This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, November 26, 2012

မြန်မာ့စီးပွားရေး ဦးပိုင်လိမီတက်

ဦးဦး ကုလားကြီး and Kyaw Swar shared Ko Nay Myo's photo.
မြန်မာ့စီးပွားရေး ဦးပိုင်လိမီတက် ကိုလွယ်လွယ်ပဲ ဦးပိုင် လို့ခေါ်ပါ့မယ်..။ အားလုံးသိကြပြီးတဲ့ အတိုင်းပါပဲ.. နိုင်ငံရဲ့စီးပွားရေး မျိုးစုံ ပါမစ်..၊ လမ်းတံတား..၊ ဘိလပ်မြေစက်ရုံ..၊ သယ်ယူ ပို့ဆောင်ရေး စတဲ့..စတဲ့ စီးပွားရေးအရပ်ရပ်ကို လက်ဝါးကြီးအုပ်ထား ခဲ့တာကြာပါပြီ..။ ကားပါမစ် တစ်စောင်ရဲ့ တန်ဖိုးဟာ သိန်း ၄၀၀ ၀န်းကျင်ကနေ သိန်းထောင်ကျော် ခဲ့ပါတယ်..။ ဦးပိုင်ရဲ့ လက်အောက်က ကုပ္မဏီတစ်ခုရဲ့ ဒါရိုက်တာ တစ်ယောက်ဟာဘယ်လောက် ချမ်းသာ ကြွယ်ဝတယ်.... ၀င်ငွေဘယ်လောက်များသလဲဆိုတာ သူသုံးတဲ့ငွေကိုကြည့်ရုံ နဲ့ သိနိုင်ပါတယ်..။ သူ့ရဲ့ တစ်ညတာ ကာရာအိုကေ..၊ စင်တင်..၊ နိုက်ကလပ် စသည်တို့မှာ သုံးစွဲလိုက်တဲ့ ငွေကြေးဟာ တပ်ရင်း (၇) ရင်းက ရဲဘော်တွေ တစ်ပတ် စားသုံးနေရတဲ့ စရိတ်နဲ့ ညီမျှတယ်ဆိုတာကို ဖတ်မိမှတ်သားထားဘူးပါတယ်..။ ငွေတွေက ဒလဟောဝင်နေတော့ ဘယ်လောက်ချမ်းသာလို့ ချမ်းသာမှန်းတောင် သူတို့ကိုယ်သူတို့ မမှတ်သားနိုင်တော့ပါဘူး..။ ဒီတော့ ဦးပိုင်ရဲ့ စီးပွားရေး လက်ဝါးကြီးအုပ်ခဲ့တဲ့ အချိန်ကာလ အတွင်း ထိပ်ပိုင်းတာဝန်ရှိသူတွေ နဲ့ အတူ အောက်ခြေက တပ်မတော်..၊ တပ်မတော်သား မိသားစုဝင်တွေ ပါ တိုးတက်ကြီးပွားချမ်းသာ အဆင်တွေ ပြေခဲ့ရဲ့လား...?? ဒီမေးခွန်းကို ကျနော်တို့ ဖြေစရာတောင် မလိုပါဘူး...။ ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် လွတ်တော်အတွင်းမှာ လက်ပတောင်းတောင် စီမံကိန်း နဲ့ ပတ်သက်ပြီးရှင်းပြရာမှာ အဖြေက ပါသွားပြီးသားပါ...။

""ပင်စင်ယူလိုက်ပြီးတဲ့ တပ်မတော်သားတွေဟာ ဆိုက်ကားနင်းပြီး ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်နေရတာတွေရှိတယ်.."" လို့ ဆို့နင့်စွာ ပြောပြီး ၀န်ကြီးက ရှေ့ကချထားပေး တဲ့ ရေခွက်ထဲက ရေကိုသောက်လိုက်တာ ကျနော်စိတ်မကောင်းစွာ တွေ့မြင်လိုက်ရပါတယ်..။ ဒီတော့ ဦးပိုင်ဟာ အခု ဒီစီမံကိန်းအောင်မြင်မှ တပ်မတော်သားတွေ နဲ့ မိသားစုဝင်တွေကို ပံ့ပိုးပေးနိုင်မှာလား..။ အခုမှ ဦးပိုင်ကို စပြီးတည်ထောင်မှာလဲ မဟုတ်ပါဘူး..။ ကြာခဲ့ပြီလေ.. တကယ်သာ ဦးပိုင်ရဲ့ ရပ်တည်ချက်ဟာ မှန်ကန်ခဲ့တယ်ဆိုရင်တော့ ဒီလိုဝမ်နးည်းဖွယ်.. စိတ်မကောင်းဖွယ် အဖြစ်တွေ မြင်ရမှာ မဟုတ်ပါဘူး...။

