This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, October 24, 2013

ဟန်းဆက်များအား အွန်လိုင်းမှ အိမ်အရောက်ဝယ်ယူနိုင်မည့် အစီအစဉ်တစ်ရပ်ဆောင်ရွက်



ဟန်းဆက်များအား ဝက်ဘ်ဆိုက်နှင့် ဖေ့စ်ဘုတ်စာမျက်နှာသို့ ဝင်ရောက်ကာ အိမ်အရောက်ဝယ်ယူနိုင်မည့် အစီအစဉ်တစ်ရပ်ကို စတင်ဆောင်ရွက်လိုက်ကြောင်း သတင်းရရှိသည်။

iPhone, Samsung, Sonyနှင့် Huawei ဖုန်းများကို ဝက်ဘ်ဆိုက်မှတစ်ဆင့် ဝယ်ယူနိုင်ရန် OMS (Online Mobile Showroom) မှ ဆောင်ရွက်လိုက်ကြောင်း အဆိုပါ ဝက်ဘ်ဆိုက်မှ ကိုကျော်ရဲပိုင်ကပြောသည်။ “လောလောဆယ်မှာ ဖုန်းအမျိုးအစားလေးမျိုးကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်း တခြားအမှတ်တံဆိပ်တွေကိုပါ ဝယ်ယူနိုင်ောအင် တိုးချဲ့သွားမှာဖြစ်ပါတယ်” ဟု ကိုကျော်ရဲပိုင်ကပြောသည်။ ရန်ကုန်မြို့တွင်း မှာယူသူများအတွက် အိမ်အရောက်ပို့ဆောင်ပေးမည်ဖြစ်ပြီး ဝန်ဆောင်ခ တစ်စုံတစ်ရာပေးရန်မလိုကြောင်း သိရသည်။

နယ်မှ ဝယ်ယူလိုသူများအတွက် သက်ဆိုင်ရာ ကားဂိတ်အထိသွားရောက် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။ “အိမ်ရောက်မှ ငွေချေပေးတဲ့စနစ်ဖြစ်တဲ့အတွက်ကြောင့် အိမ်ကိုပစ္စည်းလာပို့တဲ့အခါ မိမိဝယ်ယူထားတဲ့ပစ္စည်းဟုတ်မဟုတ် ကြည့်ရှုနိုင်ပြီး ကြိုက်နှစ်သက်မှ ငွေပေးချေရမှာဖြစ်ပါတယ်” ဟု ကိုကျော်ရဲပိုင်က ဆက်လက်ပြောကြားသည်။ ဟန်းဆက်များဝယ်ယူရာတွင် မိမိအသုံးပြုမည့် ငွေပမာဏနှင့် မိမိရယူလိုသော ဖုန်းအမျိုးအစားများကို အွန်လိုင်းမှ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်ဟု ဆိုသည်။ အိမ်တိုင်ရာရောက် အခမဲ့ဝန်ဆောင်မှုပေးနိုင်ခြင်းမှာ အွန်လိုင်းစနစ်ဖြစ်သောကြောင့် ဝန်ထမ်းအများအပြား ခန့်ထားရန်မလိုအပ်ခြင်း၊ ဆိုင်ခန်းငှားရမ်းခနှင့် စည်ပင်အခွန်ပေးဆောင်ရန် မလိုအပ်ခြင်းတို့ကြောင့် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။


www. facebook. com/onlinemobileshowroom နှင့် www.onlinemobileshowroom.omctc.com ဖုန်း- ၀၉-၄၉၆၅၈၄၄၄၊ ၀၉-၄၂၁၇၃၂၈၅၇ တွင် ဆက်သွယ်နိုင်ကြောင်းသိရသည်။ အဆိုပါ ဝက်ဘ်ဆိုက်တွင် ရောင်းချသောပစ္စည်းများမှာ ပင်ရင်းကုမ္ပဏီများမှ တိုက်ရိုက်မှာယူထားသည့် ပစ္စည်းများဖြစ်၍ ပုံမှန်ထက် ဈေးနှုန်းသက်သာခြင်းဖြစ်ကြောင်း၊ အဆိုပါ ဝက်ဘ်ဆိုက်ကို အောက်တိုဘာ ၁၆ ရက်မှ စတင်ကာ လွှင့်တင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းထွန်း
Ref : http://www.myanmarinternetjournal.com

စူပါ မော်ဒယ်များနေ့ အံ့ဖွယ် နို့ဝတ်ရုံ ဓာတ်ပုံ များ ရိုက်ကူး


လန်ဒန် အခြေစိုက် ဓာတ်ပုံပညာရှင် ဂျိုရိုဆလာဝီခရာ ဇိုကီဝါ သည် ဆွဲဆောင်မှု ရှိသော မော်ဒယ် များအား အကျီအ၀တ်အစား များ အစား နို့ဝတ်ရုံများဖြင့် ဓာတ်ပုံရိုက်ကူး ခဲ့သည်။




ref: ပြည်မြန်မာ

ဘရာဇီး ဆေးရုံ တစ်ခု တွင် ညာဘက် ခြေထောက်ကို ဖြတ်ရမယ့် အစား ဘယ်ဘက် ခြေထောက်ကို မှားယွင်းကာ ဖြတ်တောက်မိခဲ့


ဘရာဇီး နိုင်ငံရှိ ရီယိုဒီဂျန်နာရိုဒပီရို အန်းနတ်စတို တက္ကသိုလ် ဆေးရုံတွင် ဆီးချို ရောဂါ ကြောင့် ကျောက်ကပ်ပျက်စီး ထားသည့် လူနာတစ်ဦးကို ...




