This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, June 16, 2012

နေတိုး၊ မင်းသွေးတို့ရဲ့ အလှူ




(စာကို ဒီမှာ ဖတ်ပါ)

ရခိုင်အမျိုးသား သရုပ်ဆောင်တွေဖြစ်တဲ့ နေတိုး၊ မင်းသွေးတို့က ရခိုင်ဒေသမှာ ဒုက္ခရောက်နေသူတွေကို သိန်း ၃၀ လှူဒါန်းပါတယ် တဲ့။ သူတို့ရဲ့ ဖေ့စ်ဘုတ်မှာ ဖော်ပြထားကြပါတယ်။

ယနေ့ ညနေ ၆း၀၀ နာရီ ဒုတ်ခရောက်ရခိုင်ပြည်သူပြည်သားများအတွက် အလျူငွေကျပ် သိန်း(၃၀)သွားရောက်လျူဒါန်းမည်ဖြစ်ပါသည် Facebook ပေါ်မှ မိတ်ဆွေများ၊သူငယ်ချင်းများ သာဓု ခေါ်နိုင်ရန် ဓါတ်ပုံနှင့်တကွ Post တင်ပေးပါမယ်ခင်မျာ.... ကျေးဇူးတင်ပါတယ် လို့ မင်းသွေးရဲ့ ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

ညွှန်း - http://www.facebook.com/naytoe.actor
http://www.facebook.com/naymiinaung

Funny Cool Pix Collection




Funny Cool Pix Collection

Funny Cool Pix Collection

Funny Cool Pix Collection

Funny Cool Pix Collection

Funny Cool Pix Collection

Funny Cool Pix Collection

Funny Cool Pix Collection

Funny Cool Pix Collection

Funny Cool Pix Collection

Funny Cool Pix Collection

Funny Cool Pix Collection

Funny Cool Pix Collection

Funny Cool Pix Collection

Funny Cool Pix Collection

Funny Cool Pix Collection

Funny Cool Pix Collection

Funny Cool Pix Collection

Funny Cool Pix Collection

Funny Cool Pix Collection

Funny Cool Pix Collection

Funny Cool Pix Collection

Funny Cool Pix Collection

Funny Cool Pix Collection

Funny Cool Pix Collection

Funny Cool Pix Collection

မြစ်ဆုံရေကာတာ အောင်မြင်သာ အစိုးရရွှေ့ပြောင်းရွာတွင် မိုးရေကြီး


KNG

ကချင်ပြည်နယ် ဧရာဝတီမြစ် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဒေသတွင်းရှိသောကြောင့် မြစ်ဆုံအောက်တွင် ပြောင်းရွှေ့ခဲ့ရသည့် အောင် မြင် သာစံပြကျေးရွာတွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရွာတွင်းရေများလျှံလာပြီး ဒေသခံများ အခက်ခဲ ရင်ဆိုင် နေရကြောင်း ရွာသား များ ပြောသည်။

ဇွန် ၁၀ ရက်နေ့မှ စတင်ရွာသွန်းလာသောမိုးသည် ယနေ့ ဇွန် ၁၄ ရက်နေ့ထိ ဆက်တိုက်ရွာသွန်းနေသောကြောင့် ဒေသခံများ သွားလာ ရေး နှင့်ကျောင်းသွားသော ကလေးများစွာအတွက် ပို၍အခက်ခဲဖြစ်စေကြောင်း စံပြရွာသားတဦးပြောသည်။

“ထမင်းချက်စားလို့လဲမရဘူး။ ကျမတို့အိပ်တဲ့ဘက်လဲ မိုးပက်တော့ အိပ်လို့လဲမရဘူး။ မိုးကအ ဆက်မပျက်ရွာတော့ စိုးရိမ်လာတယ်။ အိမ်သာ သွားဖို့ လဲအရမ်းခက်တယ်။ လေတိုက်လာရင်လဲ အရမ်းကြောက်မိတယ် အိမ်ကမခိုင် ဘူးလေ။ ကလေးတွေကို ကျောင်းပို့ရတာလဲ မလွယ် ဘူး” ဟု ဒေသခံ တဦးကချင်သတင်းဌာနသို့ပြောသည်။

