This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, November 14, 2013

အိမ်ရဲ့ ဝင်ငွေ/ထွက်ငွေ/စုငွေ တွေကို အလွယ်တကူမှတ်တမ်းတင်နိုင်တဲ့ Personal Finances Pro v5.5 Full...................



Personal Finances နဲ့ ကိုယ့်အိမ်ရဲ့ ဝင်ငွေဘယ်လောက်ရှိတယ်၊ ဒီနေ့ ဘာတွေဝယ်လိုက်ပြီ. ဒီနေ့ ဘယ်လောက်စုထားလိုက်မယ် စသည်ဖြင့် ငွေစာရင်းရှင်းတမ်းတစ်ခုကို Database အနေနဲ့ မှတ်ထားထားနိုင်ပါတယ်.. လကုန်ရှင်းတမ်း၊ နှစ်ကုန်ရှင်းတမ်း စသည်ဖြင့်လည်း လွယ်ကူစွာ ရှင်းတမ်းထုတ်နိုင်ပါတယ်.. Database တည်ဆောက်ဖို့ ကျွမ်းကျင်နေစရာမလိုဘဲ လွယ်လွယ်ကူကူပဲ လုပ်နိုင်တဲ့အပြင် အချက်အလက်တွေ စုံလင်အောင်လုပ်ဆောင်နိုင်တာကြောင့် အိမ်သုံးသာမက ဈေးဆိုင်ရောင်သူတွေပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်..

Patch ချိုးနည်း
**********
1. Setup နဲ့ Install လုပ်လို့ ပြီးခါနီးမှာ Lunch ဘေးက အမှန်ခြစ်ကို ဖြုတ်ပြီး Finish လုပ်ပါ
2. Desktop ပေါ်က Personal Finances ရဲ့ shortcut Icon ကို ညာကလစ်ထောက်ပြီး Properties>Find Target ( Windows 7 တွင် Open File Location ) ကိုနှိပ်ပါ..
3. ဒေါင်းထားတဲ့ Patch ဖိုင်ကို ကူးပြီး ဒီထဲကိုထည့်လိုက်ပါ.. ပြီးရင် Patch.exe ကို Run ပြီး အလယ်က စာသားကို တစ်ချက်နှိပ်လိုက်ပါ.. ၃ စက္ကန့်ကြာရင် Patch ကိုပိတ်လိုက်ပါ..
သုံးဆောင်နိုင်ပါပြီ.. အဲ. အသုံးပြုနိုင်ပါပြီ..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

ယောက်ျား ၂ ယောက်နဲ့ အတူနေ မာရီယာရဲ့ မိသားစု .............................

Thursday, November 14, 2013
.စိတ်ဝင်စားစရာမို့ ပြန် လောကမှာ ထူးဆန်းတာတွေ ရှိကြတဲ့အထဲ ဒီကနေ့ လည် ဖောက်သည် ချလိုက်ပါတယ်။ အခု ဓာတ်ပုံထဲမှာ တွေ့ရတဲ့ အမျိုးသမီး မာရီယာ ဘူဇကီဟာ ခင်ပွန်း 
ဖြစ်သူ ပေါလ်ရယ်၊ မာရီယာရဲ့ ချစ်သူ ပီတာတို့နဲ့ အတူတူ တအိမ်တည်း ချစ်ချစ်ခင်ခင် နေထိုင်ပါသတဲ့။ 

 ပေါလ်၊ မာရီယာ၊ ပီတာ၊ ဓာတ်ပုံ- The Mirror
ကလေး ၂ ယောက်အမေ မာရီယာက ပေါလ်နဲ့ အိမ်ထောင်ကျပြီး သားသမီး ၂ ဦးထွန်းကားခဲ့ပါတယ်။ ဒါပေမယ့် ထူးခြား တာက သူဟာ ချစ်သူအသစ် ပီတာ ဂရုမန် မရှိရင် အသက်ရှင်လို့ ရမှာတောင် မဟုတ်ဘူးလို့ သူက ထင်ပါသတဲ့။ 