ref: ပြည်မြန်မာ

Samsung Galaxy Note 3 ဖုန်းများအား အခြားဖုန်းများ၏ ကေဘယ်လ်များနှင့် တွဲဆက်အသုံးပြုခြင်းအား ရှောင်ရှားသင့်


ပြည်တွင်းဈေးကွက်အတွင်းသို့ အသစ်ဝင်ရောက်ထားသော ဖုန်းအမျိုးအစားတစ်ခုဖြစ်သည့် SamsungGalaxy Note 3 ဖုန်းများအား အသုံးပြုရာတွင် အဆိုပါ Note 3 ဖုန်းများအတွက်ထုတ်လုပ်ပေးထားသော ကေ ဘယ်လ်ကြိုးများမှလွဲ၍ အခြားသောဖုန်းများ၏ ကေဘယ်လ်များနှင့် အရေးပေါ်ချိတ်ဆက် အသုံးပြုခြင်းများအား ရှောင်ရှားသင့်ကြောင်း သိရသည်။

Galaxy Note 3 ဖုန်းများ၏ ကေဘယ်လ်စနစ်မှာ Dual Cable စနစ်ပုံစံမျိုးဖြစ်ပြီး Charger ပေါက်နှင့် Data ပေါက်နှစ်မျိုးခွဲခြားထားသော ကေဘယ်လ်ပုံစံမျိုးရှိပြီး ကွန်ပျူတာများတွင် ချိတ်ဆက်အသုံးပြုသော External Hard disk များ၏ကေဘယ်လ်ပုံစံမျိုးနှင့် ဆင်တူသောကေဘယ်လ် အမျိုးအစားများ ဖြစ်ခြင်းကြောင့် အခြားသောအမျိုးအစား မတူညီသည့် ကေဘယ်လ်များနှင့် ချိတ်ဆက်အသုံးပြုမည် ဆိုပါက ဖုန်းအားထိခိုက်နိုင်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ဈေးကွက်အတွင်းရှိ ကျွမ်းကျင်သူများမှပြောသည်။

ယင်းနှင့်ပတ်သက်၍ မိုဘိုင်းဖုန်းဆားဗစ် ကျွမ်းကျင်သူများမှ ပြောပြရာတွင် “Galaxy Note 3 တွေမှာအသုံးပြုထားတဲ့ ကေဘယ်လ်စနစ်ကို အခြားကေဘယ်လ်တွေနဲ့ စမ်းသပ်အသုံးမပြုသင့်ပါဘူး။ Charger ဖုန်းအားသွင်းတာပဲဖြစ်ဖြစ်၊ Data အထည့်အသွင်းလုပ်တာပဲဖြစ်ဖြစ် သူ့မှာပါဝင်တဲ့ Original Cable နဲ့ပဲအသုံးပြုသင့်ပါတယ်။ Note 3 ရဲ့ USB ပေါက်မှာ နှစ်ခြမ်းဖြစ်နေပြီး တစ်ဖက်ခြမ်းဟာ အခြားကေဘယ်လ်တွေနဲ့ ထိုးလိုက်တဲ့အခါမျိုးတွေမှာ ဝင်သွားတတ်ပါတယ်။ အသုံးပြုသူတွေကလည်း ဒါဟာအဆင်ပြေတယ်လို့ယူဆပြီး အသုံးပြုတဲ့သူတချို့က အခြား Cable တစ်ခုနဲ့ အသုံးပြုလိုက်တဲ့ ဖုန်းအချို့မှာ LCD မလာတော့တာတို့၊ အခြား Error တွေဖြစ်သွားတာမျိုးရှိပါတယ်။ အဲဒီလိုဖြစ်လာတဲ့ဖုန်းတွေကို မေးကြည့်လိုက်ရင်ကေဘယ်လ် မတူဘဲထိုးလိုက်လို့ဆိုတဲ့ အဖြေက အသုံးပြုသူတွေဆီကနေ ထွက်လာပါတယ်” ဟုပြောသည်။

Note 3 အသုံးပြုသူများအနေဖြင့် ဖုန်းအတွက်ပါဝင်သော Original ကေဘယ်လ်ကိုသာ အသုံးပြုသင့်ကြောင်း သိရသည်။ ထို့ ပြင် မိမိဖုန်းကေဘယ်လ်မဟုတ်ဘဲ အခြားသောဆင်တူယိုးမှားကေဘယ်လ်များဖြင့် တပ်ဆင်အသုံးပြုခြင်းမှာ မည်သည့်ဖုန်းအမျိုးအစား များအတွက်မဆို အန္တရာယ်ရှိနိုင်ပြီး ဖုန်းများ၏ကေဘယ်လ် စနစ်များမှာ ဖုန်းအမျိုးအစားကိုလိုက်၍ အသုံးပြုစနစ်နှင့် Charger Watt များ မတူညီခြင်းကြောင့် လွဲမှားအသုံးပြုခြင်းများ မပြုလုပ်သင့်ကြောင်း ထပ်မံပြောပြခဲ့သည်။
 
Ref : http://www.myanmarinternetjournal.com

ရေခဲပြင်များကြား နှစ်ပေါင်း ၅၃၀၀ နီးပါး မြုပ်နှံကာ ရုပ်ကြွင်း အဖြစ် ကျန်ရှိနေသော ရေခဲလူသား နှင့် အမျိုးတော်စပ်နေသူ ၁၉ ဦးကို ရှာဖွေတွေ့ရှိ .............................


