This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, May 21, 2013

Firefox ကိုပိုပြီးမြန်စေမယ့် Add-on တစ်ခု


မင်္ဂလာပါဗျာ..ကျွန်တော် firefox အကြောင်းလေးနည်းနည်းဆွေးနွေးချင်လို့ပါ..
အကြောင်းကတော့ဗျာ Firefox ကို မြန်နှုန်းမြှင့်ချင်တာပါ.
.ဒိီလောက်မြန်တဲ့ဟာကိုထပ်မြှင့်ချင်သေးသလားဆိုတော့
မတက်နိုင်ဘူးဗျာ ကလိချင်တာကိုး
နည်းလမ်းတွေအများကြီးတွေ့မိပေမယ့်ခုတွေ့မိတဲ့
နည်းလမ်းလေးကိုတော့သဘောကျမိတယ်
 ..လွယ်တာကိုး
ပြီးတော့အဟုတ်လည်းမြန်သွားတယ်ဗျာ..
လုပ်ပုံလေးကနည်းနည်းလေးပါ.
.စလိုက်ရအောင်
https://addons.mozilla.org/en-US/firefox/addon/tweak-network/
အဲ့ဒီလင့်လေးကိုသွားလိုက်ပါ..




အခုလိုပုံထဲကအတိုင်းတွေ့ရပါမယ် add to firefox ဆိုတာလေးကိုနှိပ်လိုက်ပါ..ဒေါင်းလုပ် လုပ်ပါလိမ့်မယ်..
လုပ်ပုံလုပ်နည်းကိုတော့အဲ့ဒီစာမျက်နှာမှာဖတ်ပြီးတော့လည်းလုပ်နိုင်ပါတယ်..

ဒီမှာလည်းကျွန်တော်နည်းနည်းရှင်းပြထားပေးပါမယ်..



ဒေါင်းပြီးရင် အင်စတောချပေးလိုက်ပါ..ပြီးရင် firefox ကို restart ချခိုင်းပါမယ် လုပ်ပေးလိုက်ပါ..ပြီးရင်တော့..



tools ကိုနှိပ်ပါ..Tweak Network setting ကိုနှိပ်ပါ..


သတိပေးစာမျက်နှာတစ်ခုကျပါမယ် အိုကေကိုနှိပ်ပေးလိုက်ပါ..သူကတော့အကျိုးအပြစ်ကိုပြောထားတာပါ..
ကိုယ်မကြိုက်ရင်လည်း Default ပြန်ထားနိုင်ပါတယ်တဲ့ အဲ့ဒီတော့ဆက်ကလိကြည့်ကြစို့..ဒါမှလည်းသိမယ်လေ
ဟုတ်လား


 
အခုပုံလေးကတော့ add on စာမျက်နှာကsetting ချိန်ထားပုံနဲ့ကျွန်တော်တို့စက်ရဲ့ setting ချိန်ပုံကိုယှဉ်ပြထားတာပါ..
1,2,3,4,5, အစဉ်တိုင်းလုပ်သွားလိုက်ပါ..ဒီမှာတစ်ခုကွာခြားချက်လေးတွေ့ရှိပါတယ်..
ကျွန်တော့်ဆီမှာ စက်တင် ချိန်ပြီး apply နှိပ်လိုက်တဲ့အခါ max connections:256 ဖြစ်သွားပါတယ်..
အဲ့ဒါလေးတော့ကျွန်တော့ဘက်ကပြောင်းသွားတယ် ဒါပေမယ့်အိုကေပေးလိုက်တယ်
 ပြီးတော့ Firefox ကိုသာမာန်ထက်လေးစေမယ့်စာမျက်နှာတွေကိုဖွင့်ပြီးစမ်းသပ်ကြည့်လိုက်တဲ့အခါ.......................
အဖြေသိချင်ရင်ကိုယ်တိုင်သာကလိကြည့်လိုက်ပါ..မကြိုက်ရင် DEFAULT ကိုပြန်ထားနိုင်ပါတယ်..