ဒီရက်ပိုင်း ရက်စွဲတိတိကျကျဆိုရင်တော့ (၂၄.၁၁.၂၀၁၂)..ကပေါ့..။ ကျနော် သူငယ်ချင်း တစ်ယောက်နဲ့အတူ တောင်ကြီး မိခင်နဲ့ ကလေးဆေးရုံ ကို သူငယ်ချင်းရဲ့ ကိစ္စတစ်ခုနဲ့ သွားရင်းရောက်ခဲ့တယ်ဗျ..။ သူငယ်ချင်းကိုစောင့်ရင်း ဆေးရုံ အပြင်မှာပဲ နေပူလုံရင်းစောင့်နေရာ မှာ ဆေးရုံရဲ့ ရင်ခွဲရုံနားမှာ စစ်ဝတ် ၀တ်ထားတဲ့ စစ်သားအချို့နဲ့ တပ်ထဲက အမျိုးသမီးတွေ အချို့ကိုတွေ့လိုက်မိတယ်..။ ကျနော်လည်း အနီးမှာရှိနေတဲ့ သူကိုစပ်စုမေးမြန်းကြည့်မိပါတယ်..။

တပ်မတော်သား တစ်ဦးရဲ့ အမျိုးသမီး မီးဖွားတယ်..။ မီးဖွားပြီး သွေးတောက်လျှောက် သွန်နေတာကြောင့် စစ်ဆေးရုံကနေ အမျိုးသမီး နဲ့ ကလေးဆေးရုံကို လွှဲပြောင်းပေးလိုက်လို့ ဒီဆေးရုံကိုရောက်လာပါတယ်..။ ထုံးစံအတိုင်းပေါ့.. ဒီဆေးရုံကိုရောက်လာတော့ သွေးဝယ် ရမယ်.. သွေးသွင်းရမယ်ဆိုတော့ ပိုက်ဆံမှ မရှိတော့ တပ်ထဲကို ရဲဘော်လေး ပြန်ပြေးသွားပြီး တပ်မတော်သားတွေ ရဲ့ အကူအညီကြောင့် သွေးကိစ္စ အဆင်ပြေသွားပါတယ်..။ အပေါ်က သွင်းသမျှသွေး ပြန်ထွက်သွားတော့ ဆေးရုံတာဝန်ရှိသူတွေက ဆေးဝယ်ဖို့ ဆေးစာရွက်ရေးပေး လိုက်ပါတယ်..။ သူ့အတွက် ဒုက္ခပေါ့...။ တပ်ထဲကိုပြန်ပြေးပြီး သူ့အထက်အရာရှိကို အကျိုးအကြောင်းပြောပြပြီး ငွေချေးရှာပါတယ်..။ မရပါဘူး..။ ဒီတော့ သူ့မှာ အခြားသောနေရာတွေကို ငွေရဖို့ရာ လိုက်လံချေးရှာတာပေါ့...။ သူ..ငွေရခဲ့သလား.. မရခဲ့ဘူးလားတော့.. ကျနော်မသိပါဘူး..။ ဒါပေမဲ့ သူဆေးရုံကို ပြန်ရောက်တော့ သူ့ဇနီးဟာ မွေးကင်းစ ရက်ပိုင်းသာသာ ကလေးအပါအ၀င် အခြားသော ကလေး (၃)ယောက်နဲ့ သူ့ကိုထားပြီး လောကကြီးထဲက နေ စိတ်နာနာနဲ့ စိတ်မချစွာထားခဲ့ပြီး ထွက်သွားရှာပြီလေ.....။

