This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, November 2, 2012

Android ဖုန်း/Tablet ပိုင်ရှင်တွေအတွက် Microsoft Office Word, Excel , Power Point စတဲ့ Office ဖိုင်များကို ဖတ်ရှု ၊ ပြင်ဆင်နိုင်ြSmart Office 2 v2.0.17 for Android









Android ဖုန်း/Tablet ပိုင်ရှင်တွေအတွက် Microsoft Office Word, Excel , Power Point စတဲ့ Office ဖိုင်များကို ဖတ်ရှု ၊ ပြင်ဆင်နိုင်ပြီး Print ပါထုတ်လို့ရတဲ့ Office application လေးတစ်ခုဖြစ်တဲ့ Smart office 2 v2.0.17 ကိုတင်ပေးလိုက်ပါတယ်။ ဒီ Smart Office 2 ဆော့ဝဲလေးနဲ့ Microsoft office ဖိုင်များကို ကြည့်ရှုရာမှာ ဖုန်းထဲမှာရှိနေတဲ့ office ဖိုင်တွေတင်မဟုတ်ဘဲ online storage ဖြစ်တဲ့ dropbox ပေါ်မှာသိမ်းထားတဲ့ office ဖိုင်ကိုပါ တိုက်ရိုက်ပြင်ဆင်ဖတ်ရှု print လုပ်နိုင်မှာပါ။ ဒီဆော့ဝဲကိုအသုံးပြုပြီး Wireless နဲ့ချိတ်ဆက်လုပ်ဆောင်နိုင်တဲ့ Printer တွေကိုအသုံးပြုပြီး စာရွက်ပေါ်မှာ print ထုတ်နိုင်ဦးမှာဖြစ်ပါတယ်။ ရှိထားသင့်တဲ့ application လေးတစ်ခုဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကို Google Play မှာ ၆.၉၉ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်ပြီး Myanmar Mobile App Store မှာတော့ freedownload ရယူနိုင်ပါတယ်။
Smart Office 2 v2.0.17 for Android အားရယူရန်
(Download Site ထဲရောက်သွားရင် ” Click here to start download from sendspace” ကိုနှိပ်ပြီး download လုပ်ပါ)


About the Author

- သက်နိုင်စိုး (Founder of Myanmar Mobile Application Store) myanmarmobileapp@gmail.com

ကမ္ဘာပေါ်မှာအလှဆုံးဟု သတ်မှတ်ထားသော မြွေအမျိုးအစား ဆယ်မျိုး


ကမ္ဘာပေါ်မှာအလှဆုံးဟု သတ်မှတ်ထားသော မြွေအမျိုးအစား ဆယ်မျိုးကို စုစည်းပြီး တင်ပြထားပါတယ်။ ဘယ်လိုဘဲ လှပသော မြွေမျိုး ဖြစ်ပါစေ အန္တရာယ်ပေးနိုင်သော သတ္တ၀ါ ဖြစ်ပါတယ်။
 
1။Green Tree Python
အစိမ်းရောင်စပါးကြီးမြွေကို  အင်ဒိုနီးရှား ၊ သြစတြေးလျား နဲ. ပါပူအာနယူဂီနီ တို.မှာ တွေ.ရနိုင်ပါတယ်။ အရှည်ဆုံးမှာ  ၇ ပေခန်.ရှိပါတယ်။
2။ Blue Racer snake
အပြာရောင်ဒီမြွေမျိုးကို ကနေဒီယန်ကျွန်းဆယ်များနဲ.မက္ကစီကိုဒေသမှာ တွေ.ရနိုင်ပါတယ်။ 
                                                      3။ Eastern Coral Snake
                            မြွေဘုရင် ဟု သိကြသည်. ကော်ဘရာ မြွေမျိုးစိတ်ထည်းမှာပါဝင်တဲ. ဒီမြွေမျိုးကို အမေရိကနဲ. မက္ကစီကို ဒေသတွေမှာ တွေ.ရနိုင်ပါတယ်။
                                     
                                                         4။Brazilian Rainbow Boa
နှစ် ၂၀ ခန်.အသက်ရှင်နေနိုင်သည်.ဒီမြွေမျိုးကို အမေရိက ဒေသနဲ. ဘရာဇီးရှိ အမေဇုန်ဒေသတွေမှာ တွေ.ရနိုင်ပါတယ်။
                               
5။Melanistic Burmese Python
ဒီအ၀ါရောင်စပါကြီးမြွေမျိုးစိတ်ကို အိန္ဒိယ၊ တရုတ်၊ အင်ဒိုချိုင်းနားကျွန်းဆွယ်တို.မှာ တွေ.ရနိုင်ပါတယ်။ အနှစ် ၃၀ ထက် အသက်ရှင်နေနိုင်သော နှစ်ချို.သတ္တ၀ါ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာက ဗမာစပါအုန်းမြွေလို.နာမည်ပေးထားချင်းဘဲ ဖြစ်ပါတယ်။
                                                      6။The Iridescent Shieldtail
                     ဒီတောက်ပတဲ.မြွေမျိုးစိတ်ကို အိန္ဒိယ နိုင်ငံမှာအများဆုံး တွေ.ရနိုင်ပါတယ်။
                                                 7။The Emerald Tree Boa
                      ဒီမြွေမျိုးကိုတော. အမေရိကဒေသနဲ. ဘရာဇီးဒေသတွေမှာ တွေ.ရနိုင်ပါတယ်။
                                            

8။Indigo Eastern Rat Snake
မိန်းမကိုင်အိတ်တွေပြုလုပ်ဖို. အသတ်ခံနေရတဲ. ဒီမြွေမျိုးကိုတော. အမေရိကဒေသမှာ အများဆုံးတွေ.ရနိုင်ပါတယ်။ 
                                                          9။Leucistic Texas Rat Snake
                lady white လို.တင်စားခေါ်ဝေါ်ကြသော ဒီမြွေမျိုးစိတ်ကို အမေရိက ဒေသနဲ. အိန္ဒိယ ဒေသတွေမှာ အများဆုံး တွေ.ရနိုင်ပါတယ်။

                                                     
10။ Honduran Milksnake
အနီ အနက် အ၀ါ သုံးရောင်ခြယ်ထားတဲ. ဒီမြွေမျိုးစိတ်ကို ဟွန်ဒူးရပ်စ် နိုင်ငံမှာ အများဆုံးတွေ.ရနိုင်ပါတယ်။
YTZK*
(မြစ်စုံ)

ကိုယ်အလေးချိန် လျော့ကျရေး


ကိုယ်အလေးချိန် လျော့ကျရေး
by Nang Kha Yea on 30.10.2012
ကိုယ်အလေးချိန် လျော့ကျဖို့ ကြိုးစားနေသူတွေအတွက် ထူးခြားပြီး လွယ်ကူတဲ့ နည်းလမ်းတွေကို သုတေသန ပညာရှင်တွေက အခုလို ဖော်ပြထားပါတယ်။

  (၁) ငှက်ပျောသီး၊ ပန်းသီးနှင့် နာနတ်သီးအနံ့ရှူပါ

ဟုတ်ပါ့မလားလို့ ထင်ကောင်းထင်စရာ ရှိပေမယ့် တကယ် အလုပ်ဖြစ်တဲ့ နည်းပါလို့ ချီကာဂိုဖောင်ဒေးရှင်းက ဒေါက်တာအလန်က ဆိုပါတယ်။ လေ့လာမှုအရ စေတနာ့ဝန်ထမ်း သုံးထောင်ခန့်ကို လေ့လာခဲ့ရာ ငှက်ပျောသီး၊ ပန်းသီးနဲ့ နာနတ်သီးအနံ့တွေကို ရှူရှိုက်တဲ့ သူတွေက ဆာလောင်မှုနည်းပြီး ကိုယ်လေးချိန် ပေါင် ၃၀ ခန့် လျော့ကျသွားကြကြောင်း သိရပါတယ်။ ဒီအသီးတွေကို အနံ့ရှူရတာက ဦးနှောက်ဆီကို တကယ်စားနေတယ်လို့ အထင် ရောက်သွားစေပြီး ဗိုက်မဆာတော့ဘဲ ကိုယ်အလေးချိန် လျော့ကျသွားတာ ဖြစ်နိုင်ပါတယ်။

(၂) ထမင်းစားထိုင်ခုံ ရှေ့နံရံမှာ မှန်တစ်ချပ် ချိတ်ဆွဲထားပါ

လေ့လာမှု တစ်ရပ်အရ မှန်ရှေ့မှာ အစာစားတာက သုံးပုံတစ်ပုံနီးပါး လျော့ပြီး စားဖြစ်စေတယ်လို့ သိရပါတယ်။ ထမင်းစားရင်း မှန်ကို မျက်စိအကြည့် ရောက်သွားရာက ကိုယ့်ခန္ဓာကိုယ် ပုံပန်းသဏ္ဌာန်ကို သတိပြုမိပြီး ကိုယ်အလေးချိန် ထိန်းဖို့ အသိဝင်ကာ အစာ လျှော့စားဖြစ်တာပါ။

