This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, June 1, 2013

ကေတီဗွီ

ကေတီဗွီ
▬▬▬
ဆင်းရဲမွဲတေနေတဲ့ လက်တင်အမေရိက ကလေးငယ် သုံးဆယ့်ငါးသန်းအတွက် ရှာကီရာဟာ
သူမရဲ့လုံးဝန်းတဲ့ တင်ပါးအိအိတွေကို ဝှေ့ရမ်းလှုပ်ခါပြစ်လိုက်တယ်
အင်ဂျလီနာဂျိုလီ လှစ်ဟပြလိုက်တဲ့ ည၀တ်အင်္ကျီထဲကပန်းနုရောင်ပေါင်တံတွေဟာ
အဟာရချို့တဲ့နေတဲ့ အာဖရိက ဒုက္ခသည်တွေဆီ တဖွဲဖွဲဝင်လာမယ့် ရံပုံငွေတွေပဲ
ကဲ . . . ဘာထူးလို့လဲ ကျွန်မမောင်လေး နောက်နှစ်ကျောင်းဆက်ထားနိုင်ဖို့
သိုးစော်နံနေတဲ့ အဲ့ဒီအဆီတစ်ထပ် အသားတစ်ထပ် ခန္ဒာကိုယ်ကြီးတွေကို ကျွန်မအခုနိုပ်ပေးနေရတယ်
ကျွန်မအမေမြန်မြန်နေပြန်ကောင်းလာအောင်လို့ ကျွန်မစကပ်တွေ တဖြည်းဖြည်းတိုတိုလာရတယ်
တစ်လတစ်လ အလျှင်မီအောင် အိမ်စရိတ်ထောက်ဖို့အရေး ရှင့်ကိုအကြင်နာတွေပေးပေးနေရတယ်
ကောင်းရောင်းကောင်းဝယ် . . . ဟုတ်တယ်ဟုတ် . . ကျွန်မတို့အထည်တွေ မချုပ်ကြတော့ဘူး
စက်ရုံတွေပိတ်သွားပြီ ကျွန်မတို့ပန်းရံလည်းမလုပ်နိုင်ကြဘူးလေ
ခွန်အားနဲ့အတက်ပညာတွေ ဈေးပေါနေတဲ့ ခေတ်ကြီးထဲမှာ ဈေးကောင်းရတာပဲ
ကျွန်မတို့ရောင်းစားလိုက်ကြတော့တယ်
ကျွန်မနာမည်လား . . အမေပေးခဲ့တာတောင်မေ့တေ့တေ့ရယ်
ကျွန်မနာမည် ကြယ်စင် . ကျွန်မနာမည် နံနက်ခင်း . ကျွန်မနာမည် တာရာ . ကျွန်မနာမည် အလင်္ကာ
ဟုတ်တယ်လေ ကျွန်မတို့မတည်မြဲကြဘူး
ကျွန်မတို့ဟာ လျှပ်စီးကြောင်းနဲ့ ပတ်ကြားအက်နေတဲ့ မိုးတိမ်တွေပဲ
ကွက်ကျားမိုးတွေ ဖွံ့ဖြိုးတိုးတက်လာချိန်မှာ ဘွားကနဲ ပေါက်ရောက်လာတဲ့ မိုးဦးမှိုပွင့်တွေပဲ
စီးဆင်းနေတဲ့ငွေကြေး စာရင်ဇယားတွေဘေးမှာ ကွေးညွှတ်နေတဲ့ မြစ်ကျိုးအင်းတွေပဲ
လျှော်ဖွတ်ပြီး မီးပူတိုက်ထားတဲ့ ဘေထုတ်ထည်ကိုကြည့်သလို ရှင်ကျွန်မကိုမကြည့်ပါနဲ့
ရှင့်စကားနဲ့ ကျွန်မကိုအဖျားခတ်လိုက်ပုံက ကျွန်မတို့ကပဲ
သူများအိမ်ထောင်ရေးတွေပေါ် လမ်းကြိတ်စက်တက်မောင်းနေသလိုလို
ကျွန်မတို့ကပဲ သူများမိသားစုတွေကို ကူးတို့ဆိပ်မှာ မှို့အိတ်ဖွင့်နေသလိုလို
ကျွန်မတို့ကပဲ ရှင်တို့ရဲ့ တိတ်ဆိတ်နေတဲ့ ယဉ်ကျေးမှု့စာမျက်နှာတွေကို ပလုပ်တုတ်ခေါက်နေသလိုလို
အချစ်တဲ့ . . . ရှင်လေချဉ်တက်လိုက်သလား ဘီယာစော်နံလိုက်တာ
ဟုတ်ပါတယ် ဟုတ်ပါတယ် ကျွန်မတို့အလုပ်က သဒ္ဒါစည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီပါဘူး
ကျွန်မတို့ဘ၀တွေကလည်း ၀ါကျတည်ဆောက်ပုံမမှန်ကန်ပါဘူး
ဒါပေမယ့် . . ဒါဟာ အမှောင်နဲ့ ချိန်တွယ်ရတဲ့ ၀န်ဆောင်မှုပါရှင်
"အမ္ဗပါလီ" အစ "မော်နီကာဗယ်လူချီ" အဆုံး ကျွန်မတို့အားလုံးဟာ
ရှင်တို့ယောင်္ကျားတွေရဲ့ လျှို့ဝှက်တဲ့စက်ရုံမှာ အချိန်ပိုဆင်းရတဲ့ ခွေးသွားစိတ် တွေပါပဲ
တကယ်တော့ ကမ္ဘာကြီးပူနွေးလာရတာလည်း ကျွန်မတို့နဲ့ မဆိုင်ပါဘူး
အိုစမာဘင်လာဒင် သေဆုံးသွားတာလည်း ကျွန်မတို့နဲ့ တခြားစီ
ဒေါ်လာဈေး ကမောက်ကမ ဖြစ်အောင်ကျွန်မတို့တစ်ခါမှ မလုပ်ခဲ့ဖူးဘူး
ကျွန်မတို့ကို ရေးကြီးခွင်ကျယ် ကဗျာစပ်မနေပါနဲ့ ရှင်ရယ်
ဘောစိနော် ဘော်ကယ်ကြေးလေး တစ်ပဲခြောက်ပြားနဲ့ ရှင်ကျွန်မကို ဒီအတိုင်းပြစ်မထားခဲ့နဲ့ဦး
အိုခေ . . . ဒီငယ်ကျွမ်းဆွေ တစ်ပုဒ်ဆိုပြီးသွားရင် တစ်ဆက်ရှင် စာအချိန်စေ့ပြီ
နောက်တစ်ခါလည်း ကျွန်မတို့ဆီကို ဒီလို ဆင်တွေတအုပ်ကြီးနဲ့ လာရောက်အားပေးနိုင်ပါစေ
သင့်(ခ်)ယူ . . . ဘိုင့်ဘိုင့် . . . ဆီးယူ . . . ဖလိုင်းကစ်(စ်)။           ။

မောင်ရှင်စော

ရတီမဂ္ဂဇင်း
2012

[ဆင်းရဲစွာ ရုန်းကန်ရသော မြန်မာ မိန်းခလေးများဘဝကို စာနာနားလည်နိုင်ကြပါစေ]

