တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လားရှိုးမြို့နယ်၊
ဟိုပိတ်ကျေးရွာ အနီးရှိ အေးရှား ၀ါးလ် တိုးဂိတ်၌ နယ်မြေလုံခြုံရေး
ဆောင်ရွက်လျက်ရှိစဉ် မေ ၂၇ ရက် နံနက် ၂နာရီ ၂၀မိနစ်ခန့်က လား ရှိုးမြို့ မှ
သိန်းနီမြို့ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော ၃င/၄၁၂၀ မတ်တူး
အဖြူရောင် ယာဉ်အား မသင်္ကာသဖြင့် စစ်ဆေးရန် ရပ်တန့်စေရာ ယာဉ်မှာ
ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင် ထွက်ပြေး ၍ ပူးပေါင်း အဖွဲ့များဖြင့်
ပိတ်ဆို့ရှာဖွေစဉ် နံနက် ၃နာရီခွဲတွင် သိန်းနီမြို့နယ်၊ မိုင်းလီအုပ်စု၊
နားဆော့ေ ကျးရွာ ဘုန်းကြီးကျောင်းရှေ့၌ ယာဉ်အား တွေ့ရှိခဲ့သည်။
အဆိုပါ ယာဉ်အား သိန်းနီမြို့မ ရဲစခန်းတွင် အသေးစိတ် ရှာဖွေခဲ့ရာ
ယာဉ်နောက်အဖုံးအတွင်းမှ အမ်-၂၂ ခေါက် ဒင် (၁၁)လက်၊ အမ်-၇၉ (၄၀)မမ ဗုံးပစ်
လောင်ချာ (၃) လက်၊ အမ်-၁၆ (၄)လက်၊ အမ်-၂၂ (၃ )လက်၊ BERETTA ပစ္စတို (၁) လက်၊
စုစုပေါင်း လက်နက်မျိုးစုံ(၂၂)လက်နှင့် အမ်-၂၂ ကျည်အိမ် (၂၄)ခု၊ အမ်- ၁၆
ကျည်အိမ်(၄)ခု၊ ပစ္စတိုကျည်အိမ် (၂)ခု၊ LUGER အမျိုးအစား ၉-မမ ကျည်
(၅၀)တောင့်၊ ၅.၅၆ ကျည် ၂၅၅၉ တောင့်တို့အား သိမ်းဆည်း ရမိခဲ့ပြီး၊ အနီး
ပတ်ဝန်းကျင်အား ဆက်လက်ရှာဖွေရာ နားဆော့ေ ကျး ရွာ အနောက်ဘက် ချုံပုတ်
အတွင်းမှ အမ်-၂၂ သေနတ် (၁၀)လက်အား ထပ်မံ သိမ်းဆည်း ရမိခဲ့ပါ သည်။
၎င်းဖြစ်စဉ်တွင် ထွက်ပြေးတိမ်းရှောင်နေသော တရားခံများအား ဖမ်းဆီးရမိရေး
တပ်မတော်နှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင် များက စုံစမ်း ရှာဖွေလျက်ရှိကြောင်း
သတင်းရရှိသည်။
မြ၀တီ
0 ကွန်မန့်ရေးရန်:
Post a Comment