Wednesday, July 4, 2012

နိုင်ငံသားအကျဉ်းသား ၃၇ ဦး၊ နိုင်ငံသားအကျဉ်းသူ ၉ ဦး စုစုပေါင်း ၄၆ ဦးကို ဇူလိုင် ၃ ရက်မှစတင်၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု

Inbox
x

လင်းဇော်ထက်



Inline image 1
ရန်ကုန် အင်းစိန်ထောင်မှ အကျဉ်းသား ၁၂ ဦးသာလွတ်မြောက်လာပြီး၊ ယင်းတို့အထဲတွင် နိုင်ငံရေးအကျဉ်းသား ၅ ဦးမျှပါဝင်ကြောင်းသိရ၊ အဆိုပါ ငါးဦးသည် ယခုအခါ ၈၈ မျိုးဆက်ကျောင်းသားများရုံးခန်းသို့ ဦးတည်ထွက်ခွာသွားပြီဖြစ်ကြောင်
ရန်ကုန်၊ ဇူလိုင် ၃
ထောင်ဒဏ် ၅၉ နှစ် ကျခံ ခဲ့ရသော ယုံကြည်ချက်အကျဉ်းသား ကိုအေးအောင်သည် ယနေ့ နံနက်ပိုင်းက ကလေးထောင်မှ ပြန်လည် လွတ်မြောက်လာပြီဟု သိရသည်။

''လွတ်တာ သေချာပါတယ်။ ထောင်ရှေ့ကနေ ကျွန်မတို့ဆီ ဖုန်း ဆက်ပြီး ပါပြီ''ဟု ကိုအေးအောင်၏ မိခင် ဒေါ်စန်းမြင့်က အတည်ပြုပြော ကြားသည်။ ကိုအေးအောင်သည် အင်းစိန် နှင့် ကလေးထောင်တို့တွင် ၁၄ နှစ်ကြာ ကျခံခဲ့ရသူဖြစ်သည်။ ကိုအေးအောင်၏ အမှုတွဲများအား လုံးမှာ ၂ဝ၁၁ ခုနှစ်အတွင်း လွတ် ငြိမ်းခွင့်ရရှိခဲ့သည်။''ထောင်ကျတာ ဖောက်ခွဲရေး နဲ့ဆိုင်တဲ့အမှု တစ်ခုမှမပါဘူး။ ဘာ ကြောင့် အရင်လွတ်ငြိမ်းပေးတုန်းက ကျန်ခဲ့သလဲ မသိဘူး။ အခုတော့ ဝမ်းသာလွန်းလို့ မျက်လုံးတောင် ပြာနေပြီ' ဟု ကိုအေးအောင်၏ဖခင် ဦးသောင်းစိန်က ပြောသည်။ကိုအေးအောင်သည် ၁၉၉၈ စက်တင်ဘာ ၁၂ ရက်နေ့တွင် အဖမ်းခံရပြီး ၁၉၉၉ ဇန်နဝါရီ ၁၅ ရက်နေ့တွင် ထောင်ဒဏ် ၅၉ နှစ် ကျခံရန် အမိန့်ချခဲ့သည်။ ၁၉၉၉ ဧပြီ ၁၁ ရက်နေ့တွင် အင်းစိန်မှ ကလေးထောင်သို့ ရောက်ရှိခဲ့သည်။ ကိုအေးအောင် အား အင်းစိန် တရားရုံးမှ ၁၇/၁ ပုဒ်မဖြင့် ၃ နှစ်၊ ၁၇/၂ဝ ပုဒ်မ နှစ်မှုဖြင့် တစ်မှုလျှင် ၁၄ နှစ်၊ စုစုပေါင်း ၂၈ နှစ်၊ ၅/ည ပုဒ်မ လေးမှုဖြင့် တစ်မှုလျှင် ၇ နှစ်၊ စုစုပေါင်း ၂၈ နှစ် အမိန့်ချခဲ့သည်။

Popular Myanmar News Journal

0 ကွန်မန့်ရေးရန်:

Post a Comment