သြစတြီးယား နိုင်ငံ အနောက်ပိုင်း နှင့် အီတလီ နိုင်ငံ မြောက်ပိုင်း အကြား တည်ရှိသော တိုင်ရော ဒေသမှ ဒေသခံ ၁၉ ဦး သည် ၁၉၉၁ ခုနှစ် ၌ အီတလီ နိုင်ငံ အဲလ်ပ်စ်တောင်တန်း များ ၏ ....



ref: ပြည်မြန်မာ

" အာကာသထဲမှာ လိင်ဆက်ဆံခြင်း ဖြစ်နိုင်/မဖြစ်နိုင်ကို ၂၀၁၈ တွင် သုတေသန ပြုလုပ်မည်ဟုဆို( Sex in Space)"





" အာကာသထဲမှာ လိင်ဆက်ဆံခြင်း ဖြစ်နိုင်/မဖြစ်နိုင်ကို ၂၀၁၈ တွင် သုတေသန ပြုလုပ်မည်ဟုဆို( Sex in Space)"

================
အာကာသထဲမှာ လိင်ဆက်ဆံဖို့ ဆိုတာ ဆီနဲ့ရေ၊ မီးခြစ်နဲ့ ဓာတ်ဆီလိုပဲ အတူ မထားသင့်တဲ့ အရာတွေ၊ လုံခြုံစိတ်ချမှု မရှိ တဲ့အရာလို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။

အာကာသ ထဲမှာ လိင်ဆက်ဆံဖို့ ဆိုတာ ဆီနဲ့ရေ၊ မီးခြစ်နဲ့ ဓာတ်ဆီလိုပဲ အတူ မထားသင့်တဲ့ အရာတွေလို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။ SPACE.com ကလာတဲ့ သတင်းအရ NASA ကအရာရှိတွေက သူတို့ အာကာသ ယာဉ်မှုးတွေ ကြားထဲမှာ ဒီလို ဆက်ဆံတာမျိုး မဖြစ်ပေါ် ခဲ့ဖူးပါဘူး ဆိုတာကို လက်ခံခဲ့ ကြပါတယ်။ ဒါပေမယ့် Inspiration Mars Foundation က၂၀၁၈ ခုနှစ်မှာ လက်ထပ်ပြီး စုံတွဲတစ်တွဲကို Mars ကို ၅၀၁ရက်ကြာ mission တစ်ခုအတွက် ပို့မယ် ဆိုတဲ့ လတ်တလော ထုတ်ပြန်ချက် တစ်ခုက ပထမဆုံး အာကာသမှာ လိင်ဆက်ဆံခြင်း ဖြစ်လာ နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလိင်ဆက်ဆံခြင်းက စိတ်ချ ရပါ့မလား။ University of Massachusetts ရဲ့ Medical School က biologist တစ်ယောက် ဖြစ်တဲ့ Athena Andreadis ကဆွဲငင်အား မရှိတဲ့ zero gravity မှာလိင်ဆက်ဆံဖို့ ဆိုတာ အရမ်းခက်ခဲ ပါတယ်။ သင့်မှာ ဆွဲငင်အားလည်း မရှိဘဲ နံရံကို ဆန့်ကျင်ပြီး တွန်းတိုက် နေမှာပါ။ ပွတ်တိုက်အား မရှိသလို ခံနိုင်အားလည်း မရှိတာ ကြောင့်ပါလို့ ဆိုပါတယ်။ ဒီလို သဘာဝကို ဆန့်ကျင်တဲ့ အခက်အခဲ တွေကြောင့် ကိစ္စပြီးမြောက်ဖို့ ခက်ခဲတဲ့ အပြင် ဒီအာကာသ ထဲမှာ ကလေးမွေးဖို့ ဆိုတာ ကလည်း အင်မတန်ကို အန္တရာယ် များတဲ့ အလုပ်ပါလို့ ပြောပါတယ်။


ဒီလို ဆွဲငင်အား နည်းတဲ့၊ မရှိသလောက် အခြေအနေ မျိုးမှာ ကလေးက သားအိမ်ပြင်ပမှာ သားတည်တာမျိုး (Ectopic pregnancy) လိုအန္တရာယ် များတဲ့ အဖြစ်အပျက်တွေ ဖြစ်နိုင်ချေ ရှိပါတယ်။ ပြီးတော့ ကမ္ဘာ့လေထုရဲ့ အကာအကွယ် မရှိတာကြောင့် ဓာတ်ရောင်ခြည် သင့်တာတွေက ကလေးတွေမှာ အထိအခိုက် အဖိတ်အစဉ် ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်လို့  "Sex in Space" စာအုပ်ကို ရေးသားခဲ့တဲ့ Laura Woodmansee ကဆိုပါတယ်။ သူမက ဒီစာအုပ်ကို Sally Ride နဲ့ Shannon Lucid တို့ကို အမျိုးသမီး အာကာသ ယာဉ်မှုးတွေ တွေ့ကြုံရတဲ့ အခက်အခဲတွေကို အင်တာဗျူး ပြီးနောက်မှာ ရေးဖြစ် ခဲ့တာပါ။ သူမက လူသားတွေရဲ့ အာကာသကို လေ့လာစူးစမ်းမှု နောက်တစ်ဆင့် ကဘာဖြစ်မလဲ ဆိုတာ သိချင်နေ ပါတယ်။ အဲ့ကတည်းက အာကာသကို လေ့လာနေတဲ့ ဘယ်အဖွဲ့အစည်း မဆို ကမ္ဘာဂြိုဟ်ရဲ့ ပြင်ပက မျိုးပွား ဆက်ဆံမှုတွေ အကြောင်းကို တိုင်ပင် လေ့လာ သင့်တယ်လို့ ခံစားမိပါတယ်။ ရိုးရိုးလေး ပါပဲ။ တခြားနေရာကို မ၀င်ရောက်ခင် ဘာတွေ ဖြစ်မလဲ ဆိုတာကို သေချာ သိသင့်ပါတယ်။ ဒီအကျိုးဆက်က ကျွန်မတို့ တင်မက နောက်မျိုးဆက်တွေ ပေါ်မှာပါ သက်ရောက်မှုတွေ ရှိနိုင်တာ ကြောင့်ပါလို့ သူမက ထပ်ပြောပါတယ်။


Source - Live Science, Images from Gizmodo, iowntheworld
mymclub

အာကာသ ထဲမှာ လိင်ဆက်ဆံဖို့ ဆိုတာ ဆီနဲ့ရေ၊ မီးခြစ်နဲ့ ဓာတ်ဆီလိုပဲ အတူ မထားသင့်တဲ့ အရာတွေလို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။ SPACE.com ကလာတဲ့ သတင်းအရ NASA ကအရာရှိတွေက သူတို့ အာကာသ ယာဉ်မှုးတွေ ကြားထဲမှာ ဒီလို ဆက်ဆံတာမျိုး မဖြစ်ပေါ် ခဲ့ဖူးပါဘူး ဆိုတာကို လက်ခံခဲ့ ကြပါတယ်။

ဒါပေမယ့် Inspiration Mars Foundation က၂၀၁၈ ခုနှစ်မှာ လက်ထပ်ပြီး စုံတွဲတစ်တွဲကို Mars ကို ၅၀၁ ရက်ကြာ mission တစ်ခုအတွက် ပို့မယ် ဆိုတဲ့ လတ်တလော ထုတ်ပြန်ချက် တစ်ခုက ပထမဆုံး အာကာသမှာ လိင်ဆက်ဆံခြင်း ဖြစ်လာ နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလိင်ဆက်ဆံခြင်းက စိတ်ချ ရပါ့မလား။ University of Massachusetts ရဲ့ Medical School က biologist တစ်ယောက် ဖြစ်တဲ့ Athena Andreadis ကဆွဲငင်အား မရှိတဲ့ zero gravity မှာလိင်ဆက်ဆံဖို့ ဆိုတာ အရမ်းခက်ခဲ ပါတယ်။ သင့်မှာ ဆွဲငင်အားလည်း မရှိဘဲ နံရံကို ဆန့်ကျင်ပြီး တွန်းတိုက် နေမှာပါ။ ပွတ်တိုက်အား မရှိသလို ခံနိုင်အားလည်း မရှိတာ ကြောင့်ပါလို့ ဆိုပါတယ်။ ဒီလို သဘာဝကို ဆန့်ကျင်တဲ့ အခက်အခဲ တွေကြောင့် ကိစ္စပြီးမြောက်ဖို့ ခက်ခဲတဲ့ အပြင် ဒီအာကာသ ထဲမှာ ကလေးမွေးဖို့ ဆိုတာ ကလည်း အင်မတန်ကို အန္တရာယ် များတဲ့ အလုပ်ပါလို့ ပြောပါတယ်။


ဒီလို ဆွဲငင်အား နည်းတဲ့၊ မရှိသလောက် အခြေအနေ မျိုးမှာ ကလေးက သားအိမ်ပြင်ပမှာ သားတည်တာမျိုး (Ectopic pregnancy) လိုအန္တရာယ် များတဲ့ အဖြစ်အပျက်တွေ ဖြစ်နိုင်ချေ ရှိပါတယ်။ ပြီးတော့ ကမ္ဘာ့လေထုရဲ့ အကာအကွယ် မရှိတာကြောင့် ဓာတ်ရောင်ခြည် သင့်တာတွေက ကလေးတွေမှာ အထိအခိုက် အဖိတ်အစဉ် ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်လို့ "Sex in Space" စာအုပ်ကို ရေးသားခဲ့တဲ့ Laura Woodmansee ကဆိုပါတယ်။ သူမက ဒီစာအုပ်ကို Sally Ride နဲ့ Shannon Lucid တို့ကို အမျိုးသမီး အာကာသ ယာဉ်မှုးတွေ တွေ့ကြုံရတဲ့ အခက်အခဲတွေကို အင်တာဗျူး ပြီးနောက်မှာ ရေးဖြစ် ခဲ့တာပါ။ သူမက လူသားတွေရဲ့ အာကာသကို လေ့လာစူးစမ်းမှု နောက်တစ်ဆင့် ကဘာဖြစ်မလဲ ဆိုတာ သိချင်နေ ပါတယ်။ အဲ့ကတည်းက အာကာသကို လေ့လာနေတဲ့ ဘယ်အဖွဲ့အစည်း မဆို ကမ္ဘာဂြိုဟ်ရဲ့ ပြင်ပက မျိုးပွား ဆက်ဆံမှုတွေ အကြောင်းကို တိုင်ပင် လေ့လာ သင့်တယ်လို့ ခံစားမိပါတယ်။ ရိုးရိုးလေး ပါပဲ။ တခြားနေရာကို မ၀င်ရောက်ခင် ဘာတွေ ဖြစ်မလဲ ဆိုတာကို သေချာ သိသင့်ပါတယ်။ ဒီအကျိုးဆက်က ကျွန်မတို့ တင်မက နောက်မျိုးဆက်တွေ ပေါ်မှာပါ သက်ရောက်မှုတွေ ရှိနိုင်တာ ကြောင့်ပါလို့ သူမက ထပ်ပြောပါတယ်။