မာရီယာရဲ့ ခင်ပွန်းသည် ပေါလ်နဲ့ မာရီယာရဲ့ ချစ်သူ ပီတာတို့ ငါးဖမ်း အတူထွက်ကြစဉ်
နောက်ထပ်ထူးဆန်းတာက မာရီယာရဲ့ ခင်ပွန်း ပေါလ်နဲ့ မာရီယာရဲ့ ချစ်သူ ပီတာတို့ကလည်း အရမ်းကို ရင်းနှီးကြတဲ့ သူ တွေဖြစ်လေတော့ နောက်ဆုံးသူလည်း ဆုံးဖြတ်ချက်တခုကို ပိုင်ပိုင်နိုင်နိုင်ကြီးချလိုက်ပါ တယ်။ 

နောက်ဆုံးတော့ ပီတာဟာ သူတို့ မိသားစု ရှိတဲ့ အရှေ့ လန်ဒန်၊ ဘတ်ကင်းက အိမ်ကြီးကို ပြောင်းရွှေ့ လာခဲ့တယ်လို့ The Mirror သတင်းတခုက ဆိုပါတယ်။ အခုဆို မာရီယာက အသက် ၃၃ နှစ်၊ ခင်ပွန်း သည် ပေါလ် က အသက်၃၇ နှစ်နဲ့ သူတို့ရဲ့ သားသမီးတွေဖြစ်တဲ့ လော်ရာ ၁၆ နှစ်၊ အေမီ ၁၂ တို့နဲ့ အတူ မာရီယာရဲ့ ချစ်သူ အသက် ၃၆ နှစ်ရှိ ပီတာတို့ ဟာ အတူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ မာရီယာတို့ ရဲ့ အိမ် ကြီး မှာ နေကြပါတယ်။ 

မာရီယာ၊ ခင်ပွန်းဖြစ်သူ ပေါလ်နဲ့တကွ သားသမီး ၂  ဦး၊ မာရီယာရဲ့ချစ်သူ ပီတာတို့ ကို အခုလိုပျော်ပျော်ရွင်ရွင်တွေ့ရစဉ်
“လူတွေကတော့ ဒါကို ရူးကြောင်ကြောင်လို့ ထင်ချင် ထင်ကြလိမ့်မယ်။ ဒါပေမယ့် ကျမက ဒီလူ ၂ ယောက် လုံးကို ချစ်တယ်။ သူတို့ ၂ ယောက်ထဲက တယောက်ယောက်ကို ရွေးပါဆိုရင် ကျမ မရွေးနိုင်ပါဘူး” လို့ အိုးအိမ် ဆက်သွယ်ရေး အရာရှိ တဦးလည်းဖြစ်တဲ့ မာရီယာက ဆိုပါတယ်။ 

“ပေါလ် ထွက်သွားတဲ့အချိန်ဆို ကျမဘ၀က ဟာတာတာကြီးဖြစ်တယ်။ တခါ ပီတာကို မမြင်ရပြန်တော့လ ည်း ကျမ အသဲ ကွဲရပြန်တယ်။ ဒါကြောင့် သူတို့ ၂ ယောက်လုံးနဲ့ အတူတူနေတဲ့ လမ်းပဲ ရှိတယ်လေ” လို့ မာရီယာက ပြောပါတယ်။ 

ဒါကို ခင်ပွန်းသည် ပေါလ်နဲ့ ချစ်သူ ပီတာတို့က လက်ခံသဘောတူခဲ့ကြတာပါတဲ့။ သူတို့ကလည်း မာရီယာ ရဲ့ အချစ်ကို ခွဲဝေပေးတယ်လို့လည်း မခံစားရသလို တယောက်ကိုတယောက်လည်း မနာလို မရှုစိမ့် မဖြစ် ကြ ပါဘူးလို့ သူတို့က ပြောပါ တယ်။ 

