This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, January 7, 2013

တရုတ်ရောဂါကြောင့် အိုဘားမား အာရှပစိဖိတ် စစ်ဗျူဟာချမှတ်

သူရိယ (WSJ) အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက ဒီသတင်းပတ်မှာ ပင်တဂွန်ကိုသွားပြီးတော့ အီရတ် အာဖဂန် စစ်ပွဲအလွန် အမေရိကန် ကာကွယ်ရေး ဗျူဟာကို ပြောကြားလိုက်ပါတယ်။
ဒါပေမယ့် အမေရိကန် စစ်တပ်ကျစ်လစ်အောင်ဆောင်ရွက်ဖို့ ပြောဆိုနေတဲ့ သမ္မတရဲ့ ပြောကြားချက်မှာတော့ ရာစုသစ်ရဲ့ စိတ်ခေါ်မှုအသစ်တွေ ဆယ်စုနှစ်အကြာ တိုက်ခိုက်မှုအပြီး ဦးစားပေးပြောင်းလဲမှုတွေနဲ့အတူ တရုတ်အကြောင်း အထူးပြု ပြောဆိုနေပါတယ်။
ငြိမ်းချမ်းရေးသမား တဦးအနေနဲ့ ပြန်လည် အရွေးခံရဖို့ ကြိုးစားနေတဲ့ အိုဘားမားက အမေရိကကို စိန်ခေါ်နိုင်တဲ့ တခုတည်းသော ကမ္ဘာစူပါ ပါဝါနဲ့ စစ်အေးတိုက်ပွဲမဖြစ်အောင် မန်းမှုတ်နိုင်ခြင်းတော့ မရှိပါဘူး။
ဒါပေမယ့် အိုဘားမားရဲ့အာရှခရီးစဉ်က အာရှပစိဖိတ်ဒေသတွင်းမှာ တရုတ်ရဲ့လွမ်းမိုးမှုကို တိုက်ဖျက်ဖို့ ဆုံးဖြတ်ထားပြီးဖြစ် နေပါ တယ်။ ဗျူဟာကလည်း အာရှ ပစိဖိတ်ဒေသကိုပဲ အာရုံစိုက်ထားပါတယ်။
ပူးပေါင်းဆောင်ရွက်ရေး စစ်ဗိုလ်ချုပ် မာတင်ရမ်ဆေးကလည်း အီရတ်ကနေထွက်လာတဲ့ စစ်သားတွေကို ဘီဂျင်းနဲ့ တိုက်ခိုက်ဖို့ စိတ်ဝင်စားပုံမပေါ်ပေမယ့် တရုတ်စစ်အသုံးစရိတ်ကြီးမားလာတာကိုတော့ သူလည်း သိနေပါတယ်။
စစ်ဗျူဟာ အထောက်အထားတွေက ဒီတိုးတက်မှုက ဒေသတွင်း ထိပ်တိုက်တွေ့ဆုံမှုများကို ရှောင်ရှားနိုင်ဖို့ ဗျူဟာကျ ရည်ရွယ်ချက် အတွက် ပိုမိုရှင်းလင်းဖို့လိုတယ်လို့ ဆိုပါတယ်။
တရုတ် ရေငုတ်သဘောင်္နဲ့ ဒုံးတွေက ၁၉၄၅ ကတည်းက အမေရိကန်လွမ်းမိုးလာတဲ့ ဒေသကို ဘယ်လို လုပ်ဆောင်ပေးနိုင် သလဲဆိုတာကို ဒမ်းဆေးက သိမြင်ပြီးသားဖြစ်ပါတယ်။
“ဗျူဟာက အနာဂတ်အပြောင်းအလဲကို ပြောနေတယ်၊ ပထ၀ီရေး၊ စီးပွားရေး၊ စစ်ရေးစတဲ့ အားလုံးသော တိမ်းညွတ်မှုတွေက ပစိဖိတ်ကို ဦးတည်နေတယ်” လို သူက ပြောပါတယ်။
“ကျနော်တို့ ဗျူဟာစိန်ခေါ်မှုကို ကျယ်ကျယ်ပြန်ပြန်ရှေ့ဆက်ဆောင်ရွက်သွားမယ်၊ ဒါဟာလည်း အိန္ဒိယ သမုဒ္ဒရာနဲ့လည်း ပတ်သက်နေပါတယ်”
တရုတ်နဲ့ ပတ်သက်တဲ့အသေးစိတ်ပြောဆိုချက် တခုမှ မရှိပေမယ့် ဘယ်သူကို ပြောနေသလဲဆိုတာကတာ ရိပ်မိပါလိမ့်မယ်။
“ဒီဒေသက အမေရိကန်ရဲ့ စီးပွားရေး လုံခြုံရေး အရေးပါမှုကို ကြီးထွားလာနေတယ်၊ ဆိုလိုတာက ကျနော်တို့ရဲ့ စစ်တပ်ပိုင်း ဆိုင်ရာ နည်းပညာတွေကို တိုးတက်အောင် ထိန်းသိမ်းဆောင်ရွက်ဖို့နဲ့ လွတ်လွတ်လပ်လပ်ဆောင်ရွက်ဖို့ပဲဖြစတယ်” လို့ သူက ဆိုပါတယ်။
တရုတ်က တိုက်ရိုက် တုံ့ပြန်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ဂလိုဘယ်လ်တိုင်မ်းကတော့ တရုတ်က အမေရိကန်နဲ့ ခြေရာတိုင်းဖို့ အဆင့်သင်ဖြစ်နေပြီလို့ ရှင်းရှင်းလင်းလင်းဆိုပါတယ်။

