This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, March 23, 2013

ရာမူး ဘုန်းတော်ကြီးကျောင်းများ တိုက်ခိုက်မူဖြင့် အလိုရှိနေသူ RSO ထိပ်တန်း ခေါင်းဆောင် တစ်ဦးကို ဘင်္ဂလာရဲက ဖမ်းဆီး

လွန်ခဲ့သောနှစ်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ခရိုင် ရာမူး (ပန်းဝါ) ဘုန်းတော်ကြီးကျောင်းများကို မီးရှို့တိုက်ခိုက်ရာတွင် အဓိက ကြိုးကိုင်ခဲ့သူများထဲမှ တစ်ဦးဟု စွပ်စွဲခံထားရသူ RSO ထိပ်တန်း ခေါင်းဆောင် တစ်ဦးကို ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့ မှ ယမန်နေ့ ညနေက ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူမှာ Hafez Sanaul Islam (၅၀) နှစ်ဖြစ်ပြီး Rohingya Solidarity Organization (RSO) လက်နက်ကိုင် တပ်ဖွဲ့မှ Chief Coordinator ဖြစ်သည် ဟု ယနေ့ထုတ် The Independent သတင်းစာတွင် “ Ramu Attack ‘Plotter’ held in Cox’sbazar” ခေါင်းစဉ်ဖြင့် ဖေါ်ပြသည်။

Hafez မှာ ကော့စ်ဘဇားရဲတပ်ဖွဲ့၏ အလိုရှိဆုံး ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့မှ ခေါင်းဆောင် တစ်ဦး ဖြစ်သည်ဟု သတင်းစာက ဆိုသည်။

သူသည် လွန်ခဲ့သောနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့က ရာမူးမြို့တွင် ဘုန်းတော်ကြီးကျောင်း အနည်းဆုံး ၁၂ ကျောင်း မီးရှို့တိုက်ခိုက်ခံရရာတွင် ဦးဆောင် ကျူးလွန်သူများထဲမှ တစ်ဦး ဖြစ်သည်ဟု ပြောသည်။

သူ့အား မတ်လ ၂၁ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် တက်ကနက်မြို့နယ် Hila မာဒရချပ် ဘာသာရေးကျောင်းတွင် လျို့ဝှက် အစည်းအဝေး ပြုလုပ်နေစဉ် သတင်းအရ ရဲတပ်ဖွဲ့က ၀ိုင်းဝန်း စီးနင်းရာမှ ဖမ်းဆီးမိခဲ့သည်ဟု ကော့စ်ဘဇား ခရိုင် ASP ရဲမှူးကြီး Babul AKter ကို ကိုးကားပြီး သတင်းစာက ရေးသားသည်။

Hafez သည် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် မွေးဖွားပြီး ၁၉၇၈ ခုနှစ်တွင် ဘင်္ဂလာဒေခ်ျ့သို့ တရားမ၀င် ၀င်ရောက်လာကာ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့များနှင့် ဆက်စပ်ခဲ့သည်ဟု ဆိုသည်။

သတင်းစာမှ သူသည် နိုင်ငံတကာ အကြမ်းဖက် အဖွဲ့များနှင့် ဆက်စပ်မူ ရှိပြီး ငွေကြေးများ လက်ခံယူကာ လူများကိုစုဆောင်းပြီး ဒေသ အတွင်းနှင် နိုင်ငံတကာ အကြမ်းဖက် အဖွဲ့များသို့  ပို့ပေးသည်ဟု စွပ်စွဲ ရေးသား ဖေါ်ပြသည်။

ယခု Hafez ဖမ်းဆီးခံရမူနှင့် ပတ်သက်ပြီး RSO အဖွဲ့မှ တစ်စုံတစ်ရာ တုန့်ပြန် ပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အလွန် ဒေါသထွက်တဲ့နေ့

တိုင်းကျော်

လက်ရှိကျင်းပနေဆဲ လွှတ်တော်အသီးသီးရဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ကျင်းပနေချိန် တရက်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အလွန် အမျက်ဒေါသ ထွက်ခဲ့ပါတယ်။

သူရဦးရွှေမန်းတယောက် ဘယ်သူ့ကြောင့်များ ဒေါသထွက်ရသလဲ၊ ဘာအကြောင်းကြောင့်များ ဒေါသထွက်ရသလဲ။ ဒီ ပြဿနာရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေသလဲ ဆိုတာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ဒုတိယပိုင်းမှာ ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ လွှတ်တော်ကို ပုံမှန်ရောက်ရမယ့် အချိန်ထက် နောက်ကျပြီးမှ ရောက်လာပါတယ်။ ဒီအတွက် အခုလို နောက်ကျရောက်လာရတဲ့အကြောင်း ရှင်းပါတယ်။ သူက အဲဒီနေ့မှာ အစိုးရအဖွဲ့က ထုတ်ပြန်ထားတဲ့ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ” နဲ့ ပတ်သက်ပြီး ပြင်ဆင်ဖြည့်စွက်ချက်တွေ လုပ်မှာ ဖြစ်ကြောင်း၊ ဒီအတွက် လွှတ်တော်ထဲမှာ အချိန်ကုန်သက်သာအောင် ၀န်ကြီးဌာန တာဝန်ရှိသူတချို့၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက လူတချို့နဲ့ သူကိုယ်တိုင် ပါဝင်ပြီး သူရုံးခန်းမှာ အပြင်းအထန် ညှိနှိုင်းနေရတဲ့အတွက် အချိန်ကြာသွားကြောင်း၊ ဒါကြောင့် သူ့ကိုနားလည်ပေးပါ ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ပြီးတာနဲ့ သူက အစိုးရအဖွဲ့က ထုတ်ပြန်ထားတဲ့ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ”ကို ပြင်ဆင်မယ့်ကိစ္စ စပြီး လုပ်ကိုင်ဖို့ ဥပဒေကြမ်းကော်မတီကို ခေါ်ယူပါတယ်။

