Wednesday, July 4, 2012
ကျနော်တို့ ပြောပြောနေတာ အမျိုးသားရေး -ပုလိပ်အလုပ် ပြောနေတာ မဟုတ်ဘူး
Inbox
x
www.8888peopletoday.net မှကူးယူဖော်ပြသည်..။
         နေပြည်တော်မှာ လ၀က ၀န်ကြီး ဦးခင်ရီက
နိုင်ငံသားမှတ်ပုံတင်ကိစ္စကို တိတိကျကျ စစ်ဆေးနေတယ်ဆိုတာနဲ့ 
ရခိုင်ပြည်နယ်မှာ
လုပ်ငန်းတွေ ဆောင်ရွက်နေတာကို ရှင်းပြတာ ကြားလိုက်ရပါတယ် ။
၂၀၁၄-ခုနှစ်မှာ မြန်မာနိုင်ငံသန်ကောင်စာရင်း ကောက်ယူတော့ မှာမို့ လို
့အဲဒီအချိန် မတိုင်ခင် အခုအချိန်မှာ ရခိုင်ပြည်နယ်မှာအဓိကရုဏ်း
တွေဖြစ်ပွါးလာနေတာတွေဟာ ဆက်စပ်နေတဲ့  သဘောတွေဖြစ်နေတယ် ။
ဒေါ်အောင်ဆန်းစုကြည် ပြောသလို နယ်စပ်ဒေသတွေမှာ
ရှိနေတယ်ဆိုတာ ပြောယင်း တရားဥပဒေစိုးမိုးရေးနဲ့ 
လ၀က ဥပဒေတွေကို ခိုင်မာအောင် လုပ်ဖို့ သင့်တယ်လို့  ပြောသွားတယ် ။
ဥရောပနိုင်ငံတွေကို ခရီးစဉ်လှည့်လည်ယင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောလို့ လဲဘဲ လ၀က ၀န်ကြီးဋ္ဌါနက
ဝန်ကြီးကိုယ်တိုင်များ နိုင်ငံသားစီစစ်ရေးကဒ်ပြားတွေကို စစ်ဆေးနေ
ပါတယ်လို့ ပြောတယ်ထင်တယ်  ။ ဟုတ်ကဲ့  - နိုင်ငံသားစီစစ်ရေးကဒ်ပြား မရှိတဲ
့လူတွေကိုတော့ ဥပဒေအရ ထောင်ချ အရေးယူ
ပြည်နှင်ဒဏ်ပေးဖို့ ဘဲပေါ့လို့  နားလည်ပေးပါတယ် ။
      မျက်မှောက်ကာလမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွါးနေတဲ့  အဓိကရုဏ်းဟာ
ဘယ်ကိုဦးတည်ပြီး သွားနေတယ်ဆိုတာ သိဖို့ ကြည့်ဖို့ 
လိုအပ်ပါတယ် ။ လူခိုးဝင်လို့  ဖမ်းဆီးပြီး ထောင်ချမယ်ဆိုတဲ့ 
ပုလိပ်အလုပ်ကို နိုင်ငံတော်အစိုးရက ဒေါ်အောင်ဆန်းစုကြည် ပြောသလို
လိုက်လုပ်ကတော့ မိအေးနှစ်ခါ နာသွားပါလိမ့်မယ် ။ ကျနော်တို့ ပြောနေတာက
အမျိုးသားပြသနာ ဖြစ်နေတယ် ။ လ၀က၀န်ကြီး ဦးခင်ရီက
ပုလိပ်အလုပ်ကို လုပ်ဖို့  ပြောနေတယ် ။ ဒီနေရာမှာ ကျနော်တို့ နဲ
့ကွာခြားနေပါတယ် ။ ဆက်စပ်နေသော
ကွင်းဆက်တွေရှိနိုင်ကောင်းပေမဲ့  တကယ့်လက်တွေ့ မှာတော့
ဥပက္ခာပြုထားရအုံးမဲ့  အခြေအနေကို ရှေ့တန်းမတင်သင့်သေးဘူးလို့ 
ထင်ပါတယ် ။
            အကန့် နဲ့ စီ လုပ်တာကောင်းတယ် ။ အကန့် မထားဘဲ လုပ်နေလို
့ကတော့ အမယ်ဘုတ်ကဲ့  သူ့ ချည်ခင်လို့  ရှုတ်ထွေးသထက်
ရှုတ်ထွေးလာလိမ့်မယ် ။ ဘာဖြစ်လို့ ဆိုရင် သွားလေသူ ဦးနေ၀င်းက မရှိတော့တဲ
