Saturday, June 16, 2012

ကောလဟလ သတင်းများကြောင့် ရန်ကုန်မြို့ ယနေ့ အသွားအလာနည်းပါးလျှက်ရှိ



သောကြာနေ့ ဖြစ်သည့် ဇွန်လ ၁၅ ရက်နေ့တွင် ဆန္ဒပြမှု၊ 
 
ရုန်းရင်းဆန်ခတ်ဖြစ်မှုများ ဖြစ်ပွားမည်ဆိုသည့် ကောလဟလများ ယခုရက်ပိုင်းအတွင်း 
 
ထွက်ပေါ်လျှက်ရှိရာ 
 
ယနေ့ နံနက်ပိုင်း ရန်ကုန်မြို့တွင်း လူအသွားအလာနည်းပါးလျှက်ရှိသည်
ကို တွေ့ရသည် 

မြို့လယ်တ၀ိုက်တွင် ဆိုက်ကားနင်းသူ တဦးက “ဒီနေ့မနက် ၉ နာရီခွဲထိနင်းတာတောင် ၁ ထောင်ပဲရသေးတယ်။ လ
ူအသွားအလာ တော်တော်လေးရှင်းနေတယ် ” ဟုပြောသည်။

မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သူတဦးက ရန်ကုန်မြို့လယ် အခြေအနေကို ဖုန်းဖြင့်လှမ်းမေးကာ 
 
မင်္ဂလာဒုံမြို့နယ်ရှိ အထက်တန်းကျောင်းတကျောင်းမှ မူလတန်းကျောင်းသားများအား ပြန်လာခေါ်ရန် 
 
မကြာသေးမီက မိဘများအား အကြောင်းကြားခဲ့ကြောင်း တစုံတရာ ဖြစ်ပွားခြင်းကြောင့်ထက် 
 
စိုးရိမ်မှုကြောင့် မိဘများအား အကြောင်းကြားခြင်း ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်မြို့လယ် ဆူးလေစေတီတ၀ိုက်တွင် ရခိုင်ပြည်နယ် မငြိမ်မသက်မှုများတွင် သေဆုံးသွားရသူများအတွက် ဆုတောင်းမှုများ ငြိမ်းချမ်းစွာပြုလုပ်ခဲ့ကြသည်။
 ။

0 ကွန်မန့်ရေးရန်:

Post a Comment