Source - Live Science, Images from Gizmodo, iowntheworld
mymclub

မိန်းကလေးတွေမှာ ထင်ရှားတဲ့ မှဲ့(၇)မျိုး

တစ်နေ့သ၌ ကျွန်ုပ်သည် တစ်စုံတစ်ခုသော ကိုယ်ရေးကိုယ်တာ ပြဿနာအနည်းငယ်ကြောင့် မဟာချိုင်နေဝစ်ရှိ ကျွန်ုပ်၏အခန်းနှင့် မနီးမဝေးတွင်ရှိသော ဝပ်ခုပ်ဟုမည်တွင်သော ဘုရားသို့ ထွက်လာခဲ့၏။ ဝပ်ခုပ်ဘုန်းကြီး ကျောင်းသည် ချောင်းကမ်းပါးဘေးတွင် ရှိလေ၏။ ထိုချောင်းကမ်းဘေးနားတွင် ထိုင်ခုံကလေးများလည်း ချထားလေ၏။ လှမ်းကြည့်လိုက်သောအခါတွင် ချောင်းလေးထဲတွင် ဗေဒင်ပန်းများသည် ဦးတည်ရာမဲ့ မျောပါနေလေ၏။ ကျွန်ုပ်၏ စိတ်အစဉ်သည်လည်း ဥိးတည်ရာမဲ့ မျှောပါနေသော ဗေဒါပန်းများကဲ့သို့ ဟိုမှဒီမှ လွင့်မျောနေလေတော့၏။ကျွန်ုပ်သည် ချောင်းကမ်းလေးဘေးနားတွင် ထိုင်နေရင်းနှင့် ပါးစပ်ထဲတွင် ခံတွင်းချဉ်လာသောကြောင့် အသင့်ပါလာသော KRONG THIP ဆေးလိပ်ဗူးထဲမှ ဆေးလိပ်တစ်လိပ်ကို ထုပ်ယူ၍ အားရပါးရ မီးညှိရှိုက်ဖွာ လိုက်၏။ ထို့နောက် ပါးစပ်ထဲမှ ထွက်လာသော မီးခိုးများကို ကောင်းကင်ပေါ်သို့ မှုတ်ထုပ်လိုက်ရင်း ကောင်းကင်ကို အမှတ်မထင် မော့ကြည့်လိုက်မိလေ၏။ ကမ်းနဘေး ဓာတ်တိုင်ပေါ်တွင် ငှက်ကလေးနှစ်ကောင်သည် တစ်ကောင်နှင့် တစ်ကောင် ကြည်စယ်နေကြလေ၏။ ကမ်းနဘေး ပန်းပင်လေးများပေါ်တွင်လည်း လိပ်ပြာလေးများသည် ဟိုမှဒီမှ ပြန်ဝဲနေလေ၏။ လောကကြီးသည် ပကတိ တိပ်ဆိတ်နေ၏။

ကျွန်ုပ်သည် ဆေးလိပ်များကို တစ်လိပ်ပြီးတစ်လိပ် မီးညှိရိုက်ဖွာနေမိ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ နောက်ကွယ်မှ ဆရာ တစ်ယောက်တည်းလားဟူသော အသံကို ကြားသဖြင့် လှည့်ကြည့်လိုက်ရာ ကျွန်ုပ်ထံတွင် ဗေဒင်မေးဘူးသော မှဲ့ကြီးနှင့် အမျိုးသမီးကို တွေ့လိုက်ရလေ၏။ သူမ၏ အမည်ရင်းမှာ မဝါဝါဟူ၍ ဖြစ်လေ၏။ သို့သော် သူမ၏ ညာဘက်အောက်မျက်ခမ်းတွင် လက်သဲခွံခန့် မှဲ့နက်ကြီးတစ်လုံး ထင်းထင်းကြီး ရှိနေသောကြောင့် ကျွန်ုပ်သည် ထိုမှဲ့နက်ကြီးကို မှတ်ထားခြင်းဖြစ်လေ၏။

ဆရာ ကမ်းနဖူးမှာ တစ်ယောက်တည်း ဘာတွေလာဆွေးနေတာလဲ။ ဧကန္တ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိန်းမနဲ့ ကလေးကို လွမ်းနေတာမဟုတ်လားဟု မေးရင်း ကျွန်ုပ်နှင့် မလှမ်းမကမ်းတွင် ထိုင်လေတော့၏။ ထိုအခါ ကျွန်ုပ်က မဝါရယ် ခင်ဗျား ထိုင်ချင်ရင် ဟိုးခပ်ဝေးဝေးမှာ သွားထိုင်ပါ။ တော်ကြာ ခင်ဗျားနဲ့ ပါတ်သက်တဲ့ တစ်ယောက်ယောက်က မြင်သွားရင် အထင်လွဲနေပါ့ဦးမယ်ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေရာ မဝါက ဆရာရယ် အခု ပါတ်သက်တဲ့လူလည်း မရှိတော့ပါဘူး။ ဟိုတလောကမှ သူ အိမ်ပေါ်က ဆင်းသွားတာလေ။ ကျွန်မလည်း ယောက်ျားတွေကို စိတ်နာလို့ ပြန်မရှာတော့ဘူး။ အခုလောလောဆယ်တော့ ကျွန်မ တစ်ယာက်တည်းပဲ နေတယ်။ အဲဒီတော့ ကျွန်မကလည်း တစ်ယောက်တည်းသမား ဆရာကလည်း တစ်ယောက်တည်းသမားဆိုတော့ နှစ်ယောက်ပေါင်း ဘဝတစ်ခု တည်ဆောက်လိုက်ရရင် မကောင်းဘူးလား ဟု ပြန်၍ နောက်လေတော့၏။ ထိုအခါ ကျွန်ုပ်က...