                                                 Credit:http://thetnainglin.blogspot.com

သားဖြစ်သူနှင့် အိပ်ခဲ့သည့်ဆရာမထံက ဒေါ်လာ ၁၀ သန်းလျှော်ကြေးရလိုကြောင်း မိခင်တရားစွဲ


သားဖြစ်သူနှင့် အတူအိပ်စက်ခဲ့သည့် ဆရာမတစ်ဦးကို ဥပဒေကြောင်းအရ လျှော်ကြေးအဖြစ် ဒဏ်ငွေ ဒေါ်လာ ၁၀ သန်းရလိုကြောင်း တရားစွဲသည့်ဖြစ်ရပ်တစ်ခု အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်ရှိ ဘရွတ်ကလင်းမြို့ တွင် ဖြစ်ပွားခဲ့သည်။
အသက် ၁၆ နှစ်အရွယ် ကျောင်းသားလူငယ်ကို ဖျားယောင်းသိမ်းသွင်းပြီး အတူအိပ်စက်ခဲ့သည့်
ဆရာမသည် ဘရွတ်ကလင်းအရပ်ရှိ ဂျိမ်းစ် မက်ဒီဆင် အထက်တန်းကျောင်းမှဖြစ်ပြီး အီရင် ဆေယာ ဆိုသူ ဖြစ်သည်။ မိခင် ဖြစ်သူ မော်ရင်း အန်းက မိမိသား ကီဗင်သည် ဆရာမကြောင့် ကလေးဘဝ ပျက်စီးသွားခဲ့ရသဖြင့် နစ်နာကြေး ဒေါ်လာ ၁၀ သန်း တောင်းခြင်းဖြစ်ကြောင်း ရုံးတော်သို့ ဦးတိုက်လျှောက်ထားခဲ့သည်။
အီရင်သည် အင်္ဂလိပ်စာပြသည့် ဆရာမဖြစ်ပြီး ကျောင်းသားဖြစ်သူ ကီဗင်သည် လာမည့် ဒီဇင်ဘာလတွင်မှ အသက် ၁၆ နှစ်ပြည့်မည်ဖြစ်သည်။ ရုံးတော်တွင် အစစ်ခံချက်များအရ ကီဗင်နှင့် အီရင်တို့သည် ကျောင်းခန်း အတွင်း၊ ကားအတွင်း ၈ ကြိမ်ထက်မနည်း အတူအိပ်ခဲ့ကြကြောင်း သိရသည်။
ဆရာမ အီရင် ဆေယာသည် ယခု အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီး ကျောင်းက သူမကို ၁၁ တန်းတွင် အင်္ဂလိပ်စာ သင်ပြရန် ငှားရမ်းထားခြင်းဖြစ်သည်။ အီရင်သည် ကျောင်းသားများကို မူးယစ်ဆေးဝါးများဖြင့်လည်း သိမ်းသွင်း စည်းရုံးကြောင်း ထွက်ဆိုချက်များအရ သိရှိရသည်။
ပါမောက္ခသတင်း
You might also like:

"ဝ" သွေစည်းညီညွတ်ရေး တပ်မတော် (UWSA)အကြောင်း သိကောင်းစရာ..


 ဝပြည် သွေးစည်းရေး တပ်မတော် ဝပြည် သွေးစည်းရေး တပ်ဖွဲ့ဝင်များ
 

ရှမ်းပြည်တောင်ပိုင်း (UWSA)အဖွဲ့ခေါင်းဆောင် ဝေရှောက်ခန်း
ရှမ်းပြည်မြောက်ပိုင်း (UWSA) ခေါင်းဆောင် ပေါက်ယူချန်း

အမျိုးသား သွေးစည်း ညီညွတ်ရေး ပါတီ (MYANMAR NATIONAL SOLIDARITY PARTY - MNSP) ယခုအခါ ဝပြည်နယ် သွေးစည်း ညီညွတ်ရေး ပါတီ/ တပ်မတော် (UWSP/ UWSA) အမည်သို့ ပြောင်းလဲထားပြီး ဖြစ်။