“ကျနော်တို့ အမေရိကန်နဲ့ စစ်အေးတိုက်ပွဲကို တားချင်ပါတယ်၊ ဒါပေမယ့် တချိန်တည်းမှာပဲ အိမ်နီးချင်းမှာရှိတဲ့ တရုတ်ရဲ့ လုံခြုံရေးကိုလည်း စွန့်လွတ်ရမယ်အနေအထားကို ရှောင်ကြဉ်ရမယ်” ဟုလည်း အယ်ဒီတာအာဘော်မှာ ရေးသားထားပါတယ်။
အမေရိကန်ရဲ့စေစပ်မှုက တည်ငြိမ်မှုကို ဖြစ်စေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးကို အန္တရယ်ရှိတယ်လို့လည်း တရုတ် ဆင်ဟွာ သတင်းဌာနက သတိပေးလိုက်ပါတယ်။
၂၁ ရာစုမှာ တရုတ်နဲ့ အမေရိကန် ပြိုင်ဆိုင်မှုကတော့ တော်တော်ကို ရှင်းရှင်းလင်းလင်းဖြစ်လာပါပြီ။
ထိုင်ဝမ်အရေးကိစ္စကလည်း တရုတ်နဲ့ အမေရိကန်ကြားက တင်းမားမှုတခုဖြစ်နေပါတယ်။ ဘီဂျင်းက ထိုင်ဝမ်ကို ခွဲထွက်သူအဖြစ်မှတ်ယူထားပါတယ်။
အပြန်အလှန်ဆက်ဆံရေးတွေ တိုးတက်ခဲ့တယ်ဆိုပေမယ့်လည်း ထိုင်ဝမ်ရေလက်ကြားတလျောက်က ဒုံးပျံတွေကတော့ ခြိမ်းခြောက်မှုတွေဖြစ်နေပါတယ်။
ထိုင်ဝမ်ရဲ့ လုံခြုံရေးကို အာမခံချက်ပေးထားတဲ့ အမေရိကန်အတွက် အဲဒီဒေသဟာ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ အနေအထားဖြစ်ပါတယ်။
တရုတ်ကလည်း သံယံဇာတပေါကြွယ်တဲ့ အရှေ့နဲ့တောင်တရုတ်ပင်လယ်မှာလည်း အမေရိကန်နဲ့ ဆက်ဆံရေး တိုးမြင့်ထားတဲ့ ဗီယက်နမ်နဲ့ပိုင်နက် အငြင်းပွားမှုတွေဖြစ်ပွားနေပါတယ်
တရုတ်ရဲ့ကြီးထွားလာမှုကိုလည်း ဂျပန်၊ တောင်ကိုးရီးယား၊ စကာင်္ပူ၊ မလေးရှား၊ သြစတြေးလျမှာလည်း စိုးရိမ်မှုလက္ခဏာတွေ မြင်နေရပါတယ်။
အာရှခရီးစဉ်အတွင်းမှာ အိုဘားမားက ဒါဝင်နဲ့ ဖိလစ်ပိုင်မှာ စစ်အခြေစိုက်စခန်းဆောက်ဖို့ အရိပ်အမြွက်ဆိုခဲ့သလို တိုကျိုနဲ့လည်း ဒုံးကာကွယ်ရေးတည်ဆောက်ဖို့ ပြောဆိုခဲ့ပါတယ်။
ကမ္ဘာတလွှားမှာ စစ်ရေး အသုံးစရိတ် ဖြတ်တောက်တာတွေရှိနေပေမယ့် တောင်ကိုးရီးယားနဲ့ ဂျပန်က တပ်တွေကို ထိန်းသိမ်းထားရမှာဖြစ်ပါတယ်။ နိုင်ငံတကာ ရေပိုင်နက် လုံခြုံရေးက အဓိက ဦးစားပေးဖြစ်နေပါတယ်။
အမေရိကန် တရုတ် အပြန်အလှန် လုပ်ဆောင်နေကြတဲ့ တခြားမျက်နှာစာတွေလည်း အများကြီးရှိနေပါတယ်။
တရုတ်ကလည်း  ပါကစ္စတန်၊ သိရီလကာင်္၊ တန်ဇနီးယားတို့နဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှု အကူအညီတွေနဲ့ သူရဲ့တည်ရှိမှုကို အိန္ဒိယသမုဒ္ဒရာမှာချဲထွင်နေပါတယ်
မြန်မာနိုင်ငံကိုလည်း တရုတ်ရဲ့ ကိုယ်ပိုင်ကစားကွက်ထဲကနေ အမေရိကန်က ရယူခဲ့ပြီးတော့ သံတမန်ဆက်ဆံမှုတွေ ချဲထွင်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဖို့ ဆန္ဒကတော့ စစ်မှန်ပေမယ့် အကျိုးစီးပွားကိုလည်း ထည့်တွက်နေပါတယ်။ တစုံတယောက်ကလည်း ၀ီလီယံဟိတ်ကို ပြောပြသင့်ပါတယ်။
တခြားဆောင်ရွက်တာတွေဖြစ်တဲ့ ကုန်ကြမ်းရရှိရေး၊ စီးပွားရေး အရင်းအမြစ်၊ နိုင်ငံရေးလွမ်းမိုးမှု၊ စစ်တပ်အခြေစိုက် တို့အတွက်လည်း အာဖရိကမှာ လုပ်ဆောင်နေပါတယ်။

