This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, July 24, 2013

ပြည်တွင်းဓာတ်ဆီ ထုတ်လုပ်ဖြန့်ဖြူးမှု လုံးဝရပ်ဆိုင်းခြင်းကြောင့် ဈေးနူန်းပြောင်းလဲမည်ကို စိုးရိမ်


Wednesday, July 24, 2013

စွမ်းအင်ဝန်ကြီးဌာနက ဓာတ်ဆီ(ဆီဖြူ) များ ထုတ်လုပ်ဖြန့်ဖြူးခြင်းကို ရပ်တန့်ရန် ကြေညာခြင်းသည် အောက်တိန်းဓာတ်ဆီဈေးနှုန်း ထိုးတက်စေနိုင်သည့် တွန်းအားတစ်ရပ် ဖြစ်လာမည်ကို စိုးရိမ်ရဖွယ်ရှိ ကြောင်း စက်သုံးဆီလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

ပြည်တွင်းထုတ် ဓာတ်ဆီများအား အဓိကထုတ်လုပ်သည့် သန်လျှင်အမှတ်(၁)ရေနံချက်စက်ရုံအား အဆင့်မြင့် မွမ်းမံပြင်ဆင်ရန် ဆောင်ရွက်နေပြီး ယင်းကာလအတွင်း ဓာတ်ဆီ(ဆီဖြူ) ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှုအားရပ်ဆိုင်းမည်ဟု စွမ်းအင်ဝန်ကြီးဌာန၏ ၀က်ဆိုက်တွင်တရားဝင် ထုတ်ပြန်လိုက်ခြင်း အပေါ် ပြောဆိုကြခြင်းဖြစ်သည်။ မည်သည့်ရက်တွင် ရပ်ဆိုင်းမည်ကိုမူ အတိအကျ ဖော်ပြမထားပေ။ထို သို့ပြင်ဆင်နေချိန်တွင် ဓာတ်ဆီ(ဆီဖြူ) လိုအပ်သည့် ပမာဏအတိုင်း အောက်တိန်းဓာတ်ဆီ (92 Ron) များ ပြည်ပမှတင်သွင်း အစားထိုးသွားမည်ဟုလည်းဖော်ပြထားသည်။

ပြည်ပမှ စက်သုံးဆီ တင်သွင်းရောင်းချရာတွင် ကမ္ဘာ့စက်သုံးဆီဈေးနှင့် ပြည်တွင်းနိုင်ငံခြား ငွေလဲနှုန်း ထားများအပေါ် မူတည်ကာ ဈေးနှုန်းဖြစ်ပေါ်ခြင်းကြောင့် ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်အား ပြည်ပမှသာ တင်သွင်းရပြီး ဈေးကွက်အတွင်း အောက်တိန်းဓာတ်ဆီတစ်မျိုးတည်းသာရှိပါက ဈေးနှုန်းကြီးမြင့် မည်ကို စိုးရိမ်ရကြောင်း ယင်းတို့က ပြောသည်။

တာမွေမြို့နယ်မှ အငှားယာဉ်မောင်းတစ်ဦးက “အောက်တိန်းကတော့ ဓာတ်ဆီထက် ဆီစားပေမယ့် အသစ်ဝင်လာတဲ့ ကားတွေကအောက်တိန်းသုံးတာပဲ ပိုကောင်းတယ်။ ဓာတ်ဆီ(ဆီဖြူ) မရှိတော့လို့ အောက်တိန်းတစ်မျိုးတည်းဖြစ်သွားခဲ့ရင်လဲ သွင်းဈေးကို အကြောင်းပြလိုက် ဒေါ်လာဈေးကိုအကြောင်း ပြလိုက်ဆိုတာမျိုးနဲ့ ဈေးတွေတက်လာမှာကိုပဲ ကြောက်တာ”ဟုပြောသည်။