 ဝ အမျိုးသား

၁၉၈၉ ခုနှစ်၊ မေလတွင် ဗကပမှ ခွဲထွက်ပြီး ၉၊ ၅၊ ၈၉ ရက်နေ့မှာ နဝတနဲ့ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့တယ်။ ရှမ်းမြောက် အထူးဒေသ (၂) လို့ သတ်မှတ် ပေးခဲ့တယ်။ ၁၉၈၉ ခုနှစ်မှ ယနေ့အထိ ခေါင်းဆောင်မှုမှာ နိုင်ငံရေး ဦးဆောင်မှု အဖွဲ့ - ကျောက်ညီလှိုင် (ကျန်းမာရေးကြောင့် အနားယူသွားခဲ့)၊ ပေါက်ယူချန် (ပေါက်ဝှာချန်း)၊ ဦးဇော်မိုင်၊ လီစစ်ယူ၊ ရှောက်နီလျှင်၊ အိုက်လွန်း၊ ကျောက်ဝင်ကွမ်းတို့ ဖြစ်တယ်။

ဝပြည်နယ် သွေးစည်း ညီညွတ်ရေး ပါတီ (ယူဒဗလျူအက်စ်ပီ/ အေ)

ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် - ပေါက်ယူချန်၊
ဒုဥက္ကဋ္ဌ - ရှောင်မင်လန်း
ဒု-စစ်ဦးစီးချုပ် - လီစစ်ယူ၊
စစ်ဦးစီးမှူး - ဘူလှိုင်ခန်း၊
စစ်ဦးစီး အဖွဲ့ ပတာဝန်ခံ - အိုက်လွန်း၊
ဒုတာဝန်ခံ ကျောက်တိုးထန်း၊
အမြဲတမ်း ကော်မတီ - ဗဟိုကော်မတီ ၁၅ ဦး၊ အရံ ဗဟိုကော်မတီ ၅ ဦး၊ ပေါင်း ၂ဝ ဦး။
လားရှိုး ဆက်ဆံရေး ရုံးချုပ် တာဝန်ခံ ဦးကျောက်အိုက်နတ်။

အခြေအနေ အကျဉ်း (၁၉၈၉ အပစ်အခတ် ရပ်စဲပြီးနောက်)

၂ဝဝ၈ ခုနှစ်၊ နောက်ပိုင်းလတွေ အတွင်းမှာ လူသူ လက်နက် ဘဏ္ဍာရေး အင်အား အတောင့်တင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ဝပြည်နယ် သွေးစည်း ညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) အတွင်းမှာ စီးပွားရေး အားသန်တဲ့ ဝေရှော်ကန်း အုပ်စုနဲ့ စစ်ရေး အားသန်တဲ့ ပေါက်ယူချန် အုပ်စု ဆိုပြီး အက်ကြောင်းအက်ရာ အရိပ်အယောင်တွေ ပုတီး (ဂျိုးဖြူ) လိုင်းနဲ့ ဓားမြောင် (လင်းယုန်) လိုင်း ဆိုတဲ့ ဂိုဏ်းခွဲမှုတွေ ရှိလာတယ်လို့ သတင်း ထွက်ပေါ် ခဲ့သော်လည်း၊ ယူဒဗလျူအက်စ်အေ အတွင်းမှာ အခုတိုင် ညီညွတ်မှု ရှိနေတာကို တွေ့မြင်ရပါတယ်။ နဝတ/ နအဖနဲ့ ဆက်ဆံရေးမှာလည်း ဘယ်အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့ထက် မဆို ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် ဆက်ဆံပြီး ညှိနှိုင်း လုပ်ကိုင်မှုများ ရှိသော်လည်း အလျော့ပေးမှု သိပ်မရှိလှတာကို ကြားသိနေရတယ်။ စစ်တပ်ကို စနစ်တကျ ဖွဲ့စည်းထားနိုင်တယ်။ လက်ရှိမှာ တောင်ပိုင်း ဝ တပ်ဖွဲ့ အပါအဝင် တပ်အင်အား သုံးသောင်းလောက် အထိ စနစ်တကျ တိုးချဲ့ ဖွဲ့စည်း နိုင်တယ်လို့ သိရပါတယ်။ တကယ်တမ်း လက်နက်ကိုင် တိုက်နိုင်တဲ့
တိုက်ခိုက်ရေး အင်အားဟာ ၁၄,ဝဝဝ ပတ်ဝန်းကျင်လောက် ရှိတယ်။ ပြည်သူ့စစ် အင်အားကလည်း ၃,ဝဝဝ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။
အင်အား အခြေအနေ (၁၉၉၆ ခု အတွင်း)