အောင်မြင်သာ စံပြကျေးရွာတွင် အိမ်ခြေ ၃၂၇ ကျော်ရှိပြီး ယခု အသစ်ပြောင်းရွှေ့တည်ဆောက်ထားသော စံပြကျေးရွာသစ်သည် တောင်များ ဝိုင်းရံထားသည့်နေရာတွင် ရှိ၍ ယခုလိုမိုးများအဆက်မပြတ်ရွာပြီး လေပြင်းများလည်းတိုက်ခတ်လာလျင် ပို၍ စိုးရိမ် ပူပန် နေရ ကြောင်း စံပြ ကျေးရွာမှ ဦးတူးခေါင် ပြောသည်။

၂၀၀၆ ခုနှစ် ဇူလိုင်လတွင်လည်း မိုးများအဆက်မပျက်ရွာသွန်းမှုကြောင့် မြစ်ရေများကြီးပြီး မြေပြို၊တောင်ပြိုမှုများဖြစ်ပွားခဲ့သည်။

မြစ်ကြီးနားမြောက်ဘက် ၂၇ မိုင်အကွာတွင်ရှိသော မေခ-မလိခ မြစ်ဆုံပေါ်တွင် ရေအားလျှပ်စစ် မီဂါဝပ် ၆ဝဝ၀ ထုတ်လွှတ်နိုင်မည့် ရေကာ တာ စီမံကိန်းကြောင့် ဧရာဝတီမြစ် အရှေ့ဘက်နှင့် အနောက်ဘက်ရှိ တန်ဖဲ၊ မဇွပ်၊ ဒေါင်ပန်၊ ဇတူးဇွပ်၊ မလိယန် စသည့် ကျေး ရွာ များ အား ၂၀၁၀ မေလမှ စတင် ပြောင်းရွှေ့ခဲ့ရသည်။

၎င်းမြစ်ဆုံရေကာတာ တည်ဆောက်မှုကြောင့် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများဖြစ်စေသည့် အန္တရာယ်များ အ ပေါ် မြန်မာပြည်သူလူထု၏ စိုးရိမ်ပူပန် ကန့်ကွက်သံများထွက်ပေါ်လာချိန် မြန်မာနိုင်ငံအစိုးရမှ လွန်ခဲ့သည့်နှစ် စက်တင်ဘာလတွင် မြစ်ဆုံ ရေကာ တာကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့သည်။

သို့သော် စီမံကိန်းဆောက်လုပ်နေစဉ် ပြောင်းရွှေ့ပေးခဲ့သော အောင်မြင်သာစံပြရွာမှဒေသခံများသည် မိမိနေရပ်ရင်းသို့ ပြန်လည်နေ ထိုင် ခွင့် မရှိပဲ အာဏာပိုင်များ ပိတ်ပင်ထားကြောင်း ဒေသခံများပြောသည်။

စီမံကိန်းကြောင့် ဆုံးရှုံးသွားသော ဒေသခံများ၏ နေအိမ်၊ လယ်ယာမြေ၊ အသီးအနှံစိုက်ခင်း နှစ်ရှည်ပင်များအတွက် လျော်ကြေးနှင့် နစ် နာ ကြေးများ အပြည့်အ၀မရရှိသောကြောင့် ဒေသခံများ စားဝတ်နေရေးအခက်တွေ့နေသည်သာမက ၄င်းတို့ ဆောက်လုပ်ပေး ထား သော နေ အိမ်များလည်း ခိုင်ခံ့ခြင်းမရှိသောကြောင့် ယမန်နှစ် မိုးရာသီ လေပြင်းကျချိန်တွင် နေအိမ်တချို့ပျက်စီးသွားခဲ့ရကြောင်း ဒေသခံ များမှ သိရ သည်။

SSA အား အစိုးရတပ် တက်တိုက် စခန်း တခု မီးရှို့ပစ်


သျှမ်းသံတော်ဆင့်

ယနေ့ မနက်ပိုင်း၌ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်း တခုအား မြန်မာအစိုးရစစ်တပ်ကတက်တိုက် ၍ စခန်းတခုလုံး မီးရှို့ပစ် လိုက် ကြောင်း အစိုးရတပ်နှင့် နီးစပ်သည့် လားဟူအမျိုးသားတဦးက ပြောပါသည်။