ကဲ.. ဦးဝေလွင်..!!! ဦးဝေလွင် ပြောတဲ့ တပ်မတော်သားတွေ နဲ့ မိသားစုဝင်တွေအတွက် အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ချက် နဲ့ တည်ထောင်ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် ဟာ တပ်မတော်သား အများစုကို ပံ့ပိုးပေးနိုင်ပါရဲ့လား..ဗျာ...။ ဒီ့ထက် စိတ်မကောင်းရတဲ့ အဖြစ်အပျက်တွေ တပ်မတော် နဲ့ တပ်မတော်သားမိသားစုဝင်တွေ အကြားမှာ အများကြီး ရှိနေသေးတယ်ဆိုတာ မပြောလည်း အားလုံးသိပြီးသားပါ...။ ခဗျာင်္းတို့ ဦးပိုင် ရဲ့ ရပ်တည်ချက်တွေ သုံးစွဲမှုဆိုင်ရာငွေကြေး ရှင်းတမ်းတွေ ဒီ့ထက်ပွင့်လင်းမြင်သာမှု မရှိပဲနဲ့တော့ ဦးပိုင်ရဲ့ ရည်ရွယ်ချက်တွေ ဟာ စာရွက် မှာပဲရေးထားပြီး ထိရောက်မှုမရှိပဲ ထိပ်ပိုင်းခေါင်းဆောင်တွေ.. လက်ဝေခံတွေသာလျှင် ချမ်းသာပြီးရင်းချမ်းသာ.. အောက်ခြေ တပ်မတော်သား နဲ့ မိသားစုဝင်တွေကတော့ ဒုံရင်းက ဒုံရင်းဘ၀တွေပါပဲ....။ ဒီတော့ လက်ပတောင်းတောင် စီမံကိန်းက ရမယ့်ငွေထက် အဆပေါင်းများစွာ ပိုနေ.. ချမ်းသာနေကြတဲ့ ဦးပိုင်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့ ဒါရိုက်တာတွေ ရဲ့ ပိုင်ဆိုင်မှုထဲက အားလုံးကိုမဆိုလိုပါဘူး.. တစ်ဝက်စီလောက်ထုတ်ပြီး တပ်မတော်သားတွေနဲ့ မိသားစုတွေ ကိုထောက်ပံ့ပေးလိုက်ရင် ဒီနေ့ချက်ချင်း လက်ပတောင်းတောင် စီမံကိန်း ရပ်လိုက်လို့ရပါတယ်..ဗျာ....။
မြန်မာ့စီးပွားရေး ဦးပိုင်လိမီတက် ကိုလွယ်လွယ်ပဲ ဦးပိုင် လို့ခေါ်ပါ့မယ်..။ အားလုံးသိကြပြီးတဲ့ အတိုင်းပါပဲ.. နိုင်ငံရဲ့စီးပွားရေး မျိုးစုံ ပါမစ်..၊ လမ်းတံတား..၊ ဘ
ိလပ်မြေစက်ရုံ..၊ သယ်ယူ ပို့ဆောင်ရေး စတဲ့..စတဲ့ စီးပွားရေးအရပ်ရပ်ကို လက်ဝါးကြီးအုပ်ထား ခဲ့တာကြာပါပြီ..။ ကားပါမစ် တစ်စောင်ရဲ့ တန်ဖိုးဟာ သိန်း ၄၀၀ ၀န်းကျင်ကနေ သိန်းထောင်ကျော် ခဲ့ပါတယ်..။ ဦးပိုင်ရဲ့ လက်အောက်က ကုပ္မဏီတစ်ခုရဲ့ ဒါရိုက်တာ တစ်ယောက်ဟာဘယ်လောက် ချမ်းသာ ကြွယ်ဝတယ်.... ၀င်ငွေဘယ်လောက်များသလဲဆိုတာ သူသုံးတဲ့ငွေကိုကြည့်ရုံ နဲ့ သိနိုင်ပါတယ်..။ သူ့ရဲ့ တစ်ညတာ ကာရာအိုကေ..၊ စင်တင်..၊ နိုက်ကလပ် စသည်တို့မှာ သုံးစွဲလိုက်တဲ့ ငွေကြေးဟာ တပ်ရင်း (၇) ရင်းက ရဲဘော်တွေ တစ်ပတ် စားသုံးနေရတဲ့ စရိတ်နဲ့ ညီမျှတယ်ဆိုတာကို ဖတ်မိမှတ်သားထားဘူးပါတယ်..။ ငွေတွေက ဒလဟောဝင်နေတော့ ဘယ်လောက်ချမ်းသာလို့ ချမ်းသာမှန်းတောင် သူတို့ကိုယ်သူတို့ မမှတ်သားနိုင်တော့ပါဘူး..။ ဒီတော့ ဦးပိုင်ရဲ့ စီးပွားရေး လက်ဝါးကြီးအုပ်ခဲ့တဲ့ အချိန်ကာလ အတွင်း ထိပ်ပိုင်းတာဝန်ရှိသူတွေ နဲ့ အတူ အောက်ခြေက တပ်မတော်..၊ တပ်မတော်သား မိသားစုဝင်တွေ ပါ တိုးတက်ကြီးပွားချမ်းသာ အဆင်တွေ ပြေခဲ့ရဲ့လား...?? ဒီမေးခွန်းကို ကျနော်တို့ ဖြေစရာတောင် မလိုပါဘူး...။ ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် လွတ်တော်အတွင်းမှာ လက်ပတောင်းတောင် စီမံကိန်း နဲ့ ပတ်သက်ပြီးရှင်းပြရာမှာ အဖြေက ပါသွားပြီးသားပါ...။

