This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Thursday, September 20, 2012
ဗီဒီယိုရုပ်ရှင် ဘယ်တော့မှ မရိုက်တော့ ဘူးဆိုတဲ့ မယ်လိုဒီ
ဗီဒီယိုရုပ်ရှင် ဘယ်တော့မှ မရိုက်တော့ဘူးဆိုတဲ့ မယ်လိုဒီမယ်လိုဒီနဲ့ မဆုံဖြစ်တာ အတော် ကြာပါပြီ အခုတစ်ပတ် မယ်လိုဒီ ပါဝင် သရုပ်ဆောင် ထားတဲ့ ဟာသရုပ်ရှင် ပရက်ရှိုးအပြီး စကား ပြောဖြစ်တဲ့အခါ  “မျိုးဘာမှ မရိုက်တော့ဘူးလေ။ မကြီးစန်းတို့လို တကယ်ရင်းနှီးတဲ့ မိတ်ဆွေတွေအတွက်လောက်ပဲ ဓာတ်ပုံရိုက်ပေးတာ ရှိတယ်။ ဖက်ရှင်ရှိုးလည်း အဲဒီလိုပါပဲ။ စေတနာနဲ့ လျှောက်ပေးတာပဲ ရှိတော့တယ်။ Professional မလုပ်တော့ဘူး။
နိုင်ငံခြားမှာနေတယ် ဆိုတာကလည်း မဟုတ်ပါဘူး။ တခြားစီးပွားရေးက အရင်ကတည်းက လုပ်ထားတာပါ။ အနုပညာအနေနဲ့ မပတ်သက်တဲ့ အလုပ်ပါ။ ခုတော့ အိမ်မှာနေရင်း မိဘကို လုပ်ကျွေးပြုစုနေပါတယ်။ ဗီဒီယိုရုပ်ရှင် မရိုက်တော့ဘူးလို့ ပြောခဲ့တာကို ဘယ်တော့မှ ပြောင်းမှာ မဟုတ်ပါဘူး။ မယ်လိုဒီဆိုတာ မိန်းမပေမယ့် ကတိတည်တယ်။ စကားတစ်ခုကို လွယ်လွယ်မပြောဘူး။ မိန်းမတစ်ယောက်ရဲ့ ကတိ ဘယ်လောက်တည်တယ် ဆိုတာကို ပြတတ်တယ်။ စကားကို လက်လွတ်စပယ် ပြောခဲ့တာ မဟုတ်ဘူး။
အနုပညာနယ်က လူတွေနဲ့ တွေ့ဖြစ်လား ဆိုတော့ ဆုံနေကျလူတွေနဲ့တော့ တွေ့ဖြစ်ပါတယ်။ အခုတော့ အိမ်အလုပ်ပဲ လုပ်ဖြစ်တယ်။ မိသားစုကလည်း သုံးယောက်ပဲ ရှိတာလေ။ အိမ်ထဲမှာပဲ နေဖြစ်တယ်။ ကလပ်သွားတာတို့၊ သောက်စားပျော်ပါးတာတို့ မရှိတော့ဘူးလေ။ အေးအေးဆေးဆေးပဲ နေတယ်။ အခုကျမှ လူတွေက မယ်လိုဒီရဲ့ type အစစ်ကို မြင်ရတာလေ။
အရင်ကဆို မယ်လိုဒီဆိုတာ အပြင်မှာ ဖလန်းဖလန်း ထတဲ့သူလို့ မြင်ထားတာကိုး။ အဲဒီလို မြင်အောင်လည်း ပြောတဲ့လူကလည်း ပြောတာကိုး။ အမေက တစ်သက်လုံး ကိုယ့်ကို ကျွေးမွေး လာတာဆိုတော့ ကိုယ်လူကြီး ဖြစ်တဲ့အချိန်မှာ မိဘကို ပြန်ပြုစုရမယ်လေ။ အဲဒီအသိစိတ်နဲ့ နေပါတယ်” လို့ လတ်တလော မယ်လိုဒီရဲ့ စကားကို ကြားခဲ့ ရပါတယ်။
လစဉ်လခယူ၍သင်ကြားနေကြသော ကျောင်းကျူရှင်များ
ရန်ကုန်တိုင်း ရွှေပြည်သာမြို့ နယ်ရှိ အစိုးရအခြေခံပညာ မူလတန်းလွန်ကျောင်း၊ အမှတ်(၂၈)တွင် နေ့စဉ်ကျောင်းတွင်း စာသင်ချိန်၊ နံနက် (၉း၃၀)မှ ညနေကျောင်း ဆင်းချိန် (၃း၀၀)ပြီး နောက်တွင် ကျောင်းတွင်းတွင်၊ ကျောင်းအချိန်ပို သင်ကြားခြင်းဟု့ သတ်မှတ်၍ မူလတန်းအဆင့်မှ အလယ်တန်းအဆင့်အထိ မည်သည့် ကျောင်းသားကိုမဆို ကျောင်းသား တစ်ဦးလျှင် တစ်လလျှင် (၅၀၀၀) ကျပ်ဖြင့် တစ်နာရီခန့်မျှ၊နေ့စဉ် သင်ကြားလျှက်ရှိ ကြောင်း ကျောင်းသားမိဘ တဦးက Myanmar News Now ကို ပြောပါသည်။
အခြေခံပညာရေး ၀န်ကြီးဌာနမှ သတ်မှတ်ထားသည်မှာ၊ မူလတန်းအဆင့်အား အခမဲ့ပညာရေးစနစ် ဖြစ်သည်ဟု့ဆိုသော်လည်း  ရွှေပြည်သာမြို့နယ်ရှိ ထို အမှတ်(၂၈) မူလတန်းကျောင်းနှင့်၊ အခြားသော
မူလတန်းကျောင်းများ၊ အထက်တန်းကျောင်းများဖြစ်သည့် အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁)နှင့် အခြေခံပညာ မူလတန်းကျောင်း အမှတ်(၁၆)တို့တွင်လည်း  ပုံမှန်ကျောင်းဆင်းချိန် အပြီး နောက်တွင်ကျောင်းတွင်းတွင် ဆက်လက်၍ လစဉ်လခများဖြင့် ကျောင်းကျူရှင်ဟု သတ်မှတ်၍ သင်ကြားလျှက်ရှိ ကြပါသည်။
ထိုကျောင်းကျူရှင်များတွင် တက်ရောက်သော ကျောင်းသားများကိုသာ လစဉ်စစ်ဆေးသော လပတ် စာမေးပွဲများနှင့် နှစ်ဝက်စာမေးပွဲများ၏ မေးခွန်းများကို အတိအကျ ထုတ်ပေးပြီး ၊တစ်လလျှင် ငါးထောင် ဖြင့် လခပေး၇သော ထိုကျောင်းကျူရှင်သို့ မတက်ရောက်နိင်ကြသော၊ ချို့တဲ့နွမ်းပါးကြသည့် ကျောင်းသား များမှာမူ၊ မည်သည့်စာမေးပွဲ မေးခွန်းမျှမရရှာပဲ၊ စာမေးပွဲဖြေဆိုရာတွင်၊ ကျောင်း ကျူရှင် တက်ရောက်ကြသော၊ ကျောင်းသားများနှင့် အလွန်ပင်ကွာခြားနစ်နာကြရပါသည်ဟု ကျောင်းသားမိဘ တဦးက ပြောပြပါသည်။
သို့ပါ၍ အခြေခံပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်း၊ စာသင်ကျောင်း အတွင်းတွင်၊ ကျောင်းသားများထံမှ့ လခယူ၍ သင်ကြားနေကြခြင်းကို ထိရောက်စွာ တားမြစ်အရေးယူသင့်ပါကြောင်း ကျောင်းသားမိဘများကို Myanmar News Now ကို ပြောဆိုပါသည်။
အန္တရယ်ရှိ အဆိပ်ပန်းများ
တောင်ကြီးမြို့ပို့ဆောင်ရေးစီးမံကိန်းဦးစီဌာန ညွှန်ကြားရေးမှူးဦးဇော်ဝင်းနိုင်မှ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏
၃၁.၈.၂၀၁၂ ရက်စွဲပါစာအမှတ်(၇၇၃၂)/၃-၅၀၇/အစရ(ရှမ်း)ဖြင့် ညွှန်ကြားချက်အရ ၆.၉.၂၀၁၂ တွင်အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်အစည်းအဝေးတွင် ဟဲဟိုးမြို့ ပန်းဇုန်ဥက္ကဌ ဦးဘိုးကင်းမှ ဟဲဟိုးဒေသထွက်ရှိသော ပန်းများမှာ ဈေးကွက်သို့မတင်ပို့မီရှေ့ရက် အထိ ပိုးသတ်ဆေး၊ မှိုသတ်ဆေး များဖြန်းထားရကြောင်း အန္တရာယ်ကြီးမားကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။
ထိုကြောင့် လူတို့ကိုဆိုးကျိုးများစွာ ပေးနိုင်သော ပိုးသတ်ဆေး မှိုသတ်ဆေးတို့၏ အန္တရာယ်ဆိုးမှ ကင်းဝေးနိုင်ရန် ဟဲဟိုးဒေသမှထွက်ရှိသည့် ပန်းများနှင့် ဆက်စပ်သူမှန်သမျှ (ပန်းဒိုင်ဖွင့်ရောင်း/၀ယ်သူများ၊ သယ်ယူပို့ဆောင်သူ များ၊၀ယ်ယူသုံးစွဲသူများ)သည် ဟဲဟိုးဒေသထွက်ပန်းများပေါ်တွင် အလွန်အကျွံပိုမို သုံးစွဲပက်ဖြန်းထားသောဓာတု ဆေးများ၏ ဆိုးကျိုးကြောင့် အသက်တိုခြင်း၊ အနာရောဂါမျာဖြစ်ခြင်း၊ ကလေးငယ်များ ကိုယ်အင်္ဂါချို့တဲ့ခြင်းလူစဉ် မမှီခြင်း၊ပညာရည် နိမ့်ပါးခြင်းစသည့် လူမျိုးတုံးစေမည့် အန္တရယ်ရှိ အဆိပ်ပန်းများအား သတိထားစေချင်ပါကြောင်း ဆွေးနွေးပြောဆို ခဲ့ကြ ကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။
ဖားကန့်စစ်ဗျူဟာမှူးနဲ့ KIA တပ်ရင်းမှူး တို့ကို ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈မျိုးဆက် ကျောင်းသားများက သီးခြားစီတွေ့ဆုံ
(Photo: 88 Generation Students Group-)
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသကို ငြိမ်းချမ်းရေးခရီးစဉ် အဖြစ် ဒီလ ၁၆ ရက်နေ့က ၁၈ရက် နေ့အထိ ရောက်ရှိခဲ့တဲ့ ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ ဖားကန့်ဒေသ စစ်ဗျူဟာမှူးနဲ့ KIA တပ်ရင်းမှူး တို့ကို သီးခြားစီ နှုတ်ဆက် တွေ့ဆုံခဲ့ပြီး လတ်တလော ဖြစ်ပေါ်နေတဲ့ ဖားကန့်ဒေသ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တိုင်းရင်းသား ညီအစ်ကို အချင်းချင်းကြားထဲမှာ မတိုက်ချင်ဘဲ တိုက်နေရတဲ့ စစ်ပွဲတွေ အမြန်ဆုံး ရပ်စဲနိုင်ဖို့ ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေ ရှိတယ်လို့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဋ္ဌေးကြွယ်က ဖားကန့် ခရီးစဉ်နဲ့ ပတ်သက်ပြီး မနေ့ည ၁၀နာရီအချိန် မိုးကောင်းမြို့ ရွာသစ်ရပ်ကွက်ရှိ ဒေသခံ တဦးနေအိမ်မှာ ပြုလုပ်တဲ့ မီဒီယာနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုပါတယ်။
ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ ၈၈မျိုးဆက် ကျောင်းသားတွေဟာ ဖားကန့်ဒေသ ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် ရောက်ရှိနေချိန် အခုလ ၁၇ရက်နေ့ ညနေ ၆နာရီအချိန်က ဖားကန့်ဒေသအမှတ် ၂ ယာယီ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန်းဋ္ဌေးနဲ့ တွေဆုံခဲ့ပြီး နောက်တစ်နေ့မနက် ၈နာရီခွဲမှာ ဖားကန့်မြို့နယ် ကံဆီး အခြေစိုက် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA ) တပ်ရင်း၆ ရဲ့တပ်ရင်းမှူး အင်ခွန်ဇော်ဒွဲနဲ့တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ ဖားကန့်ငြိမ်းချမ်းရေး ခရီးစဉ်အတွင်း ဘာသာရေး ခေါင်းဆောင်တွေ၊ မြို့မိမြို့ဖတွေ၊ ဒေသခံပြည်သူတွေနဲ့ အတူ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် စုပေါင်း လက်မှတ်ရေထိုးခဲ့တာ ဒီကနေ့ဆိုရင် လက်မှတ်ရေးထိုးသူ ၁သောင်းကျော် ရှိပြီလို့ သိရပါတယ်။
Copy from - RFA Burmese
စစ်ဆန့်ကျင်ရေး ဆန္ဒပြလိုသူများ ခွင့်ပြုမိန့်မရ
Photo: ငြိမ်းချမ်းရေးအတွက် ၈၈ နှင့် ဖားကန့်ပြည်သူများ လက်မှတ်ထိုးတောင်းဆို-
ဖနိဒါ | တနင်္လာနေ့၊ စက်တင်ဘာလ ၁၇ ရက် ၂၀၁၂ ခုနှစ် 
ချင်းမိုင်(မဇ္စျိမ) ။       ။ တတိုင်းပြည်လုံး ငြိမ်းချမ်းရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများ အပါအဝင် ဖားကန့်မြို့မှ မြို့မိမြို့ဖများ၊ ဒေသခံ ပြည်သူများ၊ ခရစ်ယာန်ဂိုဏ်း ပေါင်းစုံမှ ဘုန်းတော်ကြီး၊ သင်းအုပ်ဆရာများ၊ ဗုဒ္ဓဘာသာ
ကျောင်းထိုင် ဆရာတော်ကြီးများက ဖားကန့် မြို့မ ဘုန်းကြီးကျောင်းတွင် စုပေါင်း၍ လက်မှတ်ရေးထိုး၍ တောင်းဆို လိုက်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်က ပြောသည်။
ကိုမင်းကိုနိုင် အပါအဝင် ကျောင်းသားခေါင်းဆောင်များသည် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်သည့် တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းတွင် စက်တင်ဘာလ ၁၅ ရက်နေ့က ကျင်းပသည့်
ဟောပြောပွဲသို့ တက်ရောက်ခဲ့ပြီးနောက် ဖားကန့်မြို့ရှိ စစ်ပြေးဒုက္ခသည်များအား သွားရောက်တွေ့ဆုံ၍ ယခုကဲ့သို့ စုပေါင်း ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“ဖားကန့်ဒေသမှာ လက်ရှိ ဖြစ်နေတဲ့ နှစ်ဖက် တပ်ကြားမှာ ကြောက်နေတဲ့ ပြည်သူတွေ စိုးရိမ်နေကြတယ်။ စစ်ပွဲနဲ့
ဖြေရှင်းမယ့်အစား တွေ့ဆုံဆွေးနွေးနိုင်ဖို့ကို ဖြေရှင်းကြဖို့ ပြည်သူတွေကနေ လိုလားတောင်းဆိုနေပါတယ်။ ပြီးတော့ ကချင်တခုလုံး ငြိမ်းချမ်းဖို့၊ ဖားကန့်ဒေသ ငြိမ်းချမ်းဖို့၊ ပြည်ထောင်စုကြီး တခုလုံး ငြိမ်းချမ်းဖို့ အတွက်ကို အားလုံးက ဆန္ဒပြုကြတယ်” ဟု ကိုဌေးကြွယ် က ပြောသည်။  
အဆိုပါ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး အဆိုပြုလွှာကို သမ္မတ ဦးသိန်းစိန် အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးထံသို့ ပေးပို့မည် ဖြစ်ကြောင်း သိရသည်။
ဖားကန့်မြို့ပေါ် စစ်ပြေးဒုက္ခသည်စခန်းပေါင်း ၄၁ နေရာရှိပြီး ဒုက္ခသည်လူပေါင်း ၈,၇ဝဝ ကျော်ရှိရာ ၎င်းတို့အား အားပေး နှစ့်သိမ့်စကားပြောဆိုခဲ့ပြီး နေရာထိုင်ခင်းနှင့် အစားအသောက်များအတွက် အကူအညီများ လိုအပ်နေသည် ဟု ကိုဌေးကြွယ်က ပြောသည်။
မြန်မာအစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား အပစ်အခတ် ရပ်စဲ၍ လမ်းပန်းဆက်သွယ်ရေးများ အမြန်ဆုံး ပြန်ဖွင့်ဖို့လိုကြောင်းနှင့် လုပ်ငန်းများ ရပ်ဆိုင်းထားသဖြင့် အချိန်ကြာမြင့်လာပါက အစားအသောက်များ အကြပ်အတည်း ဖြစ်လာနိုင်ကြောင်း သူက ဆိုသည်။
မေလ ၃၁ ရက်နေ့မှစတင်၍ အစိုးရက စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းစေလိုက်သဖြင့် ကျောက်ကုန်သည် လုပ်ငန်းရှင် များ အားလုံး ရပ်ဆိုင်းခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်မှုမှာ ယခုဆိုလျှင် သုံးလကျော် ကြာမြင့်သွားပြီ ဖြစ်သည်။
၈၈ ကျောင်းသားများက မြစ်ကြီးနားမြို့ပေါ်ရှိ ဒုက္ခသည်များအတွက် ကျပ် ၁၇၅ သိန်း လှူဒါန်းခဲ့ပြီး ပူတာအိုမြို့နယ် တွင် ဆန် ပြတ်လတ်မှုများ ရှိနေသဖြင့် ကျပ် ၂၅ သိန်း လှူဒါန်းခဲ့ကာ ဖားကန့်မြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည်များအတွက်မူ ကျပ် သိန်း ၅ဝ ကျော် လှူဒါန်းခဲ့သော်လည်း လိုအပ်ချက် အများအပြား ရှိနေသေးကြောင်း ကိုဌေးကြွယ်က ပြောသည်။
“လိုအပ်ချက်နဲ့ ကျနော်တို့ လှူဒါန်းငွေက အရမ်းကို ကွာဟလွန်းပါတယ်။ လိုအပ်ချက်က အများကြီး ရှိနေတယ်။ နေရာ ထိုင်ခင်းက ဘုန်းကြီးကျောင်းမှာဆိုရင် ဆွမ်းစားဆောင်တွေကစ မကျန်တော့ဘူး။ ဘုရားကျောင်းတွေမှာ ဆိုရင်လည်း ဘုရားဝတ်ပြုတဲ့ ခန်းမတွေကစ မကျန်တော့ဘူး။ အားလုံးဖြစ်အောင် စီစဉ်နေရတဲ့ သဘော ရှိတာပေါ့။ ရေလျှံနေ
တော့ ပိုဆိုးတာပေါ့” ဟု ပြောသည်။
၈၈ ကျောင်းသား ခေါင်းဆောင်များသည် ဖားကန့်မြို့ နှစ်ခြင်းအသင်းတော် ဘုရားကျောင်း၊ အေးမြသာယာ ရပ်ကွက် မှ ရဝမ်ကုန်း ဧဝံဂေလိ ဘုရားကျောင်း၊ မှော်မုန် ကျေးရွာမှ နှစ်ခြင်းဘုရားကျောင်းနှင့် ဇေယျဝတီ ကျောင်းတိုက်နှင့် သန်းကြွယ် မစိုးရိမ် ကျောင်းများ အပါအဝင် ငါးနေရာမှ စစ်ပြေး ဒုက္ခသည်များအား တနင်္လာနေ့တွင် သွားရောက်
တွေ့ဆုံ၍ အားပေး စကားပြောဆိုခဲ့ကြသည်။
တနင်္ဂနွေနေ့ကလည်း ဖားကန့်လှောန်ခန်၊ မှော်စီဆာ၊ နမ်းမဖြစ်ရပ်ကွက်ရှိ ကက်သလစ် ဘုရားကျောင်းနှင့် ငှက်ပျော်
တော ရပ်ကွက်ရှိ စိတ်ပတ်ထရစ် ဘုရားကျောင်းများရှိ စစ်ပြေးဒုက္ခသည်များအား အားပေးစကား ပြောကြားခဲ့ကြောင်း ကက်သလစ် အသင်းတော်မှ ဆရာနော်ဂျာက ပြောသည်။
“စစ်ပြေး ဒုက္ခသည်တွေကို အားမငယ်ဖို့ အားလုံး စည်းလုံးညီညွတ်ကြဖို့ရယ်။ နောက်ပြီး ကျောင်းသူတယောက် ပစ်သတ်ခံရတဲ့ ကိစ္စတွေကို ကမ္ဘာသိအောင် ဖော်ထုတ်ဖို့နဲ့ အကြောက်တရား ကင်းဖို့ကို ဟောပြောပါတယ်” ဟု မဇ္စျိမကို ပြောသည်။  
စက်တင်ဘာလ ၁၃ ရက်နေ့က အစိုးရတပ်ဘက်မှ ပစ်ခတ်ခံရ၍ သေဆုံးသွားသူ ဆွတ်ငိုင်ယန် ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် နဝမတန်း ကျောင်းသူ မဂျာဆိုင်းအိန် ၏ မိဘနှစ်ပါးနှင့်လည်း တွေ့ဆုံ၍ အားပေးစကား ပြောဆိုခဲ့
ကြောင်း သိရသည်။
