This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, August 25, 2012

♦♦♦ ကိုရီးယား ခွေးသားဟင်း စားကြဦးမလား ♦♦♦

                                    မေးလ်ထဲကသူငယ်ချင်းတစ်ယောက်ပို့ပေးတာနဲ့ ရှယ်လိုက်ပါတယ်ခင်ဗျာ...
                                    ကိုရီးယားနိုင်ငံကပါ ။
                                    သနားစရာ ခွေးသတ္တ၀ါတွေ ကို ကြည့်ပြီး ဂရုဏာပွားကြပါအုန်း။
                                    

လက်သည်း ခြေသည်း အက်ကွဲခြင်း



လက်သည်း ခြေသည်းတွေ အက်ကွဲတာနဲ့ လက်သည်း ခြေသည်း ကြွပ်ဆတ်တာက ရေ၊ ကြမ်းတမ်းတဲ့ ဆပ်ပြာ၊ လက်သည်းဆိုးဆေး၊ ဖျက်ဆေးတွေနဲ့ ထိတွေ့မှု များလွန်းတာကြောင့် ဖြစ်တတ်ပါတယ်။  လက်သည်း ခြေသည်း အက်ကွဲတာဟာ ကြည့်ရတာ အရုပ်ဆိုးရုံတင် မကပါဘူး။ လက်သည်း ခြေသည်းတွေက လက်ချောင်း ခြေချောင်းရဲ့ ထိပ်နေရာတွေကို အကာအကွယ် ပေးထားပါတယ်။ လက်သည်း ခြေသည်းတွေကို ကီရာတင်လို့ ခေါ်တဲ့ ပရိုတင်း တစ်မျိုးနဲ့ ပြုလုပ်ထားပါတယ်။ ကျန်းမာတဲ့ လက်သည်း ခြေသည်းဟာ ချောမွေ့ပြီး အစင်းရာ၊ အချိုင့်ရာတွေ မရှိပါဘူး။ အစက်အပြောက် ကင်းကာ အရောင်က ကြည်လင်နေတတ်ပါတယ်။

ကာကွယ်မှု

လက်သည်း ခြေသည်းတွေ အက်ကွဲပြီး ပုံပျက်ပန်းပျက် ဖြစ်မလာအောင် အောက်ပါ နည်းလမ်းတွေနဲ့ ကာကွယ်သင့်ပါတယ်။

- လက်သည်းတွေကို သွားနဲ့ မကိုက်ပါနဲ့။ ဒီလို လုပ်တာက လက်သည်း အခြေက အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ လက်သည်းကို လက်သည်းထိပ်နဲ့ ကပ်ပြီး တိုလွန်းအောင် ညှပ်တာက ကူးစက်ပိုး ဝင်တာကို ဖြစ်စေနိုင်ပါတယ်။

- လက်သည်း ခြေသည်းတွေကို ချွန်ထက်တဲ့ လက်သည်းညှပ် ကိရိယာနဲ့ ညှပ်ပေးပါ။ ထိပ်ပိုင်းကို လေးထောင့်ပုံစံ ညှပ်တာက ထိခိုက်မှု နည်းစေပါတယ်။ လက်သ

မြန်မာနိုင်ငံတွင် သုံးနေသော Internet Connection များအကြောင်း


   ဆိုဒ်ကိုလာလည်ကြတဲ့ သူငယ်ချင်းများအတွက် ရောက်ပြန်မဖြစ်ရလေအောင် စာဖတ်သူများ အကျိုးရှိစေမယ့် အကြောင်းအရာလေးတွေ ကြိုးစားဝေမျှပေးလိုက်ပါတယ်။ ဒီအကြောင်းအရာလေး ကတော့ လက်ရှိမြန်မာပြည်မှာ အသုံးပြူနေကြတဲ့ အင်တာနက်ကွန်နက်ရှင် များအကြောင်းပါ။ ဒီအကြောင်းကို မြန်မာမိသားစုဖိုရမ်မှ ကိုပိုးကောင်လေး ရေးသားထားတာပါ။ စိတ်ဝင်စားတဲ့ သူငယ်ချင်းများအတွက် ဖတ်ရတာ အရသာမပျက်အောင် မူလအတိုင်းဝေမျှလိုက်ပါတယ်။

အားလုံးအတွက် ဗဟုသုတရအောင် နဲ့ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ Internet Connection တွေအကြောင်းကို တစ်စုတစ်စည်းတည်း ဖြစ်အောင် ရည်ရွယ်ချက်နဲ့ ဒီပို့စ်လေးကိုရေးဖြစ်တာပါ။ အားလုံးလဲ သိပြီးသား ဖြစ်ချင်လဲဖြစ်မှာပါ။ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ Internet Connection က ဘာအမျိုးအစားတွေရှိတယ်။ ဘယ်လိုမျိုးအသုံးပြုနိုင်တယ် ဆိုတဲ့ ဗဟုသုတလေး ဖြစ်ဖြစ်ရအောင်ပါ။ Internet Connection တွေအကြောင်းကိုလဲ တစ်နေရာတည်းမှာ ဗဟုသုတအနေနဲ့ ဖတ်လို့ရအောင် ပုံလေးတွေ၊ စာလေးတွေနဲ့ တတ်နိုင်သလောက် အသေးစိတ်လေး ဖော်ပြပေးထားပါတယ်။ မှားနေတဲ့အချက်အလက်တွေ၊ နဲ့အခြားကြည့်မရတဲ့ အချက်အလက်တွေရှိရင် နားလည် ခွင့်လွှတ်ပြီးတော့ သည်းခံပေးကြပါခင်ဗျာ။ (ဒါကတော့ နိဒါန်းပေါ့ဗျာ။ . . . . )


မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ Internet Connection များထဲမှ လူသိများပြီးတော့၊ အထင်ရှားဆုံးဖြစ်နေတဲ့ Connection အမျိုးအစားတွေကို ပြောပြပေးမယ်။ ပထမဆုံးအနေနဲ့ အသုံးပြုမည့်သူတွေဟာ Internet Connection အသုံးပြုတော့မယ်ဆိုရင် မိမိတို့ဘာအတွက် Internet Connection ကိုအသုံးပြုမှာလဲ ဆိုတာကိုအရင်ဆုံးစဉ်းစားရပါမယ်။ ဥပမာ - Website တွေကြည့်မယ်၊ Data တွေကို Download; Upload လုပ်မယ် (ဒေါင်းမယ်၊ တင်မယ်ဆိုတဲ့နေရာမှာ အနည်းငယ်လောက်ပဲရှိတဲ့ ဖိုင်ဆိုဒ်အမျိုးအစားကိုဆိုလိုတာ ပါခင်ဗျာ။) ချက်တင်းလုပ်မယ်၊ မေလ်းပို့မယ်၊ ကွန်နက်ရှင်ကောင်းရင် စကားပြောမယ်ဆိုရင်တော့ Dial Up Connection ကိုအသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် အခြားလုပ်ဆောင်ချက်တွေကော၊ ကွန်ပြူတာကိုတစ်လုံးမက ၅လုံးလောက်ကို Sharing လုပ်ပြီးသုံးမယ်ဆိုရင်တော့ Broadband Connection အမျိုးအစားထဲက တစ်ခုခုကိုရွေးချယ်ရမှာဖြစ်ပါတယ်။ Company; Office နဲ့အခြား Hotel; University တွေမှာဆိုရင်တော့ ADSL Connection ကို Speed နည်းတဲ့ဟာမျိုး၊ မိမိတို့Company အလိုက်ဘယ်လိုမျိုးသုံးရင် ပိုအဆင်ပြေမလဲဆိုတာကို သေချာစဉ်းစာပြီးတော့ Internet Connection အမျိုးအစားတွေကိုရွေးချယ်ရမှာဖြစ်ပါတယ်။ အောက်မှာ Internet Connection အမျိုးအစားတွေဖြစ်ပါတယ်။

1. Dial Up Connection (Dialup Connection မှာနောက်တစ်မျိုး Inter

အစာနည်းနည်းစားရင်း စိတ်ကျေနပ်မှု များများရရှိအောင်


အစာကို အလွန်အမင်း စားတာကြောင့် ကိုယ်အလေးချိန် မြင့်တက်မှာကို စိုးရိမ်နေပါသလား။  ဒါကြောင့် အစာကို နည်းနည်းပဲစားပြီး စိတ်ကျေနပ်မှု ရရှိစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းတွေကို ရေးသားလိုက်ရပါတယ်။

(၁) လက်ပြောင်းစားပါ

သင်က ညာသန်ဆိုရင် ဘယ်ဘက်လက်နဲ့ ဇွန်းကိုကိုင်ကာ စားကြည့်ပါ။ ဒီလိုဆိုရင် လက်နဲ့ပါးစပ် ချိန်ညှိပြီး အစာကို ကောင်းကောင်းစားနိုင်ဖို့ ပိုမိုအားထုတ်ရပါတယ်။ ဒီလိုစားပါက အစာကို နည်းနည်းစားရုံနဲ့ စိတ်ကျေနပ်မှု ရရှိလာပါလိမ့်မယ်။

(၂) ဇွန်း၊ ခက်ရင်းကို ချထားပါ

တချို့လူတွေက အစာထဲ စိတ်မရောက်ဘဲ ပန်းကန်ထဲမှာ ရှိနေတဲ့ အစာတွေကို တဇွတ်ဇွတ် စားဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အစာတစ်လုတ် စားပြီးတိုင်း ဇွန်း၊ ခက်ရင်းကို ချထားပြီး ကြေညက်အောင် ဝါးပေးပါ။ ဇွန်းသေးသေးနဲ့စားရင် အစာကို လျှော့စားဖြစ်တတ်ပါတယ်။

(၃) ပန်းသီးတစ်လုံးစားပါ

လေ့လာမှု တစ်ခုအရ နေ့လယ်စာမစားခင် ပန်းသီးတစ်လုံး စားပေးတာက အစာကို ၁၅ ရာခိုင်နှုန်း လျှော့စားဖြစ်စေတယ်လို့ သိရပါတယ်။ ပန်းသီးမှာပါတဲ့ အမျှင်ဓာတ်ဟာ အစာကို အလွန်အမင်း မစားဖြစ်အောင် ထောက်ပံ့ပေးနိုင်ပြီး ဗိုက်ပြည့်လွယ်စေလို့ပါ။ အမျှင်ဓာတ် များစွာပါဝင်တဲ့ သစ်တော်သီးနဲ့ စတော်ဘယ်ရီသီးတွေကလည်း ဗိုက်ပြည့်စေပါတယ်။

(၄) တူကိုသုံးပြီး အစာစားပါ

ဓားနဲ့ ခက်ရင်းကို သုံးတာထက် တူကိုသုံးပြီး အစာစားရင် သေးငယ်တဲ့ အစာအစိတ်အပိုင်းတွေကိုပဲ စားဖြစ်စေပါတယ်။ အဲဒီအခါ အစာကို နှေးနှေးပဲ စားဖြစ်ပြီး စိတ်ကျေ

ပြင်သစ်နိုင်ငံ ပါရီမြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု မြန်မာကျောင်းတော်ကြီး ကို သြဂုတ်လ ၄ရက် က ဖွင့်လှစ်