""ပင်စင်ယူလိုက်ပြီးတဲ့ တပ်မတော်သားတွေဟာ ဆိုက်ကားနင်းပြီး ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်နေရတာတွေရှိတယ်.."" လို့ ဆို့နင့်စွာ ပြောပြီး ၀န်ကြီးက ရှေ့ကချထားပေး တဲ့ ရေခွက်ထဲက ရေကိုသောက်လိုက်တာ ကျနော်စိတ်မကောင်းစွာ တွေ့မြင်လိုက်ရပါတယ်..။ ဒီတော့ ဦးပိုင်ဟာ အခု ဒီစီမံကိန်းအောင်မြင်မှ တပ်မတော်သားတွေ နဲ့ မိသားစုဝင်တွေကို ပံ့ပိုးပေးနိုင်မှာလား..။ အခုမှ ဦးပိုင်ကို စပြီးတည်ထောင်မှာလဲ မဟုတ်ပါဘူး..။ ကြာခဲ့ပြီလေ.. တကယ်သာ ဦးပိုင်ရဲ့ ရပ်တည်ချက်ဟာ မှန်ကန်ခဲ့တယ်ဆိုရင်တော့ ဒီလိုဝမ်နးည်းဖွယ်.. စိတ်မကောင်းဖွယ် အဖြစ်တွေ မြင်ရမှာ မဟုတ်ပါဘူး...။

ဒီရက်ပိုင်း ရက်စွဲတိတိကျကျဆိုရင်တော့ (၂၄.၁၁.၂၀၁၂)..ကပေါ့..။ ကျနော် သူငယ်ချင်း တစ်ယောက်နဲ့အတူ တောင်ကြီး မိခင်နဲ့ ကလေးဆေးရုံ ကို သူငယ်ချင်းရဲ့ ကိစ္စတစ်ခုနဲ့ သွားရင်းရောက်ခဲ့တယ်ဗျ..။ သူငယ်ချင်းကိုစောင့်ရင်း ဆေးရုံ အပြင်မှာပဲ နေပူလုံရင်းစောင့်နေရာ မှာ ဆေးရုံရဲ့ ရင်ခွဲရုံနားမှာ စစ်ဝတ် ၀တ်ထားတဲ့ စစ်သားအချို့နဲ့ တပ်ထဲက အမျိုးသမီးတွေ အချို့ကိုတွေ့လိုက်မိတယ်..။ ကျနော်လည်း အနီးမှာရှိနေတဲ့ သူကိုစပ်စုမေးမြန်းကြည့်မိပါတယ်..။

