Saturday, August 25, 2012

မလေးကသတင်းလေးပါ

မလေးကသတင်းလေးပါ မလေးရှားနိုင်ငံတွင်းမှရွှေမြန်မာများသိစေ၇န် ပွတ်ချွန်း၊မန်ချူးချာရာတွင်မြန်မာများနှင့်ဆာဘား(sabah) များ ပြသာနာဖြစ်လျှက်ရှိသည်။ ၂၁.နေ့တွင်ပြသာနာဖြစ်ပြီး ၂၂၇က်နေ့တွင်ဆာဘား(sabah) များကမြန်မာအိမ်များအား ခဲများဖြင့်ထုခြင်းတံခါးများရိုက်ဖျက်ခြင်းများကိုပြုလုပ်ခဲ့ပါ။ ၂၃ရက်နေ့တွင် ဆာဘား (sabah) ၁၀၀ခန့်မန်ချူးချာရာတို့ရောက်ရှိလာကြပြီးအပြစ်မရှိသောမြန်မာများအား လူမဆန်စွာဝိုင်းဝန်းရိုက်နှက်ပြီး ရဲလက်တို့ဖမ်းဆီးခေါ်တောင်သွားကြသည်။ လမ်းတလျှောက်တွင်တွေ့သမျှမြန်မာ လားဟုမေးကာ ဟုက်ပါက ရိုက်နှက်ဖမ်းဆီးခြင်းခံရသည်။ အိမ်များကိုလဲံသော့များကိုဖျက်ပြီးအတင်းဝင်ေ၇ာက်၇ိုက် နှက်ခြင်းများခံနေရသည်။ ထိုသို့ပြုလုပ်ခြင်းများကို ရဲများမှလည်းဟန့်တားခြင်းတစုံတရာမှမရှိကြပါ။ မြန်မာများမှာသေဆုံးသူများ လည်းရှိနိုင်ကြောင်းမျက်မြင်များကပြောကြသည်။ရိုက်နှက်ခံရသူများဆေးရုံအရေးပေါ်ခန်းတွင်ကုသမှုခံယူနေကြရသူ ၁၀ယာက်ဝန်းကျင်ခန့်၇ှိကြောင်းနှင်းဖမ်းဆီးခံရသူများမှာ၃၀ကျော်ရှိကြောင်းပျောက်ဆုံးသူများလည်း၇ှိနေကြောင်းသိ၇သည်။ ၂၄၇က်နေ့တွင်မြန်မာများသည် မန်ချူးချာရာမှ အနီးတ၀ိုက်ရက်ကွတ်များသို့ပြောင်းရွှေ့နေထိုင်နေ၇ပြီး မန်ချူးချာရာမှာတိတ်ဆိတ်ညိမ်သက်လျှက်ရှိသည်။ ထိုသို့ဖြစ်ပေါ်နေမှူများကိုမည်သည့်အဖွဲ့စည်းများမှ လာရောက်ဖြေ၇ှင်းကိုင်တွယ်ပေးခြင်းမှမရှိပေ။ မလေးရဲများကလည်းရိုက်နှက်ခံ၇သူများကိုသာဖမ်းဆီးကြောင်းထို့ကြောင့်မလေးရောက်ရွှေမြန်မာများတက်နိုင်သလောက် ကူညီကြပါရန် ယခုစာအားရေးရခြင်းဖြစ်သည် အမှားများပါကခွင့်လွှတ်ပေြး
က၇န်တောင်းပန်အပ်ပါသည် မလေးမြေမှအနှိမ်ခံပန်းတပွင့်

0 ကွန်မန့်ရေးရန်:

Post a Comment