နိုင်ငံတကာက မီဒီယာတွေမှာ ဖော်ပြပုံကတော့ ကျွန်တော်တို့ မြန်မာပြည် image ကျစရာ နိုင်ငံခြားခရီးသွား လုပ်ငန်းကို အနည်းနဲ့ အများ Impact ဖြစ်စရာပါ.. air bangan က လေယာဉ်ကို  old aircraft လို့ သုံးသွားသလို.. လက်ရှိ အဲပုဂံမှာ သုံးနေတဲ့ ဖော်ကာ ၁၀၀ ဂျက် လေယာဉ် ၂ စီးက ဆက်ပြီးထုတ်လုပ်တာတောင် မရှိတော့တဲ့ antique လို့အပြစ်တင်ချင်ပုံရပါတယ်... ဘာပဲပြောပြော အနှိမ်ခံရသလို ခံစားရလို့ ... နည်းနည်းပါးပါးတော့ တုန့်ပြန်သင့်တယ်ထင်ပါတယ်.. လေယာဉ် စုတ်တာက စုတ်တာတစ်ပိုင်း ခုဖြစ်တာက ရာသီဥတုကြောင့်ဖြစ်တယ် ဆိုတာ confirm ဖြစ်အောင် လုပ်စေချင်ပါတယ်.. အဲပုဂံ နာမည်ပျက်တာ မပျက်တာထက်.. ကျွန်တော်တို့ မြန်မာတွေ Image ကျစရာဖြစ်နေတယ်လို့ ယူဆမိပါတယ်...

0 ကွန်မန့်ရေးရန်:

Post a Comment