တပ်မတော်သား တစ်ဦးရဲ့ အမျိုးသမီး မီးဖွားတယ်..။ မီးဖွားပြီး သွေးတောက်လျှောက် သွန်နေတာကြောင့် စစ်ဆေးရုံကနေ အမျိုးသမီး နဲ့ ကလေးဆေးရုံကို လွှဲပြောင်းပေးလိုက်လို့ ဒီဆေးရုံကိုရောက်လာပါတယ်..။ ထုံးစံအတိုင်းပေါ့.. ဒီဆေးရုံကိုရောက်လာတော့ သွေးဝယ် ရမယ်.. သွေးသွင်းရမယ်ဆိုတော့ ပိုက်ဆံမှ မရှိတော့ တပ်ထဲကို ရဲဘော်လေး ပြန်ပြေးသွားပြီး တပ်မတော်သားတွေ ရဲ့ အကူအညီကြောင့် သွေးကိစ္စ အဆင်ပြေသွားပါတယ်..။ အပေါ်က သွင်းသမျှသွေး ပြန်ထွက်သွားတော့ ဆေးရုံတာဝန်ရှိသူတွေက ဆေးဝယ်ဖို့ ဆေးစာရွက်ရေးပေး လိုက်ပါတယ်..။ သူ့အတွက် ဒုက္ခပေါ့...။ တပ်ထဲကိုပြန်ပြေးပြီး သူ့အထက်အရာရှိကို အကျိုးအကြောင်းပြောပြပြီး ငွေချေးရှာပါတယ်..။ မရပါဘူး..။ ဒီတော့ သူ့မှာ အခြားသောနေရာတွေကို ငွေရဖို့ရာ လိုက်လံချေးရှာတာပေါ့...။ သူ..ငွေရခဲ့သလား.. မရခဲ့ဘူးလားတော့.. ကျနော်မသိပါဘူး..။ ဒါပေမဲ့ သူဆေးရုံကို ပြန်ရောက်တော့ သူ့ဇနီးဟာ မွေးကင်းစ ရက်ပိုင်းသာသာ ကလေးအပါအ၀င် အခြားသော ကလေး (၃)ယောက်နဲ့ သူ့ကိုထားပြီး လောကကြီးထဲက နေ စိတ်နာနာနဲ့ စိတ်မချစွာထားခဲ့ပြီး ထွက်သွားရှာပြီလေ.....။

ကဲ.. ဦးဝေလွင်..!!! ဦးဝေလွင် ပြောတဲ့ တပ်မတော်သားတွေ နဲ့ မိသားစုဝင်တွေအတွက် အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ချက် နဲ့ တည်ထောင်ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် ဟာ တပ်မတော်သား အများစုကို ပံ့ပိုးပေးနိုင်ပါရဲ့လား..ဗျာ...။ ဒီ့ထက် စိတ်မကောင်းရတဲ့ အဖြစ်အပျက်တွေ တပ်မတော် နဲ့ တပ်မတော်သားမိသားစုဝင်တွေ အကြားမှာ အများကြီး ရှိနေသေးတယ်ဆိုတာ မပြောလည်း အားလုံးသိပြီးသားပါ...။ ခဗျာင်္းတို့ ဦးပိုင် ရဲ့ ရပ်တည်ချက်တွေ သုံးစွဲမှုဆိုင်ရာငွေကြေး ရှင်းတမ်းတွေ ဒီ့ထက်ပွင့်လင်းမြင်သာမှု မရှိပဲနဲ့တော့ ဦးပိုင်ရဲ့ ရည်ရွယ်ချက်တွေ ဟာ စာရွက် မှာပဲရေးထားပြီး ထိရောက်မှုမရှိပဲ ထိပ်ပိုင်းခေါင်းဆောင်တွေ.. လက်ဝေခံတွေသာလျှင် ချမ်းသာပြီးရင်းချမ်းသာ.. အောက်ခြေ တပ်မတော်သား နဲ့ မိသားစုဝင်တွေကတော့ ဒုံရင်းက ဒုံရင်းဘ၀တွေပါပဲ....။ ဒီတော့ လက်ပတောင်းတောင် စီမံကိန်းက ရမယ့်ငွေထက် အဆပေါင်းများစွာ ပိုနေ.. ချမ်းသာနေကြတဲ့ ဦးပိုင်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့ ဒါရိုက်တာတွေ ရဲ့ ပိုင်ဆိုင်မှုထဲက အားလုံးကိုမဆိုလိုပါဘူး.. တစ်ဝက်စီလောက်ထုတ်ပြီး တပ်မတော်သားတွေနဲ့ မိသားစုတွေ ကိုထောက်ပံ့ပေးလိုက်ရင် ဒီနေ့ချက်ချင်း လက်ပတောင်းတောင် စီမံကိန်း ရပ်လိုက်လို့ရပါတယ်..ဗျာ....။

ငွေအလိမ်မခံရဖို့ သတိပြုသင့်တဲ့ အချက်လေးတစ်ခု



ငွေအလိမ်မခံရဖို့ သတိပြုသင့်တဲ့ အချက်လေးတစ်ခုပြောပြချင်လို့ပါ၊
အခုခေတ်မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေကြေးနဲ့ မြန်မာငွေကြေးလဲလှယ်မှုများ
မြင့်မားလာနေသည်နှင့် အမျှ နိုင်ငံတကာသုံးငွေတွေ တရားမဝင်လဲလှယ်ကြတာက