တရုတ်ကတော့ စီးပွားရေး အကျိးအမြတ်တွေတောင်အာဖရိကကနေ ရရှိနေသလို လူအခွင့်အရေး လွမ်းမိုးမှုတွေအတွက်တော့ ပူပန်စရာတွေ ဖြစ်နေပါတယ်။
အမေရိကန်ရဲ့အပြုအမှုကလည်း အတုယူစရာ ဖြစ်မနေပါဘူး။ ဒီမိုကရေစီလို့ အများကြီးပြောဆိုနေပေမယ့်လည်း အကြမ်း ဖက်မှုနဲ့ လုံခြုံရေးကိုတော့ အမေရိကန်က စိုးရိမ်ပူပန်နေပါတယ်။  မကြာခင်ကလည်း ပင်တဂွန်မှာ အာဖရိကနဲ့ သက်ဆိုင်တဲ့ အဖွဲ့တခု ဖွဲ့စည်းခဲ့ပါသေးတယ်။
တရုတ်ကလည်း သံတမန်ရေးလွမ်းမိုးမှုတွေနဲ့ နိုင်ငံရေး စိန်ခေါ်မှုတွေက မြောက်ကိုးရီးယား၊ ဆီးရီးယား၊ အီရန်နဲ့ ဆူဒန်တို့မှာလည်း ရှိနေပါတယ်။
တရုတ်ကတော့ ကောင်းမွန်တဲ့ နိုင်ငံသားတယောက်ဖြစ်ရေးဆိုတဲ့ တာဝန်ကို လစ်လျူရှုထားလိုက်ပါတယ်။ စီးပွားရေးနဲ့ ငွေကြေးခိုင်မာရေးကို အာရုံစိုက်နေပြီး ဥရောပဇုန် အခက်အခဲကိုတော့ ကူညီဖြေရှင်းဖို့ ပျက်ကွက်နေတယ်လို့လည်း ဝေဖန်သူတွေက ဆိုပါတယ်။
၂၁ ရာစုမှာတော့ တရုတ် အမေရိကန် စစ်အေးတိုက်ပွဲကတော့ မဖိတ်ခေါ်ပဲ ရောက်ရှိလာပါပြီ။ ဆက်ဆံရေးကတော့ ကောင်းတဲ့ ခေါင်းဆောင်မှု၊ ကံကြမ္မာစတဲ့ ၂ ဖက်စလုံးကို အကျိုးရှိစေမှာဖြစ်ပါတယ်။
ဒါပေမယ့် အခြေခံအားဖြင့် ဒီမိုကရေစီ၊ တန်ဖိုး၊ ဘာသာရေး ယုံကြည်မှုနဲ့ စီးပွားရေးပြိုင်ဘက် စတဲ့ ကွဲပြားတဲ့အယူ အဆတွေက အတူတကွလုပ်ဆောင်ဖို့ ရှုပ်ထွေးစေမှာဖြစ်ပါတယ်။
တရုတ်က သူရဲ့စွမ်းအားကြောင့် ၁၉ ရာစု ဗြိတိန်နဲ့ ၂၀ ရာစု အမေရိကလို ယုံကြည်မှုနဲ့ မထိတရီကတော့ အပြည်ရှိနေပါတယ်။
အိုဘားမား ကာကွယ်ရေး ဗျူဟာက အကောင်းဆုံးကို မျှော်လင့်ထားသကဲ့သို့ အဆိုးကိုလည်း ပြင်ဆင်ထားပြီးဖြစ်သည်။ 

Source; WSJ

--

ပြည်သူ၊ အစိုးရ၊ တပ်မတော် နှင့် ယနေ့ KIA

Sat Paing shared ဝေဟင်ချစ်သူ's photo.
ပြည်သူ၊ အစိုးရ၊ တပ်မတော် နှင့် ယနေ့ KIA

www.facebook.com/theuseofforce

ကျွန်တော့်ရဲ့ လက်ရှိဖြစ်နေဆဲဖြစ်တဲ့ KIA ရဲ့ ဗျူဟာတွေကို တင်ပြချင်ပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် စစ်ရေးအတွေးအခေါ်ဖြစ်လို့ ကျွန်တော့်ထက်ပိုမိုထက်မြက်တဲ့ စစ်ရေးအမြင်ရှိတဲ့သူများ ၀ိုင်းဝန်းဆွေးနွေးနိုင်ပါတယ်။ လူဆိုတာကလည်း ပုတုဇဉ်ဖြစ်တဲ့အတွက် အစိုးရနဲ့ တပ်မတော်ကို အကြောင်းမဲ့ ကိုယ်လည်းအကျိုးမရှိ သူတပါးလည်းအကျိုးမရှိစေသော စကားများဖြင့် comment ပေးသူများအား ခွင့်မပြုကြောင်းကြိုတင်အသိပေး ပြောကြားပါရစေ။

