သူ့ဘ၀သူ့အခက်အခဲ သူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် ဘုရားသာ အားကိုးရာရှိ တော့တယ်လို့ သူယုံ ကြည်ထားလို့ပါ။ သူ့ရည်ရွယ်ချက်ဆိုတာ ကြွယ်ဝချမ်းသာဖို့ သူဋ္ဌေးဖြစ်ဖို့ ဘ၀အောင်မြင်ဖို့ ချစ်တဲ့သူနဲ့အတူ လက်တွဲပြီး သာယာတဲ့ ဘ၀ခရီးလျှောက် လှမ်းနိုင်ဖို့ ဆိုတဲ့ လူငယ်တို့သဘာဝ ရှိတတ်တဲ့ မျှော်မှန်းချက်တွေတော့ မဟုတ်ပါဘူး၊ လူငယ်နဲ့ မလိုက်ကိုယ့် အခြေအနေနဲ့ မတတ်နိုင်တဲ့ မျှော်မှန်းချက်တစ်ခု သူ့မှာရှိနေလို့ပါ။ သူ့မျှော်မှန်းချက်ဆိုတာ ၂၀၁၀ခု၊ သြဂုတ်လက စတင်ခဲ့တာပါ။
သူအလုပ်လုပ်တဲ့ စားသောက်ဆိုင် ကလူသုံးရာကျော် စားနိုင်တဲ့ဆိုင်ကြီးပါ။
အာရှအစားအစာ မျိုးစုံရနိုင်ပါတယ်။ ဂျပန်စာဖြစ်တဲ့ ဆူရှီဌာနမှာ ရန်မျိုးအောင်က ဆူရှီလိပ်ရသူပါ။
ရန်မျိုးအောင်ဟာ တနေ့တော့အလုပ်က အပြန် ရေမိုးချိုးပြီး အနားယူနေချိန်မှာ နိုက်ကလပ်သွားချင်
တဲ့စိတ်တွေ ပေါ်လာခဲ့တယ်။ အသောက်အစား အပျော်အပါးလဲ ၀ါသနာ ပါသူမဟုတ်တော့လို့ သွားချင်တဲ့စိတ်တွေ မဖြစ်ခဲ့တာလည်း ကြာခဲ့ပါပြီ။ ဒီနေ့ တော့ ဘာကြောင့်လို့ရယ်မသိ သွားချင်တဲ့စိတ်တွေ ပြင်းပြင်းပြပြ ဖြစ်နေတယ်လေ။
မတော်ပါဘူးဆိုပြီး တီဗွီကြည့်လိုက် ပုတီးစိတ်လိုက်နဲ့ဖြေ ဖျောက်ဖို့ကြိုးစား ခဲ့တယ်။မရဘူး၊ မသွားရ မနေနိုင်လောက်အောင်ဖြစ်နေတယ်။ ကဲ ဒီလောက်တောင်ရှိရင်သွား မယ်ဆိုပြီး ဘယ်သူမှ မခေါ်ဘယ်သူမှ မတိုက်တွန်းပဲ သွားချင်လှတဲ့ဆန္ဒကို ရှေ့တန်းတင်ပြီး ထွက်ခဲ့တော့တယ်။
နိုက်ကလပ်ဆိုလို့  အခြားဆိုင်တော့ မဟုတ်ပါဘူး။ သူအလုပ်လုပ်တဲ့ဆိုင်ပါ။နေ့ခင်း
လူငယ် လူရွယ် (၁၀၀)ခန့်တို့က ရုပ်ပွားတော် ကြီးဝန်းကျင်မှာ ဖိုမအစုံစုံ ယစ်မူးအဟုန်ဖြင့်အစွမ်း ကုန် မြူးတွန့်နေကြတယ်။ဘုရားရဲ့ရှေ့
ဘုရားနောက်ကြောနံရံမှ ထွက်လာတဲ့မှိတ်ချီဖွင့်ချီရောင် စုံမီးဆလိုက်များက ဘုရားဦးခေါင်းတော်ဘေးဝန်းကျင် ကိုဖြတ်ကျော်ပြီး ညဥ့်ငှက်မလေးများရဲ့ကိုယ်အလှကို မြင်သာအောင်ထိုးပြနေပြန်တယ်လေ။