အပြစ်ကြီးတစ်ခုလို့ မတွေးထင်ကြတော့ပါဘူး၊ တစ်ဒေါ်လာကို ခြောက်ကျပ်နဲ့
ဘယ်သူမှ တရားဝင်မလဲလှယ်ကြပါဘူး၊ အရပ်သားအချင်းချင်းလက်တို့စနစ်
နဲ့ လဲလှယ်နေကြတာ ဆယ်စုနှစ်ချီနေပါပြီ၊ ဒါကလည်း ခေတ်ရေစီးရဲ့လိုအပ်ချက်
ဖြစ်နေလို့ပါ၊
တစ်ဒေါ်လာကို ပေါက်ဈေးဘယ်လောက်ဆိုပြီး ရောင်းသူဝယ်သူအချင်းချင်း ဒေါ်လာပေးကြ


မြန်မာငွေပေးကြ နဲ အရောင်းအဝယ်လုပ်ကြရာမှာ မြန်မာငွေကြေးကို လိမ်ကြတာပါ၊ ၊
ကြားဖူးနေတဲ့ တို့ဆေးဘာဆေးကိစ္စတွေနဲ့ လိမ်တာမျိုးကို ဆိုလိုခြင်းမဟုတ်ပါဘူး၊
အခုလိမ်နည်းက ငွေကြေးရေတွက်ပုံကို အသုံးချပြီး ရိုးရိုးလေးနဲ့ကို လိမ်တာပါ၊ အသိ


အစ်ကိုကြီး တစ်ယောက်ကိုယ်တိုင်မြို့ထဲမှာ ဒေါ်လာကို မြန်မာငွေနဲ့သွားအလဲမှာ
ခံလိုက်ရတာပါ၊ အိမ်ရောက်မှ ရလာတဲ့မြန်မာငွေ တစ်သိန်းတစ်အုပ်စီမှာ
၂၇၀၀၀ကျပ်စီလျော့နေတာပါ၊ အရောင်းအဝယ် လုပ်နေတုန်း ကလည်းရွေလာပါတယ်၊
တစ်ခုတော့ရှိတယ်၊ တဖက်လူက ရဲလာတော့မယ် မြန်မြန်လုပ်ပါ လို့ ခဏခဏ ပြောနေတဲ့ကြားက


အလောတကြီးရေလာရတာပါ၊ စာဖတ်သူက မဖြစ်နိုင်ဘူးလို့ထင်ပါလိမ့်မယ်
၊ဒါပေမဲ့
ခံရတဲ့သူက တကယ်ခံလာရတာပါ၊ အရောင်းအဝယ်ကိစ္စတွေမှာ တကယ်သတိထားစရာကိစ္စပါ၊

မြန်မာပြည်မှာ ငွေတစ်သိန်းအုပ်စီရင်
နှစ်မျိုးစည်းနိုင်ပါတယ်(တစ်ထောင်တန်ဖြင့်အလိမ်ခံခဲ့ရပါသဖြင့်တစ်ထောင်တန်ကိစ္စသာပြောပါမည်)ထောင်တန်

အရွက်တစ်ရာကို တစ်အုပ်လုပ်စည်းကြသလို ၊ထောင်တန်ဆယ်ရွက်ပါ သောင်းအုပ်
ဆယ်အုပ် လုပ်ပြီးလည်းစည်းတတ်ကြပါတယ်၊အခုလိမ်နည်းက
အရွက်တစ်ရာထပ်စည်းထားတဲ့တစ်သိန်းအုပ်မှာ လိမ်လို့မရပါဘူး၊
သောင်းအုပ်ဆယ်အုပ်လုပ်ထားတဲ့တစ်သိန်းအုပ်မှာလိမ်တာပါ၊ အကြမ်းဖျင်းအားဖြင့်


သောင်းအုပ်ဆယ်အုပ်ပါတဲ့ တစ်သိန်းအုပ်ကို ရေတွက်ရင် သရေပင်အစည်း
မဖြေဘဲအရင်ဆုံး သောင်းအုပ်ဆယ်အုပ်ပြည့်လားအရင် ရေတယ်၊ ပြီးမှ အတွင်းက
ထောင်တန်လေးတွေကိုရေမယ်၊ တစ်ရွက် နှစ်ရွက် သုံး လေး……. ရှစ်ရွက်
ကိုးရွက်ပြီးရင် တစ်အုပ်၊ နောက်ထပ်ကိုးရွက်ပြီးရင်တစ်အုပ်

