This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, October 8, 2012

Samsung ပိုင်ရှင်များအတွက် PC နှင့်ချိတ်ဆက်အသုံးပြုနိုင်တဲ့ Samsung Kies လေးကိုမျှဝေပေးလိုက်ပါတယ်

Samsung Kies 2.5.0.12094.27.11

မင်္ဂလာပါခင်ဗျာ.... Samsung ပိုင်ရှင်များအတွက် PC နှင့်ချိတ်ဆက်အသုံးပြုနိုင်တဲ့ Samsung Kies လေးကိုမျှဝေပေးလိုက်ပါတယ်...  Samsung android phone များကို root လုပ်တာတို့ firmware ပြန်တင်လို့ ဖုန်း driver အဆင်မပြေသူများအတွက် kies ရဲ့ နောက်ဆုံးထွက်ဗာရှင်းလေးကို တင်ပေးလိုက်ပါတယ်။ ဒီဆော့ဝဲလေးကို သုံးပြီး မိမိဖုန်းထဲက အရေးကြီး data များနဲ့ contacts များ message များကိုလည်း backup လုပ်ယူနိုင်ပါတယ် ။
Samsung Kies is a PC Software you can use to connect your PC with your handset. Samsung Kies offers many widgets providing various functions between the PC and phone. Take Kies for a spin to see how useful it can be in managing your files and syncing your Samsung phone with your PC! Install Samsung Kies on your PC and enjoy the option of browsing through Samsung Apps on your large computer monitor. Download multiple applications and transfer them to your mobile with ease and convenience. Enjoy the beauty of Samsung Apps, from your PC to your Samsung mobile. The easiest way to get the latest version of Kies, if you already have the software installed, is to use the built-in update function.

Connect Wirelessly
For added convenience, you can connect your device, and
sync your content, via Wi-Fi.
* Please note, this feature is available for supported models only. Functionality is limited when device connected to Kies via Wi-Fi (compared to connection via USB)
Keep your mobile up to date.
When you connect your mobile device to Kies via a USB cable,
you will be automatically notified of any updates to your device firmware that are available.
Sync contacts with Outlook or Google, Yahoo
Add and edit contact of mobile on Kies conveniently.
Also, sync contacts with those of Outlook, Google or Yahoo.
Enrich your life with music wherever you are.
Make playlists and sync content between your mobile device and PC.
Carry your favourite music with everywhere with you.
Transfer your photos & videos to your PC.
Save those precious moments to your PC using Kies.
Supported Models : Galaxy S (GT-I9000), Galaxy S II (GT-I9100), Galaxy Tab (GT-P1000), Wave II (GT-S8530), Wave (GT-S8500)

Samsung Kies 2.5.0.12094.27.11
 
Mdiafire

>>>

“၁၀နှစ်ကြာ ရောင်းစားခံနေခဲ့ရသည့် မြန်မာအလုပ်သမအားမြန်မာသံရုံးကမိဘများထံပြန်ပို့”


                                                                 အောက်တိုဘာ ၅

ဘခက်
          ဘန်ကောက်မြို့တွင် အိမ်ဖေါ်အဖြစ်၁၀နှစ် ကြာရောင်းစားခံနေခဲ့ရ သည့် မြန်မာအလုပ်သမ တစ်ဦးအားဘန်ကောက်မြန်မာသံရုံးမှ မိဘများထံ သို့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း မြန်မာ သံမှူးကပြောသည်။
     လက်ရှိ အသက် ၂၀ ၀န်းကျင်သာရှိသေးသည့် မတင်နီလာဝင်းသည် ကရင်ပြည်နယ် ဘားအံမြို့   ပြည်ထောင်စု ရပ်ကွက် စစ်တပ်နှင့် ဘုန်းကြီးေ ကျာင်း အနီးမှ မှ အဖဦးတင်လှနှင့် မိခင် ဒေါ်ခင်ထွေးရီ တို့ဖြစ်ကြောင်း သူမ ပြောပြချက်အရသိရသည်။
သူမ သည် မြန်မာအသိုင်းအ၀ိုင်းနှင့်လုံးဝ အဆက်အသွယ် ပြတ်တောက်ခဲ့သဖြင့် မြန်မာစကားကို လုံးဝ
ပြောနိုင်၊နားလည်နိုင်စွမ်းမရှိတော့ပါ။
 မတင်နီလာဝင်း က “သမီးက အားလပ်တဲ့အချိန်မှာ TV ကြည့်ပါတယ်၊ ပုလိပ်တွေက သမီးတို့လို အပြင်ကို
ထွက်ခွင့်မရှိတဲ့ ရောင်းစားခံနေရသူတွေကိုကူညီတယ်၊ သူတို့ကို ဆက်သွယ်မယ့်ဖုန်းကို လည်းကြေညာ တယ်။ သူဌေးမရှိတဲ့အချိန် သူတို့ ကြေညာတဲ့ဖုန်းကို သမီးဆက်ကြည့်တယ်။သမီးကိုနှိပ်စက်ခံရ လားလို့ေ မးတယ်။ သမီးက အိမ်ရှင်မနှိပ်စက်ဘူး။ ဒါပေမယ့် သမီး ဗမာပြည် ပြန်ချင်တယ်၊ ပြန်ပို့ပါလို့ ပြောတော့ မရဘူး ဆိုပြီး ဖုန်းချသွားတယ်။ ဒါပေမယ့် သမီးစိတ်ဓါတ်မကျဘူး။ သမီးလွတ်မြောက်နိုင်မယ့် အနေ အထားတွေကိုအမြဲ စောင့်နေခဲ့တယ်” ဟုပြောသည်။
      ၂၀၁၂ ခုနှစ် ဇူလိုင်လ၁၆ ရက်နေ့က မတင်နီလာဝင်းသည် နေ့စဉ် လုပ်နေကျအတိုင်း ကားရေဆေး၊ အိမ်သန့် ရှင်းရေးများလုပ်ပြီးနောက် အိမ်ရှင် တရုတ်သူဌေး အလစ်တွင် အမှိုက်ပစ်ရင်း ထိုင်းအိမ်တစ်အား သူမအား နီးစပ်ရာရဲစခန်းသို့ လိုက်လံပို့ဆောင်ပေးပါရန် အကူညီတောင်းခံခဲ့သည်။
အကူညီမရသဖြင့် နောက်ထပ် အိမ်တစ်အိမ်အာ ဆက်လက်အကူညီတောင်းခံရာ ကျောက်ဖရာ၊ နခွန်ဘန် ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ထိုရဲစခန်းမှ တဆင့်  မြန်မာသံရုံးသို့ ရောက်ရှိလာခဲ့ပါသည်။
             မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား များအဖွဲ့ MAT နှင့် လိုအပ်သည်များကို စုဆောင်းပြင်ဆင်ပြီးနောက် မြန်မာသံမှူးဦးနိုင်ထွန်း ကထိုင်းအလုပ် သမား ၀န်ကြီး ဌာနမှ တဆင့် မတင်နီလာဝင်း  လုပ်ကိုင်ခဲ့သည့် အိမ်ရှင်သူဌေးအားခေါ်ယူညှိနှိုင်းဖြေရှင်း ခဲ့ကြသည်။