အိပ်ချိန်တွေမှာလည်း တလှည့်စီ အဆင်ပြေသလို အိပ်ကြပါတယ်တဲ့။ 

မာရီယာနဲ့ ပေါလ် တို့ လက်ထပ်ကြချိန်က မြင်ကွင်း

မာရီယာ အသက် ၁၅ သမီး ဘ၀က ပေါလ်နဲ့ ကျောင်းမှာ တွေ့ကြပြီး နောက် ၂ နှစ်လောက်အကြာ ချိန်းတွေ့ကြတယ်တဲ့။ 

ဒီနောက်ပိုင်း မမျှော်လင့်ပဲ ကိုယ်ဝန်ရှိလာပြီး ပေါလ်က လက်ထပ်ခွင့်တောင်းလို့ လက်ထပ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီမှာ လော်ရာလေး မွေးပါတယ်။ လော်ရာမွေးပြီး နောက် ၄ နှစ်လောက်မှာ အေမီလေး ထပ်မွေးခဲ့ပါတယ်။ 

ဒါပေမယ့် လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်လောက်က သူတို့ အိမ်ထောင်ရေးလည်း အတော်အဆင်မပြေဖြစ် လာခဲ့ တယ်။ ပေါလ်က လည်း အလုပ် မရှိ ဖြစ်တာက ၆ လလောက်ကြာတယ်။ 

ဒီမှာ ပေါလ်နဲ့ မာရီယာတို့က လင်မယားပုံစံထက် မောင်နှမ ပုံစံ ဆက်ဆံရေးမျိုးဖြစ်လာတယ်လို့ ဆိုတယ်။ 

ဒီနောက်ပိုင်း စိတ်ဖိစီးမှုတွေနဲ့ မာရီယာကိုလည်း အပြုံးလှတဲ့ ပီတာနဲ့ မိတ်ဆက်ပေးရာက သိကျွမ်းလာပြီး တိတ်တဆိတ် ငြိစွန်းလာကြရင်း အရမ်းချစ်သွားကြတာတဲ့။ 

အစပိုင်းတော့ မာရီယာအနေနဲ့ တယောက်ယောက်ကို လမ်းခွဲဖို့ ခင်ပွန်းသည်နဲ့ ချစ်သူတို့ရဲ့ တိုက်တွန်းမှု ရှိခဲ့ပါတယ်တဲ့။ ဒါပေမယ့်နောက်ပိုင်းကျ မိသားစု တကွဲတပြားဖြစ်ရတဲ့ ခံစားမှု၊ ချစ်သူနဲ့ ဝေးရတဲ့ ခံစားမှု
တွေ ဆင့်ဆင့် ရောက်လာတော့ အခုလို အကောင်းဆုံး ဖြစ်တဲ့ ခင်ပွန်းနဲ့ရော ချစ်သူနဲ့ရော အတူနေဖြစ် သွားဖို့ အားလုံးက ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေး နွေးကြရင်း ဒီလို ထူးခြားတဲ့ မိသားစုမျိုးဖြစ်လာရတာလို့ သိရပါတယ်။ 


အိမ့်သံစဉ် ~

အွန်လိုင်း အဆိုတော် မေမြတ်မွန်ရဲ့ နာမည်ကြီး မှုံရွှေရည် သီချင်းကို သီဆိုဖျော်ဖြေထား

အခုတလော နာမည်ကြီးနေတဲ့ အွန်လိုင်း အဆိုတော် မေမြတ်မွန်ရဲ့ နာမည်ကြီး မှုံရွှေရည် သီချင်းကို သီဆိုဖျော်ဖြေထားတာပါ။ 


အွန်လိုင်း အဆိုတော် မေမြတ်မွန်၊ ဓာတ်ပုံ- မေမြတ်မွန် ဖေ့စ်ဘုတ်
မေမြတ်မွန်ဟာ ခေတ်ပေါ် သီချင်းတွေနဲ့ အင်္ဂလိပ် သီချင်းတွေပဲ ဆိုတတ်တယ် ထင်နေသူတွေအတွက် မှုံရွှေရည် လို သီချင်းကို အခုလို ပိုင်ပိုင်နိုင်နိုင် ဆိုထားတာကို ပြန်လည် ဖော်ထုတ်ပေးလိုက်ပါတယ်။ 