ဒါမျိုးရေတွက်ကြတာပါ၊ကိုးရွက်နဲ့ ဆုံးရင်ပြီးတာဘဲ၊ ပြည့်တယ်ပေါ့၊
ကိုးရွက်ဘယ်နှစ်ကြိမ်ပါသွားလဲလို့တော့ မှတ်မထားတတ်ကြပါဘူး၊
အဲ့ဒီအားနည်းချက်ကြောင့် အလိမ်ခံရတာပါ၊ (စာရေးသူကိုယ်တိုင်လည်း အရင်က
အဲလိုမျိုးဘဲရေတွက်ပေမဲ့ ခုတော့ပြင်လိုက်ပါပြီ) အဲလိုမျိုးရေတွက်ရင်တော့


(၂၇၀၀၀)လျော့နေတဲ့ လိမ်ထားတဲ့ တစ်သိန်းအုပ်က သောင်းအုပ်ဆယ်အုပ်ပါမယ်၊
ပြီးရင်ကိုးရွက်ကိုးရွက် ကွက်တိဘဲဖြစ်နေမှာပါ၊ဘာလို့လဲဆိုတော့
မြန်မာငွေတစ်ထောင်တန် ၇၃ရွက်(73000/ks)ထဲ နဲ့တစ်သိန်းအုပ်ပုံစံရအောင်
စီထားလို့ပါ၊ အပေါ်က ငွေရွေနည်းအတိုင်းမရွေဘဲနဲ့၊


သောင်းအုပ်ဆယ်အုပ်ပြည့်မပြည့်စစ်ပြီးရင် ထောင်တန်
အရွက်ကိုးဆယ်ပြည့်မပြည့်ရေရင်တော့ အလိမ်ပေါ်မှာပါ၊ ထောင်တန်က
အရွက်ကိုးဆယ်မဟုတ်ဘဲ ခြောက်ဆယ့်သုံးရွက်ဘဲရှိနေလို့ပါ၊ ကိုးရွက်
(၇)ခါဘဲပါပါတယ်၊ စာဖတ်သူခေါင်းရှုပ်သွားမယ်ထင်ပါတယ်၊

အောက်ကငွေစီနည်းလေးဖတ်လိုက်ရင် ရှင်းသွားပါလိမ့်မယ်။ ကိုယ်တိုင်
လုပ်ကြည့်လိုက်ရင် ပိုမြင်သာသွားမှာပါ၊ စာရေးသူလည်း ထောင်တန် (၇၃)ရွက်နဲ့
တော်တော်လေး အချိန်ပေး အလုပ်ရှုပ်လိုက်လို့ ထွက်လာတဲ့ နည်းလေးပါ
လိမ်နည်းသိနေ၍ အလိမ်မခံရစေရန်အတွက် ရည်ရွယ်ပါသည်၊ လိမ်နည်းရေးထားသည်ဟု
မမှတ်စေလိုပါ၊

တစ်ထောင်တန်၇၃ရွက်ဖြင့်တစ်သိန်းအုပ်ပုံစံရရန်
>>အရင်ဆုံး အရွက်၄၀ ယူပြီး တစ်သောင်းအုပ်လေးအုပ်လုပ်ပါ၊(ဒါကတော့
ပုံမှန်ငွေစီသလိုမျိုးပါ)ဒီလေးအုပ်ကို သပ်သပ်ပုံထားပါ
ဒါဆို(၇၃)ရွက်ထဲက (၃၃)ရွက်ကျန်ပါမယ်၊



>>ပြီးရင် ငါးရွက်ကိုထပ်ပြီး တစ်ရွက်နဲ့အုပ်ပါ၊ ခြောက်ထောင်အုပ်လို့ သုံးပါမယ်၊
ခြောက်ထောင်အုပ် သုံးအုပ်လုပ်ပါ၊ စောစောက သောင်းအုပ်နဲ့ မရောဘဲ
သပ်သပ်ပုံထားပါ(မဟုတ်တာ စလုပ်နေပါပြီ)
(၇၃)ရွက်ထဲက ( ၁၅) ရွက် ဘဲကျန်နေပါမယ်