လက်ရှိ KIA ဟာ စစ်လက်နက် ပိုင်ဆိုင်မှုမှာရော စစ်ပညာ၊ စစ်သည်အရေအတွက်ပါမကျန် တစ်ခုမှ တပ်မတော်ကို မယှဉ်နိုင်ပါ။ ပထမဦးစွာ စစ်သည် အရည်အချင်းကို သုံးသပ်ပါ့မယ်။ တပ်မတော်မှ အရာရှိစစ်သည်များသည် မိမိတို့ တာဝန်ထမ်းဆောင်ရသော ရာထူးနှင့်အညီ သင်တန်းပေါင်းများစွာကို အဆင့်ဆင့်သင်ကြားတတ်မြောက်အောင်မြင်ပြီးမှ အဆင့်တိုးမြှင့်ခံထားရသူများဖြစ်ပါတယ်။ တပ်မတော်အရာရှိမှာဆို တိုက်စည်းသင်တန်း၊ ခွဲမှူး/ရင်းမှူးသင်တန်းတွေ၊ ဥစတ တက္ကသိုလ်တွေ၊ NDC စတဲ့အဆင်မြင့်သင်တန်းကြီးများအပြင် သင်တန်းငယ်ပေါင်းများစွာကိုလည်း မိမိထမ်းဆောင်ရာ အဆင့်အလိုက် မဖြစ်မနေ တက်ရောက်ကြရပါတယ်။ KIA အနေနဲ့ကျတော့ သူတို့က နိုင်ငံတော် အစိုးရတက္ကသိုလ်က ဘွဲ့ရပြီးသူတွေ KIA ထဲဝင်အောင်စည်းရုံးပြီး ဘွဲ့ရတာနဲ့ အရာရှိတန်းပေးပါတယ်။ နောက် သူတို့ကိုယ်ပိုင် ဗိုလ်သင်တန်းတွေဖွင့်ပြီး KIA အရာရှိတွေဖြစ်အောင် သင်ကြားပေးကြပါတယ်။ သူတို့ ဗိုလ်ကြီး တစ်ဦးနဲ့ တပ်မတော်က ဗိုလ်ကြီးတစ်ဦး ရာထူးတူရင်တောင် တတ်ကျွမ်းနားလည်တဲ့ ပညာပိုင်းဆိုင်ရာမှာ မတူနိုင်ပါ။ 

လက်နက်ပိုင်းဆိုင်ရာမှာလည်း သူတို့က တရုတ်လက်နက်တွေကိုအများဆုံးအသုံးပြုပါတယ်။ ဒီအချက်က တရုတ်နိုင်ငံဟာ သူတို့စီးပွားရေးနဲ့ နိုင်ငံခြားရေးတည်ငြိမ်အောင် သူတပါးနိုင်ငံရဲ့ ပုန်ကန်သူကို လက်သပ်မွေးထားတာကိုလည်း တွေ့နိုင်ပါတယ်။ လက်နက်ထောက်ပံ့မယ် မှောင်ခိုလမ်းကြောင်းဖောက်ခိုင်းမယ်၊ နယ်စပ်ကို မတည်ငြိမ်အောင်လုပ်စေပြီး သူတို့ အကျိုးစီးပွားကို ထိန်းမယ်။ KIA ပိုင်တဲ့ ကျောက်စခန်းတွေ သစ်လုပ်ငန်းတွေကို တရုတ်ပြည်ထဲမှာလာပြီး လုပ်ခိုင်းမယ် မြန်မာပြည်က သယံဇာတတွေကို အချောင်ရမယ် အခွန်မလိုဘူး KIA နဲ့ အဆင်ပြေရင်ရတယ်။ နောက် ပြည်တွင်းမှာက ပြည်သူတွေက တရုတ်ကုမ္ပဏီဆို ဆန္ဒပြကြ နောက် အစိုးရကလည်း အနောက်နဲ့ အတော်ကို အဆင်ပြေလာဆိုတော့ အရေးကြုံရင် မြန်မာပြည်ကို သူတို့ရဲ့ နိုင်ငံရေးဗျူဟာ စစ်ရေးဗျူဟာထဲ ဆွဲလို့ရအောင် KIA ကို သေချာလက်သပ်မွေးထား လက်နက်ထောက်ပံ့ပေးထားတာပဲ။ ဒါပေမယ့် သူတို့လက်နက်က တပ်မတော်ရဲ့ စစ်လက်နက်ပိုင်ဆိုင်မှုအင်အားကိုတော့ မယှဉ်နိုင်တာအမှန်ပဲ။

နောက် KIA အနေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးလိုက်ရင် ခုလို လုပ်ချင်တိုင်းလုပ်မရတော့ဘူး တရားဝင်စီးပွားရေး ယှဉ်ပြိုင်ရတော့မယ် အခွန်အခဆောင်ရတော့မယ် ဒီတော့ ဆက်လက် လက်နက်ကိုင်ပြီး မဖြစ်လာနိုင်တဲ့ လမ်းစဉ်ကို တောင်းဆိုတာက သူတို့အတွက် ပိုအဆင်ပြေမယ်။ တိုက်ပွဲမှာသေတာက ကချင်နဲ့ ရှမ်းအပါဝင် အခြားတိုင်းရင်းသား လူငယ်တွေလေ သူတို့ဆွေမျိုးတွေမဟုတ်။ လိုအပ်ရင် အလွယ်ရွာတွေမှာစုဆောင်း မူးယစ်ဆေးတိုက်ပြီး သေနပ်ပစ်ခိုင်းတာလောက်က KIA အတွက် လွယ်လွယ်လေးပါ။ 