ဒီအချိန်မှာ ထင်မှတ်မထားဘဲနဲ့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က “နည်းဥပဒေ” ပြင်ဆင်မယ့် ကိစ္စ ဆွေးနွေးတာကို ရွှေ့ဆိုင်းပေးဖို့ အဆိုတင်သွင်းလိုတဲ့ အကြောင်း ပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဦးသိန်းညွန့်တင်ပြတာက လွှတ်တော်က အတည်ပြုပြီးတဲ့ ဥပဒေတရပ်ရပ်နဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့က “နည်းဥပဒေ” ထုတ်ပြန်နိုင်ကြောင်း၊ ဒီ ထုတ်ပြန်တဲ့ နည်းဥပဒေပါ အချက်တရပ်ရပ် ဒါမှမဟုတ် အချက်တချို့ဟာ မူလဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ဆန့်ကျင်နေရင် အခြခံဥပဒေ ပုဒ်မ ၁၃၇ (ခ) အရ ပယ်ဖျက်ရန်၊ ဒါမှမဟုတ် ပြင်ဆင်ရန် လွှတ်တော်က ဆုံးဖြတ်နိုင်ကြောင်း၊ ဒါပေမယ့် လက်ရှိ လွှတ်တော်ကော်မတီက ဖြန့်ဝေထားတဲ့ နည်းဥပဒေကို ပြင်ဆင်မယ့် အချက် ၆၃ ချက်ဟာ မူလဥပဒေပါ ဘယ်အချက်နဲ့ ကိုက်ညီမှုမရှိဘူး ဆိုတာ ဖော်ပြမထားကြောင်း၊ ဒါ့အပြင် အဲဒီ အချက် ၆၃ ချက်မှာ အသစ် ဖြည့်စွက်တာတွေ ပါဝင်နေပြီး ဒီလို ဖြည့်စွက်ဖို့ အခြေခံဥပဒေက ခွင့်ပြုမထားကြောင်း၊ ပြင်ဆင် ဖြည့်စွက်မှုတွေမှာလည်း မူလဥပေဒေပါ ပြဋ္ဌာန်းချက်နဲ့ ဆန့်ကျင်နေတာတွေပါကြောင်း ဥပမာတွေနဲ့တကွ တင်ပြခဲ့ပါတယ်။

ဒါတင်မက ဦးသိန်းညွန့်က စီးပွားရေးသမားတချို့ဟာ သူတို့အကျိုးစီးပွား အမြင်ကျဉ်းကျဉ်းလေးနဲ့ မူလဥပဒေကို ပြင်ဆင်ကန့်ကွက်တာတွေ လုပ်တယ်။ ဒီလိုလုပ်တာဟာ လွှတ်တော်အနေနဲ့ လုပ်ပိုင်ခွင့်ချဲ့ယူနေတာဖြစ်လို့ နောင် အစဉ်အလာ မကောင်းဖြစ်သွားမယ်၊ ဒါကြောင့် သူရဦးရွှေမန်း ရုံးခန်းထဲမှာ ညှိရုံနဲ့ မလုံလောက်ဘူး၊ ကျယ်ပြန့်တဲ့ အမြင်တွေ ရယူဖို့ ဆွေးနွေးတာတွေ ရက်ရွှေ့ဆိုင်းပေးဖို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။

ဦးသိန်းညွန့် ဒီလို ပြောလိုက်တာဟာ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ အရှိုက်ကို ထိုးနှက်လိုက်သလို ဖြစ်သွားပြီး အလွန်ဒေါသထွက်သွားခဲ့ပါတယ်။ ချက်ချင်းပဲ အခြေခံဥပဒေနဲ့ ကိုက်ညီတာ၊ မညီတာ သက်ဆိုင်ရာ ပညာရှင်တွေနဲ့ ဆိုင်တယ်။ သူကတော့ လက်မခံနိုင်ဘူး။ ဒီနည်းဥပဒေကိစ္စ အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ် ညှိထားလို့ အခုလို ရွှေ့ဆိုင်းဖို့ တင်ပြတာကို လက်မခံနိုင်ပါဘူး ဆိုပြီး လွှတ်တော် သဘောတောင်မယူဘဲ ယတိပြတ် ပယ်ချလိုက်ပါတယ်။ အဲဒီနောက် နည်းဥပဒေ ပြင်ဆင်တာတွေ ဆက်လုပ်ပါတယ်။