ဆင်းတုကိုယ်တော်မြတ်ကြီးက“ငါဘု
အလား--လား-- ပိုဆိုး ပါလား။ စကပ်လေးတိုနန့်နန့်နဲ့မိန်းကလေး
ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးဝန်းကျင်
ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးကို ကြည့်ပြီးကြိတ် မနိုင်ခဲမရ ဖြစ်နေရတယ်၊ လှုပ်လှုပ်ရွရွ တွန့်လိမ်ပွတ်သပ် နေတဲ့မြင်ကွင်း၊ မြူးကြွဆူညံနေတဲ့ ဂီတသံ၊ ထောင်းထောင်း မွှန်နေတဲ့အရက်နံ့၊ မျက်နှာ တော်တည့်တည့်မှာတစ်ကိုယ် လုံးနီးပါးပေါ်နေတဲ့ ကခြေသည်မလေးတွေရဲ့ တုန်ကာလုပ်ကာ မြူဆွယ်ပြနေတဲ့အက၊ ဒီဝန်းကျင်မှာနေရရှာတဲ့ ဘုရားရုပ်ပွား တော်ကြီးခမျာ ဆင်းရဲရှာမှာပဲနော်လို့ သူ့အတွေး သူ့အမြင် နဲ့ ရုပ်ပွားတော်ကြီးကို သိပ်သနားနေမိတယ်။ ဘုရားဆိုတာ သနားစရာ မဟုတ်ပေမဲ့ သူ့ရင်ထဲမှာ တော့ တကယ်သနား နေမိတယ်။ ဘုရားနဲ့ ဒီဝန်းကျင်က လုံးဝဆန့်ကျင် နေတယ်လေ။ ဘုရားရုပ်ပွားတော်ရဲ့ မျက်နှာတော်ကိုစိုက်ကြည့်မိ ရာက သူ့ရင်ထဲမှာ “ဒါယကာလေး ရန်မျိုးအောင်၊ ငါဘုရားကို တစ်ခြားနေရာကို ပင့်နိုင်ရင် ပင့်စမ်းပါကွာ” လို့ မိန့်တော်မူနေသလို ခံစားမိပြန်တယ်။ဖြစ်နိုင်တယ်၊ ဒီနေ့ည ဒီနေရာကို ရောက်လာရခြင်းမှာ သာမန်ရောက် လာခြင်းမျိုးမဟုတ်၊ လာချင်တဲ့ဆန္ဒတွေ ပြင်းပြလွန်းလို့ အရောက်လာခဲ့ရတာ။
ဘုရားစောင့်နတ်တွေ ကများ ဒီမြင်ကွင်းကို ခေါ်ပြလေသလား မသိ။ မည်သို့ပင် ဖြစ်စေအခြေအနေ အရပ်ရပ်ကို သူသိလိုက်ရပြီ။ အမျိုးဘာသာသာသနာ အတွက်လူတိုင်းမှာ တာဝန်ရှိတယ်။ တာဝန် ရှိသူဟာ တာဝန်ကိုသိရမယ်။ သိသည့်အတိုင်းလဲ ဆောင်ရွက်ရမယ်။ ရန်မျိုး အောင်ဟာ လူငယ်ပေမဲ့ စိတ်ထားသေး ငယ်သူတော့မဟုတ်။ တာဝန်ရှိလာရင် ဆောင်ရွက်ရန်အဆင်သင့်၊ သာသနာအတွက်ဆိုရင် ပိုလို့ပင် ကြိုးစားချင်သူ။ ဒီကာမမှောင်အတွင်းက ဗုဒ္ဓရုပ်ပွားတော် ကြီးကို ပင့်ထုတ် ရမယ့်တာဝန်ဟာငါ့တာဝန်လို့ ဦးထိပ်မှာတင်ကာခံယူ လိုက်တော့တယ်။ “ဘုရားရုပ်ပွား တော်ကြီးကို ငါရအောင်ပင့်မယ်”လို့ သံဒိဋ္ဌာန်ချ ဆုံးဖြတ်လိုက်တယ်။ သူရဲ့ အဓိပတိစွမ်းအားရှိတဲ့ ဆန္ဒအလင်းရောင်ဟာ ဒီဝန်းကျင် ကာမမှောင် ကိုကျော်လွန်ကာ တောက်ပခဲ့ပေပြီ၊၊