့အချိန်မှာ ဒီပြသနာက ဖြစ်လာတော့ လျှော့ရိရိနိုင်လွန်းတဲ
့ အစိုးရရဲ့ ချုပ်ကိုင်မှု ယန္တရားတွေဟာ မနိုင်မနိုင်းနဲ့ 
ဝန်ထုတ်ဝန်ပိုးကြီး တခုကို ထမ်းနေရသလို ဖြစ်သွားနိုင်ပါတယ် ။
ကျနော်ပြောချင်တာက ပထမအကန့် ကို လမ်းလျှောက်ယင်း တွေ့ ကရာ လူတွေကို
ပြောတာမျိုးနဲ့  ပြောတာမျိုး မဖြစ်စေချင်ဘူး ။
အဲဒီပထမအကန့် ဆိုတာက မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုး( ၁၃၅ )
မျိုးထဲမှာ သမိုင်းကို လိမ်လာနေတဲ့ သူတို့ အခေါ် ရိုင်ဟင်ဂျာလူမျိုး
ဆိုတာ မရှိပါဘူးဆိုတာကို ဥပဒေအချက်အလက်နဲ့ နိုင်ငံတော်ပြဋ္ဌန်းချက် ဥပဒေကို
ထုတ်ပြန်ပြီး ကမ္ဘာသိကြေညာပေးဖို့ လိုတယ်ဆိုတဲ့ 
အကန့် ကို ပြောနေတာဖြစ်တယ် ။ ပြည်ထောင်စုလွှတ်တော် ကျင်းပနေချိန်မှာ
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ သဘောထားများ
ကို ဗြောင်မဲ ဆန္ဒပေးချက်အရ လွှတ်တော်က ကြေညာပြီး နိုင်ငံတော်
ထုတ်ပြန်ချက်နဲ့ ထုတ်ပြန်ရပါလိမ့်မယ် ။
ဒါဟာ ကျနော်တို့  ပြောပြောနေတဲ့  အမျိုးသားရေး ပြသနာဖြစ်တယ် ။
       ဒီအမျိုးသားရေးပြသနာဟာ ဘယ်လောက်ထိများ ခြိမ်းခြောက်လာပြီလဲဆိုရင်
နိုင်ငံတော်ရဲ့  အချုပ်အချာ အာဏာကို ထိပါးစော်ကား
လာနေပြီဖြစ်တယ် ။ ခုအချိန်ထိ ရခိုင်ပြည်နယ် စစ်တွေမြို့ မှာ
အစိုးရရုံးတွေကို ဘင်္ဂလီမွတ်ဆလင်ဘာသာဝင် လူမျိုး ကုလားတွေက မီးရို့ 
နေတာ သိရတယ် ။ ပုဒ်မ္မ ( ၁၄၄ ) အမိန့် ကို ထုတ်ထားပါလျှက်နဲ့  သူတို့ တွေ
ဘာကြောင့် မီးရို့  နေနိုင်ရတာလဲ ဆိုတာစဉ်းစားစရာဖြစ်လာ
နေပြီ ။ မြန်မာ့တပ်မတော် စစ်ယူနီဖေါင်းတွေနဲ့  သူတို့ တွေကို မီးရို့ ဖို
့လားယင်း ဖမ်းတွေ့ ထားပြီ ဆိုတဲ့  သတင်းတွေ နဲ့ လက်နက်တွေကို
ဖမ်းတွေ့ နေပြီ ဆိုတဲ့  သတင်းတွေ ကြားနေမြင်နေရတယ် ။ ဒီအချက် သုံးချက်မှာ
အစိုးရရဲ့ ပုဒ်မ္မ ( ၁၄၄ ) အမိန့် ကို သူတို့ တွေ
ဘာကြောင့် မလိုက်နာနိုင်တာလဲ ။ ဒါဟာ သူတို့ အတွက် အစိုးရရဲ့ ယန္တယားကို
စိန်ခေါ်ထားတယ်ဆိုတဲ့ အချက်ဖြစ်တယ် ။
        ဒုတိယအချက်က စစ်ယူနီဖေါင်းတွေကို ဘာကြောင့်များ စစ်သားတွေက
ရောင်းစားပြီး သူခိုးဓါးရိုး ကမ်းပေးနေကြတာလဲ ဆိုတာ
ပြသနာက ရှိလာနေတယ် ။ သင်္ဘောပျက်ရာမှာ ချဉ်ပေါင်ဟင်းရောင်းတယ်ဆိုတာ
