Tuesday, May 21, 2013

၁၅၀၀ ဖုန်းပျောက်လျှင်တိုင်းဒေသကြီး၊ပြည်နယ်ဆက်သွယ်ရေးမန်နေဂျာရုံးများတွင်ပြန်လျှောက်နိုင်


၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက် မှာစတင်ရောင်းချခဲ့သော MECTEL အမှတ်တံဆိပ်ပါ CDMA-800 MAz (1500) တန် ဆင်းကတ်ပျောက်ဆုံးပါက မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတိုင်းဒေသ ကြီး၊ ပြည်နယ်မန်နေဂျာရုံးခန်းများ မှာ ပြန်လည်လျောက်ထားနိုင်ကြောင်း သိရသည်။ MECTEL CDMA- 800 MHz မိုဘိုင်းတယ်လီဖုန်း ကတ်ပျောက်ဆုံးပါက ကျပ် (၂၀၀၀၀) ပေးသွင်း၍ ပြန်လည် လျှောက်ထားရမှာဖြစ်ပြီးMECTELမိုဘိုင်းတယ်လီဖုန်းကတ် ပျက်စီးပါကတိုင်းဒေသကြီး ပြည် နယ်မန်နေဂျာရုံးခန်းများမှ အခမဲ့ လျှောက်ထားရယူနိုင်သည်။
အဆိုပါ တန်ဖိုးနည်းCDMA- 800 MHz မိုဘိုင်းတယ်လီဖုန်းစနစ် သည်လက်ရှိမိုဘိုင်းတယ်လီဖုန်း များကဲ့သို့အတွက်ခေါ်ဆိုမှုအတွက် တစ်မိနစ် (၅၀) ကျပ်ဖြစ်ပြီးအ၀င် ခေါ်ဆိုမှုအတွက်ငွေပေးဆောင်ရန် မလိုပေ။ အဆိုပါတန်ဖိုးနည်း CDMA-800 MHz မိုဘိုင်းတယ် လီဖုန်းများအားကြိုတင်ငွေဖြည့် ကတ်အသုံးပြုပြီး ပြည်တွင်း၊ ပြည်ပ သို့ဖုန်းခေါ်ဆိုနိုင်ပြီး ပြည်ပသို့ တယ်လီဖုန်းခေါ်ဆိုလိုပါကMECTELအမှတ်တံဆိပ်ပါနိုင်ငံ ခြားငွေကြိုတင်ငွေဖြည့်ကတ်များကို အသုံးပြုခေါ်ဆိုနိုင်သည်။ အင်တာနက်အသုံးပြုမှုအတွက် ငွေကောက်ခံသည့်နှုန်းထားမှာ ယခင် CDMA-800 MHz မိုဘိုင်း တယ်လီဖုန်းများ ကဲ့သို့တစ်မိနစ် အသုံးပြုခ (၄) ကျပ်ဖြစ်သည်။ အင်တာနက်အသုံးပြုလိုပါက သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များရှိမြန်မာ့ဆက်သွယ် ရေးလုပ်ငန်းတိုင်းဒေသကြီးပြည်နယ် မန်နေဂျာရုံးမှာ အင်တာနက် စနစ်ဆက်သွယ်မှုကနဦးတပ်ဆင် ခကျပ် (၁၀၀၀၀) ပေးသွင်းလျှောက် ထားနိုင်ကြောင်း သိရသည်။


http://www.hotnewsweekly.com/archives/20712

0 ကွန်မန့်ရေးရန်:

Post a Comment