ဆင်းရဲမွဲတေနေတဲ့ လက်တင်အမေရိက ကလေးငယ် သုံးဆယ့်ငါးသန်းအတွက် ရှာကီရာဟာ
သူမရဲ့လုံးဝန်းတဲ့ တင်ပါးအိအိတွေကို ဝှေ့ရမ်းလှုပ်ခါပြစ်လိုက်တယ်
အင်ဂျလီနာဂျိုလီ လှစ်ဟပြလိုက်တဲ့ ည၀တ်အင်္ကျီထဲကပန်းနုရောင်ပေါင်တံတွေဟာ
အဟာရချို့တဲ့နေတဲ့ အာဖရိက ဒုက္ခသည်တွေဆီ တဖွဲဖွဲဝင်လာမယ့် ရံပုံငွေတွေပဲ
ကဲ . . . ဘာထူးလို့လဲ ကျွန်မမောင်လေး နောက်နှစ်ကျောင်းဆက်ထားနိုင်ဖို
သိုးစော်နံနေတဲ့ အဲ့ဒီအဆီတစ်ထပ် အသားတစ်ထပ် ခန္ဒာကိုယ်ကြီးတွေကို ကျွန်မအခုနိုပ်ပေးနေရတယ်
ကျွန်မအမေမြန်မြန်နေပြန်ကောင်းလာအောင်လို့ ကျွန်မစကပ်တွေ တဖြည်းဖြည်းတိုတိုလာရတယ်
တစ်လတစ်လ အလျှင်မီအောင် အိမ်စရိတ်ထောက်ဖို့အရေး ရှင့်ကိုအကြင်နာတွေပေးပေးနေရတယ်
ကောင်းရောင်းကောင်းဝယ် . . . ဟုတ်တယ်ဟုတ် . . ကျွန်မတို့အထည်တွေ မချုပ်ကြတော့ဘူး
စက်ရုံတွေပိတ်သွားပြီ ကျွန်မတို့ပန်းရံလည်းမလုပ်နိုင်ကြဘူးလေ
ခွန်အားနဲ့အတက်ပညာတွေ ဈေးပေါနေတဲ့ ခေတ်ကြီးထဲမှာ ဈေးကောင်းရတာပဲ
ကျွန်မတို့ရောင်းစားလိုက်ကြတော့တယ်
ကျွန်မနာမည်လား . . အမေပေးခဲ့တာတောင်မေ့တေ့တေ့ရယ်
ကျွန်မနာမည် ကြယ်စင် . ကျွန်မနာမည် နံနက်ခင်း . ကျွန်မနာမည် တာရာ . ကျွန်မနာမည် အလင်္ကာ
ဟုတ်တယ်လေ ကျွန်မတို့မတည်မြဲကြဘူး
ကျွန်မတို့ဟာ လျှပ်စီးကြောင်းနဲ့ ပတ်ကြားအက်နေတဲ့ မိုးတိမ်တွေပဲ
ကွက်ကျားမိုးတွေ ဖွံ့ဖြိုးတိုးတက်လာချိန်မှာ ဘွားကနဲ ပေါက်ရောက်လာတဲ့ မိုးဦးမှိုပွင့်တွေပဲ
စီးဆင်းနေတဲ့ငွေကြေး စာရင်ဇယားတွေဘေးမှာ ကွေးညွှတ်နေတဲ့ မြစ်ကျိုးအင်းတွေပဲ
လျှော်ဖွတ်ပြီး မီးပူတိုက်ထားတဲ့ ဘေထုတ်ထည်ကိုကြည့်သလို ရှင်ကျွန်မကိုမကြည့်ပါနဲ့
ရှင့်စကားနဲ့ ကျွန်မကိုအဖျားခတ်လိုက်ပုံက ကျွန်မတို့ကပဲ
သူများအိမ်ထောင်ရေးတွေပေါ် လမ်းကြိတ်စက်တက်မောင်းနေသလိုလို
ကျွန်မတို့ကပဲ သူများမိသားစုတွေကို ကူးတို့ဆိပ်မှာ မှို့အိတ်ဖွင့်နေသလိုလို
ကျွန်မတို့ကပဲ ရှင်တို့ရဲ့ တိတ်ဆိတ်နေတဲ့ ယဉ်ကျေးမှု့စာမျက်နှာတွေကို ပလုပ်တုတ်ခေါက်နေသလိုလို
အချစ်တဲ့ . . . ရှင်လေချဉ်တက်လိုက်သလား ဘီယာစော်နံလိုက်တာ
ဟုတ်ပါတယ် ဟုတ်ပါတယ် ကျွန်မတို့အလုပ်က သဒ္ဒါစည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီပါဘူး
ကျွန်မတို့ဘ၀တွေကလည်း ၀ါကျတည်ဆောက်ပုံမမှန်ကန်ပါဘူး
ဒါပေမယ့် . . ဒါဟာ အမှောင်နဲ့ ချိန်တွယ်ရတဲ့ ၀န်ဆောင်မှုပါရှင်
"အမ္ဗပါလီ" အစ "မော်နီကာဗယ်လူချီ" အဆုံး ကျွန်မတို့အားလုံးဟာ
ရှင်တို့ယောင်္ကျားတွေရဲ့ လျှို့ဝှက်တဲ့စက်ရုံမှာ အချိန်ပိုဆင်းရတဲ့ ခွေးသွားစိတ် တွေပါပဲ
တကယ်တော့ ကမ္ဘာကြီးပူနွေးလာရတာလည်း ကျွန်မတို့နဲ့ မဆိုင်ပါဘူး
အိုစမာဘင်လာဒင် သေဆုံးသွားတာလည်း ကျွန်မတို့နဲ့ တခြားစီ
ဒေါ်လာဈေး ကမောက်ကမ ဖြစ်အောင်ကျွန်မတို့တစ်ခါမှ မလုပ်ခဲ့ဖူးဘူး
ကျွန်မတို့ကို ရေးကြီးခွင်ကျယ် ကဗျာစပ်မနေပါနဲ့ ရှင်ရယ်
ဘောစိနော် ဘော်ကယ်ကြေးလေး တစ်ပဲခြောက်ပြားနဲ့ ရှင်ကျွန်မကို ဒီအတိုင်းပြစ်မထားခဲ့နဲ့ဦး
အိုခေ . . . ဒီငယ်ကျွမ်းဆွေ တစ်ပုဒ်ဆိုပြီးသွားရင် တစ်ဆက်ရှင် စာအချိန်စေ့ပြီ
နောက်တစ်ခါလည်း ကျွန်မတို့ဆီကို ဒီလို ဆင်တွေတအုပ်ကြီးနဲ့ လာရောက်အားပေးနိုင်ပါစေ
သင့်(ခ်)ယူ . . . ဘိုင့်ဘိုင့် . . . ဆီးယူ . . . ဖလိုင်းကစ်(စ်)။ ။

မောင်ရှင်စော

ရတီမဂ္ဂဇင်း
2012

[ဆင်းရဲစွာ ရုန်းကန်ရသော မြန်မာ မိန်းခလေးများဘဝကို စာနာနားလည်နိုင်ကြပါစေ]

