Saturday, August 25, 2012

အမျိုးသမီးကောင်းလေးများဖြစ်ရမည်

တစ်နေ့တစ်နေ့ကမ္ဘာလောကကြီး တိုးတက်လာတာနဲ့အမျှတစ်ဖက်မှာလည်း ဆိုးကျိုးတွေအများကြီးပေါ်ပေါက်နေကြတယ်။ ခေတ်ကြီးက အရမ်းကိုပွင့်လင်းလွတ်လပ်လွန်းတော့ လူတွေလည်းအရှက်အကြောက် နည်းပါးလာကြတယ်။ တိုင်းတစ်ပါးနိုင်ငံတွေကို အတုခိုးတာခိုးပေါ့။ သြော် ...သူတို့ရဲ့ လုံ့လ၀ီရိယရှိမှုတွေ၊ကြိုးစားအားထုတ်မှုတွေကို။ အခုတော့အဲလိုမဟုတ်ဘူး။ အတုမခိုးသင့်တာတွေခိုးတော့ခုခေတ်လူငယ်အများစုတွေ အသိတရားကိုမရှိကြတော့ဘူး။ မြန်မာနိုင်ငံဆိုရင် အရင်တုန်းကဘယ်လိုနိုင်ငံမျိုးလဲဆိုတာ ပြန်စဉ်းစားကြပါ။ဟီရြိသတ္တပ ဆိုတဲ့ဗုဒ္ဓရဲ့တရားတော်နဲ့ အညီသူတစ်ပါးကိုလည်းကိုယ်ချင်စားနာကြတဲ့လူတွေ နေထိုင်ကြတဲ့နိုင်ငံဖြစ်တယ်။ အခုတော့အရှက်လည်းမရှိ။ အကြောက်လည်းမရှိဘဲ ကိုယ်ချင်းစာတရားလည်းမရှိကြတော့ဘူး။ လူ့ဘ၀ဆိုတာခဏလေးပါ။ "လူဖြစ်ရတုန်းကဲချင်တိုင်းကဲမှာဘဲ" တဲ့။ အယူအဆတွေလွဲနေကြတယ်။ ယောက်ျားလေးတွေရော၊မိန်းကလေးတွေရော ထိန်းမနိုင်သိမ်းမနိုင်ပျက်စီးနေကြတယ်။ "Living together" တဲ့။ ပြောနေတာကြားရတယ်။ အတူနေချင်ရင် လက်ထပ်ကြပေါ့။ ခုတော့မဟုတ်ပါဘူး။တခြားနိုင်ငံကယဉ်ကျေးမှုတွေပေါ့။ အတုမခိုးသင့်တာတွေခိုးကြတယ်။ ဒီကိစ္စမှာမိန်းကလေးတွေကိုအဓိကပြောချင်တယ်။ ကိုယ့်တန်ဖိုးကိုကိုယ်ဘာသာသတ်မှတ်ရတာ။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှ သူတစ်ပါးကကိုယ့်ကိုတန်ဖိုးထားမှာ။ယောက်ျားလေးဆိုတာက ဘာပြောပြောသူတို့ဘက်မှာနစ်နာစရာမရှိဘူး။ ဒီလောကမှာလူရိုးဆိုတာရှိတော့ရှိမယ်။ရှားနေပြီ။မယုံကြပါနဲ့
။နောက်ပြီးပြောချင်တယ်။တချို့ယောက်ျားတွေကမိန်းကလေးတွေယုံအောင်ပြောနိုင် ကြတယ်။ခုခေတ်စကားနဲ့ပြောရမယ်ဆိုရင် "တော်ကီကတော့ရေလည်ကောင်းတယ်
" ပေါ့။ အချစ်ရယ် ကိုယ့်ကိုယုံပါ မင်းကိုဘယ်တော့မှ ပစ်မသွားပါဘူး ပေါ့။ ဟုတ်တယ်ပစ်တော့ပစ်မသွားဘူး။ထားခဲ့မှာ။ဒါပေမဲ့သူတို့ထားထားမထားထား မိန်းကလေးဆိုတာက မိမိရဲ့သိက္ခာကိုတော့ထိန်းသိမ်းရမယ်။ အခုခေတ်မှာမိန်းကလေးတွေအများစုတွေ့နေရတယ်။ ပြောတိုင်းယုံ ...... ကျွေးတိုင်းစား မစာမနာပြောရမယ်ဆိုရင် "ခံရတာတောင်နည်းသေးတယ်" တချို့မိန်းကလေးတွေကျတော့ သနားဖို့ကောင်းတယ်ဘာမှလည်လည်ဝယ်ဝယ်မရှိ။ ရည်းစားထားကြတယ်။ ယောက်ျားဆိုတာကတော့ပေးလည်ယူမှာဘဲ၊မပေးလည်းယူမှာဘဲ