မြန်မာတနိုင်ငံလုံး သွားလာခဲ့ရာ ခရီးစဉ်တခုလုံးထဲတွင် ဖားကန့်လမ်းသည် အခြေအနေ အဆိုးရွားဆုံး ဖြစ်ကြောင်း ၈၈ ကျောင်းသားများက မှတ်ချက်ပြုကြသည်။
ဖားကန့်မြို့ပေါ်တွင် လူမျိုးချင်း သွေးခွဲနေမှုများအား လက်မခံကြောင်း ၈၈ တို့က ဟောပြောခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ဦးဒရှီလဆိုင်းက ပြောသည်။
“ကျနော်တို့ လူမျိုးအချင်းချင်းကို သွေးကွဲတာတွေ လုပ်ဆောင်နေတဲ့ လူတွေကို လက်မခံဘူး။ ဒါမျိုးတွေ မလုပ်ကြဖို့
ပြောတယ်။ နောက် ကိုယ့်စီးပွားရေး လုပ်ချင်တယ်ဆိုရင် ကိုယ့်ဖာသာကို စီးပွားရေးလုပ်ပါ။ ဒီမှာရှိတဲ့ တရုတ်တွေက ကျနော်တို့ ကချင်နဲ့ ဗမာတွေကို သွေးခွဲအောင် လုပ်ဆောင်နေတာတွေ ရှိတယ်ဆိုတာ သူတို့ သိထားတယ်လို့ ထင်တာပဲ” ဟု မဇ္စျိမကို ပြောသည်။
လက်ရှိ ဖားကန့်မြို့နယ်အတွင်းရှိ KIO တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ နှစ်ဘက် သတိဖြင့် စောင့်ကြည့်နေကြသည်ဟု သိရသည်။
စက်တင်ဘာလ ၁၉ ရက် ၂၀၁၂ ခုနှစ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့ အပါအဝင် လွှတ်တော်၊ သမ္မတရုံး၊ ရန်ကုန်နှင့် ကျောက်မဲမြို့တို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သော စက်တင်ဘာလ ၂၁ ရက်နေ့၌ ဆန္ဒပြုခွင့်ပြုပါရန် ခွင့်ပြုမိန့် လျှောက်ထားရာ ငြင်းပယ် ခံရကြောင်း ဆန္ဒပြလိုသူများထဲမှ တဦးဖြစ်သည့် မခင်စန္ဒာညွန့်ကြည် က ပြောသည်။
“ခွင့်ပြုမိန့် ကျကျ မကျကျ ကျမတို့ ဆက်လှုပ်ရှားသွားမှာပါ” ဟု ဗုဒ္ဓဟူးနေ့က မဇ္ဈိမကို ပြောသည်။
အဆိုပါ ဆန္ဒပြုပွဲအတွက် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ရဲစခန်းသို့ စက်တင်ဘာလ ၁၄ ရက်နေ့က စာတင်ခဲ့သည်။ သို့သော် ဥတ္တရသီရိမြို့နယ်အတွင်း ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအရ ထုတ်ထားသော ခွင့်ပြုမိန့်အပြင် မြို့နယ်၏ လိုအပ်ချက်အရ သတ်မှတ်သော စည်းကမ်းချက်များနှင့် ငြိစွန်းနေ၍ဟု ဆိုကာ ထိုရဲစခန်းမှပင် ၁၆ ရက်နေ့က ငြင်းပယ် လိုက်သည်ဟု သိရသည်။
ဥတ္တရသီရိမြို့နယ်ရှိ သမ္မတရုံး၊ လွှတ်တော်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးများရှေ့တွင် တပြိုင်တည်း ဆန္ဒပြခွင့် ငြင်းပယ် ခံရ ပြီးနောက် တနင်္လာနေ့တွင် ထပ်မံ၍ အယူခံ ဝင်ထားကြောင်းလည်း ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ကိုဂျော်ဂွန်း က ပြောသည်။
တနေ့တည်းတွင်ပင် ရန်ကုန်မြို့၌ နံနက် ၁ဝ နာရီတွင် လမ်းလျှောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး ညနေ ၃ နာရီတွင် အင်းလျားကန်ဘောင်၌ လူစုကာ ၄ နာရီတိတိတွင် ၅ မိနစ်ကြာ ဆုတောင်းပြီး ငြိမ်းချမ်းရေး ကျောက်တိုင် စိုက်ထူရန် ဆန္ဒပြလိုသူတို့က စီစဉ်ထားသည်။
ရန်ကုန်မြို့တွင် ဆန္ဒပြခွင့်နှင့် ပတ်သက်၍ စမ်းချောင်းရဲစခန်း၊ မင်္ဂလာတောင်ညွန့် ရဲစခန်းနှင့် ကျောက်တံတား ရဲစခန်းတို့တွင် လျှောက်ထားသော်လည်း လျှောက်ထားသည့် ရှစ်မြို့နယ်လုံးအား ခွင့်ပြုမိန့် မပေးနိုင်ကြောင်း အင်္ဂါနေ့တွင် အနောက်ပိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ပြန်ကြားခဲ့သည်။
ဆန္ဒပြမှုက ယာဉ်ကြောပိတ်ဆို့နိုင်ကြောင်းနှင့် သွားမည့် လမ်းကြောင်း ရှည်လျားလွန်း၍ အများပြည်သူအား အနှောင့်အယှက် ဖြစ်စေနိုင်သည်ဟု အာဏာပိုင်များက အကြောင်းပြခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင်လည်း အလားတူ ငြိမ်းချမ်းရေး ဆုတောင်းပွဲနှင့် ဟောပြောပွဲများ အတွက် ခွင့်ပြုမိန့် လျှောက်ထားခဲ့ရာ လျှောက်ထားသူများ အသက်အရွယ် ငယ်လွန်းသောကြောင့် ခွင့်ပြုမိန့် မပေးကြောင်း မခင်စန္ဒာညွန့်ကြည် က ပြန်လည်ပြောပြသည်။ လျှောက်ထားသူများမှာ အသက် ၂၅ နှစ်ဝန်းကျင်ရှိ လူငယ်များ ဖြစ်ကြသည်။
အခြားမြို့အတွက် တင်ထားသော ခွင့်ပြုမိန့်နှင့် ပတ်သက်၍ ရလဒ် တစုံတရာ မသိရှိရသေးကြောင်း မခင်စန္ဒာညွန့်ကြည် က ပြောသည်။
စစ်ရပ်စဲရေး ကြိုးပမ်းလိုသူများက ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်၊ ကျောက်မဲ၊ တောင်ကြီး၊ အင်းလေး၊ ဟိုပုန်း၊ ဆီဆိုင်၊ လားရှိုး၊ သံဖြူဇရပ်၊ ပြည်၊ တောင်ငူ၊ သံတောင်ကြီး၊ ရွှေဘို၊ ပေါင်းတည်၊ ပခုက္ကူမြို့များအပြင် ကချင်နှင့် ရှမ်းပြည်နယ်တွင်းရှိ ဒုက္ခသည်စခန်းများတွင် ‘တနိုင်ငံလုံး စစ်ပွဲရပ်’ ဆောင်ပုဒ်နှင့် လမ်းလျှောက်ပွဲများ၊ ဆုတောင်းပွဲများ၊ စွန်လွှတ်ပွဲများ၊ ဖျော်ဖြေပွဲများ ပြုလုပ်ရန် စီစဉ်ထားကြသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုများကို ကချင်ငြိမ်ချမ်းရေးကွန်ရက်၊ ငြိမ်းချမ်းရေးကွန်ယက်၊ အဖြူရောင်တွဲလက်များ၊ ကရင်အမျိုးသမီးများ လှုပ်ရှားမှုအဖွဲ့၊ ပန်းရဲ့လမ်း လူမှုရေးအဖွဲ့၊ စိမ်းရောင်စို လူမှုကူညီရေး အဖွဲ့၊ Youth For Social Change Myanmar၊r ၊ နှောင်ကြိုးမဲ့ လူမှုဖွံ့ဖြိုးရေး ကွန်ယက် (မန္တလေး)၊ ရန်ကုန်အခြေစိုက် ပရဟိတ လူငယ်များ ကွန်ယက်၊ ကျောက်မဲ လူငယ်ကွန်ယက် (ရှမ်း-မြောက်)၊ Open Network – မွန်၊ ကာတွန်းဆရာ များ အဖွဲ့၊ ရန်ကုန် ဂီတလူငယ်များ၊ ကဗျာဆရာများ သမဂ္ဂ၊ Youth Art Network၊ New Zero Art Space၊ Myanmar Ink Gallery၊ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက် စသည့် လူမှုရေးအဖွဲ့ ၁၉ ဖွဲ့က ဦးဆောင် လှုပ်ရှားကြမည်
ဖြစ်သည်။
"Stop Civil War"၊ "တနိုင်ငံလုံး စစ်ပွဲရပ်" စာတန်းများသုံးပြီး လက်မောင်းစီး (သို့မဟုတ်) ခေါင်းစီးကို အပြာရောင် အသုံးပြုသွားမည် ဖြစ်သည်။
သတင်းရင်းမြစ် - ရန်ကုန်၊ မဇ္ဈိမ
တရုတ်ဖရဲစိုက်သူများကို မြေငှားရမ်းပြီးနောက်ဝယ်
တရုတ်လယ်သမားများကို မြေငှား၍ ဖရဲစိုက်ခွင့်ပြုပြီးနောက် မြေဆီလွှာထိခိုက်မှုကြောင့် စိုက်ပျိုးရန် ခက်ခဲလာမှုကို ယခုအထိ သူတို့ မဖြေရှင်းနိုင်သေးပါ။
“တရုတ်တွေကိုငှားပြီး နောက်နှစ်တစ်ရွာလုံး အထွက်လျော့တာပဲ”ဟု ဖရဲစိုက်ပျိုးရန် မြေငှားရမ်းခဲ့သော မိတ္ထီလာမြို့နယ် ကွက်ငယ်အုပ်စု ဒဟတ္တန်းကျေးရွာရှိ မြေပိုင်ရှင် မမိုးနိုင်က သူ
မတို့ ကြုံတွေ့ခဲ့ပုံကို ပြန်လည်ပြောပြသည်။
လွန်ခဲ့သော သုံးနှစ်ခန့်က မမိုးနိုင်သည် တရုတ်ဖရဲစိုက် တောင်သူများကို မြေငှားရမ်းခဲ့သော ပိုင်ရှင်များထဲမှ တစ်ဦးဖြစ်သည်။ သူမလိုပင် မိတ္ထီလာမြို့နယ်အတွင်း တရုတ်ဖရဲစိုက်သူများ တစ်နှစ်စိုက်ပျိုးပြီးနောက် မြေဆီလွှာအရည်အသွေးများ ကျဆင်းလာသည်ဟု ဒေသခံများက ပြောသည်။
မိတ္ထီလာမြို့နယ်တွင်းတွင် ဖရဲစိုက်ပျိုးရန် ငှားရမ်းထားသော မြေဧကသည် ဧက ၅၀၀ မှ ၁၀၀၀ အတွင်း ရှိနိုင်သည်ဟု ဒေသခံများက ခန့်မှန်းသည်။ စိုက်ပျိုးရာတွင် ဓာတ်မြေသြဇာ အလွန်အကျွံအသုံးပြုခြင်း ရေငန်များ ရေသွင်းစိုက်ပျိုးခြင်းနှင့် မြေအောက်ရေအငန်ဓာတ်များ၊ ရာသီဥတုပူပြင်းမှုကြောင့် ဆားငန်များ တက်လာခြင်းတို့ကြောင့် စိုက်ခင်းများ ဆားပေါက်ခြင်းနှင့် ဆပ်ပြာမြေများ ဖြစ်ကုန်သည့် နေရာများမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် မြေဟက်တာ တစ်သန်းကျော်ရှိကြောင်း မြေအသုံးချဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖရဲစိုက်ဘောင်နေရာတွင် မြေဆီလွှာ သိပ်သည်းကျစ်လျစ်ပြီး ထွန်ယက်သောအခါ တစ်နှစ်သီးနှံကောင်းပြီး နောက်နှစ်များတွင် တရုတ်ဖရဲစိုက် တောင်သူများကဲ့သို့ ဓာတ်မြေသြဇာ အသုံးမပြုနိုင်ပါက သီးနှံအထွက် တဖြည်းဖြည်း လျော့လာကြောင်း ဒဟတ္တန်းကျေးရွာမှ မြေခြောက်ဧက ငှားရမ်းခဲ့ဖူးသူ ဦးမြင့်မောင်ကပြောသည်။
“နည်းပညာနဲ့အရင်းအနှီး မတတ်နိုင်လို့သာ ငှားလိုက်ရတာ။ မလုပ်နိုင်လို့ ငှားလိုက်ရတာ၊ မငှားချင်ဘူး။ ကြာရင် မြေနာတာကတော့ နာမှာပဲ”ဟု မြေငှားခဲ့သော ဦးမြင့်မောင်ကပြောသည်။
စိုက်ပျိုးပြီးကျန်ခဲ့သော ဆွေးမြည့်ရန်ခက်ခဲသည့် အမည်းရောင် ပလပ်စတစ်အိတ်ခွံများက ထွန်များနှင့် ငြိခြင်းကြောင့် ထွန်ယက်ရာတွင် အခက်အခဲဖြစ်စေပြီး ပလတ်စတစ်ကောက်ချိန်ပေးရ၍ အချိန်ကြာသလို အလုပ်သမားခများလည်း ခါတိုင်းနှစ်များထက် ပိုမိုကုန်ကျခဲ့သည်။
ထို့ပြင် သီးနှံစိုက်စဉ်တွင် ပေါင်းများလည်း ထူပြောလာကာ သီးနှံအထွက် လျော့လာကြောင်း တောင်သူများက ပြောသည်။
သီးနှံအထွက် လျော့သည့်အတွက် တရုတ်များကို ငှားရမ်းလိုက်ခြင်းက သူမအဖို့ အရှုံးပေါ်ခဲ့သည်။ ဖရဲတစ်ရာသီ ၅ လလောက်စာအတွက် တစ်ဧကကို တစ်သိန်းနှုန်းဖြင့် ငှားခဲ့ခြင်းက သူမအဖို့ နောက်နှစ် စိုက်ပျိုးရာသီကို ပြန်လည်စိုက်ပျိုးရန် ထွန်ကျင်းခသာ ရရှိခဲ့သည်ဟု သူမကဆိုသည်။ ဖရဲစိုက်ပျိုးပြီးနောက်တွင် တစ်ဧကကို နှမ်းရှစ်တင်းလောက် ပုံမှန်ထွက်နေသော သူမစိုက်ခင်း၌ နှစ်တင်းလောက်သာ ထွက်တော့သည်ဟု မမိုးနိုင်ကပြောသည်။
ဒဟတ္တတန်းရွာသားများက အထွက်လျော့၍ ထပ်မံမငှားကြသော်လည်း အချို့ဒေသများတွင်မူ ဖရဲစိုက်ပြီး နောက်ရာသီတွင် သီးနှံများစိုက်ပျိုးပါက ယခင်ထက် အထွက်နှုန်းတိုးသည်များလည်းရှိကြောင်း ဒေသခံများကပြောသည်။
တရုတ်ဖရဲစိုက်သူ၏ ယာတဲအနီးတွင် ပိုးသတ်ဆေးများဖြင့် ရောသမမွှေကာ ပလတ်စတစ်အိတ်များ ဖုံးအုပ်ထားသည့် သွင်းအားစုများ စုပုံထားသည်။ စိုက်ပျိုးချိန် လေးလခန့်ကြာမည့်အတွက် လိုအပ်သော ဓာတ်မြေသြဇာ သွင်းအားစုအိတ်များဖြင့် တရုတ်စာလုံးပါ ဓာတ်မြေသြဇာအိတ်များကို သူနေထိုင်သည့် တဲအိမ်တွင် စီရီကာ စုပုံထပ်ထားသည်။ ထွက်ရှိလာသော ဓာတုအနံ့များက တောင်သူဦးမြင့်မောင်၏ တဲအိမ်တစ်ခုလုံး ပြန့်လွင့်နေသည်။
တရုတ်လူမျိုး ဖရဲစိုက်သူတစ်ဦးက သူတို့စိုက်ပျိုးပုံစံမှာ မြေဆီလွှာကို အန္တရာယ်မပေးနိုင်ဟု ခေါင်းခါလက်ခါပြီး ခြေဟန်လက်ဟန်ဖြင့် ပြောသည်။
မည်သို့ပင်ပြောသော်လည်း တရုတ်ဖရဲစိုက်တောင်သူများ ဓာတ်မြေသြဇာ ပိုးသတ်ဆေး အသုံးပြုပုံ အသုံးပြုနည်းများမှာ ဒေသသုံးစွဲပုံနှင့် မတူညီဘဲ များပြားပြီး ဓာတ်ကြွင်းများ နောက်တစ်နှစ်အထိ ကျန်ရှိနေသည်ကို သာဓကများက သက်သေပြလျက်ရှိသည်။ ၎င်းနေထိုင်သော တရုတ်နိုင်ငံ ဟိုင်နမ်ကျွန်းတွင် သုံးနှစ်ထိ မြေလပ်ပြီးမှသာ စိုက်ပျိုးနိုင်ကြောင်းလည်း ၎င်းကဆက်ပြောသည်။ မြေလပ်ရာတွင် ရေသွင်း၍ မြေဆီလွှာကို နှပ်ထားလေ့ရှိကြောင်းလည်း ယင်းက ရှင်းပြခဲ့သည်။
တရုတ်ဖရဲစိုက်ခင်းများတွင် မစိုက်ပျိုးခင် ဓာတ်မြေသြဇာ အဆင့်ဆင့်သုံးစွဲပုံကို ရှင်းပြသူများက ဓာတ်မြေသြဇာနှင့် ရွက်ဖျန်းဆေး၊ ပိုးသတ်ဆေးကို မိမိတို့ ဒေသများထက် များပြားစွာ သုံးစွဲကြောင်း မှတ်ချက်ပေးသည်။
“တရုတ်စာနဲ့ ဓာတ်မြေသြဇာတွေပဲ။ မသိဘူး။ ကီမီရာသုံးတယ်။ ထုံးသုံးတယ်။ ပိုတက်သုံးတယ်။ နွားနီမှုန့်သုံးတယ်။ ပထမတော့ အာမိုကိုသုံးတယ်။ စိုက်တော့မယ်မြေပေါ်မှာ အိတ်မအုပ်ခင် အာမို နောက်ချေးနဲ့ ထုံးသုံးတယ်။ ပိုတက်သုံးတယ်။ နွားနီသုံးတယ်။ ရောပြီးထည့်လိုက်တယ်။ နွားတွေကို လာကိုမစားခိုင်းဘူး။ ဘယ်လောက်ပြင်းလည်း မပြင်းလည်းတော့ မသိဘူး။ ဖရဲဘောင်ပြီးသွားရင် မြေကြီးဘောင်က ကျပ်ခဲကြီးဖြစ်တာပေါ့”ဟု အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောသည်။
ပိုးသတ်ဆေးနယ်ထားသော အစာများကို စားသောက်သော ခွေးများ သေဆုံးခဲ့သည်ဟု ကျေးရွာဒေသခံများနှင့် အလုပ်သမားများက ပြောကြားသည်။
“ဆေးကပြင်းတယ်။ အကောင်မှန်သမျှ အကုန်သေပဲ။ ဒီနားတစ်ဝိုက် ခွေးတွေသေတာ အကောင်သုံးဆယ်လောက်ရှိပြီ”ဟု မြင်းခြံမြို့မှ နယ်လှည့်ဖရဲစိုက်ခင်းများတွင် အလုပ်လုပ်ကိုင်သူ သုံးနှစ်အတွေ့အကြုံရှိ အလုပ်သမားတစ်ဦးက ပြောသည်။
ပိုးသတ်ဆေး အလွန်အကျွံ အသုံးပြုခြင်း ကာလရှည်လာပါက မြေဆီလွှာအကျိုးပြုသည့် ပိုးကောင်များ သေဆုံးပြီး မြေဆီလွှာပြုန်းတီးနိုင်သည့် အခြေအနေ ရှိသည်ဟု စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးနှင့် မြေစာရင်းဌာနတို့က တရုတ်ဖရဲစိုက်သူများ၏ ဖရဲစိုက်ခင်း မည်မျှရှိသည်ဟု မပြောကြားသော်လည်း တရုတ်ဖရဲစိုက်သူတစ်ဦးလျှင် တစ်ရာသီ ဧက ၃၀ နှင့် ၅၀ ကြားရှိပြီး မိတ္ထီလာမြို့တွင် ဧကထောင်ချီရှိမည်ဟု အငှားလုပ်ကိုင်သူတစ်ဦးက ပြောသည်။
တရုတ်မြေ ငှားရမ်းသူများက မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ ဒေသခံများ၏ ကျေးရွာယာမြေများကို နွေရာသီတွင် ငှားရမ်းလေ့ရှိသည်။ ကျောက်ဆည်မြို့ အခြေစိုက်ကုမ္ပဏီများမှတစ်ဆင့် ဒေသခံအာဏာပိုင် အဖွဲ့အစည်းများနှင့် သစ်သီးဝလံအသင်းတို့၏ ခွင့်ပြုချက်ရယူပြီး မြေငှားရမ်းလုပ်ကိုင်ကြသည်။
တစ်ချိန်က မိုးမျှော်ပြီး နှမ်းစိုက်၊ ခရမ်းချဉ်သီးစိုက်ပျိုးကာ အသက်မွေးကြသော တောင်သူယာကွက်များတွင် ဧကငါးဆယ်နှင့် ခြောက်ဆယ်ရှိသော ပလတ်စတစ်အမည်းအုပ်ထားသည့် ဖရဲစိုက်ပျိုးဘောင်များကို တစ်မျှော်တစ်ခေါ်ကြီး တွေ့ရသည်။
အထက်ပါ တရုတ်ဖရဲစိုက် တောင်သူများ ဖရဲစိုက်ပျိုးပြီး နောက်တစ်နှစ်တွင် တောင်သူများ ဓာတ်မြေသြဇာ မသုံးဘဲ သီးနှံအောင်မြင်သော်လည်း နောင်နှစ်ဆက်တိုက် စိုက်ပျိုးပါက မူရင်းစိုက်ပျိုးသည့်နှမ်းများ မဖြစ်ထွန်းကြောင်း ဒေသခံစိုက်ပျိုးတောင်သူများက ပြောသည်။
တရုတ်ဖရဲစိုက်သူများကို ပြည်တွင်းရှိ တရားဝင် မှတ်ပုံတင်ထားသော ပိုးသတ်ဆေး ဓာတ်မြေသြဇာများကို အသုံးပြုရန် ခွင့်ပြုစဉ် ပြောကြားခဲ့သော်လည်း အမှန်တကယ် သုံး၊ မသုံးကို စစ်ဆေးခြင်းမရှိဟု မိတ္ထီလာမြို့နယ်မှ စိုက်ပျိုးရေးဦးစီးမှူးက ပြောသည်။