မုံရွာတွင်လက်ပစ်ဗုံးနှင့် ကျည်ဆန်များတွေ


မုံရွာ၊ မေ ၃၀ / The Voice Weekly

မုံရွာမြို့ ဝင်းယူနတီဟိုတယ်နှင့် ကွေ့ကြီးတံတားကြား ကန်သာယာ အနောက်ဘက်ခြမ်းတွင် မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက လက်ပစ်ဗုံးနှစ်လုံး၊ ကျည် ၁၇ တောင့်နှင့် နိုကီယာဖုန်း ဟန်းဆက်တစ်လုံးကို တွေ့ရှိခဲ့၍ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း ကွေ့ကြီးရပ်ကွက် ဒေသခံများက ပြောကြားသည်။

ကွေ့ကြီးရပ်ကွက်မှ အမျိုးသားတစ်ဦးသည် ကြက်စာအတွက် ကန်စွန်းရွက် ဆင်းခူးရာမှ အထုပ်တစ်ထုပ်ကို နင်းမိပြီး ကုန်းပေါ်သို့ ဆယ်ယူဖွင့်ကြည့်ရာ လက်ပစ်ဗုံးနှစ်လုံး၊ ကျည်ဆန်များ တွေ့ရှိသောကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးကို အကြောင်း ကြားခဲ့ခြင်း ဖြစ်ကြောင်း ကန်သာယာအနီး တွင် ကွမ်းယာရောင်းချသူ တစ်ဦးက ပြောကြားသည်။

ယင်းတွေ့ရှိခဲ့သော လက်ပစ်ဗုံး နှင့်ကျည်တောင့်များကို စစ်ဆေးရာ လက်ပစ်ဗုံးမှာ ဖျူးစ်မပါတော့ဘဲ ၉၁ ဗုံးသီးအမျိုးအစားဖြစ်ပြီး ကျည်ဆန် ၁၇ တောင့်မှာ ၅ ဒသမ ၅၆ကျည်များ ဖြစ်ကြောင်း၊ နိုကီယာ အမျိုးအစား ဖုန်းဟန်းဆက်မှာ အပြာရောင်ဖြစ်ပြီး ဆင်းကတ်ပါရှိကာ ဘက်ထရီ မပါရှိတော့ ကြောင်း ယင်းနေရာသို့ သွားရောက် စစ်ဆေးမှုတွင်ပါဝင်ခဲ့သည့် အရာရှိတစ်ဦးက ဆိုသည်။

လက်ပစ်ဗုံးနှစ်လုံးနှင့် ကျည်ဆန် ၁၇ တောင့်ကို ခမရ (၁၆) မှ တာဝန်ရှိ တပ်မတော်သား တစ်ဦးက သိမ်းဆည်း သွားပြီး နိုကီယာဟန်းဆက်ကိုမူ စစ်ဆေးမှု ပြုလုပ်နိုင်ရန် မုံရွာရဲစခန်းက သိမ်းဆည်း ထားခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်တက်နေပြီး ကပ်ရောဂါအသွင်ဖြစ်ပွားနိုင်သဖြင့် ဂရုပြုရန်လိုအပ်


ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်နေကာ ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်
သဖြင့် အထူးဂရုပြုရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည်။

သွေးလွန်တုပ်ကွေးရာသီဖြစ်သော မိုးရာသီအကြိုကာလသို့ ရောက်ရှိလာပြီဖြစ်ကာ ဖြစ်ပွားမှုနှုန်း
မြင့်မားနေသဖြင့် ကလေးငယ်များ ဖျားနာပါက သွေးလွန်တုပ်ကွေး ဖြစ်နိုင်သည်ကို သတိထား
စောင့်ကြည့်ရန် လိုအပ်လျက်ရှိသည်။

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှ ဧပြီလ အထိ လေးလအတွင်း ရန်ကုန် ကလေး ဆေးရုံကြီးသို့ ရောက်ရှိ
လာသော သွေးလွန်တုပ်ကွေး လူနာပေါင်း ၅၀၀ ကျော်ခန့် ရှိနေသည်ဟု ရန်ကုန် ကလေး ဆေးရုံ
အုပ်ကြီး ဒေါက်တာသန်းထိုက် က မြန်မာတိုင်း(မ်)ကို မေလ ၂၇ ရက် နေ့က ပြောသည်။

သွေးလွန်တုပ်ကွေးလူနာ ၁,၀၀၀ ကျော်ခန့်သာရှိခဲ့သည့် ၂၀၁၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ဖြစ်ပွားမှုနှုန်း
မြင့်မားနေသည်ဟု ၎င်းက ပြောသည်။

"လေးလတည်းနဲ့ ပြီးခဲ့တဲ့ တစ်နှစ်လုံးစာရဲ့ တစ်ဝက်လောက်ဖြစ်ပွားနေတယ်ဆိုတော့ ဒီနှစ်
သွေးလွန်တုပ်ကွေး ပိုများလာနိုင်တယ်လို့ ခန့်မှန်းထားတယ်"ဟု ၎င်းက ပြောသည်။

သန်လျင်မြို့နယ်နှင့် ဒလမြို့နယ်တို့၌ ဖြစ်ပွားမှုအများဆုံးဖြစ်နေသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ရန်ကုန်နှင့် ဧရာဝတီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်တို့၌ သွေးလွန်
တုပ်ကွေး အဖြစ်များနေသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။

ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်သောကြောင့် ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေး
ကာကွယ် နှိမ်နင်းရေးကို ဂရုပြုလုပ်ဆောင်သွားမည်ဟု သိရသည်။

သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရာတွင် မူကြိုကျောင်း၊ မူလတန်းကျောင်းများအနီးရှိ ခြင်ပေါက်
ပွားနိုင်သော ရေများကို သန့်စင်ခြင်း၊ ဆေးခပ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းခြင်း
တို့ကို ဂရုပြုလုပ်ဆောင်ရန်လိုအပ်သည်ဟု အဆိုပါဌာနမှ သိရသည်။

သွေးလွန်တုပ်ကွေးသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့်ရောဂါတစ်မျိုး ဖြစ်ပြီး အေးဒီးစ်ခေါ်
ခြင်ကျားကိုက်ခြင်းဖြင့် ကူးစက်နိုင်သည်။

အထူးသဖြင့် ခြင်ကျားသည် နေ့အချိန်တွင် ကိုက်တတ်သည့်အတွက် နေ့အချိန်တွင် တစ်စုတစ်ဝေး
တည်းရှိနေတတ်သည့် ကျောင်းများတွင် ကူးစက်မှုပိုလေ့ရှိသည်။

ခြင်ကျားပေါက်ဖွားတတ်သော မိုးတွင်းကာလဖြစ်သည့် ဇွန်လမှ ဩဂုတ်လအတွင်း အဖြစ်များလေ့
ရှိသော်လည်း တစ်နှစ်ပတ်လုံး ရောဂါဖြစ်ပွားမှု အနည်းအကျဉ်းရှိတတ်သည့် အတွက် အလေးထား
ကာကွယ်နေရမည့် ရောဂါတစ်မျိုးဖြစ်သည်။

ရောဂါ လက္ခဏာများမှာ အပြင်းဖျားခြင်း၊ ခန္ဓာကိုယ်အနှံ့အပြား အနီအစက် အပြောက်များပေါ်ခြင်း၊
ပျို့အန်ခြင်းများ ဖြစ်ပေါ်တတ်ပြီး ရောဂါအခြေအနေဆိုးပါက သွေးလန့်သော လက္ခဏာများဖြစ်သည့်
ဖျားရာမှ ရုတ်တရက် အဖျားကျကာ ဖြေဖျားလက်ဖျားများ အေးစက်ပြီး သွေးပေါင်ချိန်ကျခြင်း၊
အဖျားကျသော်လည်း ကလေးမှာ စားခြင်း၊ ကစားခြင်းမရှိဘဲ မှိန်းနေခြင်း၊ ကော်ဖီရောင်အရည်များ
အန်ခြင်း၊ သတိလစ်ခြင်း စသည်တို့ ဖြစ်ပေါ်လာလျှင် နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ အမြန်ဆုံး
ပို့ဆောင်ရန်လိုအပ်သည်။