တလုပ်စားဖို့ အတွက် ၀မ်းစာရှာဖွေတဲ့  ဥပမာသာဖြစ်
တယ် ။ အခုဟာက ရခိုင်ပြည်နယ်မှာ စစ်တွေမြို့ နဲ့ အခြားမြို့ တွေကို
မီးဟုန်းဟုန်းတောက်စေပြီး ပြာကျအောင် လုပ်ဖို့ အတွက်
စစ်ယူနီဖေါင်းတွေကို ငွေလဲ မစို့ မပို့ နဲ့  ရောင်းစားနေကြတယ်လို့ 
သိရတယ် ။ ယူနီဖေါင်းတွေ ၀တ်ပြီးသွားရင် လူထုတွေကလဲ
မသိသလို ကင်းစောင့်နေတဲ့  လုံခြုံရေးကင်းသမားတွေကလဲ မသိနိုင်တာမို့ 
အဲဒါကိုအခွင့်ကောင်းယူပြီး မီးရို့ မဲ့  သူတို့ ကို အတင့်ရဲ
စေတာဖြစ်တယ် ။ တတိယအချက်က လက်နက်တွေဖမ်းဆီးမိတယ် ဆိုတဲ့ သတင်းတွေ
ကြားလာနေရတယ် ။ စစ်တွေမြို့ မှာ လက်နက်တွေ
ဖမ်းတွေ့ တယ်ဆိုတာ သူတို့ ဆီမှာသာ ဖမ်းတွေ့ တာဖြစ်တယ် ။ ဘယ်ရခိုင်လူမျိုး
တဦးတလေဆီကမျှ ဖမ်းတွေ့ တာ မဟုတ်ဘူး ။
ဒါဟာ နိုင်ငံတော်ရဲ့ အချုပ်အချာ အာဏာကို ထိပါးစော်ကားလာမဲ့  မင်းမဲ
့စရိုက် အကြမ်းဖက်မှုကို ဖန်တီးစေတာဖြစ်တယ် ။ လူမျိုးရေး
ပဋိပက္ခဆိုရင် ရခိုင်လူမျိုးမှာကော ကုလားလူမျိုးဆီမှာကော လက်နက်တွေ တွေ
့နေကြရမှာ အမှန်ဖြစ်တယ် ။
နိုင်ငံရေးရည်မှန်းချက်တွေ ဘယ်လိုရှိနေသလဲ ဆိုတာ ကောက်ချက်ချကြည့်ဖို့ 
လိုပါတယ် ။ဒီတော့ ဒိုင်လူကြီး လုပ်ပါ့မယ်ဆိုတဲ့  နယ်စပ် ဒုဝန်ကြီးဟာ
ပြသနာကို မျက်စိတဆုံးမကြည့်ဘဲ မျက်တောင်မွှေးတဆုံးလောက်
လောက်သာ ကြည့်သူဖြစ်နေပြီ ။
       ကျနော်တို့  ရခိုင်လူမျိုးတွေဟာ သူတို့ ရဲ့  နယ်မြေဒေသအတွက် သူတို
့ရဲ့ သတ္တိ အားအင် စိတ်ဓါတ်တွေနဲ့  သူတို့ ရဲ့ အဖပြည်ကို
အသက်စွန့် ပြီး ကာကွယ်သွားကြပါလိမ့်မယ် ။ ဒါကို သံသယရှိစရာမလိုဘူး ။
မဟုတ်ဘူးဆိုတာ ကြေညာထားကြပြီဖြစ်တယ် ။ သေချာတာကတော့ နိုင်ငံတော်အာဏာထိပါး
လာစေတဲ့ အတွက် နောက်ကြောင်းပြန်
လှည့်သွားတာမျိုးနဲ့  ကြုံကြိုက်လာရင် သမ္မတ ဦးသိန်းစိန် အစိုးရကို
အယုံအကြည်မရှိ အဆိုတင်သွင်းပြီး အစိုးရပြုတ်ကျသွား လာပါ
လိမ့် မယ် ။ သမ္မတဦးသိန်းစိန် က ကော လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကကော
နောက်ကြောင်းပြန်မလှည့်ပါဘူးလို့ ပြောနေတာ
ကြားပါတယ် ။ ဒါဟာ လွှတ်တော်နဲ့ ဆိုင်ရာ စကားအသုံးအနုံးသာဖြစ်တယ် ။
တကယ့်တကယ်လက်တွေ့ မှာတော့ နောက်ကြောင်း