မိုင်းမော်၊ ဝင်းကောင်၊ မုန်ပေါက်၊ မိုင်းယွန်း စသော ခရိုင် ၄ ခရိုင်၊ ပန်ခန်း (ပန်ဆန်း)၊ လုံထန်၊ နမ့်တိန်း စတဲ့ မြို့နယ် ၃ မြို့နယ် အပြင်၊ တောင်ပိုင်း စစ်ဒေသ ဆိုပြီး ဒေသတခု တိုးချဲ့ ဖွင့်လှစ်ထားပြီး ဖြစ်တယ်။

တပ်မ (၂၁၄) တပ်မမှူး - ဆမ်ပလူး၊ ဒု-တပ်မမှူး - ကျောက်ဝင်ကွမ်း၊ စစ်ဦးစီး (ပ) - အိုက်ရွမ်း
တပ်ရင်း ၁ ရင်း အင်အား ၁၅ဝ ယောက် x တပ်ရင်း ၉ ရင်း = ၁,၃၅ဝ ယောက်
တပ်မ (၄၁၇) တပ်မမှူး - အိုက်လွန်း ၊ ဒု-တပ်မမှူး - အိုက်ကျန်း၊ စစ်ဦးစီးမှူး - လီရှောက်ယွင်
တပ်ရင်း ၁ ရင်း အင်အား ၁၅ဝ ယောက် x တပ်ရင်း ၉ ရင်း = ၁,၃၅ဝ ယောက် (နားဖဖန်းဂွင်တွင် အခြေစိုက်)
တပ်မ (၄၁၈) တပ်မမှူး - ကျောက်ကျူံးထန်၊ စစ်ဦးစီးမှူး - အိုက်ဆန်း၊ ဗျုဟာမှူး လောပိ၊ ရင်း (၈၉) ရင်းမှူး - တာလျှံ
တပ်ရင်း ၁ ရင်း အင်အား ၁၂ဝ x တပ်ရင်း ၇ ရင်း = ၈၄ဝ ယောက် (ကျူဟဲဂွင်တွင် အခြေစိုက်)

တောင်ပိုင်းတိုင်း စစ်ဒေသ (၁၉၉၆ ဇန်နဝါရီလတွင် ဖွဲ့စည်း)

တပ်မှူးကြီး ဝေရှော်ကန်း၊ ဒုတပ်မှူး ဝေရှော်ယင်နဲ့ နိုင်ငံရေးမှူး ကတော့ ဥက္ကဋ္ဌ ပေါက်ယူချန်ရဲ့ညီ ပေါက်ယူယိ၊ စစ်ဦးစီးမှူး - အိုက်ပလုန်း
မူလ (၄၂ဝ) တပ်မ၊ ဒဗလျူအဲန်အို (WNO) + ခွန်ဆာ ခွဲထွက်များ စုပေါင်းထား
တပ်ရင်း ၁ ရင်း အင်အား ၁၅ဝ x တပ်ရင်း ၇ ရင်း = ၁,ဝ၅ဝ ယောက် (မုန်းပေါက် ၊ မုန်းယန်း ဂွင်တွင် လှုပ်ရှား)
မိုင်းကွက်၊ ဟွေ့အော့်၊ နောင်ဝဲန်း၊ နမ့်ဟူးခွန် စစ်ဒေသ (၁၇၁)
ရှမ်းပြည် အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ ဝမ့်ဟုန့် စခန်း၊ (၁၇၁) စစ်ဒေသ တပ်မှူး ဝေရှော်ယင် (ဝေရှော်ကန်း၏ ညီ)
တပ်မဟာ (၄၆၈) တပ်မဟာမှူး - စိုင်းဆမ်၊ (ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် ၁ဝ၂ ကီလိုမီတာရှိ မိုင်းယန်းမြို့ အနောက်မြောက်ဘက် မိုင်းပေါက် ဒေသ)
ချင်းမိုင်ခရိုင် မျက်နှာချင်းဆိုင် မိုင်းယွမ်းဂွင် တပ်မဟာ (၂၅၁၈)
ဟိုပန်၊ ဟိုယွက်ဂွင် တပ်မဟာ (၄၁၄)၊
တပ်မဟာ (၃၆၉) ဌာနချုပ် ဆီလူး