(၃) အပြာရောင်ဖြင့် ဝန်းရံပါ

အဆင်သင့် စားသောက်ဆိုင်ကြီးတွေမှာ အပြာရောင်ကို ဘယ်တော့မှ ခြယ်သထားလေ့ မရှိတာကို သင်သတိပြုမိမှာပါ။ အပြာရောင်က အစာ စားချင်စိတ်ကို ချိုးနှိမ်ပေးနိုင်ပါတယ်။ အစားအသောက်ကို အပြာရောင် ပန်းကန်ပြားထဲထည့်ပြီး စားတာ၊ အပြာရောင် ဝတ်ပြီးစားတာ၊ ထမင်းစား စားပွဲကို အပြာရောင်စားပွဲခင်း ခင်းတာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ ထမင်းစားခန်းမှာ အနီ၊ အဝါနဲ့ လိမ္မော်ရောင်တွေကို ရှောင်ပါ။ လေ့လာမှုတွေအရ ဒီအရောင်တွေက အစာ စားချင်စိတ်ကို အားပေးနိုင်တယ်လို့ ဆိုပါတယ်။

(၄)  သင့်အစားအသောက်ကို ဓာတ်ပုံရိုက်ထားပါ

သင့်အနေနဲ့ အစားအသောက်တွေကို မစားခင်မှာ ဓာတ်ပုံရိုက်ပြီး ကွန်ပျူတာထဲမှာ နေ့ရက်အလိုက် သိမ်းထားပေးပါ။  ဓာတ်ပုံရိုက်တာ၊ ပြန်ကြည့်တာတွေနဲ့ အလုပ်များနေတဲ့အခါ အစာ စားချင်စိတ်က လျော့ကျသွားပါတယ်လို့ အာဟာရပညာရှင် ဂျွန်ဆယ်ဂီးက ဆိုပါတယ်။ လက်ကိုင်ဖုန်းနဲ့လည်း အစားအသောက်ပုံကို ရိုက်လို့ရပါတယ်။

(၅) ခါးကို ဖဲကြိုးချည်ထားပါ

ပြင်သစ်အမျိုးသမီးတွေ လုပ်လေ့ရှိတဲ့ နည်းတစ်ခုပါ။ သူတို့က ညစာစားဖို့ အပြင်မထွက်ခင်မှာ ခါးပတ်လည်မှာ ဖဲကြိုး ချည်ထားလေ့ ရှိပါတယ်။ ဒီလိုလုပ်တာက ဝမ်းဗိုက်ကို သတိထားမိပြီး ဖဲကြိုးက စတင်တင်းလာတာနဲ့ အစာစားတာကို ရပ်သင့်ပြီလို့ သတိပြုမိတာကြောင့်ပါ။

ဇွန် (Ref;RD)
Shared from Good Health
shared from>>>http://natureenergycare.blogspot.com/2012/10/blog-post_30.html#more

ဆော့ဝဲလ်မလိုဘဲ ဒေါင့်လော့ Speed ကြှိုမှင့်တင်မယ်..




ကျွန်တော်တို့...ကွန်ပျူတာတွေမှာ ဒေါင်းလော့အမြနှုန်းကို လူတိုင်း ဖန်တီးယူကြပါတယ်.. တချို့က ဆော့ဝဲလ်တွေ သုံးပြီး ရယူတယ်.. အမျိုးမျိုးပေါ့ဗျာ... ကျနော်  ခု..အင်္ဂလိပ်ဆိုဒ်တစ်ခုကနေ တွေ့ထားဘူးတာလေးရှိတယ်ဗျ... ဘယ်ဆိုဒ်ဆိုတာတော့ မမှတ်မိတော့ဘူးး  နည်းလမ်းလေးကိုဘဲ Note Pad နဲ့မှတ်ထားးဘူးတော့ အဲနည်းလေးကိုဘဲ
အကျယ်တ၀န်းပြန်လည် ရှင်းပြပေးပါ့မယ်.. လုပ်နည်းအဆင့်ဆင့်ကို ပုံလေးတွေ သက်သေပြုလို့
သဘောပေါက်လွယ်စေရန်ပေါ့...ကဲ..ပြောနေကြာတယ်... စကြမယ်..
ပထမဆုံး Run ခေါ်လိုက်ပါ.. မသိတဲ့သူများ Window+R  ကိုတွဲကလစ်ပေးလိုက်ပါ..
ဘောက်လေးခုလိုကျလာမယ်...


ဘောက်ထဲမှာ CMD လို့ရေးပြီးး OK ကလစ်လိုက်ပါ...။



ခုမြင်ရတဲ့ ပုံလေးကျလာပါပြီ အဲမှာ အပေါ်ပုံပြထားသလို မှိတ်တုတ်  မှိတ်တုတ် အတုန်းလေးနောက်ကနေ....  "ipconfig" ဆိုပြီးရိုက်ထည့်လိုက်ပါ ပြီးတာနဲ့ Enter ခေါက်ပါ။


ခုလို ပုံထပ်ကျလာပါ့မယ်..ကျလာတဲ့အတိုင်းအပေါ်ဆုံးကို ကြည့်လိုက်ပါ........

Default Getway ဆိုတာနောက်မှာ ပုံပြထားတဲ့နေရာပေါ့  မိမိတို့ ရဲ့ IP နံပါတ်လေးတွေ ရှိနေပါ့မယ်..  ဥပမာ ။     ။  192.161.1.221  ဆိုသလို နံပါတ်လေးတွေကို ကော်ပီယူလိုက်ပါ။

                                  မိမိတို့ရဲ့  Nope Pad ကိုဖွင့်လိုက်ပါ။


 Nope Pad ထဲမှာ   Ping Gateway Ip "  အပေါ်ကကော်ပီယူထားသော IP နံပါတ်ကိုထည့်ပါ  "

နံပါတ် ( ) မှာပြထားသလိုလေးရေးချလိုက်ပါ  "    "  ကြားမှာ မိမိတို့ အပေါ်ကယူလာသော နံပါတ်တွေ ထည့်ပေးလိုက်ပါ။
နံပါတ် ( ) မှာပြထားသလို  save ရပါမယ်.. အပေါ်က file ဆိုတာကလစ်ပါ  save ကိုကလစ်ပါ..
ပုံမှာ ပြထားသလို နံပါတ် ()  အတိုင်း File Name နေရာမှာ  SpeedUp.bat ဆိုတာလေးရေးပြီး ဆေ့ပေးရမှာပါ...နော်...
ဆေ့တဲ့အခါမှာ မိမိတို့ အလွယ်တကူ ယူနိုင်တဲ့ နေရာမှာ နေရာချပေးလိုက်ပါ...

အိုကေ.. ဆေ့ထားတဲ့ ဖိုင်လေးကို သွားလိုက်ပါ... ကျနော်ဆေ့ထားတဲ့ ဖိုင်လေးပါ... သည်လိုလေးတွေ့မယ်.. သူ့ကို double ကလစ်ပြီး run ပေးလိုက်ပါဗျာ...


မိမိတို့ ကွန်ပျူတာ ဒေါင်းလော့ speed လေးအရင်ထပ် ပိုမြန်လာမှ သေခြာပါတယ်...
ကျေးဇူးတင်ပါတယ်...
အောင်အောင်(မကစ)
ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။
အဆင်မပြေတာများရှိခဲ့ပါက...

တို့ရဲ့ cbox မှာ ပြောခဲ့ကြပါနော်...

လူငယ်တစ်စု ဖုန်းတွင်း အင်တာနက်မှ တစ်ဆင့် ယခုလပိုင်း အတွင်း ခေတ်စားလာနေသော Oppa Burma Style ကို ကြည့်ရှုနေကြ

လူငယ်တစ်စု ဖုန်းတွင်း အင်တာနက်မှ တစ်ဆင့် ယခုလပိုင်း အတွင်း ခေတ်စားလာနေသော Oppa Burma Style  ကို ကြည့်ရှုနေကြသည်။
Oppa Gangnum Style  အကမှာ တောင် ကိုရီးယား Pop ဂီတ ပညာရှင် PSY က တောင် ကိုရီးယားနိုင်ငံရှိ Gangnum ဒေသ အကြောင်းကို သရုပ်ဖော်ထားသည့် သီချင်းဖြစ်ပြီး မြူးမြူးကြွကြွ ကပြ ထားသဖြင့် ယင်းအကမှာ ကမ္ဘာ တစ်ဝန်း ကျော်ကြားလာခြင်း ဖြစ်သည်။
ထိုကဲ့သို့ ကျော်ကြား လာသည်နှင့် အမျှ နိုင်ငံ ပေါင်းစုံမှလည်း ထိုအကကို အတုယူကာ Oppa Burma Style ၊ Obama Style ၊ Hitler Style စသည်ဖြင့် ပုံစံတူ ရိုက်ကူး လာကြသည်ကို Youtube တွင် တွေ့မြင်နေရသည်။
THE VOICE

Miss Myanmar အဖြစ် နယူးယောက်တွင် ယှဉ်ပြိုင်မယ့် Nida Taylor(ယမုံမိုး)