“မနေ့ကညနေပိုင်းက ကတည်းက တက်ဝိုင်းထားတာ။ ဒီမနက်မှစတိုက်တာ။ သျှမ်းတပ် ဘက်က လူအင်အားသိပ်မရှိဘူး။ ဆယ်ယောက် တောင် မရှိဘူး။ အစိုးရဘက်က တပ်ရင်း ၂ ရင်းပေါင်းလေ။ စခန်းတခုလုံးကို ဗမာတပ်ကမီးရှို့ပစ်လိုက်ပြီ” - ဟု အဆိုပါ လားဟူ အမျိုးသား တဦးက ပြောပါ သည်။

ဂျွန် ၁၆ ရက် ယနေ့ နံနက်ပိုင်း ၌ အစိုးရတပ် ခလရ ၂၂၅ နှင့် နားကောင်းမူး အခြေ စိုက် ခလရ ၆၅ ပူးပေါင်းအင်အား ၁၀၀ ကျော်က သံလွင် အရှေ့ခြမ်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ နယ်ခွဲ အရှေ့မြောက်ဘက်ခြမ်းရှိRCSS/SSA ၏ လွယ်ငွမ်းတပ်စခန်းအား တက်တိုက် ကြောင်း၊ သျှမ်းတပ်က စခန်းမှရှောင်ထွက်ပေးသည့်နောက် အစိုးရတပ်က အဆိုပါစခန်းအား မီးရှို့ပစ် လိုက်ကြောင်း၊ လယ်ကွင်း ယာခင်း များအတွင်း ကျည်များကျရောက်သောကြောင့် ကောက်စိုက်နေသည့်ဒေသခံ လယ်သမားများလည်း တိုက်ပွဲမှ ရှောင်တိမ်း နေရကြောင်း ဒေသခံ များက ပြောပါသည်။

“မနေ့က ညနေပိုင်း မိုင်းတုံဘက်အင်အားကား၎ စီးနဲ့လာတဲ့ ခလရ ၂၂၅ က နမ့်ဟူးခွန် မှာ ရှိတဲ့ တပ်တချို့နဲ့လာပေါင်းတယ်။ ဒီမနက် ၇ နာရီ ခွဲကနေ ကျနော်တို့ ကိုစတိုက်တာ။ ၁၁ နာရီ ကျော်လောက်မှာ ကျနော်တို့တပ် ဆုတ်ပေး လိုက်ရတယ်။ သေကြေ ဒဏ်ရာရတာတော့ ကျနော် တို့ဘက်မရှိဘူး။ အစိုးရတပ်ဘက်ကတော့မသိဘူး။ဒီကိစ္စ က ကျနော်တို့လုပ်နေတဲ့ ငြိမ်းချမ်းရေးကိုအရမ်းထိခိုက်စေတယ်။ အစိုးရ ဘက်က ကတိမတည်ဘူး။ တိုက်ပွဲ ဖြစ်ရင် တောင်းပန်တယ်။ ထပ်မဖြစ်ဖို့ကတိပေးတယ်။ ပြီးရင်သူတို့ဖက်က ထပ်ပြီးကျူးလွန်တာဘဲ။ အထူးပြန် လည် သုံးသပ်ရလိမ့်မယ်” – RCSS ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။

“ကျနော်တို့ဆီမှာ ခြေစိုက်တဲ့ ဗျူဟာမှူးရဲ့ကား(ဗျူဟာမှူးကိုယ်တိုင်ပါမပါတော့မသိရဘူး) နဲ့ လုံခြုံ ရေးကား တစ်စီးက ရပ်ကွက် ၃ မှာရှိတဲ့ ဆေး ဆိုင်မှာ ဆေးတွေအများကြီဘဲ လာဝယ် သွားတယ်။ သေတာတော့မသိဘူး၊ ဒဏ်ရာတော့ အများကြီးရမယ်ထင်တယ်” - ဟု ပုံပါကျင် ဒေသ ခံတဦးက ပြောပါသည်။

ယခုတကြိမ်ဖြစ်ပွားသောတိုက်ပွဲသည် ငြိမ်းချမ်းရေးပဏာမအဆင့်သဘောတူညီမှုရရှိသည့် နောက်ပိုင်း အကြိမ် ၂၀ မြောက် တိုက်ပွဲဖြစ် သည်။