ပြန်လှည့်သွားမည့် သူများဟာ ကာကွယ်ရေးစစ်ဦးစီးချုပ် မင်းအောင်လှိုင်နဲ့ 
အတူတကွ ရှိလာမှာ သေချာတယ် ။
       ပုဒ်မ္မ( ၁၄၄ ) အမိန့် ကို ထုတ်ထားပါလျှက်နဲ့ ခုအချိန်ထိ
ရခိုင်ပြည်နယ် စစ်တွေမြို့ မှာ နယ်မြေအေးချမ်းမှု မရှိဘဲဆက်ဖြစ်နေ
သေးတယ်ဆိုရင် ဒီအစိုးရကို ဘယ်လိုနည်းနဲ့ မှ အယုံအကြည် ရှိနေနိုင်ကြမှာ
မဟုတ်ပါဘူး ။သွေးချောင်းစီးမဲ့ ပြသနာတွေ မီးဟုန်းဟုန်း
ထတောက်လာနေတဲ့  အခြေအနေကို ဘယ်သူကမှ ဒိုင်လူကြီး လုပ်ခိုင်းကြတော့မှာ
မဟုတ်ပါဘူး ။ ဒီလိုမင်းမဲ့ စရိုက်တွေ အာဏာဖီဆန်
လာမှုတွေကို ထိမ်းမနိုင် သိမ်းမရဖြစ်လာပြီဆိုရင် တနေ့ မှာ အစိုးရကို
ဖြုတ်ချဖို့  လွှတ်တော်ထဲမှာ အသံကျယ်ကျယ်လောင်လောင်
ပေါ်ထွက်လာပါလိမ့်မယ် ။ အခုကျင်းပနေတဲ့ လွှတ်တော်ထဲမှာ နိုင်ငံသားမဟုတ်တဲ
့ဘင်္ဂလီလူမျိုး ဦးအောင်ဇေါ်ဝင်း ခေါ်ဇေါ်ကီးအာမက်ဟာ
လွှတ်တော်ကိုယ်စားလှယ်အဖြစ် တက်နေတာဖြစ်တယ် ။ သူ့ ရဲ့ မှတ်ပုံတင်က
-၁၂/ပဘတ( နိုင် ) ၀၂၉၉၅၁ ဖြစ်တယ် ။ သူ့ အဖေက
ဘင်္ဂလီလူမျိုးဖြစ်ပြီးဦးနုရ်အာလမ် -၁၁/မတန (နိုင် ) (ယ )  ဖြစ်တယ် ။
မိခင်ကတော့ ဒေါ်ဇေါ်တီဇါဖြစ်ပြီး -၁၁/မတန (နိုင်) –( ယ ) ၀၉၂၂၂၈ ဖြစ်တယ် ။
ယာယီမှတ်ပုံတင်ကဒ်ပြားသာ ကိုင်ထားရတဲ့ 
သူ့ မိဖတွေဟာ ဘင်္ဂလီလူမျိုးဖြစ်နေပြီး ဦးအောင်ဇေါ်ဝင်းခေါ် ဇေါ်ကီးအာမတ်ဟာ
ပန်းဘဲတန်းမြို့ နယ်က မြန်မာလူမျိုးနိုင်ငံသားဖြစ်နေ
သလို့ အခုဆိုရင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေပြန်သေးတယ် ။
မိဖနှစ်ပါးစလုံးက တိုင်းရင်းသားလူမျိုးတောင် မဟုတ်ပါဘဲနဲ့ 
ဘာကြောင့်များ ဦးအောင်ဇေါ်ဝင်းကို ရွေးကောက်ပွဲမှာ တိုင်းရင်းသားအဖြစ်
ဝင်ပါစေရတာလဲ ။ လ၀က ၀န်ကြီး ဦးခင်ရီက အရေးမယူဘူး
ဆိုရင် ဒီဦးအောင်ဇေါ်ဝင်းကဘဲ ရိုဟင်ဂျာလူမျိုးကို
တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ်ပြုပေးဖို့  အစ္စလမ်မစ်နိုင်ငံနဲ
့ပေါင်းလို့ 
တောင်းဆိုလာပါလိမ့်မယ် ။ ဒီတော့ ပုလိပ်အလုပ်ကို လုပ်ချင်လွန်းတဲ့ 
လ၀က၀န်ကြီး ဦးခင်ရီက ဒဲ့ သာ လ၀က တရားဥပဒေနဲ့ ကိုင်တွယ်
ပြပေတော့လို့  ပြောရတော့မယ်ဖြစ်တယ် ။
         ဒါတွေကို ကျနော်တို့ က အမျိုးသားရေးအမြင်နဲ့ မြင်တယ် ။
ရခိုင်ပြည်နယ်ရဲ့  အနောက်ဖက်တံခါး ကျိုးပေါက်သွားပြီဆိုရင်
