This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, March 13, 2014

မြန်မာကျပ် သိန်း ၆၀ ကျော်တန် ဇိမ်ခံ စမတ်ဖုန်း Vertu Constellation ..................

Website Guide



Vertu ဆိုတာ ဗြိတိန်နိုင်ငံ အခြေဆိုက် ဇိမ်ခံမိုဘိုင်းဖုန်း ထုတ်လုပ်တဲ့ ကုမ္မဏီဖြစ်ပါတယ်။ ဇိမ်ခံမိုဘိုင်းဖုန်းဆိုတာ ဒီလိုပါ။ သာမန်ဖုန်းတွေကိုမှ ကမ္ဘာ့ဈေးကြီး ပစ္စည်း ဖြစ်အောင် အသေအချာ အကျအန ပြင်ဆင်ထုတ် လုပ်ခြင်း ဖြစ်ပါတယ်။ အခြားကုမ္မဏီများက ထုတ်တဲ့ ဖုန်းများကို ပြင်ဆင်ခြင်းနဲ့အတူ သူတို့ ကိုယ်တိုင် ထုတ်တဲ့ စမတ်ဖုန်းများလည်း ရှိပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ ဖုန်းကတော့ သူတို့ ကိုယ်တိုင်ထုတ်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ vertu Constellation စမတ်ဖုန်းလို့ အမည်ပေးထား ပါတယ်။ တိုက်တေနီယမ် ဂရိတ်-၅ ကို အသုံးပြုပြီး Based Body ကိုတည်ဆောက်ထားတာပါ။ Stainless Steel ထပ် ၂ ဆ သန်မာပြီး တစ်ဝက်တိတိ အလေးချိန် ကျသွားကြောင်း ဆိုပါတယ်။ မျက်နှာပြင် အရွယ် ၄.၃ လက်မ ရှိတဲ့ 720p display ကို အသုံးပြုထားပြီး ၅.၁ လက်မ Sapphire crystal နဲ့ ဖုံးအုပ်ထားခြင်းပါ။ ကွဲလဲမကွဲနိုင်သလို၊ စွန်းရာလည်း မထင်ပါဘူး။ စိန် အစစ်နဲ့ ဖျက်မှာ ပျက်မယ့်၊ ထိမယ့် မျက်နှာပြင်ဖြစ်ကြောင်း အာမခံ ထားပါတယ်။ 

ဖုန်းရဲ့ နည်းပညာ Specification က ဒီလို ရှိပါတယ်။ Processor – 1.7 GHz Qualcomm Snapdragon dual core , ကင်မရာ 13 Megapixel ရှိပြီး aptX support Bluetooth, NFC တို့ ပါဝင်ပါတယ်။ OS က Android 4.2 Jelly Bean ကို အသုံးပြု ထားပါတယ်။
London Symphony Orchestra ကနေ Vertu ကို ဖန်တီးထားတဲ့ selection ringtone များကို ထည့်ပေးထား တယ်လို့ ဆိုပါတယ်။ ထူးခြားချက်က ဒီမှာ တကယ်လာပါပြီ။ ရေးသားပြောဆိုချက်များအရ ကတော့ iPass လို့ခေါ်တဲ့ Global Wi-Fi access ပါဝင်တယ်လို့ ဆိုပါ တယ်။ မြန်မာပြည်မှာ သုံးလို့ရမရတော့ မသိပါဘူး။ Personal /Corporate security service များကိုလည်း ထည့်သွင်းပေးထားပြီး Protector Service Group နဲ့ Kaspersky က အာမခံ ထားတာပါ။ ဒီတော့ ကမ္ဘာ့လုံခြုံရေး အကောင်းဆုံး စမတ်ဖုန်း စာရင်းထဲမှာလည်း ပါဝင်လာအုံးမယ့်ဖုန်း ဖြစ် ပါတယ်။ ဒီတော့ ဈေးနှုန်းကလည်း မသက်သာပါဘူး။ ယူရိုငွေ ၄၉၀၀ ရှိပြီး အမေရိကန်ဒေါ်လာနဲ့ တွက်တော့ ၆၆၂၆ ဒေါ်လာတောင် ဖြစ်ပါတယ်။