မေလကုန်ပိုင်းအတွင်း တစ်ဂါလံလျှင်ကျပ် ၃၈၀၀ မှ ၄၃၀၀ အကြားသာရှိခဲ့သည့် အောက်တိန်း ဓာတ်ဆီ ဈေးနှုန်းသည်နိုင်ငံခြားငွေလဲနှုန်း တစ်ဟုန်ထိုးစံချိန်တင်မြင့်တက်ခဲ့သည့် ဇွန်လလလယ်ပိုင်းတွင် တစ်ဂါ လံလျှင်ကျပ် ၄၀၀၀ မှ ၄၆၀၀ ဈေးအကြားသို့ မြင့်တက်ခဲ့ခြင်းဖြစ်ရာ ယင်းတို့က ထောက်ပြပြောဆိုခြင်း ဖြစ်သည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်ရှင် ဦးဝင်းကိုကဓာတ်ဆီ (ဆီဖြူ) ကို နယ်မြို့များက ၀ယ်ယူမှုရှိနေသေးသော်လည်း ယခင်ကလောက်မများတော့သည့်အတွက် ထုတ်လုပ်မှုရပ်နားလိုက် လျှင်လည်း ပြဿနာမရှိနိုင်ကြောင်း သို့သော် အောက်တိန်း (Ron 92 ဓာတ်ဆီ) တစ်မျိုးတည်းသာရှိပါက ၀ယ်လိုအားများပြီး ဈေးလိုက်တက်လာမည်ကိုမူ စိုးရိမ်ရသည်ဟု ပြောသည်။

အိုဟောင်းယာဉ် အစားထိုးတင်သွင်းခွင့် စီမံချက်စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်နှစ်ကုန်ပိုင်းမှ စတင်ကာ ယာဉ်အသစ်များပြားလာခြင်းကြောင့် ဓာတ်ဆီ(ဆီဖြူ) သုံးစွဲမှု တဖြည်းဖြည်းလျော့နည်းလာသည်။

ယင်းရှေ့ပိုင်းကာလများက ယာဉ်ဟောင်းများသာရှိစဉ်တွင် အောက်တိန်းဓာတ်ဆီ(92 Ron)နှင့် ယှဉ်ပါက ဆီစားနှုန်းသက်သာခြင်းကြောင့် ပြည်တွင်းထုတ်ဓာတ်ဆီကသာ ဈေးကွက်ကြီးမားခဲ့ပြီးလက်ရှိအချိန် တွင်လည်း နယ်မြို့များမှ ယာဉ်သစ်လဲလှယ် အစားမထိုးနိုင်သူများနှင့် ဆိုင်ကယ်စီးသူများမှာဆီစားနှုန်း သက်သာသည့် ဓာတ်ဆီ(ဆီဖြူ)ကိုသာ သုံးစွဲခြင်းကြောင့် ဓာတ်ဆီ(ဆီဖြူ) ဈေးနှုန်းသည် အောက်တိန်း ဓာတ်ဆီ (92 Ron) ဈေးနှုန်းထက် တစ်ဂါလံကျပ်၂၀၀ မြင့်မားကာ ၀ယ်လိုအားရှိနေဆဲဖြစ်သည်။

ဦ၀င်းကိုက ဆက်လက်၍“ပြည်တွင်းထုတ်ဓာတ်ဆီ (ဆီဖြူ) ကို ရပ်နားလိုက်တာက ယာဉ်ဟောင်းတွေနဲ့ ဆိုင်ကယ်အချို့အတွက်ပဲ နည်းနည်းပြဿနာဖြစ်နိုင်ပေမယ့် အောက်တိန်းတစ်မျိုးတည်း ဖြစ်သွားတဲ့ အချိန် ဈေးတွေကတဖြည်းဖြည်း တက်လာရင်တော့ ယာဉ်သစ်ရော၊ ယာဉ်ဟောင်းရောအားလုံးအတွက် ပြဿနာကြီးနိုင်တယ်”ဟုပြောသည်။