အဲဒီတော့ စစ်ဗျူဟာအရာ အင်အား လက်နက် အရည်အချင်း အကွာခြားကြီးကွာတဲ့ တပ်မတော်နဲ့ ဘယ်တော့မှ ထိပ်တိုက်တွေ့လို့မရဘူး။ ဆိုတော့က ဘယ်လိုနည်းနဲ့ တပ်မတော်ကို စစ်ဆင်မလဲစဉ်းစားမယ်။ ပထမဦးဆုံး အရင် တပ်မတော်အစိုးရလက်ထက်တုန်းက နိုင်ငံတကာနဲ့ အမြင်မကြည်ဖြစ်တဲ့ ဖြစ်စဉ်တွေ အများအပြားဖြစ်ဖူးတယ်။ ဒါကိုလူတိုင်းသိတယ်။ နိုင်ငံတကာကသိတာ မြန်မာပြည်ဆိုတာ တကယ့်တော စစ်တပ်က အားလုံးကို မလိုရင် အနိုင်ကျင့်သတ်ဖြတ်တယ်။ မြို့ပေါ်မှာ လူစုတာနဲ့ ဖမ်းမယ်။ နောက် မြန်မာပြည်က အရမ်းကို ဆင်းရဲတယ် ဒီလောက်ပဲသိတယ်။ ဒီမှာတင် ဗျူဟာခင်းရတာ လွယ်သွားပြီ။

စစ်မျက်နှာနှစ်ဖက်ဖွင့်မယ် ဘယ်လိုလဲဆိုတော့ မြေပေါ်မြေအောက်ပူးတွဲစစ်ဆင်မယ်၊ နောက် ပြသနာက KIA အနေနဲ့ ရှုံးမယ်ဆိုတောင် ဆက်ပြီး မငြိမ်သက်အောင် လူမျိုးရေးဝါဒဖြန့်မယ်။ ရပြီ ဒီလောက်ဆို။ အဲတော့ သူတို့က ဘာလုပ်လဲဆိုတော့ စ စ ခြင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပျက်အောင်လုပ်တယ်၊ သူတို့ စစ်ဦးစီးချုပ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မလာဘူး။ စစ်ဆိုတာက စစ်သားချင်း မြေပုံကြည့်ဆွေးနွေး တပ်နေရာတွေကို အတည်အထိုင်ချ နယ်မြေတွေသတ်မှတ်ရမှာ သူတို့ စစ်ဦးစီးချုပ်မလာတော့ ဘာမှ ဆက်လုပ်လို့မရဘူး။ နောက်တစ်ခုက မြန်မာပြည်တွင်းက မီဒီယာတွေကို လက်သပ်မွေးတယ်။ မီဒီယာတွေကလည်း စစ်သားဆို ကြည့်မရတော့ သူပုန်လည်း ဒီခေတ်ကျမှ အလိုလိုတိုင်းရင်းသားလက်နက်ကိုင်ဆိုတာ ဖြစ်သွားတော့ အကဲဆန်းချင်တယ်၊ ဟိုကလည်း သူတို့ အလိုလိုက်ရေးမှန်းသိတော့ ဖိတ်တယ် ဧည့်ခံကျွေးမွေးတယ် လက်နက်ကြီးရှိတဲ့နေရာတွေကို လိုက်ပြတယ်။ တပ်မတော်က မီဒီယာနဲ့ ပတ်သက်ပြီး သူပုန်လို လုပ်လို့မရဘူး၊ မီဒီယာတွေရဲ့ အသက်အန္တရယ်ကိုစိုးရိမ်တာလည်းပါဝင်ပါတယ်။ KIA မှာ သတင်းသွားယူလို့ တပ်မတော်က ပစ်တဲ့ ကျည်ဆံထိပြီး ကိစ္စချောရင် တပ်မတော်မကောင်းကြောင်းရေးဖို့ ပိုကောင်းတယ် အဲ တပ်မတော်ရဲ့ စခန်းတွေမှာ သတင်းသွားယူလို့ KIA ပစ်တဲ့ကျည်ဆံနဲ့ ကိစ္စချောလို့ကတော့လား တပ်မတော်ကို တာဝန်အရှိဆုံးဆိုပြီး စွပ်ဆွဲမှာတော့ ကျိန်းသေပဲ။ နောက်သတင်းက ဘယ်ပျောက်လို့ပျောက်မှန်းမသိ ဖြစ်ဦးမှာ။ 

မီဒီယာကလည်း သူတို့သတင်းတိုက် အပိတ်ခံရ အပစ်ခံရတာမှမဟုတ်တာ သူတို့သေတာလည်းမဟုတ် ပြီးတော့ စစ်တပ်မကောင်းကြောင်းဖောင်ဖွဲ့ရေးလို့ရတယ် ဂျာနယ်ကလည်း စောင်ရေတိုးဦးမယ် ပြီး ခရီးလေးဘာလေး အလကားထွက် KIA က စပွန်စာလုပ် အို… ကောင်းရောပဲ။ ပြီးတော့ ပရိတ်သတ်ပေးတဲ့ နံပါတ် ၁ တို့ စတုတ္ထမဏ္ဍိုင်ကြီးတို့ ကိုယ့်ဘာသာကိုယ် ချီးမြင့်ထားတာလဲစုံလို့ပဲ။ 

