ကျနော်တို့ ရခိုင်လူမျိုးတွေက မွတ်ဆလင်ဘာသာဝင် ကိုးကွယ်တဲ့ ဘင်္ဂလီလူမျိုးကို ကုလားလို့ ခေါ်တယ် ဟိန္ဒူလူမျိုးကို ဟိန္ဒူလူမျိုး ၊ မရမာကြီးကို မရမာကြီးလူမျိုး ၊ ကမန်လူမျိုးကို ကမန်လူမျိုးလို့ ခေါ်တယ် ။ ဒါဟာ ရခိုင်ပြည်နယ်မှာ ကုလားကို ကုလားလို့ ခေါ်တဲ့ ဟာဖြစ်တယ်။ ဒါပေမဲ့ အိန္ဒိယမှာကျတော့ ဟိန္ဒူလူမျိုးတွေက သူတို့ ကို သူတို့ က ကျနော်တို့  ကုလားလူမျိုးတွေက ဆိုပြီးတော့ စကားပြောကြတယ် ။ ကွန်လွန်သွားရှာပြီဖြစ်တဲ့  အမျိုးသားစာရေးဆရာ ဦးမောသီရိက မြန်မာနိုင်ငံကနေပြီး အိန္ဒိယနိုင်ငံကို နိုင်ငံခြားသားဖြစ်လို့  ဦးနေ၀င်းလက်ထက်မှာ ဟိန္ဒူမျိုးတွေနဲ့ အတူ ထွက်လာခဲ့ သူဖြစ်တယ် ။ စာရေးဆရာ ဦးမောသီရိဟာ သူချစ်တဲ့ မြန်မာနိုင်ငံအကြောင်းကို သတိတရကြီးမားစွာနဲ့  အောလ်အိန္ဒိယ မြန်မာ့ဘာသာ အသံပိုင်းအစီအစဉ်ကနေပြီး အသံလွှင့်ဇတ်လမ်းပမာတွေ လွှင့်ထုတ်နေခဲ့ တယ် ။ဟိန္ဒူလူမျိုးတွေကို နယူးဒေလီမြို့ မှာ ပညာရေးသင်ကြားနိုင်အောင် အစိုးရဆီမှာ လျှောက်ပြီး အောက့်စဖို့ ကောလိပ်ကို တည်ထောင်ခဲ့ တယ် ။ အဲဒီကောလိပ်က ျမန္မာနိုင္ငံကေနျ