မြန်မာနိုင်ငံဟာ အစ္စလမ်မစ်မြန်မာနိုင်ငံဖြစ်ဖို့ တနေ့ မှာ မလွှဲမသွေ
ရောက်လာမှာဖြစ်တယ် ။ဒီလို လူမျိုလို့ လူမျိုးပျောက်တယ် ဆိုတာကို
ကမ္ဘာ့သမိုင်းမှာ အထင်အရှား တွေ့ နေကြရပါပြီ ။ ဒီသမိုင်းတွေကို
ဒီအချိန်မှာ မျက်နှာလွှဲခဲပြစ် အနေနဲ့  လုပ်လို့  သင့်တော်ပါ့မလား ။
ဒါကို အမျိုးသားရေးအမြင်နဲ့  ကြည့်ဖို့ လိုနေပါပြီ ။
           ၂၀၁၄-ခုနှစ်မှာ သန်ကောင်စာရင်း ပြုစုဖို့  လုပ်တော့မယ် ဆိုရင်
-၁၉၁၁-ခုနှစ်က ကောက်ယူတဲ့  ဗြိတိသျ အင်္ဂလိပ်အစိုးရက
ကောက်ယူတဲ့  အချက်အလက်ကနေပြီး စာရင်းတွေ ကောက်ယူရပါလိမ့်မယ် ။
ဒီလိုစာရင်းအင်း ကောက်ယူပြုစုမှသာ နိုင်ငံတော်မှာ
လူမျိုးက ဘယ်နှစ်မျိုး ၊ ပြည်နယ်မှာ ဘယ်နှစ်မျိုး ၊ လူဦးရေက ဘယ်လောက်နဲ
့ဘာလုပ်ကိုင်စားသောက်တယ်အဆုံး ပေါ်လွင်ထင်ရှား
သွားပါလိမ့်မယ် ။ ဒီလိုလူဦးရေစာရင်းကို ကောက်ယူတဲ့ အခါ
သန်းကောင်စာရင်းပြုစုတဲ့ အတွက် နယ်စပ်ဖြတ်ကျော်ပြီး ခိုးဝင်လာတဲ့ 
လူတွေဟာ တဖက်နိုင်ငံကို သူတို့ လာရာလမ်းအတိုင်း
ပြန်ပြေးခိုးဝင်သွားကြပါတယ် ။ ဒါပေမဲ့ ခုအချိန်မှာတော့
ဘ၈င်္လားဒေ့ရှ်နိုင်ငံက
သူတို့  ရဲ့ ဘာသာတူ လူမျိုးသွေးချင်းအတူတူဖြစ်နေတဲ့  သူတွေကို သူတို့ 
နိုင်ငံသားမဟုတ်ပါဘူးဆိုပြီး အတင်းခါချနေပါပြီ ။
ဒီပြသနာဟာ မကြာခင်မှာ သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ ထိပ်တိုက်တွေ့ မဲ
့အကြီးမားဆုံးစိန်ခေါ်လာစေသော ပြသနာဖြစ်လာပါလိမ့်မယ် ။
နောက်ဆုံးမှာ နိုင်ငံတော် အာဏာကို ကာကွယ်ရေးစစ်ဦးချုပ်
မင်းအောင်လှိုင်ကို  ဦးသိန်းစိန်က အပ်နှင်းရပါလိမ့်မယ် ။
ဒီတော့ နောက်ကြောင်းပြန်လှည့်သွားပေမဲ့  အဲဒီလို
နောက်ကြောင်းပြန်လှည့်သွားတာကို ပြည်သူတွေဟာ လက်သင့်ခံသွားရပါတော့မယ် ။
         ဒါ့ကြောင့်မို့ လို့  ကျနော်တို့  ပြောပြောနေတဲ့ 
အမျိုးသားရေးအမြင်နဲ့  အဓိကကျတဲ့  ပြသနာကို ရှေးဦးစွာ
ရှင်းရှင်းလင်းလင်း
ပြုလုပ်ဖို့ လိုပါတယ် ။ နောက်မှသာ ပုလိပ်အလုပ်ကို လုပ်ဖို့ ဘဲ ရှိတယ်လို
့ ထင်မြင်ပါတယ် ။ မဟုတ်ရင်တော့ တရုပ်ပြေးမင်း ရှိခဲ့ သလို
မြန်မာရာဇ၀င်မှာ ဒုတိယအကြိမ်အဖြစ် ကုလားပြေးမင်း ဖြစ်လာမှာ
သေချာလှပါကြောင်း  ။။။။။။။။။။။။
0 ကွန်မန့်ရေးရန်:
Post a Comment