Inbox
x






Popular Myanmar News Journal:
ပြင်သစ်နိုင်ငံ ပါရီမြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု မြန်မာကျောင်းတော်ကြီး ကို သြဂုတ်လ ၄ရက် က ဖွင့်လှစ် ခဲ့သည်။
ကျောင်းတော်ကြီး ဖွင့်ပွဲ အခမ်းအနား ကို နိုင်ငံတော် သံဃာ မဟာနာယ အဖွဲ့ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ကြီး ကိုယ်တိုင်ကြွရောက် ချီးမြှင့်၍ ကျောင်းရေစက်ချ အနုမောဒနာတရား ဟောကြားတော်မူခဲ့သည်။
ထို ဖွင့်ပွဲ ကို ပြင်သစ်နိုင်ငံ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း နှင့် မြန်မာသံရုံး ဝန်ထမ်းများ၊ သာသနာရေးဦးစီးဌာန မှဒုတိယ ညွှန်ချုပ် ဦးအောင်သိန်းညွှန့် နှင့် ပြင်သစ် ရောက်မြန်မာလူမျိုးများ၊ ပြင်သစ်လူမျိုးများ၊ အလှူရှင်များ စုစုပေါင်း ပရိသတ် (၇၀)ကျော် တက် ရောက်ခဲ့ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံရှိ မြန်မာ ကျောင်းတော်ကြီးသည် ပေ ၁၀၀ * ပေ ၄၀ ခြံအကျယ် အဝန်းရှိ၍ ၄ထပ်အဆောက်အဦးဖြစ်ကာ ယူရိုငွေ ငါးသိန်းနှစ်သောင်း နှင့် ဝယ်ယူခဲ့ကြောင်း သိရှိရသည်။ ပြင်သစ်နိုင်ငံတွင် မြန်မာကျောင်းတော်ကြီး ဖြစ်မြောက်ရေး အတွက် ရန်ကုန်မြို့ ဗဟန်း (၃)လမ်း တွင် အလှူခံဌာန မှတဆင့် အများပြည်သူ စုပေါင်း လှူဒါန်းငွေမှာ ယူရိုငွေ လေးသိန်းကျော် ရရှိခဲ့သည်။
ပြင်သစ်နိုင်ငံရှိ မြန်မာကျောင်းတော်ကြီး အတွက် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက သည် ကျပ်သိန်း (၁၂၀) လှူဒါန်းခဲ့ပြီး၊ ကျောင်းဖွင့်ပွဲ အခမ်းအနား၌ ပြင်သစ် မြန်မာကျောင်းတော်ကြီးတွင် ကြွရောက်သီတင်းသုံးကာ ပညာသင်ကြားကြမည့် မြန်မာ ရဟန်းတော်များ အတွက်

အမေရိကန်နိုင်ငံနဲ့ အရေပျားလှီးဖြတ် မင်္ဂလာပြုခြင်း (Circumcision) ဓလေ့


Baby-Circumcised-01


မကြာသေးမီက ဂျာမနီနိုင်ငံ မြို့တစ်မြို့ရဲ့ တရားရုံးက မွတ်စလင်နဲ့ ဂျူးများရဲ့ ဘာသာရေး ဓလေ့ ထုံးတမ်းတစ်ခုဖြစ်တဲ့ ယောက်ျားလေးများအား အရေပျားလှီးဖြတ် မင်္ဂလာပြုခြင်း (Circumcision)ကို တားမြစ်ပိတ်ပင်တဲ့အပေါ် ဂျာမနီနိုင်ငံ အပါအဝင် ဥရောပနိုင်ငံအများမှာ ဂယက်ရိုက်သွားခဲ့ပါတယ်။

ဥရောပတစ်ခွင် မွတ်စလင်များ၊ ဂျူးများ၊ မွတ်စလင်အဖွဲ့အစည်းများ၊ ဂျူး အဖွဲ့အစည်းများအားလုံးက အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။ အစ္စရေးနဲ့ မွတ်စလင်နိုင်ငံ အမြောက်အများကလည်း မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုကြပါတယ်။
 
ဒီတင်မကပါ။ အမေရိကန်နိုင်ငံရှိ သတင်းစာများ၊ မီဒီယာများကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ကြပြီး ကွန်ဂရက်လွှတ်တော်မှ အမတ် ၂၀ က ဒီကိစ္စနဲ့ ပတ်သတ်ပြီး အလွန်စိုးရိမ်ကြောင်း ဝါရှင်တန်ရှိ ဂျာမနီ သံအမတ်ထံ စာရေးသား ပေးပို့ခဲ့ကြပါတယ်။

ထူးခြားတာက အမေရိကန်မှာတော့ မွတ်စလင်နဲ့ ဂျူးများသာမက အခြားသူများကပါ ဓလေ့ထုံးတမ်းအရ မဟုတ်ဘဲ အရေပျားလှီးဖြတ်ခြင်းကို ကျန်းမာရေးအရ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်တာကို တွေ့ရပါတယ်။
 
အရွယ်ရောက်သူ အမေရိကန် အများစု (လေးပုံ သုံးပုံ) ဟာ Circumcision ပြုလုပ်ထားသူများ ဖြစ်ပါတယ်။ စစ်တမ်းအရ နှစ်စဉ်နှစ်တိုင်း Circumcision ပြုလုပ်သူ တစ်သန်းကျော်ရှိပြီး စက္ကန့် ၃၀ တိုင်းမှာ လူတစ်ယောက် Circumcision ပြုလုပ်ခြင်းပါ။

Centers for Disease Control and Prevention (CDC) ဌာနရဲ့ လေ့လာမှုအရ လက်ရှိ အမေရိကန် နိုင်ငံမှာ မွေးဖွားသူ ကလေးများရဲ့ ၅၅ မှ ၅၇ ရာခိုင်နှုန်းဟာ Circumcision ပြုလုပ်ထားပါတယ်။ အမေရိကန် နိုင်ငံမှာ Circumcision ဟာ Vaccination (ကာကွယ်ဆေးထိုးခြင်း) ကဲ့သို့ ပုံမှန် လုပ်ရိုးလုပ်စဉ် တစ်ခုဖြစ်ပါတယ်။

သို့သော် အမေရိကန်နိုင်ငံရှိ ဆေးပညာရှင်များက စိုးရိမ်နေကြတာကတော့ ကလေးငယ်များကို Circumcision ပြုလုပ်ပေးနှုန်းဟာ နှစ်စဉ်လိုလို တစ်ရာခိုင်နှုန်းခန့်စီ လျော့ကျ