သွေးလန့်သည့်လက္ခဏာများ ပေါ် ပေါက်ပြီး ဆေးရုံသို့ အချိန်မီမရောက်ရှိပါက အသက်ဆုံးရှုံးနိုင်
သည်။

"ဒီရာသီမှာ ဖျားရင် ဘာကြောင့်ဖျားဖျား သွေးလွန်တုပ်ကွေးကြောင့် ဖျားနိုင်တယ်ဆိုတာ သတိ
ထားသင့်တယ်။ ရိုးရိုး ဖျားတယ်ဆိုပြီး ပစ်ထားရင် ကလေး ဒုက္ခရောက်နိုင်တယ်" ဟု ရန်ကုန်
ကလေးဆေးရုံအုပ်ကြီး ဒေါက်တာ သန်းထိုက်က ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ မိဘများ၏ ကျန်းမာရေး ဗဟုသုတမှာ အားနည်းနေသေး
သည်ဟု ၎င်းက ပြောသည်။

"ဒီတစ်နှစ်လုံး ဆေးရုံကို ရောက်လာတဲ့ လူနာတွေထဲက ၁၀ ရာခိုင်နှုန်းလောက်ဟာ တော်တော်
အခြေအနေဆိုးပြီးမှ ရောက်လာကြတာကို တွေ့ရတယ်" ဟု ၎င်းက ပြောသည်။

အရှေ့တောင်အာရှဒေသ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သွေးလွန်တုပ် ကွေးရောဂါသည် ဒေသအတွင်း
အဓိက ပြည်သူ့ ကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်လာသည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါအဖွဲ့၏ စာရင်းများအရ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်တက်နေသည်ကို
တွေ့ရသည်။

၂၀၁၁ ခုနှစ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၃,၀၁၆ ဦး ရှိခဲ့ကာ ၂၀၁၂ ခုနှစ်တွင် ၅,၀၆၀ ဦး
ရှိခဲ့သည်။

ယမုံဖူးသစ်   |   မြန်မာတိုင်း(မ်)

Lainnya dari News

အုပ်စုဖွဲ့ ပြိုင်ကားမောင်း လူသတ်မှုတွင်ပါဝင်သူ သိန်းတစ်ရာဖြင့် အာမခံရ


ရန်ကုန်၊ မေ ၃၀ / The Voice Weekly

ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရား လမ်းမပေါ် နှင်းဆီကုန်းဘိုးဘွားရိပ်သာ ရှေ့ရှိ ဟာမစ်တစ် ကားမှတ်တိုင်တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်ညက ဖြစ်ပွားခဲ့သည့် ပြိုင်ကားနှင့် လူတစ်စု၏ အုပ်စုဖွဲ့ လူသတ်မှုမှ တရားခံဟု ယူဆရသူတစ်ဦး ဖြစ်သည့် မအိန္ဒြာချိုအား ငွေကျပ်သိန်း ၁၀၀ တန် ခံဝန်ကို ဝန်ခံသူနှစ်ဦးဖြင့် အာမခံ ခွင့်ပေးလိုက်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးထံမှ စုံစမ်းသိရှိရသည်။

တရားလိုပြသက်သေ စစ်ဆေးဆဲ အဆင့်တွင် မအိန္ဒြာချိုမှာ ကိုယ်ဝန်ရှိနေပြီး ကျန်းမာရေး ချို့တဲ့လွန်းသူ ဖြစ်သဖြင့် အင်းစိန်ထောင်တွင်း မွေးဖွားပါက အသက်အန္တရာယ် ရှိသောကြောင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ-၄၉၇ ( ၁ ) အရအချုပ်မှ အာမခံခွင့် လျှောက်ထားခဲ့ ကြောင်း၊ ထိုသို့လျှောက်ထားဆဲကာလ အတွင်း ထပ်မံစစ်ဆေးခဲ့ရာ ကလေးမှာ အသက်မရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ အင်းစိန်ဆေးရုံသို့ တင်ပို့ကုသလျက် ရှိကြောင်း အဆိုပါတရားရုံးထံမှ သိရှိရသည်။

ထိုအမျိုးသမီးသည် ရန်ကုန် အင်းစိန်အကျဉ်းထောင်မှ ဆရာဝန်၏ဆေးလက်မှတ် ထောက်ခံချက်အရ ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်ပြီး ပြင်ပမှ ဆေးကုသ ခွင့်ခံယူရမည့် လူနာဖြစ်ခြင်း၊ စွဲဆိုထား သောပြစ်မှုမှာ သေဒဏ်၊ တစ်သက် တစ်ကျွန်းဒဏ်စီရင်ထိုက်သည့် ပြစ်မှု မဟုတ်ခြင်း ယင်းအပြင် အာမခံပေးခွင့်မရသည့် ပြစ်မှုတွင် အာမခံ ပေးသင့်မပေးသင့်ကို အခြေအနေအရပ်ရပ်ပေါ် မူတည်၍ အချုပ်လွတ် ထုချေလွာတင်နိုင်သည်ဟု ပြစ်မှု ဆိုင်ရာကျင့်ထုံး ဥပဒေ ၄၉၇ ( ၁ ) တွင် ပြဋ္ဌာန်းထားခြင်းတို့ကြောင့် ကန့်ကွက်ရန် မရှိကြောင်း နိုင်ငံတော်ကိုယ်စား လိုက်ပါ ဆောင်ရွက်သည့် ဒုတိယခရိုင်ဥပဒေ အရာရှိက လျှောက်လဲခဲ့သည်။

အင်းစိန်ထောင်ဆေးရုံမှ ဒေါက်တာ အောင်ကိုဦးက လူနာ၏ကိုယ်ဝန်မှာ ၁၆ ပတ်ကျော်နှင့် ၁၇ ပတ်ကြားသန္ဓေသားရှိနေ ပြီး အင်းစိန်ထောင်တွင် မွေးဖွားချိန်ထိ ကုသမှုခံယူရန် မသင့်တော်ကြောင်း၊ ယခု ချိန်မှစ၍ ကုသခြင်းမပြုပါက ကလေးနှင့် မိခင်၏အသက်အန္တရာယ်ကို ထိခိုက်နိုင် ကြောင်း အဆိုပါတရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု သိရှိရသည်။

အဆိုပါဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၃ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကမ္ဘာအေးဘုရားလမ်းပေါ် ဟာမစ်တစ်မှတ်တိုင်၌ လူငယ်ငါးဦးပါ ပြိုင်ကားတစ်စီး စတန့်ထွင် မောင်းနှင်နေခဲ့ရာမှ ကားပျက်၍ ရပ်ထားစဉ် သေဆုံးသူ ရဲကျော်သူနှင့် သူငယ်ချင်း သုံးဦးက အနီးမှ သီချင်းဆို၍ ဖြတ်လျှောက်သွားသောကြောင့် ပြိုင်ကားမောင်းသူများက မကျေနပ်၍ မေးမြန်းခဲ့ရာ သေဆုံးသူကိုရဲကျော်သူက ပြန်လည်တောင်းပန် ခဲ့သော်လည်း ပြိုင်ကားနှင့်အဖွဲ့မှ လူတစ်ဦးက အနီးရှိ သောက်ရေအိုးဖြင့် ဦးခေါင်းကိုရိုက်ခဲ့ပြီး ခိုက်ရန်ဖြစ်ပွားနေစဉ် နောက်ထပ် လူလေးဦးခန့် ထပ်မံရောက်လာကာ ရဲကျော်သူကို ဝိုင်းဝန်းကန်ကျောက်ခဲ့ ကြောင်း မျက်မြင်တွေ့ရှိသူ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

Lainnya dari Crime

လားရှိုးပဋိပက္ခ နောက်ဆက်တွဲ သံသယရှိသူ ၄၄ ဦးကို ဖမ်းထားပြီ

နန်းသီရိလွင်

မေ ၂ဂ ရက်နေ့မှ စတင် ဖြစ်ပွားခဲ့သော လားရှိုးမြို့ အဓိကရုဏ်းတွင် ပါဝင်ခဲ့သူများဟု ယူဆရသူ ၄၄ ဦးကို ဖမ်းဆီးထိန်းသိမ်း ထားပြီး စုံစမ်း ဖော်ထုတ်မှုများ ဆက်လက် လုပ်ဆောင်နေကြောင်း ပြည်နယ် သတင်းနှင့် ပြန်ကြားရေး အဖွဲ့ထံမှ သတင်း ရရှိသည်။

ဖမ်းဆီးထားသူ ၄၄ ဦးကို စုံစမ်းစစ်ဆေးရန် စစ်ကြော ဖော်ထုတ်ရေးနှင့် တရားစွဲဆိုရေးအဖွဲ့ကို စသုံးလုံး၊ မီးသတ်တပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့၊ ခရိုင် ဥပဒေအရာရှိ၊ ရဲတပ်ဖွဲ့စသည်တို့ဖြင့် မေလ ၃၀ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

“ဒီအဖွဲ့က စစ်မယ်၊ ပြီးတော့ ကျူးလွန်ထားတဲ့ အတိုင်းအတာအရ ရုံးတင် အပြစ်ပေးနိုင်အောင် လုပ်မယ်။ ထပ်ဖမ်းဆီးနိုင်ဖို့ ဆိုတာကလည်း ဒီ ၄၄ ဦးကို စစ်ဆေး မေးမြန်းထားတဲ့ ရလဒ်တွေအပေါ်မှာပဲ မူတည်သွားမှာ” ဟု ရှမ်းပြည်နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယညွှန်မှူး ဒေါ်ခင်စန်းက ဧရာဝတီကို ပြောသည်။

အမျိုးသမီးငယ် တဦးကို ဓာတ်ဆီဖြင့်ပက် မီးရှို့ကာ ပဋိပက္ခကို စတင်ဖန်တီးခဲ့သူ ကိုနေ၀င်းကို မည်သည့်နေရာတွင် ဖမ်းဆီး ထိန်းသိမ်းထားသည်၊ မည်သို့ စစ်ဆေးမေးမြန်း အရေးယူ ဆောင်ရွက်နေသည်ကိုမူ မိမိမသိကြောင်း ဒေါ်ခင်စန်းက ဆိုသည်။

ပဋိပက္ခနှင့် ပတ်သတ်သော အရေးယူစုံစမ်းနေမှု၊ လားရှိုးမြို့၏ လုံခြုံရေးအခြေအနေတို့ကို စုံစမ်းမေးမြန်းရန် ဒုတိယ ပြည်နယ် ရဲတပ်ဖွဲ့နှင့် လားရှိုးခရိုင် ရဲတပ်ဖွဲ့မှူး ရုံးများသို့ ဧရာဝတီက တွေ့ဆုံရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ငြင်းဆိုခဲ့သည်။ ဖမ်းဆီးထားသည့် ၄၄ ဦးကို မည်သည့် ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း ကိုလည်း ပြည်နယ် ပြန်ကြားရေးက ပြောဆိုရန် ငြင်းဆိုခဲ့သည်။

မေ ၂၈ ရက်က ဈေးရောင်းနေသူ အမျိုးသမီးငယ် တဦးကို လူလတ်ပိုင်း အမျိုးသား တဦးက ဓာတ်ဆီပက် မီးရှို့ရာမှ စတင်ခဲ့သော အဓိကရုဏ်းကြောင့် ဗလီ ၁ လုံး၊ ဘာသာရေးကျောင်း ၃ ကျောင်း အပါအ၀င်၊ လူနေအိမ်များ၊ ဈေးဆိုင်ခန်းများ ဖျက်စီးခံခဲ့ရပြီး ငွေကြေးအားဖြင့် ကျပ် သိန်း ခြောက်ရာရှစ်ဆယ့်လေးသိန်းနှင့် နှစ်သောင်းခွဲကျော် ဆုံးရှုံးခဲ့ရကြောင်း ပြည်နယ် ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

အဓိကရုဏ်းကြောင့် လူ ၁ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရပြီး ဓာတ်ဆီလောင်း မီးရှို့ခံရသူ အမျိုးသမီးကို ပြည်နယ် ပြည်သူ့ ဆေးရုံကြီး ခွဲစိပ်ဆောင်တွင် အရေးပေါ် ကုသနေရကြောင်း သိရသည်။ အဓိကရုဏ်းကြောင့် လားရှိုးမြို့နေ မွတ်စလင် တထောင်ကျော်သည် မန်ဆူ ရှမ်းဘုန်းတော်ကြီး ကျောင်းတွင် ဒုက္ခသည်များအဖြစ် ခိုလှုံနေရသည်။

KIO မတရားအသင်းမှ ပယ်ဖျက်ပြီး ဆက်သွယ်မှုဖြင့် ဖမ်းထားသူများ လွှတ်ပေးမည်


လိုင်ဇာအနီး သစ်တောထဲက ကေအိုင်အေတပ်သား (ဓာတ်ပုံ- Steve Tickner / ဧရာဝတီ)


ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပြီး တပတ်အတွင်း မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူများကို ပြန်လည်လွှတ်ပေးသွားမည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက အာမခံ ပြောဆိုသည်။
 
ဦးအောင်မင်းနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့သည် မြစ်ကြီးနားမြို့အနီးရှိ ဒုက္ခသည်စခန်းများကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယားနှင့် လှည့်လည်ကြည့်ရှုစဉ် လက်ရှိတွင် KIO အဖွဲ့နှင့် ငြိမ်းချမ်းရေးရပြီးဖြစ်၍ မတရားအသင်းအဖြစ် ကြေညာထားခြင်းမှ ပယ်ဖျက်သွားရန်ရှိကြောင်း၊ ထို့နောက် မတရားအသင်း ဆက်နွယ်မှုဖြင့် ဖမ်းဆီးခံခဲ့ရသူများမှာ “လုပ်ထုံးလုပ်နည်းအရ” လွှတ်မြောက်မည်ဟု ဦးအောင်မင်းက ဧရာဝတီသို့ ပြောသည်။
 