ဒီတော့ မြန်မာငွေနဲ့ တိုက်ရိုက်တွက်ရင် သိန်း ၆၀ အထပ် ရှိပေမယ့် တကယ်ဝယ်ဖို့ မှာရင် သိန်း ၇၀ လောက်ရှိထားမှ အဆင်ပြေမယ် ထင်ပါတယ်။ Elegant ဖြစ်ပြီး တစ်သီးပုဂ္ဂလ ဆန်နေမယ့် စမတ်ဖုန်းမျိုးပါ။ နည်းပညာ Specification ထပ်၊ အပြင် အမြင်ပဿဓနဲ့ စိတ်ကို ဈေးကြီးကြီး စမတ်ဖုန်း ကိုင်ပါတယ် ဆိုတဲ့ psycho လေး ဝင်ဖို့ ပို ရွယ်ရွယ်ပုံ ပေါက်ပါ တယ်။ Vertu ကုမ္မဏီမှ အော်ဒါစနစ်နဲ့ ပြု လုပ် ရောင်းချပေးကြောင်း သိရပါတယ်။ .

 Ref: pocketlint 


Thihahtike

Welcome From My Blog 

 





အမျိုးသမီးငယ်များ ပညာသင်စရိတ်ရရန် နိုက်ကလပ်များတွင် ဝတ်လစ်စားလစ်ကပြ၍ ဝင်ငွေရှာ ....................................


ဗြိတိန်နိုင်ငံတွင် ဝတ်လစ်စားလစ်က ဖျော်ဖြေသူသုံးဦးအနက် တစ်ဦးမှာပညာသင်စရိတ်ရရန် ကြိုးစား နေသော ကျောင်းသူများဖြစ်ကြောင်း လေ့လာမှုတစ်ရပ်အရ သိရသည်။

ဗြိတိန်နိုင်ငံရှိ ဝတ်လစ်စလစ်ဖျော်ဖြေသော ကလပ်များစွာတွင် အလုပ်လုပ်ကိုင်နေသည့် ကခြေသည် ၂၀၀ နီးပါးကို လိဒ်တက္ကသိုလ် တာဝန်ရှိသူများက တွေ့ဆုံမေးမြန်းခဲ့သည်။ ကခြေသည်မိန်းကလေး သုံးဦးအနက်တစ်ဦးမှာကောလိပ် (သို့မဟုတ်) တက္ကသိုလ်တက်နေသူများဖြစ်ကြောင်း လိဒ်တက္ကသိုလ် လေ့လာမှုတွင် ဖော်ပြထားသည်။

ယင်းမိန်းကလေးအများစုက ပညာသင်စရိတ် ဈေးကြီးခြင်းကို အပြစ်တင်ကြပြီး ယင်းမှာငွေမြန်မြန်ရ ရန် ဝတ်လစ်စားလစ်ကပြ ဖျော်ဖြေသူများအဖြစ် အလုပ်လုပ်ရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည် ဟု၎င်းတို့ကပြောသည်။

ယင်းလေ့လာမှုကို ဗြိတိန်နိုင်ငံ လူမှုဗေဒပညာရေးဂျာနယ်က ရေးသားဖော်ပြခဲ့ပြီး ကျောင်းသူများ ဝတ်လစ်စလစ်ကပြဖျော်ဖြေရခြင်း၏ အဓိကအကြောင်းရင်းများမှာ ပညာသင်စရိတ်ဈေးကြီးခြင်း၊ ပညာရေးချေးငွေရယူနိုင်သည့် အခြေအနေနည်းပါးခြင်းနှင့် သက်မွေးဝမ်းကျောင်းသင်တန်းများကို အားပေးထောက်ခံမှု မရှိခြင်းတို့ကြောင့် ပညာသင်ရင်း ဝတ်လစ်စားလစ် ကခြေသည်အဖြစ် အလုပ်လုပ် နိုင်ရန် ကလပ်များ၏ ညှိနှိုင်းကမ်းလှမ်းမှု တို့ကြောင့်ဖြစ်သည်ဟု လူမှုဗေဒပညာရေး ဂျာနယ်က ရေးသား ဖော်ပြသည်။

ဗြိတိန်နိုင်ငံတွင် အရေအတွက်ပိုမိုများလာသည့် ဝတ်လစ်စလစ်ဖျော်ဖြေသောကလပ်များမှာ ယခုအခါ ကိုယ်ဟန်ပြမယ်သစ်များရှာဖွေရန် တက္ကသိုလ်များကိုစတင်အမှီပြုနေကြပြီဖြစ်ကြောင်း သုတေသီများ ကပြောသည်။