ရန်မျိုးအောင်ဟာ နောက်နေ့မှာစောစောအလုပ်ဆင်းဖြစ်
ဆူရှီဘားမှာ အလုပ်လုပ်ရင်း ဆိုင်ရှင် သူဋ္ဌေးအလာကို စောင့်နေတယ်။သူဋ္ဌေးရောက်လာပြီး
ရန်မျိုးအောင်ဟာ သူ့ကြံ စည်ထားတဲ့အတိုင်း ဟောဟောဒိုင်းဒိုင်းပြောချလိုက်
သူဋ္ဌေးက ဒီကောင် မတန်မရာ ဘာတွေလာပြောနေ တာလဲဆိုတဲ့သဘောမျိုးနဲ့ လှောင်ပြုံးပြုံးလိုက်ပြီး ဦးခေါင်းကို ငြင်သာစွာရမ်းပြလိုက်တော့ ရန်မျိုးအောင်ခေါင်းငိုက် ဆိုက်ဖြင့် အခန်းထဲကထွက်ခဲ့ရရှာတော့တယ်။ ပြောဆိုမာန်မဲ မလွှတ်လိုက်သည်ကိုပင် ကျေးဇူးတင်ရမလို။ ရန်မျိုးအောင်ဟာ အလျှော့မပေးစိတ်ဓါတ်မကျခဲ့၊ ဆိုင်မန်နေဂျာအမျိုးသ္မီးထံချဉ်း
ဘာမှတော့ အကြောင်းမထူးခဲ့။တနေ့တော့ မန်နေဂျာကိုပြောမိတယ် “ ဒီဗုဒ္ဓရုပ်ပုံတော်က ငါတို့ ဗုဒ္ဓဘာသာတွေအတွက် အထွတ်အမြတ်ကိုးကွယ်တဲ့ဗုဒ္ဓ၊ နင်တို့ ကိုးကွယ်တဲ့ ဘုရားကို အခုလိုမရိုမသေ မဖွယ် မရာတွေ ပြုလုပ်နေတာကို တွေ့ရင် နင်တို့ကြိုက်ပါ့ မလား။ ငါတို့ဗုဒ္ဓကို ဒီလိုပြုလုပ် နေတာကိုမြင်ရတော့ ငါသိပ်စိတ်ဆင်းရဲရတယ်။” လို့ မအောင့်ပဲခံစားမိတဲ့ အတိုင်းပြောချလိုက်မိတယ်။ သူတို့အားလုံးက ဗုဒ္ဓဘာသာ မဟုတ်ကြဘူးလေ။ ရန်မျိုးအောင် စကားကြောင့် မန်နေဂျာ ငိုင်ပြီး တွေဝေသွားတယ်။ သူပြောတာ အမှန်တရားပဲလို့ ယူဆသွားပုံရတယ်။ အသိတရားရှိသူတိုင်း အမှန်တရားကို လက္ခံကြမည်သာ…။ ပြောချင်တာတွေ ပြောလိုက်ရလို့ ရန်မျိုးအောင်ရင်ထဲမှာ အနည်းငယ်ပေါ့သွားတယ်။ သူဋ္ဌေးကိုလဲပြောပြလိမ့် မယ်လို့ မျှော်လင့်မိရင်း ကျေနပ်နေမိတယ်။
ရန်မျိုးအောင်မှာ သူဋ္ဌေးက မခန့်ပါပဲ အလုပ်တစ်ခုတိုးခဲ့ပြီ်၊ အလုပ်ကိုစောစောလာပြီး ညကမြူတူးပျော်ပါး သောက်စားကြရင်း ဗုဒ္ဓရုပ်ပွားတော်ကြီးပေါ်မှာ တင်ထားခဲ့တဲ့အရက်ခွက်တွေ၊ ပေကျန်နေတဲ့အရက်စက်တွေ၊ ဘုရားဝန်းကျင်မှာ စွန့်ပစ်သွားကြတဲ့အရက်ခွက်တွေကု
