This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, November 3, 2013

တာလီဘန် ခေါင်းဆောင်သေလို့ ဆွေးနွေးပွဲ ပျက်စီး



အမေရိကန်တို့ရဲ့ မောင်းသူ မလိုတဲ့ လေယာဉ်နဲ့ တိုက်ခိုက် ခဲ့တာလို့ ယူဆ ရတဲ့ တိုက်ခိုက်မှု တခု အတွင်း ပါကစ္စတန် တာလီဘန် ခေါင်းဆောင် သေဆုံး သွားခဲ့ တာကြောင့် ပြန်ပြီး ကလဲ့ စားချေ တိုက်ခိုက် မှုတွေ လုပ်လာ နိုင်တဲ့ အတွက် ပါကစ္စတန် အစိုးရ ကနေ နိုင်ငံ တဝန်း လုံခြုံရေး ကို အဆင့်မြင့် တပ်လှန့် ထားပါ တယ်။ ပါကစ္စတန်က တာလီဘန် ခေါင်းဆောင် သေဆုံး သွားခဲ့ ရတဲ့ အခုလို ဒရုံးနဲ့ တိုက်ခိုက်မှု အပေါ် ပါကစ္စတန် အစိုးရက ဒေါသတကြီး တုံ့ပြန် ပြောဆို လိုက်ပါ တယ်။ ---

Saturday, November 2, 2013

အမေရိကန်တို့ရဲ့ မောင်းသူ မလိုတဲ့ လေယာဉ်နဲ့ တိုက်ခိုက် ခဲ့တာလို့ ယူဆ ရတဲ့ တိုက်ခိုက်မှု တခု အတွင်း ပါကစ္စတန် တာလီဘန် ခေါင်းဆောင် သေဆုံး သွားခဲ့ တာကြောင့် ပြန်ပြီး ကလဲ့ စားချေ တိုက်ခိုက် မှုတွေ လုပ်လာ နိုင်တဲ့ အတွက် ပါကစ္စတန် အစိုးရ ကနေ နိုင်ငံ တဝန်း လုံခြုံရေး ကို အဆင့်မြင့် တပ်လှန့် ထားပါ တယ်။

ပါကစ္စတန်က တာလီဘန် ခေါင်းဆောင် သေဆုံး သွားခဲ့ ရတဲ့ အခုလို ဒရုံးနဲ့ တိုက်ခိုက်မှု အပေါ် ပါကစ္စတန် အစိုးရက ဒေါသတကြီး တုံ့ပြန် ပြောဆို လိုက်ပါ တယ်။

တာလီဘန် ခေါင်းဆောင် ဟာကီမူလာ မက်ဆု သေဆုံး သွားတဲ့ အတွက် စစ်သွေး ကြွတွေနဲ့ ငြိမ်းချမ်းရေး စကားပြောဖို့ အစိုးရရဲ့ ကြိုးပမ်းချက် တွေကို ဖျက်ဆီး ပစ်လိုက်တာ ဖြစ်တယ်လို့ ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

တခြား အရာရှိတွေ ကလည်း သူတို့ အနေနဲ့ စေ့စပ် ဆွေးနွေး မှုတွေ လုပ်ဖို့ သံန္နိဌာန် ချထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

ပါကစ္စတန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ မြောက်ပိုင်း ဝါဇီ ရစ္စတန်မှာ တာလီဘန် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတဲ့ အချိန် မတိုင်ခင် တရက် အလိုမှာ အလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

အခုတော့ စစ်သွေးကြွတွေဟာ နောက်ထပ် ခေါင်းဆောင် တဦးကို ရွေးချယ် နေကြတယ်လို့ သတင်းတွေ ထွက်နေပြီး ခေါင်းဆောင်သစ် ဘယ်သူ ဖြစ်လာ မလဲ ဆိုတာ ကတော့ ရှင်းရှင်း လင်းလင်း မသိရ သေးပါ။

ဘီဘီစီ (မြန်မာပိုင်း)

Thit Htoo Lwin - World News




ဟာကီမူလာမက်ဆု သေဆုံးခဲ့လို့ စစ်သွေးကြွ တွေနဲ့ စကားပြောဖို့ အစိုးရရဲ့ ကြိုးပမ်းချက် ပျက်စီး

ဆင်ဖြူတော်နင်း၍ ဆင်ဦးစီး ဦးသိန်းစိန် သေဆုံး




ရန်ကုန်၊ နိုဝင်ဘာ ၂

၂.၁၁.၂၀၁၃ရက်နေ့ ၀၈၅၅အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ ရပ်ကွက်၊ မင်းဓမ္မဆင်ဖြူတော်ဝင်းရှိ ဆင်ဦးစီး ဦးသိန်းစိန် ၊ ဆင်ဖြူတော်နင်း၍ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးက သတင်းထုတ်ပြန်ထားပါသည်။

ဆင်ဦးစီးတစ်ဦး အင်းစိန်ဆေးရုံသို့ ဆင်နင်းခံရ၍ ရောက်ရှိလာကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ဦးသိန်းစိန် (ဘ)ဦးကောင်းစံ(ဆင်ဦးစီး)၊ တိရိစ္ဆာန်ဥယျာဉ်ဝန်ထမ်းလိုင်း၊ ဗဟန်းမြို့နယ်နေသူဖြစ်ကြောင်း သိရှိခဲ့တာ ဖြစ်ပါသည်။

၂.၁၁.၂၀၁၃ရက်နေ့ ၀၆၃၀အချိန်မှစ၍ ဆင်ဖြူတော် ရာဇအဂ္ဂသီရိပစ္စယဂရောဇာ(စွယ်စုံအထီး)ဆင်အား သေဆုံသူဆင်ဦးစီးမှ ယဉ်ပါးအောင် ကြံကျွေး၍လမ်းလျှောက် လေ့ကျင့်ပေးနေစဉ် ၀၇၃၀အချိန်တွင် ဆင်ဖြူတော်မှ စိတ်ရိုင်းဝင်ကာ အစွယ်ဖြင့်ထိုး၍ ဦးသိန်းစိန်တွင် ၀ဲဘက်ရင်အုံ ညိုမဲဒဏ်ရာ(၁)ချက်ရရှိကာ အင်းစိန်ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခြင်း ဖြစ်သည်။

အဆိုပါ အမှုအား အင်းစိန်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၇၄/၂၀၁၃)ဖြင့် ရေးဖွင့်စုံစမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

by Thit Htoo Lwin



အနာကျင်ရဆုံးက......မိဘ

မိဘကပစ်သွားတဲ့သားသမီးကို.....မိဘမဲ့တဲ့
လင်ယောင်္ကျား / မိန်းမ ကပစ်သွားတဲ့အိမ်ထောင်သည်ကို....တစ်ခုလပ်တဲ့
သားသမီးတွေကပစ်သွားတဲ့မိဘတွေကို.....ဘယ်လိုခေါ်မလဲ (???)
တကယ်တော့..........ပစ်ထားခြင်းခံရပါတယ်ဆိုတဲ့လူတွေထဲမှာ.....
အနာကျင်ရဆုံးက......မိဘတွေပဲဖြစ်မှာပါ..................