သို့သော်ယင်းမိန်းကလေးအများစုက မိမိတို့မှာကခြေသည်များသာဖြစ်ပြီး လိင်လုပ်သားဟု ညွှန်းဆိုခံရ ခြင်းများကို ငြင်းဆိုကြသည်။

ဝတ်လစ်စလစ်ကပြဖျော်ဖြေခြင်းမှာ လူမှုရေးအရပိုလက်ခံနိုင်သည်ဟု ၎င်းတို့ကပြောသည်။

Ref: Times of India

7Day News Journal
Vol.13, No.1, March.5, 2014

နည်းပညာမြို့တော် ဆန်ဖရန်စစ္စကိုမှာ အရက်ဆိုင်တဆိုင်က ဂူဂဲလ်မျက်မှန်တပ်ဆင်မှု ပိတ်ပင်ထား........................

နည်းပညာမြို့တော် ဆန်ဖရန်စစ္စကိုမှာ အရက်ဆိုင်တဆိုင်က ဂူဂဲလ်မျက်မှန်တပ်ဆင်မှု ပိတ်ပင်ထားတယ် တဲ့။
အမေရိကန်ရဲ့ လူကြိုက်အများဆုံးသတင်းစာတစောင်ဖြစ်တဲ့ USA TODAY အွန်လိုင်း www.usatoday.com မှာ ရေးထားတာပါ။
 -  


 photo - http://www.thedrum.com
 -
ဂူဂဲလ်မျက်မှန်မှာ ကင်မရာပါဝင်ပြီး အင်တာနက်နဲ့လည်း ချိတ်ဆက်ထားပါတယ်။
အဲဒီမျက်မှန်တပ်ထားရင် ဘာကိုမှ ကိုင်စရာ မလို၊ ဘာခလုတ်မှ နှိပ်စရာမလိုဘဲ ဓာတ်ပုံရိုက်နိုင် ဗီဒီယိုရိုက်နိုင်တာပါ။
ရိုက်မယ်ဆိုရင်   အမိန့်ပေးပြောဆိုလိုက်ရုံပါပဲ။ အင်တာနက်အသုံးပြုခြင်းကလည်း အမိန့်ပေးလိုက်ရုံပါပဲ။

ဒီလို လောကဓာတ်ပစ္စည်းစုံပါဝင်တဲ့မျက်မှန်ကို ဆိုင်ထဲမှာ တပ်မထားဖို့၊ ဆိုင်ထဲဝင်တာနဲ့ ချွတ်လိုက်ဖို့ ပိတ်ပင်တဲ့ စားသောက်ဆိုင်တွေက တိုးလာဖွယ် ရှိနေပါပြီ။

ဆန်ဖရန်စစ္စကိုက  အရက်ဆိုင်တခုဖြစ်တဲ့ The Willows ဆိုတဲ့ ဆိုင်ကတော့ သူတို့ဆိုင်ထဲ အဲဒါကြီး ဝတ်မထားဖို့ တားမြစ်ထားတာပါ။

"Kindly Remove Before Entering"
"Our patrons have expressed concern with being recorded while enjoying themselves at the Willows"

ဆိုင်မှာ လာရောက် စားသောက်သူတွေက သူတို့ ဆိုင်ထဲမှာ အပမ်းဖြေ စားသောက်နေတုန်း ရုပ်သံ ဓာတ်ပုံနဲ့ မှတ်တမ်းတင်ခံရမှာကို စိုးရိမ်တယ် ဆိုတဲ့သဘော ရေးထားပါတယ်။

သတင်းမှာ ဂူဂဲလ်ရဲ့ စည်းကမ်းချက်ကိုလည်း တွေ့ရမှာပါ။ ဒီမျက်မှန်အကြောင်း ဆောင်ရန်ရှောင်ရန် သတိပေးချက်ထဲမှာ
ဖုန်းကင်မရာခွင့်မပြုတဲ့နေရာမှာ ဒီမျက်မှန်ကိုလည်း သုံးခွင့်ပြုမယ်မဟုတ်ဘူးဆိုတာ သတိပြုရမယ်၊ ဖုန်းပိတ်ဖို့ တောင်းဆိုလာရင် မျက်မှန်ကိုလည်း ပိတ်ရပါမယ် တဲ့။

ဒီမျက်မှန်မှာ ကင်မရာ ပါသော်ငြားလည်း ရိုက်မယ် ဆိုရင် ရိုက်လိုတဲ့နေရာကို မျက်မှန်တပ်သူက ကြည့်ရ မျက်နှာမူရမှာပါ။