။အခုခေတ်မှာနှမချင်း၊အမချင်း၊အမေချင်းကိုယ်ချင်းစာ တတ်တဲ့ယောက်ျားဆိုတာရှားနေပြီ။ မိန်းကလေးတွေဒါကိုသိရမယ်။ ရည်းစားထားကြတဲ့မိန်းကလေးတွေအဓိကပေါ့။ မနေနိုင်လို့ထားရင်လည်းထား။ ဒါပေမဲ့ကိုယ့်ဘက်ကဘာမှပါမသွားဖို့ အရေးကြီးတယ်။ တချို့ယောက်ျားတွေကမိန်းကလေးတွေကိုကိုယ့်ဘက်ပါအောင်စည်းရုံး။ မရရင်လည်းရအောင်ယူကြတယ်။ သူတို့လိုချင်တာလည်းရရော ထားခဲ့။ မိန်းကလေးတွေမှာတော့အရှက်တကွဲအကျိုးနည်းပြီးကျန်ခဲ့ပါရောလား။
တချို့မိန်းကလေးတွေကြတော့လည်းဆက်ပြီး ပျက်စီးသွားတယ်။ တချို့ကြတော့လည်း မှားခဲ့တာတွေကိုပြန်ဆင်ခြင်ပြီးကိုယ့်ဘ၀တိုးတက်ရာ တိုးတက်ကြောင်းရှာဖွေပြီးကြိုးစားနေကြတယ်။  မိန်းကလေးတိုင်းကိုပြောချင်တယ်။ လောကမှာအမှားကင်းတဲ့လူဆိုတာမရှိဘူး။
အဲဒီအမှားကိုပြန်ဆင်ခြင်ပြီးနောက်မမှားအောင်နေထိုင်ရမယ်။ တချို့မိန်းကလေးတွေရည်စားဦးနဲ့လွန်လွန်ကျွံကျွံဖြစ်။နောက်ဆုံးကျတော့ရည်းစားဦးကထားခဲ့တယ်။ အဲ့ဒီမှာစတွေ့တာဘဲ နောက်ရှေ့ဆက်ရမယ့်ဘ၀အတွက်ဘယ်လိုလုပ်ကြမလဲ။ အိမ်ထောင်မပြုတော့ဘူးဆိုတဲ့မိန်းကလေးတွေကတော့ထားပါ။ အိမ်ထောင်ပြုမယ့်မိန်းကလေးကျတော့လက်ထပ်လိုက်ကြရော။ ခင်ပွန်းကမသိပေမဲ့ကိုယ့်စိတ်ထဲမှာတော့ အဲဒီအရိပ်မည်းကြီးကအမြဲခြောက်လှန့်
နေတယ်။ညာပြီးလက်ထပ်တယ်ထား။ ဗုဒ္ဓဘာသာမှာယုံကြည်ထားတာကအတိတ်ဘ၀လည်းရှိတယ်။ နောက်ဘ၀ဆိုတာလည်းရှိတယ်။ ဒီဘ၀မှာ ဒီလိုအဖြစ်မျိုးတွေကြုံရတာက အရင်အတိတ်ဘ၀ရဲ့ဝဠ်ကြွေးတွေကိုပြန်ခံရတာ။ ကိုယ်ကအဲဒီလိုမကျူးလွန်ဘူးဆိုပေမဲ့ကံငါးပါးထဲက တစ်ပါးပါးကိုဖောက်ဖျက်မိပြီ။ ဒီဘ၀မှာ ဒီလိုလုပ်ခဲ့တဲ့အတွက် နောက်ဘ၀မှာအဲ့ဒီဝဠ်ကြွေးကိုပြန်ခံစားရတော့မယ်။ ဒီလိုအဖြစ်မျိုးတွေမဖြစ်စေချင်ဘူး။သိပ်မကြာခင်တုန်းကပေါ့။
 ကောင်မလေးတစ်ယောက်နဲ့တွေ့ဖူးတယ်။သူကပြောတယ် သူကအရင်တုန်းကရည်စားမထားဖူးဘူးတဲ့။ အဲ့ဒီတုန်းကဆိုအမြဲပျော်ရွှင်နေရတယ်တဲ့။ နောက်ပိုင်းသူရည်စားရသွားတယ်။ ရည်စားကရှုပ်သမှသိပ်ရှုပ်။ ရှုပ်တာလည်းမသိမဟုတ်သိတယ်။အဲဒီအချိန်မှာချစ်တာဘဲသိတယ်တဲ့။ ရှုပ်ရုံတင်မကဘူး၊အရမ်းမိုက်ရိုင်းတယ်။ ကောင်မလေးတွေဖျက်ဆီး၊ထားခဲ့။ ဒီလိုမျိုးပေါ့။နောက်ပိုင်းကျတော့သူ့ရည်စားကတဖြည်းဖြည်းတောင်းဆိုတာတွေများလာတယ်။ သူကလည်းမပေးဘူးတဲ့ မပေးပေမဲ့လည်းဟိုက ရအောင်ယူသွားတယ်။ ချစ်လို့ပါတဲ့။ အဲ့လိုပြောတာ။နောက်မကြာဘူးထားခဲ့တယ်တဲ့။ ညီမကိုချစ်တယ်ဆို လို့သူကိုမေးတော့ ဟုတ်တယ် အရင်တုန်းကတဲ့ အခုတော့မချစ်တော့ဘူးတဲ့။ ငိုလိုက်တာ။ ဘာလို့ငိုတာလည်းဆိုတော့ကိုယ့်ကိုယ်ကိုနှမြောလို့တဲ့။ နောင်တဆိုတာ နောင်မှရတာ