ယာတစ်ကွက်တိုင်းတွင် အ၀ီစိတွင်းများ တူးဖော်ထားပြီး ယင်းရေများကို သဲအိတ်များ စီထပ်ထားသည့် တာလပတ်ကန်တွင် အမျိုးအမည်သိခွင့်မပေးသော ဆေးကိုခတ်ပြီး အရွက်ပေါ်ဖျန်းသည်ဟု နယ်လှည့်စိုက်ပျိုးရေးလုပ်ကိုင်သူ ၂ နှစ် အတွေ့အကြုံရှိ အမျိုးသမီးတစ်ဦးက ပြောပြသည်။
“ဓာတ်မြေသြဇာကို အဲဒီလောက် မြင့်တဲ့ဟာတွေ သုံးတာများရင် မြေဆီလွှာဓာတ်ကို ကြာရင်ဆုံးရှုံးမယ်။ သုံးစွဲတဲ့ပစ္စည်းတွေ မြင့်လေ၊ အပင်အားကောင်းလေဆိုတော့ အပင်ရဲ့ စုပ်ယူနိုင်စွမ်းတွေ မြင့်တယ်။ ဒီတော့ မြေဆီလွှာထဲက ဓာတ်တွေပါ ကြာရင်ပျက်စီးမှာပဲ”ဟု ဓာတ်မြေသြဇာ ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင် ဦးမျိုးဇော်ကပြောသည်။
မြေဆီလွှာပေါ်တွင် ဓာတ်မြေသြဇာ သုံးစွဲမှုများခြင်း၊ ပိုးသတ်ဆေး သုံးစွဲမှုများခြင်းများ ဖြစ်လာပါက မြေဆီလွှာဆုံးရှုံးနိုင်သည့်အတွက် စိုက်ပျိုးမှုများ
မပြုလုပ်မီကပင် မြေငှားထားသော တောင်သူများကို ပြောပြသင့်ကြောင်း ရုက္ခဗေဒပါမောက္ခတစ်ဦးက ပြောသည်။
“သွင်းအားစုများတော့ မြေဆီလွှာအက်ဆစ်ဓာတ်ပေါက်တာတို့၊ Removel တို့၊ Up Grade တို့ ဖြစ်နိုင်တယ်။ သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ရင်လည်း အထွက်လျော့တာတွေ ဖြစ်နိုင်တယ်။ သီးနှံပြောင်းစိုက်ဖို့လိုတဲ့ သဘောပေါ့။ ဒါတွေက ဆေးဝါးတွေ၊ ရာသီဥတုဒဏ်၊ မြေဆီလွှာ ပြောင်းလဲမှုတွေလည်းရှိတော့ သေချာစစ်ဆေးပြီးမှ စိုက်သင့်တယ်”ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မြေဆီလွှာပညာရှင်တစ်ဦးကလည်း ပြောသည်။
ယင်းမြေပေါ်တွင် နှစ်နှစ်လောက် မည်သည့်သီးနှံမျှ မစိုက်ပျိုးဘဲထားပါက ယခင်နှုန်းများအတိုင်း အထွက်နှုန်း ပြန်လည်ကောင်းလာနိုင်ကြောင်း အလုပ်သမားခေါင်းဆောင်က ပြောသည်။
ယင်းစိုက်ခင်းများကို ငှားရမ်းရာတွင် မြန်မာကုမ္ပဏီအမည် ခွာညိုကုမ္ပဏီအမည်ဖြင့် ငှားရမ်းသည်။
ဒေသခံများက တရုတ်စိုက်ခင်းများဟု ခေါ်နေသောကြောင့် ကုမ္ပဏီကို မေးမြန်းရာတွင် “ကျွန်တော်တို့ ကုမ္ပဏီက တရုတ်လူမျိုးတွေပိုင်တာ မဟုတ်ဘူး။ သူတို့နဲ့ ရှယ်ယာလုပ်တာလည်း မဟုတ်ဘူး။ တရုတ်က ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ မျိုးကိုပဲယူပြီး စိုက်တာ”ဟု ခွာညိုကုမ္ပဏီမှ ဦးကျော်မောင်ကပြောသည်။
သို့သော် မြေကို တစ်နှစ်ခြား နှစ်နှစ်ခြားစနစ်ဖြင့် လာရောက် ငှားရမ်းနေသောကြောင့် နောက်နှစ်များတွင် မြေပျက်စီးမှုများ ဖြစ်လာနိုင်သည်ကို ဒေသခံမြေပိုင်ရှင် အများစုက မသိကြပေ။
မြေဆီလွှာပျက်စီးပြီး သီးနှံအထွက် လျော့ကျခဲ့သော မမိုးနိုင်က ယခုအချိန်တွင် နောင်တရလျက်ရှိပြီး တရုတ်စကားပြောသော ဖရဲစိုက်ပျိုးသူများ မြေငှားရမ်းလာပါက ဘယ်တော့မှ ငှားရမ်းတော့မည်မဟုတ်ဟု ဆိုသည်။
ရေးသားသူ- သိမ့်သိမ့်စိုး၊ အိဖြူမွန်
 7Day News Journal
""ဘင်္ဂလီတစ်ဦး၏ သွေးဆောင်ဖျားယောင်မှုကို ခံရသော မန္တလေးသူ"
မန္တလေးမြို့ ဇာတိဖြစ်သော ညီအစ်မနှစ်
ယောက် မလွင်လွင်ထွေးနှင့် .............(အမည်
မဖေါ်လိုပါ -လုံခြုံရေးအရ) တို့ မဲဆောက်ဈေး၌
 ဈေးရောင်းနေရာကနေ စက်တင်ဘာလ (၁၃)
ရက်နေ့က ယင်းညီအစ်မနှစ်ယောက်မှာ
စကားများ၍ ညီမဖြစ်သူ မလွင်လွင်ထွေးက အပြင်ထွက်သွားပြီး ဘင်္ဂလီတစ်ဦးဖြစ်သူ
 စူဖူးက သွေးဆောင်ဖျားပြီး လိမ်လည်ခေါ်ယူ၍ သားမယားအဖြစ်ပြုကျင့်
လိုက်ကြောင်း သိရသည်။
“ ကျမတို့ညီအစ်မနှစ်ယောက်က မဲဆောက်ဈေးမှာ ဈေးရောင်းပြီးနေကြတာပါ။ ကျမတို့မှာ
ဒီနေရာမှာ မိဘတွေလည်းမရှိပါဘူး။ ညီအစ်မနှစ်ယောက်တည်းနေကြတာ။
 အဲဒီနေ့က ၁၃ ရက်ပေါ့နော် ကျမတို့ ညီအစ်မှနှစ်ယောက် စကားများကြတယ်။
ညီမကတော့ စိတ်ဆိုးလို့ အပြင်ထွက်သွားပါတယ်။ ကျမထင်တာက အိမ်ကိုသွားတယ်လို့
ထင်ခဲ့တာ။
ညနေရောက်တော့ အိမ်ကိုလည်းမရောက်ဘူး။ ကျမလည်း လန့်သွားတာပဲ။
 သေချာစုံစမ်းလိုက်မှ အဲဒီကုလား စူဖူးဆီမှာ ဖြစ်နေတယ်။
ကျမအရမ်းစိုးရိမ်ပါတယ်။
သူတို့က ဘင်္ဂလီကုလားဆိုတော့ ကျမညီမကို သတ်ပစ်လိုက်မှာကို ကြောက်တယ်။
အဲဒီဘင်္ဂလီတွေမှာ လူတစ်ယောက်ကို သတ်ဖို့သိပ်ဝန်လေးတာမဟုတ်ဘူး။
 နောက်ပြီးတော့ သူမှာက မယားကြီးရှိတယ်။ ကျမညီမကို မယားငယ်အဖြစ်ယူပြီး
 နှိပ်စက်မှာ ကျမအမတစ်ယောက်အနေနဲ့ အရမ်းစိုးရိမ်ပါတယ်။ ကျမတို့ကို
ကူညီပေးကြပါ။ ကျမတို့ညီအစ်မနှစ်ယောက် ပြန်လည်ဆုံစည်းဖို့
လုပ်ပေးကြပါ။ ” ဟု အစ်မဖြစ်သူက(အမည်မဖေါ်လိုပါ) ပြောသည်။
သွေးဆောင်ဖျားယောင်းမှုကို ခံရသူ မလွင်လွင်ထွေးညီအစ်မနှစ်ယောက်မှာ အဲဒီဘင်္ဂလီ
ကုလား စူဖူးနှင့် ရင်းနှီးကြပြီး ဖြစ်သည့်အတွက် စိတ်ဆိုးသွားတာကို အခွင့်ကောင်းယူ၍
အိမ်ကို အလည်ခေါ်ကာ သွေးဆောင်ဖျားယောင်းပြီး သားမယားအဖြစ် ပြုကျင့်
လိုက်ကြောင်း သတင်းရရှိသည်။
ဘင်္ဂလီ စူဖူးမှာ ကျောက်အရောင်းအဝယ်လုပ်ငန်းကို လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်းကို
လည်း သိရသည်။
စူဖူးမယားကြီး အဖေအမေတွေက အစ်မဖြစ်သူကို ရန်ရှာလာသောကြောင့်
ဆွယ်မျိုးရှာ မြဝတီသို့ ထွက်ပြေးလာရကြောင်း အစ်မဖြစ်သူက
 ပြောသည်။
မလွင်လွင်ထွေးနှင့် ဘင်္ဂလီ စူဖူးတို့မှာ မဲဆောက်ဈေးနားမှာ နေကြသည်ကို
သိရပြီး အခုထက်ထိ အဆက်အသွယ်မရသောကြောင့် တွေ့သောသူများ
 အမြန်ဆုံး ဆက်သွယ်ပေးပါရန် တောင်းဆိုလိုက်ကြောင်း အစ်မဖြစ်သူက
 ပြောသွားသည်။
 From : မင်းကို
Google Earth Pro 6+ (GPS + 3D Support) သူကတော့ တော်တော်များများသိမှာပါ နောက်ဆုံး Update လေး
Google Earth Pro 6+ (GPS + 3D Support)
သူကတော့ တော်တော်များများသိမှာပါ နောက်ဆုံး Update လေးတင်ပေးလိုက်ပါတယ်
လိုင်စင်အတွက် patch ဖိုင်ကိုအသုံးပြုရမှာဖြစ်ပါတယ်
download>>>mediafire
အဆင်ပြေပါစေ
အင်တာနက်တွင် အင်္ဂလိပ်လို ချက်တင် (chatting) လုပ်ရာ၌ အသုံးပြုနိုင်မည့် ဘန်းစကား အသုံးအနှုန်းများ
Posted by Language Republic on September 19, 2012 at 11:15 in 
အခုခေတ်မှာ အားလုံး အင်တာနက်နဲ့ချည်း ဆက်သွယ်နေကြတော့ အင်တာနက်မှာ ချက်တင် (chatting
) လုပ်တဲ့ ဘန်းစကားတွေကိုလည်း နားလည်ထားဖို့ အရေးကြီးလာတယ်။ အထူးသဖြင့် စာရိုက်ရလွန်းလို့ လက်ညောင်းလာရင် အဲဒီဘန်းစကားတွေက စာရိုက်ရ သက်သာတယ်။ Text စာတိုပို့ခြင်း၊ IM (Instant Message) ချက်ချင်းအကြောင်းကြားစာပို့ခြင်း၊ email အီးမေးလ်ပို့ခြင်း၊ chatroom ချက်တင်အခန်းလို့ ခေါ်တဲ့ ၀က်ဆိုက်ထဲမှာ ချက်တင်လုပ်ခြင်း ဆိုတဲ့ အီလက်ထရောနစ် စကားပြောပုံပြောနည်းတွေမှာ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ လုံးဝမသိတဲ့ လူစိမ်းတွေကို ပြောဖို့ သီးခြား ထူးခြားတဲ့ အသုံးအနှုန်းတွေ ရှိတယ်။ စကားလုံးတွေ၊ အတိုကောက်တွေ၊ ပထမအက္ခရာနဲ့ ဖွဲ့စည်းထားတဲ့ စာလုံးတွေကို အပြန်အလှန် လဲလှယ်သုံးနိုင်တယ်။ ဆိုလိုတာက အင်တာနက်ကနေ ချက်တင်လုပ်တဲ့ နယ်ပယ်တစ်ခုမှာ ထူးခြားတာ ပေါ်ပေါက်လာရင် အခြားနယ်ပယ်တွေမှာလည်း ပေါ်လာလေ့ ရှိတယ်။
လူတွေ ဘာဖြစ်လို့ အင်တာနက် ချက်တင် လုပ်တဲ့ ဘန်းစကားကို သုံးကြတာလဲ။ သဘောကျကြသလား။ လူတွေ ပုံမှန် အချင်းချင်း တုံ့ပြန် စကားပြောဆိုကြတဲ့နေရာမှာ အစားထိုး ၀င်ရောက်နေတာလား။
ချက်တင်ကတော့ သူ့ပရိတ်သတ်နဲ့သူ ရှိမှာပါ
လူတွေက ချက်တင်လုပ်တာ ဘာဖြစ်လို့ သဘောကျသလဲ မေးရင် ချက်တင်က ထိရောက်တယ်။ လိုရင်းရောက်တယ်။ ပြောစရာရှိတာကို တိုတိုနဲ့ ပြောဖြစ်သွားတယ်။
လွန်ခဲ့တဲ့ ၁၀နှစ်အတွင်း အပြောင်းအလဲတွေနဲ့ လုံးဝ အဆက်ပြတ်နေသူဆိုရင်တော့ ဒီလူတွေ ဘာပြောနေကြသလဲ နားလည်မှာ မဟုတ်ဘူး။
လူတွေက အင်တာနက်မှာ ချက်တင်လုပ်တယ်။ လက်ကိုင်ဖုန်း၊ ဘလက်ဘယ်ရီဖုန်း၊ ဒါမှမဟုတ် အခြား ကိရိယာတွေကို သုံးကြတယ်။ ဖုန်းကိုင်ပြီး ပြောရတာထက် လွယ်တယ်လေ။ တစ်ခါတစ်ခါ ပါးစပ်က ပြောဖို့ ပြောရခက်နေတဲ့ စကားတွေကို စာတို (text) ပို့လိုက်တာလည်း ရှိတယ်။ စာတိုပို့တာဆိုတော့ အသံမကြားရတော့ဘဲ ကိုယ်နဲ့တစ်ဘက်သားအကြားမှာ နည်းပညာတစ်လွှာ ခံထားလိုက်တာပေါ့။
အလုပ်အတွက်ချည်း သက်သက် ဆက်သွယ်ပြောဆိုတာဆိုရင်တော့ အဆင်ပြေတာပါတယ်။ ဒါပေမယ့် လင်မယား၊ ချစ်သူရည်းစား၊ အခင်မင်ဆုံး သူငယ်ချင်းတွေက အဲဒီလို ဆက်သွယ်ကြမယ်ဆိုရင် တစ်မျိုးကြီး ဖြစ်နေနိုင်တယ်။
အချို့လူတွေက တကယ်ဘဲ အီလက်ထရောနစ် ဆက်သွယ်ရေးကို တမ်းတမ်းစွဲသုံးကြတယ်။ ရိုးရိုး ဖုန်းပြောဖို့တောင် မပြောတတ်တော့သလို ဖြစ်နေနိုင်တယ်။ လူချင်းတွေ့ပြီး ဆက်တိုက် စကားပြောနေတာ ပါလားဆိုတာတောင် သူတို့က မေ့နေတတ်ကြသေးတယ်။
အချို့ကျပြန်တော့ စာတို (text) ပို့ဖို့ဘဲ စိတ်သန်နေတာနဲ့ ရှေ့မှာရှိနေတဲ့လူကို စကားနဲ့ လှမ်းမပြောဘဲ စာတိုပို့နေသေးတယ်။ အဲဒီလိုဆိုရင်တော့ ရိုင်းပြရာ ရောက်ရုံတင်မကဘူး။ တစ်ဘက်သား စိတ်ဆိုးအောင် ဆွသလို ဖြစ်လိမ့်မယ်။
ဒါပေမယ့် စာတို (text) ပို့တာ၊ IM ခေါ်တဲ့ ချက်ချင်းအကြောင်းကြားစာပို့တာ၊ အခြား စာပို့နည်းတွေဟာ ဆက်ပြီး သုံးကြမှာပါ။ ပြဇာတ်ရုံထဲမှာ စာတိုပို့နေရင် ရိုင်းတယ်၊ ညစာစားမလို့ စားပွဲမှာ ၀ိုင်းထိုင်နေတဲ့အချိန်ဆိုလည်း ရိုင်းတယ်၊ (ကားမောင်းတုန်း စာတိုပို့တာကတော့ မိုက်မဲတဲ့သူတွေဘဲ၊ အန္တရာယ်ကြီးလှတယ်)၊ ဒါပေမယ့် အီလက်ထရောနစ် ဆက်သွယ်ပြောဆိုမှု နည်းတွေက သူ့နေရာနဲ့သူ အသုံးဝင်နေမှာဖြစ်တယ်။
အင်တာနက် ချက်တင်လုပ်တဲ့ ဘန်းစကား
၂၁ရာစု စာတိုပို့ လူအုပ်ထဲကို ၀င်တိုးဖို့ ဘယ်လို အင်တာနက် ချက်တင်လုပ်တဲ့ ဘန်းစကားမျိုးတွေကို တတ်ထားဖို့ လိုမလဲ။
သိလွယ်တဲ့အတိုကောက်တွေလည်း ရှိပါတယ်။ ဥပမာ BF ဆိုတာ boyfriend (ယောက်ျားလေးသူငယ်ချင်း၊ ရည်းစားကောင်လေး)၊ GF ဆိုတာ girlfriend (မိန်းကလေး သူငယ်ချင်း၊ ရည်းစားကောင်မလေး) ဖြစ်တယ်။ သိပ်ပြီး မသိလွယ်တဲ့ အသုံးတွေလည်း ရှိတယ်။ ဥပမာ ဆယ်ကျော်သက် တစ်ယောက်က ကွန်ပျူတာသုံးနေရင်း အနောက်မှာ အမေ ဒါမှမဟုတ် အဖေက လာကြည့်နေတယ် ဆိုပါတော့ “MOS” လို့ အမြန် ရိုက်လိုက်တယ်။ mother over shoulder (အမေနောက်ကလာကြည့်နေတယ်) လို့ ဆိုလိုတယ်။ “DOS” ဆိုရင် dad over shoulder (အဖေနောက်က လာကြည့်နေတယ်)၊ POS ဆိုရင် parent over shoulder (အဖေ သို့မဟုတ် အမေ နောက်က လာကြည့်နေတယ်) လို့ သိရမှာဖြစ်တယ်။ လာကြည့်နေတဲ့ မိဘ ထွက်မသွားမချင်း ဘာမှ မပြောဖို့ သတိပေးတဲ့ အသုံးအနှုန်းဖြစ်တယ်။
အင်တာနက်ပေါ်တက်ဖူးသူတိုင်း OMG (“oh my God”) ဘုရားရေ၊ G (“giggle”) LOL (“laughing out loud”) အသံထွက်ရယ်နေ၊ ROFLOL (“rolling on floor, laughing out loud”) ကြမ်းပေါ်မှာလူးလှိမ့်ပြီး အော်ဟစ်ရယ်မောနေ ဆိုတဲ့အသုံးအနှုန်းတွေကို သိမှာဖြစ်ပါတယ်။
ဒါပေမယ့် BFF ကိုတော့ အသက် ၁၆နှစ် အထက်တွေ သိချင်မှ သိမယ်။ “best forever friend” (ထာဝရ အခင်ဆုံးသူငယ်ချင်း) ပါတဲ့၊ BF4L ကတော့ “best friend for life” (တစ်သက်လုံးအတွက် အခင်ဆုံးသူငယ်ချင်း) ပါတဲ့။
Chatroom လို့ခေါ်တဲ့ ချက်တင်ဝင်တဲ့ အင်တာနက်ဝက်ဘ်ဆိုက်တွေမှာ အသုံးများတဲ့အခြား အသုံးအနှုန်းတွေလည်း ရှိသေးတယ်။ a/s/l ဆိုရင် “age/sex/location” (အသက်/ကျား-မ/နေရာ) လို့ အဓိပ္ပာယ်ရတယ်။ နာမည်ဘယ်လိုခေါ်လဲ/ယောက်ျားလေးလား မိန်းကလေးလား/ဘယ်မှာနေလဲ လို့ အတိုကောက်မေးတာဖြစ်တယ်။ အတွဲလိုချင်သူတွေ ချက်တင်ဝင်တဲ့နေရာမှာ ဒါမျိုး အပြန်အလှန် မေးလေ့ရှိတယ်။
ချက်တင်လုပ်နေတုန်းအမြန်အိမ်သာသွားရမယ် ဒါမှမဟုတ် ကော်ဖီတစ်ခွက် အရမ်းသောက်ချင်နေတယ် ဆိုရင် ကွန်ပျူတာ နားက ထသွားရတော့မယ်။ ဒါဆိုရင် တစ်ဘက်က စာရိုက်ပို့လိုက်တာတွေကို ချက်ချင်း ပြန်ရိုက်နိုင်မှာ မဟုတ်ဘူး။ တစ်ဘက်သားကို သိအောင်“afk” လို့ ရိုက်ပေးနိုင်တယ်။ away from keyboard (ကွန်ပျူတာနားမှာ မရှိ) လို့ ဆိုလိုတယ်။ “brb” လို့လည်း ရိုက်နိုင်တယ်။ be right back (ချက်ချင်းပြန်လာမယ်) တဲ့။ ဒီလိုမျိုးတွေ ရိုက်ပေးထားမှ တစ်ဘက်သားက ကွန်ပျူတာရှေ့မှာ အသက်များ ထွက်နေပြီလား၊ သူတို့ကို လျစ်လျူရှုထားသလားဆိုပြီး အထင်မမှားမှာ ဖြစ်တယ်။
အခြား အချိန်ကုန်သက်သာတဲ့အသုံးအနှုန်းတွေကတော့ IMHO (in my humble opinion) မိမိကိုယ်ကို နှိမ့်ချလျက် ထင်မြင်ချက်ကို ဖော်ပြရသော်၊ BTW (by the way) စကားမစပ် ဆိုရလျှင်၊ LTNS (long time, no see) မတွေ့တာကြာပြီ၊ OTHO (on the other hand) တဖန်အခြားတစ်ဘက်မှာ စသည်တို့ ဖြစ်တယ်။
စိတ်ကူးချင်းတူနေတဲ့အခါ ကိုယ့်ကိုယ်ကိုရော၊ တစ်ဘက်သားကိုရောကို GMTA (great minds think alike) ဦးနှောက်ကောင်းသူချင်း အတွေးတူတယ် လို့ သုံးနိုင်တယ်။
ချက်တင်လုပ်ရင်း အပြင်လောက လက်တွေ့ဘ၀ အရှိတရားအကြောင်းတွေလည်း ပြောရတတ်တယ်။ IRL လို့ သုံးနိုင်တယ်။ in real life လက်တွေ့ဘ၀မှာကတော့ လို့ ဆိုလိုတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ တော့လည်း ချက်တင်လုပ်ရင်း လူချင်းအလှမ်းဝေးပေမယ့် အနားမှာ ထိုင်နေသလို ခံစားရတတ်ပါတယ်။
www.yourdictionary.com
မှ Web Chat Slang ဆောင်းပါးအား ဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။
You can read other lessons posted by me here.