အထူးတပ်မဟာ (ဘိန်းရောင်းဝယ် သယ်ယူ ပို့ဆောင်ရေး)

တပ်မဟာမှူး - ဝေဆိုက်ထန်
တပ်ရင်း ၁ ရင်း အင်အား ၁ဝဝ x တပ်ရင်း ၄ ရင်း = ၄ဝဝ ယောက်

အမြောက် တပ်မဟာ

တပ်မဟာမှူး - ထင်ကျီမင်
တပ်ရင်း ၁ ရင်း အင်အား ၁၅ဝ x တပ်ရင်း ၃ ရင်း = ၄၅ဝ ယောက် (ပန်ခန်း (ပန်ဆန်း) ဒေသတွင် အခြေစိုက်)

တရုတ်-မြန်မာ နယ်စပ် အနီး ယူဒဗလျူအက်စ်အေ ဌာနချုပ်ရှိရာ ပန်ဆန်း မြောက်ဘက် ၁၂၅ ကီလိုမီတာခန့် ကွာဝေးတဲ့ ယူဒဗလျူအက်စ်အေ အကြီးအကဲ ပေါက်ယူချမ်းရဲ့ ဇာတိ ဝ တောင်တန်းပေါ်ရှိ ခွေးမ နယ်မြေ အတွင်းမှာ အေကေ-၄၇ (AK-47) မောင်းပြန် ရိုင်ဖယ်နဲ့ ကျည်ဆံ ထုတ်လုပ်တဲ့ စက်ရုံ တရုံကို တရုတ်ရဲ့ အကူအညီနဲ့ အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီး၊ ၂ဝဝ၇ ခုနှစ် ကတည်းက စစ်လက်နက်နဲ့ ကျည်ဆံတွေ စတင် ထုတ်လုပ် နေပြီလို့ ၂ဝဝ၈ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းမှာ သတင်းတွေ ထွက်ပေါ်လာခဲ့တယ်။ ဒီလို စစ်လက်နက် ပစ္စည်းထုတ် စက်ရုံ တည်ထောင်ခဲ့တာဟာ ယူဒဗလျူအက်စ်အေ တပ်ဖွဲ့ဝင်တွေ အတွက် သက်သက်သာ မဟုတ် ရှမ်းပြည်နယ် အတွင်းက မဟာမိတ် တိုင်းရင်းသား တပ်ဖွဲ့တွေကိုပါ ရောင်းချပေးဖို့ ဖြစ်တယ်လို့ သိရပါတယ်။
ဒေသ

သံလွင်မြစ် အနောက်ဘက်ခြမ်း၊ နမ့်တိန်းချောင်း တောင်ဘက်ခြမ်း၊ ပန်ယန်း၊ မိုင်းပေါက်၊ မိုင်းယန်း ဒေသမပါ ၊ မြောက်ဘက်ခြမ်း။ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ဦး (PEACE AND DEMOCRATIC FRONT - PDF) အဖွဲ့ဝင် ဖြစ်သည်။
နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေ

နဝတက ပြုလုပ်တဲ့ အမျိုးသား ညီလာခံကို ကိုယ်စားလှယ် တက်ရောက်ခဲ့တယ်။ ပြည်နယ် သတ်မှတ်ပေးရန် တင်ပြမှု မအောင်မြင်၊ သဘောထား ၂ ရပ် ချမှတ်ထား -