ကဲ ဒီလောက်တင် KIA ဖက်က သာသာလေး ဘယ်သူမှ မသိ အောင် ထိုးစစ်ဆင်မှန်းမသိဆင်နေတာ။ မြန်မာနိုင်ငံမှာ ပြည်သူတွေက စစ်ဆိုမုန်းလို့ စစ်သားဆိုမုန်းလို့ ဆိုပြီး ဘယ်တော့မှ စစ်ရေးကို နားလည်အောင်မလုပ်ဘူး အဲလို နားမလည်လို့ပဲ  တကယ်ပြသနာဖြစ်ရော ဘာလုပ်ရမှန်းကို မသိတော့တာ သူများ နည်းနည်းပြော ဖွတဲ့ ဗျူဟာအောက် အသာလေးဝင်တယ်။ 

ခုဟာက facebook ခေတ် ကြည့် Jade Land တို့ Lachid Kachin တို့ဆိုတာက အမေရိကန်မှာနေတဲ့ KIA ရဲ့ ၀ါဒဖြန့်ချီရေးသမားတွေ သူတို့အတွက်က အင်တာနက်ကလည်းမြန် လွတ်လပ်မှုကလည်း အပြည့်ဆိုတော့ လုပ်ချင်တာသာ လုပ်ပေတော့ပဲ KIA က တရုတ်က အင်တာနက်ကိုသုံး ပုံတွေပေး သူတို့က သတင်းဌာနတွေကိုဖြန့် အင်တာနက်ကနေ လူမျိုးရေးဝါဒဖြန့် လူမျိုးရေး မုန်တီးအောင်လုပ် သူပုန် အစိုးရစစ်ပွဲကနေ ဗမာနဲ့ ကချင်ပွဲ သဏ္ဍာန်ဖန်တီး။ facebook မှာက ဘာမှ မရင်းရဘူးလေ ကီးဘုတ်လေးရိုက်ရုံနဲ့ စစ်တပ်ကို ဆဲရုံနဲ့တင် အေးဆေးဝါဒဖြန့်လို့ရတာ။ ဒါကို ဖြုတ်ဦးနှောက်သမားတွေကလည်း သံယောင်လိုက် အဲလိုလူတွေကိုသေချာကြည့် ဘာကိုမှ professional ဆန်ဆန် အဖြစ်မရှိတာကိုတွေ့ရမယ်။ နောက် facebook မှာ အစိုးရနဲ့ တပ်မတော်ကို မကောင်းပြောတိုင်း ဘာမှဦးနှောက်မရှိ တကယ်လားမှန်လား မစဉ်းစား လက်ခုပ်တီးသူက ခပ်များများရယ်။ မယုံမရှိနဲ့ အမှန်တခုကို ထောက်ပြတာနဲ့ ကက်ကက်လန်အောင်ရန်တွေ့တာ။ သူတို့က သူတို့ပဲဆဲမယ် ဝေဖန်မယ် သူတို့ပြောတာအကုန်မှန် သူတို့ကို ဝေဖန်ရင်လက်မခံ။ ဒါလား ဒီမိုကရေစီ။ အချက်ကျကျ ပြန်ပြောတဲ့သူတွေ့ရင် ခွေးသား ဘာညာ ဆဲမယ်။ ဒါလေးပဲရင်းလိုက်ရတာလေ။ ပြီးတော့ နိုင်ငံခြားမှာ ဆန္ဒပြစားတဲ့ကောင်တွေလဲပျော်လို့ သူတို့က အလုပ်အကိုင်မရှိ ဒုက္ခသည် နာမည်နဲ့လာတာလေ UN ရဲ့ ထောက်ပံ့မှုနဲ့နေတာဆိုတော့ ဆန္ဒပြတာကို ဓါတ်ပုံရိုက် ပြီးတော့ ပိုက်ဆံတောင်း ခုထိ မငြိမ်းချမ်းလို့ မပြန်တာပါပေါ့။ ဘာညာပေါ့။ KIA က တော့ ပျော်လို့ပေါ့။ 