Read more: အင်တာနက်တွင် အင်္ဂလိပ်လို ချက်တင် (chatting) လုပ်ရာ၌ အသုံးပြုနိုင်မည့် ဘန်းစကား အသုံးအနှုန်းများ - Myanmar Networkhttp://www.myanmar-network.net/forum/topics/chatting#ixzz26tKurF5M
RCSS/SSA တပ်သား ၂ဝ ဦးအား UWSA ပြန်လွှတ်ပေး
သျှမ်းသံတော်ဆင့်
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှဖမ်းဆီး ထားသော သျှမ်းပြည်တပ်မတော်၏ တပ်သား ၂၀ ကို ယခုအပတ် တနင်္လာနေ့က ပြန် လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သျှမ်းပြည်တပ်မတော် သတင်းရပ်ကွက်က ဆိုပါသည်။
“ ၁၆ ရက်နေ့က ကျနော်တို့ဘက်က ဗိုလ်မှူးကြီးတင်းခေး၊ ဗိုလ်မှူးကြီးဝမ်းလီ၊ ဗိုလ်ကြီး စန္ဒာ၊ ဗိုလ် ကြီး ဓမ္မနဲ့ တပ်ကြပ်ကြီး စိုင်းပီး ၃ ယောက် ဟွေ့အော့ ဝ တပ်ဆီ သွားပြီးဆွေးနွေးတယ်။ ၁၇ ရက်နေ့မနက်ပိုင်း ကျ နော်တို့ရဲ့ တပ်သား ၂၀ ယောက် ကို ဖမ်းတဲ့နေရာမှာဘဲ ပြန်လာ လွှတ်ပေး တယ်။ ကျန်တဲ့ ၂ ယောက်က တော့ တယောက်က တန့်ယန်းမှာ နောက်တ ယောက်က ပန်ဆန်းမှာ။ သူတို့ လဲ လွတ်လာပြီ ပြော တယ်။ပြန်တော့မရောက်သေးဘူး” ဟု သျှမ်းပြည်တပ်မတော်မှ အရာရှိ တဦး ကပြောသည်။
အဆိုပါတွေ့ဆုံပွဲ၌ ဝ တပ်ဖွဲ့ဘက်မှ တပ်မဟာ ၇၇၅ တပ်မဟာမှူး ယန်ကော်ကျုံးဦးဆောင်သည့် တပ်မှူး များဖြစ်ကြသော တာ့နုန်း၊ တာ့ဆာမ် ဆွဲ၊ တာ့လွီး တို့ပါဝင်သည်ဟုဆိုပါသည်။
အဖမ်းခံရသည့် သျှမ်းပြည်တပ်မတော်သားများ ပြန်လွှတ်ပေးရန်အတွက် နှစ်ဦးနှစ်ဖက်ကြား အပေးအယူ သဘောတူညီမှု အချက်အ လက် ဖြင့် လက်မှတ်ရေးထိုးမှုများမရှိခဲ့သော်လည်း ရှေ့ဆက် ထိုကဲ့သို့ဖြစ်ရပ် များထပ်မဖြစ်ရန် လက်တွဲပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ် ကြောင်း - သျှမ်းပြည်တပ်မတော် ၏ ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။
“ ဒီတခေါက်ဖြစ်တဲ့ကိစ္စက နားလည်မှုလွဲမှားလို့ ဖြစ်သွားရတာပါ။ ဒီလိုပြဿနာမျိုးထပ်မဖြစ်အောင် ကျနော်တို့ နှစ်ဦးနှစ်ဖက် အကြောင်းကြား မယ် သတင်းပေးပို့မယ် ပြီးမှ လုပ်သွားမှာဖြစ်တယ်။ ဘာလို့လဲဆိုတော့ လှုပ်ရှားသွားလာတဲ့ နယ်မြေ တွေက ထပ်နေတာ တွေရှိနေတယ်လေ။ ဒါကြောင့် ပြောဆိုညှိနှိုင်း ရမှာဖြစ်တယ်။ တမြေတည်းနေ တရေတည်းသောက်လာ တဲ့ ညီကိုမောင်နှမတွေဘက်ကို ကျနော်တို့ဘက်ကနေ စ ပြီးတော့ ပြဿနာရှာတာ စပြီးတော့ သေနတ်ပြောင်းဝ လှည့်တာ တော့လုံးဝမ ဖြစ် စေရပါဘူး။ ဒါကိုတော့ယုံကြည်စေချင်ပါတယ်။ ဘယ်ပြ ဿနာကိုမဆို ကျနော်တို့က ငြိမ်းချမ်းစွာနဲ့ ဆွေးနွေးဖြေရှင်းတာကိုဘဲ လိုချင် ပါတယ် ” ဟု ဗိုလ်မှူးလောဝ်ဆိုင်က သျှမ်းသံတော်ဆင့်အား ပြောသည်။
ချင်းမိုင်ခရိုင် ဖှန်မြို့နယ်နှင့်မျက်နှာချင်းဆိုင် လွယ်ဆမ်ဆစ်ပ်တွင်အခြေစိုက်သော သျှမ်းပြည်တပ်မတော် တပ်မဟာ ၇၂၇ က ၎င်းတို့ထံခို လှုံ နေသည့် ပြည်တွင်းစစ်ပြေးဒုက္ခသည်များအတွက် မိုင်းတုံမြို့နယ် ပုံတောင်းဘက်၌ စိုက်ပျိုးရေးလုပ်ရာမှ ၀ ပြည်သွေးစည်းညီညွှတ် ရေး တပ်မတော်က ၎င်းတို့ ထိန်းချုပ်နယ်မြေအား ကျူးကျော်လာသည်ဟုဆိုကာ သျှမ်းပြည်တပ် မတော်၏ တပ်သား ၂၀ ယောက်အား ဂျူလိုင် ၃၀ ရက်က ဖမ်းဆီးထားခဲ့သည်။
အဖမ်းခံရသည့် သျှမ်းပြည်တပ်မတော်သားများ ပြန်လွှတ်ပေးရန်အတွက် သျှမ်းပြည်ပြန်လည် ထူထောင် ရေးကောင်စီ ဥက္ကဌ ဒုတိယ ဗိုလ် ချုပ်ကြီးယွက်စစ်ကိုယ်တိုင် ဝ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် ခေါင်းဆောင် ဦးပေါက်ယူချမ်း ထံလည်း စာရေးသားပို့ခဲ့သည်ဟု လည်း သတင်းထွက်ရှိပါသည်။
တီကောင်မလေး
by Sat Paing on Tuesday, September 18, 2012 at 11:23pm 
သူဟာလိင်စိတ်ပြင်းထန်တဲ့ တီကောင်မလေးဖြစ်တယ်၊
အရာရာအပေါ် အလွယ်ပျော်ဝင်နိုင်တဲ့အတွက် အလွယ်တကူလို့ပဲ တံဆိပ်ကပ်လိုက်တယ်၊
မိုးကြိုးမုန်တိုင်းတွေကျရင် တစ်ယောက်ယောက်နဲ့လိင်ဆက်ဆံနေရမှ နေသာထိုင်သာရှိတယ်၊
ဟုတ်ရောင်ထင်မှုကို အဟုတ်ဖန်ဆင်းပြီးကခုန်မြူးတူးတဲ့ တီကောင်မလေးဟာ
လိင်မှုကိစ္စနဲ့ အတန်ကြာဝေးကွာနေတာကို ရာသက်ပန်စိတ်ကုန်တယ်လို့ထင်မိတာကစပြီး
အကြီးကြီးလွဲတော့တယ်၊ ပြန်လည်ဆွကလိပြီးချိန်ကစပြီး နီးနီးဝေးဝေးနံရံတွေကို ဖောက်ထွင်းပြီး
အရာရာနဲ့ လိင်ဆက်ဆံတော့တယ်၊ အဆင်ပြေဆုံးလိင်ဆက်ဆံနည်းဟာ အရမ်းရိုးရှင်းတဲ့ လူငယ်တွေကြားက
ပေါ်ပင်ဆန်မှုတစ်ခုဖြစ်နေတာကို အမှတ်မထင်ရှာတွေ့သွားတာကစပြီး တီကောင်မလေးဟာ ကိုယ့်ကိုကိုယ်
ပညာရှိလို့ထင်သွားတယ်၊တစ်ခါတစ်ရံ လက်တည့်စမ်းချင်မှုကသိတ်ကို အံ့သြနဘန်းဖြစ်စေတယ်၊
တီကောင်မလေးဟာ လိင်စိတ်အရမ်းပြင်းထန်တယ်၊ဘ၀တွေကထင်တာထက်ပိုပြီး မိုက်ရူးရဲဆန်နေတယ်၊
ပိုးဖလံလိုမီးထဲတိုးဝင်ဖို့ကြိုးစားတာ ပူမှန်းမသိလို့မဟုတ်ပဲ အဲ့ဒီမီးကိုကြိုက်နှစ်သက်တာကြောင့်ဖြစ်တယ်၊
ထူးခြားဆန်းပြားတဲ့ တီအရှူပ်အထွေးကြီးဟာ တီကောင်မလေးဘ၀ကို နေ့စဉ်ရက်ဆက်လွှမ်းမိုးထားတယ်၊
အဲ့ဒီလွှမ်းမိုးမှုတွေကို ဘုရားသခင်စီကတဆင့်ရရှိတာမဟုတ်ဘူး၊
ဝေးနေရင်ပိုကောင်းမယ်ဆိုတာဟုတ်လိမ့်မယ်လို့ တဖွဖွပြောတယ်၊
ဒီကိစ္စကဒီလိုရှိတာကိုဒီတိုင်းမထားပဲဒီထက်ပိုပြီးအရောဝင်မိတာ
ကစလို့တီကောင်မလေးဟာ တစ်ပိုင်းပြတ်သွားရှာတယ်၊
တီကောင်မလေးဟာလိင်စိတ်အရမ်းပြင်းထန်တယ်၊တဖြည်းဖြည်းကြီးမားလာတဲ့အချိန်တွေဟာ
တီကောင်မလေးရဲ့ လိင်စိတ်ဆန္ဒကိုပါ ကြီးထွားလာစေတယ်၊ ဒါပေမဲ့ဘာပဲဖြစ်ဖြစ် ဖြစ်နေတဲ့အချိန်ကာလတစ်ခုလုံးကို
တော့လက်ခံထားရတာပဲ၊ထူးခြားမှုတွေနှစ်ကြိမ်ဆက်ကြုံပြီးချိန်ကစလို့ ဒီကိစ္စဆိုတာ ဒီလိုအလွယ်တကူရပါလားလို့
သိရှိသွားတာကစလို့ တီကောင်မလေးရဲ့ဘ၀ဟာတကယ်ကို နှစ်ပိုင်းဖြစ်သွားတယ်၊တပိုင်းက ဘုရားသခင်စီရောက်ရှိနေပြီး
တပိုင်းက တဏှာတောထဲမှာ၊အားလုံးက လက်ခုပ်ထတီးတော့ မပျော်စဖူးပျော်ရွှင်မှုတွေအပြည့်နဲ့ တီကောင်မလေး
ပြုံးရွှင်နေခဲ့တာ မြင်တွေ့ခဲ့ရတယ်၊တီကောင်မလေးကို ဘယ်သူတွေက ဘာပြောပြော ဘယ်သူတွေကို သူက ဘာပြောပြော
တီကောင်မလေးဟာဆန့်ကျင်ဘက်လိင်နဲ့ အတူနေတဲ့သူပဲဖြစ်တယ်၊သီချင်းတွေ စာတွေနဲ့ လိင်ကိစ္စဟာ တီကောင်မလေး
ကြိုက်နှစ်သက်တဲ့အရာတွေဖြစ်တယ်၊ လိင်ဆက်ဆံပုံအသစ်အဆန်းတွေကို ရှာဖွေစုဆောင်းပြီး နည်းလမ်းအသစ်တွေကို
ဖော်ဆောင်သွားမယ်လို့ ဘုရားသခင်စီမှာ သစ္စာဆိုတယ်၊ကျမ်းတစ်ဆောင်ဖွဲ့စည်းပြီး တီမျိုးဆက်အတွက် မှတ်တမ်းတင်
ထားခဲ့ချင်တယ်လို့ မှတ်ယူမိတယ်၊ တီမျိုးဆက်ဟာ သာယာတဲ့ဘ၀ကို ခဏတာရရှိဖို့ တစ်ဘ၀လုံး စတေးလိုက်ကြရတယ်၊
လှပတဲ့ဝဋ်ဆိုတာ တီမျိုးဆက်မှာမရှိဘူး၊ အဲ့ဒါဟာ ဘုရားသခင်ကို ပုန်ကန်ခဲ့လို့ ဘုရားသခင်က ဒဏ်ခတ်ခဲ့တာပဲဖြစ်တယ်၊
လက်ဖ၀ါးကို လေတွေလာလာပွတ်သရွေ့ လိင်ဆက်ဆံမှုကို လုံးဝမဖျောက်ဟု ကြွေးကြော်လိုက်တယ်၊
တီကောင်မလေးထင်ထားတာတွေဟာ တကယ်ဖြစ်မလာဘူးဆိုတာ သိသိကြီးနဲ့
တကယ်ဖြစ်လာခဲ့ရင်ဆိုတဲ့စိတ်ဟာကြီးစိုးနေတုန်းပဲ၊
အပြန်ပြန်အလှန်လှန်သုံးသပ်ကြည့်တော့ လိင်ကိစ္စကိုအစဖော်သူက တစ်ယောက်ဖြစ်နေပြီး
 လိင်ကိစ္စကိုဆာလောင်သွားရှာတာကတီကောင်မလေးဖြစ်နေတယ်၊တစ်နေရာ
ကို သွားမယ်၊အဲ့ဒီနေရာမှာ မီးယပ်သွေးဆုံးတာတွေရှိတယ်၊ခေတ်ကာလကြီးတစ်ခုလုံးဟာ တီကောင်မလေးရဲ့
လိင်ကိစ္စကိုဖြေဖျောက်တဲ့အရာပဲဖြစ်တယ်၊ တကယ့်လက်တွေ့ဘ၀ဟာ တီကောင်မလေးကို ခုချိန်ထိ
ထိန်းချုပ်ထားတယ်၊သာသာယာယာလိင်ဆက်ဆံချင်တဲ့စိတ်ဟာကိန်းအောင်းနေပေမယ့်ထင်သလိုဖြစ်မလာတာကစလို့ ဖွဖွရွရွကြမ်းတမ်းတဲ့အရာတွေကို ကြောက်လန့်သွားရှာတယ်၊
လှလှပပနုနုရွမယ်ဆို တီကောင်မလေးဟာ အရာရာနဲ့မျက်လုံးစုံမှိတ် လိင်ဆက်ဆံဖို့ အသင့်ရှိလိမ့်မယ်၊
ဒါဟာလဲ တီကောင်မလေးရဲ့ ဘ၀ အားသာချက်တစ်ခုဖြစ်လိမ့်မယ်၊
ဒါပေမဲ့ နူးညံ့ညင်သာသော လိင်ဆက်ဆံနည်းဟာ သူ့အတွက်တော့ ဘုရားသခင်အလိုတော်နဲ့ ဆန့်ကျင်သလိုဖြစ်နေတယ်၊
ကြီးကောင်ကြီးမားနဲ့ တစ်သက်လုံးရှာဖွေခဲ့တာက နားလည်မှုပဲဖြစ်တယ်၊
ဘယ်တုန်းကမှ မရရှိခဲ့တာက အစစ်အမှန် အမှန်တရားတွေပဲဖြစ်တယ်၊ မိန်းမောတွေဝေမှုဟာ သူငယ်နှပ်စားဆန်နေတယ်
ဒါပေမဲ့ အဲ့ဒီပျော်ရွှင်မှုကိုပဲ မက်မောတွယ်ကပ်နေပုံက မိခင်ပျောက်သွားတဲ့ကလေး မိခင်နဲ့ပြန်ဆုံတွေ့လိုက်ရသလိုမျိုး၊
အဓိပ္ပါယ်မရှိတဲ့လုပ်ရက်တွေဟာ တီကောင်မလေးအတွက်တော့ နတ်များရွာချတဲ့မိုးလိုပဲ ဖြစ်တယ်၊
ဒီအရွယ်မှာ ဒါတွေမလုပ်ရဘူးဆိုတဲ့ ပညတ်ချက်တွေကို တီကောင်မလေးမယုံကြည်ဘူး
ချစ်ခြင်းနဲ့မေတ္တာမှာ ဘာကိုမှန်းမသိ မယုံကြည်ဘူး တကယ်က တီကောင်မလေးဟာ ဘာကိုမှမယုံကြည်ဘူး၊
ဘ၀ရဲ့ပျော်ရွှင်မှုဆိုတာ လမ်းဘေးကသဲပဲဖြစ်တယ်၊အရာရာရဲ့မထီမဲ့မြင်ပြုကျင့်မှုတွေ တီကောင်မလေးဟာ
အရာရာရဲ့ ဝေးကွာမှုတွေနဲ့ ပိုးစိုးပက်စက်ရှင်သန်ခဲ့လိုက်ရတဲ့ အချိန်တွေ၊
နောက်တော့ဘာဖြစ်လို့ ဖြစ်မှန်းမသိတာကိုပဲ ကျေနပ်သွားတာ၊ တီကောင်မလေးဟာ လိင်စိတ်အရမ်းပြင်းထန်တယ်၊
အရေပြားကိုဖောက်ထွင်းပြီး သွေးတွေကျဆင်းလာတာတောင် လိင်ဆက်ဆံတယ်၊လက်သည်းရှည်ရှည်အောက်က
မလိုတမာမှုတွေကိုမကြိုက်ဘူး ဘာကြောင့်ဆိုတော့ တီကောင်မလေးရဲ့အရေပြားဟာ အရမ်းနူးညံ့လို့ပဲဖြစ်တယ်၊
တကိုယ်လုံးမှာ နူးညံ့မှုဆိုတာကြီးတွေပဲရှိတယ်၊ သွားမထိနဲ့ ၊ တီကောင်မလေးချဉ်းကပ်ဖို့ကြိုးစားတဲ့အရာဟာ
ပြသနာအကြီးကြီးဖြစ်တယ် အဲ့ဒီပြသနာကလဲ တီကောင်မလေးကိုချဉ်းကပ်ပြန်တယ် ၊ အပြန်ပြန်အလှန်လှန်
ချဉ်းကပ်ကြလို့ပြီးတော့ ထုံစံအတိုင်းပြသနာဟာ အနိုင်ရရှိသွားတယ်၊ထိုပြသနာဟာ လိင်ကိစ္စအသစ်အဆန်းဖြစ်ပြီး
ရရှိသွားတဲ့ဆုကြေးဟာ ဆက်သွယ်ရေးစက်ပဲဖြစ်တယ်၊ဒီလိုနဲ
့ ဆက်သွယ်ရေးစက်နဲ့ စတင်လိင်ဆက်ဆံတော့တယ်၊
နေ့တိုင်း လိင်ဆက်ဆံတယ် နေ့ညမရွေး လိင်ဆက်ဆံတယ် အချိန်နဲ့တပြေးညီ လိင်ဆက်ဆံတယ်၊
အစက တီကောင်မလေးဟာ ဆက်သွယ်ရေးစက်နဲ့ လိင်ဆက်ဆံတယ် ၊ နောက်တော့ ဆက်သွယ်ရေးစက်က
သူနဲ့လိင်ဆက်ဆံတယ်၊ နောက်ဆုံးတော့ လိင်ဆက်ဆံမှုကပဲ သူတို့နဲ့ လိင်ဆက်ဆံတော့တော့တယ်၊
တီကောင်မလေးကို သာဓုခေါ်ဖို့ကြိုးစားသူဟာ မျက်ကန်းတစ္ဆေပဲဖြစ်လိမ့်မယ်၊ ဒါပေမဲ့ လူတိုင်းကတော့
သာဓုခေါ်ပေးချင်ကြတယ်၊ တီကောင်မလေးရဲ့ ရူးသွပ်မှုဟာ တီကောင်မလေးရဲ့ဘ၀ကိုဖျက်စီးတဲ့အရာပဲဖြစ်တယ်၊
ဒါပေမဲ့ အပြစ်တင်တော့ ဘုရားသခင်ကိုပဲ အပြစ်တင်တယ်၊ငါးစိမ်းမြင်ရင် ငါးကင်ပစ်တာ လူတွေမှာတင်မကဘူး
တီကောင်မလေးမှာလဲ ရှိတယ်၊ အသစ်ဟာအဟောင်းထက်ပိုသာလွန်တယ်ဆိုတဲ့ နိယာမကို လက်ခံထားသူပဲဖြစ်တယ်၊
တစ်ဘ၀လုံးစွပ်စွဲလာမှုတွေကို မျက်စိစုံမှိတ်ငြင်းဆန်နေပေမယ့် ဒါတွေဟာ တကယ်ပဲဖြစ်တယ်၊
ကိုယ့်ကိုကိုယ် ညာလို့ဝနေပေမယ့် သူစိမ်းတွေကို ညာလို့မ၀နိုင်သေးတာဟာလဲ တီကောင်မလေးရဲ့
အသက်ဆက်ရှင်သန်မှုကို အထောက်အပံ့ပေးနေတယ်၊သိစိတ်နဲ့မသိစိတ်ကို မထိန်းချုပ်နိုင်ရှာတဲ့ တီကောင်မလေးဟာ
အရာရာရဲ့ မှန်ကန်မှုတွေကို ပစ်စလက်ခတ်မျက်နှာလွှဲလိုက်တယ်၊နောက်တော့ နီးကပ်စွာတည်ရှိနေတဲ့အရာတွေရဲ့
နီးစပ်မှုမှာ စတင်ပျော်ဝင်သွားတဲ့အချိန်ဟာ ကြာခဲ့ပြီပဲဖြစ်တယ်၊တီကောင်မလေးဟာလိင်စိတ်အရမ်းပြင်းထန်တယ်၊
ဇာတိ(ဖျာပုံ)
18.8.2012
မနက် ၉နာရီ ၃၀မိနစ်
zartipyapon@gmail.com
မှတ်ချက် - ဆက်ရန်ရှိသည် ဆက်ဖတ်လိုစိတ်ရှိလျှင် စောင့်ဖတ်ပါရန်။
အကြောင်းအမျိုးမျိုးကြောင့် တင်ပြီးမှ ပြန်ဖျက်လိုက်ရသော စာတစ်ပုဒ်ဖြစ်သည်၊ ယခုတစ်ဖန် ပြန်လည်တင်ဆက်လိုက်ပါသည်။
ရဲမေနှစ်ဦးကို ဖြားယောင်းခေါ်ယူ သတ်ဖြတ်ခဲ့သည့် မျက်စိတစ်ဖက်လပ် လူသတ်သမား
(သတ်ဖြတ်ခံရသည့် ရဲမေနှစ်ဦး)