သူရဦးရွှေမန်းက ဒီလောက်နဲ့ မကျေနပ်နိုင်သေးပါဘူး။ လွှတ်တော် နားပြီး နောက်တချိန် ပြန်စတော့လည်း ဦးသိန်းညွန့်ကို ရည်ရွယ်ပြီး ဒီကိစ္စ ထပ်ပြောပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ပြင်ဆင်တာကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီတယ်၊ မညီဘူးဆိုတာ “ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး” နဲ့ပဲ ဆိုင်တယ် ဆိုတာလောက် ပြောပြီး ဦးသိန်းညွန့်က တင်ပြချင်ရင် ခုံရုံးကို သူတင်ပြပေးမယ်လို့တော့ မပြောခဲ့ပါဘူး။ ဖွဲ့စည်းပုံခုံရုံးကို ပြဿနာတွေ တင်ပြနိုင်တာ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်၊ တရားသူကြီးချုပ်နဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ စုစုပေါင်း ၅ ယောက်ကပဲ တင်ပြပိုင်ခွင့်ရှိတဲ့အတွက် ဦးသိန်းညွန့် အနေနဲ့ ဘာမှ မတတ်နိုင်ဘူး ဆိုတဲ့ အဓိပ္ပာယ်လည်း ပေါက်ပါတယ်။ ဒီအတွက် လက်ရှိ အတည်ပြုနေတဲ့ နည်းဥပဒေကို ဦးသိန်းညွန့်အနေနဲ့ ထကန့်ကွက်ရင် လွှတ်တော်အမတ် ဂုဏ်သိက္ခာ မထိခိုက်ရအောင် သတိပေးရတာ ဖြစ်တယ်လို့ ပြောပြီး မဆီမဆိုင် ဒေါနဲ့မောနဲ့ တုံးကို ခပ်ပြင်းပြင်းလေး ထုလိုက်ပါသေးတယ်။

တကယ်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ ပြဿနာ ဆိုတာ လွှတ်တော်ထဲက ခရိုနီတွေ၊ ခရိုနီကိုယ်စားလှယ်တွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အိမ်နီးချင်းနိုင်ငံတွေနည်းတူ ကျယ်ကျယ်ဖွင့်ပေးချင်တဲ့ သမ္မတအကြံပေးအဖွဲ့တွေကြားက အားပြိုင်မှုဖြစ်ပါတယ်။ ဒီ အားပြိုင်မှုကြားမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက မည်သို့ပင် ဆိုစေကာမူ အစိုးရအဖွဲ့နဲ့ ညှိပြီးလုပ်ရင်ရတယ် ဆိုတဲ့ သူရဦးရွှေမန်းကို ခရိုနီတွေ အကျိုးစီးပွားအတွက် ဥပဒေ အထက်ရောက်နေတဲ့သဘော ပြောဆိုမိခဲ့တာကြောင့် လွှတ်တော်ဥက္ကဋ္ဌကြီး ဒေါသ အလွန်ထွက်ခဲ့ပါကြောင်း တင်ပြလိုက်ရပါတယ်။

မိတ္ထီလာမြို့ မတ်လ ၂၃ ရက်နေ့ အခြေအနေ

(မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)

နံနက် ၈ နာရီ ၂၀ မိနစ်

မိတ္ထီလာမြို့ခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်အား အရေးပေါ်အခြေအနေ ကြေညာပြီးနောက်ပိုင်း မီးရှို့ခြင်း၊ ဆူပူအကြမ်းဖက်မှုများ မရှိတော့ပဲ ဒေသအခြေအနေ တည်ငြိမ်မှု ပြန်လည်ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သတ်၍ မတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင်  Eleven Media Group မှ မိတ္ထီလာ ပြည်သူ့ဆေးရုံကြီးသို့ ဆက်သွယ်မေးမြန်းရာ ဆေးရုံတာဝန်ရှိသူ တစ်ဦးက “မနေ့ညနေ လေးနာရီ စာရင်းပိတ်ပြီး ကတည်းက သေဆုံး၊ ဒဏ်ရာရတဲ့သူတွေ ဆေးရုံကို ရောက်ရှိလာခြင်း မရှိတော့ပါဘူး။ ဒဏ်ရာရတဲ့သူ စုစုပေါင်း ၅၀ ကျော်လောက် ရှိပေမယ့် တချို့က ဒဏ်ရာသက်သာတဲ့အတွက် ဆေးရုံက ပြန်ဆင်းသွားကြပါတယ်။ လက်ရှိအချိန်မှာ ဆေးရုံမှာ ကျန်ရှိနေတဲ့ ဒဏ်ရာရရှိ သူစုစုပေါင်း ၂၇ ဦး ရှိပါတယ်။ ဆေးရုံကို ရောက်ရှိလာတဲ့ သေဆုံးသူစာရင်းက ၁၀ ဦးပါ” ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။