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ လူငယ်ရံပုံငွေပွဲ တခုအတွက် မှုံရွှေရည် သီချင်းကို အွန်လိုင်း နာမည်ကြီး အဆိုတော် မေမြတ်မွန်က သီဆိုပြီး မြန်မာအကနဲ့ ယှဉ်တွဲ ကြည့်နိုင်ပါတယ်။
http://www.youtube.com/watch?v=XJD7I9-OuIE#t=128


ကားလေလံ ဆွဲမယ်ဆို ဂျပန်ယန်းငွေ ပေါက်ဈေးသိ မှ အပြီးအစီးဘယ်လောက်ကျသင့်မယ်ဆိုတာ ကုမ္ပဏီကိုတွက်ခိုင်းသင့်....................


ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး

သူငယ်ချင်းတစ်ယောက်ခံလိုက်ရတဲ့ တကယ့်အဖြစ်အပျက်ပါ။ ကျွန်တော့်
သူငယ်ချင်းက အရင်တပ်မတော်လေလံပစ်တဲ့ခေတ်ကတည်းက ကားတွေ
အရောင်းအ၀ယ်လုပ်ခဲ့တဲ့ ၀ယ်ရောင်းတစ်ယောက်ပါပဲ။ ၀ယ်ရောင်းဆိုပေ
မယ့်လည်း ကျွန်တော်တို့လို တစ်နေကုန်ဝိုင်းထဲမှာမထိုင်ပဲ တစ်ခါတစ်လေ
မှသာဝိုင်းထဲလာတတ်တဲ့ ၀ယ်စီးဝယ်ရောင်းသမားတစ်ယောက်ပါ။ ကားနဲ့
ပတ်သတ်လို့လည်း တော်တော်လေးတီးမိခေါက်မိရှိပါတယ်။ အစိုးရက
၂၀၀၇ အထက်ကားလေးတွေကို Free Permit နဲ့တင်သွင်းခွင့်ပြုလိုက်ပြီ
ဆိုတဲ့ကြေငြာချက်လည်းထွက်လာရော သူကအရင်ဆုံး Honda Fit လေး
တစ်စီးကိုယ်တိုင်လေလံဆွဲပြီး သွင်းဖို့လုပ်ပါတယ်။ သူကကားအကြောင်း
နားလည်ပေမယ့်ကားတင်သွင်းတဲ့အပိုင်းကိုတော့ ကိုယ်တိုင်တိတိကျကျ
မသိပါဘူး။ ဒါကြောင့်ပဲ သူနဲ့ရော ကျွန်တော်နဲ့ရောခင်နေတဲ့ ကားတင်သွင်း
ပေးတဲ့ကုမ္ပဏီတစ်ခုကနေလေလံဆွဲဖို့လုပ်ပါတယ်။ လေလံစာရင်းထဲက
ကားတွေထဲက သူအကြိုက်ဆုံးကားတစ်စီးကို လေလံဆွဲလိုက်တာ သူလို
ချင်တဲ့ဈေးနဲ့ပဲလေလံအောင်သွားပါတယ်။ ဒါကြောင့်အဲဒီကားကိုရန်ကုန်
အရောက်ဝန်ဆောင်ခတွေရော၊ အခွန်တွေရော၊ ကညန နံပါတ်ရတဲ့အထိ
အပြီးအစီးဘယ်လောက်ကျသင့်မယ်ဆိုတာ ကုမ္ပဏီကိုတွက်ခိုင်းပြီး စရံ
ငွေပါတခါတည်းပေးချေခဲ့ပါတယ်။ သူလေလံအောင်တဲ့ Honda Fit GE6
2009 G Grade အနက်ရောင်လေးကို အပြီးအစီး ၁၃၈ သိန်းကျမယ်ဆိုပြီး
ကုမ္ပဏီကပြောပါတယ်။ အဲဒီတုန်းက ကျွန်တော်ရောသူရော ဂျပန်လေလံ