ဒီလိုနဲ့ ရက်တွေ လတွေပြောင်းခဲ့ပေမဲ့ ရန်မျိုးအောင်မျှော်လင့်ချက်ကေ
စာရေးသူထံ ကိုလည်းဖုံးဆက်ခဲ့တယ် “ဆရာတော် နဂါးရုပ်ကြီးကြီး ဘယ်မှာရနိုင်မလဲဘုရား။” “တရုပ်ဆိုင်တွေမှာ ရှိမှာပေါ့ကွာ”လို့ လွယ်လွယ်ပဲ ဖြေလိုက်တယ်။ အကျိုးအကြောင်းလည်း မမေးလိုက်မိပါ။ နဂါးရှာရင်းငွေခြောက်ထောင်အတွက်
နောက်ရက် အလုပ်ဆင်းတော့ ၀တ္တရားမပျက် ဘုရားကြီးကို သန့်ရှင်းပူဇော်ပြီး ဘုရားရဲ့လက်တော်ကို လက်နှစ် ဖက်နဲ့ တင်းကျပ်စွာကိုင်ကာ “အရှင်ဘုရားကို ပင့်နိုင်တော့မည်ဘုရား”လို့ အားပါးတရလျှောက် ထားလိုက်မိတယ်။ သူဋ္ဌေးလာတော့ သူဋ္ဌေးရုံးခန်းထဲကို အောင်လံကိုင်သွားသူလို ရွှင်လန်းတက်ကြွစွာ ၀င်ခဲ့ပြန်တယ်။တတိယအကြိမ် ၀င်ခဲ့ခြင်းပေါ့။ “ ရန်- မင်းနဂါးတွေ့ပြီလား။” “ဟုတ်ကဲ့၊ တွေ့ခဲ့ပြီ၊နဂါးကြီးက သိပ်လှတာပဲဗျာ။” “မင်း နဂါးက ဘယ်နှစ် ပေလောက်ရှိလဲ။” “၇-ပေရှိပါတယ် ခင်ဗျာ။” “ငယ်တယ်ကွာ၊ ငါက ၁၀ ပေအထက်နဂါးပဲလိုချင်တယ်”။ရန်မျု
------------------------------
ရန်မျိုးအောင်တစ်ယောက် ဂုဏ်တော်ပေါက်လေမလား၊ လူပေါက်နေသူလို့ ထင်ကြလေမလား မသိ၊ တချိန်လုံးဂုဏ်တော်တွေကိုသာရွတ်
ငွေထုပ်ပိုက်ပြီး သူဋ္ဌေးရုံခမ်းထဲကို ရောက်ခဲ့ပြီ၊ “ငွေခြောက်ထောင်ပေးပါ့မယ်၊ ခြောက်လလည်း အခမဲ့အလုပ်လုပ်ပေးပါမယ်” ဆိုတဲ့ ကတိစကားအရ သူဋ္ဌေးအား ခြောက်ထောင်ပေးချေလိုက်တယ်။ “မင်းမိုလို့ ဒီဗုဒ္ဓကြီးကို ရောင်းပေးတာပါ၊ အရင်ကလဲ ခဏခဏလာဝယ်ကြတယ်၊ ဒို့မရောင်းခဲ့ပါဘူး။ ဒီဗုဒ္ဓကို တရုပ်ပြည်ကမှာယူထားတာ၊ ဒေါ်လာ နှစ်သောင်းခွဲကျတယ်။ မင်းပေး တာက အစွန်းထွက် လောက်ပဲရှိပါတယ်။” “ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ၊ အခုလိုရောင်းပေးတဲ့ အတွက် ခင်ဗျားတို့မှာလည်း ကောင်း ကျိုးတွေဖြစ်မှာပါ။ ဖြစ်ပါစေလို့လည်း ကျွန်တော် ဆုတောင်းပါတယ်။” အလုပ်ကိစ္စအတွက် ဆက်လက်ဆွေးနွေးကြတယ်။ ခြောက်လအခမဲ့လုပ်ပေးရန် မလို၊ လုပ်ခ တစ်ဝက်ပေးမည်၊ တနှစ်တိတိလုပ်ပေးရမည်။ တစ်နာရီ ဆယ့်ငါးဒေါ်လာဖြင့်လုပ်နေရာမှ ကိုးဒေါ်လာဖြင့်လုပ်ရန် နှစ်ဦးသဘောတူလိုက် ကြတယ်။ ဘုရားကျွန်ဖြစ်လိုသော ရန်မျိုးအောင်.. ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘုရားအတွက်ဆို လုပ်မယ်လို့ဆုံးဖြတ် ပြီးသားဖြစ်လို့ ဘာမျှအခက်အခဲမရှိ။ ရန်မျိုးအောင်က ကတိတစ်ခုတောင်းဆိုလိုက်တယ်။ “နောင်ကို ဒီနေရာမှာ ဗုဒ္ဓရုပ်ပုံတော်တွေ ဘယ်တော့မှ မထားပါနဲ့ခင်ဗျာ၊ ဒီကတိလေးတစ်ခုတော့ ကျွန်တော့ကို ပေးပါဗျာ။”သူဋ္ဌေးကပြုံးပြုံးကြီ
ရန်မျိုးအောင် ဘုရားကြီးအတွက် ပေးဆပ်လိုက်ရတဲ့ တန်ကြေးမှာ နည်းလှသည်မဟုတ်။ ငွေကြေး ပမာဏဘက်ကကြည့်ရင် လက်ငင်းခြောက်ထောင်ပေးဆပ်ရသည့်
ဒါ့အပြင် ဆူရီ Menu အသစ်ပြောင်းတိုင်းရမည့် $ 3,000 ကိုလည်း ထပ်ဆောင်းရပြန်သေး၊၊
လူမှုရေးဘက်ကကြည့်ရင် တစ်နှစ်လုံး ခြေချုပ်မိရပြီ၊ ဒီထက် ၀င်ငွေကောင်းတဲ့အလုပ်မျိုးပြော
ဒီထက်ဆိုးသည်မှာ မိဘများနှင့်တွေ့ခွင့်မရခြင်း
အတွယ်အတာလည်း မရှိတော့ မိဘများကိုပိုလွမ်း နေမိတယ်၊ သိပ်တွေ့ချင်နေပြီ။ ပြန်ခွင့်ရရခြင်းပြန်မယ်လို့ မျှော်လင့်ချက်ကြီးလည်း ဘယ်တော့ပြည့်မည် မမှန်းသာခဲ့…။
ကံများကလဲဆန်းပါဘိ၊ ဘုရားကြီးအတွက် သဲသဲမဲမဲ အားခဲကြိုးစားနေတဲ့ အောက်တိုဘာလကမှပြန်ခွင့်ရခဲ့တယ်
မိဘနဲ့တွေ့လိုရေးထက် ဘုရားကြီးပင့်လိုရေးက ပိုအရေးကြီးနေချိန်မို့ ဘုရားကြီးပင့်ပြီးမှ ပြန်တော့မယ် လို့ မိဘတွေ့လိုစိတ်ကို မျိုသိပ်ထားခဲ့ရပြန်တယ်။ ဘုရားကြီးပင့်ပြီးမှပြန်မယ်ပေါ့
မှန်တယ် တစ်ချိန်က သူဟာဆေးစွဲခဲ့ဖူးသူ၊၊
ဆူရှီဆိုင်ရလို့ ကိုယ်တိုင်ဆိုင်ဖွင့်သူ၊၊
အရွယ်က ငယ်ငယ်၊ ငွေကရွှင်ရွှင်၊ အပေါင်းအသင်းတွေက လဲများပါဘိ၊ အမေရိကန်မှာ လွတ်လပ်တယ်ဆိုပြီး လွတ်လပ်မှုတွေကိုအလွဲသုံးစားလုပ်