တရားခွင်အတွင်း အစိုးရ ၀န်ထမ်းတစ်ဦး ဓာတ်ပုံရိုက်

Inbox
x






The Voice Weekly



ရန်ကုန်၊သြဂုတ်၂၃


မင်္ဂလာဒုံမြို့နယ်၊ရွှေနံ့သာ လယ်သမားများ အရေး ဆောင်ရွက်နေသူ မတူ ကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဌဖြစ်သူ ဦးနေမျိုးဝေအား ဇေကမ္ဘာ ကုမ္ပဏီက ပုဂ္ဂိုလ်ရေး အရ ပုဒ်မ-၅၀၀ဖြင့် တရားစွဲဆိုသော အမှု၏ ပထမ ရုံးချိန်းအဖြစ် ယနေ့ သြဂုတ်လ၂၃ ရက်နေ့တွင် စတင် စစ်ဆေးခဲ့ရာ တရားခွင် အတွင်း စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့ဝင် တစ်ဦးက ၀င်ရောက်ကာ ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း ယင်းတရားခွင် သို့ရောက်ရှိခဲ့သူ မျက်မြင် သက်သေ ဦးတင်မောင်အေးက The Voice Weekly သို့ အသိပေး ပြောကြားသည်။ ယင်းနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် စတင်သော တရားခွင်တွင် အဆိုပါ ဓာတ်ပုံ ရိုက်သူက တရားသူကြီးနှင့် နှစ်ဖက် ရှေ့နေများ စကားပြောနေစဉ် လက်ယာဘက် ဘေးမှနေ၍ မျက်နှာချင်းဆိုင်ရှိ တရားခွင်အား ဓာတ်ပုံ ရိုက်ယူခဲ့ကြောင်း ၎င်းက မြင်တွေ့ရပုံကို ဖြည့်စွက် ပြောကြားသည်။ အထက်ပါ ကဲ့သို့ တရားခွင် အတွင်း ဓါတ်ပုံ ရိုက်သွားသည်ဟု အတိအကျ ပြောဆိုသော်လည်း မင်္ဂလာဒုံမြို့နယ် တရားရုံးသို့ ဆက်သွယ် မေးမြန်းရာတွင် ဓါတ်ပုံရိုက်ရန် ပြင်ဆင်နေစဉ် တားမြစ် လိုက်သည့်အတွက် ထွက်ခွာသွားကြောင်း ယင်းအမှုစစ် တရားသူကြီးက ဖြေကြားသည်။ တရားရုံး၏ တရားခွင် အတွင်း ဓာတ်ပုံရိုက်ခြင်းကို တရားသူကြီးထံ ခွင့်ပြုချက် တောင်းခံရန် လိုပြီး တရားသူကြီး၏ ခွင့်ပြုချက် မရှိပါက တရားရုံးအပေါ် မထေမဲ့မြင်ပြုမှု အက်ဥပဒေ ပုဒ်မ ၃ ဖြင့် တရားရုံးချုပ်သို့ တင်ပြကာ တရားစွဲဆိုနိုင်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးဝင်းနိုင်က ပြောကြားသည်။ အဆိုပါ တရားခွင်သို့ သွားရောက် သတင်းယူ ခဲ့သည့် သတင်းသမား တစ်ဦးကမူ "တရားရုံးထဲကို ကင်မရာ ၊ အသံဖမ်းစက် ၊ ဖုန်း တစ်ခုမှ ယူလို့မရဘူး" ဟု The Voice Weekly သို့ ပြောကြားသည်။ ယင်းအမှုတွင်

ဟိုတယ်လုပ်ငန်းစိတ်ဝင်စားသူများအတွက် *

Inbox
x





 info

Inline image 1
ယုံကြည်အားထား မြန်မာ့ဟိုတယ်နှင့်ခရီးသွား
            ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ ကြီးကြပ်မှု၊ မြန်မာ့ဟိုတယ် နှင့်ခရီးသွားလုပ်ငန်း၏ ဦးဆောင်မှုဖြင့် အောက်ဖော်ပြပါ ဟိုတယ်ဧည့်ဝန်ဆောင်မှု (အဆင့်-၁) သင်တန်းအမှတ်စဉ် (၂၄) သင်တန်းများအား မန္တလေး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း သင်တန်းဌာနတွင် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

စဉ်      သင်တန်းအမျိုးအစား                                 အနည်းဆုံးပညာအရည်အချင်း

၁။         ဧည့်ကြိုလုပ်ငန်းသင်တန်း                            တက္ကသိုလ်ဝင်တန်းအောင်နှင့်ဘွဲ့ရ

၂။         အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း           တက္ကသိုလ်ဝင်တန်း

၃။         အစားအစာနှင့် အဖျော်ယမကာ                     တက္ကသိုလ်ဝင်တန်း
            ဧည့်ခံကျွေးမွေးရေးသင်တန်း

၎။         အစားအစာနှင့် အဖျော်ယမကာ                     တက္ကသိုလ်ဝင်တန်း
            ချက်ပြုတ်ထုတ်လုပ်ရေးသင်တန်း

သင်တန်းကာလ။          ၁၀.၉.၂၀၁၂ ရက်မှ ၁၆.၁၁.၂၀၁၂

* သင်တန်းတက်မြောက် အောင်မြင်ပါက အလုပ်အကိုင်ရရှိရန် ဆောင်ရွက်ပေးသည်။*

သင်တန်းဆိုင်ရာ အချက်အလက် ဆက်သွယ်စုံစမ်းရန်
            လျှောက်လွှာများကို မန္တလေးဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသင်တန်း ဌာနတွင် ဝ

လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး ၎င်းတို့၏ တစ်စီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး အတည်ပြုပြောကြား

Eleven Media Group:


လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး ၎င်းတို့၏ တစ်စီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။
နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များ၏ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ ၂၆ ရက်နေ့တွင် ညွှန်ကြားခဲ့ပြီး စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင် မှုများကို ပူးတွဲပါပုံစံ (၇) မျိုးတွင် ဖြည့်စွက်၍ လက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတထံ အမည်ဖော်ပြလိပ်မူ၍ သြဂုတ်လ ၁ ရက်နေ့ ရုံးချိန်အတွင်း ဆက်သားဖြင့် ပေးပို့သွားရန် အကြောင်းကြားခဲ့သည်။
သို့ရာတွင် ဥပဒေဆိုင်ရာ အငြင်းပွားဖွယ်ကိစ္စများ ရှိလာသည့်အတွက် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမှုကို ဆိုင်းငံ့ထားခဲ့သည်။ ယခုအခါ နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး ၎င်းတို့၏ တစ်စီးပွား တည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့ကြပြီးဖြစ်သည်။
''ဟုတ်ပါတယ်။ အကုန်လုံး ရောက်လာပါပြီ။ လွှတ်တော်ရဲ့ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်ထားတဲ့သူအားလုံး ပါပါတယ်''ဟု နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။
လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များမှာ''(က) ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ (ခ) နိုင်ငံတော် ဖွဲ့စည်းပုံအခြေ ခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ (ဂ) ပြည်ထောင်စုဝန်ကြီး များ၊ (ဃ) ပြည်ထောင်စုရှေ့နေချုပ်၊ (င) ပြည်ထောင်စုစာရင်းစစ်ချုပ်၊ (စ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ (ဆ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများ''တို့ ဖြစ်ကြသည်။
''နိုင်ငံတော်သမ္မတကြီးက ခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ  သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို မခြွင်းမချန် တင်ပြရမယ်လို့ သမ္မတကြီးက သူတို့ကို တစ်ခါတည်း ပြောပြီးသားပါ။ ခြွင်းချန်ပြီးတော့ သူဘာသာသူ တချို့ရှိခဲ့တယ်ဆိုရင်တော့ သူ့ထိုက်တန်တဲ့ဟာ သူဖြစ်သွားမှာပေါ့''ဟု ၎င်း က ဆက်လက်ပြောကြားခဲ့သည်။
တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည့် ညွှန်ကြားချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ''အစိုးရသစ်လက်ထက်တွင် Good Governance  (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government  (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်လာရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊

ငါးဖမ်းသမားနဲ့စိန်တုံးး


တစ်နေ့မှာပေါ့ ငါးဖမ်းသမားတစ်ဦးဟာ မနက်အစောကြီး နိုးလာတယ်တဲ့ ။ သူထတဲ့အချိန်က စောလွန်းလို့ ပင်လယ်ထဲသွားဖို့ လုံလောက်တဲ့ အလင်းရောင်မရသေးပါဘူး ။ ဒါနဲ့ သူလည်း ကျောက်ခဲတုံးတွေကို တွေ့တော့ သူနေထွက်ချိန်ကို စောင့်ဖို့ အချိန်ဖြုန်းဖို့ အကြံရသွားပါတယ် ။ ဒါနဲ့ သူလည်း ပင်လယ်ထဲကို ကျောက်တုံး လေး တွေကို စတင်ပြီး ပစ်ချပါတယ် ။
သူ့လက်ထဲက နောက်ဆုံးကျောက်တုံး ပဲ ကျန်တော့တဲ့အချိန်မှာ နေအ လင်း ရောင်က ထွက်ရှိလာပါပြီ ။ အဲဒီအခါ သူမြင်လိုက်ရတာက အဲဒီကျောက်တုံးဟာ အလွန်အဖိုးတန်တဲ့ စိန်တုံး ဖြစ်နေတာပါပဲ ။ ပြီးတော့ သူခုနက ပင်လယ်ထဲကို ပစ်ချနေတဲ့ ကျောက်တုံးတွေအားလုံးဟာ စိန်တုံး တွေဖြစ် နေတာကို သူတွေးတောမိသွားသတဲ့ ။
ဒီအခါ သူဟာ အရမ်းကို နောင်တရသွားပြီး သူ့ရဲ့ မစူးစမ်း မဆင်ခြင်ပဲ လုပ်လိုက်တဲ့အတွက် စိန်တုံးတွေဟာ ပင်လယ်ပြင်ထဲကို ရောက်ရှိသွားပါတော့တယ် ။
ပုံပြင်လေးရဲ့ အနှစ်သာရကတော့ " ဘယ်အရာကို မစူးစမ်းမဆင်ခြင်ပဲ တဇွတ်ထိုး မပြုလုပ်သင့်ပါဘူး ။ သင် အဖိုး မတန်ဘူးလို့ ထင်နေ တဲ့အရာ ဟာ သင်ရှင်းရှင်းလင်းလင်း

လွှတ်တော်တွင် ဖတ်ကြားမည့် ရခိုင်အရေး သမ္မတသဝဏ်လွှာ ရခိုင်အမတ်များ ကန့်ကွက်မှုကြောင့် ရွှေ့ဆိုင်း