ဆွဲဖူးတဲ့အတွေ့အကြုံမရှိသေးတော့ ကုမ္ပဏီကတွက်ပေးတဲ့စရိတ်စကတွေ
ကိုပဲယုံခဲ့မိပါတယ်။ ကုမ္ပဏီပိုင်ရှင်ကလည်း ကိုယ်တွေနဲ့အရင်ထဲကခင်နေ
တဲ့လူဆိုတော့လည်း သူ့အနေအထားနဲ့ကိုယ်တွေကို မဟုတ်တာမလုပ်
လောက်ဘူးလို့ထင်ခဲ့တာလည်းပါတာပေါ့။ အဲဒီကားရန်ကုန်ဆိပ်ကမ်းကပ်
ဖို့တစ်ပတ်လောက်ပဲလိုတော့တဲ့အချိန်မှာ သူနဲ့ကျွန်တော်အတူတူအပြင်
သွားကြတုန်းမမျှော်လင့်ပဲ လမ်းမှာကားတင်သွင်းတဲ့အလုပ်လုပ်နေတဲ့
နောက်ထပ်အသိတစ်ယောက်နဲ့ဆုံမိကြပါတယ်။ အဲဒီမှာစကားစပ်ရင်း
ကျွန်တော့်သူငယ်ချင်းက သူကားသွင်းထားတာ မကြာခင်ရောက်တော့မယ်
ဆိုတဲ့အကြောင်းပြောလိုက်ပါတယ်။ သူ့အသိကလည်း ကားကဘာကားလဲ
အပြီးအစီးဘယ်လောက်ကျလဲ စတဲ့ကားနဲ့ပတ်သတ်တာတွေမေးကြည့်
တော့သူကလည်းသူသွင်းထားတဲ့အတိုင်းပြန်ပြောလိုက်ပါတယ်။ အဲဒီမှာပဲ
ပြသနာကစပါတယ်။ ကားကိုဒီအရောက်ဝန်ဆောင်မှုပေးတဲ့အခါ ပေးရတဲ့
ဝန်ဆောင်မှုစရိတ်တွေအကုန်လုံးက တွက်တာမှန်ပါတယ်၊ ဒါပေမယ့်ကွာ
နေတာကဂျပန်ကိုငွေလှမ်းချေရတဲ့စရိတ်တွေမှာ တွက်ထားတဲ့ဂျပန်ယန်း
ငွေတန်ဖိုးတွေအများကြီးကွာနေတာပါ။ ဒီလိုဗျာ၊ ပေါက်ဈေးအမှန်က ဂျပန်
ယန်းငွေ ၁ = မြန်မာကျပ်ငွေ ၁၀ ဆိုရင်သူ့ကိုကားမှာပေးတဲ့လူက မြန်မာ
ကျပ်ငွေ ၁၃ လောက်နဲ့ တင်ပြီးတွက်ယူလိုက်တာပါ။ အဲဒီတော့ ကားမှာတဲ့
ကိစ္စမှာဂျပန်ယန်းငွေတွေကအများကြီးတွက်ပေးရတာဆိုတော့ သူက
ပေါက်ဈေးထက်ကို သိန်း ၂၀ကျော်လောက်တင်ပြီးအမြတ်စားလိုက်တာပါ။
ကျွန်တော်တို့လိုသာမန်လူတွေက ဒေါ်လာဈေးလောက်ပဲအထိအတွေ့ရှိပြီ
ဂျပန်ငွေဈေးကိုမသိတော့ ဈေးသိတဲ့လူကပြောပြမှပဲ ကျွန်တော့်သူငယ်ချင်း
ခံလိုက်ရပြီဆိုတာသိရပါတော့တယ်။ အချင်းချင်း အဲဒီလိုမလုပ်လောက်ဘူး
ထင်လို့ တခြားနေရာတွေကနေကားမမှာပဲ သူ့ဆီကနေမှာမှပဲ သူကသူများ
တွေထက်အများကြီးပိုဆိုးနေတာပါ။ အဲဒီလိုလက်တစ်လုံးခြားလုပ်ပြီး လိမ်
နေတဲ့အဲဒီကားမှာပေးတဲ့ကုမ္ပဏီက အခု Facebook ပေါ်မှာရှိပါတယ်။ သူ
များကိုနာမည်မဖျက်ချင်လို့ ကျွန်တော်တို့နာမည်တပ်ပြီးရေးမနေတော့ပါ
ဘူးဗျာ။ သူ့စေတနာသူ့ကိုအကျိုးပြန်ပေးပါလိမ့်မယ်။

ဦးဆောင် သူက ဘယ်လိုအဆင့်အတန်း ဘယ်လိုအရည်အချင်းဆိုတာ စိစစ် ရ ကောင်း မှန်းမသိကြ........................

https://fbcdn-profile-a.akamaihd.net/hprofile-ak-prn1/s160x160/993334_226482830839521_1482780306_a.jpgကျွန်တော်နေတဲ့ရပ်ကွက်ထဲကလူတစ်ယောက်ပါ
သူက ဆိုက္ကားနင်းပါတယ်။အိမ်သာကျင်းတူးတယ် အ ခြေအ နေ ပေးရင် သားသတ်တယ်။အလုပ်စုံ တော့ ည နေဆို အရက်က လေးတစ်မြမြနဲ့ပေါ့

အခုလို လမျိုးဆိုရင် အလုပ်တစ်ခုထပ်တိုးပါတယ် ဆွမ်းတင် တယ် ဘုရားကိုးဆူကပ်ပါတယ်။

ပိတ်ဖြူဝတ်ပြီး အိမ်ရှေ့မှာ ကိုးမြို့ရှင် ပင့်နေ တော့ ပညာတတ်သူတွေ ပိုက်ဆံရှိသူတွေက သူ့နောက် မှာလက်အုပ်က လေးတွေချီလို့ပေါဗျာ။

ကိုးကွယ်ယုံကြည်မှုကိုပြောချင် တာမဟုတ်ဘူး နော်။အရက်နံတ ထောင်းထောင်းနဲ့ မှန်သလား မှားသလားမသိတဲ့နတ်ပင့်စာတွေရွတ်လို့။ တခါ တ လေများကျက်ထားတဲ့စာမေ့သွားရင် နတ်ကို သူက ဟောက် သေးတယ်ဗျာ ။ ဘယ်နေ့သားသမီး က တော့ အခုဆွမ်းကပ် ပြီး တာဝန်ကျေတယ်နော် အရှင် ကြီးတို့ကလည်း ကိုယ့်တာဝန်ကို ကျေအောင် မ နော် တို့ဘာတို့ လုပ်တာ။

ခပ်တည်တည်ဘဲ ရှေ့ကလုပ်ချင် တာလုပ် ပြော ချင် တာပြောပြီး နတ်ကိုပြန်ပို့လိုက် တာပဲ။ သုံးထောင် ခိုင် သွားလို့နောက် တစ်အိမ်ရွှေ့ ပြီလေ။

ကျွန်တော်တို့ တ တွေဟာ နောက် လိုက် လုပ်တဲ့ နေရာမှာ တော်တော်အသားကျနေကြပါတယ်။
ရှေ့က ဦးဆောင် သူက ဘယ်လိုအဆင့်အတန်း ဘယ်လိုအရည်အချင်းဆိုတာ စိစစ် ရ ကောင်း မှန်းမသိကြပါဘူး။ရှေ့ထွက် လုပ် ရဲတာတစ်ခု တည်းနဲ့ဘဲ ဦးဆောင် သူအဖြစ် အသိအမှတ်ပြု တတ်ကြပါတယ်။

အဲ့ဒီသူက မလုပ်တတ်လို့ဘဲဖြစ်ဖြစ် လုပ်ချင် ရာ လုပ်သွားလို့ပဲဖြစ်ဖြစ် ရရှိတဲ့ဆိုးကျိုးဟာ ခုနက ပညာတတ် ငွေရှိတဲ့ အိမ် ရှင် တွေလိုပဲ ခံရပြီး တလွဲဦးဆောင် သူက တော သုံးထောင် ရသွား တာကို မြင် တတ်ဖို့ လိုနေပါပြီ ခင် ဗျာ။

အသက် ၃၀ မှာပြောင်းလဲလာတဲ့ အမျိုးသမီးများ ရင်သားအကြောင်း သိကောင်းစရာ ................................