မဝါရယ် ခင်ဗျားမလည်း ယောက်ျားတွေကို စိတ်နာတယ် စိတ်နာတယ်နဲ့ အခု လင်ယူတာ ဘယ်နှစ်ယောက် တောင်ရှိပြီလဲဟု မေးလိုက်လေရာ မဝါက အာ...ဆရာကလည်း အခုမှ လေးယောက်ပဲ ရှိပါသေးတယ်ဟု ပြန်ပြောလေ၏။ ကျွန်ုသည် ယောက်ျားတစ်ယောက်ပြီး တစ်ယောက် အပစ်ခံရသော ထိုမိန်းကလေးအား အပစ်မမြင်ရက်ပေ။ မကောင်းသော မိန်းကလေးဟုလည်း မထင်ရက်ပေ။ ဘဝကို ပေါ့ပေါ့တန်တန် ထားသော ပေါ့ပျက်ပျက် မိန်းကလေးတစ်ဦးဟုလည်း မသတ်မှတ်ပေ။ အဘယ်ကြောင့်ဆိုသော ထိုမဝါဆိုသော မိန်းကလေးသည် ဘာသာတရားအင်မတန် ကိုင်းရိုင်းပြီး မိဘဆရာသမား လူကြီးသူမများကို အလွန်းရိုသေ တတ်သူဖြစ်ကြောင်းကို ကျွန်ုပ် ကောင်းစွာ သိထားသောကြောင့်ပင် ဖြစ်၏။

သူမသည် မကြာခဏဆိုသလို ကျွန်ုပ်ထံတွင် အဓိဋ္ဌာန်များကို လာလာတောင်းဘူး၏။ ကျွန်ုပ်ကလည်း အဓိဋ္ဌာန်များကို မကြာခနဆိုသလို လမ်းညွန်ဘူး၏။ သူမသည် အင်မတန် ခက်ခက်ခဲခဲ ဝင်ရသော (၄၉) ရက် အဓိဋ္ဌာန်များကိုပင် အလုပ်တစ်ဖက်နှင့် မပျက်အောင် ကြိုးစားဝင်သူဖြစ်လေ၏။ တရားပွဲတိုင်းတွင်လည်း သဒ္ဓါတရား ရက်ရက်ရောရောဖြင့် အလှူဒါနကို ပြုသူဖြစ်၏။ သာရေးနာရေးများတွင်လည်း တစ်ညလုံး အိပ်ရေးပျက်ခံ၍ ကူညီလုပ်ကိုင်ပေးတတ်သူလည်း ဖြစ်လေ၏။ ထိုမျှလောက် သဘောမနောကောင်းသော မဝါဆိုသော အမျိုးသမီးတွင် အပြစ်ပြောစရာဟူ၍ ညာဘက်မျက်လုံးအောက်ရှိ မှဲ့နက်ကြီးတစ်လုံးနှင့် ယူသမျှ ယောက်ျားများက ပစ်သွား၍ တစ်ခုလပ်မက လေးခုလပ် ဖြစ်နေသော အချက်သာ ရှိလေ၏။

ထို့နောက် မဝါက ဒီမှာဆရာရဲ့။ ကျွန်မကလည်း ယောက်ျားတွေ တစ်ယောက်ပြီးတစ်ယောက် ယူချင်လို့ ယူနေတယ် ထင်လို့လား။ နောက်ပြီး ကျွန်မကလည်း လင်တစ်ယောက်ပြီးတစ်ယောက် ကွဲချင်လို့ ကွဲနေတယ် ထင်လို့လားဆရာ။ အမှန်အတိုင်း ပြောရရင် ကျွန်မလည်း သူများမိသားစုတွေလို စည်းစည်းလုံးလုံး အေးအေးချမ်းချမ်း နေချင်တာပေါ့။ ဒါပေမယ့်ဆရာရယ် ... ကျွန်မကံကိုက လင်ပစ်မယ့် ကံဇာတာပါလာသလား မှ မသိတာ။ နောက်ပြီး ကျွန်မစိတ်ထင် ကျွန်မရဲ့ မျက်ရည်ခံမှဲ့ကြောင့် ဖြစ်တယ်ထင်တယ်ဟု ပြောလေ၏။

ကျွန်ုပ်လည်း ဆေးလိပ်တစ်လိပ်ကို ထုပ်ယူမီးညှိ့ ရှိုက်ဖွာလို်က်ရင်း ဒီလို မဝါရဲ့။ မိန်းကလေးတွေမှာ ထင်ရှားတဲ့ မှဲ့(၇)မျိုးရှိတယ်လို့ မှဲ့နဲ့ပါတ်သက်တဲ့ ကျမ်းတွေမှာဆိုတယ်။ အဓိက မှဲ့တွေပေါ့ဟာ။ အဲဒီ မှဲ့ (၇)မျိုးက ဘာတွေလည်းဆိုတော့ ....

    ရတနာဆံကျစ်လို့ ခေါ်တဲ့မှဲ့ရယ်။
    ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ်။

    မျက်ရည်ခံမှဲ့ရယ် (ဘယ်ဘက်)
    မျက်ရည်ခံမှဲ့ (ညာရယ်)

    နှုတ်တဆိတ်ဆိုတဲ့ မှဲ့ရယ်။
    ရွှေပိတုန်းစုပ်ဆိုတဲ့ မှဲ့ရယ်။
    စံပယ်တင်(ညာဘက်) မှဲ့ရယ်ဆိုပြီး အမျိုးသမီးတွေအတွက် အထင်ကရ မှဲ့ (၇)မျိုးရှိတယ်။


