This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, September 24, 2013

တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ သမိန်ပရမ်းလမ်းမှ ကာမစိတ်ကြွ ဆေးဝါးများဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၂၃

၂၃.၉.၂၀၁၃ ရက်နေ့ ၀၃၃၀ အချိန်တာမွေမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ကာမစိတ်ကြွဆေးများရောင်းချနေကြောင်း
သတင်းအရ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ သမိန်ပရမ်းလမ်း
 ပလက်ဖေါင်းပေါ်ရှိ မြင့်လှိုင်၊ တာမွေကြီး(က/ဂ)ရပ်ကွက်နေသူ၏
ဆေးဆိုင်အား ရှာဖွေရာ သစ်သားခေါက်ဗန်းအတွင်း ကာမစိတ်ကြွ
ဟော်မုန်း ဆေးများဖြစ်သည့် GOOD MAN ၊ ANPHAMALEPLUS ၊
MAX MAN ၊ VIAGRA ၊ MIRBEAN ၊ PIOTIN ၊ GREEN MAGRA ၊
MASTIGRA ၊PLANT VIGRA ၊ KING BOSS တံဆိပ်များပါဆေဗူးများ၊
DR-X-100 ၊ MCC ၊ CAVERTA တံဆိပ်များပါဆေးကဒ်များ၊
STRONG POWER ၊ BGNTLEY ၊ BLACK DIAMOND တံဆိပ်များပါ
ဆေးထုပ်များ၊ BLACKANT တံဆိပ်ပါဆေးတောင့်များနှင့်ဆေးပစ္စည်းများ
ရောင်းချရရှိသည့်ငွေကျပ် (၉၀၀၀)တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့်
တာမွေမြို့မရဲစခန်း(ပ)၄၁၄/၂၀၁၃၊အမျိုးသားဆေးဝါးပုဒ်မ ၁၈ ဖြင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မော်ဒယ်လ်မြင့် ကားများတွင် ကားဘီးများအတွက် သတိပေးသော ဆင်ဆာများပါရှိလာ..................




           ယခုနောက်ပိုင်းဝင်ရောက်လာသော မော်ဒယ်လ်မြင့်ကားများတွင် ကားဘီးများ၏ အခြေအနေကို သတိပေးသော ဆင်ဆာများပါရှိလာကြောင်း သိရသည်။ ဘီအမ်ဒဗလျူနှင့် မာစီးဒီး(စ်)ကဲ့သို့ ကားများတွင်ပါရှိလာပြီး ဘီးတွင်ဖြစ်ပေါ်သောအရာများအတွက် ဒတ်ရှ်ဘုတ်ပေါ်တွင် Error ပြသည့် စနစ်များပါလာကြောင်း သိရသည်။

    လေနည်း၍သော်လည်းကောင်း များ၍သော်လည်းကောင်း တစ်စုံတခုဖြစ်ပါက အချက်ပြစနစ်ဖြင့် ပြသသည့်အတွက် မောင်းနှင်သူမှဘီးများတွင် ဖြစ်တတ်သည့်အရာများကို အလွယ်တကူဖြင့် သိရှိနိုင်ကြောင်း ကားတာယာနှင့်အရောင်းဆိုင် မန်နေဂျာတစ်ဦးမှ ပြောပြသည်။ ထိုကဲ့သို့ ဆင်ဆာများ ပါရှိသည့်အတွက် မိမိ၏ကားဘီးတွင်ဖြစ်ပေါ်သည့်အရာကို အမြန်ဆုံးနှင့်အထိရောက်ဆုံး ကာကွယ်ပေးနိုင်ကာ မောင်းနှင်သူများအနေဖြင့် ထိုဆင်ဆာစနစ်ကို အမြဲဂရုစိုက်ရန်လိုအပ်ကြောင်း ပြောပြသည်။

    “ ကားဘီး တစ်ဖက်နဲ့တစ်ဖက် လေတွေမညီရင်လည်း Error ပြတယ်။ လေမညီတာကို ညီအောင်လိုက်ဖြည့်ရင် Error ပျောက်သွားတယ်။ အဲဒီတော့ ကိုယ့်ကားဘီးမှာ ဘာဖြစ်တယ်ဆိုတာ ဆင်ဆာစနစ်ပါတဲ့အတွက် သိနိုင်ပြီး ပြင်ဆင်လို့ရတာပေါ့” ဟု ရှင်းပြသည်။

    ထိုဆင်ဆာပါရှိသော ကားဘီးများမှာ ရှေ့ နောက်မှားယွင်းတပ်ဆင်၍မရဘဲ သူ့နေရာနှင့်သူ ဂရုတစိုက် တပ်ဆင်ရန်လိုအပ်ပြီး တတ်ကျွမ်းသူ နှင့် ဖြုတ်/တပ် လုပ်ဖို့ လိုအပ်ကြောင်း သိရသည်။ ကွန်ပျူတာစနစ်များနှင့် အခြေခံကာ တည်ဆောက်ထားသည့်အတွက် ဆားကစ်များ ထိမိသွားပါက စနစ်များကို ထိခိုက်မိနိုင်ကြောင်း သိရသည်။ ဆင်ဆာများ ပါရှိလာသည့်အတွက် ကားမောင်းနှင်ရာတွင် လုံခြုံမှုများရှိလာစေပြီး ရုတ်တရက်ဖြစ်ပေါ်လာသော အခြေအနေများတွင် Error ပြသသည့်အချက်ကို ကြည့်ကာ စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

