Thursday, December 27, 2012

မကြာမီ ချပေးမည့် ကျပ်တစ်သိန်းဝန်းကျင် ဂျီအက်စ်အမ်ဖုန်းများ အင်တာနက်လိုင်း တစ်ပြိုင်တည်းပေးမည်

Min Maung Myo and Kotoke Gyi shared International Social Network Myanmar's photo.
မကြာမီ ချပေးမည့် ကျပ်တစ်သိန်းဝန်းကျင် ဂျီအက်စ်အမ်ဖုန်းများ အင်တာနက်လိုင်း တစ်ပြိုင်တည်းပေးမည်

ဇန်နဝါရီလဆန်းပိုင်းတွင် ရောင်းချပေးမည့် ဂျီအက်စ်အမ်ဖုန်းများတွင် အင်တာနက်လိုင်းပါ တစ်ပြိုင်တည်း ချထားပေးမည်ဖြစ်ကြောင်း မိုဘိုင်းဆက်သွယ်ရေးဌာနမှ ဒုအင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောသည်။ အဆိုပါ ဂျီအက်စ်အမ် ဆင်းကတ်များကို ကျပ်တစ်သိန်း ဝန်းကျင်ဖြင့် ရောင်းချနိုင်ရန် စီစဉ်ထားပြီး ယင်းသို့ ရောင်းချသည့် နေ့တွင်ပင် အင်တာနက်လိုင်း လျှောက်နိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ “အရင်ကတော့ ဖုန်းဆင်းကတ် ရောင်းတဲ့နေ့မှာ အင်တာနက်လိုင်း တစ်ခါတည်း ချမပေးခဲ့ဘူး။ နောက်မှ အင်တာနက်လိုင်း လျှောက်ခွင့်ပေးခဲ့တာပါ။ အခု အင်တာနက်လိုင်း လျှောက်ချင်တဲ့သူတွေ တစ်ခါတည်း လျှောက်နိုင်အောင် လုပ်ပေးတဲ့ သဘောပါပဲ” ဟု ဦးစိုးအောင်က ပြောသည်။ မကြာမီကာလတွင် 3G (UMTS) လိုင်း တစ်သန်းကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မွန်၊ ကရင် အစရှိသည့် နေရာများတွင် ရောင်းချ သွားမည်ဖြစ်ပြီး ယင်းသို့ ရောင်းချနိုင်ရန်အတွက် ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းကာ လိုင်းတိုးချဲ့ တပ်ဆင်နေမှုကို ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း အပြီးသတ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ပြည်ပနိုင်ငံများတွင် ဆင်းကတ် ဝယ်ယူသည့်အခါ အင်တာနက်လိုင်း သီးသန့်လျှောက်ထားရန် မလိုအပ်ဘဲ တစ်ပြိုင်တည်း အသုံးပြုနိုင်ကြောင်း ပြည်ပနိုင်ငံတွင် အိုင်တီလုပ်ငန်း လုပ်ကိုင်ခဲ့သူ ဦးအောင်ဇေယျက ပြောကြားခဲ့သည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ Time Based Charging စနစ်ကို အခြေခံ၍ အင်တာနက် အသုံးပြုခ GSM (2.75G) အတွက် တစ်မိနစ် နှစ်ကျပ်၊ WCDMA/CDMA 800 ဖုန်းများအတွက် တစ်မိနစ် လေးကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 ကွန်မန့်ရေးရန်:

Post a Comment