အဲဒီမှာ ရင်ဘတ်အလယ်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို ရတနာရွှေအိုးလို့ ခေါ်တယ်။ အဲဒီမှဲ့ ရှိတဲ့ အမျိုးသမီးတွေဟာ များသောအားဖြင့် ကြွယ်ဝချမ်းသာလေ့ရှိတယ်။ နာမည်ဂုဏ်သတင်း ကျော်ကြားတတ်တယ်။ နောက်ပြီး သူတို့တွေဟာ အလုပ်ဌာနတွေမှာ အကြီးအကဲ ခေါင်းဆောာင်ဖြစ်လေ့ရှိတယ်။ သူတို့တွေဟာ ဆင်းရဲရင်လဲ ခဏပဲ။ ဆင်းရဲတွင်းတဲ ကျနေရင်လည်း ခဏပဲ။ မုချ ကြီးပွားချမ်းသာမယ့်သူတွေ ဖြစ်တယ်။ အဲဒီလို ရတနာရွှေအိုး မှဲ့ပါနေတဲ့ အမျိုးသမီးတွေဟာ ကျော်နီ၊ ပတ္တမြား၊ စိန်၊ နှစ်သက်ရာ တစ်ခုခုကို လက်သူကြွယ်မှာ ဝတ်ဆင်ထားရင် ထူးထူးခြားခြား ကံမြင့်မားမယ်။

နောက်တစ်ခုက နဖူးရဲ့ ဘယ်ဘက်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုကျတော့ ရတနာဆီမီးထွန်းလို့ခေါ်တယ်။ အဲဒီလို မှဲ့ရှိတဲ့ အမျိုးသမီးတွေကြတော့ ပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာကြတယ်။ အိမ်ထောင်ဘက်ကောင်းနဲ့ ဆုံတွေ့နိုင်ကြတယ်။ နောက်ပြီး သားကောင်း သမီးကောင်းတွေ ထွန်းကားကြတယ်။ ပြောရရင်တော့ မိဘထက်မြတ်တဲ့ သားသမီးတွေ နောက် ထင်ပေါ်ကျော်ကြားတဲ့ သားသမီးရတနာတွေကို ဖွားမြင်နိုင်ကြတယ်။ ဘာသာရေးဆိုရင်လည်း အရမ်း စိတ်ဝင်စားလေ့ရှိတယ်။ တစိုက်မတ်မတ် လုပ်လေ့ရှိတယ်။ ဒီဘဝတွင် ဘာသာတရားလိုက်စားမယ်ဆိုရင် တရားထူးတရားမြတ် တောင်ရနိုင်တယ်လို့ ဆိုတယ်။

နောက်တစ်မျိုးက ဘယ်ဘက်မျက်ခန်းနဲ့ အထက်နှုတ်ခမ်းကြား ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို မျက်ရည်ခံမှဲ့လို့ ခေါ်တယ်။ ဘယ်လောက်ပဲ ငွေကြေးတွေ စီးစိမ်ဥစ္စာတွေ ပြည့်စုံနေပေမယ့် စိတ်ဆင်းရဲရတတ်တယ်။ သောကများမယ်။ ငယ်စဉ်ကလေးဘဝ ကတည်းက ကြမန်းတမ်းတဲ့ ဘဝခရီးကို အကွေ့အကောက်များစွာနဲ့ ဖြတ်သန်းရတတ်တယ်။ နောက်ပြီး အိမ်ထောင်ဆက်လဲ များတတ်တယ်။ သူတို့တွေဟာ အနက်ရောင်ဆိုရင် လုံးဝ မဝတ်သင့်ဘူး။ ရှောင်သင့်တယ်။ ကျောက်စိမ်းကိုလည်း မဝတ်သင့်ဘူး။ စိန်၊ ဥဿဖယား၊ ပုလဲစတဲ့ ရတနာတစ်ခုခုကို ကိုယ်နဲ့မကွာ ဝတ်ထားသင့်တယ်။

နောက်မှဲ့တစ်မျိုးကိုကြတော့ ညာဘက်အောက်မျက်ခမ်းနဲ့ အထက်နှုတ်ခမ်းကြားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် မျက်ရည်ခံကြီး လို့ ခေါ်တယ်။ သူတို့ရဲ့ ဘဝတစ်လျှောက် ဆုံးရှုံးမှု့ကြီး များစွာနဲ့ ကြုံတွေ့ရတတ်ပြီး အသက်ကြီးတဲ့အချိန်မှာ ဆင်းရဲဒုက္ခရောက်ရတတ်တယ်။ မမျှော်လင့်ပဲ ခင်ပွန်းသည် သေဆုံးတတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်တတ်တယ်။ အဲဒီမျက်ရည်ခံမှဲ့ကြီး ရှိတဲ့ အမျိုးသမီးတွေဟာ ဘာသာတရားကို အထူးလိုက်စားပြီး ကိုယ်ကျင့်တရား အထူးကောင်းမွန်အောင် နေထိုင်ရမယ်။ ကုသိုလ်ကောင်းမှု တရစပ်ပြုလုပ် ဆောင်ရွက်ရမယ်။ အကျင့်သီလကို အကောင်းဆုံး ဖြစ်အောင် နေထိုင်ရမယ်။ မွေးနေ့တိုင်း ပန်းဆီမီး ရေချမ်း ကပ်လှူပူဇော်သင့်တယ်။ စိန်၊ ဥဿဖယား လက်ဝတ်ရတနာတို့ကို ဝတ်ဆင်ဆောင်ထားသင့်တယ်။

နောက်မှဲ့တစ်မျိုးကိုကြတော့ နှုတ်တဆိတ် လို့ ခေါ်တယ်။ ဘယ်ဘက်ပါးပြင် ပါးစပ်နားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို နှုတ်တဆိတ် လို့ခေါ်တယ်။ အဲဒီမှဲ့ ပိုင်ရှင်တွေဟာ စကားပြောအတော် ပြေပြစ်တယ်ကြတယ်။ ချိုသာကြတယ်။ စကားပြောပရိယာယ် ကြွယ်ဝတယ်။ မူယာမာယာ များတတ်ကြတယ်။ အသိသာဆုံးက ယောက်ျားများ၏ ချစ်ခင်မှု့ စွဲလန်းမှု့များ ရလေ့ရှိတယ်။ အဲဒီမှဲ့ ပိုင်းရှင်များဟာ စိန်ရယ် မြရယ် ပြောင်ခေါင်းစိမ်းရတနာတို့ကို ဝတ်ဆင်သင့်တယ်။ အနီရောင်ပန်းပွင့်များကို မကြာခဏဆိုသလို ဘုရားကို ကပ်လှူပေးရင် ကံဇာတာပိုပြီး မြင့်မားစေတယ်။