“အားလုံး အေးအေးချမ်းချမ်း ဖြစ်နေပါပြီ။ မီးလောင်တာ ဆူပူအကြမ်းဖက်တာ ဘာမှမရှိတော့ပါဘူး” ဟု မိတ္ထီလာ အမှတ် ၂ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ဒီနေ့နံနက် ၇ နာရီ ၄၀ လောက်မှာ ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်က မော်တော်ယာဉ် အစီး တစ်ရာဝန်းကျင်လောက် မထ္တီလာမြို့ထဲကို ၀င်လာတာ တွေ့ရပါတယ်။ အင်အားဘယ်လောက်ရှိတယ် ဆိုတာကတော့ ခန့်မှန်းလို့ မရပါဘူး။ မီးလောင်တာ လူစုလူဝေးနဲ့ ဆူပူတာတွေ မတွေ့ရတော့ပါဘူး။ မိထ္တီလာမြို့မှာ ပုံမှန်သွားလာ လှုပ်ရှားမှုတွေ စတင်ပြုလုပ်နေတာ တွေ့ရတယ်။ ဈေးဆိုင် အချို့လည်း ပြန်ဖွင့်နေပါပြီ။ ညကလည်း ဘာမှမဖြစ်ဘူး အေးအေးဆေးဆေး ပါပဲ။ တည်ငြိမ်မှု ပြန်လည်ရရှိနေတာကို တွေ့နေရပါပြီ” ဟု မိတ္ထီလာမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောသည်။

Eleven Media Group
 (မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)

မတ်လ ၂၃ ရက်နေ့ နံနက် ၁ နာရီ ၂၀ မိနစ်

မိတ္ထီလာမြို့ ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သတ်ပြီး မတ်လ ၂၃ ရက်နေ့ နံနက် ၁ နာရီတွင် မိတ္ထီလာမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံုးသို့ Eleven Media Group မှ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက "နေ့လည် ၁၂ နာရီ ခွဲလောက် ကတည်းက စပြီး မီးရှို့တာတွေ ဆူပူအကြမ်းဖက်တဲ့ ဖြစ်စဉ်တွေ မရှိပါဘူး၊ အရေးပေါ် အခြေအနေ ထုတ်ပြန်ပြီးကတည်းက တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဒေသ တည်ငြိမ်ရေး ပြန်လည် ရရှိအောင် ဆောက်ရွက်နေပါတယ်၊ လက်ရှိအချိန်မှာတော့ တည်ငြိမ်နေပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။

မန်မာရဟန်းတော် ၂ ပါး ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းဆီးခံရ

နိရဉ္စရာ

မြန်မာနိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသော ရဟန်းတော် ၂ ပါးကို ဘင်္ဂလာဒေခ်ျ့ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ ၀င်များက ယမန်နေ့က ဖမ်းဆီးလိုက်သည်။

အဆိုပါ ရဟန်းတော် ၂ ပါးအား ကော့စ်ဘဇားနှင့် တက်ကနက် အကြား ကားလမ်းပေါ်ရှိ ၀ါးခွပ်ချောင်း စစ်ဆေးရေးဂိတ်၌ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် နယ်ခြားစောင့် တပ်ဖွဲ့ ဘီဂျီဘီက ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ အာဏာာပိုင်များက ပြောသည်။

ဖမ်းဆီးခံရသူ ရဟန်းတော် ၂ ပါးမှာ ဦးခန္တီ သက်တော် (၃၄) နှစ်နှင့် ဦးဥာဏ သက်တော် (၃၅) နှစ်တို့ ဖြစ်သည်။ ရဟန်းတော် ၂ ပါးစလုံးမှာ စစ်တွေက ဖြစ်ကြောင်း ဘင်္ဂလာ အာဏာပိုင်များက ဆိုသည်။

ရဟန်းတော် ၂ ပါးအား ဖမ်းဆီးပြီးနောက် ယမန်နေ့ ညနေပိုင်းတွင် သက်ဆိုင်ရာ တက်ကနက် ရဲစခန်းသို့ လွှဲပြောင်း ပေးလိုက်သည်ဟု ဆိုသည်။

ယနေ့ မတ်လ ၂၂ ရက်နေ့တွင် ကော့စ်ဘဇားမြို့ တရားရုံးတွင် ရုံးထုတ်မည် ဖြစ်ပြီး နိုင်ငံခြားသားမူ၊ တရားမ၀င် ၀င်ရောက်မူတို့ဖြင့် တရားစွဲဆိုမည်ဟု သိရသည်။

ယခင်က တရားမ၀င် ၀င်ရောက်လာသော မြန်မာနိုင်ငံမှ ရဟန်းတော်များအား ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက များသောအားဖြင့် ဖမ်းဆီးခြင်း မရှိသော်လည်း နယ်စပ်တွင်လက်ရှိ ဖြစ်ပေါ်နေသော တင်းမာမူ တချို့ကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်နိုင်ကြောင်း နယ်စပ်နေ ရခိုင်အမျိုးသားများက ပြောသည်။