Miss Myanmar အဖြစ် နယူးယောက်တွင် ယှဉ်ပြိုင်မယ့် Nida Taylor ရဲ့ ဓါတ်ပုံများ
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ နေထိုင်လျက်ရှိပြီး ၂၀၁၂ နိုဝင်ဘာ ၃ ရက်နေ့ ညနေ ၆ နာရီခွဲမှ ည ၁၁ နာရီအထိ နယူးယောက်တွင် ကျင်းပမယ့် Miss Diaspora Models 2012 - 2013 International Beauty Competition ကို ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ Nida Taylor (ယမုံမိုး) ကို မြစိုး (နယူးယောက်) နဲ့ သောမတ်စ် ၀င်းတို့ ရိုက်ကူးထားတဲ့ အလှဓါတ်ပုံများ ဖြစ်ပါတယ်။ Nida Taylor အနေနဲ့ ယခင်ကလည်း ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးအဆင့်အထိ တက်လှမ်းနိုင်ခဲ့ကြောင်း သိရပါတယ်။ သူဟာ မော်ဒယ်လ်လုပ်ငန်းများ လုပ်ကိုင်နေသလို လူမှုကူညီရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လေ့ရှိပါတယ်။ အခု ကျင်းပမယ့် ပြိုင်ပွဲအတွက် Nida Taylor ကို မဲပေးလိုသူများအနေနဲ့ https://www.facebook.com/DiasporaModelsတွင် ရှိတဲ့
https://www.facebook.com/photo.php?fbid=10151123454943892&set=a...
က တဆင့် မဲပေးနိုင်ကြကြောင်း၊ ထို မဲပေးမှုကတဆင့် Miss Photogenic ဆုရရှိနိုင်မှာ ဖြစ်သလို ပြိုင်ပွဲအနိုင်ရရှိမှု ဆုံးဖြတ်ရာတွင်လည်း ဆယ်ရာနှုန်း ထည့်သွင်း တွက်ချက်မှာ ဖြစ်ကြောင်း သိရပါတယ်။
http://www.burmatoday.net/albums.php?album_ID=51

ကိုကို အမျိုးသားတို့ အတွက် စားရမဲ့ အစားအစာ တွေပါ။


အမျိုးသားတို့ အဓိက စားသင့်သော အရာများ
by NANG KHA YEA on 24.10.2012

အမျိုးသားတွေ ကျန်းမာကြံ့ခိုင်မှု ရှိစေဖို့ စားသင့်တဲ့ အာဟာရတွေအနက် လေ့ကျင့်ခန်းလုပ်ပြီး နာကျင်နေချိန်မှာ ဘာကိုစားသင့်သလဲ၊ ကြွက်သား သန်စွမ်းအောင် ဘာကိုပိုစားသင့်သလဲ စတဲ့ အချက်တွေကို သိထားရင် ပိုမိုအကျိုးရှိရှိ စားသုံးနိုင်မှာ ဖြစ်ပါတယ်။


ကြွက်သား တည်ဆောက်မှုကောင်းအောင် အဆီနည်း အနီရောင် အသားစားပါ  

အနီရောင် အသားတွေကို များများစားတာက ကျန်းမာရေးအတွက် မကောင်းဘူး ဆိုပေမယ့် အဆီနည်းတဲ့ အနီရောင် အသားမှာတော့ ပရိုတင်းဓာတ် ပါဝင်မှုများပြီး အဆီပါဝင်မှု နည်းတာကြောင့် စားပေးသင့်ပါတယ်။ အနီရောင် အသားမှာ လူစင်းဆိုတဲ့ အမိုင်နို အက်စစ်တစ်မျိုး ပါဝင်တာကြောင့် ကြွက်သားတွေ သန်စွမ်းအောင် တည်ဆောက်ပေးနိုင်ပါတယ်။

သွေးလှည့်ပတ်မှု ကောင်းမွန်အောင် အမည်းရောင် ချောကလက် စားပါ

ချောကလက်ကို သင့်တင့်တဲ့ ပမာဏ စားပေးရင် သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ လေ့လာမှုတွေအရ အမည်းရောင် ချောကလက်မှာပါတဲ့ ဖလေဗနောဟာ မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို လျော့ကျစေတာ၊ သွေးလှည့်ပတ်မှု ကောင်းမွန်စေတာနဲ့ သွေးဖိအားကို ပုံမှန်ဖြစ်စေတာ စတဲ့ ကောင်းကျိုးတွေ ပေးနိုင်ကြောင်း သိရပါတယ်။ သွေးစီးဆင်းမှု အားနည်းတဲ့ အမျိုးသားတွေဟာ ပန်းသေ ပန်းညှိုး ဖြစ်နိုင်ခြေ များပါတယ်။ ဒါပေမဲ့ ချောကလက်ကို အများကြီးစားရင် ကိုယ်အလေးချိန် မြင့်တက်စေနိုင်တာကြောင့် တစ်နေ့ တစ်ကွက်စာ ပမာဏကိုပဲ စားသင့်ပါတယ်။

မျိုးဆက်ပွားအင်္ဂါ အားကောင်းအောင် အခွံမာ ပင်လယ်စာ စားပါ

အခွံမာတဲ့ ပင်လယ်စာတွေမှာ ဇင့် (သွပ်) ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် နှလုံး၊ ကြွက်သားနဲ့ မျိုးဆက်ပွားစနစ် အတွက် ကောင်းကျိုးပေးပါတယ်။ လေ့လာမှုအရ အမျိုးသားတွေမှာ ဇင့်(သွပ်)ဓာတ် ချို့တဲ့တာကြောင့် သုက်ကောင် အရည်အသွေး ကျဆင်းမှုနဲ့ မျိုးအောင်နိုင်စွမ်း လျော့ကျမှုတို့ ဖြစ်နိုင်ကြောင်း သိရပါတယ်။

သွေးတွင်းကောင်းသော အဆီတိုးအောင် ထောပတ်သီး စားပါ

ထောပတ်သီးမှာ အဆီဓာတ် ပါဝင်မှု များပေမယ့် ကောင်းတဲ့ အဆီတွေပါ။ ထောပတ်သီးမှာ ပါတဲ့ မပြည့်ဝဆီတွေက မကောင်းတဲ့ ကိုလက်စထရောနဲ့ Total ကိုလက်စထရော အမျိုးအစားတွေကို လျော့ကျစေပါတယ်။

နှလုံးရောဂါ ကင်းဝေးအောင် အဆီပါသော ငါးစားပါ

ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးတို့လို အဆီများတဲ့ ငါးတွေမှာ အိုမီဂါ ၃ ဖက်တီး အက်စစ်လို့ခေါ်တဲ့ ကျန်းမာရေး အကျိုးပြုအဆီတွေ ပါဝင်ပါတယ်။ ဒီအဆီတွေက နှလုံးရောဂါ၊ ကင်ဆာရောဂါ တချို့နဲ့ အဆစ်ရောင်နာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရ တစ်ပတ်မှာ အဆီများတဲ့ ငါးဟင်းကို နှစ်ကြိမ်စားပေးရင် နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို လျော့ကျစေကြောင်း သိရပါတယ်။

လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် နာကျင်မှု မဖြစ်အောင် ချင်း(ဂျင်း) စားပါ

ချင်း (ဂျင်း) မှာ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိပါတယ်။ လေ့လာမှုတွေအရ ချင်း(ဂျင်း)ကို ပုံမှန်စားပေးတာက လေ့ကျင့်ခန်း လုပ်တာကြောင့်ဖြစ်တဲ့ ကြွက်သားနာကျင်မှုဒဏ်ကို လျော့ကျစေနိုင်ကြောင်း သိရပါတယ်။

ကြွက်သား သန်စွမ်းအောင် နွားနို့နှင့် ဒိန်ချဉ်သောက်ပါ  

နွားနို့နဲ့ ဒိန်ချဉ်မှာ ကြွက်သားတွေကို သန်စွမ်းစေတဲ့ အမိုင်နိုအက်စစ် လူစင်းဓာတ် ပါဝင်ပါတယ်။ ဒါကြောင့် အလေးမ လေ့ကျင့်ခန်း လုပ်တဲ့ အမျိုးသားတွေ အနေနဲ့ ကြွက်သားသန်စွမ်းစေဖို့ နွားနို့နဲ့ ဒိန်ချဉ်ကို သောက်သင့်ပါတယ်။ ဒိန်ချဉ်မှာ အကျိုးပြု ဘက်တီးရီးယားလည်း ပါဝင်တာကြောင့် အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။

ကြွက်သားကျုံ့အားကောင်းအောင် ငှက်ပျောသီး စားပါ

ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်ဟာ ကြွက်သားတွေကို ကျုံ့နိုင်စွမ်း ကောင်းစေသလို အရိုးကိုလည်း ကျန်းမာစေပါတယ်။ ပိုတက်စီယမ် အလုံအလောက် မှီဝဲတာကြောင့် သွေးဖိအားကို ထိန်းပေးနိုင်တာကိုလည်း တွေ့ရပါတယ်။

ကေအမ် Ref: Good Health
Source: http://www.yatanarpon.com.mm/cp/goodhealth/news-70201
မှတ်ချက်။       ။ ပျိုပျိုမေတို့ အကြောင်းတွေတင်ထားတဲ့ post တစ်ခုရဲ့ comment box မှာ သူငယ်ချင်းတစ်ယောက်က  ''တားတားတို့အတွက်ရောပါဝူးလားဂျ'''ဆိုလို့နော် ။တားတားတို့အတွက်ရော သူငယ်ချင်းအားလုံးအတွက်ပါ တင်ပေးလိုက်တယ်နော်
၊'တားတားတို့ကလည်း comment လေးပြန်ပေးခဲ့ဦး၊ တိတ်တိတ်လေးတော့ပြန်မသွားနဲ့နော်။
သူငယ်ချင်းတို့အားလုံး ပျော်ရွှင်ကြပါစေ...................
                                popo

အောင်ပန်း - ကဗျာ အသံဖိုင်

Inbox
x

ဇာတိ -ဖျာပုံ-
3:07 PM (12 hours ago)

to bcc: me
အောင်ပန်း - ကဗျာ
AungBan by Zarti(PhyarPone) With Echo.mp3AungBan by Zarti(PhyarPone) With Echo.mp3
4149K   Play   Download  
ko pae Lay kopaelay@gmail.com
3:07 PM (12 hours ago)

to zartipyapon
http://www.kopaelay.blogspot.com/  ( ကိုပဲလေး ဘလော့မှ ကြိုဆိုပါဧ။် )