တချို့ကလည်း ဒီလို ပိတ်ပင်တာကို မနှစ်မြို့ကြပါ။ အိမ်သာထဲသွားလည်း လူတွေက ဖုန်းယူသွားကြတာပဲ၊ ဖုန်းဆိုတာ လက်ထဲ အမြဲထည့်ထားကြတာ မဟုတ်ဘူးလား၊
ဂူဂဲလ်မျက်မှန်ကိုမှ ဘာကြောင့် ပိတ်ရတာလဲ၊ ဓာတ်ပုံရိုက်မယ် ဆိုရင် ခင်ဗျားနားမှာ ရပ်ရမယ်၊ ခင်ဗျားကို ကြည့်ရမယ်၊ မျက်မှန်ကို အမိန့်ပေးရမယ် ... စသဖြင့် စောဒက တက်သူလည်း ရှိကြောင်း အဲဒီသတင်းစာမှာ ရေးပါတယ်။
အဲသလို စောဒက တက်သူက စာရေးဆရာ ဘလော်ဂါ Robert Scoble ဖြစ်ပါတယ်။
အရက်ဆိုင်တွေမှာ စမတ်ဖုန်းသုံးပြီး ဓာတ်ပုံရိုက်နေကြတာပဲလို့ သူက ဆက်ပြောပါတယ်။

ဂူဂဲလ်မျက်မှန်ကို အဲသလို စားသောက်ဆိုင်တွေမှာ ပိတ်ပင်ထားတာနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာရော ဘယ်လို သဘောရကြပါသလဲ။

ရိုးရာလေး ဝက်ဆိုက် www.yoyarlay.com ရဲ့ အယ်ဒီတာ အောင်ခမ်းကတော့ တဦးတယောက်ချင်းစီရဲ့ လွတ်လပ်ခွင့် ဆုံးရှုံးနိုင်တယ်လို့ ဧရာဝတီကို ရှင်းပြပါတယ်။

"နည်းပညာ တိုးတက်လာတာ ကြိုက်ပေမယ့် ကျနော်ကတော့ တကိုယ်ရေ လွတ်လပ်ခွင့်တွေ လျော့ကျလာတာကို သဘောမကျဘူး။
အထူးသဖြင့် Google Glass လို မျက်မှန်မျိုးက တဦးတယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်၊ လုံခြုံခွင့်တွေကို အလွယ်တကူ ချိုးဖောက်လို့ ရပါတယ်။
 ဥပမာ အရက်ဘားတွေ၊ ကလပ်တွေတင် မကဘဲ ဓာတ်ပုံ မရိုက်ရ သတ်မှတ်ထားတဲ့ နယ်မြေတွေမှာ အဲ့မျက်မှန်ကြီး တကားကားနဲ့ ရိုက်သွားတဲ့ ဘယ်လို လုပ်မလဲ။
ဒီတော့ အရိုက်ခံရတဲ့ ကာယကံရှင်ရဲ့ အချက်အလက် အားလုံးက နည်းအမျိုးမျိုးနဲ့ ပြန့်နှံ့သွားနိုင်တယ်"


ဂူဂဲလ်မျက်မှန်မှာ ဂူဂဲလ်မြေပုံပါတဲ့အတွက် ကားမောင်းရင်း မြေပုံကြည့်သူလည်း ရှိနိုင်ပါတယ်။ တခြားသော စာမျက်နှာပေါင်းစုံကို ကြည့်သူလည်း ရှိနိုင်ပါတယ်။ ဒါဟာ ယာဉ်မောင်းသူ၊ ယာဉ်ပေါ်မှာ လိုက်ပါစီးနင်းတဲ့ခရီးသည်တို့အတွက် အင်မတန် အန္တရာယ်ကြီးတယ်လို့လည်း သူက ထောက်ပြပါတယ်။

"ကားမောင်းတဲ့ အခါမှာ Google Glass က ထောက်ပံ့ပေးတယ် အကူအညီ ပေးတယ်လို့ ပြောတယ်။
သို့ပေမယ့် ကား ဒရိုင်ဘာ တယောက်အနေနဲ့ ကားအတွက် မြေပုံ မဟုတ်ဘဲ SMS တွေ ပို့နေမယ်၊ Social Media သုံးနေမယ် ဆိုရင် ဘယ်လို လုပ်မလဲ။
 ဒီတော့ (လိုအပ်ချက်အရ နေရာတချို့မှာ) မသုံးရ သတ်မှတ်ကြတာကို  လက်ခံပါတယ်"