မြန်မာဘက်မှ ဖမ်းဆီးထားသော ဘင်္ဂလာဒေခ်ျ့ ရဲတပ်သား (၃) ဦးကို ယခု အချိန်ထိ ပြန်မလွှတ်သေးသဖြင့် ဘင်္ဂလာဒေခ်ျ့ဘက်မှ အထူး မကျေမချမ်းဖြစ်နေပြီး လုံခြုံရေးကိုလည်း တင်းကျပ်ထားသည်ဟု သိရသည်။

ဘတ်စ်ကား တစ်စီးဖြင့် လိုက်ပါလာသော ရဟန်းတော် ၂ ပါးကို ၀ါးခွပ်ချောင်း နယ်စပ် စစ်ဆေးရေး ဂိတ်တွင် မသင်္ကာရာမှ စစ်ဆေးစဉ် ဖမ်းဆီးခံရသည်ဟု ဆိုသည်။

ကာလာအိုကေ ဆိုလို့ရတဲ့ဆော့ဝဲလ်လေးပါ

ကဲဒီတစ်ခါတော့သူငယ်ချင်းတစ်ယောက်တောင်းဆိုထားတဲ့
ကာလာအိုကေဆိုလို့ရတဲ့ဆော့ဝဲတဲ့
ဒီမှာဗျာ ဆိုချင်တဲ့သူများဆိုနိုင်ပါပြီ..ဟီး အင်စတော့လုပ်စရာမလိုပါဘူး Zip ဖိုင်တဲက EXEဖိုင်လေး
Run လိုက်ရင်ပွင့်လာပါတယ် အဲမှာစနိုင်ပါပြီ ကျနော်စမ်းကြီးတာတော့
မြင်ကွင်းကြယ်ကြီးနဲ့ အသံတွေတော့လာနေတာပဲ..ဟိဟိ
 
ပုံမှာပြထားတဲ့အတိုင်း စက်ထဲကနေVideo သီချင်းတစ်ပုဒ်ထည့်လိုက်ပါ
ပုံမှာပြထားတဲ့အတိုင်းမပေါ်ရင် Esc ကိုနှိပ်လိုက်ပါ သီချင်းထည့်မယ်ဆိုရင် F3 ကိုနှိပ်ပါ
Play မယ်ဆိုရင် Enter ခေါက်ပါ  Stop မယ်ဆိုရင် Space bar နှိပ်ပါ

မန်းတွင် ဗမာလူငယ်တစ်ဦးမှ ကုလား(၃)ကောင်အား ရိုက်ထုတ်

Jackie Jones
updated
မန်းတွင် ဗမာလူငယ်တစ်ဦးမှ ကုလား(၃)ကောင်အား ရိုက်ထုတ်

••••••••••••••••••••••••••••••
မန္တလေး မတ်(၂၁)

ယမန်နေ့က ဖြစ်ပွားခဲ့သော မိတ္ထီလာဈေး နယူးဝိန့်စိန်ရွှေဆိုင်မှ စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခများအား ပြေလည်အောင် မဖြေရှင်းရသေးခိုက် ယနေ့ မတ်လ ၂၁ ရက်နေ့ ညပိုင်း ၈:၅၄ အချိန်ခန့်တွင် မန္တလေးမြို့၌ ဗမာလူငယ်တစ်ဦးမှ ကုလားသုံးကောင်အား ရိုက်ထုတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။အဆိုပါ ဗမာလူငယ်မှာ ကိုဝင်းမင်းသိန်း အသက် (၂၉) နှစ် (ဘ-ဦးတင်မောင်လေး) ဖြစ်ပြီး ၈၁လမ်း ၃၇-၃၈ လမ်းကြားတွင် နေထိုင်သူဖြစ်ကြောင်း သိရှိရပါသည်။ ဖြစ်စဉ်အကျဉ်းမှာ ရပ်ကွက်တွင်း နာရေးအိမ်ရှိ ရှမ်းကိုးမီးဝိုင်းတွင် အထက်ပါ ကိုဝင်းမင်းသိန်းမှ ကနဦး ဝေဖဲ ၂ ချပ်မှာ ကုလား ၂ ကောင် ဖြစ်နေသောကြောင့် ထပ်ဆွဲရာ ကုလားတစ်ကောင် ထပ်တက်ခြင်းဖြစ်ပါသည်။ ဖဲဝိုင်းအတွင်းမှ ရိုက်ဖော်ရိုက်ဖက်များမှာလဲ ကုလား ၃ ကောင်အား ရိုက်ထုတ်သွားသည့်အတွက် ဝမ်းမြောက်လျှက်ရှိကြကြောင်း သတင်းရရှိပါသည်။ ကိုဝင်းမင်းသိန်း၏ ဝေဖဲမှာ စပိတ်ကင်း နှင့် ညှင်းဂျက် ဖြစ်၍ ထပ်မံဆွဲတက်သောဖဲမှာ ဒေါင့်ကင်းဖြစ်ကြောင်း သိရှိရပါသည်။

ကိုက်လို့ကော်ပီကူးလာတာ...ခစ်ခစ်

ပြည်သူ့အတွက် စကိုင်းဂျက်
Jackie Jones
21-3-2013

ရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း ညအချိန် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရြှိ

ရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း ညအချိန် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး ယခင်အစိုးရ လက်ထက်က ညပိုင်းအချိန်သွားလာသော ယာဉ်များကို စစ်ဆေးရေးဂိတ်များ ထားရှိပြီး စစ်ဆေးဆောင်ရွက် ခြင်းများကဲ့သို့ လုံခြုံရေး ဆောင်ရွက်မှုများကို ပြန်လည်ပြုလုပ်လျက် ရှိနေကြောင်း သိရှိရပါသည်။ရန်ကုန်မြို့၌ ညအချိန်များတွင် လုံခြုံရေး တိုးမြှင့်ဆောင်ရွက် (6 photos)

ဂျပန်မှာ လူမျိုးရေး အကြမ်းဖက်မှုတွေ ဆူပူမှုတွေ ဘာကြောင့် မရှိတာလဲ

Preety Scarlett and Kaung Myat shared Black Angle's photo.
ဂျပန်မှာ လူမျိုးရေး အကြမ်းဖက်မှုတွေ ဆူပူမှုတွေ ဘာကြောင့် မရှိတာလဲ

------------------------------------------------------------------------

မူဆလင်တိုင်းပြည်က နိုင်ငံရေးခေါင်းဆောင်တစ်ယောက် ဒါမှမဟုတ် အစ္စလာမ်မစ်ခေါင်းဆောင်တစ်ယောက်က ဂျပန်နိုင်ငံကို သွားလည်တာ ဒါမှမဟုတ် ဆော်ဒီ မင်းသား ဂျပန်ကို သွားလည်တာတွေ သတင်းစာထဲမှာ ဖတ်ဘူးပါသလား။

ဘယ်တွေ့ ဖူးမလဲ ဂျပန်နိုင်ငံက မူဆလင်တွေကို မြောင်းထဲမှပဲထားတာ။ မူဆလင်တွေကို ကြပ်ထားတာ။ ဘယ်လိုကြပ်ထားသလဲဆိုတော့

၁။ မူဆလင်တွေကို နိုင်ငံသားဖြစ်ခွင့် ((လုံးဝ)) မပေးဘူး။ (ကမ္ဘာပေါ်မှာ သူတစ်နိုင်ငံထဲရှိတယ်)

၂။ မူဆလင်တွေကို နိုင်ငံသားဖြစ်ခွင့် မပြောနဲ့ အမြဲတမ်းနေထိုင်ခွင့် (PR) ကိုတောင် မပေးဘူး။

၃။ မူဆလင်တွေကို ၀ါဒဖြန့် ခွင့် Islamic Media Propaganda ကို တင်းကြပ်စွာ တားမြစ်ထားတယ်။

၎။ ဂျပန် တက္ကသိုလ်တွေမှာ အာရဗီ ဘာသာနဲ့ အစ္စလာမ်ဘာသာကို မသင်ဘူး။

၅။ အာရဗီ ဘာသာနဲ့ ရေးထားတဲ့ ကုရ်အာန်စာအုပ်ကို ပေးမသွင်းဘူး။

၆။ လောလောဆယ် မူဆလင် ၂ သိန်းလောက် ယာယီနေထိုင်ခွင့် ရနေုပြီး ဂျပန်ဥပဒေနဲ့ နေရတယ်။ ဂျပန်စကားပြေရတယ်။ ဘာသာရေးကိစ္စကို အိမ်မှာပဲ လုပ်ခွင့် ရှိတယ်။

၇။ ကမ္ဘာပေါ်က မူဆလင်နိုင်ငံတွေနဲ့ သံတမန် အဆက်အသွယ်လုပ်တာ အနည်းဆုံးပဲ (ခပ်တည်တည်ပဲ သံရုံးမဖွင့်ဘူး)

၈။ ဂျပန်မှာ နေနေတဲ့ မူဆလင်တွေကလဲ နိုင်ငံသားပိုင် ကုမ္ပဏီတွေမှာ အလုပ်လုပ်တာ မဟုတ်ပဲ နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေမှာလုပ်တဲ့ လူတွေပဲရှိတယ်။ (သဘောက မူဆလင်ဆိုရင် အလုပ်မပေးဘူး)

၉။ မူဆလင် ဆရာဝန် အင်ဂျင်နီယာ စီမန်ခန့်ခွဲရေး အရာရှိတွေကို နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေက ဗီဇာလျှောက်ရတယ်။

၁၀။ ကုမ္ပဏီအများစုက မူဆလင်ဆိုရင် အလုပ်မပေးပါဘူးလို့ ကြေညာထားရတယ်။

၁၁။ မူဆလင်တွေက ဂျပန်မှာ အိမ်ငှားဖို့တောင် မလွယ်ဘူး။

၁၂။ မူဆလင်မိသားစု ကိုယ့်အိမ်ဘေးရောက်လာတာနဲ့ အားလုံးက စောင့်ကြည့်တော့တာပဲ။

၁၃။ အာရဗီ မဒရပ်စာ ခေါ်တဲ့ အဖွဲ့ အစည်းမျိုးကို ဂျပန်မှာ ဖွဲ.ခွင့်မပေးဘူး။

၁၄။ အစ္စလာမ်မစ်ရှရီးယား ဥပဒေကိုလဲ ကျင့်သုံးခွင့်မပေးဘူး (ခဲနဲ့ ပေါက်တဲ့ဥပဒေ)