  နောက်ပိုင်းကျတော့သူ့ကိုယ်သူပြုပြင်ပြီး သီလရှင်ဝတ်သွားတယ်။သိပ်အေးချမ်းတာဘဲတဲ့။သူကပြောခဲ့တယ်။ သူ ဖြစ်ခဲ့သလို၊သူခံစားရသလို တခြားမိန်းကလေးတွေမခံစားစေချင်ဘူးတဲ့။ သူပြောတဲ့စကားတစ်ခွန်းကိုပြောရဦးမယ်။ "ဘယ်တော့မှထားမသွားဘူး" လို့ပြောရင်မယုံကြည်နဲ့တဲ့။ ယောက်ျားဆိုတာ စားပြီးနားမလည်ပိုများတယ်တဲ့။ မိန်းကလေးတွေသိဖို့ပြောတာပါ။ အမှားဆိုတာ လူတိုင်းနဲ့မကင်းပါဘူး။ ဒါပေမဲ့သိထားဖို့ကအဲဒီအမှားကိုသိပြီး အချိန်မီပြင်နိုင်အောင် ကြိုးစားရမယ်။ ငါ့ကိုဒီလိုလုပ်ခဲ့ပါလား ဆိုတဲ့စိတ်နဲ့လည်းပြန်ပြီးကလဲ့စားမချေကြပါနဲ့။ သံသရာရှည်တယ်။ လောကကြီးကဒီအတိုင်းတော့မနေပါဘူး။ သူ့အပြစ်သူတစ်နေ့ပြန်ခံရလိမ့်မယ်။ နင်ထားခဲ့တဲ့ငါကနင်ဖြစ်စေချင်သလို လူတကာရဲ့တံတွေးခွက်ထဲမှာ မျောမနေဘူး။အမြဲတမ်းလက်မထောင်နိုင်နေတယ်ဆိုတဲ့ ပုံစံဖြစ်အောင်လုပ်ရမယ်။ တို့စကားလေးတစ်ခုကြားဖူးတယ်။ "You may only be some-one in the world, but to some-one else, you may be the world ." တဲ့။ "မင်းဟာကမ္ဘာလောကကြီးအတွက် တစ်စုံတစ်ယောက်ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့တစ်ခြားတစ်ယောက်အတွက်တော့ မင်းကမ္ဘာလောကကြီးတစ်ခု ဖြစ်နေလိမ့်မယ်" တဲ့။ တို့တွေလည်းအဲ့လိုဘဲ ဒီကမ္ဘာလောကကြီးထဲမှာတော့ တို့တွေဟာလူထဲကလူဘဲ။ ဒါပေမဲ့သူတစ်ပါးနဲ့ယှဉ်တဲ့အခါမှာ သူများတွေလေးစားအားကျရလောက်တဲ့လူဖြစ်အောင်ကြိုးစားရမယ်။ အမှားကြုံလာရင်လည်း အဲ့ဒီအမှားကိုတွေးပြီးပူဆွေးမနေပါနဲ့။ နောက်တစ်ကြိမ်မကြုံရအောင်ကြိုးစားပါ။ တခြားသူတွေအတွက်ကမ္ဘာလောကကြီးတစ်ခုဖြစ်ပါစေ။ လူပီသအောင်ကြိုးစားကြပါ။ အားမငယ်ကြပါနဲ့။ကိုးရီးယားလိုဆိုရင် "၀ှိုက်တီး" ပေါ့။ သြော် .... ငါတောင်မှ ကိုးရီးယားကားတွေအကြည့်များပြီး အတုခိုးနေမိပါရောလား ...............။
ဖတ်မိတာလေး ဖတ်စေချင်လို့ တင်ပေးလိုက်ပါတယ်နော် ... ... အမျိုးသမီးကောင်းလေးများ ဖြစ်ကြပါစေ ....... အမှားပါရင် နားလည်ပေးကြပါလို့ ........

0 ကွန်မန့်ရေးရန်:

Post a Comment