M-Media
ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး ဒသမနေ့ အစီအစဉ်တွင်ပါဝင်သော နိုင်ငံတော် သမ္မတရုံး၏  သြဂုတ်လ၊ ၁၇ ရက်၊ ၂၀၁၂ ခုနှစ် ရက်စွဲပါ စာအမှတ် (၁)/၈/ သမ္မတရုံးက ပေးပို့လာသော နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာကို ရခိုင်အမတ် ဒေါက်တာအေးမောင်နှင့် ဦးဘရှိန်တို့ ကန့်ကွက်မှုကြောင့်  ဖတ်ကြားခြင်းမပြုတော့ဘဲ အစီအစဉ်အား ရွှေ့ဆိုင်းခဲ့ကြောင်း သတင်းရရှိသည်။
မူလအစီအစဉ်အရ ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတရုံးမှ ပေးပို့လာသော ရခိုင်အရေးနှင့်ပတ်သတ်သည့် သ၀ဏ်လွှာကို ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နာယက က ဖတ်ကြားတင်ပြခြင်းနှင့် လွှတ်တော်တွင် မှတ်တမ်းတင်ခြင်း ပြုလုပ်ရန် စီစဉ်ထားသော်လည်း လွှတ်တော် ကိုယ်စားလှယ်အချို့၏ ကန့်ကွက်မှုကြောင့် ယခုကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။
ရခိုင်ပြည်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သဂုတ်လ ၁၇ ရက်နေ့ ရက်စွဲပါ နိုင်ငံတော်သမ္မတရုံးက သ၀ဏ်လွှာနဲ့ ပူးတွဲသတင်း သုံးသပ်ချက် လွှတ်တော်ကို ပေးပို့ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါစာတမ်းရဲ့ ရခိုင်တိုင်းရင်းသားများ၏ အခြေအနေဆိုတဲ့ ခေါင်းစဉ်အောက်မှာ – ကနေ ဈ အထိ  အချက် (၁၀) ချက်ပါဝင် ကြောင်းသိရပါတယ်။
  • - ဘင်္ဂလီတွေရဲ့ စီးပွားရေးလုပ်ငန်းတွေပေါ်မှာ အချောင်ရယူလိုကြောင်း၊
  • - နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေး မုန်းတီးမှုစိတ်ဓါတ်ကို အလွန်အကျွံ မြင့်တင်ခြင်း၊
  • -လူမျိုးရေးအရ ဆင်ခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်း
  • - နိုင်ငံအတွင်းနဲ့ နိုင်ငံတကာမှာရှိသည့် ရခိုင်အသိုက်အ၀န်းသို့ပါ ချဉ်းကပ် ဆောင်ရွက်လျက်ခြင်း၊
  • -နိုင်ငံအနှံ့အပြား ၌ နေထိုင်လျက် ရှိသည့် ဘင်္ဂါလီ မူဆလင်များအပေါ် အကြမ်းဖက်ရန်ကိုလည်း ကြံစည် လုပ်ဆောင်လျက် ရှိသည်ခြင်း စသည်ဖြင့်အချက်လိုက်

သမ္မတရုံးမှ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သော ရခိုင်ပဋိပက္ခ သုံးသပ်ချက် စာတမ်း


သုံသပ်ချက် ခေါင်းစဉ်အောက်တွင် ပါရှိသော  
၉။  ရခိုင်တိုင်းရင်းသားများ၏အခြေအနေ
(က)    နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ခေါင်းဆောင်၍ လူမျိုးရေးမုန်းတီးမှုစိတ်ဓါတ်ကို အလွန်အကျွံမြှင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်ခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်းနှင့် နိုင်ငံတကာရှိ ရခိုင်အသိုက်အ၀န်းများသို့ပါ ချဉ်းကပ်စည်းရုံးဆောင်ရွက်လျက်ရှိသည်။
(ခ)     နိုင်ငံအနှံ့အပြားတွင်နေထိုင်သည့် ဘင်္ဂါလီမူစလင်များအပေါ် အကြမ်းဖက်ရန်ကိုလည်း အစဉ်မပြတ် ကြံစည်လုပ်ဆောင်လျက်ရှိသည်။
(ဂ)     မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်အစိုးရများအနေဖြင့် ရခိုင်တိုင်းရင်းသားများ၏အကျိုးစီးပွားကို  ဖော်ဆောင်ခြင်းမပြု၊ ကာကွယ်ပေးခြင်းမရှိပဲ သယံဇာတများကိုသာ ထုတ်ယူသုံးစွဲခဲ့သည်ဟူသော တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲစေသည့် လှုံ့ဆော်မှုမျိုးတွေ့ရသည်။
(ဃ)    ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများခိုးဝင်မှုကို ထိရောက်စွာတားဆီးခြင်းမရှိ၊ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများအပေါ် အဂတိလိုက်စားသောဝန်ထမ်းများအား အရေးယူခြင်းမရှိကြောင်း အစိုးရအပေါ်စွပ်စွဲမှုအချို့ရှိသည်။
(င)     ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မဲအနိုင်ရရှိရေးကိုမျှော်ကိုးလျက် ဥပဒေကို မျက်ကွယ်ပြုကာ ဘင်္ဂါလီမူစလင်များအပေါ် မသင့်မလျော်ဆောင်ရွက်ပေးကြောင်း စွပ်စွဲလျက်ရှိသည်။
(စ)     ၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအရ ဘင်္ဂါလီမူစလင်များ နိုင်ငံသားဖြစ်လာနိုင်သည့် အခြေအနေကိုလည်း နားလည် လက်ခံနိုင်သည့် အခြေအနေမရှိကြောင်း တွေ့ရသည်။
(ဆ)    ဘင်္ဂါလီများကိုသာ တစ်ဘက်သက်ကူညီနေသည်ဟု ရှုမြင်ချက်ဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများအပေါ် အငြိုးထားကာ ယင်းအဖွဲ့အစည်းများ ဒေသတွင်မနေရဲအောင် လုပ်ကိုင်ဆောင်ရွက်လာသည်။
(ဇ)     ရခိုင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်အချို့သည် ပဋိပက္ခကြောင့် ရပ်ဆိုင်းနေသည့် ဘင်္ဂါလီများ၏ စီးပွားရေးလုပ်ငန်းများကို အချောင်ရယူရန်ကြိုးပမ်းလာကြောင်း တွေ့ရသည်။
(ဈ)     ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအားလုံး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားကြရလျက်ရှိသည်။ ထို့ကြောင့် အခွင့်အလမ်းများ ဆုံးရှုံးလျက်ရှိသည်။
၁၀။     လူမျိုးစုနှစ်စုအကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးနှင့် သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းဖြစ်ထွန်းရေးသည်သာလျှင် ယခုအခြေအနေ၏ ထွက်ပေါက်ဖြစ်သည်ကို နားလည်သဘောပေါက်စေရေးအတွက် ရခိုင်လူထုအဖွဲ့အစည်းများသို့ အခြေအနေမှန်

လေနဲ.မောင်းမဲ့ကား လာပါပြီ....