မတရားအသင်း ဆက်သွယ်မှုများနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပုဒ်မ ၁၇/ ၁ နှင့် ဖမ်းဆီးခံထားရသူများအရေး မြစ်ကြီးနား ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီသို့ တင်ပြခဲ့ကြောင်းနှင့် အလားအလာ ကောင်းကြောင်း ပြောသည်။
 
“တိုင်းရင်းသားတိုင်းမှာ ဒီပုဒ်မနဲ့ စွဲခံခဲ့ရသူတွေရှိတော့ လွှတ်ဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒီကိစ္စက အကောင်အထည်ပေါ်လာမယ် ထင်ပါတယ်။ ဘယ်လောက်မြန်မြန်ဖြစ်မလဲဆိုတာကတော့ လုပ်ဆောင်မယ့် အစိုးရအပေါ် မူတည်ပါတယ်” ဟု ဒေါ်ဒွဲဘူက ဧရာဝတီသို့ ပြောသည်။
 
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ ဂျာမိုင်ကောင်း နှစ်ခြင်းဒုက္ခသည်စခန်း အရောက်တွင်လည်း မတရားသင်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခုံရုံးတင် ခံရသော ကချင်စစ်ပြေးဒုက္ခသည်တဦးဖြစ်သည့် ဦးဘရန်ရှောင် ပြန်လွှတ်ပေးရေးအတွက် စခန်းတာဝန်ခံက တင်ပြရာ ဦးအောင်မင်းက ဦးဘရန်ရှောင်ကို နောက်ဆုံးအမိန့်ချပြီး တပတ် အတွင်း ပြန်လွှတ်မည်ဟု ကချင်လူထုရှေ့တွင် အာမခံပြောကြားခဲ့သည်။
 
” ဦးဘရန်ရှောင်အမှု နောက်ဆုံးအမိန့်ချဖို့ထိ ရောက်နေပြီ။ အမှုမှာ ထောင်ဒဏ်ကျသည်ဖြစ်စေ မကျခံရသည်ဖြစ်စေ ဘယ်လိုပဲ ဆုံးဖြတ်ပါစေ။ ဦးဘရန်ရှောင် တပတ် အတွင်း နေရပ်ကို ပြန်လာနိုင်ဖို့ အာမခံတယ် ”ဟု ဦးအောင်မင်းက ပြောကြားသည်။
 
ဦးအောင်မင်းက လက်ရှိ ၎င်းအနေဖြင့် တရားရုံးမှ၎င်း တဦးတည်း အမိန့်ဖြင့်၎င်း ခေါ်ယူပေး၍မရကြောင်း၊ ယခင် တပ်မတော်လက်ထက်တွင် ချက်ချင်းခေါ်ယူ၍ ရသော်လည်း ယခု ဒီမိုကရေစီစနစ်တွင် တရားရေးအာဏာနှင့် လွှတ်တော်အာဏာတို့အပေါ်တွင် အစိုးရက စွက်ဖက်၍ မရကြောင်း၊ သို့အတွက် တရားရုံး နောက်ဆုံးအမိန့်ချပြီးမှသာ ပြန်လည်လွှတ်ပေးရန် သမ္မတ၏ အထူးအာဏာကို သုံးပြီး လွှတ်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
 
“ဒီကိစ္စကို ကျနော့်သိက္ခာနဲ့ ရင်းပြီး အာမခံပါတယ်”ဟုလည်း ဧရာဝတီမှ မေးမြန်းချက်ကို ဦးအောင်မင်းက တုန့်ပြန်ပြောဆိုသည်။
 
ဦးဘရန်ရှောင်အမှုကို ဦးအောင်မင်းထံတင်ပြခဲ့သူ ဂျာမိုင်ကောင်းဒုက္ခသည်စခန်းမှ ဦးအောင်မြတ်က အမှုကို တရားမျှတစွာ ဖြစ်စေလိုကြောင်း ပြောသည်။ “ခု ချက်ချင်းလွှတ်ပါလို့ မပြောပါဘူး။ တရားမျှမျှတတ ဖြစ်ဖို့ မျှော်လင့်ပါတယ်။ စစ်မှန်တဲ့ မျှတမှု လိုချင်ပါတယ်”ဟု ပြောသည်။
 
လက်ရှိ ကချင်ပြည်နယ်အတွင်း မတရားအသင်းပုဒ်မနှင့် အရေးယူထားသည့် အမှုပေါင်း ၆၁ မှုရှိပြီး ဖမ်းဆီးစွပ်စွဲခံထားရသူ ၇၆ ယောက်ရှိကာ စုစုပေါင်း ဖမ်းဆီးစွပ်စွဲခံထားရသူများအနက်မှ ၄၉ ဦးမှာ အမှုစစ်ဆေးပြီးဖြစ်ကြောင်းနှင့် ၂၇ ဦးမှာ ဆက်လက် စစ်ဆေးခံနေရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ ကောက်ယူထားသောစာရင်းများအရ သိရသည်။

သတင်းရင်းမြစ် - ဧရာဝတီ
 

သျှမ်းပြည်နယ်နေ့က အဓမ္မမှုကျူးလွန်သည့် တပ်သား ထောင်ဒဏ် ၉ နှစ်ချမှတ်ခံရ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် ဖေဖော်ဝါရီလ (သျှမ်းပြည်နယ်နေ့) က သားသည်မိခင်တဦး အား ဓါးပြတိုက် မုဒိန်းကျင့်သည့် အစိုးရတပ်ပြေးအားယနေ့ လူထုတရားရုံး၌ ပြစ်ဒဏ်ချမှတ်ခဲ့ရာ ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရကြောင်း ဒေသခံ များကပြောသည်။

“ အစက သူ့ကို အထူးစစ်ခုံရုံးဖွဲ့ပြီးစစ်ဆေးမယ်လုပ်သေးတယ်။ ဒါပေမယ့် နောက်တော့ စစ်တပ်က တာဝန်ဝတ္တရား လစ် ဟင်းမှု ၊ မူးယစ်မှုဘဲ ကိုင်တယ်။ ဆိုတော့ မြို့နယ်တရားရုံးကနေ သူ့ကို မုဒိန်းကျင့်မှု ထောင်ဒဏ် ၆ နှစ်၊ ညအချိန်ပုန်း လျှိုး ကျော်နင်းမှု ထောင်ဒဏ် ၂ နှစ် နဲ့ စစ်တပ်ကပေးတာအလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် စုစုပေါင်း သူ့ကို ထောင်ဒဏ် ၉ နှစ်ချမှတ် ပေးတယ်” ကျေးသီးမြို့ခံ ပါ့အေးနန်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ဖေဖော်ဝါရီ ၇ ရက် ညသန်းခေါင်အချိန်က ကျေးသီးမြို့ မိုင်းနင်အုပ်စု နောင်ယုံးရွာသူ တဦးအား ခလရ ၁၃၁ မှတပ်သား မောင်ဦး က ဓါးပြတိုက်အဓမ္မ ပြုကျင့်ခဲ့သည်။ ထိုသို့မပြုကျင့်မီကလည်း နောင်ယုံးရွာထဲရှိ အိမ်နှစ်လုံးကို ခိုးဝင်ခဲ့ သေး ကြောင်း၊ ကျေးရွာအတွင်း ရေအားလျှပ်စစ်မီးကြိုးအားလည်း ခုတ်ဖြတ်ခဲ့သေးကြောင်း သိရသည်။