နည်းပညာ ဆိုတာက လူကို အထောက်အကူပြုဖို့ ထွင်ထားကြတာပါ။
လူကို အထောက်အကူပေးသလို အနှောက်အယှက်လည်း ပေးနိုင်ကြောင်း ဒီသတင်းက သက်သေပြနေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။


ဆက်စပ်ဖတ်စရာများ

အိုင်တီတခေတ်ဆန်းမယ့် Google မျက်မှန် - ဇာနည်မာန်
http://blog.irrawaddy.org/2012/04/google.html

၂၀၁၂ နည်းပညာ နယ်ပယ်ထဲက နာမည်ကျော် ၁၀ ခု - ဆောင်းဦးလင်း
http://blog.irrawaddy.org/2012/12/blog-post_6913.html



.

မလေးရှားလေယာဉ် ပျောက်ဆုံးမှု မြန်မာဗေဒင်အကျော်အမော်များ အငြင်းပွား ..........................


မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ပီကင်းသို့ ပျံသန်းရာမှ ပျောက်ဆုံးနေသော မလေး ရှားလေကြောင်းလိုင်းမှ MH 370 လေယာဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ ဗေဒင်ဆရာများ ဟောကိန်း ကွဲလွဲပြီး အငြင်းပွားဖွယ်ရာ ဖြစ်နေကြောင်း သိရသည်။

လက်ရှိ ပျောက်ဆုံးနေသော MH 370 လေယာဉ်အား တစ်ကမ္ဘာလုံးက စိတ်ဝင်တစား အာရုံစိုက်နေချိန် တွင် ရှေ့ဖြစ် နောက်ဖြစ်များကို ဟောကြားလေ့ရှိသော မြန်မာနို်င်ငံမှ ဗေဒင်ဆရာများလည်း ပါဝင်လာခဲ့သည်။

"ဒီလေယာဉ်က ဆရာတို့ တွက်ချက်အရဆိုရင် အင်္ဂါဂြိုလ်ဝင်နေချိန်မှာ ဖြစ်သွားတာ။ ဗုဒ္ဓဟူးနံကို အင်္ဂါဝင်တဲ့ အခါ ကြီးကြီးမားမား ထိခိုက်ရတာမျိုးတွေ ရှိပါတယ်။ မလေးရှားလေကြောင်းလိုင်း ဆိုရင် ကြာသပတေးနံ၊ လေယာဉ်ပျံသန်းတဲ့အချိန်ကလည်း နက္ခတ်အရ ပျက်ကိန်းကြုံရမယ့်အချိန်။ ဆိုလိုတာက ရာသီဥတု ဆိုးဆိုး ရွားရွား တွေ့ရင်တွေ့၊ မတွေ့ရင် ဘေးဒုက္ခတွေ့ရမယ့် ကိန်းက လွတ်မြောက်ဖို့ လမ်းမရှိဘူး။ အခုအချိန်မှာ လေယ်ာဉ် ဘာဖြစ်သွားပြီလဲ ဆိုတာကို ပြောရရင် လေယာဉ်က အကြမ်းဘက်သမားတွေ ဖမ်းသွားတာ။ အားလုံး မသေသေးဘူး။ အသက်ရှင်နေသေးတယ်" ဟု နာမည်ကြီး ဗေဒင်ပညာရှင် စံ(ဇာဏီဘို)က ဟောသည်။

လေယာဉ်မှာ အနောက်တောင်အရပ်တွင် ရောက်ရှိနေကြောင်း၊ ပါဝင်သွားသည့် ခရီးသည်များ ဘေးကင်း လုံခြုံကြောင်း၊ လေယာဉ် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်းလည်း ၄င်းက ပြောသည်။

သို့သော် အခြားသော နာမည်ကြီး နက္ခတ္တပညာရှင် ဦးဇေယျာကိုကမူ စံ(ဇာဏီဘို)၏ ဟောကြားချက် ကို ငြင်း၍ ပယ်ချလိုက်သည်။