ဗြိတိန်နိုင်ငံ၊ ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့မှ ရဲမေနှစ်ဦးကို အကောက်ကြံ ဖြားယောင်းခေါ်ယူပြီး သတ်ဖြတ်ခဲ့သည့် မျက်စိတစ်ဖက်လပ် လူသတ်သမားကို ရဲတပ်ဖွဲ့က တရားစွဲဆိုရန် စီစဉ်နေပြီ ဖြစ်သည်။ အသက်(၃၂)နှစ်ရှိ ဖီယိုနာဘုန်းနှင့် အသက်(၂၃)နှစ်အရွယ် နီကိုလာဟုဂ်ျတို့မှာ ဖောက်ထွင်းမှု တစ်ခုအတွက် သတင်းပို့ တိုင်ကြားသဖြင့် သွားရောက်စဉ် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။ ယခင်ကတည်းက သားအဖနှစ်ဦးကို သတ်ဖြတ်မှုအတွက် သံသယတရားခံ စာရင်းတွင် သတ်မှတ်ခံထားရသည့် အသက်(၂၉)နှစ်ရှိ ဒေးလ်ကရီဂန်သည် ရဲမေနှစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်ပြီးနောက် နီးစပ်ရာ ရဲစခန်းတစ်ခုသို့ အေးအေးလူလူ သွားရောက် အဖမ်းခံခဲ့သည်။
ဗြိတိန်သမိုင်းတစ်လျှောက် တာဝန်ထမ်းဆောင်နေရင်း ရဲမေနှစ်ဦး ပထမဆုံးအကြိမ် တစ်ပြိုင်တည်း အသတ်ခံရမှု သတင်းသည် တစ်ကမ္ဘာလုံးကို ခြောက်ခြားသွားစေလောက်အောင် ရိုက်ခတ်မှု ပြင်းထန်ခဲ့သည်။
ယခုရဲမေ နှစ်ဦးသည် သတင်းပို့ တိုင်ကြားမှု ရောက်ရှိလာသည့်နောက် ရဲစခန်းမှ လက်နက်မပါဘဲ အခင်းဖြစ်ရာသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူမတို့ နှစ်ဦးသည် လူသတ်သမားထံမှ ပစ်လွှတ်လိုက်သော ကျည်ဆန်များကြောင့် ပုံလျှက်သား လဲကျသွားချိန်တွင် လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းခံရသည့် နောက်ဆုံး အတွေ့အကြုံကိုသာ ပိုင်ဆိုင်သွားရှာသည်။
ဘုန်းသည် ပွဲချင်းပြီး သေဆုံးသွားပြီး ဟုဂ်ျမှာမူ အလွန်နာကျင်ဆိုးရွားသော ဝေဒနာကို အချိန်အတော်ကြာ အံတု ရင်ဆိုင်ခဲ့ရ ရှာသေးသည်။ ဘုန်းသည် လက်ထပ်ခါနီး စေ့စပ်ထားသူ တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။
(လူသတ်သမား လိုက်ပါသွားသည့် BMW ကားကို ဗုံးရှာဖွေရှင်းလင်းရေး တပ်ဖွဲဝင်တစ်ဦးက စစ်ဆေးစဉ်)
မျက်စိတစ်ဖက်လပ် လူသတ်သမား ကရီဂန်သည် မေလအတွင်းက ရှော့မိသားစုမှ သားအဖ နှစ်ယောက်ကို သတ်ဖြတ်မှုအတွက် ရဲများ၏ အလိုရှိသော တရားခံစာရင်းတွင် ပါဝင်နေသူ ဖြစ်သည်။ "ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့ရဲ့ သမိုင်းမှာတော့ အမှောင်ဆုံးနေ့ပါပဲ။
ကျွန်တော်တို့အတွက် ရဲအရာရှိ နှစ်ယောက်ကို ဆုံးရှုံးခဲ့ရုံသက်သက် မဟုတ်ပါဘူး။ အချစ်ဆုံး၊ တန်ဖိုးအထားရဆုံး လုပ်ဖော်ကိုင်ဖက် နှစ်ယောက်ကိုပါ ဆုံးရှုံးလိုက်ရတာပါ"ဟု ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့ အကြီးအကဲ ဆာပီတာဖားဟ်က ပြောကြားခဲ့သည်။
၎င်းက "လူသတ်သမားဟာ တမင်တကာ ရည်ရွယ်ထားတဲ့ သွေးအေးအေး လုပ်ကြံမှုကို ကျူးလွန်ခဲ့တာ သိသာပါတယ်"ဟုလည်း သတင်းထောက်များထံ ပြောဆိုသွားသည်။
(ရုပ်အလောင်းများအား ရဲတပ်ဖွဲ့ သယ်ဆောင်သွားစဉ်)
ကရီဂန်သည် ဒုစရိုက်လောကမှ ပြိုင်ဘက်များဖြစ်သည့် ဒေးဗစ်ရှော့နှင့် မာ့ခ်ရှော့တို့ သားအဖကို သတ်ဖြတ်ခဲ့သူဟုလည်း ရဲများက ယူဆထားသည်။ ၎င်းသည် မေလက သားဖြစ်သူ မာ့ခ်ကို သတ်ခဲ့ကာ ပြီးခဲ့သည့် လကမူ ဖခင်ဖြစ်သော ဒေးဗစ်ကိုပါ လက်စဖျောက်ခဲ့ကြောင်း သိရသည်။
ကရီဂန်သည် ရဲမေနှစ်ဦး ရောက်လာချိန်တွင် ဘုန်းကို ခေါင်းတည့်တည့် ပစ်ခတ်လိုက်ပြီးနောက် သူမ၏ လုပ်ဖောက်ကိုင်ဖက်ကိုလည်း ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း ယုံကြည်ရသည်။
ထို့နောက် ၎င်းသည် ရဲမေနှစ်ဦးထံ ဗုံးတစ်လုံး ပစ်သွင်းပြီးနောက် အိမ်ရှေ့သို့ ကျောပိုးအိတ် တစ်လုံးဖြင့် ထွက်ကာ အေးအေးဆေးဆေးပင် လမ်းလျှောက်သွားသည်။ ရဲတပ်ဖွဲ့၏ စုံစမ်းမှုအရ ကရီဂန်သည် အမျိုးသ
မီး ဒရိုင်ဗာတစ်ဦး မောင်းနှင်သည်ဟု ယူဆရသော BMWကားပေါ်တက်ကာ ထိုနေရာမှ ထွက်ခွာသွား
ကြောင်း ယုံကြည်ရသည်။
(ရဲမေနှစ်ဦးအား လူသတ်သမားက ဖြားယောင်းခေါ်ယူ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ပြမြေပုံ)
ရဲများသည် အခင်းဖြစ်ရာသို့ အပြေးအလွှား ရောက်ရှိခဲ့ပြီးနောက် အရေးပေါ် အသက်ကယ် ဝန်ထမ်းများက ဆိုးရွားစွာ ဒဏ်ရာရထားသည့် ဟုဂ်ျကို သေမင်းလက်မှ လုယူရန် ကြိုးစားခဲ့ကြသေးသည်။
သူမကို အခင်းဖြစ်ရာ နေရာတွင်ပင် နှလုံးခုန်အောင် ကြိုးစားပြီး တိမ်ဆိုက် ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ရရှိထားသည့် ဒဏ်ရာများ ပြင်းထန်လွန်းသဖြင့် ဆေးရုံအရောက်တွင် ကွယ်လွန်ခဲ့ရှာကြောင်း သိရှိရသည်။
Planat.com.mm
တန်ဖိုးနည်းအိမ်ရာ အစိုးရမြေပေး၍ နှစ်ရှည် အရစ်ကျရောင်းမှ ရန်ကုန်သားအများစု ပိုင်မည်
အစိုးရမြေနေရာပေး၍ ရောင်းချသူများက နှစ်ရှည်ပုံစံဖြင့် ရောင်းချမှသာ ရန်ကုန်မြို့နေ ၈၅ ရာခိုင်နှုန်းရှိ အခြေခံလူတန်းစားများ အိမ်ရာပိုင် ဆိုင်နိုင်မည်ဟု တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဖော်ဆောင်နေသော ဆောက်လုပ်ရေး လုပ်ငန်းများမှ သိရသည်။
''တန်ဖိုးနည်း ဆိုပေမဲ့ မြေ ဈေးက ကြီးတာကြောင့် တိုက်ခန်းဈေးတွေက သိန်း ၁ဝဝ အနည်းဆုံးရှိလို့ တကယ်လိုအပ်တဲ့ သူတွေမရကြဘူး။ အရစ်ကျဆိုပေမဲ့လည်း ငါးနှစ်လို့ သတ်မှတ်တော့ ပိုက်ဆံရှိတဲ့ သူတွေ လက်ထဲပဲ ရောက်ကုန်ကြတယ်'' ဟု နှစ်ရှည်ပုံစံဖြင့် တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်မည့် Gold Cycleကုမ္ပဏီမှ ဒါရိုက်တာ ဦးသက်ခိုင်က လက်ရှိ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်နေမှုများအပေါ် သုံးသပ်ပြောသည်။
ရန်ကုန်မြို့ရှိ လူဦးရေနှင့် တိုက်ခန်း အရေအတွက်မှာ လက်ရှိ အခြေအနေ ၌ပင် လုံလောက်မှု မရှိရာ ၂ဝ၁၅ အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ခွင့် ရရှိလာ သည့် အခါ နိုင်ငံတွင်းသို့ နိုင်ငံခြားမှ နေထိုင်သူများအား ဝယ်ယူခွင့် ပြုလိုက်မည်ဆိုပါက တိုက်ခန်းဈေး နှုန်းများသည် လူလတ်တန်းစားများပင် ဝယ်ယူနိုင်သည့် အနေအထား ရှိတော့မည်မဟုတ်ဟု မဏ္ဍိုင်အိမ် ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ သိရသည်။
''လက်ရှိမှာတောင် နိုင်ငံသားတွေက တူတူတန်တန်မရှိတာ။ နိုင်ငံခြား သားတွေ ဝင်လာရင် ဈေးကတက်လာနိုင်တယ်။ ဒါပေမယ့် အခြားနိုင်ငံတွေနဲ့ တန်းတူဖြစ်ဖို့ တော့ ချိန်ဆရမှာပေါ့'' ဟု အထက်ပါ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိသူကပြောသည်။
တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်ရာတွင်လည်း လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်သော နေရာဖြစ်ရန်လိုအပ်ပြီး နေထိုင်သူများအတွက် ရေ၊ မီး၊ မိလ္လာ ပြည့်စုံရန် လိုအပ်ကြောင်း တော်ဝင်ဆောက်လုပ်ရေးမှ သိရသည်။
လက်ရှိတွင် တန်ဖိုးနည်းအိမ်ရာဖြစ်သော ယုဇနဥယျာဉ်မြို့ တော်သည် မြို့တွင်းနှင့် ဝေးကွာလွန်းသော နေရာတစ်ခုဖြစ်ပြီး အထပ်မြင့်များ၌ ရေ အခက်အခဲ ကြုံတွေ့ရမှုများရှိနေကြောင်း နေထိုင်သူများထံမှ သိရသည်။
ရန်ကုန်မြို့နေလူဦးရေ ၆ သန်းခန့်တွင် ၁၅ ရာခိုင်နှုန်းသာ အိုးအိမ်ပိုင်ဆိုင်မှုရှိ သည့်အတွက် အခြေခံလူတန်းစားများ နေထိုင် နိုင်သည့် နှစ်ရှည်အရစ်ကျ စနစ်ဖြင့် ရောင်းချပေးနိုင်မည့် တန်ဖိုးနည်း အိမ်ရာများစွာ လိုအပ်နေ သေးကြောင်း၊ ထိုအိမ်ရာများ ပေါ်ပေါက်လာ၍ အစိုးရမှ မြေနေရာ ထုတ်ဖော် ပေးမှသာ ထွက်ပေါ်လာ နိုင်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက သုံးသပ် ပြောသည်။
တရုတ်နိုင်ငံ ပေကျင်းမြို့တွင်လည်း တန်ဖိုးနည်း အိမ်ရာများရှိပြီး အရစ်ကျ စနစ်ဖြင့် အိမ်ပိုင် မရှိသေးသူများအား ဝယ်ယူခွင့်ပြုသည်။ အစိုးရအနေနှင့် အိမ်ပိုင် မရှိသူများကို အိမ်ပိုင်အောင် ဖန်တီးပေးခြင်း ဖြစ်သောကြောင့် အဆိုပါ တန်ဖိုးနည်း အိမ်ရာများကို ပြန်လည်ရောင်းချခွင့် မရအောင် အစီအမံများ ပြုလုပ်ထားသည်။
WMT, PN-029
Popular Myanmar News Journal
သမိုင်းဝင် ရှား ပါး ရေနွေးငွေ့ စက်ခေါင်း တွဲ နှစ်ခု ကို တရုတ် သို့ လက်ဆောင်ပေး ၍ ပြည်သူ တွေ ဒေါသ ထွက် နေ
တရုတ်နိုင်ငံ ကူမင်းပြည်နယ်ရှိ မီးရထားဥယျာဉ်နှစ်ခုတွင် ထားရှိရန်အတွက် မြန်မာနိုင်ငံမှ ရှေးဟောင်းရေနွေးငွေ့ စက်ခေါင်းနှစ်ခေါင်း၊ ၀န်ချီစက်တွဲတစ်တွဲ၊
ရေတိုင်ကီတွဲတစ်တွဲနှင့်ရိုးရိုးပက်လက်တွဲတစ်တွဲတို့အားချစ်ကြည်ရေးလက်ဆောင်အဖြစ် ပေးအပ်လိုက် ခြင်း ကြောင့် ပြည်သူ
များ ဒေါသထွက်နေ သည်ဟု FNG မှ သတင်း ရရှိသည်။
၀၀၆ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း အင်္ဂလန်နိုင်ငံလုပ် ၁၉ ရာစု မီတာဂိတ် ရေနွေးငွေ့ စက်ခေါင်းနှစ်လုံးကို တရုတ်နိုင်ငံသို့ လှူဒါန်းခဲ့သေး
သည်။
ပြည်သူများ က ထိုစက်ခေါင်းတွဲ နှစ်ခု တရုတ် ပြည်သို့  ပို့  ရန် မလိုလား
ကြောင်း သိရှိ ရသည်။
7 Days News Journal မှ ကို ကားသည်။
ဓာတ်ပုံ- ခွန်ဇော်ဦး / 7 Days News Journal
By Freedom News Group
ပန်းသီးလုစားရာမှ လူသတ်မှုဖြစ်
ရန်ကုန်၊ စက်တင်ဘာ ၁၉
ရန်ကုန် တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တို မြို့နယ်၊ ဆမားဒူးဝါး ရပ်ကွက်တွင် စိတ်မနှံ့သူ အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦးက စက်တင်ဘာလ ၁၇ ရက်နေ့တွင်အသက်၃၉ နှစ်အရွယ်
အမျိုးသားတစ်ဦးစားနေသောပန်းသီးကို လုစား ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
အဆိုပါသေဆုံးသူမှာ ဦးလှစိုးဖြစ်ပြီး ၊ ကျပန်း လုပ်ကိုင်သူ ဦးသန်းစိုးက ပန်းသီးစားနေစဉ် ဦးလှစိုးက လုစားသောကြောင့် ပန်းသီးလှီးသောဓားဖြင့် ထိုးသတ်ခဲ့ရာ ဘယ်နံရိုးထိုးသွင်းဒဏ်ရာ ၁ချက်၊ ညာဘက် ရင်ဘတ် ပေါက်ပြဲ ဒါဏ်ရာ တစ်ချက်ဖြင့် သေဆုံးသွားကြောင်း ဆိတ်ကြီးခနောင်တိုရဲစခန်း၏ အတည်ပြုပြောကြားချက်အရ သိရသည်။
By The Voice Weekly
KIA ကွန်မန်ဒို ကိုလဖိုင်ဇော်ဆိုင်း ရန်ကုန်ေ၇ာက်ပြီ
၁၉၈၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ.ကား ကချင်လူမျိုး ကိုလဖိုင်ဇော်ဆိုင်းအတွက် ဘယ်သောအခါမှ မမေ.နိုင်မည်.နေ.တစ်နေ .ဖြစ်သည်။ ထို.နေ. တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ တာဝန်
ပေးချက်အရ အစိုးရစစ်တပ်မှတိုင်းမှုး အယ်လ်ခွန်ဖန် အား ကချင်ပြည်နယ် မြစ်ကြီးနား မြို. မိုင်ဒေးကွင်းနား တွင် အောင်မြင်စွာပစ်ခတ်လုပ်ကြံခဲ.သည်။
ကေအိုင်အေ၏အထူးပျောက်ကျားကွန်မန်ဒိုတပ်ဖွဲ.ကို အသက် ၂၂ အရွယ်တွင်ဦးစီးတာဝန်ယူထားသော ကို
ဇော်ဆိုင်းနှင်. အခြား ကေအိုင်အေ ၃ ဦးတို. တိုင်းမှုးအယ်ခွန်ဖန်အားလုပ်ကြံအပြီး သတ်မှတ်ဆုံမှတ်သို.ပြန်
လာချိန်တွင် တစ်ဦးမှာ ကျန်ရစ်ခဲ.သဖြင်. ကိုဇော်ဆိုင်းကလာလမ်းအတိုင်းပြန်နောက်ဆုတ်၍ ရှာဖွေရာချိန်
တွင် သူဖမ်းဆီးခံခဲ.ရ၏။ သူ၏ ကျန်ကွန်မန်ဒိုရဲဘော်များမှမူလွတ်မြောက်ခဲ.ကြ၏
ကိုဇော်ဆိုင်းသည် သေဒဏ် နှင်. ထောင်ဒဏ် ၂၄ နှစ်ချမှတ်ခံခဲ.ရပြီး ရှစ်လေးလုံးအရေးတော်ပုံ အပြီး သေ
ဒဏ်ပျက်ပြယ်ပြီး နောက်တိုး ထောင်ဒဏ် ၃ နှင်.ဖြင်. ထောင်သက် ၂၇ နှစ်နီးပါး ကို မြစ်ကြီးနားထောင်၊ မန္တ
လေးထောင် နှင်.မြင်းခြံထောင်တို.တွင် ယမန်နေ.နေလည်ခင်းအချိန်ထိ အကျဉ်းကျခဲ.သည်။
ခုတော.ကိုဇော်ဆိုင်း ယမန်နေ.က အစိုးရကြေငြာသောပြစ် ဒဏ်လျှော.ပေါလွှတ်ပေးမှုကြောင်လွတ်မြောက်
လာပြီး ရန်ကုန်မြို.သို.ရောက်ရှိနေပြီဖြစ်သည်။ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများနီးတူ မွေး
ရပ်ဇာတိ သို.မဟုတ် မိဘဆွေးမျိုးများရှိရာကချင်ပြည်နယ် သို.မပြန်နိုင်ရှာ။ အကြောင်းကား လွန်ခဲ.သော
နှစ်ပေါင်း ၃၀ ကျော်ကကဲ.သို. ကချင်မြေတွင် အစိုးရစစ်တပ်နှင်. ကေအိုင်အေတို. အပြင်းအထန်တိုက်ပွဲများ
ဖြစ်နေပြီး စစ်မီးများတဟုန်းဟုန်းလောင်မြိုက်နေခြင်းကြောင်.ဖြစ်သည်။
“ရှေ.လ ၁၆ ရက်ဆို ကျနော်ထောင်သက် ၂၇ နှစ်ပြည်.ပါပြီ။ ဒါ.ကြောင်.လွှတ်ပေးလို.ကျေးဇူးတင်ရမယ်ဆို