>>နောက်တစ်ဆင့်က လေးရွက်ကိုထပ်ပြီး တစ်ရွက်နဲ့အုပ်ပါ၊
ငါးထောင်အုပ်လို့သုံးပါမယ်၊ ငါးထောင်အုပ်လည်း သုံးအုပ်လုပ်ပါ၊စောစောက
အုပ်တွေနဲ့ မရောဘဲ သပ်သပ်ပုံထားပါ၊
ဒီအဆင့်ပြီးသွားရင်တော့ (၇၃)ရွက်ကုန်ပါပြီ၊ သင့်ဆီမှာ လဲ ငွေအုပ်ပုံ


သုံးပုံရနေမှာပါ ( တစ်သောင်းအုပ်ပုံ၊ ခြောက်ထောင်အုပ်ပုံ၊ ငါးထောင်အုပ်ပုံ)

>>နောက်ဆုံးလုပ်ရမှာက အောက်က အစီစဉ်အတိုင်း တစ်အုပ်ပြီးတစ်အုပ်ထပ်စီဖို့ပါ၊
အစီစဉ်မလွဲဖို့ လိုပါမယ်၊
အရင်ဆုံး တစ်သောင်းအုပ်နှစ်အုပ်၊


ပြီးရင် ခြောက်ထောင်အုပ်တစ်အုပ်၊ ပြီးရင် ငါးထောင်အုပ်တစ်အုပ်
(ရေတွက်တဲ့အခါ
အပေါ်အုပ်နှစ်ရွက်မပါဘဲ၊ နှစ်အုပ်ပေါင်းကိုးရွက်ဖြစ်နေရန်ဖြစ်သည်)
ပြီးရင်ခြောက်ထောင်အုပ်တစ်အုပ်၊ ပြီးရင် ငါးထောင်အုပ်တစ်အုပ်
ပြီးရင်ခြောက်ထောင်အုပ်တစ်အုပ်၊ ပြီးရင် ငါးထောင်အုပ်တစ်အုပ်


ပြီးရင် တစ်သောင်းအုပ်နှစ်အုပ် ၊
ပြီးရင်တော့ သရေပင်နဲ့ သိန်းအုပ်အုပ်သလိုပတ်ချီပစ်လိုက်၊ ပြီးရင်
ရွေကြည့်လိုက်ပါ၊ အပေါ်ကအတိုင်း အစီစဉ်မလွဲခဲ့ဘူး ဆိုရင်တော့ သင့် ရဲ့
၇၃ရွက်နဲ့သိန်းအုပ်က ၊ဆယ်အုပ်ပြည့်ပြီး၊ကိုးရွက်ကိုးရွက် အတိဖြစ်နေပါလိမ့်မယ်၊


လိမ်လည်သူသည် အထက်ပါနည်းကိုသုံးထားသလို ငွေရေတွက်ချိန်မှာလည်း စိတ်စော၊
စိတ်လောစေရန် ဘေးမှလုံ့ဆော်၍ ၎င်းတို့လိမ်လည်မှု အထမြောက်ရန် လုပ်ဆောင်ပါလိမ့်မယ်၊
ဤနည်းကိုဒေါ်လာဝယ်ရောင်းကိစ္စများတွင်သာမက အခြားသောနေရာများတွင်လည်း


သုံးနိုင်ကြောင်း ကို ဂရုပြုသင့်ပါသည်။

မည်သို့ပင်ဖြစ်စေ၊ ငွေကို ကိုးရွက်ကိုးရွက်ဟု မရေတွက်လျှင်၎င်း၊ (၂၇)ရွက်
တောင်လျော့နေတဲ့တစ်သိန်းအုပ်ဟာ သာမန်ထက် ထုအားဖြင့်ပါးနေကြောင်း သတိထားလျှင်၎င်း
ငွေကြေးအလိမ်ခံရခြင်းမှကင်းဝေးနိုင်မည်သာဖြစ်ပါသည်…


လိမ်ညာခံရခြင်းမှကင်းဝေးနိုင်စေရန်ရည်ရွယ်၍------

လေးစားလျက်
 စိုင်းလင်းခမ်း
(¨`·.·´¨)
.`·.¸(¨`·.·´¨)
(¨`·.·´¨)¸.·´
.`·.¸.·´
(¯`v´¯)
`*.¸.*´
¸.•´¸.•*¨) ¸.•*¨)
(¸.•´ (¸.•´ .•´ ¸¸.•¨¯`•.