အစိုးရ စက်သုံးဆီဆိုင်များအား ၂၀၁၀ နှစ်ကုန်ပိုင်းမှစတင်ကာ ပုဂ္ဂလိကကဏ္ဍသို့ လွဲပြောင်းပေးခဲ့ပြီး ယင်းအချိန်ကပြည်တွင်းထုတ်ဓာတ်ဆီ (ဆီဖြူ) တစ်ဂါလံလျှင်ကျပ် ၂၅၀၀ ဈေးဖြင့်သာ ဆီဆိုင်အားလုံး အား တစ်ပြေးညီရောင်းစေခဲ့ခြင်းဖြစ်သော်လည်း ၂၀၁၃ ခုနှစ်ဇန်န၀ါရီလမှစတင်ကာ အစိုးရရောင်းဈေး ၃၃၅၀ ကျပ်ဖြင့် ဖြန့်ဝေကာ ပုဂ္ဂလိကဆီဆိုင်များ၏ စိတ်ကြိုက်ဈေးနှုန်းဖြင့်ရောင်းချစေခဲ့ရာ တစ်ဂါလံ ကျပ် ၃၅၀၀ မှ ၃၆၀၀ ဈေးနှုန်းအထိ မြင့်တက်ခဲ့ကာပြင်ပဈေးကွက်များတွင် တစ်ဂါလံ ကျပ် ၃၉၀၀မှ ၄၀၀၀ ကျပ်ဈေးများအထိမြင့်တက်ခဲ့သည်။

လက်ရှိအချိန်တွင် စက်သုံးဆီဈေးကွက်အတွင်း၌ ပြည်ပမှတင်သွင်းရောင်းချသည့် အောက်တိန်း ဓာတ်ဆီ (Ron 92) တစ်ဂါလံလျှင် ကျပ် ၄၀၀၀ ဈေးရှိပြီး ဓာတ်ဆီ(ဆီဖြူ)တစ်ဂါလံလျှင် ကျပ် ၄၂၀၀ ဈေးရှိနေခြင်း ဖြစ်သည်။

အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျှင်) သည် ထုတ်လုပ်သည့် သက်တမ်းကြာမြင့်လာခြင်းကြောင့် စွမ်းအားပြည့် ထုတ်လုပ်နိုင်စွမ်းမရှိတော့သဖြင့် အဆင့်မြင့်မွမ်းမံ ပြင်ဆင်ရန် ပြည်ပအတွေ့ကြုံရှိ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်ရှိရာ လုပ်ငန်းစတင်ချိန်တွင် ဓာတ်ဆီ(ဆီဖြူ)ထုတ်လုပ်မှုအားရပ်နား တော့မည်ဖြစ်သည်။

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းထုတ် ဓာတ်ဆီဖြန့်ဖြူးရောင်းချမှုအား လျှော့ချနိုင်ရန်အတွက် စက်သုံးဆီဆိုင် အသီးသီးသို့ လစဉ်ခွဲဝေရောင်းချသည့် ခွဲတမ်းများကို လျှော့ချခဲ့ပြီး ၂၀၁၂ခုနှစ် ဇူလိုင် လတွင် စက်သုံးဆီဆိုင် ၄၁၅ ဆိုင်အတွက် ဓာတ်ဆီ(ဆီဖြူ) ဂါလံ ၆ ဒသမ ၇၀၃ သန်းရောင်းချပေးခဲ့ သော်လည်း ယခုနှစ် ဇူလိုင်လတွင် ဆီဆိုင် ၈၂၉ ဆိုင်အတွက် ဂါလံ ၄ ဒသမ ၇၅၉ သန်းသာ ရောင်းချ ပေးတော့သည်။       

ထင်လင်းအောင်
Mizzima - News in Burmese

Thit Htoo Lwin - News

ဆီးချို ပျောက်တဲ့နည်းတဲ့ မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ဆီးချိုဖြစ် တဲ့လူရှိခဲ့ရင် ကူညီပြီးပြောပေးကြပါ အင်မတန်မှ လွယ်သူတဲ့ နည်းလေးပါ


Myint Sein and Aung Thiha shared Kachin Daily News's photo.