တိုက်ပွဲနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က မြန်မာအစိုးရထံ ရှုပ်ချ ကန့်ကွက်ကြောင်း စာ တစောင် ပေးပို့ထားသည်ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။

“ဒီကိစ္စကျနော်တို့ဖက်ကနေ မြန်မာအစိုးရနဲ့စစ်တပ်ပိုင်းကို အကြောင်းကြားထားတယ်။ အထက်ပိုင်း ကအေးအေးဆေးဆေးဆွေးနွေးလို့ရတဲ့ ကိစ္စ ဘာကြောင့် အောက်ခြေတပ်ရင်း တပ်းမှူးတွေကို ဒီလိုလုပ်ခွင့်ပေးထားတာလဲ -ဆိုတာကို လဲ မေးမြန်းထားတယ်။ ဒါပေမယ့် ကျနော် တို့ဖက်က ငြိမ်းချမ်းသောလမ်းနဲ့ဘဲ ဖြေရှင်းသွားချင်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါဒေသဘက် (ပထမ တကြိမ်) မေ ၂၃ ရက် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် တိုက်ပွဲထပ် မဖြစ်ဖို့ စစ်တိုင်းနှင့် အောက်ခြေ တပ်ရင်း များ ထံညွှန်ကြား ထားပြီးဖြစ်ကြောင်း ဒုကာကွယ်ရေး ဦးစီးချုပ်၊ ဒုဥက္ကဌ ပြည်ထောင်စုအဆင့် ငြိမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော် မတီ ဗိုလ် ချုပ်ကြီးစိုးဝင်းက သျှမ်းပြည်တပ်မတော်ထံအကြောင်းကြားခဲ့ သည့် နောက်ပိုင်း ဒုတိယအကြိမ် ထပ်မံ ဖြစ်ပွား ခဲ့သော တိုက်ပွဲ ဖြစ်သည်။

ကိုကာကိုလာက မြန်မာအမျိုးသမီးများ အလုပ်အကိုင်အတွက် ဒေါ်လာ ၃ သန်း ကူမည်


လင်းသန်

မြန်မာနိုင်ငံသို့ နှစ် ၆၀ အတွင်း ပထမဆုံး ပြန်လည် ရင်းနှီးမြှုပ်နှံမည့် ကိုကာကိုလာကုမ္ပဏီက မြန်မာအမျိုးသမီးများ အလုပ်အကိုင် အ ခွင့်အ လမ်း အတွက် ဒေါ်လာ ၃ သန်း ထောက်ပံ့မည်ဟု သိရှိရသည်။

ကမ္ဘာ့အကြီးဆုံး စားသောက်ကုန် ကုမ္ပဏီကြီးတခုဖြစ်သည့် ကိုကာကိုလာသည် လာမည့် ၂ နှစ် ၃ နှစ်အတွင်း မြန်မာနိုင်ငံ၌ စတင် လည်ပတ် ရန် အစီအစဉ်ရှိကြောင်း သိရသည်။

သမ္မတ ဦးသိန်စိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကြောင့် ဘဏ္ဍာရေး ကန့်သတ်ပိတ်ပင်မှုများ၊ ရင်းနှီးမြှုပ်နှံမှု ကန့်သတ် ချက်များ ပါဝင်သည့် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကို ဖြေလျှော့ပေးလိုက်ပြီးနောက် ကိုကာကိုလာ၏ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ် ပေါ် ထွက်လာခြင်း ဖြစ်သည်။

ကမ္ဘာတ၀န်း လူသားနှင့် အလုပ်ခွင်ဆိုင်ရာ အခွင့်အရေးမူဝါဒ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမူဝါဒတို့ကို ကိုကာကိုလာကုမ္ပဏီ အနေ ဖြင့် တင်းတင်းကြပ်ကြပ် လေးစားလိုက်နာသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် ကုမ္ပဏီအနေနှင့် အစဉ်ကိုင်စွဲလာသည့် လူမှုဘ၀ပံ့ပိုးမှု အကူအညီမူဝါဒများကို အစိုးရမဟုတ်သော NGO အဖွဲ့ကဲ့သို့ Coco-Cola Foundation အဖြစ်လည်း လည်ပတ်ပြီး ကျန်းမာရေး၊ စီးပွားရေးဖွံ့ဖြိုးမှု၊ အစားအသောက် လုံခြုံစိတ်ချရေးများအတွက် ကူညီနေ သည့် Pact နှင့် ဒွန်တွဲကာ မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသော WORTH ၏ အစီအစဉ်များကို ပံ့ပိုးမည်ဟု ကြေညာချက်က ဆိုသည်။

