Saturday, August 25, 2012

လွှတ်တော်တွင် ဖတ်ကြားမည့် ရခိုင်အရေး သမ္မတသဝဏ်လွှာ ရခိုင်အမတ်များ ကန့်ကွက်မှုကြောင့် ရွှေ့ဆိုင်း


M-Media
ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး ဒသမနေ့ အစီအစဉ်တွင်ပါဝင်သော နိုင်ငံတော် သမ္မတရုံး၏  သြဂုတ်လ၊ ၁၇ ရက်၊ ၂၀၁၂ ခုနှစ် ရက်စွဲပါ စာအမှတ် (၁)/၈/ သမ္မတရုံးက ပေးပို့လာသော နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာကို ရခိုင်အမတ် ဒေါက်တာအေးမောင်နှင့် ဦးဘရှိန်တို့ ကန့်ကွက်မှုကြောင့်  ဖတ်ကြားခြင်းမပြုတော့ဘဲ အစီအစဉ်အား ရွှေ့ဆိုင်းခဲ့ကြောင်း သတင်းရရှိသည်။
မူလအစီအစဉ်အရ ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတရုံးမှ ပေးပို့လာသော ရခိုင်အရေးနှင့်ပတ်သတ်သည့် သ၀ဏ်လွှာကို ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နာယက က ဖတ်ကြားတင်ပြခြင်းနှင့် လွှတ်တော်တွင် မှတ်တမ်းတင်ခြင်း ပြုလုပ်ရန် စီစဉ်ထားသော်လည်း လွှတ်တော် ကိုယ်စားလှယ်အချို့၏ ကန့်ကွက်မှုကြောင့် ယခုကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။
ရခိုင်ပြည်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သဂုတ်လ ၁၇ ရက်နေ့ ရက်စွဲပါ နိုင်ငံတော်သမ္မတရုံးက သ၀ဏ်လွှာနဲ့ ပူးတွဲသတင်း သုံးသပ်ချက် လွှတ်တော်ကို ပေးပို့ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါစာတမ်းရဲ့ ရခိုင်တိုင်းရင်းသားများ၏ အခြေအနေဆိုတဲ့ ခေါင်းစဉ်အောက်မှာ – ကနေ ဈ အထိ  အချက် (၁၀) ချက်ပါဝင် ကြောင်းသိရပါတယ်။
  • - ဘင်္ဂလီတွေရဲ့ စီးပွားရေးလုပ်ငန်းတွေပေါ်မှာ အချောင်ရယူလိုကြောင်း၊
  • - နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေး မုန်းတီးမှုစိတ်ဓါတ်ကို အလွန်အကျွံ မြင့်တင်ခြင်း၊
  • -လူမျိုးရေးအရ ဆင်ခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်း
  • - နိုင်ငံအတွင်းနဲ့ နိုင်ငံတကာမှာရှိသည့် ရခိုင်အသိုက်အ၀န်းသို့ပါ ချဉ်းကပ် ဆောင်ရွက်လျက်ခြင်း၊
  • -နိုင်ငံအနှံ့အပြား ၌ နေထိုင်လျက် ရှိသည့် ဘင်္ဂါလီ မူဆလင်များအပေါ် အကြမ်းဖက်ရန်ကိုလည်း ကြံစည် လုပ်ဆောင်လျက် ရှိသည်ခြင်း စသည်ဖြင့်အချက်လိုက် ဖော်ပြထားတယ်လို့  VOA သတင်းပါ ဖော်ပြချက်အရ သိရှိရပါတယ်။
အလားတူပဲ သြဂုတ်လ ၈ ရက်နေ့က ရခိုင်ပါတီများနှင့် သမ္မတ ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆွေးနွေးတွေ့ဆုံစဉ်က ရခိုင်ပြည် အကြမ်းဖက်မှု တွင် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပါဝင်ပတ်သတ်မှု့ ကို ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချူပ်ကြီး လှမင်းက “ဆက်မလုပ်ကြရန်၊ လုပ်ရင်တော့ အရေးယူမည်” ဖြစ်ကြောင်း အဆိုပါ တွေ့ဆုံပွဲမှတ်တမ်းများတွင်ပါရှိခဲ့ကြောင်းသိရှိရပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment