This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, March 4, 2013

လိုင်ဇာအနီးတွင် အစိုးရတပ် လှုပ်ရှားမှုများ ရှိနေ


ဖနိဒါ | တနင်္လာနေ့၊ မတ်လ ၀၄ ရက် ၂၀၁၃

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာအနီးသို့ အစိုးရ စစ်တပ်အင်အား ယခု ရက်ပိုင်းအတွင်း သွားလာ လှုပ်ရှားမှု များ ရှိနေကြောင်း KIO နှင့် ကျောင်းသားတပ်ဖွဲ့က ပြောသည်။

မတ်လ ၁ ရက်နေ့က မြစ်ကြီးနား-လိုင်ဇာကားလမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ် ဂန်ဒေါင်ယန်ကျေးရွာသို့ အစိုးရ စစ်ကား အစီး ၄၀ ကျော်တက်လာ ပြီး မတ်လ ၂ ရက်နေ့တွင် ဗန်းမော် ကားလမ်းဘက်မှ ဒေါ့ဖုန်း ယန်မြို့နယ် သို့ စစ်ကားအစီး ၂၀ ကျော် တက်လာသည်ဟု ကျောင်းသားတပ် မတော် (မြောက်ပိုင်း) တာဝန်ခံ ဦးလဆိုင်း က ပြောသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် KIO တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် လိုင်ဇာအနီး တိုက်ပွဲဖြစ်ပွား ခြင်း မရှိတော့သော်လည်း မြစ်ကြီးနား-လိုင်ဇာ လမ်းရှိ ဝိုင်းမော်မြို့နယ် အတွင်း ဤရက်ပိုင်းတွင် အစိုးရ စစ်တပ် လှုပ်ရှားမှုများ ရှိလာခြင်း ဖြစ်သည်။

“သူတို့ ဂန်ဒေါင်ယန်ကနေ ဒီဘက်မှာ အစိုးရ တပ်စခန်းတွေ အများကြီးရှိတယ်။ နာ့ဖော့ ဘက်မှာလည်း သူတို့ စခန်းတွေရှိတော့ အဲဒီကနေပြီး တခြားစခန်းတွေဘက် ရိက္ခာပို့တာတို့၊ လူပြောင်းတာတွေတော့ ရှိတယ်။ ခုချိန်က အဲဒီလို တပ်လှုပ်ရှားသွားလာတာ မလုပ်သင့်ဘူး။ ဒါပေမယ့် သူတို့က မသင့်တော်တာက သူတို့ အတွက် အရေးမကြီးဘူး၊ သူတို့အလုပ် အောင်မြင်ဖို့ပဲ ကြည့်တယ်” ဟု KIO စစ်ပြေးဒုက္ခသည်များ ကူညီ ရေးတာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။

ဒေါ့ဖုန်းယန်ဘက်မှာလည်း အစိုးရစစ်တပ် အပြောင်းအလဲများ ရှိနေကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစတင်၍ ချီဖွေ-ပန်ဝါဒေသဘက်တွင် အစိုးရ စစ်တပ်၊ နယ်ခြားစောင့် တပ်များနှင့် KIO တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် တနင်္ဂနွေနေ့ထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း အစိုးရစစ်တပ်ဘက်မှ လက်နက်ဖြင့် ပစ်ခတ်မှုများကြိုး ကြား ကြိုးကြား ရှိသေးကြောင်း ဦးဒွဲပီဆား က လိုင်ဇာမြို့မှ မဇ္စျိမကို ပြောသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်နိုင်ငံတွင် KIO နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ တွေ့ဆုံစဉ် စစ်ရှိန်လျော့ရန် သဘောတူညီခဲ့ ကြသည်။

မတ်လ ဒုတိယအပတ်တွင်း ပြန်လည် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

လိုင်ဇာအနီးတဝိုက်ရှိ စစ်ပြေးဒုက္ခသည်များ ကူညီရန်အတွက် ကုလသမဂ္ဂက နေပြည်တော်မှ အစိုးရထံ တင်ပြထားကြောင်းကို KIO ထံ အ ကြောင်းကြားလာသည်ဟုလည်း ဦးဒွဲပီဆား က ပြောသည်။

“အထက် အစိုးရကို ခွင့်တောင်းထားတယ်။ တင်ပြထားတယ်ဆိုတော့ ဒီဒုက္ခသည် ကူညီဖို့ ခွင့်တောင်းပြီးမှပေးမယ်ဆို တော့ ကူညီမယ်ဆို တော့ မျှော်လင့်ချက် မရှိဘူး” ဟု ဆိုသည်။

၂ နှစ်ခန့်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် တသိန်းကျော်ရှိခဲ့ပြီ ဖြစ်ပြီး ဖားကန့်မြို့ နယ်ရှိ စစ်ပြေး ဒုက္ခသည်များအား ကုလသမဂ္ဂက ဖေဖော်ဝါရီလအတွင်း ပထမဆုံးအကြိမ် သွားရောက် ကူညီနိုင်ခဲ့သည်။

Android ဖုန်းထဲက အင်စတောလုပ်ထားတဲ့ မလိုတဲ့ဆော့ဝဲများ ဖျက်ပစ်ရန်

http://www.zwmnna.com/2013/03/android.html



ဒီလင့်မှာ Download ယူပါ - www.mediafire.com/မလိုတာဖျက်ဆော့ဝဲ

ဒီလင့်မှာ Download ယူပါ - http:/zippyshare.com/မလိုတာဖျက်ဆော့ဝဲ

Firefox ကို ဖလမ်းဖလမ်းထအောင် မြန်နှုန်းမြင့် အင်တာနက် ဆော့ဝဲလေးပါ



ဒီဆော့ဝဲလေးကတော့ ဖိုင်းရားဖောက် သုံးတဲ့သူတွေအတွက် အမြန်ပွင့်စေတဲ့နည်းပါ

အရင်တင်ဖူးပါတယ် လင့်သေနေတာ ပြန်ရှာရ မလွယ်ကူပဲလို့ ထပ်တင်လိုက်ပါတယ်

အင်တာနက်က နှေးနေနေတာဆိုရင်တော့ မြင့်နေလည်း အလကားပဲ ။ ဒါပေမယ့်လဲ

မြင့်ပေးထားတော့ မမြင့်တာနဲ့ စာရင်တော်သေးတာပေါ့ မူလထက်တော့ မြန်လာ၏

စမ်းသုံးချင်သူများ အောက်က လင့်မှာ Download ယူပါ.....................................။

ဒီလင့်မှာ Download ယူပါ - www.mediafire.com/Speed up firefox App

http://www.zwmnna.com/2013/03/firefox.html

ရေဇွာ – လိုင်လင်းပီ- ရှင်းလက်ဝ ကားလမ်း ၊ဖောက်လုပ်တော့မည်


khonumthung

ပြည်ထောင်စုနယ်စပ်ရေးရာဝန်ကြီး တာဝန်ယူဖော်ဆောင်မည့် ချင်းပြည် နယ် အတွင်း ၉၂ မိုင် အရှည် မော်တော်ကားလမ်းတခုဖောက်လုပ်တော့ မည်ဟု ကြားသိရသည်။

အဆိုပါကားလမ်းသည် ရေဇွာမြို့နယ်ခွဲရေဇွာမြို့သစ်မှ မတူပီမြို့နယ် လိုင် လင်းပီ – လိုင်လင်းပီမှ ပလက်ဝမြို့နယ် ကုလား တန်မြစ် ပေါ်ရှိ ရှင်းလက်ဝ အကြားကား လမ်းဖြစ်သည်။

အဆိုပါကားလမ်းဖောက်လုပ်ရေးကို ချင်းပြည်နယ်ဝန်ကြီးချုပ် ပူးဟုန်းငိုင် က လိုင်လင်းပီရွာမှ ပူး အေဘီ က ဖောက် လုပ် ရန် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က အတည် ပြုလိုက်ပြီဟု ပြည်နယ် လွှတ်တော် ကိုယ်စား လှယ် ပူး ဗန်ကျင် က ၄င်း၏ ဖေဖေါ်ဝါရီ ၁၉ – ၂၆ အကြား မဲဆန္ဒနယ်ခ ရီးစဉ် အတွင်းပြောကြားခဲ့သည်။

“ အဲဒီကားလမ်းသာ ရာသီမရွေးသွားလာနိုင်ပါက ရခိုင်ပြည်နယ်မှ ပလက်ဝအထိဝင်လာ တဲ့ ရေထွက် ပစ္စည်းတွေဟာပလက်ဝကနေတရက် ထဲ မြို့တော်ဟားခါးကို နေ့ချင်းပေါက် ၀င်ရောက် နိုင်မှာပါ” ဟု ဟားခါးမြို့ပေါ်မှ ကုန်သည်တဦးက ပြောသည်။

လက်ရှိတွင် ရေဇွာ နှင့် လိုင်လင်းပီကားလမ်းသည် နွေရာသီတွင်သာ သွားနိုင်ခဲ့ပြီး လိုင်လင်းပီနှင့် ရှင်းလက်ဝကားလမ်းကို ဒေသခံများက ကိုယ်ထူကိုယ်ထဖြင့် စတင်ဖောက်လုပ်နေကြသည်ဟု သိရ သည်။

ရှင်းလက်ဝသည် အိန္ဒိယ အစိုးရနှင့် မြန်မာအစိုးရတို့ ဖော်ဆောင်နေသည့် ကုလားတန်ဖက်စုံစီမံ ကိန်းလမ်း ကြောင်း ပေါ် တွင်တည်ရှိသော ကြောင့် အိန္ဒိယ နိုင်ငံမှ ကုန်စည်များလည်း ကုလားတန် မြစ်ကြောင်း မှ တဆင့် ချင်းပြည်နယ်ထဲသို့ တင် သွင်းနိုင်ကြမည် ဖြစ်သည်။

လက်ရှိချင်းပြည်တောင်ပိုင်း နှင့် မြောက်ပိုင်း ဆက်သွယ်သွားလာရာတွင် မတူပီနှင့် ဟားခါးကားလမ်းသည်နွေရာသီသာသွားလာနိုင်ကြောင်း မတူပီမှ တောင်ဖက် ပလက်ဝကားလမ်း ကို ဖောက်လုပ်နေ ဆဲ ဖြစ်သည်။

“ ဘာပဲဖြစ်ဖြစ် အစိုးရသစ်ဟာ ယခင် စစ်အစိုးရနဲ့ စာယင် ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး အတွက် အာရုံပိုစိုက် လာတာကိုတော့ အ များအမြင်ပါ” ဟု မတူပီမြို့မိမြို့ဖ တဦးက ပြောသည်။

ထို့အပြင် ချင်းပြည်နယ်တောင်ပိုင်း မြို့များအကြား ခရီးသွားလာရာတွင် မတူပီ – မင်းတပ် ကားလမ်းသာ ရှိပြီး ကန် ပက်လက် – ပလက်ဝ – မတူပီအကြား ဆက်သွယ်သည့် ကားလမ်း မရှိသေးကြောင်း ပြော ကြသည်။

ဆွမ်းကိစ္စ စကားများရာမှကျောင်းထိုင်ဆရာတော်ကို ပေါက်တူးဖြင့် ခုတ်သတ်


ကချင်ပြည်နယ်၊မိုးကောင်းမြို့နယ်၊ကြာအင်းရွာ လေးကျွန်းရန်အောင်
ကျောင်းတွင် သီတင်းသုံးနေသော ကြာအင်းဆရာတော်ဦးပညာသာရ ကို အဆိုပါကျောင်းတွင် ကိုရင်ကြီး ဝတ်နေသူ ဦးသိန်းထွန်းက
ဖေဖေါ်ဝါရီ ၂၆ ရက်နေ့ နံနက် ( ၄) နာရီခန့်တွင် အာရုံဆွမ်း ချက်သည့် ကိစ္စစကားများရာမှ ပေါက်တူးဖြင့် ခုတ်သတ်ခဲ့ကြောင်း မိုးကောင်း
ရဲစခန်း ထံမှစုံစမ်းသိရှိရသည်။

သက်တော် (၆၃) နှစ်နှင့် ဝါတော် ( ၂၀ ) နှစ်ရှိ ဆရာတော် ဦးပညာသာရမှာ ဦးခေါင်းတွင် ၃ ချက်၊ မေးစေ့တွင် တစ်ချက် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ပြီး ဆေးရုံအရောက်နံနက်၆း နာရီ ၄၀ မိနစ်ီတွင် ပျံလွန်တော်မူခဲ့ကြောင်း၊ပေါက်တူးဖြင့်ခုတ်သူဦးသိန်းထွန်းမှာအဆိုပါ
လေးကျွန်းရန်အောင် ကျောင်းတွင် ကိုရင်ကြီးဝတ်နေသည်မှာ ၄ ရက်ခန့်သာရှိသေးကြောင်း မိုးကောင်းမြို့နယ်ရဲစခန်းမှူး က
ပြောကြားသည်။
 by-The Voice Weekly

ကားကို လမ်းပြောင်းပြန် မောင်းပြီး နေပြည်တော်မှာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ ပြန်ကြားရေး ၀န်ကြီးဌာနက ဒု- ညွှန်မှူး ဦးမျိုးဝင်း


၂-၃-၂၀၁၃ ရက်နေ့ ည ၁၀း၀၀ နာရီ လောက်က ဇမ္ဗူသီရိ၊ ဘောဂသိဒ္ဓိ ရပ်ကွက်ရှိ မြ၀တီ ဓါတ်ဆီဆိုင် အရှေ့မှာ ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ Van အဖြူရောင် ကားနံပါတ် ၆ခ/၁၂၀၀ ကို မောင်းနှင် လာတဲ့ ပြန်ကြားရေး ၀န်ကြီးဌာန ဒု- ညွှန်မှူး ဦးမျိုးဝင်းဟာ အရက် အလွန်အကျွန် မူးနေပြီး၊ မတ်တတ်တောင် ကိုယ်တိုင် ကောင်းကောင်း မွန်မွန် မရပ်နိုင်တဲ့ အနေအထား ရှိနေတာကို တွေ့ရပါတယ်။
 
ဒါနဲ့ လမ်းသွား လမ်းလာများက အမြင်မတော်လို့ ၀င်ရောက် ကူညီရာမှာ ဦးမျိုးဝင်းက ကားပေါ်က ဆင်းလာပြီး ကားနဲ့ အတိုက်ခံရလို့ လမ်းပေါ် သွေးအိုင်ထဲ လဲနေတဲ့ မွန်ပြည်နယ်က အားကစား သမားလေးတွေကို မိုက်ရိုင်းစွာ အော်ဟစ် ဆဲဆိုနေတာ တွေ့ရပါတယ်။ အဲသည် အပြင် လာရောက်ကူညီ သူတွေကိုပါ “ မင်းတို့က ဘာကောင်း တွေလဲ .. ငါ ဘာကောင်လဲ .. သိလား .. ဘယ်သူ့ ကိုမှ သောက် ဂရု မစိုက်ဘူး ” စတဲ့ ရိုင်းပျတဲ့ အသုံးအနှုန်းတွေ ပြန်ကြားရေးက ဗိုလ်မှူး ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ အာဏာရှင် ဆန်စွာ ပြုမူခဲ့တာတွေကို သက်သေ မြောက်များစွာ ရှိနေပါတယ်။
 
ဦးမျိုးဝင်းဟာ သူကိုယ်တိုင် လူမှန်းသူမှန်း မသိအောင် မူးရူးနေပေမယ့် သူ့ရဲ့ရာထူးနဲ့ ပြုမူ ပြောဆို ဆောင်ရွက်ခဲ့ တာကြောင့် ၀န်ကြီးဌာနမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ ယဉ်မှုစစ်မှ ပုဂ္ဂိုလ်များ၊ ပြည်ထဲရေး ၀န်ကြီးဌာနမှ ပုဂ္ဂိုလ်များကို လေးစားစွာနဲ့ အသိပေး ချင်ပါတယ်။
 
ယခုဖြစ်တဲ့ ကိစ္စတွေကို ကြည့်ရင် ဦးမျိုးဝင်းဟာ ဥပဒေနဲ့ ညီညွတ်စွာ သွားလာခြင်း မရှိတဲ့အပြင် ရာထူး အာဏာကိုပါ အလွဲသုံးစား လုပ်တာကြောင့် ထိထိရောက်ရောက် ပြင်းထန်စွာ အပြစ်ပေး အရေးယူ စေချင်ပါတယ်။ ဦးမျိုးဝင်းရဲ့ လုပ်ရပ်တွေကို ပြည်သူအများ သိအောင် တရားဝင်ထုတ်ဖော် ပြောဆို စေချင်ပါကြောင်း ကိုတင်ပြပါတယ်။
 
Copy from - Than Hteik Zaw(FB) အင်တာနက်စာမျက်နှာသတင်း









ရန်ကုန်မှာ ထူးထူးခြားခြားကြော်ငြာနေတဲ့ Lenovo ကွန်ပြူတာ


Sunday, March 3, 2013


ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းမှာ ကွန်ပြူတာပစ္စည်း၊ အိုင်တီပစ္စည်း ရောင်း တဲ့ ဆိုင်တွေ အများအပြားရှိပါတယ်။
မဟာဗန္ဓုလလမ်းနဲ့ အနော်ရထာလမ်း ကြားထဲကပါ။

ကွန်ပြူတာ၊ ပရင်တာ၊ ပရော်ဂျက်တာ စသဖြင့် ၀ယ်မယ်ဆို အဲဒီလမ်းကို ပြေးရပါတယ်။ 



    ဒီရက်ပိုင်းမှာ ထူးခြားတာက ဆိပ်ကမ်းသာလမ်းမှာရှိတဲ့ တိုက်တွေက ဆေးရောင်အသစ်တွေနဲ့ တောက်ပနေတာပါပဲ..။

 ပြီးတော့ ဆေးအသစ်သုတ်ထားတဲ့ တိုက်နံရံတွေမှာ Lenovo အမှတ်တံဆိပ်တွေ ရေးဆွဲထားတာ ထင်ထင်ရှားရှားတွေ့ရပါတယ်။

    ဒါဟာ Lenovo ကွန်ပြူတာ ကြော်ငြာသူတွေရဲ့ ထူးခြားတဲ့ အိုင်ဒီယာလို့ ဆိုရပါမယ်။

 ဒီလိုလုပ်ဖို့အတွက် Lenovo ကို အဓိ ကဖြန့်ချိနေတဲ့ KMD ကုမဏီက စီစဉ်ပါတယ်။

 တိုက်ခန်းပိုင်ရှင်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊  စည်ပင်သာယာရေးကော်မတီတို့ကို ဆက်သွယ်ရပါတယ် တဲ့။

 “ကျွန်တော်တို့ဒီလို လုပ်လို့ရဖို့ အတွက် တိုက်ခန်းပိုင်ရှင်တွေနဲ့ ပြောရပါတယ်၊ တချို့ တိုက်ခန်းအနည်းအငယ်ကပဲ ဆေးအသစ်သုတ် ပေးတာကို လက် ခံပြီး
တံဆိပ်တပ်တာကိုတော့ လက်မခံပါဘူး၊ အများစုက တော့ ဆေးအသစ်သုတ်ပေးပြီး Lenovo တံ ဆိပ် ရေးတာကို လက်ခံတယ်” လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

 “Lenovo က လူသိများတဲ့ အထဲမှာ မပါသေးဘူး၊ ဒါပေမဲ့ သုံးပြီးတဲ့လူတိုင်းကတော့ ဒီအမျိုးစားကို နှစ်သက်ပြီးတော့ သုံးကြပါတယ်” လို့ သူကပြောပါတယ်။

ကမ္ဘာ့အဆင့် တစ် ရတဲ့ ဒီပစ္စည်းအမျိုးအစားကို ရန်ကုန်မှာ ပိုပြီး သိလာအောင် အခုလို ကြော် ငြာ တာပါလို့ သူက ဆက်ပြောပါတယ်။

    ကုန်ပစ္စည်းကို ဒီလိုကြော်ငြာတာဟာ Lenovo က ပထမဆုံးပါပဲ။ 



တခြား ကုမဏီတွေကပါ အပြိုင်အဆိုင်လိုက်လုပ်ကြရင်တော့ တိုက်ဟောင်းတွေကတော့ ဆေးအသစ်တွေနဲ့ ဖြစ်ကုန် မှာပါလို့ အဲဒီလမ်းထဲမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ကြော်ငြာဖန်တီးသူတွေ၊ ဒီဇိုင်းဆရာတွေကတော့ သူတို့ကြော်ငြာတွေကို လှပအောင် အစွမ်းကုန် ကြိုးစားကြတာပါ။

ကုန်ပစ္စည်းတခုရဲ့ ကြော်ငြာ အများကြီးကို မကြာခဏတွေ့ရရင် စိတ်အနှောက်အယှက်ဖြစ်စရာပါပဲလို့ တချို့က ဆိုကြမယ် ထင်ပါတယ်။ ဒီလို မဖြစ်အောင် ကြော်ငြာတခုကို ဒေသ/ဇုန် အကန့်အသတ်နဲ့ပဲ ခွင့်ပြုရင် အဆင်ပြေမှာပါ။

မန္တလေး အပါအ၀င် နယ်မြို့တချို့မှာ မွေ့ယာဆိုင်တခုရဲ့ကြော်ငြာတွေကို လမ်းတကာ ချိတ်ဆွဲထားတာ တွေ့ရမှာဖြစ်ပါတယ်။

ရွက်စိမ်း ~

<a href='http://ox.irrawaddy.org/openx/www/delivery/ck.php?n=a4f13bd8&cb=INSERT_RANDOM_NUMBER_HERE' target='_blank'><img alt='' border='0' src='http://ox.irrawaddy.org/openx/www/delivery/avw.php?zoneid=52&cb=INSERT_RANDOM_NUMBER_HERE&n=a4f13bd8'/></a>

Android Phone Root လုပ်ချင်သူများအတွက် Root လုပ်နည်း အမျိုးမျိုး စာအုပ်


Android ဖုန်းနဲ့ ပတ်သက်ပီး အခြေခံကျကျ ရေးပြထားတဲ့ စာအုပ်ကောင်းလေးပါ
Downlaod>>>mediafire

Chateau Man
  Founder At Collection Of Android
  Admin At Android Users Group

ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီး သယံဇာတ ခွဲဝေမှုတွင် အချိုးကျ ခွဲဝေပေးမှသာ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြဿနာ ပြေလည်နိုင်မည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ပြောကြား


AddThis Social Bookmark Button
3.3.4
"Peace Building and Myanmar Transition" ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ဟောပြောပွဲသို့ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအား တွေ့ရစဉ်
ဥပဒေနှင့်အညီ ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီး သယံဇာတ ခွဲဝေမှုတွင် ဗဟိုအစိုးရ၊ သက်ဆိုင်ရာ ဒေသနှင့် ဆင်းရဲသည့် ဒေသတို့အား အချိုးကျ ခွဲဝေပေးမှသာ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြဿနာ ပြေလည်နိုင်မည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။
မတ်လ ၂ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့သည့် “Peace Building and Myanmar Transition” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ဘာသာရပ်ဆိုင်ရာ ပညာရှင် ဟောပြောပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “ကျွန်တော်တို့ နှစ်ပေါင်းခြောက်ဆယ်လောက် ဖြစ်ခဲ့တာ နာတာရှည် ရောဂါကို ဆေးမြီးတိုနဲ့ သွားကုလို့မရဘူး။ နာတာရှည် ရောဂါကို နာတာရှည်ဆေးနဲ့ပဲ ကုရမယ်။ တိုင်းရင်းသား တွေဘာလို့ ဒီလိုဖြစ်တာလည်း။ သူတို့ဖြစ်တယ်ဆိုတာ တန်းတူညီတူ အခွင့်အရေး မရလို့ပေါ့။ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် မရလို့ပေါ့။ အဲဒါကို ကျွန်တော်တို့က သူတို့ကို ပေးရမယ်။ သူတို့ကို ဒါတွေပေးမယ်ဆိုရင် အာဏာခွဲဝေတာတွေ သယံဇာတ ခွဲဝေတာတွေဆက်ပြီး စဉ်းစားရမယ်” ဟု ပြောကြားခဲ့သည်။
“အာဏာခွဲဝေမှုမှာ ကချင်ပြည်နယ်ကို ကချင်တွေ အုပ်ချုပ်ပေါ့၊ ရှမ်းပြည်နယ်ကို ရှမ်းတွေ အုပ်ချုပ်ပေါ့ဗျာ။ ခြွင်းချက်တော့ ရှိတာပေါ့။ ရှမ်းပြည်နယ်ကို ရှမ်းတွေအုပ်ချုပ်ရမယ် သို့သော်လည်း ဥပဒေနဲ့အညီ အုပ်ချုပ်ရမယ်။ သူတို့ပြည်နယ်က ကျောက်စိမ်း ဆိုလို့ရှိရင် ကျွန်တော်တို့က ထိုက်သင့်တဲ့ အချိုးတစ်ခု ခွဲပေးရမှာပေါ့။ အဲဒါမှ သူတို့က ကြိုက်မှာပေါ့။ သယံဇာတ ခွဲဝေရာမှာ ကျွန်တော် အကြမ်းဖျင်း စဉ်းစားထားတာက အပုံသုံးပုံ ပုံလိုက်မှာပေါ့။ တစ်ပုံကတော့ သူ့ပြည်နယ် အတွင်းမှာ သူ့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ သုံးမယ်။ နောက်တစ်ပုံက ဗဟိုအစိုးရ၊ နောက်တစ်ပုံ ကျန်တာက သိပ်ဆင်းရဲတဲ့ ချင်းပြည်နယ်တို့ ဘာတို့ကို ခွဲပေးရမှာပေါ့။ ဒါကရှင်းရှင်းလေးပဲ ဒီကိစ္စတွေ အောင်မြင်ဖို့က ကျွန်တော် တစ်ယောက်တည်း လုပ်လို့မရဘူး။ အားလုံးဝိုင်းဝန်း လုပ်ဆောင်မှရမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆက်လက် ပြောကြားသည်။
“Peace Building and Myanmar Transition” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ် များတွင် ပါဝင်ဆောင်ရွက်နေသူများ ဖြစ်သည့် Myanmar Peace Center မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦး၊ ဒေါတ်တာကျော်ရင်လှိုင်၊ ဦးအောင်နိုင်ဦး၊ ဦးညိုအုန်းမြင့်နှင့် ဦးသီဟန်မျိုးညွန့်တို့မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရေးနှင့် ပတ်သက်သည့် အချက်အလက်များအား ဆွေးနွေးခဲ့ကြသည်။
ယင်းဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ဒေါက်တာမင်းဇော်ဦးက “အဓိက ကတော့ အများပြည်သူကို ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ နားလည်တာ၊ ကျွန်တော်တို့ဘက်က အမြင်တွေ၊ ကျွန်တော်တို့ သွားချင်တဲ့ဟာတွေကို ဒီဆွေးနွေးပွဲမှာ ဆွေးနွေးဖြစ်တာပါ။ နောက်ပိုင်းမှာလည်း ဒီလိုဆွေးနွေးပွဲတွေလုပ်ဖို့ အစီအစဉ် ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
Eleven Media Group

ရေခဲသေတ္တာတွင် ကပ်ထားသည့် သံလိုက် ၄၂ ခုကို မျိုချခဲ့တဲ့ ကလေးငယ်



ကလေးငယ်က ရေခဲသေတ္တာတွင် ကပ်ထားသည့် သံလိုက် ၄၂ ခုကို မျိုချ

 BY GOOD HEALTH

ရုရှားသူ မိခင်ဖြစ်သူက သူမရဲ့ ၁၆လ အရွယ်ကလေး ငယ်အနီးမှ ခွာပြီးမီးဖိုး ချောင်ထဲဝင် နေစဉ်မိနစ် ပိုင်း အတွင်း သူမရဲ့အိမ်ထဲက ရေခဲသေတ္တာမှာ ကပ်ထား တဲ့ သံလိုက်တွေ အားလုံးပျောက် ဆုံးသွားတာကို သတိထားမိ တဲ့အတွက် သူမရဲ့ကလေးကို ခေါ်ကာ နီးစပ်ရာ ဆေးခန်းသို့ သွားရောက်ပြ သခဲ့ပြီး ဓာတ်မှန် လမ်းလျှောက် တတ်စအရွယ် ကလေးငယ်က ရေခဲ သေတ္တာတွင် ကပ်ထားသည့် သံလိုက် ၄၂ ကို မျိုချ ရှောက်ရည်သောက် ခြင်း၏အကျိုး ကျေးဇူးများ ရိုက် ကြည့်ရာ ကလေးငယ်ရဲ့ ဝမ်းဗိုက်အတွင်း သေး ငယ်တဲ့ သံလိုက်အဝိုင်း တုံးလေးတွေ အများ အပြား တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့်ကလေး ကိုနီးစပ် ရာဆေး ရုံသို့ခေါ်သွားပြီး ချက်ချင်းခွဲ စိတ်မှုခံယူ ခဲ့ရပါတယ်။ ခွဲစိတ်ကုသ ဆရာဝန်က ကလေးရဲ့အစာ ခြေစနစ် အတွင်း သံလိုက်တုံး ၄၂ ခုကို တွေ့ရှိခဲ့ကာ ဖယ် ထုတ်ပေး ခဲ့ရတယ်လို့ ဆိုပြီးသူ့အ နေနဲ့တစ်နှစ် အတွင်းမှာ ဒီလိုကလေး ငယ်တွေရဲ့ ဝမ်းဗိုက်တွင်းက သံလိုက်တုံး အပါအဝင် ပြင်ပပစ္စည်း အများအပြားကို ထုတ်ယူပေးခဲ့ ရတယ်လို့ ပြောပြပါတယ်။
လမ်း လျှောက် တတ်စအရွယ် ကလေးတွေဟာ ကမ္ဘာလော ကကို စူးစမ်းလိုစိတ် အလွန်များပြားတာကြောင့် တွေ့တွေ့သမျှ ပစ္စည်းတွေကို ပါးစပ်တွင်း ထည့်သွင်းတတ်တဲ့ အတွက်မိဘတွေ အနေနဲ့မျက်စိ အောက်ကအပျောက် မခံဘဲစောင့်ရှောက် သင့်ကြောင်း ဆရာဝန်တွေက အကြံပေးထားပါတယ်။  

ဒေါက်တာခင်မိုးမိုး

အေးချမ်းမွန်မှ ( GOOD HEALTH ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ရုရှားသူ မိခင်ဖြစ်သူက သူမရဲ့ ၁၆လ အရွယ်ကလေး ငယ်အနီးမှ ခွာပြီးမီးဖိုး ချောင်ထဲဝင် နေစဉ်မိနစ် ပိုင်း အတွင်း သူမရဲ့အိမ်ထဲက ရေခဲသေတ္တာမှာ ကပ်ထား တဲ့ သံလိုက်တွေ အားလုံးပျောက် ဆုံးသွားတာကို သတိထားမိ တဲ့အတွက် သူမရဲ့ကလေးကို ခေါ်ကာ နီးစပ်ရာ ဆေးခန်းသို့ သွားရောက်ပြ သခဲ့ပြီး ဓာတ်မှန် လမ်းလျှောက် တတ်စအရွယ် ကလေးငယ်က ရေခဲ သေတ္တာတွင် ကပ်ထားသည့် သံလိုက် ၄၂ ကို မျိုချ ရှောက်ရည်သောက် ခြင်း၏အကျိုး ကျေးဇူးများ ရိုက် ကြည့်ရာ ကလေးငယ်ရဲ့ ဝမ်းဗိုက်အတွင်း သေး ငယ်တဲ့ သံလိုက်အဝိုင်း တုံးလေးတွေ အများ အပြား တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့်ကလေး ကိုနီးစပ် ရာဆေး ရုံသို့ခေါ်သွားပြီး ချက်ချင်းခွဲ စိတ်မှုခံယူ ခဲ့ရပါတယ်။ ခွဲစိတ်ကုသ ဆရာဝန်က ကလေးရဲ့အစာ ခြေစနစ် အတွင်း သံလိုက်တုံး ၄၂ ခုကို တွေ့ရှိခဲ့ကာ ဖယ် ထုတ်ပေး ခဲ့ရတယ်လို့ ဆိုပြီးသူ့အ နေနဲ့တစ်နှစ် အတွင်းမှာ ဒီလိုကလေး ငယ်တွေရဲ့ ဝမ်းဗိုက်တွင်းက သံလိုက်တုံး အပါအဝင် ပြင်ပပစ္စည်း အများအပြားကို ထုတ်ယူပေးခဲ့ ရတယ်လို့ ပြောပြပါတယ်။

လမ်း လျှောက် တတ်စအရွယ် ကလေးတွေဟာ ကမ္ဘာလော ကကို စူးစမ်းလိုစိတ် အလွန်များပြားတာကြောင့် တွေ့တွေ့သမျှ ပစ္စည်းတွေကို ပါးစပ်တွင်း ထည့်သွင်းတတ်တဲ့ အတွက်မိဘတွေ အနေနဲ့မျက်စိ အောက်ကအပျောက် မခံဘဲစောင့်ရှောက် သင့်ကြောင်း ဆရာဝန်တွေက အကြံပေးထားပါတယ်။

ဒေါက်တာခင်မိုးမိုး
RND: 3.3.2013
( GOOD HEALTH )

သေပြီဟုရင်ခွဲရုံတွင်ထား၊ ပြန်ရှင်သွားသောကလေးငယ်


သေပြီဟုရင်ခွဲရုံတွင်ထား၊ ပြန်ရှင်သွားသောကလေးငယ်

အာဂျင်တီးနား၊ ဖေဖော်ဝါရီ ၂၈

မိမိတို့မွေးလိုက်သည့်ကလေးငယ်ကို သေပြီဟုပြောကြားပြီး ရင်ခွဲရုံသို့ပို့ထားရာမှ အသက်ရှင်လျက်အနေ အထားတွင် ပြန်တွေ့ရသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ အာဂျင်တီးနားနိုင်ငံမြောက်ပိုင်း ပါရန်ဒိုဆေးရုံကြီး တွင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် မွေးပြီးနောက် ကလေးအသေမွေးကြောင်း ဆရာဝန် ၅ ဦးက အတည်ပြု ပြောကြားခြင်းကို ခံခဲ့ရသည်။ ကလေးအလောင်းကို အခေါင်းထဲထည့်ကာ သံရိုက်ပြီး ၁၂ နာရီအကြာ ရေခဲတိုက်ထဲတွင် ထားခဲ့ပြီးနောက် မိဘများက သွားရောက်ကြည့်ရှုချိန် အခေါင်းကိုဖွင့်လိုက်သောအခါ အသက်ရှင်လျက်ရှိနေသည်ကို အံ့သြစွာ တွေ့ရှိခဲ့ကြရသည်။ ကလေးကို ဆေးရုံမှ ချက်ချင်း “မေသက်ပြင်း” ဟုအဓိပ္ပာယ်ရသည့် လုဇ်မီလာဂရို့စ်ဟု အမည်ပေးလိုက်ကြသည်။ ကလေး၏ဖခင်ဖြစ်သူ ဖာဘီယန် ဗာရွန်က သူတို့ကလေးကို ကိုယ်အပူချိန် အလွန်အမင်းကျဆင်းနေပြီး နှလုံးမခုန်တော့ကြောင်း ဆရာဝန်များကပြောသည် ဆိုကြောင်း၊ မိခင်ဖြစ်သူကလည်း သူမအနေဖြင့် ကလေး ၄ ယောက်မွေးခဲ့ရာတွင် ယခုကလေးကို နှုတ်ဆက်အနမ်းလေးပင် မပေးလိုက်ရသဖြင့် စိတ်မကောင်းဖြစ်မိကြောင်း၊ လွမ်းဆွတ်စိတ်ဖြင့် ကလေးအလောင်းကိုကြည့်ရန် အခေါင်းကို ဖွင့်ခိုင်းလိုက်မှ အသက်ရှင်နေလျက်တွေ့ရခြင်းဖြစ်ကြောင်း မီဒီယာ သို့ပြောကြားခဲ့သည်။ ကလေးအလောင်းကိုကြည့်ရန် ဖုံးထားသည့် အဝတ်ဖြူလေးကို လှပ်လိုက်ချိန်တွင် ကလေးသည် လန့်နိုးသလိုဖြစ်သွားပြီး  စူးစူးဝါးဝါးငိုလိုက်သည်ဟု မိခင်ဖြစ်သူက ပြောကြားသည်။ မေသက်ပြင်း လေးပြန်ရှင်သည့် အထိန်းအမှတ်ဖြင့် အားလုံးပျော်ရွှင်နေကြကြောင်း၊ ဆေးရုံမှ ထိုအကြောင်းနှင့် ပတ်သက်ပြီး မီဒီယာသို့ ဖြေရှင်းပြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။ 

Category: မောက္ခနိုင်ငံတကာသတင်း
Published on Friday, 01 March 2013 03:13
Written by ရွှေမောင်

အေးချမ်းမွန်မှ (  မောက္ခ ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

မိမိတို့မွေးလိုက်သည့်ကလေးငယ်ကို သေပြီဟုပြောကြားပြီး ရင်ခွဲရုံသို့ပို့ထားရာမှ အသက်ရှင်လျက်အနေ အထားတွင် ပြန်တွေ့ရသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ အာဂျင်တီးနားနိုင်ငံမြောက်ပိုင်း ပါရန်ဒိုဆေးရုံကြီး တွင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် မွေးပြီးနောက် ကလေးအသေမွေးကြောင်း ဆရာဝန် ၅ ဦးက အတည်ပြု ပြောကြားခြင်းကို ခံခဲ့ရသည်။ ကလေးအလောင်းကို အခေါင်းထဲထည့်ကာ သံရိုက်ပြီး ၁၂ နာရီအကြာ ရေခဲတိုက်ထဲတွင် ထားခဲ့ပြီးနောက် မိဘများက သွားရောက်ကြည့်ရှုချိန် အခေါင်းကိုဖွင့်လိုက်သောအခါ အသက်ရှင်လျက်ရှိနေသည်ကို အံ့သြစွာ တွေ့ရှိခဲ့ကြရသည်။ကလေးကို ဆေးရုံမှ ချက်ချင်း “မေသက်ပြင်း” ဟုအဓိပ္ပာယ်ရသည့် လုဇ်မီလာဂရို့စ်ဟု အမည်ပေးလိုက်ကြသည်။ 
 
ကလေး၏ဖခင်ဖြစ်သူ ဖာဘီယန် ဗာရွန်က သူတို့ကလေးကို ကိုယ်အပူချိန် အလွန်အမင်းကျဆင်းနေပြီး နှလုံးမခုန်တော့ကြောင်း ဆရာဝန်များကပြောသည် ဆိုကြောင်း၊ မိခင်ဖြစ်သူကလည်း သူမအနေဖြင့် ကလေး ၄ ယောက်မွေးခဲ့ရာတွင် ယခုကလေးကို နှုတ်ဆက်အနမ်းလေးပင် မပေးလိုက်ရသဖြင့် စိတ်မကောင်းဖြစ်မိကြောင်း၊ လွမ်းဆွတ်စိတ်ဖြင့် ကလေးအလောင်းကိုကြည့်ရန် အခေါင်းကို ဖွင့်ခိုင်းလိုက်မှ အသက်ရှင်နေလျက်တွေ့ရခြင်းဖြစ်ကြောင်း မီဒီယာ သို့ပြောကြားခဲ့သည်။ 
 
ကလေးအလောင်းကိုကြည့်ရန် ဖုံးထားသည့် အဝတ်ဖြူလေးကို လှပ်လိုက်ချိန်တွင် ကလေးသည် လန့်နိုးသလိုဖြစ်သွားပြီး စူးစူးဝါးဝါးငိုလိုက်သည်ဟု မိခင်ဖြစ်သူက ပြောကြားသည်။
 
 မေသက်ပြင်း လေးပြန်ရှင်သည့် အထိန်းအမှတ်ဖြင့် အားလုံးပျော်ရွှင်နေကြကြောင်း၊ ဆေးရုံမှ ထိုအကြောင်းနှင့် ပတ်သက်ပြီး မီဒီယာသို့ ဖြေရှင်းပြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

RND: 2.3.2013 
မောက္ခနိုင်ငံတကာသတင်း

မြဝတီလောင်းကစားပွဲကြီးများကို ပထမဆုံးအကြိမ် ဖမ်းပြီ


Sunday, March 3, 2013ဧရာဝတီဘလော့မှ

 လောင်းကစားလုပ်ငန်းရှင်တို့အတွက် နေ့တိုင်းနေ့တိုင်း ရက်ရာဇာ ဖြစ်လေ့ရှိသော်လည်း ယနေ့အတွက်မူ ပြဿဒါးနေ့ ဖြစ်ဟန်ရှိသည်၊ အထူးသဖြင့် ကရင်ပြည်နယ် မြ၀တီမြို့တွင် ဖြစ်သည်။