ဇူလိုင်လ ၂၃ ရက် ၂၀၁၃

အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ရခြင်း ဖြစ်ပါသည်။ ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ အထူးကုသမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီးဖြစ်ပါသည်။

ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။
ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။

ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။

ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။ သကြားပါသည့် အချိုများ မစားရပါ။
ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။
ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။

ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။
စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊
သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။

ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။
တူသောအကျိုး ခံစားရပါစေ။

Credit to:ဦးစန်းမောင် (မန်း)
Mg Mandalay

ZinYawNews

photo - Internet

အစိုးရပိုင်သင်္ဘောမှ ၀န်ထမ်းတစ်ဦး ခရီးသည်ကို အဓမ္မကျင့်မှုဖြင့် တရားစွဲခံရ

ဇော်ဇော်ထွေး

အစိုးရဌာနတစ်ခုဖြစ်သော ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနပိုင် သင်္ဘောတစ်စီးမှ ၀န်ထမ်းတစ်ဦးသည် ခရီးသည် အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်ခဲ့သည်ဟု စွပ်စွဲတိုင်တန်းခံထားရကြောင်း ဆိပ်ကမ်း မြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲအုပ် သန်းဦးက ဇူလိုင် ၂၁ ရက်က မဇ္ဈိမကိုပြောသည်။

“လောလောဆယ် တရားခံက ရှောင်နေပါတယ်။ ရေကြောင်းပို့ဆောင်ရေးဌာနဘက်ကတော့ တရားခံကို အပ်ပေးမယ်ပြောတယ်။ သင်္ဘောရဲ့ အခန်းစောင့်ဝန်ထမ်းလို့လည်း သိထားပါတယ်” ဟု စခန်းမှူးက ဆက်ပြောသည်။

လက်ရှိအချိန်တွင်မှု တိုင်တန်းသူများကို စစ်ဆေးမေးမြန်းနေပြီး ကျူးလွန်ခံရသူ မိန်းကလေးငယ်အား ရန်ကုန်ဆေးရုံကြီးတွင် ဆေးစစ်နေပြီး အမှုတည်ဆောက်ပြီးပါက အခင်းဖြစ်ဒေသ၏ အပိုင်ရဲစခန်းဖြစ်သော
ရွှေလောင်းရဲစခန်းသို့ လွဲပြောင်းပေးအပ်သွားမည် ဖြစ်သည်ဟုလည်း သူက ဆက်ရှင်းပြသည်။


အမှုဖြစ်ပွားသည်မှာ ဇူလိုင် ၁၄ ရက် ၁၂ နာရီအချိန်ကဖြစ်ပြီး ကျူးလွန်ခံရသည့် မိန်းကလေးမှာ အသက် ၁၈ နှစ်အရွယ်သာ ရှိသေးသည်ဟု ရဲဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

မိန်းကလေးသည် သူ့နေရပ် လပွတ္တာမြို့နယ်မှ ရန်ကုန်တွင် ကလေးဆေးကုရန် အစိုးရပိုင် ဝေဿန္တရာ သင်္ဘောဖြင့် အခန်းငှားကာ စီးနင်းလိုက်ပါစဉ် ညသို့ ရောက်သောအခါ အမျိုးသားတစ်ဦးက အခန်းတွင်းသို့ ၀င်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ရဲကိုထွက်ဆို ထားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ စွပ်စွဲတိုင်တန်းခံရသူမှာ ကိုလွင်မောင်ဌေးဆိုသူ သင်္ဘောသား ဖြစ်သည်ဟု ရဲများက ထုတ်ပြန်ထားသည်။

သူ့ကို စွပ်စွဲတိုင်တန်းမှုကို ဆိပ်ကမ်းရဲစခန်းက အမှုအမှတ်(ပ)၁၉၉/၁၃ဖြင့် အမှု ဖွင့်ထားပြီး ၎င်းသည် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆/ ၃၅၄ တို့ဖြင့် တရားစွဲခံရနိုင်ချေ ရှိသည်ဟု ရဲဌာနက ဆိုသည်။