Posted by drmyochit Tuesday, August 20, 2013, under

အပျိုဖော်ဝင်စကနေ သွေးမဆုံးခင်အချိန် အတွင်းမှာ ကင်ဆာမဟုတ်တဲ့ ရင်သား အဖုအကျိတ်ဖြစ်တာ က တွေ့ရများလေ့ ရှိပါတယ်။ မြန်မာအမျိုးသမီး အများစုက ရင်သားစမ်းသပ်မှုကို ခံယူရမှာ ရှက်ရွံ့တတ် တာကြောင့် ဆရာဝန်ကို ပြသဖို့ အချိန်ဆွဲနေတတ်ကြပါတယ်။ သင်က အသက် ၃၀ အရွယ် ဖြစ်နေခဲ့ရင် ဒီအသက်အရွယ်မှာ ပြောင်းလဲဖြစ်ပေါ်နိုင်တဲ့ ရင်သားအကြောင်းကို သိထားဖို့လိုပါတယ်။


ရင်သား အဖုအကျိတ်

မဟော်မုန်း အီစထရိုဂျင်က ရင်သားတင်းရင်းအောင် ထောက်ပံ့ပေးပါတယ်။ ရင်သားမှာ ကြွက်သားတွေ ပါဝင်မှုမရှိဘဲ အမျှင်တွယ်ဆက် တစ်သျူး၊ အဆီတစ်သျူး၊နို့ရည်ထုတ်နိုင်တဲ့ ဂလင်းတစ်သျူး စတာတွေနဲ့ ဖွဲ့စည်းထားပါတယ်။ အသက် ၃၀ အရွယ်မှာ အမျိုးသမီးတွေရဲ့ ရင်သားမှာ ကင်ဆာမဟုတ်တဲ့ အကျိတ်အဖုတွေ ဖြစ်နိုင်ပါတယ်။ ဒီထက် ငယ်ရွယ်သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကင်ဆာမဟုတ်တဲ့ အဖုအကျိတ်လေးတွေ ဖြစ်တဲ့အခါ နာကျင်ပြီး အဖုအကျိတ်လေးကို လက်နဲ့ စမ်းကြည့်ရင် ဟိုဘက်ဒီဘက် ပြေးနေတတ်ပါတယ်။ နာကျင်မှုက ရာသီလာခါနီး အချိန်တွေမှာ နာတတ်ပြီး တချို့လည်း ရာသီလာပြီး နောက်ပိုင်းမှာလည်း နာကျင်တာကို ဆက်လက် ခံစားရနိုင်လို့ အရီဇီုးနားသိပ္ပံပညာရပ် စင်တာမှ ပါမောက္ခ လီရိုနာဒွန်းနေက ပြောပါတယ်။