Google မှ Email ပို့သည်ပုံစံအားပြောင်းလဲ


"Google မှ Email ပို့သည်ပုံစံအားပြောင်းလဲ


Google သည် သူတို့၏ အီးမေးလ်ပို့သည်ပုံစံအား ပြောင်းလဲလိုက်ကြောင်း သိရပါသည် ယခင်က ပုံစံမဟုတ်တော့ဘဲ ယခုပြောင်းလဲလိုက်သည့်ပုံစံတွင်

အီးမေးလ်ပို့ရန် Compose ကိုနှိပ်လိုက်သောအခါ Pop Up တစ်ခုထွက်လာမည် ဖြစ်ပြီး ထို Pop up လေးကိုအသုံးပြုပြီး အီးမေးလ် ပို့ရမည်ဖြစ်ပါသည်

Window မှ မိမိပို့လိုသည့် Message အနည်းအများကို လိုက်ပြီး ထို Pop Up ၏အရွယ်အစားအား အော်တို ထိန်းချုပ် ပေးမည်ဖြစ်ပါသည် ထို Pop Up မှာ Chat Box ဖြင့်ဆင်တူပါသည်
ယခု ပုံစံအသစ်တွင် ပါဝင်လာသည့် Feature အသစ်များမှာ

(၁)
အီးမေးလ်ပို့နေစဉ်အတွင်း တွင် မိမိ၏တခြားအီးမေးလ်အ၀င်အထွက်အား စစ်ဆေးနိုင်မည်ဖြစ်ပါသည်
(၂)
မိမိပို့မည့် လူ၏ Email တွင်အသုံးပြုထားသော ဓာတ်ပုံအား မြင်တွေ့နိုင်မည် ဖြစ်ပါသည်
(၃)
-မိမိပို့လိုသည့် အီးမေးလ်အား To,CC,BCC တွင်လိုသလို ရွေ့ပြောင်းနိုင်မည် ဖြစ်ပါသည်


ယခု အီးမေးလ်ပို့သည့်ပုံစံအသစ်အား အသုံးမပြုချင်ဘူးဆိုလျှင်လည်း (Switch back to old compose) အားနှိပ်ပြီး ယခင် ပို့နေကြ ပုံစံအဟောင်း ကိုပင်ဆက်လက်အသုံးပြုပြီး အီးမေးလ်ပို့နိုင်ပါသည် အဘယ်ကြောင့်ဆိုသော်
ယခုပြောင်းလဲလိုက်သည့် ပုံစံအသစ်မှာ အဟောင်းပုံစံဖြင့် သိသိသာသာ ကွာခြား ခြင်းမရှိသောကြောင့် ဖြစ်ပါသည်

ကျနော်တို့ပေ့ခ်ျမှ တစ်စုံတစ်ခုရသွားတယ်ဆိုလျှင် ကျေနပ်နေတဲ့
IT4M

By Info Tech For Myanmar (IT4M)
shared by >>>http://myanmarnews4u.blogspot.com/2012/10/google-email.html

မိမိ GTalk မှာ မိမိကို ဘယ်သူတွေ Block ထားလဲဆိုတာ သိချင်ရင်


ဆော့ဖ်ဝဲလ်လေးအား ယူရန် ကလစ်နှိပ်ပါ
1 - Sofware လေးအား မိမိ Computer ထဲမှာ Run လိုက်ပါ ။
2 - Add account မှာ လိုအပ်တာလေးတွေ ကြည့်ဖြည့်လိုက်ပါ ။
Basic မှာ Protocol ဆိုတာကို တွေ့ပါလိမ့်မယ် ။
ဘေးနားမှာ Click ပေးလိုက်ပါ ။ပြီးရင်တော့ GTalk ကိုရွေးလိုက်ပါ ။
3 - Username မှာ မိမိ GTalk account ရေးပါ ။
Resource မှာ ဘာမှမဖြည့်ပါနဲ့ ။
Password မှာ မိမိ GTalk password ရေးပါ ။
Local ailias မှာ မိမိကြိုက်တာ ထည့်လိုက်ပါ ။
ပြီးရင်တော့ ADD ကို နှိပ်ပါ ။
4 - အဲဒီ့လိုတွေ အားလုံးလုပ်ပြီးသွားရင်တော့ နာမည် List ပေါ်လာပါလိမ့်မယ် ။
မိမိသိချင်တဲ့ ၊ မိမိသံသယ ရှိတဲ့ account တစ်ခုကို right click ထောက်ပြီး
Get info ကိုနှိပ်လိုက်ပါ ။
ဘာမှ ပေါ်မလာဘူးဆိုရင်တော့ မိမိကို Block ထားတာပါ ။
သူတင်ထားတဲ့ ပုံတို့ ၊ စာတို့ ၊ ပြီးတော့ Full Name ဆိုတဲ့ စာလုံးလေး ပေါ်နေတယ်ဆိုရင်တော့
မိမိကို Block မထားပါဘူး ။