တာလဲတစ်မျိုးဘဲ။ ကျနော်ခုရန်ကုန်ကိုဆင်းလာတယ်ဆိုတာလဲ စစ်မတိုက်ချင်လို.၊ ငြိမ်းချမ်းရေးအဖြေရှာ
ချင်လို.၊ သိန်းနဲ.ချီတဲ. ကချင်ဒုက္ခသည်တွေအတွက် တစ်ခုခုကြိုးစားချင်လို.ပါ” ဟုသူကဆိုသည်။
သူထောင်သက် ၂၇ နှစ်အတွင်း  ကေအိုင်အေ နှင်. အစိုးရတို. ၁၇ နှစ်ကြာ ၁၉၉၄ မှ ၂၀၁၁ ဇွန်လထိ အပစ်
အခပ်ရပ်ဆဲခဲ.သည်။ သို.သော်ယခုကိုဇော်ဆိုင်းမြင်တွေ.ရသော ကချင်ပြည်နယ်ကား သူမြင်တွေ.ခဲ.သည် ၁၉၈၀ ကျော်ကစစ်ပွဲကာလများကဲ.သို.ဖြစ်နေသည်။
၁၉၈၅ ခုနှစ်တွင် ဦးနေ၀င်းခေါင်းဆောင်သောမြန်မာအစိုးရတပ်နှင်. ကေအိုင်အေတို. တိုက်ပွဲများအပြင်းအ
ထန်ဖြစ်ပွားနေကြောင်း ကိုဇော်ဆိုင်းကဆိုသည်။ ထိုကာလများတွင် ကချင်ရွာ များမီးရှို.ခံရခြင်း၊ ထောင်
ပေါင်းများစွာသော ကချင်လူမျိုးတို. စစ်ပြေးဒုက္ခသည်ဖြစ်ခဲ.ခြင်းတို.သည် ကချင်လူမျိုးပင်ဖြစ်သော တိုင်းမှူး
အယ်လ်ခွန်ဖန်ကိုလုပ်ကြံရန် အကြောင်းဖန်လာခြင်းဖြစ်ကြောင်း သူကဆိုသည်။ အယ်လခွန်ဖန်မှာ နာမည်
ကျော်အဆိုတော် အယ်လခွန်းရီ ၏ ဖခင်ဖြစ်သည်။
“ကေအိုင်အေခေါင်းဆောင်ဟောင်းတွေဖြစ်တဲ. ဦးဘရန်ဆိုင်း နဲ. ဦးဇော်မိုင် တို.က တာဝန်ပေးတဲ.အတွက်
ကြောင်. လုပ်ကြံမှုကိုလုပ်ခဲ.တာပါ။ ခုကေအိုင်အေ စစ်ဖက်ဆိုင်ရာ အကြီးအကဲ လုပ်နေတဲ. ဗိုလ်ချုပ်ကြီး
လဘန်လ ကော၊ ခု ကေအိုင်အိုခေါင်းဆောင်တာဝန်ယူထားတဲ. ဦးဇောင်းခရား တို.လည်းကျနော်တာဝန်ယူ
တဲ.ကိစ္စကိုသိပါတယ်” ဟု ကိုဇော်ဆိုင်းက ဆိုသည်။
ကိုဇော်ဆိုင်းကိုလွှတ်ပေးလိုက်မှုသည် ကေအိုင်အေအတွက်တော. ထူးခြားမှုတစ်ရပ်လို.မှတ်ယူစရာရှိသည်။ အကြောင်းမှာ ယခကေအိုင်အေမျိုးဆက်သစ်လူငယ်ခေါင်းဆောင်များထဲမှအချို.သည် ကိုဇော်ဆိုင်းနှင်သက်
တူရွယ်တူ ခေတ်ကာလတစ်ခုတည်းလုပ်ကိုင်ခဲ.သူများဖြစ်ကြောင်းသိရသည်။
ယခုတော. အသက် ၄၉ နှစ်ရှိပြီဖြစ်သော ကိုဇော်ဆိုင်းတစ်ယောက် ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် သူတတ်နိုင်သမျှကြိုးပမ်းမည်ဖြစ်ကြောင်း၊ ထောင်သက် ၂၇ နှစ်ကာလအတွင်း တွေ.ခဲ.သော များမြောင်လှ
သည်. သူ.မိတ်ဆွေ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင်. အဆင်ပြေပါက အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်
ဒေါ်အောင်ဆန်းစုကြည် ကိုပါတွေ.ဆုံရန် ရှိသည်ဟုသူကဆိုသည်။
လက်ရှိဖြစ်နေသော ကေအိုင်အေနှင်. အစိုးရတိုက်ပွဲများအပေါ် သူမှတ်ချက်ပေးရန်ငြင်းဆန်သော်လည်း အစိုးရ၏ တိုင်းရင်းသားလက်နက်ကိုင်များ နယ်ခြားစောင်.တပ်ဖွဲ.အသွင်ပြောင်းရေးစီမံကိန်းဟာ ဖြစ်နိုင်စ
ရာအကြောင်းမရှိဟု သူကမှတ်ချက်ပြုသည်။
ထို.အပြင် မြင်းခြံထောင်ထဲတွင် မတရားညှင်းပန်းနှိပ်စက်မှုကြောင်. KNU နှင်.ပတ်သက်ပြီးအကျဉ်းချခံခဲ.ရ
သူ ၆၀ ကျော် ၁၉၉၂၊ ၁၉၉၃ ကာလများတွင် သေဆုံးခဲ.မှုနှင်. ထောင် ထဲတွင်လူအခွင်.အရေးချိုးဖောက်မှု
များကိုလည်း သူက ထုတ်ဖော်ပြောဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
"ကျနော်ကိုယ်တိုင် သံခြေကျင်းဒေါက်ခတ်ပြီး ၄ နှစ်နေခဲ.ရတယ်၊ နှိပ်စက်ခံခဲ.ရတယ်၊ အစာရေစာငတ်မွတ်
ခဲ.တယ်၊ ဘုရားသခင်ရဲ.ကျေးဇူးတော်ကြောင်. ကျနော်ဒါတွေကျော်လွှားနိုင်ခဲ.တယ်။ ကျနော် ငြိမ်းချမ်းရေး
အတွက် ကြိုးစားသွားမယ်" ဟု ကိုဇော်ဆိုင်းကဆိုသည်။
သေချသည်ကတော. ကိုဇော်ဆိုင်းသည်မငြိမ်းသေးသော မြန်မာပြည် ပြည်တွင်းစစ်၏ သားကောင်ဖြစ်ခဲ.ရ
ကာ၊ ယခုလက်ငင်း စစ်၏အခြေအနေကြောင်. အသက်ရှစ်ဆယ်ကျော်မိခင်ကြီးရှိရာ ကချင်ပြည်နယ် အင်း
တ်ာကြီးသို. မပြန်နိုင်ဘဲ ဆက်လက်၍ စစ်၏ သားကောင်ဖြစ်နေလေသည်။
အာရှလေဘာတီ
တပ်မတော်ပါသရွေ့ ဒီမိုကရေစီ ပြောင်းလဲရေး နောက်ကြာင်း ပြန်မလှည့်နိုင်
ဗွီအိုအေ အင်္ဂလိပ်ပိုင်းအစီအစဉ်နှင့် တွေ့ဆုံမေးမြန်းနေစဉ်။ စက်တင်ဘာလ ၁၈ ရက်၊ ၂၀၁၂။
  တပ်မတော်ပါသရွေ့ ဒီမိုကရေစီ ပြောင်းလဲရေး နောက်ကြာင်း ပြန်မလှည့်နိုင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို တပ်မတော်က အပြည့် အ၀ ထောက်ခံပံ့ပိုးပေးနေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီရဲ့ လမ်းကြောင်း ဟာ နောက်ကြောင်းပြန်ပြီး လှည့်စရာ အကြောင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ (၁၈) ရက်နေ့ ဗွီအို အေ အင်္ဂလိပ်ပိုင်း အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်း ခန်းမှာ ပြောကြားခဲ့ပါတယ်။အရင်စစ်အစိုးရက ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာ သူ့ကို စိတ်ဒုက္ခ အပေးဆုံးကိစ္စဟာ လိုအပ်လာရင် တပ်မတော်က အစိုးရအဖွဲ့ကို ထိန်းချုပ်နိုင်ခွင့်ပြုထားတဲ့ အချက်ဖြစ် တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အခုအခါမှာ အမေရိကန်ပြည်ထောင် စုက မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးအရ အရေးယူပိတ်ဆို့ ဒဏ်ခတ်ထားတာတွေကို ရုပ်သိမ်းပေးဖို့ သူ့အနေနဲ့ ထောက်ခံတယ်လို့လည်း ပြောပါတယ်။
ဒါဟာ ရုပ်သိမ်းပေးဖို့ အချိန်ကျလာတာဖြစ်ပြီး လိုအပ်နေတဲ့အချိန်ကာလတုန်းက ဒီလို အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေ ချမှတ်ပြီး ဒီမိုကရေစီအရေး တွန်းအားပေးခဲ့တဲ့ အမေရိကန်အစိုးရအနေနဲ့ မြန်မာ့ အရေး ကို အဘက်ဘက်က ထောက်ခံအားပေးကြတဲ့ အမေရိကန်ပြည်သူ လူထုကို ကျေးဇူး တင်ကြောင်း ပြောကြားခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ယုံကြည်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် ကြုံတွေ့ ခဲ့ရသလို ကြုံနေရသူတွေအတွက် အားပေးစကားလည်း ပြောကြားခဲ့ပြီး မျှော်လင့်ချက်တွေက ဘယ်တော့မှ မစွန့်လွှတ်ဖို့နဲ့၊ မျှော်လင့်ရုံ မျှော်လင့်နေတာ မဟုတ်ဘဲ ကြိုးစားအားထုတ် အလုပ်လုပ်မှုနဲ့ အခြေအနေအကြပ်အတည်းတွေကို ရင်ဆိုင်ကျော်လွှား သွားကြဖို့၊ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည် ယနေ့ တွေ့မယ်
ဓာတ်ပုံ- CNA
အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမားဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အိမ်ဖြူတော်မှာ ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ပုဂ္ဂိုလ်ရေးအရ တွေ့ဖိုရှိတယ်လို့ အိမ်ဖြူတော် အရာရှိ တဦးက အတည်ပြုပြောလိုက်ပါတယ်။
ဒါဟာ အမေရိကန် သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပထမဆုံး တွေ့ဆုံမှုလည်းဖြစ်ပါတယ်။
အခုလို အိမ်ဖြူတော်မှာ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံမှုက ဘယ်လို စိတ်ဝင်စားစရာ သတင်းများ ထွက်ပေါ်လာမလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။
ယနေ့ ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်က ချီးမြှင့်မယ့် ဆုပေးပွဲကို တိုက်ရိုက်ကြည့်ချင်သူများအနေဖြင့် ဤနေရာကို သွား၍ တိုက်ရိုက်ကြည့်ရှု့နိုင်ပါတယ်။
"ကာမ"လိမ်လည်ခံနေရမှုများသည့် အမျိုးသမီးများအတွက် သီးသန့်ဥပဒေလိုအပ်
မြန်မာအမျိုးသမီးများအနေဖြင့် အိမ်
တွင်းအကြမ်းဖက်ခံရမှုနှင့် ကာမလိမ်
လည်ခံရယူမှုများ အများဆုံးကြုံတွေ့ခံ
စားနေရကြောင်း အမျိုးသမီးများလှုပ်
ရှားရေးဥပဒေအဖွဲ့က သိရှိရသည်။
 ''ကာမလိမ်လည်တဲ့အမှုတွေ အများဆုံးတွေ့ရတယ်။ ဒါပေမယ့် တရားရုံးကိုအဲ့ဒီအမှုတွေက မတက်လာဘူး။
လက်ရှိဥပဒေထဲမှာ လင်မယားကွာ၊မယားစရိတ်၊
 ကလေးစရိတ်တွေကို တရားသေ သတ်မှတ်ထားတာတို့တွေဟာ မရှိသင့်တော့ပါဘူး''ဟု   ရှေ့နေများဖြင့်ဖွဲ့စည်းထားသော Youth Legal Clinic
မှ ဒါရိုက်တာဒေါ်လှလှရီက ဆိုသည်။
 အဆိုပါအမျိုးသမီးများလှုပ်ရှားရေးဥပဒေအဖွဲ့အနေဖြင့် လက်ရှိအချိန်တွင် သာကေတ၊ ဒေါပုံ၊ဒလ၊ဒဂုံဆိပ်ကမ်းနှင့်လှိုင်သာယာမြို့နယ် များတွင် အမျိုး
သမီးရေးရာဥပဒေကြောင်း ဆိုင်ရာကိစ္စရပ်များအား လိုက်လံဆောင်ရွက်ပေးနေ
သည့်အဖွဲ့ဖြစ်သည်။
 အမျိုးသမီးများအတွက်  အကာအကွယ်ပြုနိုင်သော  ဥပဒေလုပ်ငန်းခွင်တွင် ရရှိ
သင့်သော နားရက်ခွင့်၊ လုပ်သက်ခွင့်၊ သီးသန့်ခွင့်မျိုးများ၊ အိမ်ထောင်စုတွင် အမျိုး
သမီးများဖိနှိပ်ညှင်းဆဲခံရမူ၊ ကွာရှင်းပြတ်ဆဲမှုများအတွက် ထိရောက်သော
အရေးယူဆောင်ရွက်မှုများ ၊ ခေတ်ကာလနဲ့မကိုက်ညီသော အရေးယူမှုများ
အားပယ်ရှားရန်နှင့် လက်ရှိကြုံတွေ့နေရသော အမျိုးသမီးအရေးယူခံရမှု များလည်း   လေ့လာသုံးသပ်သင့်ကြောင်း အမျိုးသမီးများထံက သိရှိရသည်။
 ''အမျိုးသမီးတွေအတွက် သီးသန့်ဥပဒေဆိုတာ မရှိသေးဘူး။ ထိရောက်တဲ့
အရေးယူမူတွေ လည်း မရှိဘူး။ လင်မယားကွာတာ ဆိုရင်   ငွေကျပ်တစ်ရာလို့
သတ်မှတ်ထားတာ ဘယ်မှာ ခေတ်ကာလနဲ့ ကိုက်ညီတော့လို့လဲ။ ဥပဒေကလည်း ခေတ်ကာလနဲ့မညီတာတွေ အများကြီးပါ။ ''ဟု ကရင်အမျိုး
သမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့( KWAG) မှဒါရိုက်တာ ဒေါ်လှလှစိုးက ပြောသည်။
 ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အနေဖြင့်နာဂစ်ဒဏ်ခံစားခဲ့ရသော မြစ်ဝကျွန်း
 ပေါ်ဒေသများဖြစ်သော လပွတ္တာ၊ဟသာင်္တ မြို့များအပြင် ပဲခူးတိုင်းဒေသကြီး၊ ဗတာင်ငူ မြို့နယ်၊သံတောင်ကျေးရွာ များတွင် ကျားမ တန်းတူအခွင့်အရေးရရှိရေး၊ အမျိုးသမီး
များအိမ်တွင်း အကြမ်းဖက်ခံရမှု များနှင့် ပါတ်သတ်၍ လျော့နည်းသွားစေရန် ရည်ရွယ်
ချက်ဖြင့် လှုပ်ရှားလုပ်ဆောင်မူများပြုလုပ်နေသည့် အမျိုးသမီးရေးရာ အဖွဲ့လည်း ဖြစ်သည်။
 လွှတ်တော်တွင်း အမျိုးသမီးများအား ရရှိသင့်သည့် အခွင့်ရေးများနှင့် အကာအ
ကွယ်ပေးနိုင်သည့် ဥပဒေတစ်ရပ်ပြဌာန်းပေနိုင်ရန် တင်ပြဆွေးနွေးသွား
မည်ဖြစ်ကြောင်း သိရှိရသည်။
မြစ်မခမီဒီယာ
နူးယောက်ခ်မြို့ JFK လေဆိပ်ကြီး၌ ဗုံးလန့်မှု ဖြစ်ပွားခဲ့
Written by ရွှေလုံး အယ်ဒီတာ
Wednesday, 19 September 2012
အမည်မဖော်သူ တစ်ဦး၏ တယ်လီဖုန်းခေါ်ဆို သတင်းပေးပို့မှုကြောင့် အမျိုးသား လေကြောင်းထိန်းချုပ်ရေးမှ လေဆိပ်သို့ ဆင်းသက်
လာနေသည့် လေယာဉ် ၂ စီးအား ဟန့်တားခဲ့ပြီး အကြမ်းဖက်နှိမ်နင်းရေး အထူးတပ်ဖွဲ့များ၊ ဗုံးရှာဖွေရေး တပ်ဖွဲ့များက ဝင်ရောက်ရှာဖွေခဲ့ရာ မည်သည့် အရာကိုမျှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။
အဆိုပါ သတင်းပေးပို့သူက အဆိုပါ လေယာဉ် ၂ စီးပေါ်၌ အကြမ်းဖက်သမားများနှင့် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ပါလာကြောင်း ပြောကြားခဲ့ပြီးနောက် ယင်းကဲ့သို့ အရေးပေါ် ရှာဖွေခဲ့ခြင်းဖြစ်သည်။
လေယာဉ် ၂ စီးအနက် တစ်စီးမှာ ဆန်ဖရန်စစ္စကိုမှ နူးယောက်ခ်သို့ ပျံသန်းလားသည့် အမေရိကန် လေကြောင်းလိုင်းပိုင် လေယာဉ်ဖြစ်ပြီး၊ အခြားတစ်စီးမှာ ဖင်လန်နိုင်ငံမှ နူးယောက်ခ်သို့ ပျံသန်းလာသည့် ဖင်လန်လေကြောင်းလိုင်းပိုင် လေယာဉ်ဖြစ်သည်။
ရှာဖွေမှုများအပြီးနောက် FBI က အန္တရာယ်မရှိတော့ကြောင်း၊ ရရှိသည့် သတင်းမှာ သတင်းမှားသာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ခရီးသည် များလည်း လိုရာခရီးသို့ ရောက်ရှိခဲ့ရသည်။
လေယာဉ်မှူးများနှင့် လေယာဉ်ဝန်ထမ်းများကမူ သံသယဖြစ်ဖွယ် တစ်စုံတစ်ရာနှင့် ကြုံတွေ့ခဲ့ရခြင်း မရှိဟုဆိုသည်။
မူရင်းသတင်း--Shwelone.com (ရွှေလုံး) | Myanmar Social Entertainment News Network
By Aye Chan Mon
ကချင်အရေး ဒေါ်အောင်ဆန်းစုကြည် နှုတ်ပိတ်နေခြင်း မဟုတ်ကြောင်း ဦးဝင်းတင်ငြင်းဆို
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် ပတ်သက်သည့် အရေး နှုတ်ပိတ်နေသည်ဟူသော ပြောဆိုမှုများကို မှားယွင်းကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD)
ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။
“ဒေါ်စု ကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင်၊ ဒီမိုကရေစီရေးနဲ့ ပတ်သက်လာရင် ဘာမှ နှုတ်ပိတ်တယ်လို့ မရှိဘူး။ ဒေါ်စု ပြောနေတဲ့ အကြောင်းက ပထမဆုံး အပစ်အခတ်တွေ ရပ်စဲဖို့လိုတယ်၊ ပစ်နေခတ်နေကြရင် ဆွေးနွေးပွဲ ဆိုတာ မဖြစ်နိုင်ဘူး၊ နောက်တချက်က တိုင်းရင်းသား အရေးနဲ့ ပတ်သက်လာရင် တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး၊ တန်းတူ အခွင့်အရေး ဆိုတဲ့အချက် ၂ ချက်ကို ကြည့်ပြီး စစ်မှန်သည့် ဒီမိုကရေစီ ပြည် ထောင်စု ဆိုတာဖြစ်ဖို့ ညှိနှိုင်း ဆွေးနွေးကြပါဆိုတာ ပြောနေတာ” ဟု သူက ဆိုသည်။
တချိန်တည်းတွင် ယခုလက်ရှိ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့် သည့် ဆု လက်ခံရရှိခြင်းကို ဂုဏ်ယူမိကြောင်း၊ သို့သော် အဆိုပါ အခမ်းအနားကို ကချင်တိုင်းရင်းသားများ အနေဖြင့် ပါဝင်နိုင်ခြင်း မရှိကြောင်း အမေရိကန်နိုင်ငံ ကချင် မဟာမိတ် (Kachin Alliance – KA) က ဒေါ်အောင်ဆန်းစုကြည် ထံသို့ စက်တင်ဘာ ၁၆ ရက်နေ့ နေ့စွဲဖြင့် စာပို့ထားသည်။
“ဒေါ်အောင်ဆန်းစုကြည်က တချိန်မှာ အမျိုးသား ခေါင်းဆောင်ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာ မြန်မာအစိုးရ ပါတီ ခေါင်းဆောင် တယောက် ဖြစ်နေတယ်။ အဲဒီ ပါတီကလည်း အစိုးရထဲ ပါတဲ့ ပါတီဖြစ်တယ်။ လွှတ်တော်ကလည်း အစိုးရကို ထောက်ခံနေတယ်လေ” ဟု အမေရိကန်နိုင်ငံ ကချင်မဟာမိတ်၏ တာဝန်ခံ ဖြစ်သူ Nsang Gum San က ပြောဆိုကြောင်း ကချင်သတင်းဌာန က သတင်းရေးသားထားသည်။
လက်ရှိ ကာလ ကချင်ပြည်နယ်တွင် နေ့စဉ် ရက်ဆက် ဖြစ်ပွားနေသော စစ်မက်ဘေးဒဏ်ကြောင့် မိမိတို့၏ ဆွေမျိုး သားချင်းများ လျစ်လျူရှု ခံနေရကြောင်း၊ ၎င်းတို့ ဆင်းရဲဒုက္ခများနှင့် ၀မ်းနည်း ပူဆွေးသောကများ ဖိစီးမှုဖြင့် ကြေကွဲနေချိန်၊ ကချင် တိုင်းရင်းသားများ သောင်းနှင့်ချီ၍ နေရပ်စွန့်ခွာ ပြောင်းရွှေ့ခံနေရသည့် အချိန် စသည့် အခြေအနေ များတွင် မိမိတို့ အနေဖြင့် ၀မ်းမြောက်ပျော်ရွှင်ရန် မည်သို့မျှ ဆီလျှော် အပ်စပ်ခြင်း မရှိကြောင်း သူက ဆက်ပြောသည်။
ဒေါ်အောင်ဆန်စုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာစဉ် ကတည်းက သတင်းမီဒီယာများနှင့် ပြောဆိုမှုများ၊ ကြေညာချက်များက ထုတ်ဖော်ပြသလျှက်ကြောင်း၊ လွန်ခဲ့သည့် ဇူလိုင်လက ထုတ်ပြန်ခဲ့သည့် ငြိမ်းချမ်းရေးအတွက် အိတ်ဖွင့်ပေးစာ တွင်လည်း ငြိမ်းချမ်းရေး အတွက် စစ်ရေး တိုက်ခိုက်မှုများအစား နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းဖြင့် လုပ်ဆောင်သွားကြရန် သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့တို့ကို အိတ်ဖွင့်စာပေးပို့ မေတ္တာရပ်ခံ ကမ်းလှမ်းခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထိုစဉ်က တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် အစိုးရအကြား စွန့်စားပြီး ၀င်ရပ်မည်ဟု ပြောဆိုခဲ့ကြောင်း၊ အဆိုပါကိစ္စ လုပ်ဆောင်မပေးနိုင်ပါက ကြားညပ်ကာ အန္တရာယ်ကြီးသည့် ကိစ္စဖြစ် ကြောင်း သိလျှက် ရပ်တည်ခဲ့ကြောင်း သူက ဆက်ပြောသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမတို့တော့ ကြားဝင်ရပ်ပေးမှဖြစ်မယ်၊ မလုပ်ရင်တော့ ပိုဆိုးလိမ့်မယ်ဆိုပြီး ဒေါ်စု ပြောတဲ့ စကား ကျနော် မှတ်မိနေသေးတယ်” ဟု ဦးဝင်းတင်က ဆိုသည်။
ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး ဆိုင်ရာ တတ်စွမ်းသမျှ ကူညီပေးသွားမည်ဟု ပြောဆို ကမ်းလှမ်းမှု တွင် တိုင်းရင်းသား အဖွဲ့များက ကြိုဆိုခဲ့ကြသည်။ သို့သော် အစိုးရဘက်က မည်သို့မျှ မတုံ့ပြန်ခဲ့ဟု သိရသည်။
“သဘောကတော့ ဒေါ်စုရဲ့ ကြားဝင်ပေးဖို့ ကမ်းလှမ်းချက်ကို အစိုးရဘက်ကလည်း ဘာမှ မတုံ့ပြန်ခဲ့ဘူး။ ကချင်ဘက် ကလည်း ဘာမှ မတုံ့ပြန်ခဲ့ဘူး” ဟု ဦးဝင်းတင်က ဆိုသည်။
သို့သော် မကြာသေးမီက ဧရာဝတီ သတင်းဌာန အယ်ဒီတာနှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်း တို့ တွေ့ဆုံရာတွင် ကချင်ပြည်နယ်အရေး အပါအ၀င် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် ၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး အတိအလင်း အစိုးရဘက်က တုံ့ပြန်ပြောကြားလာခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်လည်း ၀ိုင်းကူမယ်လို့ ကတိပေးထားပြီးသားပါ။ လိုအပ်တာကိုပြောပါ၊ ၀ိုင်းကူမယ်လို့ ပြောထားပြီးသား။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အခု လွှတ်တော် တက်နေရတာပေါ့ဗျာ။ လွှတ်တော် တက်နေရတော့ သူ မအားလပ်ဘူး။ အားလပ်တဲ့ နောက်ပိုင်း ကာလတွေမှာ သူ ကျနော်နဲ့ လိုက်မှာပေါ့ဗျာ။ ခင်ဗျားတို့ အဲဒါ စောင့်ကြည့်လိုက်ပေါ့” ဟု ဦးအောင်မင်းကလည်း ပြောထားသည်။
NLD ပါတီသည် အာဏာရပါတီမဟုတ်ကြောင်း၊ ညှိနှိုင်းဆွေးနွေးရေးနှင့် ပတ်သက်၍ ၂ ဘက်စလုံးကို တိုက်တွန်း၍ အပစ်အခတ် ရပ်စဲရေး မေတ္တာရပ်ခံသည့် အဆင့်သာလုပ်နိုင်ပြီး တကယ် ငြိမ်းချမ်းရေး ပြောဆိုရေးမှာ အစိုးရနှင့် ကချင်ပြည်နယ် လွတ်မြောက်ရေး အဖွဲ့ (KIO) တို့သာဖြစ်ကြောင်း ဦးဝင်းတင်က ဆိုသည်။
By Irrawaddy
""အသက်(၁၈) အရွယ် လူနာ အမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့် သမားတော် ထောင်ပို့ခံရ ""
ဇော်ဇော်( ရွှေမြန်မာမီဒီယာ)
ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ဆယ်ကျော်သက်
လူနာအမျိုးသမီးငယ် တဦးအား မုဒိမ်းကျင့်
ကျူးလွန်သူ သမားတော်တစ်ဦးမှာ ထောင်ဒဏ်
ချမှတ်ခံရသည်ဟု သတင်းရရှိသည်။
ထောင်ပို့ခံရသော အဆိုပါ သမားတော်ကြီးမှာ ဒက္ကာမြို့ တောင်ပိုင်း
ဘောရီးရှားမြို့နယ်မှ ဖြစ်သည်ဟု ဆိုသည်။
ဘောရီးရှားမြို့နယ် ကိုဝါတိုလီရဲဌာနမှ အရာရှိတဦးဖြစ်သူ Sharduzzaman က “သူမခင်ပွန်း
 အာလန်ချို(ခ်)ဒါက အဲဒီအမှုကိစ္စနဲ့ တနင်္လာ နေ့ညက အမျိုးသမီးနဲ့ ကလေးငယ်များအပေါ်
ကာကွယ်တဲ့ ဥပဒေကို ကျူးလွန်တဲ့ ပုဒ်မှ (၁၀)နဲ့အမှုဖွင့်ထားပါတယ်
”ဟု ဆိုသည်။
Jahangir Alam Seimသည် ဘောရီးရှားမြို့ လူနာခွဲစိတ်ကုသာသည့် ဆေးရုံ၌ သမားတော်
တဦးဖြစ်သလို ၄င်းဆေးရုံနှင့် ဆေးခန်းပိုင်ရှင် တဦးလည်း ဖြစ်သည်ဟု
သိရသည်။
 လူနာဆေးရုံ၌ ခွဲစိတ်ကုသရင်း သမားတော် Jahangirဆီ မုဒိမ်းပြုကျင့်ခြင်း ခံရသည့်
 အမျိုးသမီးမှာ အသက်(၁၈)သာရှိပြီး အိမ်ထောင် သစ်ပြုထားသည့် Chokder
၏ဇနီး ဖြစ်သည်ဟု ဆိုသည်။
အဆိုပါအမျိုးသမီးအား စက်တင်ဘာ ၁၂ရက်နေ့က အူအတက်ရောက်၍ ခွဲစိတ်ကုသရန် ဆေးရုံတင်ထားသူ ဖြစ်သည်။
တနင်္လာနေ့က သူမအား သမားတော်၏ အခန်းထဲ၌ မုဒိမ်ပြုကျင့်သည့်နေ့တွင်
ရုံးဝန်ထမ်းများ လာရောက်ခြင်းမရှိဟု ခင်ပွန်းဖြစ် သူကပြောသည်။ အဆိုပါအခန်း
ထဲမှ ငိုယိုသံကြားပြီးမှ အနီးအနားရှိ လူတွေသွားရောက်ပြီး ကယ်ထုတ်နိုင်ခဲ့
သည်ဟု သိရသည်။
 ဇော်ဇော်( ရွှေမြန်မာမီဒီယာဂရု)
မူရင်းလင့်...  http://www.newagebd.com/detail.php?date=2012-09-19&nid=24196#.UFlXZK77Nkg
ရွေးကောက်ပွဲဝင်လိုသော ဦးမိုးသီးဇွန် အခြေခံဥပဒေ ပြင်ရန် တောင်းဆို
ကိုကိုအောင် | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၄၆ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်တော်ပြန် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန် က ပါတီသစ် တည်ထောင်၍
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသောကြောင့် ၎င်းအတွက် အခက်အခဲဖြစ်နေသည့် အခြေခံဥပဒေအား ပြင်ဆင်ပေးရန် တောင်းဆိုလိုက်သည်။
“ကျနော် နိုင်ငံရေးပဲ လုပ်မှာပါ။ လူမှုရေးအလုပ်တွေ မလုပ်ပါဘူး။ ပါတီထောင်မယ်၊ ရွေးကောက်ပွဲဝင်မယ်။ ဒါပေမယ့် အခြေခံဥပဒေက မြန်မာနိုင်ငံမှာ ၁ဝ နှစ် အနည်းဆုံး ဆက်တိုက်နေမှ ရွေးကောက်ပွဲ ဝင်ခွင့်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် အခက်ကြုံနေရပါတယ်။ ဒါကို ပြင်ပေးဖို့ လိုတယ်။ ပြင်ပေးဖို့လည်း တောင်းဆိုပါတယ်” ဟု ဦးမိုးသီးဇွန် က ပြောသည်။
၂ဝဝ၈ ခုနှစ်က အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂ဝ (ဂ)တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး၏ အရည်အချင်းအဖြစ် “ရွေးကောက် တင်မြှောက်ခံရသည့် အချိန်နှင့် တဆက်တည်း ပြည်ထောင်စု မြန်မာ
နိုင်ငံတော်တွင် အနည်းဆုံး ၁ဝ နှစ် အခြေချနေထိုင်ခဲ့သူ” ဖြစ်ရမည်ဟု ဖေါ်ပြပါရှိသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အုပ်ချုပ်မှုအောက် ၁၉၈၈ ခုနှစ်အတွင်း ပါတီစုံဒီမိုကရေစီ တောင်းဆိုဆန္ဒပြမှု
နိုင်ငံအဝှမ်းဖြစ်ပွားခဲ့သော လူထုအုံကြွမှုအတွင်း ထင်ရှားလာခဲ့သည့် ကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန်သည် စစ်တပ်မှ အာဏာသိမ်းအပြီးနောက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို တည်ထောင်ဦးဆောင်ခဲ့ဖူးသည်။
ထို့နောက် စစ်အစိုးရအား လက်နက်ကိုင် တော်လှန်ရေးအတွက် မြန်မာ-ထိုင်းနယ်စပ်သို့ ထွက်ခွါခဲ့ကာ ABSDF ခေါ်
ကျောင်းသားတပ်မတော်တွင် ဥက္ကဋ္ဌ တာဝန် ယူခဲ့ဖူးသည့် ဦးမိုးသီးဇွန်သည် နောက်ပိုင်းကာလများတွင် ပြည်ပတွင် သာ အခြေချနေထိုင်လာခဲ့ပြီး ၂ဝဝ၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့သည်။
သမ္မတဦးသိန်းစိန်၏ အထူးကိုယ်စားလှယ် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် ပမာဏ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ဦးမိုးသီးဇွန်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်အချို့ မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁ ရက်နေ့တွင် လေကြောင်းခရီးဖြင့် ပြန်လည် ဝင်ရောက်လာခဲ့သည်။ အစိုးရကလည်း သူအပါအဝင်
ပြည်ဝင်ခွင့် ပိတ်ပင်ထားသူပေါင်း ၂ဝဝဝ ကျော်ကို Black List စာရင်းမည်းမှ ဖယ်ရှားပေးခဲ့ကြောင်း ကြေညာထား ခဲ့သည်။
ဦးမိုးသီးဇွန် ပါတီထောင်၍ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရေး ဥပဒေများ ပြင်ဆင်နိုင်ရန် လွှတ်တော်အတွင်း တင်ပြဆွေးနွေးသွားမည်ဟုလည်း လွှတ်တော်အမတ် ဦးသိန်းညွန့်က ပြောသည်။
“လွှတ်တော်အတွင်းကနေ ပြင်ဖို့ လိုအပ်တဲ့ ဥပဒေတွေကိုပြင်ရမယ်။ ကျနော့်အနေနဲ့လည်း ဆောင်ရွက်နိုင်သမျှ
ဆောင်ရွက်ပေးမယ်။ ဖြစ်လာတဲ့ ပြဿနာပေါ် မူတည်ပြီး အခြေခံ ဥပဒေကို ပြင်ဖို့ ပြောမှာပဲ။ အခုလည်း ဒီကိစ္စကို
ပြောမှာပဲ” ဟု ဆိုသည်။
ပြည်ပရောက် အတိုက်အခံများ မြန်မာနိုင်ငံသို့ ပြန်လာ
“ကျနော် နိုင်ငံရေးပဲ လုပ်မှာပါ။ လူမှုရေးအလုပ်
တွေ မလုပ်ပါဘူး။ ပါတီထောင်မယ်၊
ရွေးကောက်ပွဲ ဝင်မယ်။ ဒါပေမယ့် အခြေခံ ဥပဒေမှာပါတဲ့ မြန်မာ နိုင်ငံမှာ ၁ဝ နှစ် အနည်း ဆုံး ဆက်တိုက်နေမှ ရွေးကောက်ပွဲ ဝင်ခွင့်ရ မယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် အခက်ကြုံ
နေရပါတယ်။ ဒါကို ပြင်ပေးဖို့လို တယ်။ ပြင်ပေး ဖို့လည်း တောင်းဆိုပါတယ်” လိုကြသော်လည်း ပြည်ဝင်ခွင့် ဗီဇာဖြည့်ရာကအစ ကန့်သတ်ချက်များ များလွန်းနေပြီး ယင်းသို့သော
ရှုပ်ထွေးသည့် လုပ်ထုံးများကြောင့် အခက်အခဲဖြစ်နေ
သည်ဟုလည်း ဦးမိုးသီးဇွန်က ဆိုသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လာရောက် ကြိုဆိုနေသူများကို “ကျနော်တို့ အခက်အခဲတွေ
