This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, May 28, 2013

ကြည့်ဖို့မမေ့ကြပါနဲ့နော်မိမိတို့နေထိုင်သည့်နိုင်ငံပေါ်မူတည်ပြီးကြည့်ရန်

အလွန်မြင်ရခဲလှပါသည်။ ယနေ့ည(သို့)မနက်ဖြန်ည (စာဖတ်သူတို့နေထိုင်သည့်နိုင်ငံပေါ်မူတည်ပြီး
) နေ၀င်ပြီး(၄၅)မိနစ်မှ(၇၅)မိနစ်အတွင်း နေ၀င်သောအရပ်ကိုကြည့်လိုက် ပါက အောက်ပါပုံတွင်မြင်ရသည့်အတိုင်း
အဓိကဂြိုလ်များထဲမှ Jupiter , Mercury , Venus တို့်သည် တြိဂံ

ပုံအဖြစ်တစ်စုတစ်စည်းထဲ မြင်တွေ့ရမည်ဖြစ်ပါသည်။
လာမည့် ဇွန်လ(၅)ရက်နေ့ရင်လည်း ၎င်းဂြိုလ်သုံးခုကို မျဉ်းဖြောင့်လိုတစ်တန်းတည်း
ကျရောက်နေသည်ကိုလည်း မြင်တွေ့ရမည်ဖြစ်ပါသည်။

ကြည့်ဖို့မမေ့ကြပါနဲ့နော် ။
http://aungthetkhing.blogspot.com/2013/05/blog-post_27.html

ကလေးခိုးနေကြသဖြင့်သတိထားကြပါရန်(သတင်း)

ကလေးသူခိုးများသတိထားကြပါရန်။
စိတ်မကောင်းစွာနဲ့ သတိပေးပါရစေ ကလေးမိဘအပေါင်းတို့ ... ..

  ပြည်ကြီးတံခွန်မြို့ နယ်(စ)ရပ်ကွက်ကြီး
တတ/ ၁၆ဝန်ထမ်းရပ်ကွက်မှ၁၃နှစ်
အရွယ်ကလေး ၁ဦးထပ်မံပျောက်ဆုံး
ပါကြောင်း။ ကလေးတွေကျောင်း
ဆင်းချိန်မှာ မိခင်မှကြိုခိုင်းပါသည်
ဆိုကာ လိမ်ပြီးခေါ်သွားပါကြောင်း။

ရပ်ကွက်အတွင်းမှ ကလေးတွေ ၁၅
ရက်အတွင်း ပျောက်တာ၎ယောက် ရှိ
သွားပါပြီ။ ဒါကြောင့် မူလတန်းက
လေးတွေအား ကျောင်းဆင်းချိန်တွင် အိမ်မှ မိဘများကိုယ်တိုင် ကြိုကြပါရန် အသိပေးလိုက်
ပါသည်။

နေလင်းအောင် (မန္တလေး သတင်း ပုံရိပ်)
  ကလေးရှိသောမိဘတိုင်းအတွက်ပြန်လည်မျှဝေပေးပါသည်)  kyawshein

လားရှိုးမြို့နယ်အတွင်း မသင်္ကာသည့် ကားတစ်စီး အတွင်းမှ လက်နက်ကိုင် တစ်ဖွဲ့စာ လက်နက်များ ဖမ်းမိ

တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာ အနီးရှိ အေးရှား ၀ါးလ် တိုးဂိတ်၌ နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိစဉ် မေ ၂၇ ရက် နံနက် ၂နာရီ ၂၀မိနစ်ခန့်က လား ရှိုးမြို့ မှ သိန်းနီမြို့ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော ၃င/၄၁၂၀ မတ်တူး အဖြူရောင် ယာဉ်အား  မသင်္ကာသဖြင့် စစ်ဆေးရန် ရပ်တန့်စေရာ ယာဉ်မှာ ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင် ထွက်ပြေး ၍ ပူးပေါင်း အဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေစဉ် နံနက် ၃နာရီခွဲတွင် သိန်းနီမြို့နယ်၊ မိုင်းလီအုပ်စု၊ နားဆော့ေ ကျးရွာ ဘုန်းကြီးကျောင်းရှေ့၌ ယာဉ်အား တွေ့ရှိခဲ့သည်။
အဆိုပါ ယာဉ်အား သိန်းနီမြို့မ ရဲစခန်းတွင် အသေးစိတ် ရှာဖွေခဲ့ရာ ယာဉ်နောက်အဖုံးအတွင်းမှ အမ်-၂၂ ခေါက် ဒင် (၁၁)လက်၊ အမ်-၇၉ (၄၀)မမ ဗုံးပစ် လောင်ချာ (၃) လက်၊ အမ်-၁၆ (၄)လက်၊ အမ်-၂၂ (၃ )လက်၊ BERETTA ပစ္စတို (၁) လက်၊ စုစုပေါင်း လက်နက်မျိုးစုံ(၂၂)လက်နှင့် အမ်-၂၂ ကျည်အိမ် (၂၄)ခု၊ အမ်- ၁၆ ကျည်အိမ်(၄)ခု၊ ပစ္စတိုကျည်အိမ် (၂)ခု၊ LUGER အမျိုးအစား ၉-မမ ကျည် (၅၀)တောင့်၊ ၅.၅၆ ကျည် ၂၅၅၉ တောင့်တို့အား သိမ်းဆည်း ရမိခဲ့ပြီး၊ အနီး ပတ်ဝန်းကျင်အား ဆက်လက်ရှာဖွေရာ နားဆော့ေ ကျး ရွာ အနောက်ဘက် ချုံပုတ် အတွင်းမှ အမ်-၂၂ သေနတ် (၁၀)လက်အား ထပ်မံ သိမ်းဆည်း ရမိခဲ့ပါ သည်။
၎င်းဖြစ်စဉ်တွင် ထွက်ပြေးတိမ်းရှောင်နေသော တရားခံများအား ဖမ်းဆီးရမိရေး တပ်မတော်နှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင် များက စုံစမ်း ရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။
မြ၀တီ

KIO/ KIA ကို မြစ်ကြီးနား မှာ ကြို

Thitsar Ko shared Freedom News Group(Burma)'s photo.
KIO/ KIA ကို မြစ်ကြီးနား မှာ ကြို 

သတင်း နှင့် ဓာတ် ပုံများ - http://wp.me/pozkf-8dZ
KIO/ KIA ကို မြစ်ကြီးနား မှာ ကြို

သတင်း နှင့် ဓာတ် ပုံများ - http://wp.me/pozkf-8dZ

923174_451973374895702_1002212670_n
ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ အတွက် ကချင် ပြည် နယ် မနော ကွင်း သို့  ရောက် ရှိ လာ သည့်
ကချင် လွတ်မြောက် ရေး အဖွဲ့  နှင့် ၎င်း ၏ လက်နက် ကိုင် တပ် ဖွဲ့  ဖြစ်သည့် ကချင် လွတ်
မြောက် ရေး တပ် မတော် KIA အား မြစ်ကြီး နား မြို့  တွင် ကချင် ပြည်သူ လူ ထု က
သောင်း သောင်း ဖျ ဖျ ကြို ဆို သည်။
မြန်မာ အစိုးရ ဘက် မှ ၀န်ကြီး ဦးအောင် မင်း ခေါင်းဆောင် သည့် ဆွေး နွေး ပွဲ အတွက်
ကချင် ဘက် မှ ဦး ဇွန်လွတ်ဖန် ၊ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော် တို့   တက်
ရောက်သည်။
ကချင် ပြည် နယ် မြစ် ကြီး နား သို့  တနင်္လာ နေ့  အစော ပိုင်း တွင် ရောက် ရှိ လာသည့်
KIO / KIA အား ဒေသခံ ကချင် လူ မျိုး သုံးသောင်း ကျော် မှ KIA အလံ များ ထောင် ၍
၎င်း ၊ အတီး အမှုတ် နှင့် ဆိုင်းဘုတ်များ ထောင် ၍ ၎င်း ကြို ဆို ကြသည်။
၂၀၁၁-၂၀၁၂ တိုက် ပွဲ တွေ ပြီး နောက် မှာ တတိယ အကြိမ်မြောက် လုပ် တဲ့ ငြိမ်း ချမ်း
ရေး ဆွေးနွေး ပွဲ  ကို တရုတ် အစိုးရ ကိုယ် စားလှယ်က တက်ရောက် မှာ ဖြစ် ပြီး  အနောက်
တိုင်း သံတမန် တွေ ကို တော့ တက် ရောက် ခွင့် မပြု ဘူး လို့  သိရ ပါတယ်။
Photo Credit : Jinghpaw Kasa and Lachid Kachin

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

Ko Htwe shared Ye Yint Nge's photo.
ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်
*****************************************************
    27 May 2013  | 
    By ရိုးရာလေး 

youtubeမြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့  လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

--
ရိုးရာလေး နည်းပညာ
yoyarlay.com
ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်
******************************
***********************