အိန္ဒိယကားကုမ္မဏီ တာတာ မှ ကားသစ်တစ်မျိုး ဖန်တီးလိုက်ပါတယ်။ တီထွင်မှုကို ဗြိတိန်မှာ ပြုလုပ် တာ ဖြစ်ပါတယ်။

ဘာအင်ဂျင်မှ မလိုပဲ လေနဲ့မောင်းမှာ ဖြစ်ပါတယ်။ လေအိုးမှ ဖိအားနဲ့ သိပ်ထားတဲ့ လေကိုအသုံးပြုပြီး ဘီးတွေကို ရွေ့ စေမှာ ဖြစ်ပါတယ်။ တစ်နာရီ မိုင် ၅၀ အမြန်ဆုံး မောင်းနှင်နိုင်ပါမယ်။ လေတိုင်ကီထဲမှာ လေ ၁၇၅ လီတ သိပ်ထည့်ထားပါမယ်။ ယင်း Compressed Air ဟာ ကားကို ၁၂၅ မိုင်စာ မောင်းနှင်နိုင်စေမှာ ဖြစ်ပါတယ်။

ဒါကြောင့် သူ့ကို Airpod concept car လို့အမည်ပေးထားပါတယ်။ ၁၂၅ မိုင်မောင်းနှင်ပြီးနောက် နောက်ထပ် မောင်းနှင်ဖို့ လေကို ဘယ်လိုထပ်ဖြည့်ရမယ်ဆိုတာကတော့ တာတာ အတွက် ခေါင်းရှုပ်စရာ ဖြစ်နေပါတယ်။ လျှပ်စစ်ကားဆိုရင် ဘက်ထရီတစ်လုံးဆောင်သွား အိုကေပေမယ့် လေအိုးကျတော့ ဘယ်လိုမှ ဆောင်မရ ဖြစ်နေပါတယ်။ ဒါကြောင့် အပြင်က အလိုအလျောက်ရနေတဲ့ လေကို အိုးထဲ သိပ်ထည့်နိုင်တဲ့ (Compressed) လုပ်ပေးနိုင်တဲ့ System သာ ပေါင်းစပ်ပေးလိုက်ရင် တီထွင်မှု အောင်မြင်ပြီလို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် မကြာမီကာလမှာ ကြိမ်းသေထွက်လာတော့မယ့် Airpod

မြန်မာ့အရုဏ်သစ်၏ သဘောထား။



လဲနေသူ ထူပေးပါ --  ဆိုသော်လည်း

          ``လဲနေသူ ထူပေးပါ`` ဆိုသော မြန်မာ့ဆိုရိုးစကားလေးရှိသည်။ လူသားအချင်းချင်း ယိုင်းပင်းကူညီ စေလိုသော စိတ်ဓါတ်များဖြစ်ပေါ်စေရန် တိုက်တွန်းထားသဖြင့် ကျွန်တော်လည်း သဘောကျပါသည်။ သို့သော်  လဲနေသူတိုင်းထူပေးသင့်ပါသလား ?  ဆိုသည့်အတွေးလေးလည်းဝင်လာပါသည်။ ကျွန်တော့်အမြင်အားဖြင့် လဲနေသူသည် သူ့ခွန်အားဖြင့် ပြန်လည်းရုံးထနိုင်ပါက ထို လဲနေသူကို ထူပေးရန်မသင့်ပါ။ မလိုအပ်ပါ။ ထိုကဲ့သို့သော သူ့ခွန်သူ့အားဖြင့် ပြန်ထနိုင်သူကို တလွဲစေတနာဖြင့် ထူပေးလိုက်ပါက--

၁။ သူ့ကိုယ်သူ အားကိုးချင်သောစိတ် ပျက်စီးသွားမည်---

၂။အခက်ခဲကို ရုန်းကန်လှုပ်ရှားခြင်းမှ ရသော အစွမ်းအစများ မရနိုင်---

၃။ အရာရာ သူတစ်ပါးကို အားကိုးလိုသော ပျော့ညံ့ သိမ်ဖျင်းသည့်စိတ်ဓါတ်ဖြစ်လာမည်--

၎။ လဲကျ၍ နာကျင်ခြင်းနှင့် ပြန်လည်ထရာ၌ ခက်ခဲပင်ပန်းမှုကို မသိ၍ အကြိမ်ကြိမ် ပြန်လည်လဲကျတတ်သည်-

၅။ အထူးသဖြင့် မိမိသည်သာ အားကိုးရာ ဆိုသည့်အသိဥာဏ်ပျက်စီးမည်-- စသောဆိုးကျိုးများ ရသွားနိုင်သည်။

               ချိုမြိန်သော အဆိပ်ကို တိုက်ကျွေးရာရောက်မည်။ လမ်းမပေါ်တွင် လမ်းလျှောက်နေသော ဘိုးဘွားရွယ်ကို လက်တွဲ ကူညီလမ်းလျှောက်ပေးပါက မြန်မာနိုင်ငံတွင် သာဓုအကြိမ်ကြိမ်ခေါ်ခြင်း ခံရနိုင်သော်လည်း တိုင်းတစ်ပါး အထူးသဖြင့် အနောက်နိုင်ငံတွင်မူ သူတို့၏