အများကြီးကြားထဲက ပြန်လာနိုင်ခဲ့ပါပြီ။ ကျနော်တို့ အရမ်းပျော်ပါတယ်။ ကျနော်တို့ရဲ့ပျော်ရွှင်မှုဟာ ဘယ်သူ့ကိုမှ ဒုက္ခ မပေးပါဘူး။ ကျနော်တို့ရဲ့ပျော်ရွှင်မှုမှာ အားလုံးပါဝင်ပါတယ်” ဟု ဦးမိုးသီးဇွန် က စက်တင်ဘာလ ၁၂ ရက်နေ့ တွင် နှုတ်ခွန်းဆက်စကား ဆိုခဲ့သည်။
၁၉၈၈ ခုနှစ်မှစတင်၍ ၂၃ နှစ်ကြာ စစ်အုပ်ချုပ်ရေး ကာလတွင်းမှ အဆမတန် တိုးပွားလာခဲ့သော Black list စာရင်းမည်းတွင် ပြည်ပနှင့်နယ်စပ်ရှိ အတိုက်အခံများ၊ နိုင်ငံခြားသားများ၊ သတင်းစာဆရာများ၊ မြန်မာအတိုက်အခံ များကို ထောက်ခံအားပေးသူ နိုင်ငံခြားသားများလည်း ပါဝင်သည်။
နိုင်ငံခြားရေး၊ လူဝင်မှု ကြီးကြပ်ရေး၊ ပြန်ကြားရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန စသည်ဖြင့် ဌာနပေါင်းစုံမှ စုဆောင်း တင်ပြချက်အရ တားမြစ်သော စာရင်းတွင် လူတဦးထဲကိုပင် စာရင်းသွင်းမှု တကြိမ်ထက်ပို ပါဝင်နေတတ်ပြီး
နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံတော် ကုန်ကျငွေဖြင့် ပညာတော်သင် သွားရောက်ပြီး ပြန်မလာတော့သည့်သူများနှင့် “နိုင်ငံရေးနှင့် ငြိစွန်းသည်” ဟု ခေါ်ဝေါ်လေ့ရှိသော အတိုက်အခံလှုပ်ရှားမှုနှင့် ပတ်သက်သူများကိုလည်း ပိတ်ပင်လေ့ရှိသည်။
မူလစာရင်းတွင် အရေအတွက် မည်မျှပါဝင်သည်ကို ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း အငြိမ်းစား နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိဟောင်းတဦး အဆိုအရ နှစ်သောင်းခန့်ပင် ရှိခဲ့ဖူးသည်ဟု သိရသည်။
ပိတ်ပင်ထားသော စာရင်းမှ ဖယ်ရှားပြီးနောက် ထိုင်းနိုင်ငံတွင် နေထိုင်လျက်ရှိကြသော လူ့ဘောင်သစ်ဒီမိုကရစ်တစ် ပါတီ ခေါင်းဆောင် ဦးအောင်မိုးဇော်၊ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှ ဦးမောင်မောင်တို့လည်း
မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာကြပြီ ဖြစ်သည်။
မူလသတင်း---Mizzima - News in Burmese
By Aye Chan Mon
ဧရာဝတီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းနေတာဖြစ်၊ လုံးဝပယ်ဖျက်တာ မဟုတ်ဟုပြော
“မြန်မာအစိုးရက ပြောပါတယ်။ ဆည်ကိစ္စ
ရပ်ဆိုင်းနေတာပါ။ ပယ်ဖျက်တာ မဟုတ်
ပါဘူး”မြစ်ဆုံဆည်စီမံကိန်း ရင်းနှီးမြှုပ်နှံ
သည့် တရုတ်နိုင်ငံတော်ပိုင် ကုမ္ပဏီတစ်
ခုဖြစ်သော CPI ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌမစ္စတာ Xia Zhong နှင့် CPI လက်အောက်ခံ ဧရာဝတီမြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ မစ္စတာ Li Guanghua တို့နှင့် 7Day News က ဘေဂျင်းမြို့ CPI ရုံးချုပ်တွင် စက်တင်ဘာ ပထမပတ်အတွင်းက တွေ့ဆုံခဲ့သည်။
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခံရပြီး ငွေကြေးအကျပ်အတည်းများနှင့် ကြုံတွေ့နေရကာ စီမံကိန်းပြန်လည်စတင်နိုင်ရေး ကြိုးပမ်းနေသည်ဆိုသော CPI နှင့် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားပြီး တစ်နှစ်နီးပါးအကြာ လတ်တလော အခြေအနေများကို 7 Day News က မေးမြန်းထားသည်။
မြစ်ဆုံအပါအ၀င် ဧရာဝတီမြစ်ညာမြစ်ဝှမ်းဒေသမှာ ကျန်စီမံကိန်းတွေ တဖြည်းဖြည်းချင်း ဆက်လုပ်သွားမယ်လို့ပြောတော့ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်သွားဖို့ CPI က စိတ်ဆုံးဖြတ်ထားတယ်ပေါ့။
ဒီစီမံကိန်းက ပြည်သူလူထုအတွက် နိုင်ငံတော်အတွက် အကျိုးရှိနိုင်ပါတယ်။ လက်ရှိတော့ ပြည်သူလူထုက ကောင်းကျိုးတွေ မမြင်နိုင်သေးပေမယ့် နောင်ကောင်းကျိုးတွေ မြင်လာရင် သူတို့နားလည်မှာပါ။
ဒါပေမဲ့ ပြည်တွင်းမှာ ဒါကိုတော်တော်လေး ပြောဆိုရေးသား ဆွေးနွေးတာတွေရှိနေတော့ အဲဒီမျှော်လင့်ချက်က ရှိပါဦးမလား။ မျှော်လင့်ချက်ဖြစ်မလာရင် CPI အနေနဲ့ ဘာလုပ်မယ်စိတ်ကူးလဲ။
စာအုပ်ထုတ်ထားတယ်။ အဲဒီစာအုပ်ထဲမှာ ပြောထားပါတယ်။ လူအားလုံးကို ဒီစီမံကိန်းက ကောင်းတယ်လို့ နားလည်စေချင်ပါတယ်။ နောက်ပြီး တစ်ခုမျှော်လင့်တာက နိုင်ငံတကာမှာရှိတဲ့ အဖွဲ့အစည်းတွေ၊ ပညာရှင်တွေ၊ မြန်မာပြည်မှာရှိတဲ့ အင်န်ဂျီအိုအဖွဲ့အစည်းနဲ့ မြန်မာပညာရှင်တွေနဲ့အတူတူ
ညှိနှိုင်းလုပ်ဆောင်ချင်ပါတယ်။
ဟိုတလောက တရုတ်ရေအားလျှပ်စစ် အင်ဂျင်နီယာအဖွဲ့က ထုတ်ပြန်တဲ့ မြစ်ဆုံနဲ့ပတ်သက်တဲ့ သဘောထားကြေညာချက်က CPI နဲ့ ပတ်သက်မှုရှိလား။
အဲဒါရေးတာက တရုတ်ရေအားလျှပ်စစ်ကော်မတီက မစ္စတာဇန်ဝေါ်တင် ဖြစ်ပါတယ်။ သူ့ကိုလည်း သိပါတယ်။ ဒါပေမဲ့လည်း အလုပ်ကဏ္ဍ ဆက်စပ်မှုမရှိပါဘူး။
မြစ်ဆုံကတော့ သမ္မတသက်တမ်းမှာ နားသွားပြီ။ ကျန်တဲ့ ဧရာဝတီမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုကျန်သေးတော့ မြစ်ဆုံရပ်သွားပြီးနောက်ပိုင်း ကျန်အလုပ်တွေ ဆက်လုပ်ဖို့ ယုံကြည်ချက်ရော ရှိသေးလား။ မြန်မာအစိုးရက ဒီစီမံကိန်းတွေကို မြစ်ဆုံလိုမျိုး ရပ်ပစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုမျိုးပေါ့။
ယုံကြည်စိတ်ရှိမလားမေးတော့ အဓိက ရင်းနှီးမြှုပ်နှံဖူးတဲ့ကုမ္ပဏီနဲ့ တရုတ်အစိုးရ ဒီကိစ္စအတွက် ယုံကြည်မှုရှိမှရမယ်။ အခု ဒီကိစ္စမှာ ကျွန်တော်တို့ ယုံကြည်လား၊ မယုံကြည်လားထက် မြန်မာအစိုးရအခြေအနေ မြန်မာလူမျိုးတွေရဲ့ အခြေအနေကို ကြည့်နေတာ။
အခုနောက်ပိုင်းမှာ ပြည်တွင်းမီဒီယာတွေ ဆင်ဆာမရှိတော့ဘူးဆိုတော့ အရင်ကလို တရုတ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး အကာအကွယ်မရှိတော့ဘူး။ ပွင့်လင်းလာတယ်။ အဲဒီအပေါ်မှာရော စိုးရိမ်မိလား။
အခု မြန်မာပြည် မီဒီယာနဲ့ပတ်သက်ပြီး မကောင်းတာတစ်ချက် တွေ့ရှိထားတယ်။ အားလုံးက မကောင်းတာဘဲ ပြောနေတယ်။ ကောင်းတာပြောတာ နည်းနေတယ်။ အဓိက မီဒီယာက ဘက်မလိုက်ဘဲ အဲဒီကိစ္စအပေါ် ရေးသင့်ပါတယ်။ အရေးကြီးကိစ္စ ဖြစ်ပေါ်ရင် ဆွေးနွေးဖလှယ်ပြီး ရေးရမှာပေါ့။ နောက်ပြီး တရုတ်ပြည်မှာ အကြီးစားရေအားလျှပ်စစ် စက်ရုံကြီးတွေ တည်ဆောက်နေတယ်။ မီဒီယာတွေကလည်း မကောင်းတာတွေလည်း ထောက်ပြရေးသလို ကောင်းတာရေးတာလည်း ရှိတယ်။
ဒီစီမံကိန်းက အရင်စစ်အစိုးရလက်ထက်မှာ လက်မှတ်ထိုးခဲ့တယ်။ အခု အစိုးရသစ်လက်ထက် ရောက်နေပြီ။ အရင်တုန်းက ဒီကိစ္စမှာ လက်မှတ်ထိုးခဲ့တုန်းကသူတွေ သီဟသူရဦးတင်အောင်မြင့်ဦးတို့၊ ၀န်ကြီးဦးဇော်မင်းတို့က အစိုးရဌာနမှာ မရှိတော့တာမို့ CPI ရှေ့လုပ်ငန်းစဉ်တွေမှာ အခက်အခဲဖြစ်စေမလား။
ဦးတင်အောင်မြင့်ဦးတို့ အဲဒီတုန်းက လက်မှတ်ထိုးခဲ့တာက နိုင်ငံကိုကိုယ်စားပြု ထိုးခဲ့တာပါ။ အဲဒါကြောင့် ဒီစီမံကိန်းဆက်သွားဖို့ ခက်မယ်မထင်ပါဘူး။ အဲဒါကြောင့် အရင်စစ်အစိုးရ လက်ထက်ကနေ အခုအထိ တရားဝင်နေပါတယ်။
CPI က ဒီမြစ်ဆုံစီမံကိန်းရဖို့ အဲဒီအချိန်က အဖွဲ့အစည်းကြီးတစ်ခုက (အခုတော့ အဖွဲ့အစည်းအဖြစ် မရှိတော့ဘူး) ကြားကနေ ဆောင်ရွက်ပေးခဲ့တယ်လို့ ကြားရပါတယ်။ အဲဒါဟုတ်ပါသလား။
အဲလိုမျိုး မရှိပါဘူး။ သတင်းမမှန်ပါဘူး။ နောက်ပြီး အဲဒီတုန်းက လျှပ်စစ်ဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့လာပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းပါတယ်။ မျှော်လည်းမျှော်လင့်ခဲ့ပါတယ်။ အဲဒီတုန်းက လာရင်းနှီးမြှုပ်နှံတာ CPI တင်မကပါဘူး။ ချင်းတွင်းမြစ်မှာလည်း ထိုင်းနဲ့ အခြားနိုင်ငံကလာတဲ့ ကုမ္ပဏီတွေလည်း ရှိပါတယ်။ နောက်ပြီး MOU,MOA ထိုးတဲ့အခါမှာလည်း အတွင်းရေးမှူးတစ်ယောက်အနေနဲ့ ၀န်ကြီးတစ်ယောက်အနေနဲ့ ဆုံးဖြတ်လို့မရဘူး။ MOU, MOA လက်မှတ်ထိုးဖို့ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)ရဲ့ ခွင့်ပြုချက်လည်း လိုတယ်။ အစိုးရအဖွဲ့အစည်း ခွင့်ပြုရမယ်။ အဲဒါမှ လက်မှတ်ထိုးလို့ ရတယ်။ လက်မှတ်ထိုးခဲ့တာတော့ ဦးမောင်အေး၊ ဦးတင်အောင်မြင့်ဦးတို့နဲ့ပေါ့။ နှစ်ဖက်နိုင်ငံရဲ့ အကြီးအကဲတွေရှေ့မှာ လက်မှတ်ထိုးထားတဲ့ဟာပါ။ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ဆုံးဖြတ်လို့မရပါဘူး။ နောက်ပြီး CPI က လူကြီးတွေကို လာဘ်ထိုးလို့၊ ပစ္စည်းဥစ္စာပေးလို့ ခွင့်ပြုချက်ရတာလို့ ပြောနေတာတွေ ကြားပါတယ်။ အဲဒီလိုမျိုး လုံးဝမရှိပါဘူး။
အခု CPI အနေနဲ့လည်း ဆုံးရှုံးမှုတွေ အများကြီးရှိတယ် ပြောတယ်။ ဒီဘက်ကနေ ဆုံးရှုံးမှုတွေအတွက် တောင်းဆိုမှုတစ်ခုခု လုပ်ဖို့ရှိလား။
အခု တခြားညှိနှိုင်းမှုလုပ်ဖို့ မရှိသေးပါဘူး။ မြန်မာအစိုးရကလည်း ပြောတယ်။ ဒီစီမံကိန်းက ရပ်ဆိုင်းနေတာပါ။ နောက်ပြီး ပယ်ဖျက်တာ မဟုတ်ပါဘူးလို့။ အဲဒါကြောင့် အသေးစိတ်ညှိနှိုင်းစရာ မရှိသေးဘူး။
ဒါဆို ဦးသိန်းစိန် သမ္မတသက်တမ်းပြီးမှ ဒီကိစ္စတွေက ဆက်ပြောရမှာလား။ ၂၀၁၅ ကျမှ ဆွေးနွေးမှုတွေ ဆက်လုပ်မှာလား။ အဲဒီကျမှ ဆုံးရှုံးမှုတွေအတွက် ဆွေးနွေးမှုလုပ်မှာလား။
အခုကတော့ အသေးစိတ် မသိသေးဘူး။ လက်ရှိကတော့ ရပ်ဆိုင်းနေပြီးသား။ ရပ်ဆိုင်းတဲ့ကာလလည်း အစိုးရကပြောထားတယ်။ အဲဒီစီမံကိန်းက ပြည်သူလူထုကို စိတ်ချအောင် ဆည်တမံ ဘယ်လောက်စိတ်ချမှု ရှိသလဲဆိုတဲ့အဖြေကို ဖြေပြီးမှ ဆက်ပြီး ဘယ်လိုလုပ်မလဲဆိုတာ အဲဒီအချိန်ကျမှ သိနိုင်ပါတယ်။
CPI အနေနဲ့ မြစ်ဆုံကိစ္စမှာ ဆုံးရှုံးရတဲ့ငွေပမာဏ အခုထိ ဘယ်လောက်ရှိမယ်ဆိုတာ ပြောပြနိုင်မလား။
အမေရိကန်ဒေါ်လာ တစ်ဘီလီယံလောက် ရှိပါပြီ။
ကျွန်မတို့ ကြားထားတာက အစိုးရနဲ့ ညှိနှိုင်းနေဆဲဖြစ်လို့ CPI ရဲ့ စက်ပစ္စည်းတွေ မြစ်ဆုံက သယ်လို့မရ ဖြစ်နေတယ်လို့။ မြစ်ဆုံစီမံကိန်းကနေ စက်ပစ္စည်းတွေ တရုတ်ပြည်ကို ပြန်သယ်ဖို့ ဘယ်လိုအခြေအနေ ရှိပါသလဲ။
လက်ရှိကတော့ အစိုးရဘက်က ပစ္စည်းတွေ ပြန်သယ်ဖို့ ခွင့်ပြုပြီးပြီ။ ဒါပေမဲ့ တံတားကျိုးနေတော့ အဆင်မပြေဘူး။ ကေအိုင်အေက တံတားကို ပြန်ဆောက်ဖို့ ခွင့်မပြုသေးဘူး။ တံတားနာမည်က ခုနစ်ရောင်ခြယ်တံတားပေါ့။ ၀ါရှောင်နဲ့နီးတယ်။
မြစ်ဆုံအပြင် အခြားစီမံကိန်းတွေလည်း နယ်မြေမတည်ငြိမ်လို့ ရပ်ထားရတဲ့အတွက် ဘယ်လောက်နစ်နာမှုရှိသလဲ။
ခုနက ပြောထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံက အားလုံးကို ပြောတာပါ။ တစ်နှစ်အတွင်းပစ္စည်းဖိုး၊ ဘဏ်ကနေယူထားတဲ့ ချေးငွေရဲ့ အတိုးပေးရမယ်။ နောက်ပြီး ဒီဇိုင်းကုမ္ပဏီတွေ၊ ၀န်ထမ်းတွေရဲ့ လုပ်အားခတွေ စက်ယန္တရားဖိုးတွေလည်း ပေးရမယ်။ တွက်လိုက်ရင် တစ်နှစ်ဆိုရင် ၀ ဒသမ ၁ ဘီလီယံ ရှိနေတယ်။ ဆုံးရှုံးမှုများပြားလာရင် ရင်းနှီးမြှုပ်နှံမှုလည်း များပြားလာပါမယ်။ လျှပ်စစ်ဓာတ်အားရဲ့ ဈေးနှုန်းလည်း မြင့်တက်လာပါတယ်။
အထက်ပိုင်းက စီမံကိန်းခြောက်ခုက ကေအိုင်အိုနယ်မြေထဲမှာ ဖြစ်နေတယ်။ အစိုးရဆီက အဲဒီအချိန်တုန်းက ကေအိုင်အိုနယ်မြေမှာ လုပ်တဲ့အတွက် သူတို့ ဘယ်လိုတာဝန်ယူပေးမယ်ဆိုတဲ့ အာမခံချက်မျိုး ပေးခဲ့လို့ ပြည်တွင်းစစ်ရှိတဲ့နေရာမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့တာလဲ။
အဲဒီအချိန်က အစိုးရက စေလွှတ်ထားတဲ့တပ်ဖွဲ့ ရှိပါတယ်။ ချီဖွေငယ်လည်း ရှိတယ်။ ချီဖွေမှာလည်း ရှိတယ်။ လုံခြုံမှုအတွက် စေလွှတ်ပေးနေတာပါ။ အဲဒီတုန်းကတော့ မြန်မာအစိုးရက အာမခံပေးခဲ့ပါတယ်။ တည်ဆောက်ရေးကာလမှာ လုံခြုံဖို့။
မြစ်ညာမြစ်ဝှမ်းခြောက်ခု စီမံကိန်းထဲက တစ်ခုဖြစ်တဲ့ ချီဖွေငယ်စီမံကိန်းက လည်ပတ်လို့ရနေပြီလို့ပြောတော့ ထွက်လာတဲ့ ဓာတ်အားတွေကို ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ။
လက်ရှိကတော့ အဲဒီ ဓာတ်အားကို ဘယ်လိုလုပ်မလဲလို့ လျှပ်စစ်(၁)၊ (၂) ၀န်ကြီးဌာနနှစ်ခုနဲ့ ညှိနှိုင်းနေတုန်းပဲ။ မြစ်ကြီးနားဆီကို ပို့ဖို့စီစဉ်ထားပါတယ်။ ဓာတ်အားလိုင်းလည်း မြစ်ကြီးနားကို ဆွဲထားပါတယ်။ လျှပ်စစ်(၂)အနေနဲ့လည်း ၀ိုင်းမော်မှာ ထပ်ဆင့်စက်ရုံ တည်ဆောက်ပြီး ဓာတ်အားလိုင်း သွယ်ထားတယ်။
ကျေးဇူးတင်ပါတယ်။
7 Day News