ရင်သားကင်ဆာ ဖြစ်မှာ မစိုးရိမ်ပါနှင့်

ဒီအသက်အရွယ်မှာ အမျိုးသမီး အများစုက အိမ်ထောင်တစ်ခုရဲ့ မိခင်ကောင်းတွေ အဖြစ် သားသမီးတွေကို နို့ချိုတိုက်ကျွေးတာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဖြစ်နိုင်ရင် ကလေးကို အသက်ငယ်ငယ်နဲ့ နို့ဖြတ်လိုက်တာမျိုး မလုပ်ပါနဲ့။ အမျိုးသမီးတချို့က ကလေးကို နို့ချိုတိုက်ကျွေးတာကြောင့် ရင်သားတွေ လျော့ရိလျော့ရဲ ဖြစ်ပြီး တွဲကျလာမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ကလေးငယ်ကို နို့ချိုတိုက်ကျွေးတာက ရင်သားတစ်သျူးတွေ လျော့ရဲမသွားစေပါဘူး။ နို့ချိုတိုက်ကျွေးချိန်မှာတော့ ရင်သားတွေ ကြီးလာတာကြောင့် အရေပြားပေါ်မှာ အကြောပြတ်ရာမျိုးတွေ ထင်နိုင်ပေမယ့် ကလေး နို့ဖြတ်လိုက်တဲ့အခါ ပုံမှန် အနေအထားကို ပြန်ရောက်သွားပါတယ်။ ၂၀၀၇ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန် အစားထိုးခွဲစိတ်ကု ဆရာဝန်ညီလာခံမှာ နို့ချိုတိုက်ကျွေးတာကြောင့် ရင်သားလျော့ရဲမှု မရှိနိုင်ပါ။ ရင်သားကို ကောင်းကောင်း ထောက်ပံ့မပေးနိုင်တဲ့ ပွပွချောင်ချောင် ဘရာစီရာ ၀တ်တာ၊ ကလေးများများ ယူတာ၊ ဆေးလိပ် သောက်သုံးတာ၊ အသက်ကြီးတာတွေကသာ ရင်သား လျော့ရဲပြီး တွဲကျစေတယ်လို့ ဆိုပါတယ်။ အသက်ကြီးလာတဲ့အခါ ရင်သားမှာ နို့ရည်ထုတ်ဂလင်းတွေ နည်းပြီး အဆီတွေ များလာကာ တင်းရင်းမှုလည်း လျော့နည်းလာပါတယ်။

ရင်သား လျော့ရဲမှုမှ ကာကွယ်ရန်

ရင်သားမှာ ကြွက်သားတွေ မရှိတာကြောင့် တင်းရင်းဖို့ လေ့ကျင့်ခန်း လုပ်တာက ထိရောက်မှု မရှိဘူးလို့ ပညာရှင်တွေက ပြောပါတယ်။ တခိျု့ ဆရာဝန်တွေက လေ့ကျင့်ခန်းလုပ်ရာမှာ အမျိုးသမီး အားကစားသမားတွေ ၀တ်ဆင်တဲ့ ဘရာစီရာမျိုးကို ၀တ်ဆင်ပြီး လုပ်သင့်တယ်လို့ အကြံပြုပါတယ်။ ပြေးလွှားခုန်ပေါက် လုပ်ရတဲ့ လေ့ကျင့်နည်းတွေက ရင်သားမှာရှိတဲ့ အရွတ်တွေကို ဆွဲဆန့်သလို ဖြစ်ပြီး ရင်သားတင်းရင်းမှုကို လျော့နည်းစေတာ ကြောင့်ပါ။

ရင်သားကင်ဆာ ဖြစ်နိုင်ခြေ

အသက် ၃၀ ကနေ ၃၉ နှစ် အတွင်း အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ နည်းပါတယ်။ အမျိုးသမီး ၂၂၉ ယောက်မှာ တစ်ယောက်နှုန်းသာ ဖြစ်နိုင်ခြေ ရှိတယ်လို့ လေ့လာမှုတွေမှာ တွေ့ရပါတယ်။ မိဘမျိုးရိုးမှာ ရင်သားကင်ဆာ ဖြစ်ဖူးသူ ရှိရင်တောင် အသက်၃၀ မှာ ရင်သားဓာတ်မှန် ရိုက်ဖို့ မလိုသေးပါဘူး။ အသက်ငယ်တဲ့ မိန်းကလေးတွေရဲ့ ရင်သားမှာ တစ်သျှူးတွေနဲ့ တင်းတင်းရင်းရင်း ရှိတာကြောင့် ရင်သားဓာတ်မှန် ရိုက်ပြီး စစ်ဆေးလည်း ရင်သားမှာ ကင်ဆာရှိ၊ မရှိကို မသိရှိနိုင်ပါဘူး။ ဒါပေမဲ့ လစဉ် ရာသီလာခါနီး ရက်တွေမှာ လက်ချောင်းတွေနဲ့ ကိုယ်တိုင် စမ်းသပ်မှုကိုတော့ လုပ်သင့်ပါတယ်။ ရင်သားမှာ မသင်္ကာစရာ စမ်းသပ် တွေ့ရှိပါက ဆရာဝန်နဲ့ တိုင်ပင်ပြသပါ။

sex knowledge
http://mmforward.blogspot.com/2013/08/for-girl.html မှ ....