အမျိုးသမီးကောင်းလေးများဖြစ်ရမည်

တစ်နေ့တစ်နေ့ကမ္ဘာလောကကြီး တိုးတက်လာတာနဲ့အမျှတစ်ဖက်မှာလည်း ဆိုးကျိုးတွေအများကြီးပေါ်ပေါက်နေကြတယ်။ ခေတ်ကြီးက အရမ်းကိုပွင့်လင်းလွတ်လပ်လွန်းတော့ လူတွေလည်းအရှက်အကြောက် နည်းပါးလာကြတယ်။ တိုင်းတစ်ပါးနိုင်ငံတွေကို အတုခိုးတာခိုးပေါ့။ သြော် ...သူတို့ရဲ့ လုံ့လ၀ီရိယရှိမှုတွေ၊ကြိုးစားအားထုတ်မှုတွေကို။ အခုတော့အဲလိုမဟုတ်ဘူး။ အတုမခိုးသင့်တာတွေခိုးတော့ခုခေတ်လူငယ်အများစုတွေ အသိတရားကိုမရှိကြတော့ဘူး။ မြန်မာနိုင်ငံဆိုရင် အရင်တုန်းကဘယ်လိုနိုင်ငံမျိုးလဲဆိုတာ ပြန်စဉ်းစားကြပါ။ဟီရြိသတ္တပ ဆိုတဲ့ဗုဒ္ဓရဲ့တရားတော်နဲ့ အညီသူတစ်ပါးကိုလည်းကိုယ်ချင်စားနာကြတဲ့လူတွေ နေထိုင်ကြတဲ့နိုင်ငံဖြစ်တယ်။ အခုတော့အရှက်လည်းမရှိ။ အကြောက်လည်းမရှိဘဲ ကိုယ်ချင်းစာတရားလည်းမရှိကြတော့ဘူး။ လူ့ဘ၀ဆိုတာခဏလေးပါ။ "လူဖြစ်ရတုန်းကဲချင်တိုင်းကဲမှာဘဲ" တဲ့။ အယူအဆတွေလွဲနေကြတယ်။ ယောက်ျားလေးတွေရော၊မိန်းကလေးတွေရော ထိန်းမနိုင်သိမ်းမနိုင်ပျက်စီးနေကြတယ်။ "Living together" တဲ့။ ပြောနေတာကြားရတယ်။ အတူနေချင်ရင် လက်ထပ်ကြပေါ့။ ခုတော့မဟုတ်ပါဘူး။တခြားနိုင်ငံကယဉ်ကျေးမှုတွေပေါ့။ အတုမခိုးသင့်တာတွေခိုးကြတယ်။ ဒီကိစ္စမှာမိန်းကလေးတွေကိုအဓိကပြောချင်တယ်။ ကိုယ့်တန်ဖိုးကိုကိုယ်ဘာသာသတ်မှတ်ရတာ။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှ သူတစ်ပါးကကိုယ့်ကိုတန်ဖိုးထားမှာ။ယောက်ျားလေးဆိုတာက ဘာပြောပြောသူတို့ဘက်မှာနစ်နာစရာမရှိဘူး။ ဒီလောကမှာလူရိုးဆိုတာရှိတော့ရှိမယ်။ရှားနေပြီ။မယုံကြပါနဲ့
။နောက်ပြီးပြောချင်တယ်။တချို့ယောက်ျားတွေကမိန်းကလေးတွေယုံအောင်ပြောနိုင် ကြတယ်။ခုခေတ်စကားနဲ့ပြောရမယ်ဆိုရင် "တော်ကီကတော့ရေလည်ကောင်းတယ်

မလေးကသတင်းလေးပါ

မလေးကသတင်းလေးပါ မလေးရှားနိုင်ငံတွင်းမှရွှေမြန်မာများသိစေ၇န် ပွတ်ချွန်း၊မန်ချူးချာရာတွင်မြန်မာများနှင့်ဆာဘား(sabah) များ ပြသာနာဖြစ်လျှက်ရှိသည်။ ၂၁.နေ့တွင်ပြသာနာဖြစ်ပြီး ၂၂၇က်နေ့တွင်ဆာဘား(sabah) များကမြန်မာအိမ်များအား ခဲများဖြင့်ထုခြင်းတံခါးများရိုက်ဖျက်ခြင်းများကိုပြုလုပ်ခဲ့ပါ။ ၂၃ရက်နေ့တွင် ဆာဘား (sabah) ၁၀၀ခန့်မန်ချူးချာရာတို့ရောက်ရှိလာကြပြီးအပြစ်မရှိသောမြန်မာများအား လူမဆန်စွာဝိုင်းဝန်းရိုက်နှက်ပြီး ရဲလက်တို့ဖမ်းဆီးခေါ်တောင်သွားကြသည်။ လမ်းတလျှောက်တွင်တွေ့သမျှမြန်မာ လားဟုမေးကာ ဟုက်ပါက ရိုက်နှက်ဖမ်းဆီးခြင်းခံရသည်။ အိမ်များကိုလဲံသော့များကိုဖျက်ပြီးအတင်းဝင်ေ၇ာက်၇ိုက် နှက်ခြင်းများခံနေရသည်။ ထိုသို့ပြုလုပ်ခြင်းများကို ရဲများမှလည်းဟန့်တားခြင်းတစုံတရာမှမရှိကြပါ။ မြန်မာများမှာသေဆုံးသူများ လည်းရှိနိုင်ကြောင်းမျက်မြင်များကပြောကြသည်။ရိုက်နှက်ခံရသူများဆေးရုံအရေးပေါ်ခန်းတွင်ကုသမှုခံယူနေကြရသူ ၁၀ယာက်ဝန်းကျင်ခန့်၇ှိကြောင်းနှင်းဖမ်းဆီးခံရသူများမှာ၃၀ကျော်ရှိကြောင်းပျောက်ဆုံးသူများလည်း၇ှိနေကြောင်းသိ၇သည်။ ၂၄၇က်နေ့တွင်မြန်မာများသည် မန်ချူးချာရာမှ အနီးတ၀ိုက်ရက်ကွတ်များသို့ပြောင်းရွှေ့နေထိုင်နေ၇ပြီး မန်ချူးချာရာမှာတိတ်ဆိတ်ညိမ်သက်လျှက်ရှိသည်။ ထိုသို့ဖြစ်ပေါ်နေမှူများကိုမည်သည့်အဖွဲ့စည်းများမှ လာရောက်ဖြေ၇ှင်းကိုင်တွယ်ပေးခြင်းမှမရှိပေ။ မလေးရဲများကလည်းရိုက်နှက်ခံ၇သူများကိုသာဖမ်းဆီးကြောင်းထို့ကြောင့်မလေးရောက်ရွှေမြန်မာများတက်နိုင်သလောက် ကူညီကြပါရန် ယခုစာအားရေးရခြင်းဖြစ်သည် အမှားများပါကခွင့်လွှတ်ပေြး