အဆိုပါတပ်သားမောင်ဦးသည် ၂၀၁၁ က တကြိမ် ၂၀၀၇ ကတကြိမ် သျှမ်းပြည်အလယ်ပိုင်း ဒေသခံအမျိုးသမီး များအား မုဒိန်းကျင့်ခဲ့ဖူးသည်ဟုလည်း ကျေးသီးမြို့ခံများက ပြောပြသည်။

“အဲဒီအချိန်တွေတုန်းက စစ်အုပ်ချုပ်ရေးစနစ်ဆိုတော့ လျော်ကြေးလဲမရ၊ ပြစ်ဒဏ်လဲမစီရင်ဘဲ အဲလိုဘဲပြီးသွားတယ်။ အခုတော့ ကျနော်တို့ မြို့နေလူထုတွေ ရပ်မိရပ်ဖနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့အင်အားနဲ့ အလကားဖြစ်မသွားအောင် ဝိုင်းကူပြီးတွန်းအားပေးကြတယ်။ ဆိုတော့အမှုကိုစီရင်နိုင်ခဲ့တယ်” ဟု ဒေသခံ စိုင်းခမ်းကလည်း သျှမ်းသံတော်ဆင့်အား ပြောပြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တပ်မတော် အခန်းကဏ္ဍ ၊ အခန်း ၈ ပုဒ်မ ၃၄၃ စစ်ဘက်တရားစီရင်ရာတွင် - တပ်မတော် သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တဦးတည်းဖြစ်စေ ဥပဒေနှင့် အညီစီရင်နိုင်သည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည် ဟုပါရှိပါသည်။

စိန့်မေရီဘုရားရှိခိုးကျောင်းကို သရုပ်ဆောင်ရဲတိုက် တောင်းပန်ပြီ

.(Photo- သိမ်မွေ့)

Photo: ရဲတိုက်ရဲ့ ၀န်ခံကတိစာချူပ်..(Photo- သိမ်မွေ့)

Sunday JournalSunday Journal

Ye Tide and the church


စိန့်မေရီဘုရားရှိခိုးကျောင်းကို သရုပ်ဆောင်ရဲတိုက် တောင်းပန်ပြီ
ဓာတ်ပုံသတင်း
မေ ၃၁၊ ၂၀၁၃

 ရန်ကုန်မြို့ စိန့်မေရီဘုရားကျောင်းတွင် တကိုယ်တော်ဆန္ဒပြသူ ရဲတိုက်သည် အာဏာပိုင်တို့၏ ထိန်းသိမ်းခံရခြင်းမှ ပြန်လည် လွတ်မြောက်လာပြီးနောက် ဘုရားကျောင်းသို့ သွားရောက်ပြီး တောင်းပန်ခဲ့သည်။

သရုပ်ဆောင် ရဲတိုက်သည် သာသနာတော်ညိုးနွမ်းအောင် ဆောင်ရွက်မှုဖြင့် ထိန်းသိမ်းခံရခြင်း ဖြစ်သည်။



ရဲတိုက်က သူ၏ "မှားယွင်းလုပ်ဆောင်မှုကြောင့် ယခုကဲ့သို့ ပြဿနာ ဖြစ်ပွားခဲ့သည့်အတွက်" အနူးအညွတ်တောင်းပန်ကြောင်း လက်မှတ်ထိုးထားသည့်စာကို
စိန့်မေရီ ဘုရားကျောင်း Facebook fan page တွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ရဲတပ်ဖွဲ့များ ပထမအကြိမ် တိုက်ခိုက် ခံရခြင်း

ရွှေဟင်္သာ

တအာင်း (ပလောင်) ဒေသ တခုဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်ရှိ မန်ပါတ်ရွာမှ ရွှေလီ တာဝါ လျှပ်စစ် တာဝါတိုင်စောင့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် (၃) ဦး ယမာန်နေ့က ပစ်သတ် ခံရသည်ဟု တအာင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ အတွင်းရေးမှူး (၁) က ဆိုပါသည်။

“ အခု အဲဒီရဲ (၃) ယောက်ကို မန်တုံဆေးရုံမှာပဲ ရင်ခွဲ စစ်ဆေးနေပါတယ်၊ ဒီညနေလောက် ပြီးမလား မသိဘူး၊ ဒီနေ့မနက် မန်တုံပြည်သူ့စစ်တွေရော ရဲတွေရော သွားသယ်တုန်းက သေနတ်ကျည်ဆန် ထိမှန်တဲ့ ပုံစံနဲ့သေဆုံးခဲ့တယ်လို့ ပြောတယ်” ဟု တအာင်း ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှူး (၁) ဖြစ်သူ မိုင်းမျိုးအောင်မှ ဆိုပါသည်။

အပစ်ခံရသည့် ရဲတပ်ဖွဲ့ဝင်များမှာ စိုးသိန်း (တပ်ကြပ်ကြီး)၊ ရဲဝင်း (တပ်ကြပ်)၊ အမည်မသိ (ဒု-တပ်ကြပ်တစ်ဦး) တို့ဖြစ်ကြပြီး မည်သူ့ လက်ချက်ဖြစ်သည်ကို လောလောဆယ် မသိရသေးကြောင်း ဆိုပါသည်။ ၄င်းတို့သည် လကုန်ရက်ဖြစ်၍ တာဝန် ကျရာ ရွှေလီ တာဝါလျှပ်စစ် တာဝါတိုင်မှ မန်တုံတို့ လာရောက်စဉ် မန်တုံ-နမ္မတူလမ်း၇-မိုင်တံတား အရောက်တွင် ပစ်သတ် ခံရခြင်း ဖြစ်ကြောင်း ဆိုပါသည်။

မန်တုံ ရဲမှာမူ ယခု ပစ်ခတ်မှုသည် ဤဒေသတွင် လှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လက်ချက်ဖြစ်နိုင်သည်ဟု စွပ်စွဲ ထားပါသည်။ သို့သော် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်TNLA မှာမူ ၄င်းတို့ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုပါသည်။

၎င်းမန်တုံဒေသတွင် ကချင် လွတ်လပ်ရေး တပ်မတော် တပ်မဟာ (၄) ဒေသ တပ်ဖွဲ့၊ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ပါတီနှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် လက်နက်ကိုင် အဖွဲ့တို့ လှုပ် ရှားနေကြသည့်နေရာဖြစ်သည်။

မန်တုံဒေသ၌ ဖြစ်ခဲ့သော တိုက်ခိုက် မှုများသည် အများအားဖြင့် တပ်မတော် တပ်ဖွဲ့များနှင့်သာ တိုက်ခိုက် ခဲ့ကြသော်လည်းယခု ရဲများ တိုက်ခိုက်မှုသည် ပထမဆုံး အကြိမ် ဖြစ်သည်ဟုလည်း တအာင်းကျောင်းသားနှင့် လူငယ်အစည်း အရုံး၏သတင်းနှင့် လူ့အခွင့်အရေးဌာနမှ ယနေ့ ထုတ်ပြန်သည့် ကြေငြာချက်၌ ဖော်ပြထားပါသည်။

