Saturday, June 16, 2012

ယနေ့(ဇွန်လ ၁၅ ရက်နေ့) နံနက်ပိုင်းတွင် မောင်တောမြို့ အခြေအနေ


ဇွန်လ ၁၅ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် မီးလောင်ကျွမ်းခဲ့သော မြို့သူကြီးရပ်ကွက်တွင်
လုံခြုံရေးလှည့်လည်နေသော ရဲတပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင်မြင်တွေ့ရစဉ်
ယနေ့(ဇွန်လ ၁၅ ရက်နေ့) နံနက်ပိုင်းတွင် မောင်တောမြို့ 
 
အခြေအနေသည် ငြိမ်သက်လျှက်ရှိနေပြီး ဈေးဆိုင်ခန်းများ ဖွင့်လှစ်မှုမရှိသေးကြောင်း၊ မိုးများသည်းထန်စွာ 
 
ရွာသွန်းလျှက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မောင်တောမြို့ကို လုံခြုံရေးယူထားကြောင်း 
 
သိရှိရပါသည်။ 

ဖားဝက်ချောင်း ကျေးရွာ ကယ်ဆယ်ရေးစခန်း၊ ၊ ငါးခူရ ကျေးရွာ ကယ်ဆယ်ရေးစခန်းနှင့် ကျီးကန်းပြင် 



ကယ်ဆယ်ရေးစခန်းတို့တွင် စားနပ်ရိက္ခာ အခက်အခဲဖြစ်ပေါ်နေသည့်အတွက် မောင်တောမြို့မှ ယနေ့ 

သွားရောက်ပေးပို့ရန် စီစဉ်ထားသော်လည်း မိုးများသည်းထန်စွာ ရွာသွန်းနေသောကြောင့် ယနေ့ 

နံနက်ပိုင်းအထိ ပေးပို့နိုင်ခြင်းမရှိသေးကြောင်း သိရှိရပါသည်။

0 ကွန်မန့်ရေးရန်:

Post a Comment