ပျော်ရွှင်ပါစေ ။

ပဋ္ဌာန်အစွမ်း အံ့မခမ်း၊ သေရွာပြန် ၁၀၇နှစ် အဖွား谷氏၏ ဖြစ်ရပ်ဆန်း


ပဋ္ဌာန်အစွမ်း အံ့မခမ်း
သေရွာပြန် ၁၀၇နှစ် အဖွား谷氏၏ ဖြစ်ရပ်ဆန်း
(၁၈.၁၀.၁၂)ရက်တွင် TV သတင်းလိုင်းတစ်ခုမှ သတင်းကြေငြာခဲ့၏။ ထိုသတင်းသည် လူများ စိတ်ဝင်စားကြ၍ တစ်ခြား TV သတင်းလိုင်း(၃)ခုမှ ထပ်မံလာရောက်၍ မေးမြန်းရိုက်ကူးပြီး၊ (၁၉.၁၀.၁၂)နေ့တွင် ထပ်မံထုတ်လွှင့်ခဲ့ကြပြန်သည်။
ထုပ်လွှင့် ကြေငြာသော သတင်းမှာ…..
တောင်ယွမ်ခရိုင်၊ ဖျင်ကျန့်မြို့တွင် နေထိုင်ကြသော မြန်မာတရုတ်လူမျိုး အဖွါး 谷氏 သည် မစားနိုင်၊ မသောက်နိုင်ဖြစ်ကာ မကျန်းမမာ ဖြစ်လာ၍ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရ၏။ ဆေးရုံတွင် (၃)ရက်ကြာ ကုသသော်လည်း အဖွါးရောဂါမှာ ထူးခြား မလာခဲ့၊ မသက်သာခဲ့ပေ။
ဆရာဝန်က “ အဖွါးရဲ့ အသက်အရွယ်အရ ကုသလည်း ထူးခြား မလာနိုင်။ အကောင်းဆုံးက အိမ်ပြန်ခေါ်သွားရန်ပင်။ အလွန်ဆုံးခံလျှင်သော်မှ (၃)ရက်မျှသာ၊”တဲ့။
ကြားရသည့် စကားအတွက် စိတ်မကောင်းသော်လည်း မည်သို့မျှ မတတ်နိုင်တော့ချေ။ အဖွါးကို အိမ်ပြန်ခေါ်လာခဲ့ကြရ၏။ တစ်နေ့ထက် တစ်နေ့ ထူးခြားမလာခဲ့ပေ။ ဆရာဝန်သတ်မှတ်သော နောက်ဆုံးနေ့တွင် မိသားစုများစုရုံးရောက်လာကြကာ ရတနာဝါသကျောင်းမှ ဆရာတော်ကို ပင့်ဖိတ်ပြီး၊ အန္တရာယ်ကင် ပရိတ်တရား နာယူနေစဉ် ခန့်မှန်းခြေ ရွတ်ဖတ်ချိန် တစ်နာရီခွဲလောက် အချိန်တွင် အဖွါးသည် ပြန်လည် သတိရလာပြီး ပရိတ်တရား နာယူနေသော မိသားစုဝင်များကို “ဘာလုပ်နေကြတာလဲ” ဟုမေးမြန်းခဲ့၏။ မိသားစုများအာလုံးပင် ၀မ်းနည်း မျက်ရည်လည်ရာမှ မျက်ရည်များသုတ်ကာ ပြုံးပျော်ခဲ့ကြရသည်။  (TV သတင်း ကြေငြာချက်)
TV သတင်းလိုင်းများက အကျဉ်းမျှသာ ကြေငြာခဲ့သော ဤထူးခြား ဆန်းကြယ်သည့်ဖြစ်ရပ် ဖြစ်ပေါ်ခဲ့သည်မှာ ၂၀၁၂ခုနှစ် မတ်လက ဖြစ်ပါ၏။  ထိုင်ဝမ်နိုင်ငံ တောင်ယွမ်ခရိုင်၊ ဖျင်ကျန့်မြို့တွင် နေထိုင်ကြသော မြန်မာတရုတ်လူမျိုး အာတင့်ကျယ် မိသားစု၏ အဖွါး ဖြစ်၏။ (၅.၈.၁၉၀၅) ခုနှစ်တွင် ဖွါးမြင်ခဲ့ပြီး၊ အမည်မှာ ကူစစ်谷氏 ဖြစ်ပါ၏။ အဖွါးတွင် မြေး မြစ် တီ တွတ်အားလုံး ပေါင်းလျှင် ငါးဆယ်ကျော် ခြောက်ဆယ်နီးပါး ရှိနေပြီ။ မြန်မာနိုင်ငံ၌ မြစ်ကြီးးနားမြို့တွင် နေထိုင်ခဲ့ကြသော ယူနန်တရုတ် မြန်မာ မိသားစုများ ဖြစ်ကြ၏။
ယခုအခါ ထိုင်ဝမ်နိုင်ငံ တောင်ယွမ်ခရိုင်၊ ဖျင်ကျန့်မြို့တွင် နေထိုင်လာခဲ့သည်မှာ အနှစ်(၂၀) ကျော်ခဲပေပြီ။ တစ်ချို့က မေးကြ၏။ အဖွါး အသက်ရှည်သည်မှာ အစားအသောက် ရွေးချယ် စားသောက်၍လော။ ကျန်းမာရေး လိုက်စား၍လော။ စသည်ဖြင့် အသက်ရှည်ကြောင်း နည်းလမ်းကောင်းကို သိလိုကြ၏။ စူးစမ်း မေးမြန်းကြ၏။ တကယ်တော့ အဖွါးသည် သူများစားသလို စားခြင်းဖြစ်ပါ၏။ သီးသန့် ရှောင်ခြင်း၊ စားခြင်းမျိုး မရှိပေ။ အာတင့်ကျယ် မိသားစုတို့သည် မြန်မာလည်း ဖြစ်၊ ယူနန် တရုတ်လူမျိုးလည်းဖြစ်၍ အချဉ် အစပ်စားသူများ ဖြစ်ကြ၏။ ထို့ကြောင့် အဖွါးသည်လည်း အစပ်၊ အချဉ်၊ အငန် အကုန်စား၏။ အများဆုံး စားသည်မှာ ယူနန်မလှိုင်ခြောက် (နို့ခြောက်)နှင့် နွားနို့သောက်ခြင်းပင်။ ထို့ကြောင့်ပင်လား မသိ။ အဖွါးသည် (၁၀၇)နှစ် ရောက်သည့်တိုင် သတိကောင်းမြဲ၊ ကျန်းမာရေးကောင်းမြဲ၊ အိမ်ထဲတွင် တောင်ဝှေးဖြင့် တစ်ဒေါက်ဒေါက် လျှောက်သွားမြဲပင်။ တစ်ခါတရံ သူသိမ်းထားသော အမှတ်တရ လက်ဆောင် ပစ္စည်းလေးများကို ထုတ်ကြည့်နေမြဲ၊ အ၀တ်အစာားသစ်များကို ၀တ်ကာ သဘောကျ နေမြဲပင်တည်း။
ဖျင်ကျန့်မြို့တွင်မူ အဖွါးသည် အသက်အကြီးဆုံး ဖြစ်၏။ သူ့ထက်ကြီးသူ မရှိတော။့ သို့ဖြစ်၍ နှစ်သစ်ကူးနေ့နှင့် အခြား အထိမ်းအမှတ်နေ့ ရောက်တိုင်း နိုင်ငံတော်အကြီးအကဲများ၊ လွှတ်တော်အမတ်များ၊ မြို့တော်ဝန်တို့က အမှတ်တရ လက်ဆောင်ပစ္စည်းများကို အမြဲပေးလေ့ရှိကြ၏။ ထို့ကြောင့်အဖွါး၏ လက်ဆောင် အမှတ်တရ ပစ္စည်းများသည် အာတင့်ကျယ်အိမ်တွင် နေရာအနှံ့ တွေ့မြင်နိုင်ပါသည်။ သီးသန့် ပြခန်းလုပ်၍ပင် ရနိုင်လောက်ပေသည်။
(၂၀၁၂) မတ်လတွင်မူ အဖွား၏ ကျန်းမာရေးအခြေအနေသည် တစ်နေ့တစ်ခြား ဆိုးရွားလာခဲ့၏။ အစားအသောက်ပင် မစားသောက်နိုင်တော့ပေ။ ထို့ကြောင့် ဆေးရုံသို့ အဖွါးကို ပို့လိုက်ရတော့၏။ ဆေးရုံတွင် (၃)ရက်ကြာ ကုသပြီးနောက် ဆရာဝန်ပြောသည်ကား “အသက်က သိပ်ကြီး၊ အရွယ်ကလွန်နေတော့ ယခုခေတ်ဆေးဝါးတွေလည်း မတိုးတော့။ ဒီအသက်အရွယ်အတွက် သီးသန့် ဖေါ်စပ်ထားသော ဆေးဆိုတာလည်း မရှိ။ သာမန်ဆေးဝါးများသည်လည်း ဒီအသက်အရွယ်အတွက် အကျိုးသက်ရောက်မှု မရှိနိုင့်။ ထို့ကြောင့် အားဆေးသွင်းလည်း ထူးခြား မလာနိုင်တော့။ အစာမ၀င်၍ ပိုက်နှင့် သွင်းရန်ကလည်း မဖြစ်နိုင်တော့။ အဖွါး၏ အကြောတွေ အားလုံး ပုံမှန် အလုပ်မလုပ်တော့။ ဆုပ်ယုတ် ဆိုင်းတွကုန်ပြီ။ အကောင်းဆုံးကတော့ အိမ်ကိုသာ ပြန်ခေါ်သွားရန်ပင်။ အလွန်ဆုံးခံ (၃)ရက်ပါပဲ” တဲ့။ မည်သို့မျှ မတတ်နိုင်။ အဖွါးကို အိမ်ပြန်ခေါ်လာရုံမှတစ်ပါး အခြားလုပ်စရာ မရှိတော့ပေ။
(၃)ရက်မြောက်သောနေ့တွင် အဖွါးသည် အသက်ရှူသည်ဆိုရုံ ငွေ့ငွေ့သာ ရှူနိုင်တော့၏။ ဆာသည်။ နာသည် ကျင်သည် ဘာစကားမှလည်း မပြောနိုင်တော့ပေ။ ထိုနေ့တွင်လည်း ဆရာဝန်ကိုယ်တိုင် အိမ်လာပြီး၊ အဖွါး အခြေအနေကို လာကြည့်၏။ မူလ သူပြောသည့်အတိုင်း မျှော်လင့်ချက် မရှိတော့ပြီတဲ့။ မည်သို့မျှ မတတ်နိုင်တော့ပေ။
အဖွါးအတွက် လုပ်စရာ ရှိသည်များကို လုပ်ပေးရွုမှလွဲ၍ မည်သို့မျှ မကယ်နိုင်တော့ပြီ။ အဖွါး၏ ခန္ဓာကိုယ်သည် အိပ်နေကျထုံစံအတိုင်း ဘေးသို့စောင်းလျက် ကွေးကွေးလေးပင်။ ယနေ့သည် ဆရာဝန်ပြောသော နောက်ဆုံးနေ့ ဖြစ်၏။ ထို့ကြောင့် အာတင့်ကျယ်ဦးဆောင်ကာ အဖွါး၏ခန္ဓာကိုယ်ကို ဆွဲဆန့်ပေးကြ၏။ ဆန့်ဆန့်လေးနှင့် ပက်လက်အနေထားသို့ ပြင်ပေးကြခြင်းပင်။ အရိုးအကြောတို့သည် ဆိုင်းတွကုန်၍ ဆွဲဆန့်သောအခါ တဖျစ်ဖျစ်နှင့် အသံပင် ထွက်လာကြ၏။ သို့သော် ယခင်ကဆိုလျှင် နာတတ်သော အဖွါးသည် ယခုမူ နာကျင်ရမှန်း မသိတော့။ မအော်နိုင်တော့ပြီ။ နာကျင် ခံစားမှုများ မရှိတော့သလိုပင်။
ထိုနေ့ ညနေ(၄း၃၀)နာရီတွင် ရတနာဝါသကျောင်းမှ မြန်မာ ဆရာတော်ကို ပင့်ဖိတ်ကာ အဖွါး၏ နောက်ဆုံးခရီးအတွက် ကောင်းရာ မွန်ရာ ရောက်ရှိရန် ပရိတ်တရားနာယူရန် စီစဉ်ခဲ့ကြသည်။ တုံးလုံးလှဲနေသော အဖွါးအိပ်ယာဘေးတွင် သား သမီး မြေး မြစ်အားလုံး ဆရာတော်ထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်ကို နာယူခဲ့ကြသည်။ ဆရာတော် မိန့်ကြားသည်မှာ…….
“ဒီနေ့ အန္တရာယ်ကင်း ပရိတ်ရွတ်သည်မှာ ရည်ရွယ်ချက် (၂)ချက်ရှိပါ၏။
(၁) အဖွါး၏ ဒီဘ၀အတွက် ကုသိုလ်ကံက ကုန်ပြီဆိုလျှင် သူ့အတွက် ဘ၀ကူးကောင်းစေရန်၊
(၂) အဖွါး၏ ဒီဘ၀အတွက် ကုသိုလ်ကံက မကုန်သေးဘူးဆိုလျှင်လည်း အန္တရာယ်ကင်း ဘေးကင်းစွာနဲ့ ကျန်းကျန်းမာမာ အသက်ရှည်စေရန် အတွက် အန္တရာယ်ကင်း ပရိတ်ကို ရွတ်ဖတ်ကြခြင်းပါ။” စသည်ဖြင့် နိဒါန်းပျိုးကာ ပရိတ်တရားတော်ကို စတင်ရွတ်ဆိုပါသည်။ ရှေးဦးစွာ နတ်များကို ပင့်ဖိတ်ပြီး၊ အန္တရာယ်ကင်း ပရိတ်တော်ကို သမန္တာမှ စတင်ကာ (၁)မင်္ဂလသုတ်၊ (၂)ရတနသုတ်၊ (၃)မေတ္တသုတ၊ (၄) ခန္ဓသုတ်၊ (၅) မောရသုတ်၊ (၆) ဝဋ္ဋသုတ်၊ (၇) ဓဇဂ္ဂသုတ်၊ (၈) အာဋာနာဋိယသုတ်၊ (၉) အင်္ဂုလိမာလသုတ်၊ (၁၀) ဗောဇ္ဈင်္ဂသုတ်၊ (၁၁) ပုဗ္ဗဏှ သုတ်တော်တို့ကို အစဉ်အတိုင်း ရွတ်ဖတ်သရဇ္ဈာယ်ရာ အပြီးသို့ တိုင်ခဲ့၏။
ထိုစဉ် တရားနာပရိတ်သတ်အတွင်းမှ အဖွါး၏မြေးတစ်ယောက်ဖြစ်သော မခင်အေးသွယ်မှ ပဋ္ဌာန်းတရားတော်ကို ရွတ်ေးပါရန် တောင်းပန်လျှောက်ထားလာရာ ဆရာတော်မှ ပဋ္ဌာန်းတရားတော် ပစ္စယုဒ္ဒေသကို ရှေးဦးစွာ ရွတ်ဖတ်သရဇ္ဈာယ်ပြီ်း၊ ပစ္စယနိဒ္ဒေသကိုလည်း ဆက်လက် ရွတ်ဖတ်သရဇ္ဈာယ်ရာ၊ အချိန်အားဖြင့် တစ်နာရီခွဲကြာမြင့်ချိန်၊ ပုရေဇာတပစ္စည်းကို ရွတ်ဖတ်သရဇ္ဈာယ်နေစဉ် သတိလစ်နေပြီဖြစ်သော အဖွါးသည် အိပ်ယာမှ ထလာပြီး၊ ဆရာတော်ကို တစ်လှည့်၊ တရားနာယူနေသော မြေးမြစ်ကို တစ်လှည့် ကြည့်ရင်း “ဘာလုပ်နေကြတာလဲ” ဟု မေးမြန်းလာပါသည်။
မျက်ရည်ကျကာ ပရိတ်တရား နာယူနေကြသော မြေး မြစ်အားလုံးတို့သည် ၀မ်းနည်းရာမှ မျက်ရည်သုတ်ကာ ၀မ်းမြောက်ဝမ်းသာ ပြုံးပျော်လာနိုင်ကြသည်။ မြေးတစ်ယောက်မှ အဖွါးနားသွားကာ “အဖွါးအတွက် အန္တရာယ်ကင်းအောင် ပရိတ်ရွတ်ပေးတာပါ” ဟု ပြောကာ (၃)ရက်ကျော်မျှ လှုပ်ရှားမှု မရှိခဲ့သော အဖွါး၏ ခြေ လက်တို့ကို ဆုပ်နယ်ပေးခဲ့သည်။ ဆရာတော်မှာမူ ပဋ္ဌာန်းတရားတော် ရွတ်ဆို သရဇ္ဈာယ်ခြင်းကို မရပ်ဆိုင်းဘဲ၊ ဆက်လက်ရွတ်ဆိုနေသောကြောင့် ကျန်သော တရားနာယူသူများမှာမူ တရားတော်ကို ဆက်လက် နာယူနေခဲ့ကြပါ၏။ ပရိတ်တရား၊ ပဋ္ဌာန်းတရား နာယူပြီးနောက် ယနေ့ပြုသမျှ ကုသိုလ်ကောင်းမှုကို သတ္တ၀ါအားလုံးအတွက် ရေစက်ချ အမျှဝေခဲ့ကြသည်။ ဆရာတော်လည်း ၀မ်းမြောက်လျက် အဖွါးကို နှုတ်ဖက်ကာ ပြန်ကြွသွားခဲ့လေသည်။
အဖွား၏ နောက်ဆုံးခရီးအတွက် ၀မ်းနည်းစွာ ရောက်လာကြသော သားသမီး မြေးမြစ် အားလုံးတို့သည်လည်း ၀မ်းသာမျက်ရည်လည်ခဲ့ကြရသည်။ အဖွါးဆုံးခဲ့သော်…….ဆိုသော ရည်ရွယ်ချက်ဖြင့် ကျွေးမွေးရန်၊ ဧည့်ခံရန်၊ သဂြိုလ်ရန်အတွက် ကြိုတင်ပြင်ဆင်ခဲ့သည်များလည်း မသုံးဖြစ်တော့ပေ။ ၀မ်းနည်းစွာဖြင့် ကူညီရန် ရောက်လာသော (လီကျန်) ရပ်ကွက်လူကြီးလည်း ၀မ်းသာစွာ ပြန်သွားခဲ့လေသည်။
နောက်ရက်တွင် အာတင့်ကျယ်က ဆရာတော်ကို မေးမြန်းလာခဲ့၏။ “အဖွါး ယခုလို ပြန်လည် အသက်ရှင်လာပြီး၊ အရင်ကထက် ပိုကျန်းမာလာသလို ၊ အစားအသောက်လည်း ပိုစားလာပါတယ်ဘုရား။ အဲဒီလိုဖြစ်နေတာဟာ လူအများ ပြောကြသလို ဖုတ်ဝင်နေတာများလား၊” ဟူ၍ ဖြစ်ပါ၏။ (ဖုတ်ဟူသည် ဖုတ် သရဲ တစ္ဆေ စသော မကောင်းဆိုဝါး တစ်ခုခု ပူးကပ် ၀င်ရောက်နေခြင်းကို ဆိုလိုပါသည်။)
ဆရာတော် မိန့်သည်မှာ “တကယ်လို့ အရင်က ဖုတ်ဝင်နေတယ်ဆိုလျှင်ပင် ပရိတ်၊ ပဋ္ဌာန်းရွတ်လျှင် အဆိုပါ ဖုတ်သည် ထွက်ပြေးရမြဲသာတည်း။ ယခုမူကား အဖွါးသည် ပရိတ်၊ ပဋ္ဌာန်းရွတ်ဆို သရဇ္ဈာယ်သည်ကို နာကြားရ၍ ပြန်လည် အသက်ရှင်လာပြီး၊ အရင်ကထက် ပိုကျန်းမာလာကာ ၊ အစားအသောက်လည်း ပိုစားလာသည်မှာ သံသယဖြစ်ဖွယ်ရာ ဘာမျှ မရှိပါချေ။ အဖွါးသည် ဘေးအန္တရာယ်အပေါင်း၊ ရောဂါဆိုးမအပေါင်းမှ လွတ်မြောက်ကာ အသက်ရှည်လာခြင်းမှာ အတိတ်က သီလအကျိုးတရားများကို ယခုဘ၀တွင် အဖွါး ခံစားရခြင်းပင် ဖြစ်ကြောင်း” မိန့်ကြားတော်မူခဲ့ပါသည်။
မှတ်ချက်။ ။ TV သတင်းလိုင်းများ ကြေငြာခဲ့သည်တွင် ကွဲလွဲချက် အနည်းငယ် ရှိပါ၏။် ရပ်ကွက်လူကြီး၏ အကြံပေးချက်ဖြင့် အဖွါးတွင် သမီးတစ်ယောက်သာ ရှိပြီး၊ ထိုသမီးသည်လည်း လွန်ခဲ့သော အနှစ်(၂၀)ကျော်က ကားတိုက်မှုကြောင့် ဆုံးသွားခဲ့ရာ အာတင့်ကျယ်မိသားစုမှ ကူညီစောင့်ရှောက်ပေးခဲ့ခြင်း ဖြစ်သည် ဟု ကြေငြာခဲ့ကြ၏။ ရပ်ကွက်လူကြီး၏ အကြံအစည်မှာ အဖွါးကို စောင့်ရှောက်ရာတွင် အာတင့်ကျယ် မိသားစုကို တာဝန်မကြီးစေရန်၊ အစိုးရ အထောက်အပံ့ ပိုမို ရရှိစေရန်အတွက်ပင် ဖြစ်ပါသည်။ အမှန်တကယ်မှာ် အဖွါးတွင် မိသားစု ရှိကြပါ၏။ ထိုဆုံးသွားခဲ့သော အဖွါး၏ သမီးမှာ အာတင့်ကျယ်၏ အမေပင် ဖြစ်ပါသည်။
နောက်ဆက်တွဲ ဖြစ်ရပ်။ ။
(၂၂.၁၀.၂၀၁၂) နေ့တွင် TV သတင်းလိုင်းတစ်ခုဖြစ်သော Sanlih E-Television မှ ထပ်မံ၍ အဖွါးအကြောင်းကို သတင်းလာယူ ရိုက်ကူးပြန်၏။ ဒီတစ်ကြိမ်တွင်မူ ရတနာဝါသကျောင်း ဆရာတော်ကိုလည်း တွေ့ဆုံ မေးမြန်း ရိုက်ကူးခဲ့ကြ၏။ မေးမြန်းသည့် အကြောင်းအရာမှာ…..
(၁) မေး။ ။ အရင်က ဒီလိုမျိုး လူကောင်း ပြန်ဖြစ်လာတာမျိုး ကြုံဘူးပါသလား။
ဖြေ။ ။ ဒီလိုမျိုး မတွေ့ဖူးပါ။ ပရိတ် ပဋ္ဌာန်းရွတ်၍ ရောဂါကင်းတာ၊ အန္တရာယ်ကင်းတာ၊ ဘေးကင်းတာ၊ အနှေင့်အယှက် ကင်းတာမျိုးတော့ တွေ့ဖူးပါ၏။ ယခုလို အသက်ရာကျော် ရှည်သောလူ၊ သေခါနီးလူတစ်ယောက် ပရိတ် ပဋ္ဌာန်းနာယူ၍ ပြန်လည် ရှင်သန်လာခြင်းမျိုး မတွေ့ဖူးပါ။
(၂) မေး။ ။ ဘာတွေ ရွတ်ဖတ်ပေးခဲ့ပါသလဲ။
ဖြေ။ ။ ရှေးဦး စကြာဝဠာ အပေါင်း နတ် ဗြဟ္မာတို့နှင့် သတ္တ၀ါအပေါင်းတို့ကို တရားနာ ပင့်ဖိတ်၍ ပရတ်ကြီး (၁၁)သုတ်ကို ရွတ်ပါတယ်။ ဆက်လက်ကာ ပဋ္ဌာန်းတရား ပစ္စယုဒ္ဒေသ၊ ပစ္စယနိဒ္ဒေသကိုလည်း အစဉ်အတိုင်း ရွတ်ဆိုပေးခဲ့ပါတယ်။
(၃) မေး။ ။ ဒီကိစ္စအပေါ် ဘယ်လို ယူဆပါသလဲ။ ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ အတိတ်က သီလစောင့်ထိန်းခဲ့သောကြာင့် အဖွါး ဒီဘ၀မှာ အသက်ရှည်ရတာ ဆိုတဲ့ ကံနှင့် ကံ၏အကျိုးတရားပါလို့ ရှုမြင်ပါတယ်။ ဒါက တစ်ချက်၊
နောက်တမျိုးကတော့ အတိတ်ကံကြောင့် အဖွါး ဒီဘ၀မှာ အသက်ရှည်ရတာ ဆိုရင်လည်း ရိုးရိုးသားသား သာမန်ဖြင့် (ခုလိုမျိုး မဖြစ်ဘဲ) ရှည်လို့ရသားပဲ။ ဘာဖြစ်လို့ ထူးဆန်း အံ့သြဖွယ်တွေ ဖြစ်ပေါ်ပြီးမှ အဖွါးက ဆက်လက် အသက်ရှည်ရတာလဲလို့ တွေးစရာ ပေါ်လာတယ်။ ဒီလို ထူးဆန်း အံ့သြဖွယ်တွေ ဖြစ်ပေါ်ပြီးမှ အဖွါးက ဆက်လက် အသက်ရှည်ရတာမှာ ထူးခြားတဲ့ ရည်ရွယ်ချက် ရှိဟန်တူပါတယ်။ ယခုခေတ်ကာလ သား သမီးများသည် ဘာသာတရား ယုံကြည်မှု အားနည်းလာကြသလို၊ အရာရာကို လက်တွေ့မှသာ ယုံကြည်ချင်ကြ၏။ ထို့ကြောင့် အဖွါး၏ မြေး မြစ် မိသားစုတွေ ဘာသာတရားကို ပိုမိုပြီး ယုံကြည် သက်ဝင်လာစေရန် သာသနာစောင့် နတ်ကောင်း နတ်မြတ်တွေက စောင့်ရှောက်ကူညီပြီး ယခုလိုမျိုး လက်တွေ့ပြလိုက်တာလည်း ဖြစ်နိုင်ပါတယ်။
ယခုအခါ  အဖွါး 谷氏 နှင့် အာတင့်ကျယ် 寸阿定 မိသားစုတို့သည် 桃園縣平鎮市 龍南路430巷60弄3號7樓 တွင် နေထိုင်လျက် ရှိပါသည်။  စိတ်ဝင်စားသူတိုင်း အာတင့်ကျယ် 寸阿定ကို ၀၉၁၃၆၆၈၀၁၀ ဖြင့် ဆက်သွယ် မေးမြန်းနိုင်ပါသည်။
တက္ကသိုလ် မောင်ကိုရင်
(1.11. 2012)