နောက်မှဲ့တစ်မျိုးက ရွှေပိတုန်းစုပ် လို့ ခေါ်တယ်။ ညာဘက်ပါးပြင် ပါးစပ်နားတွင် ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ပေါ့။ ချစ်ခင်နှစ်သက်သူများ ဝန်းရံနေတယ်။ မာယာပရိယာယ် ကြွယ်ဝပြီးတော့ လူချစ်လူခင် အားကြီးများတယ်။ စန်းပွင့်တယ်။ အိမ်ထောင်ဘက် အမျိုးသား၏ အကျိုးကျေးဇူးကို ခံစားရတယ်။ အဖြူရောင် အစိမ်းရောင် ရတနာမှန်သမျှ ဝတ်ဆင်သင့်တယ်။ ပုလဲတစ်မျိုးကို တော့ လုံးဝ ရှောင်ထားသင့်တယ်။

နောက်ဆုံးတစ်မျိုးကတော့ စံပယ်တင်မှဲ့လို့ ခေါ်တယ်။ ဘယ်ဘက် ပါးပြင်မို့မို့မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ကို ခေါ်တယ်။ သူတို့တွေဟာ နာမည်ကျော်ကြားထင်ရှားမယ်။ လူတစ်ဦးကို အလွယ်တကူ နှစ်သက်တတ်တယ်။ ကိုယ့်အပေါ်ကို အိမ်ထောင်ဘက်က ချစ်ခင်အောင် စွဲလန်းအောင် အမျိုးမျိုး ဆောင်ရွက်လေ့ရှိတယ်။ သူတို့တွေရဲ့ အချစ်ရေးတွေမှာတော့ အမြဲတမ်းဆိုသလို နှစ်မျိုးနှစ်ခွ ကြုံရလေ့ရှိတယ်။ သူတို့တွေအတွက် အကောင်းဆုံး အဆောင်ကတော့ ပန်းပွင့်ပုံလည်ဆွဲတန်ဆာ ကို ရွှေနဲ့ လုပ်ပြီး ဆောင်ထားသင့်တယ်။ အဖြူရောင် ကျောက်မျက်ရတနာ မျိုးစုံနဲ့ သင့်မြတ်တယ်။

ကျွန်ုပ်သည် အထက်ပါအတိုင်း မဝါအား အမျိုးသမီးများတွင် ထင်ရှားသော မှဲ့(၇)မျိုး အကြောင်းကို ပြောပြလိုက်ပြီးလျှင် ဆေးလိပ်တစ်လိပ်ကို မီးညှိရှိုက်ဖွာလိုက်၏။ ထို့နောက် မီးခိုးများကို ကောင်းကင်သို့ မှုတ်ထုတ်လိုက်၏။ ထိုအခါ မဝါက ဒါဆိုရင် ကျွန်မယောက်ျားတွေက တစ်ယောက်ပြီးတစ်ယောက် ကျွန်မကို ပစ်ထားခဲ့တာ ဒီမျက်ရည်ခံ မှဲ့ကြီးကြောင့် ဖြစ်မယ်ဟု သူမ၏ အထင်ကို ပြန်ပြောပြလေ၏။ ထိုအခါ ကျွန်ုပ်က ဒါဆိုရင် မဝါရယ် အဲဒီမှဲ့ကြီးကို ကိုးရီးယားနည်းပညာနဲ့ သွားပြီး ရှင်းပစ်လိုက်ပါလားဟု ကျွန်ုပ်က ပြောလိုက်လေရာ မဝါက...

မလုပ်ပါနဲ့ ဆရာရယ်။ သဘာဝဟာသဘာဝပဲ ကောင်းပါတယ်။ သဘာဝကို ပြန်လည်ပြင်ဆင်တာ မကောင်းဘူးထင်ပါတယ်။ အဲဒီတော့ဆရာရယ် အခုလည်း ကျွန်မနဲ့ ဆရာလည်း သဘာဝအတိုင်း လူလွတ်ချင်း တစ်အိုးတစ်အိမ် ထူထောင်လိုက်ရင် မကောင်းပေဘူးလားဟု ပြန်နောက်လေတော့၏။ ထိုအခါ ကျွန်ုပ်က သဘာဝတရားကြီးကို ဒီအတိုင်းထားတာ ကောင်းပေမယ့် နင်နဲ့ငါနဲ့ တစ်အိုးတစ်အိမ် ထူထောင်တာတော့ မပါဘူးဟာ။ အဲဒီတော့ သဘာဝအတိုင်း အချိန်တန်အိမ်ပြန်ကြစို့ဟု နှုတ်ဆက်ရင်း မဟာချိုင်နေဝစ်ရှိ ဝပ်ခုပ်ဘုရားမှ လမ်းခွဲ၍ ပြန်လာလေတော့သတည်း။



  • ဆရာဟိန်းတင့်ဇော်ရဲ့ ခွင့်ပြုချက်နဲ့ သူ့ရဲ့ အွန်လိုင်းစာမျက်နှာ www.heintinzaw.com ကနေ ကူးယူ ဖော်ပြပါတယ်။


.