(၁) လက်နက်ကိုင်နည်းဖြင့် ကိုယ့်ကိုကိုယ် ကာကွယ်ရန်
(၂) ငြိမ်းချမ်းရေး ဒီမိုကရစီရေး အတွက် လုံးပမ်းရန်

စီးပွားရေး အရ ဘိန်းစိုက်ပျိုးရေး၊ ဘိန်းဖြူ ထုတ်လုပ် ရောင်းချရေးများ ပြုလုပ်ခဲ့တယ်။ နဝတ/နအဖက ခွင့်ပြုတဲ့ ဖက်စပ်လုပ်ငန်း မှန်သမျှ ဝင်ရောက် လုပ်ကိုင်နေသော်လည်း စီးပွားရေး အရ အောင်မြင်မှု သိပ်မရလို့ သိရတယ်။၂ဝဝ၉ ဧပြီလ ၁၇ ရက်နေ့က ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (ယူဒလျူအက်စ်အေ) ဌာနချုပ် တည်ရှိရာ ရှမ်းပြည်နယ်၊ ပန်ဆန်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ဧည့်ပရိသတ် ၃ သောင်းနီးပါး တက်ရောက်တဲ့ "ငြိမ်းချမ်းရေး တည်ဆောက်မှု အနှစ် (၂ဝ) ပြည့်" အခမ်းအနားမှာ ဝ ခေါင်းဆောင် ပေါက်ယူချန်က ဝ ပြည်နယ်မှာ မူးယစ်ဆေးဝါး လုံးဝ ကင်းစင်တဲ့ ဒေသဖြစ်ကြောင်း ထပ်မံ ကြေညာသွားသလို၊ စည်းလုံး ညီညွတ်တဲ့ ဝ တိုင်းရင်းသားတွေရဲ့ ဒေသကြီး ပေါ်ပေါက်ရေး အတွက် ကြိုးပမ်း သွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဝပြည် သွေးစည်းရေး တပ်မတော်

၂၀၁၃ခုနှစ်

ယခုနှစ် ၂၀၁၃ခုနှစ် ဧပြီလ UWSA သို့ တရုတ်မှ စစ်ရဟတ်ယာဉ်များ ထောက်ပံ့သည်ဆိုသော သတင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးက မေ ၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး '၀' သွေးစည်းညီညွတ်ရေး ပါတီကလည်း မေ ၁၀ ရက်က ဦးသိန်းဇော်တို့နှင့် တွေ့ဆုံစဉ် ရှင်းလင်းခဲ့ပါသည်။ အဆိုပါ ရှင်းလင်းချက် အားလုံးမှာ သတင်းထွက်ပေါ်အပြီး အချိန်များစွာ နောက်ကျပြီးမှ ရှင်းလင်းခဲ့ခြင်း ဖြစ်ပါသည်။

တရုတ်ဘက်မှ ရှင်းလင်းချက်မှာ Janes Intelligence ၏ ဖော်ပြချက် မမှန်ကန်ကြောင်း ပြောဆိုခဲ့ပြီး '၀' ဘက်မှ ရှင်းလင်းချက်မှာ ရဟတ်ယာဉ်တစ်စင်း၊ ဖော်ကာလေယာဉ်တစ်စင်းနှင့် သဘောင်္တစ်စင်းတို့ကို ထိုင်းနိုင်ငံမှ ၀ယ်ယူခဲ့ကြောင်း၊ သို့သော် အင်ဂျင်များ မပါဝင်ကြောင်း၊ ၀ယ်ယူခဲ့သည်များကို ဒေသတွင်း သဘာဝဥယျာဉ် တည်ဆောက်ရာ၌ ထည့်သွင်းအသုံးပြုမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝ' ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဆင့်မှ ပြည်နယ်အဆင့်သို့ ခွင့်ပြုပေးရန် တောင်းဆိုမှုသည် ရှုပ်ထွေးမှုများ ဖြစ်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက ပြောကြားသည်။