平鎮市長陳萬得前往探訪107歲谷氏老太太,並致重陽賀禮。記者林麗如/攝影
桃園平鎮市長陳萬得前往探訪107歲谷氏老太太
重陽前夕,平鎮市長陳萬得探訪平鎮最年長人瑞谷氏,致贈重陽敬老金。谷氏今年107歲,昨天特地打扮、擦上指甲油,精神矍鑠等待訪客。
谷氏今年3月一度因不吃不喝,被送
往醫院住3天,醫院放棄治療,要家人帶回,家人請來師父頌經,葬儀社人員也來待命。神奇的是,1小時半後,谷氏張大眼睛問大家:「你們在做什麼?」
3月迄今,谷氏復元良好,完全不知道自己從鬼門關繞一圈,地方人士、里長、鄰居都嘖嘖稱奇。可貴的是,照顧谷氏20多年的谷方仁、寸阿定夫妻,與谷氏沒有血緣關係,只是同為緬甸華僑,基於同鄉情誼,在老太太女兒車禍喪生、女婿病故後,擔心她一人生活,遂接回家中奉養至今。
80歲的谷方仁和69歲的寸阿定,義行感動鄰里,鄰居羅芝屏說,早年,谷方仁夫妻要上班,有時左鄰右舍會來接班照料。谷老太太年輕時有一雙巧手,沒有難的倒她的手藝,舉凡縫衣服、自製鞋子,既要求完美也堅持省錢。
羅芝屏說,老奶奶很愛美,遇到重要節日一定要精心打扮,她常為老奶奶擦指甲油,有一回選色太淡,老奶奶還要求「擦紅一點」,偶爾她也會幫老奶奶噴些香水、擦口紅和粉,老奶奶會開心半天。東安里長戴珮宜說,谷氏今年一度命危,幸好寸阿定照顧得宜,讓大家還有機會探視老奶奶。
寸阿定說,谷氏長壽沒有秘訣,她也喝茶、喝咖啡,更愛吃酸的、辣的,大家吃什麼她都跟著吃。寸阿定說,谷氏和家人有緣,以前她和先生忙於工作,谷氏常幫忙照顧小孩,讓他們工作沒有後顧之憂。
全文網址: 3月走過鬼門關 107歲嬤老康健 | 桃竹苗 | 地方新聞 | 聯合新聞網 http://udn.com/NEWS/DOMESTIC/DOM3/7440155.shtml#ixzz29tWndFTD
Power By udn.com
107歲人瑞彌留病危 親友誦經「吵活」

