Thursday, March 13, 2014

အမျိုးသမီးငယ်များ ပညာသင်စရိတ်ရရန် နိုက်ကလပ်များတွင် ဝတ်လစ်စားလစ်ကပြ၍ ဝင်ငွေရှာ ....................................


ဗြိတိန်နိုင်ငံတွင် ဝတ်လစ်စားလစ်က ဖျော်ဖြေသူသုံးဦးအနက် တစ်ဦးမှာပညာသင်စရိတ်ရရန် ကြိုးစား နေသော ကျောင်းသူများဖြစ်ကြောင်း လေ့လာမှုတစ်ရပ်အရ သိရသည်။

ဗြိတိန်နိုင်ငံရှိ ဝတ်လစ်စလစ်ဖျော်ဖြေသော ကလပ်များစွာတွင် အလုပ်လုပ်ကိုင်နေသည့် ကခြေသည် ၂၀၀ နီးပါးကို လိဒ်တက္ကသိုလ် တာဝန်ရှိသူများက တွေ့ဆုံမေးမြန်းခဲ့သည်။ ကခြေသည်မိန်းကလေး သုံးဦးအနက်တစ်ဦးမှာကောလိပ် (သို့မဟုတ်) တက္ကသိုလ်တက်နေသူများဖြစ်ကြောင်း လိဒ်တက္ကသိုလ် လေ့လာမှုတွင် ဖော်ပြထားသည်။

ယင်းမိန်းကလေးအများစုက ပညာသင်စရိတ် ဈေးကြီးခြင်းကို အပြစ်တင်ကြပြီး ယင်းမှာငွေမြန်မြန်ရ ရန် ဝတ်လစ်စားလစ်ကပြ ဖျော်ဖြေသူများအဖြစ် အလုပ်လုပ်ရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည် ဟု၎င်းတို့ကပြောသည်။

ယင်းလေ့လာမှုကို ဗြိတိန်နိုင်ငံ လူမှုဗေဒပညာရေးဂျာနယ်က ရေးသားဖော်ပြခဲ့ပြီး ကျောင်းသူများ ဝတ်လစ်စလစ်ကပြဖျော်ဖြေရခြင်း၏ အဓိကအကြောင်းရင်းများမှာ ပညာသင်စရိတ်ဈေးကြီးခြင်း၊ ပညာရေးချေးငွေရယူနိုင်သည့် အခြေအနေနည်းပါးခြင်းနှင့် သက်မွေးဝမ်းကျောင်းသင်တန်းများကို အားပေးထောက်ခံမှု မရှိခြင်းတို့ကြောင့် ပညာသင်ရင်း ဝတ်လစ်စားလစ် ကခြေသည်အဖြစ် အလုပ်လုပ် နိုင်ရန် ကလပ်များ၏ ညှိနှိုင်းကမ်းလှမ်းမှု တို့ကြောင့်ဖြစ်သည်ဟု လူမှုဗေဒပညာရေး ဂျာနယ်က ရေးသား ဖော်ပြသည်။

ဗြိတိန်နိုင်ငံတွင် အရေအတွက်ပိုမိုများလာသည့် ဝတ်လစ်စလစ်ဖျော်ဖြေသောကလပ်များမှာ ယခုအခါ ကိုယ်ဟန်ပြမယ်သစ်များရှာဖွေရန် တက္ကသိုလ်များကိုစတင်အမှီပြုနေကြပြီဖြစ်ကြောင်း သုတေသီများ ကပြောသည်။

သို့သော်ယင်းမိန်းကလေးအများစုက မိမိတို့မှာကခြေသည်များသာဖြစ်ပြီး လိင်လုပ်သားဟု ညွှန်းဆိုခံရ ခြင်းများကို ငြင်းဆိုကြသည်။

ဝတ်လစ်စလစ်ကပြဖျော်ဖြေခြင်းမှာ လူမှုရေးအရပိုလက်ခံနိုင်သည်ဟု ၎င်းတို့ကပြောသည်။

Ref: Times of India

7Day News Journal
Vol.13, No.1, March.5, 2014

0 ကွန်မန့်ရေးရန်:

Post a Comment