မိမိကွန်ပျူတာမှာ APK ဖိုင်တွေရဲ့ icon ကိုမြင်ရစေဖို့


ယနေ့ခေတ်က Android ခေတ်လို့ပြောရင် မှားမလားမသိ
မမှားဘူးထင်တယ် ဘာကြောင့်လဲဆိုတော့ Android ဖုန်းတွေကို ကလေးကအစ
ကိုင်လာကြတယ် ဖုန်းကိုင်သူတိုင်းကလည်း  သိကြတယ် ဒီလိုဆိုတော့
Android နဲ့ မြန်မာပြည်မှာ စီးပွားအတော်ဖြစ်လာကြတယ်
ထားလိုက်ပါတော့ အခုတင်ပေးချင်တာက APK ဆိုတဲ့ Android software
iconတွေကို ကွန်ပျူတာမှာ မမြင်ရပါဘူး အခုဆော့ဝဲလေးကိုကွန်ပျူတာမှာ
သွင်းလိုက်ရင် မြင်ရပီဗျာ ...
အရင်ဆုံး ဒီဆောဝဲလေးကို ဒေါင်းလိုက်ပါ 
ဖိုင်ဆိုဒ်က- 7.96MB
နာမည်က muzhiwan ပါ
ဒေါင်းပြီးရင် install လုပ်လိုက်ရုံနဲ့ မိမိကွန်ပျူတာမှာ APK file ရဲ့ icon လေးတွေ ပေါ်သွားမှာပါ

စာလုံးတွေက ကုဒ်ပုံစံတွေဖြစ်နေတော့ install မလုပ်တတ်မှာစိုးလို့
ကျွန်တော် install လုပ်နည်းပါ ပုံလေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်
ကျွန်တော်တင်ပေးလိုက်တဲ့ ဖိုင်ကို password ခံထားပါတယ် 
password က www.aungkyaw.com လို့ထည့်ပေးလိုက်ပါ အဲဒီ RAR ဖိုင်လေးကို ဖြည်လိုက်ပါ
.exe ဖိုင်လေးရလာလိမ့်မယ် အဲဒီဖိုင်လေးကို နှစ်ချက်နှိပ်လိုက်ရင် အောက်ကပုံလေးလို
ပေါ်လာလိမ့်မယ် အဲဒီအခါ ကျွန်တော် အနီနဲ့ဝိုင်းပြထားတဲ့ button လေးကို
နှိပ်လိုက်ပါ (ဒါမှမဟုတ် keyboard က N ကိုနှိပ်လိုက်ပါ)
 
ပြီးရင် အလယ်က button ကိုနှိပ်ပါ
 
ပြီးရင် Yes ဆိုတာကိုနှိပ်လိုက်
 
အနီနဲ့ဝိုင်းပြထားတဲ့ အမှတ်ခြစ်လေးကို ဖြုတ်ပေးရပါမယ်   
ပြီးတော့ အောက်မှာ အလယ်က button လေးကို နှိပ်လိုက်ပါ ဒါဆိုရင် ပြီးပြီ
 
သယ်ချင်းတို့ရဲ့ APK file တွေကို မြင်ရပါပြီ
အောင်ကျော်ခိုင်-ပုသိမ်
www.aungkyaw.com


ကြိုက်သလို Share လုပ် နိုင်ပါသည် (ခွင့်တောင်းစရာမလိုပါ) ကျေးဇူးပြု၍ Like ပေးပါအုံး

အပြန်အလှန် တရားစွဲတဲ့ ဦးခင်ရွှေ နဲ့ ဦးနေမျိုးဝေ

Friday, May 31, 2013

ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေကို အသရေဖျက်မှုဖြင့် တရားစွဲရန်  ဒဂုံမြို့နယ်တရားရုံးက ယနေ့ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက ပြောသည်။

ဦးနေမျိုးဝေ  (ဓာတ်ပုံ - စည်သူ/ဧရာဝတီ)

 
 ဦးနေမျိုးဝေ၊ ဦးဝင်းချို အပါအဝင် ပုဂ္ဂိုလ် ၄ ဦးသည် လူထုကို ထင်ယောင်ထင်မှား ဖြစ်စေရန် လှုံ့ဆော်သူများဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတခုတွင်  ပြောဆိုခဲ့ကြောင်း၊
ထိုပြောဆိုချက်ကို မက်ဆင်ဂျာ ဂျာနယ်တွင် ဖော်ပြခဲ့ကြောင်း၊
ထိုကိစ္စအတွက် အသရေဖျက်မှု ပုဒ်မ၅၀၀ ဖြင့် တရားစွဲခွင့်ရရန် လွန်ခဲ့သည့် နှစ်လကျော်က ဒဂုံမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ရာ ယနေ့ တရားစွဲခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဦးခင်ရွှေကို တရားစွဲခွင့်ရပြီ၊ သူပြောလိုက် တဲ့စကားက လူတွေကို အထင်မှားစေတယ်လေ၊ ဦးတို့ကလည်း လှုံ့ဆော်တဲ့သူ လုံးဝ မဟုတ်ဘူး” ဟု ဦးနေမျိုးဝေက ဧရာဝတီ သို့ပြောသည်။

 ဦးခင်ရွှေသည် ပုဒ်မ ၅ဝဝ နှင့် အမှန်တကယ်ညှိစွန်းခြင်းရှိမရှိကို  လာမည့် ဇွန် ၁၀ ရက် တွင်  ဒဂုံမြို့နယ်တရားရုံးတော်သို့ လူကိုယ်တိုင် သွားရောက်ကာ ထုချေရှင်းလင်းရမည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မေးမြန်းရန် ဦးခင်ရွှေကို တယ်လီဖုန်းဆက် မေးမြန်းသော်လည်း  အဆက်အသွယ် မရရှိသေးပေ။

ဦးခင်ရွှေက ဦးနေမျိုးဝေကို ယခင်က တရားစွဲဆိုဖူးသည်။ ထိုအကြောင်းကို ဧရာဝတီဘလော့ http://blog.irrawaddy.org/2012/08/blog-post_6096.html တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
ဦးခင်ရွှေသည် အာဏာရပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သည်။


.

ဇော်ဂျီ နဲ့ Unicode Font မလိုဘဲ မြန်မလိုဖတ်နိုင်တဲ့Browser 4 MM v1.2 For Android



အခုအသစ်ထွက်တဲ့ Browser လေးကတော့ ဇော်ဂျီ နဲ့ ယူနီကုတ်မရှိလည်း Internet က စာသားတွေကို
မြန်မာလိုကောင်းမွန်စွာဖတ်နိုင်မှာဖြစ်ပါတယ်ဗျာ။ အခု Browser လေးကို 1st Myanmar Group ကရေး
သားထားတာဖြစ်ပါတယ်ဗျာ။ အခု Browser လေးမှာ မြန်မာဖောင့် မမှန်တာတွေလည်း မဖြစ်တော့ပါဘူး
Zawgyi ရော Unicode ကိုပါ support လုပ်တဲ့အတွက် Internet ပေါ်မှာ သတင်းတွေဖတ်သူများအတွက်
အကြိုက်တွေ့စေမှာဖြစ်ပါတယ်ဗျာ။ အခု Browser ကိုအသုံးပြုဖို့အတွက် Root ဖောက်စရာလည်းမလိုပါ
ဘူး။ Android OS 2.2 နှင့်အထက်ဖုန်းများမှာသာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ မြန်မာလိုဖတ်လို့ရတယ်
ဆိုတာက Internet နဲ့ Web Page တွေပေါ်မှာဘဲ ဖတ်လို့ရမှာပါဗျာ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Read more »