မြ၀တီခရိုင်အတွင်း အနှစ် ၂၀ နီးပါး သက်တမ်းရှိခဲ့သော ကြည့်ချင်ပွဲနှင့်တွဲဘက်ကျင်းပသည့် တရားမ၀င် လောင်းကစားပွဲ(အာဝါဒေး)များကို  ယနေ့မှစတင်ပြီး ဖမ်းဆီး အရေးယူနေသည်ကို တွေ့ရသည်။

(ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)

အဓိဌာန်အောင်ဘုရားဝင်းအတွင်း ဖမ်းဆီးထားသည့် လောင်းကစားခုံကြီး ၉၂ ခုကို  မီးရှို့ဖျက်ဆီးလိုက်သည်။

“ပိုင်ရှင်တွေကိုဖမ်းဆီးရမိတာမရှိပေမဲ့ နောက်ကိုဆိုရင်တော့ ဒိုင်ကော၊  ပစ္စည်း ကော၊  ထိုးသားတွေကိုပါ ဖမ်းဆီးအရေးယူမယ်” ဟု ခရိုင်ရဲတပ်ဖွဲ့မှ အရာရှိတဦးကပြောသည်။



လောင်းကစားပစ္စည်းများဖျက်ဆီးမှု အစီအစဉ်သို့  မြ၀တီခရိုင်ဥက္ကဌဦးသန်းဆွေ၊  ခရိုင်ရဲမှူးကြီးဦးအောင်မြင့် အပါအ၀င် အရာရှိ အများအပြား တက်ရောက်ခဲ့ကြသည်။

မြ၀တီမြို့ခံကျောင်းဆရာတဦးက “အရင်က ဘယ်လူကြီးပဲလာလာ ဘာအရေးယူမှုမှ မရှိဘူး။ အခုလာတဲ့ ခရိုင်ဥက္ကဌအသစ် ဦးသန်းဆွေကတော့ စပြီး ကိုင်တွယ်ပြီ။ ဘယ်အတိုင်းအတာအဖြစ် အလုပ်ဖြစ်မလဲ၊  တကယ်လား၊  အဟုတ်လား ဆိုတာတော့ စောင့်ကြည်ရအုံးမယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။

“ဒီပြဿနာက ကျောင်းသားလူငယ်တွေကို အများစု ပျက်စီးစေသလို (လောင်းကစားကြောင့်) ဒီနယ်မှာလည်း ရာဇ၀တ်မှုတွေက နေ့တိုင်းနီးပါးရှိတယ်” ဟု ကျောင်းဆရာက ဆက်ပြောသည်။

တန်ဆောင်မုန်းလမှ စတင်သည့် အာဝါဒေးပွဲများကို ခရိုင်အတွင်း နွေရာသီကာလများတွင် ကျင်းပခဲ့ကြခြင်းဖြစ်ကြောင်း၊    မြို့တွင်းမြို့ပြင်များတွင် နေရာ ၇ ခုခန့်ရှိကြောင်း၊  ကစားကွင်းတနေရာတွင် လောင်းကစားခုံ ၅၀ ခန့်နှင့်လောင်းကြေးငွေ ကျပ်သိန်းရာချီရှိကြောင်း လောင်းကစားဒိုင်တဦးကပြောသည်။



အာဝါဒေးပွဲကို တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA စတင် ပေါ်ပေါက်ပြီးနောက် ထိုအဖွဲ့ရံပုံငွေရရှိရေးအတွက် ယခင်စစ်အစိုးရက ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု မြ၀တီမှကျောင်းထိုင်ဘုန်းတော်ကြီးတပါးက မိန့်ကြားသည်။

 မြ၀တီ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ဘားအံ စသည့် ကရင်ပြည်နယ်ရှိ  မြို့များတွင်  အာဝါဒေးပွဲများ အစဉ်အလာတရပ်အနေနှင့် တည်ရှိလာသည်မှာ နှစ် ၂၀ ပြည့် တော့မည်ဟုလည်း ၎င်းဘုန်းတော်ကြီးက ဖြည့်စွက်မိန့်ကြားသည်။



ယနေ့ဖမ်းဆီးမှုကြောင့် မြ၀တီခရိုင်အတွင်းရှိ လောင်းကစားပွဲများ ရပ်နားထားရသည်ဟု သိရှိရသည်။

 မြ၀တီခရိုင်အခြေစိုက် နယ်ခြားစောင့်တပ်ရင်းတခုမှ တပ်မှူးတဦးက  ၎င်းတပ်ရင်းအတွက် လစဉ်ကုန်ကျသည့် ရိက္ခာဘိုး ကျပ်သိန်း ၃၀၀ ခန့်ကို အာဝါဒေးပွဲမှတဆင့် ရရှိခြင်းဖြစ်သည်ဟု ဆိုသည်။

ကရင်ပြည်နယ်အတွင်း ကျင်းပသည့် ဘာသာရေးပွဲတော်များတွင်လည်း တညလျှင် ကျပ် ၅ သိန်းနှင့် အထက်ငှားရသည့် ဇာတ်ပွဲများအတွက် အာဝါဒေးကို မလွဲမသွေ ထည့်သွင်းရသည်ဟု ပြီးခဲ့သည့် တပို့တွဲလ ဗုဒ္ဓပူဇနိယပွဲ ကျင်းပခဲ့သည် ကော့ကရိတ်မြို့နယ်မှ ဆရာတော်တပါးက မိန့်ကြားသည်။

ပြည်တော်မြင့် ~


<a href='http://ox.irrawaddy.org/openx/www/delivery/ck.php?n=a4f13bd8&cb=INSERT_RANDOM_NUMBER_HERE' target='_blank'><img alt='' border='0' src='http://ox.irrawaddy.org/openx/www/delivery/avw.php?zoneid=52&cb=INSERT_RANDOM_NUMBER_HERE&n=a4f13bd8'/></a>