WORTH အစီအစဉ်၏ အစီအစဉ်တွင် အမျိုးသမီး ၂၀ မှ ၂၅ ဦး တစု စုဖွဲ့ထားသည့် အစုအဖွဲ့များကို ရာနှင့်ချီသော ရပ်ကွက်၊ ကျေးရွာ များ တွင်စုဖွဲ့ပြီး စီးပွားရေး စွန့်ဦးဖန်တီး လုပ်ငန်းလုပ်ကိုင်လိုသူများအား ချေးငွေထုတ်ပေးသည့် ငွေချေး ဘဏ်ငယ်ကလေးများ တည် ထောင် ပေးခြင်း လည်း ပါဝင်သည်။

“ကိုကာကိုလာ ကုမ္ပဏီဟာ ကမ္ဘာတ၀န်းက ပြောင်းလဲ တိုးတက်မှုဖြစ်စဉ်တွေကို အချိန်နဲ့အမျှ သ တိထား စောင့်ကြည့်နေပါတယ်။ ဘာလင် တံတိုင်း ပြိုလဲမှုကအစ ဗီယက်နမ်နဲ့ အမေရိကန် ပုံမှန်ဆက်ဆံရေး တည်ဆောက်တာ အလယ် အခု မြန်မာနိုင်ငံက အပေါင်း လက္ခ ဏာ ဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေအဆုံး ကျနော်တို့ မြင်တွေ့နေရတဲ့အတိုင်း ကိုကာကိုလာဟာ ပိုကောင်းတဲ့ အနာဂတ် အတွက် မျှော်လင့် ခြင်း တွေသယ်ဆောင်ပြီး လုပ်ဖော်ကိုင်ဖက်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ အစဉ် လတ်ဆတ်မှုတွေ အတွက် အမြဲ ဂုဏ်ယူ နေတာ ပါ” ဟု ကုမ္ပဏီ ဥက္ကဋ္ဌလည်းဖြစ် အမှုဆောင် အရာရှိချုပ်လည်းဖြစ်သည့် Muhtar Kent က ဆိုသည်။

“ကိုကာကိုလာကုမ္ပဏီရဲ့ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေဟာ တာဝန်သိတဲ့ လုပ် ရပ်မျိုးကို ကိုယ်စားပြုတဲ့ အစီ အစဉ် ချမှတ် ခဲ့ပါ တယ်။ မြန်မာနိုင်ငံသားအားလုံး အကျိုးအမြတ်ရှိစေဖို့အတွက် အပေါင်းလက္ခဏာ ဆောင်တဲ့ အပြောင်းအလဲနဲ့ အခွင့် အလမ်းတွေ အများ ကြီးကို ဖန်တီးပေးဖို့၊ နိုင်ငံသားတွေနဲ့ ကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖော်ဆောင်ဖို့ အမေရိကန် ကုမ္ပဏီ တွေကို ကျမတို့ လိုလား တယ်ဆို တာပါပဲ” ဟု ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာ အမေ ရိကန် သံအမတ်ကြီး မစ္စ Melanne Verveer က ပြောသည်။

မြန်မာဈေးကွက်တွင် စီးပွားရေးလုပ်ရန် အနာဂတ်အရေး မျှော်တွေးလုပ်ဆောင်ရာ၌ အမျိုးသမီးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေး ရေး၊ မြန်မာအမျိုးသမီးများကို စီးပွားရေး အခွင့်အလမ်းတွေ သယ်ဆောင်ပေးမည့် အားထုတ်မှုများအတွက်လည်း ၄င်းက ကိုကာ ကိုလာ ကုမ္ပဏီကို ချီးမွမ်းပြောဆိုသည်။