မေ ၁၀ ရက်က ရှမ်းပြည်နယ် '၀' အထူးဒေသ (၂) ပန်ဆန်းမြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သည့် အဖွဲ့နှင့် '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီတို့ တွေ့ဆုံခဲ့ပြီး ထိုတွေ့ဆုံမှုတွင် '၀' ပြည် သွေးစည်းညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးရှောင်းမီလျံက '၀' ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် ခွင့်ပြုပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

Eleven Media Group
အင်တာနက် သတင်းများနှင့် တရုတ်ရုပ်သံသတင်းများ ပေါင်းစည်းဖော်ပြပါသည်..။
(ဝေယံဒီမို)

Copy from -Lachid Kachin

၁၅၀၀ ဖုန်းပျောက်လျှင်တိုင်းဒေသကြီး၊ပြည်နယ်ဆက်သွယ်ရေးမန်နေဂျာရုံးများတွင်ပြန်လျှောက်နိုင်


၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက် မှာစတင်ရောင်းချခဲ့သော MECTEL အမှတ်တံဆိပ်ပါ CDMA-800 MAz (1500) တန် ဆင်းကတ်ပျောက်ဆုံးပါက မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတိုင်းဒေသ ကြီး၊ ပြည်နယ်မန်နေဂျာရုံးခန်းများ မှာ ပြန်လည်လျောက်ထားနိုင်ကြောင်း သိရသည်။ MECTEL CDMA- 800 MHz မိုဘိုင်းတယ်လီဖုန်း ကတ်ပျောက်ဆုံးပါက ကျပ် (၂၀၀၀၀) ပေးသွင်း၍ ပြန်လည် လျှောက်ထားရမှာဖြစ်ပြီးMECTELမိုဘိုင်းတယ်လီဖုန်းကတ် ပျက်စီးပါကတိုင်းဒေသကြီး ပြည် နယ်မန်နေဂျာရုံးခန်းများမှ အခမဲ့ လျှောက်ထားရယူနိုင်သည်။
အဆိုပါ တန်ဖိုးနည်းCDMA- 800 MHz မိုဘိုင်းတယ်လီဖုန်းစနစ် သည်လက်ရှိမိုဘိုင်းတယ်လီဖုန်း များကဲ့သို့အတွက်ခေါ်ဆိုမှုအတွက် တစ်မိနစ် (၅၀) ကျပ်ဖြစ်ပြီးအ၀င် ခေါ်ဆိုမှုအတွက်ငွေပေးဆောင်ရန် မလိုပေ။ အဆိုပါတန်ဖိုးနည်း CDMA-800 MHz မိုဘိုင်းတယ် လီဖုန်းများအားကြိုတင်ငွေဖြည့် ကတ်အသုံးပြုပြီး ပြည်တွင်း၊ ပြည်ပ သို့ဖုန်းခေါ်ဆိုနိုင်ပြီး ပြည်ပသို့ တယ်လီဖုန်းခေါ်ဆိုလိုပါကMECTELအမှတ်တံဆိပ်ပါနိုင်ငံ ခြားငွေကြိုတင်ငွေဖြည့်ကတ်များကို အသုံးပြုခေါ်ဆိုနိုင်သည်။ အင်တာနက်အသုံးပြုမှုအတွက် ငွေကောက်ခံသည့်နှုန်းထားမှာ ယခင် CDMA-800 MHz မိုဘိုင်း တယ်လီဖုန်းများ ကဲ့သို့တစ်မိနစ် အသုံးပြုခ (၄) ကျပ်ဖြစ်သည်။ အင်တာနက်အသုံးပြုလိုပါက သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များရှိမြန်မာ့ဆက်သွယ် ရေးလုပ်ငန်းတိုင်းဒေသကြီးပြည်နယ် မန်နေဂျာရုံးမှာ အင်တာနက် စနစ်ဆက်သွယ်မှုကနဦးတပ်ဆင် ခကျပ် (၁၀၀၀၀) ပေးသွင်းလျှောက် ထားနိုင်ကြောင်း သိရသည်။


http://www.hotnewsweekly.com/archives/20712