ပြီးတော့ ထစ်ခနဲဆို ဆန္ဒပြတဲ့အကျင့် ကြည့် ခု FDI လည်း မြန်မာပြည်ကို ကြောက်နေပြီ။ တခြားမကြည့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုကြည့် သူ လက်ပံတောင်းကိစ္စမှာ မိန့်ခွန်းပြောဖို့လုပ်တယ် အောက်မှာက အဖွဲ့အများကြီး သူ့စကားနားမထောင်ဘူး တစ်ယောက် တစ်ပေါက်နဲ့ လုပ်တယ်။ ကိုယ်ပိုင်စဉ်းစားဥာဏ် တာဝန်ယူနိုင်စွမ်းထက် နားယောင်မှုကပိုတယ် နောက် သိပ်ပြီး သာယာတာကိုကြိုက်တယ် နားသာယာချင်တယ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရမကောင်းကြောင်း ပြောတာပဲကြားချင်တယ်။ ဟိုက အမှန်ကို သုံးသပ်ရင်တောင်မကြိုက်ချင်ဘူး။ ရန်ကုန်မှာ ဘာကြောင့်ဆန္ဒပြပြ ပြတဲ့သူက ဒီအဖွဲ့ပဲရှိတယ် သတိထားမိလားမသိဘူး မှတ်တမ်းဓါတ်ပုံတွေအရ အဲဒီအုပ်စုပဲ ဘာကြောင့်ပဲဖြစ်ဖြစ်နော်။ ဒီလူတွေက အလုပ်မရှိတော့ အလွယ်တကူ နေ့တွက်ကိုက်တဲ့ ဆန္ဒပြစားတဲ့လုပ်ငန်းလုပ်နေတာလား မသိဘူး။ ကြည့်ရတာ ကိုယ်က သူတို့ရတဲ့နေ့တွက်ထက်ပိုပေးရင် ကိုယ်ပြစေချင်တဲ့သူကို နေပူမိုးရွာမရှောင်ပြပေးတဲ့ ၀န်ဆောင်မှုပေးနေပုံပဲ။ ကိုမြအေးဆိုတဲ့ ပုဂ္ဂိုလ်ကော ဒီလူက ရခိုင်အရေးမှာ စစချင်း ဘင်္ဂလီဘက်က နာတဲ့သူ သူ့သမီးက ခုထိ ရိုဟင်ဂျာကောင်းစားရေး ပြည်ပမှာအော်နေတုန်း နောက် သူ့ကို ရခိုင်အရေးမှာ မထောက်ခံမှန်းသိရော ဟိုလိုလို ဒီလိုလို ဘက်ပြောင်းသလိုလိုနဲ့ အရူးသိုင်းကနေတယ်။ အခွင့်သာကြည့် ဘင်္ဂလီ ကောင်းစားရေးပြန်လုပ်မယ့်ကောင် လောလောဆယ် လက်ပံတောင်းက ဒေါ်အောင်ဆန်းစုကြည်ကိုင်နေတော့ သူက ၀င်ရှုပ်လို့မလွယ်ဘူး အဲတော့ လွယ်တာ KIA ဒိုးပြီလေ ငြိမ်းချမ်းရေးလား မလားလားတော့ မသိဘူး မှိုရတဲ့မျက်နှာနဲ့ KIA ကို နှုတ်ဆက်နေတာ အဲဒီထဲကမှ သူဘယ်ဖက်ကို ယိမ်းလည်းဆိုတာ အသိသာချည်းလေ။ အစိုးရကို ရခိုင်အရေးမှာ အဆင်မပြေတော့ KIA နဲ့ လှည့်တိုက် ပြီးတော့ ရခိုင်မှာ ဘင်္ဂလီကိုမြှောက်ပေးမယ့်ကောင်လေ။ ဒီလူတွေ အုပ်စုကကောင်တွေကို နိုင်ငံခြားက သူတို့ဘာသာပြန့်ဖို့ရတဲ့ ပိုက်ဆံတွေနဲ့ ထောက်ပံ့ မြန်မာမိန်းကလေးတွေဖျက်စီး မြန်မာမတွေကလည်း ပိုက်ဆံသာပေး ခုချိန်မှာ ကုလားလဲမသိ ဘုရားလဲမသိ။ လုပ်ချင်တာကို လုပ်နေတာ။ သိက္ခာဆိုကာက စာအုပ်မှာပဲကျန်တော့တယ်။ 