နောက်ဆုံးတော့ ဆေးသ္မားဖြစ် ကာ ဆိုင်လည်းမရှိ၊ ငွေလည်း ဗလာနတ္ထိ၊ အားကိုးစရာလည်း မရှိဖြစ်ကာမှစာရေးသူထံရောက်လာခဲ
သူ့ကိုစောင့် ရှောက်ပြီး ဆေးသ္မားဘ၀က လွတ်မြောက်အောင် ကယ်တင်ခဲ့ရတယ်၊
လမ်းမှန်ရောက်အောင် တင်ပေးခဲ့ရတယ်။ မူလ ဓါတ်ခံ စိတ်ရင်း ကောင်းသူမို့ ပြင်ရတာ သိပ်မခက်လှ၊၊
သူဟာ လူကောင်းပကတိဖြစ်ယုံမက မူးယစ်ဆေး၊ အရက် သေစာအားလုံးကို နာကျည်းစွာဖြင့်စွန့်ပယ်နိုင်ခဲ
ခုတော့ ဘုရားဒါယကာကြီး ကိုရန်မျိုးအောင် ဘုရားကြီးပင့်၍ ရောက်လာပေပြီ။
သူ့ကိုကြည့်ပြီး စာရေးသူ ပီတိတွေ တသိမ့်သိမ့်ဖြစ်ခဲ့ရပါပြီ။ ပိုးကင်းပြီး ဖူးပွင့်လာတဲ့ ပန်းပွင့်လေးကိုကြည့်ပြီး ပီတိဖြစ်နေတဲ့ ဥယျာဉ်မှူးလိုပင်၊၊
ဘုရားကြီးကလည်း ဘုန်းတော်ကြီးပါပေတယ်၊ ကျောင်းတော်က အဆင်သင့်ပဲ၊ ဒေါ်လာခြောက် သောင်းကျော် အကုန်အကျခံပြီးဆောက်လုပ်ထားတဲ့ မဏ္ဍပ်ကြီးက အောက်တိုဘာလကမှဆောက်ပြီးခဲ့ပါ
မာရ်နတ်ရဲ့ အသင်း အပင်း ကာမမှောင်အတွင်းမှ လွှတ်မြောက်တော်မူခဲ့ပြီး ဗောဓိအောင်မြေမှာ စံတော်မူလေသကဲ့သို့ အေးငြိမ်း တိတ်ဆိတ် အဇူဇာကျောင်းတော်ရိပ်မှာ နိဗ္ဗာနဓါတ် ချမ်းသာ မြတ်ကို ခံစားတော်မူလေပြီ။
ဘုရားဒါယကာ ကိုရန်မျိုးအောင်ရဲ့ စေတနာ သဒ္ဓါတရားများ၊အဓိပတိပစ္စည်းစွမ်း
သာဓုခေါ်လောက်ပါပေစွ၊၊
ငွေမချမ်းသာသော်လည်း သဒ္ဓါစတဲ့ သူတော်ကောင်း တရားများ ချမ်းသာတဲ့သူမို့ တာဝန်ရှိရှိ တာဝန်သိသိ ဖြင့် ဆောင်ရွက်နိုင်ခဲ့ပေပြီ။
အမေရိကန်လိုပြည်ပနိုင်ငံများမှာ ကိုရန်မျိုးအောင် လို သာသနာပြုလိုသူများ လိုအပ်နေပါပြီ။
တစ်ချို့ နိုက်ကလပ်များမှာ ဘုရားရုပ်ပွားတော်များ ရှိနေပါ သေးတယ်။ ကမ္ဘာကျော်အပျော်အပါးမြို့ဖြစ်တဲ
ဗုဒ္ဓဆင်းတုတော်များကို မတော်တဲ့ နေရာဌာနတွေမှာ အသုံးပြုနေတာမျိုးတွေ ပပျောက် အောင် ဆောင်ရွက်ကြဖို့ ရန်မျိုးအောင်တွေ တစ်ရာမက ရှိစေချင်စမ်းပါဘိ၊၊
အရှင်ဧသက
ဗြဟ္မ၀ိဟာရ (အဇူဇာကျောင်း)
လော့စ် အိမ်ဂျလိစ်မြို့၊ အမေရိကန်
www.ashinayethaka.com (မြတ်ပဋ္ဌာန်း)