Saturday, June 16, 2012

အဖော်အချွတ်တွေဝတ်ပြမှ နာမည်ကြီး မယ်ဆိုရင် မကြီးချင်ပါဆိုသူ ခိုင်နှင်းဝေ


ခုနောက်ပိုင်းမှာ ဖက်ရှင်အပြောင်း အလဲလေးတွေနဲ့ ပရိသတ်ကို ဆန်းသစ်
မှုတွေပေးလာတဲ့ ခိုင်နှင်းဝေကို ဖက်ရှင် တွေကိုပြောင်းလဲဆင်ယင်တဲ့ အပေါ် မေးကြည့်တော့-
“ဖက်ရှင်အပြောင်းအလဲဆိုတာ ထက်၊ ဖက်ရှင်ကို အရင်ကထက်ပိုဂရု စိုက်ဖြစ်လာတယ် ပြောရမှာပဲ။ အရင်က ထက်(၂)ဆလောက်ကို အာရုံစူးစိုက်ရပါ တယ်။ မင်းသမီးစဖြစ်တုန်းက အရွယ်ဆို ငယ်ဂုဏ်နဲ့က ဘာပဲဝတ်ဝတ်ကြည့်လို့ ကောင်းတယ်လေ။
အခုအနေအထားကျ တော့အရင်ကအနေအထားနဲ့ မတူတော့ ဘူး။ အစ်မကအနုပညာလောကမှာ ဒုတိယအကြိမ် တကျော့ပြန်ပြီးလှုပ်ရှား တဲ့အခါ ဥပမာ-နာမည်မရှိသေးတဲ့ လူတစ်ယောက်နဲ့ နာမည်ရှိပြီးသားလူ တစ်ယောက်နဲ့က တစ်ယောက်နဲ့တစ် ယောက်မတူဘူး။ ကြိုးစားပုံကြိုးစားနည်း ကွာတယ်။ အဲဒီလိုပဲ အစ်မကိုပရိသတ် သိပြီးသားဆိုတော့ တစ်ကျော့ပြန်၊ ပြန် လှုပ်ရှားတဲ့အခါ အရင်ကထက်နှစ်ဆပြန် ကြိုးစားရတာပေါ့။ အိုက်တင်ပိုင်းကစလို့ အဝတ်အစားအထိ အားလုံးကိုသတိထား ပြီးပြင်ဆင်ရပါတယ်”လို့အဖြေပေးခဲ့ပါတယ်။
အရင်ကဆို မြန်မာဆန်ဆန်ဖက်ရှင် အလှနဲ့ခိုင်နှင်းဝေçခုတော့ခေတ်မီဖက်ရှင်
အလှနဲ့ဟော့ရှေ့ဖြစ်လာပြီလို့ ဝေဖန်သူတွေရှိလာတာကြောင့်၊ ခိုင်နှင်းဝေရဲ့ သဘောထားကိုမေးကြည့်တော့ ယခုလို အဖြေပေးခဲ့ပါတယ်။
“အရင်ကမြန်မာ ဆန်ဆန်တွေအဝတ်များ တာဟုတ်ပါ တယ်။ အရင်ကငယ်ဂုဏ်နဲ့က ဘာ ဝတ်ဝတ်လှတယ်လေ။အခုကအစ်မ က နှစ်ဆပြန်ကြိုးစားနေတာဆိုတော့ မြန်မာဆန်တာချည်းပဲ အမြဲဝတ်နေလို့ မရတော့ပါဘူး။ ကိုယ့်သွားမယ့်ပွဲအနေ အထားပေါ် မူတည်ပြီးဝတ်ရပါတယ်။ ခေတ်မီဖက်ရှင်တွေ ဝတ်လာတယ်ဆိုပေ မယ့်လည်း ကလေးကလားကြီးလည်း မဝတ်ပါဘူး။
တမင်တကာဟော့ရှော့ တွေ လည်းမလုပ်ပါဘူး။ အဖော်အချွတ် တွေဝတ်ပြမှ နာမည်ကြီးရမယ်ဆို လည်းနာမည်မကြီးချင်ပါဘူး။ အများ စိတ်ဝင်စားအောင် နာမည်ပိုကြီး အောင်ဆိုပြီး ဝတ်ဆင်ကြတဲ့ လျပ် ပေါ်လောင်လီဖက်ရှင်တွေ၊ အဖော် အချွတ်တွေကိုလည်း စိတ်မဝင်စား တာအမှန်ပါ။ အစ်မခေတ်ပေါ်ဖက်ရှင် ဝတ်လာတာမှန်တယ်။ ဒါပေမယ့် ဖန်စီ ကျတဲ့ဖက်ရှင်လေးတွေ ဝတ်တယ်။ စတိုင်လ်ကျကျနဲ့ ခပ်မိုက်မိုက်လေးလှ နေတဲ့ စမတ်ဖြစ်တဲ့ ဖက်ရှင်မျိုးတွေကိုပဲ ရွေးချယ်တတ်ပါတယ်”။
မိုးသူဇာမြင့်
မန္တလေးအာရုဏ်ဦး

0 ကွန်မန့်ရေးရန်:

Post a Comment