"ဒီဟောကိန်းက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ နက္ခတ်နဲ့ ဂြိုလ်တွေအနေအထားအရ အသက်ရှင်နေသေးတယ် ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် အကြမ်းဘက်သမားတွေက ဖမ်းဆီးထားတယ် ဆိုတာ မှားတယ်။ တွင်းနက်ကြီးထဲ ရောက်သွားတာ။ သေချာတယ်။ ကျွန်တော်တို့ နက္ခတ်ကြည့်တဲ့အခါ Black Hole ကြီး အကြီးကြီး ပေါ်နေတယ်။ ဒီလေယာဉ်က တွင်းနက်ထဲရောက်သွားတာ။ ဒါမျိုးဖြစ်စဉ်တွေ ရှိတယ် ဆိုတာလည်း အံ့သြစရာ တွေ့နိုင်ပါတယ်။ ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေဟာ သိပ္ပံပညာ မလိုက်နိုင်အောင် ရှိနေပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလေယာဉ် ဘာဖြစ်သွားသလဲ ပြောရရင် ဘာမှ မဖြစ်ဘူး။ တွင်းနက်ထဲ ရောက်နေတာ။ တွင်းနက်ထဲမှာ ဘယ်လောက်ကြာမလဲ ပြောရရင်တော့ မသိနိုင်သေး ဘူး။ ဂြိုလ်တွေ လှုပ်ရှားတာကို နောက်ထပ် ၁ ရက်လောက် စောင့်ကြည့်ပြီးမှ တိတိကျကျ ပြောနိုင်မယ်။ တွင်းနက်ဆိုတာကို တချို့က အချိန်ယန္တရား ဆိုပြီး ပြောကြတာလည်း ရှိတယ်" ဟု နက္ခတ္တပညာရှင် ဦးဇေယျာကိုက ဟောသည်။

နှစ်ဦးစလုံးမှာ လေယာဉ် ဘာမှမဖြစ်သေး၊ ခရီးသည်များ အသက်ရှင်နေသေးသည် ဟူသောအချက်များ တွင် တူညီနေသော်လည်း အကြီးအကျယ် ကွဲလွဲနေသည်။

"ဗေဒင်ဆရာတွေ တစ်ကယ်မှန်သလား၊ လျှောက်ပြောနေတာလား။ ဒီကိစ္စက ဖော်ပြမှာ ဖြစ်တဲ့အတွက် ကြာကြာ မစောင့်ရတော့ပါဘူး။ ဦးဇေယျာကို ဟောတာ မှန်သလား။ ကျွန်တော်ပြောတာ မှန်သလား ဆိုတာ မကြာခင်မှာ အဖြေထွက်တာပါ။ ကျွန်တော်တို့ ဟောတာက အတွေ့အကြုံနဲ့ နိမိတ်အယူတွေကိုပါ အခြေခံတာ ပါ။ စောင့်ကြည့်ပြီး အဖြေမှန်ထွက်လာမှာပါ" ဟု စံ(ဇာဏီဘို) က ပြောသည်။

"ကျွန်တော်တို့က ဂြိုလ်တွေ နက္ခတ်တွေကို ကြည့်ပြီး ပြောတာ။ သူများတွေလို စိတ်ထင်နဲ့ ခန့်မှန်းပြီး ပြောတာ မဟုတ်ဘူး။ ဒီကိစ္စ ကျွန်တော်တို့ မှန်းဆထားသလို ကြိုက်သလို ပြော။ မှားတယ် ဆိုရင် ဒီတစ်သက် ဗေဒင်မဟောတော့ဘူး။ သူ့ဘက်ကလည်း မှားရင် ဗေဒင် မဟောတော့ပါဘူး ဆိုတဲ့ ကတိ ပေးဖို့ လိုတယ်" ဟု ဦးဇေယျာကိုက ရှင်းလင်း ပြောကြားသည်။

ဗေဒင်ဆရာများ ဤသို့ အဖြေမှန် မြန်မြန်ထွက်နိုင်သည့် ရှေ့ဖြစ်မျိုးကို ဟောကြားသည်မှာ ကောင်း မွန်ကြော င်း၊ အချိန်တန်လျှင် မည်သူမှန်၍ မည်သူမှားသည်ကို သိရှိလာတေ့မည့် ဖြစ် ၍ ကောင်းမွန်ကြောင်း၊ အခြားေ သာ ဗေဒင်ဆရာများလည်း မိမိတို့ ဟောကိန်းများကို ပြတ်ပြတ်သားသား ထုတ်ဖော်ပြော ကြားသင့်ကြောင်း ဗေဒင်ဝါသနာရှင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ပြည်သူ့အာဏာ
Credit- ရွှေနိုင်ငံ