ကိုကာကိုလာ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမရမီ ၁၉၂၇ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု စတင်လုပ်ကိုင်ခဲ့ဖူးပြီး ၁၉၄၉ ခုနှစ်က ပြန် လည် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုများ ဖြေလျှော့ရုပ်သိမ်းပေးပြီး မြန်မာနိုင်ငံတွင် ရင်းနှီး မြုပ်နှံမှုများ ပြန် လည်လုပ်ခွင့်ကို အမေရိကန် အစိုးရက ခွင့်ပြုပြီးနောက်ပိုင်း ကိုကာကိုလာ ကုမ္ပဏီအပြင် တခြားသော အမေရိကန် ကုမ္ပဏီပေါင်း ၃၀၀ ခန့်သည်လည်း ရင်းနှီးမြှုပ်နှံမှုများ လုပ်ရန် စီစဉ်နေကြကြောင်း သတင်း ရရှိသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြမည့် နိုင်ငံခြား ကုမ္ပဏီများနှင့် ပတ် သက်၍ အ ကြံပြုချက်ကို မကြာသေးမီက အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ညီလာခံတွင် ပြောကြားခဲ့သည်။

“လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်းမှုပညာ အရေးကြီးတာကြောင့် မြန်မာနိုင်ငံကို လာ ရောက် ရင်းနှီး မြုပ်နှံဖို့ ရှိတဲ့သူတွေအနေနဲ့ ကိုယ့်အတွက်ကိုပဲ ကိုယ်မကြည့်ဘဲနဲ့ မြန်မာ လူငယ်တွေလည်း အကျိုးလည်း ရှိအောင်၊ ဒီအ ပြင် လုပ်ငန်းက ရရှိလာတဲ့ အကျိုးအမြတ် တွေ ကိုလည်း ရင်းနှီး မြုပ်နှံသူတွေရော၊ မြန်မာ ပြည်သူတွေရော အကျိုးရှိအောင် တာဝန် သိစိတ်နဲ့ ဆောင်ရွက်ဖို့ လိုပါတယ်” ဟု ဒေါ်အောင် ဆန်းစုကြည်က ဆိုသည်။

မြန်မာအစိုးရကလည်း မကြာသေးခင်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန် ဥပဒေပိုင်းဆိုင်ရာများ ပြုပြင်ပေးခြင်း၊ ဘဏ်စနစ် အာ မ ခံချက်ရှိပြီး ခိုင်မာစေရေးနှင့် အခြားသော လိုအပ်သည်များကို ပြင်ဆင်ပေးလျက်ရှိသည်။

နည်းပညာအကြောင်းတစေ့ တစောင်း

သင်တို့ ရဲ့ Android OSဖုန်းဖြစ်စေ၊Tablet ဖြစ်စေ စသည်ဖြင့် အင်တာနက်သုံးလျှင်သုံးကြပေလိမ့် မည်။သို့ သော်သင်တို့ ဧ။် Phone၊Tablet တို့ တွင်  မြန်မာဖောင့် သွင်းမရခြင်း၊သိုမဟုတ် root လုပ်မှသွင်းရသဖြင့်  root မလုပ်လိုခြင်း၊(ROOT လုပ်လျှင် warrantyပျက်မည်ဖြစ်သည်)
စသည့် အကြောင်းကြောင့် အင်တာနက်သုံး၊သတင်းဖတ်လျှင်မြန်မာလိုမပေါ်ရ်ျစိတ်ပျက်နေသူများအားလမ်းညွှန်လိုက်ပါရစေ။
1st-myanmar-browser/downloads/listကိုသွားရောက်၊ 1st myanmar browser ကိုdownloadဆွဲပါ။
1st myanmar browserမှ တစ်ဆင့် အသုံးပြုခြင်းဖြင့်  Alpha Zawgyi နှင့် myanmar3 font တိုအာ့း ထောက်ပံ့ပေးသောကြောင့် သင့် စက်တွင်မြန်မာလို မြင်တွေ့ ရမည်ဖြစ်ပါသည်။
မသိသေးသူများအတွက် အသုံးဝင်စေခြင်းငှာ ဖော်ပြလိုက်ပါသည်။