၁၅။ အကယ်၍ ဂျပန်အမျိုးသမီးက မူဆလင်နဲ့ ယူရင် ကျဉ်ခံရပြီ။ ဒိုးပေတော့ပဲ။

၁၆။ တိုကျိုတက္ကသိုလ် ဌါနမှုး Mr Komico Yagi က မူဆလင် တွေဟာ ဘာသာရေး ကျဉ်းမြောင်းတဲ့ စိတ်ရှိတာမို့ ဂျပန်တွေက ဝေးဝေးနေကြတယ်လို့ မှတ်ချက်ပြုထားတယ်။ (သောက်ဖက်မလုပ်ဘူး)

၁၇။ Freelance journalist Mohammed Juber က လဲ 9/11 ပြီးတဲ့နောက်ပိုင်း ဂျပန်အပါအ၀င် တိုင်းပြည်တော်တော်များများကို ခရီးလှည့်ပြီး အစွန်းရောက် အစ္စလာမ်မစ်တွေက ဂျပန်ကို ဒုက္ခမပေးနိုင်ဘူးလို့ သုံးသပ်ခဲ့တယ်။

၁၈။ ဂျပန်အစိုးရကတော့ Globalization ခေတ်ရောက်နေတာတောင် မူဆလင်တွေက သူတို့ရဲ့ အစ္စလာမ်မစ် အယူဝါဒစွဲကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ သုံးသပ်ထားတယ်။

ဒါကတော့ ဂျပန်မှာ အစိုးရနဲ့ ပြည်သူတွေက မွတ်တွေကို ဘယ်လို ဆက်ဆံသလဲဆိုတာ fb ပေါ်မှာတွေ့လို့ ရှယ်လိုက်တာပါ။

[ဘာသာပြန် - မိုးကျော်သူ]

တောင်ကိုရီးယားနိုင်ငံတွင် စကတ်အတိုအပြတ်များမ၀တ်ဆင်ရ ဥပဒေထုတ်ပြန်...

တောင်ကိုရီးယားနိုင်ငံတွင် မတ်လ(၂၂)ရက်နေ့မှ စတင်ကာ စကတ်အတို
အပြတ်များအား ၀တ်ဆင်ခွင့်မပြုတော့သော ဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း
သိရသည်။ ယခုအခါ၌ ကိုရီးယားနိုင်ငံ၏ နာမည်ကျော်အနုပညာရှင်
များသည် သရုပ်ပျက်လောက်သော စကတ်အတိုများကို ၀တ်ဆင်လာ
သဖြင့် အမြင်မတင့်တယ်မှုများကို ကြုံတွေ့နေရသဖြင့် ၎င်းဥပဒေအား
ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။ ထိုဥပဒေအား ဖောက်ဖျက်ပါက
အမေရိကန်ဒေါ်လာ(၄၅)ဒေါ်လာ ဒဏ်ငွေပေးဆောင်ရန် ပြဋ္ဌာန်း
ထားကြောင်း သိရသည်။

SkyNet TV Browser

လူကို သွေးစုပ်ဖုတ်ကောင်လို ပြောင်းလဲမည့် လက်နက် ရုရှားတွင် ရှိ

Photo: လူကို သွေးစုပ်ဖုတ်ကောင်လို ပြောင်းလဲမည့် လက်နက် ရုရှားတွင် ရှိ
Friday, March 22, 2013

နောက်တယ်ထင်နေတာ၊ Daily mail နဲ့ nbc တို့လို သတင်းဌာန ကြီးတွေက တောင် အတိအလင်းရေးသားဖော်ပြထားပါတယ်။ ရုရှား အစိုးရအဖွဲ့ကလည်း မဖုံးကွယ်ပဲ တရားဝင်ကြေညာပါတယ်။

တကယ်ပဲ လူကို သွေးစုပ်ဖုတ်ကောင် လိုပြောင်းလဲသွားစေမယ့် ကြောက် မက်ဖွယ် လက်နက်ကို ရုရှားတို့ ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ စတင်ကြေညာတုန်းက ၂၀၁၂ ခုနှစ် မတ်လကဖြစ်ပြီး ယခုဆိုရင် တစ်နှစ်ပြည့်ပါပြီ။ သေနတ်ရဲ့  အလုပ်လုပ်ပုံက ဒီလို ဖြစ်ပါတယ်။

ပစ်လိုက်တဲ့အခါ မိုက်ခရိုဝေ့တစ်မျိုးကို ကိုယ်တွင်းကို စီးဆင်းသွားပြီး ကိုယ် အပူချိန်ကို မြင့်တက်စေပါတယ။် သူ့အတွက်တော့ တကယ်ငရဲပါပဲ။ ဒါကြောင့် အာရုံကြော အလုပ်လုပ်မှုလည်းပုံမှန် မဟုတ်တော့ပဲ ကိုယ်တိုင် ဟာလည်း ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘူးလို့ ဆိုပါတယ်။