107歲人瑞彌留病危 親友誦經「吵活」 桃園平鎮一名高齡107歲的人瑞谷氏,在今年3月一度彌留,親友在收到病危通知後,找來法師誦經,準備幫她處理後事,沒想到她竟醒了過來!不過剛開始,谷 氏無法進食,家人只好把鮮奶滾熱,撈起浮在上面的油膜,慢慢餵她吃,結果谷氏不但恢復健康,身體還比以前更硬朗。
拄著拐杖走出房間,滿頭 白髮的谷氏,雖然步伐緩慢,但元氣滿滿,已經高齡107歲的她,是桃園平鎮最長壽的人瑞,愛漂亮,還在手上塗了漂亮指甲油,不過今年3月,她一度彌留,親 友更打算著手處理後事。友人谷太太:「念經念完大概1個半小時,1個多小時左右,她就睜開眼睛了,她眼睛一打開,然後問我說,你們在做什麼。」
原 以為谷氏不久於人世,沒想到親友的唸經聲,竟把她「吵醒」,但前3天都無法進食,家人只能把鮮奶滾熱,撈起浮在上面的油膜,慢慢餵她吃,結果谷氏身體比以 前更硬朗,從冰箱拿出冷凍油膜切絲,加上糖、咖啡、奶粉一起沖泡,鄰居谷太太和谷先生,每天照三餐幫她準備,營養師表示,鮮奶煮熟凝固後,精華全鎖在油膜 裡,確實有助營養補充。
來自緬甸的谷氏,40年前因為女兒去世,在台灣頓失依靠,好在有同鄉的谷先生和太太照料,不僅把她當成家人,還幫忙從死神手裡奪回,不過這場病痛,對她來說,好像只是從睡夢中醒來般。
http://news.pchome.com.tw/living/tvbs/20121019/print-13506272923130...
你可以看到
video
http://yatanavasatemple.ning.com/video/101-108
http://yatanavasatemple.ning.com/video/107
http://yatanavasatemple.ning.com/video/107-1
你可以看到
其他新聞
http://www.libertytimes.com.tw/2012/new/oct/19/today-so11.htm?Slots=So
http://tw.news.yahoo.com/107%E6%AD%B2%E4%BA%BA%E7%91%9E%E5%BD%8C%E7...
http://tw.news.yahoo.com/107%E6%AD%B2%E4%BA%BA%E7%91%9E%E5%BD%8C%E7...
http://www.ettoday.net/news/20121019/116431.htm
http://udn.com/NEWS/DOMESTIC/DOM3/7440155.shtml
http://www.epochtimes.com/b5/12/10/18/n3708798.htm107%E6%AD%B2%E8%B...
http://www.takungpao.com.hk/sy/2012-10/19/content_1253968.htm
http://dailynews.sina.com/bg/news/int/kwongwah/20121019/03213879629...
http://www.ettoday.net/news/20121019/116431.htm#ixzz29hpVcETp
Views: 57