    မော်ဒယ်လ်မြင့်ကားများတွင် ကားဘီးများအတွက် ဆင်ဆာများသာကမဘဲ တခြားအစိတ်အပိုင်းများအတွက် Error ပြသသော ဆင်ဆာ စနစ်များပါရှိလာကာ ကွန်ပျူတာစနစ်ကိုအခြေခံ၍ တည်ဆောက်ထားကြောင်း သိရသည်။

Ref : **This article is provided by Auto World Journal.

မနက်အိပ်ရာ နိုးထပြီးချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ ပြည်သူများစွာအတွက် နေ့စဉ် ပြုမူ လုပ်ဆောင်နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှု

အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ...

 
မနက်အိပ်ရာ နိုးထပြီးချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ ပြည်သူများစွာအတွက် နေ့စဉ် ပြုမူ လုပ်ဆောင်နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရပါတယ်။ ထို့အပြင် သိပ္ပံပညာရှင်များ သုတေသနပြုချက်အရ ၎င်းဟာ အလွန်အရေးပါပြီး ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ နံနက်ခင်း ရေသောက် ပေးခြင်းအားဖြင့် သင့်ရဲ့တစ်ညတာ ပင်ပန်း တစ်ကြီး လှုပ်ရှားခဲ့ရတဲ့ အစာအိမ်အတွက်များစွာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တာ အတွက် အဆင်မပြေမှုများ၊ စိတ်သောကများအတွက်ပါ ရေရဲ့အစွမ်းကြောင့် လန်းဆန်းသွားစေနိုင်ပါ တယ်။

ဒါကို ဂျပန်ဆေးပညာရှင်တွေက ၉၆ ပါး ရောဂါနှင့် များစွာသော အောက်ဖော်ပြပါ ရောဂါများအတွက် အလွန်ပင် အစွမ်းထက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့တာပါ။

ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်ခြင်း၊ အဆစ်မြစ်ရောင်ရောဂါ ဖြစ်ခြင်း၊ နှလုံးတုန်ခြင်း၊ ဝက်ရူးပြန် ရောဂါ ဖြစ်ခြင်း၊ အသဲ အဆီဖုံးခြင်း၊ လည်ချောင်းနာ ဖြစ်ခြင်း၊ ပန်းနာရင်ကျပ် ဖြစ်ခြင်း၊ တီဘီ၊ ဦးနှောက် အမြှေးရောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဝမ်းလျှောဝမ်းပျက်ခြင်း၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ မျက်စိနာ ခြင်း၊ ကင်ဆာနှင့် ရောဂါများစွာအတွက် ရေကို နည်းလမ်းတကျ နံနက်တိုင်း သောက်သုံးခြင်းအားဖြင့် ရောဂါများစွာကို ကြိုတင်ကာကွယ်ပြီး ဖြစ်မှာပါ။

လုပ်ဆောင်ရမယ့် နည်းလမ်းကတော့ -

၁။ မနက်အိပ်ရာထပြီး သွားမတိုက်ခင် ၁၆၀ မီလီမီတာရှိ ဖန်ခွက်ဖြင့် ရေ ၄ ခွက် သောက်ပါ။

၂။ ထို့နောက် သွားတိုက်၊ မျက်နှာသစ်ပြီးပါက ၄၅ မိနစ်အတွင်း မည်သည့်အရာမှ စားခြင်း၊ သောက်ခြင်း မပြုပါနှင့်။ ၄၅ မိနစ်ပြည့်ပြီးမှ ပုံမှန်အတိုင်း စားသုံးပါ။

၃။ နံနက်စာစားပြီး ၁၅ မိနစ်အတွင်း၊ နေ့လည်စာနှင့် ညစာစားပြီး ၂ နာရီအတွင်း အခြားအရာများ စားသောက်ခြင်း ရှောင်ပါ။

၃။ ညစာစားပြီး ၁ နာရီခွဲအတွင်း ဒါမှမဟုတ် ၂ နာရီအတွင်း အိပ်စက်ခြင်း မပြုပါနှင့်။

အထက်ပါ လုပ်ဆောင်မှုတွေကို သင့်ရဲ့တစ်နေ့တာအတွက် ပုံမှန် လုပ်ဆောင်သွားပါက ဖျားနာခြင်း ကင်းဝေးပြီး ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒီအရာတွေကို လူတိုင်းရဲ့ဘဝမှာ ပြုလုပ်နိုင်ပါတယ်

Myawady News

http://lwanmapyay.blogspot.com/