ယင်းသေနတ် အပစ်ခံရပြီးရင် အားလုံးက တစ်နည်းမဟုတ် တစ်နည်း သေကြောင်းကြံပါတယ်။ သွေးစုပ်ဖုတ်ကောင်ဆိုလို့ လိုက်ပြီး သွေးစုပ်နေမှာတော့ မဟုတ်ပါဘူး။ Body လုပ်ဆောင်ချက် ပြောင်းလဲပြီး နီးစပ်ရာ ပစ္စည်းတစ်ခုခုနဲ့ ကိုယ့်ကိုယ်ကို သတ်သေမှာပါ။ Happening ရုပ်ရှင်ထဲကလို အဆိပ်ငွေ့ လိုတောင်
ဖြစ်နေပါတယ်။

လက်နက်က နျူကလိယစွမ်းအင်သုံး တိုက်ခိုက်ခြင်း မပြုရန် တိုက်ပွဲတွေမှာ အသုံးပြုတယ်လို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ နျူကလိယ စွမ်းအင်သုံး လက်နက်တွေထက်တောင် ပိုမို ထိရောက်စွာ အသုံးပြုနိုင်မယ်လို့ 
သမ္မတ ပူတင်ကိုယ်တိုင် ပြောကြားခဲ့ကြောင်း သိရပါတယ်။

မူရင်း သတင်း -

http://www.dailymail.co.uk/news/article-2123415/Putin-targets-foes-zombie-gun-attack-victims-central-nervous-system.html

http://cosmiclog.nbcnews.com/_news/2012/04/06/11061093-reality-check-on-russias-zombie-ray-gun-program?lite
--
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/03/blog-post_21.html

-
TechSpace Journalနောက်တယ်ထင်နေတာ၊ Daily mail နဲ့ nbc တို့လို သတင်းဌာန ကြီးတွေက တောင် အတိအလင်းရေးသားဖော်ပြထားပါတယ်။ ရုရှား အစိုးရအဖွဲ့ကလည်း မဖုံးကွယ်ပဲ တရားဝင်ကြေညာပါတယ်။

တကယ်ပဲ လူကို သွေးစုပ်ဖုတ်ကောင် လိုပြောင်းလဲသွားစေမယ့် ကြောက် မက်ဖွယ် လက်နက်ကို ရုရှားတို့ ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ စတင်ကြေညာတုန်းက ၂၀၁၂ ခုနှစ် မတ်လကဖြစ်ပြီး ယခုဆိုရင် တစ်နှစ်ပြည့်ပါပြီ။ သေနတ်ရဲ့  အလုပ်လုပ်ပုံက ဒီလို ဖြစ်ပါတယ်။

ပစ်လိုက်တဲ့အခါ မိုက်ခရိုဝေ့တစ်မျိုးကို ကိုယ်တွင်းကို စီးဆင်းသွားပြီး ကိုယ် အပူချိန်ကို မြင့်တက်စေပါတယ။် သူ့အတွက်တော့ တကယ်ငရဲပါပဲ။ ဒါကြောင့် အာရုံကြော အလုပ်လုပ်မှုလည်းပုံမှန် မဟုတ်တော့ပဲ ကိုယ်တိုင် ဟာလည်း ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘူးလို့ ဆိုပါတယ်။

ယင်းသေနတ် အပစ်ခံရပြီးရင် အားလုံးက တစ်နည်းမဟုတ် တစ်နည်း သေကြောင်းကြံပါတယ်။ သွေးစုပ်ဖုတ်ကောင်ဆိုလို့ လိုက်ပြီး သွေးစုပ်နေမှာတော့ မဟုတ်ပါဘူး။ Body လုပ်ဆောင်ချက် ပြောင်းလဲပြီး နီးစပ်ရာ ပစ္စည်းတစ်ခုခုနဲ့ ကိုယ့်ကိုယ်ကို သတ်သေမှာပါ။ Happening ရုပ်ရှင်ထဲကလို အဆိပ်ငွေ့ လိုတောင်
ဖြစ်နေပါတယ်။

လက်နက်က နျူကလိယစွမ်းအင်သုံး တိုက်ခိုက်ခြင်း မပြုရန် တိုက်ပွဲတွေမှာ အသုံးပြုတယ်လို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ နျူကလိယ စွမ်းအင်သုံး လက်နက်တွေထက်တောင် ပိုမို ထိရောက်စွာ အသုံးပြုနိုင်မယ်လို့
သမ္မတ ပူတင်ကိုယ်တိုင် ပြောကြားခဲ့ကြောင်း သိရပါတယ်။

မူရင်း သတင်း -

http://www.dailymail.co.uk/news/article-2123415/Putin-targets-foes-zombie-gun-attack-victims-central-nervous-system.html

http://cosmiclog.nbcnews.com/_news/2012/04/06/11061093-reality-check-on-russias-zombie-ray-gun-program?lite
--
Aung Kham (TSJ team)

-
TechSpace Journal