ကျန်းမာရေးထိခိုက်စေနိုင်သော အန္တရာယ်များ ဟန်းဖုန်း ၁၀ လုံး



ကျန်းမာရေးထိခိုက်စေနိုင်သော အန္တရာယ်များ ဟန်းဖုန်း ၁၀ လုံး

ဟန်းဖုန်းက လူကို ဘယ်လို ကျန်းမာရေး ထိခိုက်တယ်ဆိုတာ စာဖတ်သူ တော်တော်များများ သိရှိပြီး
ဖြစ်မယ်လို့ ယူဆပါတယ်။

အဓိက ထိခိုက်စေတာက ဦးနှောက် ဖြစ်ပြီး ဖုန်းက ထုတ်လွတ်တဲ့ ရေဒီယို လိုင်း ကြောင့် ဖြစ်ပါတယ်။
ယင်း radiation ကြောင့်ပဲ ဖုန်းကို သတိထား သုံးဖို့ မှာကြခြင်း ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတကာ ဆေးပညာရှင်နဲ့ Scientist များက အတူတူလေ့လာပြီး
Specific Absorption Rate (SAR) သတ်မှတ်ပါတယ်။
ဥပမာ- တစ်ယူနစ်ကို ရေဒီယိုလိုင်း ဘယ်လောက်ထိ ထုတ်လွတ်ပြီး လူဦးနှောက်ထဲကို
ဘယ်လောက် စုပ်ယူ (adsorb) လုပ်စေ တာမျိုးကို ဖြစ်ပါတယ်။

ယခု SAR ယူနစ်ကတော့ တစ်ကီလိုဂရမ်စာ ဖုန်းမှာ ပါဝင်တဲ့ ဆက်သွယ်ရေး ပစ္စည်း အလေးချိန်ဟာ
လျှပ်စစ်လှိုင်း/ ရေဒီယိုလှိုင်းဘယ် နှစ်ဝပ် ထုတ်နီုင်တယ်လို့ သတ်မှတ်ထားပေးတာ ဖြစ်ပါတယ်။
ဥပမာ - 1.5 watts/kg ဆိုရင် တစ်ကီလိုဂရမ် ယူနစ်အတွက်ဖြစ်ပါတယ်။
၁.၅ ဆိုရင် အတော်များနေပြီ ဖြစ်ပါတယ်။

ဒါကြောင့် အန္တရာယ်များတဲ့ ၁.၅ အထက် မိုဘိုင်းဖုန်းများကို စာဖတ်သူတို့ သိရှိအောင် မျှဝေပေးလိုက်ရပါတယ်။

၁၀။ Motorola W385
ုအမေရိကန် မိုတိုရိုလာက ထုတ်တဲ့ CDMA ဖုန်း ဖြစ်ပါတယ်။
အမေရိကန်ရယ်လို့ မဟုတ်ပဲ တရုတ်ပြည်က စက်ရုံခွဲမှာလည်း ထုတ်ခဲ့ပါတယ်။
တော်တော်ကြာပြီ ဖြစ်တဲ့ ခေါက်ဖုန်း ဖြစ်ပါတယ်။
ရေဒီယိုလှိုင်း ဆုပ်ယူနိုင်မှု ယူနစ် Specific Absorption Rate (SAR)- တစ်ကီလိုဂရမ်မှာ
၁.၅၄ ဝပ် အထိ ရှိပါတယ်။

၉။ HTC Magic
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလက ထုတ်တဲ့ ထိုင်ဝမ် HTC ထုတ် စမတ်ဖုန်း ဖြစ်ပါတယ်။
Android 1.6 Donut ကိုအသုံးပြုခဲ့ပြီး သူ့ခေတ် သူ့ခါမှာတော့ တော်တော်ကို ပေါက်တဲ့ ဖုန်း ဖြစ်ပါတယ်။
သူ့ရဲ့  SAR ကလည်း တစ်ကီလိုဂရမ်ကို ၁.၅၅ ဝပ် အထိ ရှိပါတယ်။

၈။ Motorola i335
၂၀၀၅ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်က တစ်ကြိမ်ထုတ်လုပ်ရအောင် အတော်ကို အောင်မြင်တဲ့ ဖုန်း ဖြစ်ပါတယ်။
လိုင်းဆွဲအား အင်မတန် ကောင်းပြီး ဘက်ထရီတော်တော်ခံတဲ့ ဖုန်း ဖြစ်ပါတယ်။
သို့ပေမယ့် သူ့ရဲ့  SAR က ၁.၅၅ ရှိပါတယ်။

၇။ Blackberry Bold
ကနေဒါ RIM ထုတ်တဲ့ Blackberry ဖုန်းလည်း ပါဝင်နေပါတယ်။
Bold စီးရီး တစ်ခုလုံးလို့တော့ မဆိုထားပါဘူး။
သို့ပေမယ့် ၂၀၀၈၊ ၂၀၀၉ မော်ဒယ်တွေကို အသားပေးပြောထားပါတယ်။
၁.၅၅ အထိ radiation rate ရှိနေလို့ ဖြစ်ပါတယ်။ Blackberry ကလည်း မြန်မာပြည်မှာ
ရေပန်းစား တဲ့ ဖုန်း ဖြစ်ပါတယ်။

၆။ Motorola Boost
Android 1.5 သုံးပြီး keypad ရော၊ Touchscreen ပါတဲ့ Motorola Boost ကလည်း နာမည်ကြီးဖုန်းပဲ ဖြစ်ပါတယ်။
ကင်မရာကလည်း 5megapixel ရှိတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR rating ကလည်း ၁.၅၅ ပဲ ဖြစ်ပါတယ်။

၅။ Kyocera Jax S1300
ဒီဂျစ်တယ် ဖုန်းအဆင့်ပဲ ရှိတဲ့ Kyocera Jax S1300 ကိုတော့ လူသိနည်းပါတယ်။
လိုင်းဆွဲအားကောင်းမှုကို အဓိကထားထုတ်တဲ့ ခပ်ရှင်းရှင်း ဖုန်း ဖြစ်ပါတယ်။
၁.၅၅ ရှိတဲ့အတွက် SAR rate ကတော့ မသေးပါဘူး။

၎။ Sony Ericsson Xperia X10 Mini Pro
၂၀၁၀ ဖေဖော်ဝါရီ နောက်ပိုင်းထွက်ရှိတဲ့ ဖုန်း ဖြစ်ပြီး မြန်မာပြည်မှာလည်း အသုံးများနေပါတယ်။
Sony Ericsson Xperia X10 Mini မဟုတ်ပဲ ဗားရှင်း နည်းနည်း Upgarde လုပ်လိုက်တဲ့အတွက
် Pro လို့ ထပ်ဖြည့် အမည်ပေး ထားတဲ့ ဖုန်း ဖြစ်ပါတယ်။
Android စမတ်ဖုန်းကောင်း တစ်မျိုး ဖြစ်ပေမယ့် SAR rate ကတော့ ၁.၅၅ ရှိပါတယ်။

၃။ Sony Ericsson Satio
Symbian OS 9.4 နဲ့ ထွက်ရှိတဲ့ ဆိုနီရဲ့  Ericsson Satio လည်း မြန်မာပြည်မှာ အသုံးပြုနေကြပါတယ်။
GSM ဖုန်း ဖြစ်ပြီး Wi-Fi, bluetooth စုံလင်စွာ ပါရှိတဲ့အတွက် အကြိုက်တွေ့နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။
သူ့ရဲ့  SAR ကလည်း ၁.၅၆ အထိ ရှိပါတယ်။

၂။ Motorola Droid 2 Global
သြဂုတ် ၂၀၁၀ လေးတင် ထွက်ရှိခဲ့တဲ့ Android 2.2 စမတ်ဖုန်း ဖြစ်ပါတယ်။Droid 2 လို့လည်း လူသိများပါတယ်။
user interface ကောင်းမွန်မှု၊ ကင်မရာနဲ့အခြား touchscreen နည်းပညာတို့ ကောင်းမွန်မှုကြောင့်
အကြိုက်တွေ့ နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။
SAR ကတော့ ၁.၅၈ အဆင့်အထိ ရှိပါတယ်။

၁။ Motorola Bravo
Motorla Bravo ဆိုတာကလည်း ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ ထွက်ရှိခဲ့တဲ့ WVGA display သုံး
စမတ်ဖုန်းသေးလေး ဖြစ်ပါတယ်။Android ဖုန်းပဲ ဖြစ်ပါတယ်။
Processor ကောင်းမွန်မှု၊ အကြမ်းခံမှုတို့က အားသာ ချက် ဖြစ်ပေမယ့် အဓိက
အားနည်းချက်ကြီးကတော့ရေဒီယို လှိုင်း ထုတ်လွင့်မှု ဖြစ်ပါတယ်။
ဒါကြောင့်ပဲ သူ့ကို အန္တရာယ်အကြီးဆုံး နံပါတ် ၁ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
SAR rating - ၁.၅၉ ရှိတဲ့အတွက် လက်ရှောင်ရန် တိုက်တွန်းထားတဲ့ ဖုန်း ဖြစ်ပါတယ်။

ဒီမှာ အဓိက ဇာတ်ကောင်က Motorola ဖြစ်ပြီး Motorola ထုတ်ဖုန်း တွေ တော်တော်ပါနေတာ တွေ့ရပါတယ်။
အထက် ၁၀လုံးကို လေ့ လာသိရှိပြီး စာဖတ်သူတို့ သတိထား အသုံးပြုနိုင်မယ်လို့ မျော်လင့်ပါတယ်။

--
Ref: gizmocrazed.com
အောင်ခမ်း (TSJ team)


--
Wish you get successful life ..

Thura Aye