             မြန်မာသံမှူး ဦးနိုင်ထွန်း က “တင်နီလာဝင်း လုပ်အားခကို လုပ်ငန်းရှင်က အမြဲပေးတယ်ဆိုတာ
အထောက် အထားပြနိုင်တယ်။ ပွဲစားကို ကျနော်တို့ ဖေါ်ထုတ်လို့မရလိုက်ဘူး။ လုပ်ငန်းရှင်ကဘတ်တစ်  သောင်း မုန်းဖိုး ပေးသွားတယ်။ ကျနော်ပေးတာအပါအ၀င် ဘတ်ငွေ သုံးသောင်း   လောက် ကလေးမလေးမှာပါသွားပါတယ်။ မြန်မာ အလုပ်သမားတွေကို ကျနော်တို့ တတ်နိုင်သလောက် အကူညီပေးနေပါတယ်။ အကူညီလည်းတောင်း နိုင်ပါတယ်” ဟုပြောသည်။
မြန်မာသံမှူး ဦးနိုင်ထွန်း ၏ တာဝန်ပေးချက်အရ MAT အဖွဲ့သည် မတင်နီလာဝင်း အား အငှါးကားတစ်စီနှင့်
ခေါ်ယူပြီး သူမ လက်ညှိးထိုးရာ အရာများသို့ လိုက်လံရှာဖွေခဲ့ရသည်။
MATအဖွဲ့  ခေါင်းဆောင်ဦးကျော်သောင်းက“မတင်နီလာဝင်းကလေးဘ၀ကတည်းကရောင်းစားခံလာရတာ
ဆိုတော့ အလွန်ကြောက်ရွံ့နေပါတယ်။သူမကြာမကြာရောက်ဖူးတယ်ဆိုတဲ့  PATA ပင်ကောက် ကုန်တိုက် ကို အယင်သွားကြတယ်။ သူက ဆေးရုံတစ်ရုံကိုမှတ်မိတယ်။  ဆေးရုံ ၃ခုလောက် ကျနော်တို့ ပြလိုက် ရတယ်။ ဒီလိုနဲ့ အချိန်အတန်ကြာမှ သူမနောက်ဆုံး ၆နှစ်နဲ့ ၇လတိုင်တိုင်လုပ်နေခဲ့တဲ့ Charoen Nakhon (၁၀)လမ်းထဲကသူဌေးအိမ်ကို သွားတွေ့တယ်” ဟုပြောသည်။
                မတင်နီလာဝင်း သည် ၂၀၀၃ ခုနှစ်တွင် အဒေါ် တော်စပ်သူတစ်ဦးနှင့် အတူဘန်ကောက်မြို့ သို့ရောက်ရှိလာခဲ့ပြီး၊ ပထမအိမ်တွင် ၂နှစ်၊ဒုတတိယအိမ်တွင်  ၅လ အိမ်အကူအလုပ်ကို လုပ်ခဲ့ရသည်။   နောက်ဆုံးအိမ်တွင်၆နှစ်နှင့် ၇လတိုင်တိုင် နေ့စဉ် နံနက် ၅နာရီမှ ထ၍ ညနေတွင် အိမ်ရှင်မအိပ်သရွေ့ ခိုင်းစေသမျှ လုပ်ကိုင်ခဲ့ရသည်။ သူမထွက်ပြေးလာစဉ်က ရွှေတစ်မတ်သား လက်ပတ်ကြိုးတစ်ခုနှင့် ဘတ်ငွေ ၅၀၀၀ ပါလာခဲ့သည်။
         မတင်နီလာဝင်းသည် ပအို့ဝ် တိုင်းရင်းသူတစ်ဦးဖြစ်သော်လည်း မိခင်ဘာသာစကားကိုလုံးဝ မပြောနိုင်တော့သည့်အပြင် မိဘများကိုမြင်သည့်တိုင်အောင် မှတ်မိရန် မလွယ်ကူနိုင်ကြောင်း ကူညီသူများ ကပြောသည်။
သူမ၏ မွေးချင်းများမှာ အစ်မ  ခိုင်ဝင်းဖြူ၊ အစ်ကို ရဲညွန့်၊ မောင် . .ဇာနည်စိုးနှင့် မောင်. . .ဇေါ်ကိုထိုက် တို့


ဖြစ်ကြောင်း သူမ၏မိဘနှစ်ပါးမှာ အိမ်ထောင်ကွဲနေကြကြောင်းလည်းသိရှိရသည်။