Inbox
x
Written by ဇင်ကီး
U Kyaw Thuရခိုင်ပြည်တွင် ဇွန်လက ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုသည်
မြန်မာနိုင်ငံခြံစည်းရိုး၊ တံခါးများကျိုးပေါက်ခြင်းကို
အခြေခံကာဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံခြံစည်းရိုး
လုံခြုံအောင် ထိန်းသိမ်းရန်လိုအပ်ကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ
ဦးကျော်သူက သြဂုတ်လ ၂၄ ရက်နေ့ စစ်တွေမြို့ အင်းပေါက်ဝ ဟိုတယ်တွင်
ဒေသခံနာရေးကူညီမှုအသင်းနှင့် တွေ့ဆုံစဉ် သတင်းထောက်များကို
ပြောကြားခဲ့ကြောင်း သိရသည်။
" မြန်မာနိုင်ငံရဲ့အနောက်ဘက်တံခါး
ကျိုးပေါက်တယ်။ မြောက်ဘက်လည်း ကျိုးပေါက်နေတယ်။ နောက်ဆိုရင်
မြန်မာနိုင်ငံလို့ပြောရမယ့် အနေအထားမရှိအောင်ထိ ဖြစ်လာနိုင်တယ်။
ဒီလိုဖြစ်နေတာကို နိုင်ငံတော်အစိုးရအနေနဲ့ ကိုယ့်အိမ်၊ ကိုယ့်ခြံ၊
ကိုယ့်နိုင်ငံရဲ့ ခြံစည်းရိုးကိုသတ်မှတ်ပြီး လုံခြုံမှုအပြည့်အဝ
ရှိအောင်လုပ်ဖို့လိုတယ် " ဟု ဦးကျော်သူက ပြောသည်။
အိမ်ထောင်စုတစ်ခုအတွင်းသို့ အပြင်မှ ဧည့်သည်တစ်ဦးဝင်လာကာ
အိမ်တစ်ခုလုံးကို အပိုင်သိမ်းချင်သောကိစ္စကို သူ့အနေနှင့်
လက်မခံနိုင်ကြောင်း၊ နိုင်ငံမှာဆိုရင်လည်း နိုင်ငံ၏စည်းကို ထိန်းသိမ်းရန်
အားလုံးမှာ တာဝန်ရှိကြောင်းကို အသင်းစည်းကမ်းနှင့် ပတ်သက်၍
ဆွေးနွေးချက်တွင် အလေးထား ဆွေးနွေးခဲ့ေ