အဲဒီမှာတင် KIA က တရားဝင် ထိုးစစ် ကောင်းကောင်းကြီးဆင်နေပြီ။ နောက် စစ်ရေးအနေနဲ့ လက်နက် လူ မယှဉ်နိုင်တော့ KIA က ရွာသားအ၀တ်ဝတ် ရိက္ခာပို့တဲ့တပ်တွေကို ပျောက်ကြားတိုက် တိုက်တာမှ လူ ၅၀ ကို လူ ၄၀၀ လောက်နဲ့ တိုက်တဲ့အဆင့်ဖြစ်ရော သူတို့ပြောတဲ့ ဖြေရှင်းချက်က အရှင်းလေးရယ် ရိက္ခာနဲ့ အတူ လက်နက်ပါလို့တဲ့ ဘယ်သူက ရှေ့တန်းမှာ ရိက္ခာပို့တာ လက်နက်မယူပဲ ပန်းတွေ အစီးလိုက်ယူမလဲ မိမိကိုယ်ကို ကာကွယ်ဖို့ လက်နက်ယူရတာပေါ့ အဲဒါကို မစဉ်းစားပဲ အစိုးရက ထိုးစစ်ဆင်ဖို့ပါလို့ ပြောတိုင်း ယုံတဲ့ ကြပ်မပြည့်ဦးနှောက်ပိုင်ရှင်များလည်း ထုနဲ့ဒေးပဲ။ ပစ်ပြေးတော့ အကျအဆုံးများတယ်။ ကိုယ်က လိုက်ရှင်းရင် သူတို့က အရပ်ဝတ်နဲ့ လက်နက်မှန်လို့သေတာနဲ့ ဓါတ်ပုံရိုက်တဲ့အကျင့်ကတော့ ၀ါဒဖြန့်တာမှာ ဆရာတဆူလားပဲ အရပ်သားကို သတ်ပါတယ်ပေါ့။ တကယ်ရှေ့တန်းကို မလိုက်ဖူးသူတွေကတော့မသိ ဟုတ်ပ ငါတို့တပ်မတော်က အရပ်သားကို သတ်တယ်ပေါ့။ ကလေးစစ်သားကော တပ်မတော်က တရားဝင်အဖွဲ့ဆိုတော့ UN တို့ဘာတို့ တိုင်လို့ရတယ် တပ်ကလည်းခု ကလေးစစ်သားမရှိအောင် စီမံကိန်းတွေနဲ့ဆောင်ရွက်နေတယ်လေ သူပုန်မှာတော့ အိုး အများကြီး မြင်တောင်မကောင်းဘူး နောက် မိန်းကလေးတွေပါ ဆွဲထည့် ပြီးတော့ မြို့ကိုလွှတ် သူတို့ကို ထောက်လှမ်းရေးသတင်းတွေပေးခိုင်း။ သိပ်ရူပါ မရှိတဲ့မိန်းကလေးတွေကို ရှေ့တန်းမှာနေခိုင်း လက်နက်မှန်သေရင် အစိုးရက မိန်မနဲ့ ကလေးပါသတ်တယ်ပေါ့။ အဲတော့ အစိုးရမှာက နိုင်ငံတကာဖိအားကို ရင်ဆိုင်ရတယ်။ နောက် ထိုးစစ်မလုပ်ပါနဲ့ လက်နက်ကြီးမသုံးပါနဲ့ အမိန့်ထုတ်ရတယ်။ KIA က စိတ်ကြိုက် ခြုံခိုတိုက်လို့ရပြီဗျား။ နောက် ပြသနာကြီးလာလို့ ရုတ်တရက် အစိုးရ ထိုးစစ်ဆင်လာခဲ့ရင် ဆိုပြီး တံတားတွေဖျက်စီး ရထားလမ်းတွေ မိုင်းထောင် ရဲစခန်းနဲ့ မြို့တွေဝင်ပစ် ရမ်းချင်တိုင်းကိုရမ်းနိုင်နေတယ်။ နောက် တပ်မတော်သားတွေကို သတ်ထားတဲ့ပုံတွေကိ အင်တာနက်ပေါ်တင်ပြီး စိတ်ဓါတ်စစ်ဆင်ရေးလုပ်။ သူတို့ဖက်ကတော့ မကျဘူးပေါ့။ မကျရအောင် နတ်တွေ သိကြားတွေလား။ သူတို့ကတရားဝင်အဖွဲ့မဟုတ်တော့ သတင်းမထုတ်ပြန်လည်း ဘယ်သူမှ ရိုက်မစစ်ဘူးလေး။ အဲသူတို့ ခံရပြီလား။ advanced jet trainer တက်လာတာတောင် ကြောက်ပြေးပြီး fighter လို့အော်ပြီး ကင်မရာကိုင် တောထဲက လက်တုန်ရိုက်တဲ့သတ္တိလေ။  ဗီယက်နမ်တွေ အမေရိကန်ကို တိုက်သလိုပေါ့ ပျောက်ကြားလုပ်။ တပြိုင်နက် တပ်ရိက္ခာအဖွဲ့တွေ မြို့တွေ သူတို့နိုင်မယ့် ရဲစခန်းတွေ အင်အားမမျှတဲ့စခန်းငယ်တွေ ၀င်စီး တပြိုင်နက် အစိုးရကို လူ့အခွင့်အရေးချိုးဖောက်သယောင် ဘက်စုံကနေ၀ါဒဖြန့် သူတို့ခံရရင် စာနယ်ဇင်းရှင်းပွဲ ဆန္ဒပြပွဲဖန်တီး။ မြို့ထဲမှာ သူတို့ထောက်လှမ်းရေးလူကိုလွှတ် အစိုးရသတင်းကိုနှိုက် ဗုံးခွဲခိုင်း။ အင်တာနက်မှာ ၀ါဒဖြန့်။

ဒါတွေကတော့ ယနေ့လက်ရှိဖြစ်နေတဲ့ KIA ရဲ့ ဗျူဟာတွေပဲ ဒါပေမယ့် သူတို့ခေါင်းဆောင်တွေ အနေအစား ဆင်းရဲနေတယ်ထင်လား မြန်မာပြည်သူတွေပြောတဲ့ ခရိုနီတွေထက်တောင် ချမ်းသာနေကြပါတယ်လို့ပဲ ဆိုလိုရင်း နိဂုံးချုပ်အပ်ပါတယ်။ ဘယ်စစ်သားမှ စစ်မတိုက်ချင်ဘူး။ စစ်သားတွေက ငြိမ်းချမ်းရေးပိုလိုအပ်တယ်။ ဒါကြောင့် KIA ရဲ့ ၀ါဒဖြန့်မှုတွေကို တွန်းလှန်ရင်း သူတို့ငြိမ်းချမ်းရေး စကားဝိုင်းထဲရောက်လာဖို့ ကိုယ်တွေဖက်ကနေ ပြန်လည်ဖန်တီးရမယ်။ ခုပုံအတိုင်းဆို သမ္မတကလည်း ထိုးစစ်ကို ဆင်နွှဲခိုင်းမှာမဟုတ်ဘူး။ ဦးနှောက်အသိဥာဏ်ရှိသော ပြည်သူများကလည်း မိမိတတ်နိုင်တဲ့ဖက်မှ ၀ိုင်းဝန်းကူညီကြပါလို့တိုက်တွန်းအပ်ပါတယ်။ လွတ်လပ်ရေးနေ့မှသည် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးဆီသို့ အရောက်လှမ်းနိုင်ပါစေလို့ဆုတောင်း လိုက်ပါတယ်။ 

ခုကျွန်တော်တင်ထားတဲ့ပုံက KIA က အတင်းအကြပ်စုဆောင်းခြင်းခံထားရတဲ့ ကလေးစစ်သားလေးတစ်ဦးရဲ့ပုံပါ

ဝေဟင်ချစ်သူ