This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Thursday, July 26, 2012
လပွတ္တာမြို့မှာ တောင်သူလယ်သမားတွေ ဆန္ဒပြ
လပွတ္တာမြို့မှာ လယ်သိမ်းခံရတဲ့ တောင်သူတွေ  ဆန္ဒပြနေစဉ် ( ဓါတ်ပုံ-Myanmar News Now)
ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့မှာ လယ်သိမ်းခံရတဲ့ တောင်သူတွေ ဦးဆောင်ပြီး လူ ၈ဝဝ နီးပါး ဒီကနေ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
လပွတ္တာမြို့နယ်ထဲက ညောင်လိမ်ကျေးရွာ၊ သဲဖြူကျေးရွာနဲ့ လတောင်ကျေးရွာတွေအတွင်း သိမ်းယူခံထားရတဲ့ လယ်မြေ ဧက ၇၀၀ ပေါ်မှာ ပြန်လည်လုပ်ကိုင်ခွင့် ရရှိရေးအတွက် တောင်သူ လယ်သမား ခေါင်းဆောင် ဂဠုန်ဆရာစံရဲ့ ရုပ်ပုံတွေကို ကို
www.planet.com.mm အား CyberAttack တိုက်ခိုက်မှုဖြစ်
Posted: 25 Jul 2012 07:16 PM PDT
www.planet.com.mm အား CyberAttack တိုက်ခိုက်မှုဖြစ် မြန်မာ Web-Site များ နှင့် Sever များ Security ပိုင်းကို ပညာရှင်များ စောင့်ကြည့်ကာကွယ်သင့်
နေပြည်တော် ဇူလိုင် ၂၆
မြန်မာနိုင်ငံ၏ အင်တာနက်စာမျက်နှာ Webpage လောကတွင် အသုံးဝင်သော တစ်ခုဖြစ်သည့် www.planet.com.mm အား ယမန်နေ့ ည ၁၁ နာရီ ကျော်ခန့်တွင် အမည်မသိ Hacker တစ်စုမှ တိုက်ခိုက် ခဲ့ပါသည်။
 ည ၁၁ နာရီကနေ မနက် ၈ နာရီအထိ တိုက်ခိုက်ခံရတာပါ။ အခုတော့ ပြန်ဖွင့်လို့ ရနေပြီ ဖြစ်ပါတယ်။
တိုက်ခိုက်ပုံမှာ www.planet.com.mm စာမျက်နှာအား ဖွင့်လှစ်မရတော့ဘဲ ၄င်းတို့ဖော်ပြလိုသော HACKED BY AKINCILAR ဟူ၍ ပုံတစ်ပုံတွင် ၄င်းတို့ ကြွေးကြော်စာများနှင့်အတူ ပေါ်နေပြီး KU
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း အိမ်ထောင်ပြု
အမည်မသိ အမျိုးသမီးတဥိးနှင့် အတူတွေ့ရသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ဂျုံအွန်း။ ဇူလိုင် ၂၅၊ ၂၀၁၂။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-Un လက်ထပ်လိုက်ပြီလို့ မြောက်ကိုရီးယား အစိုးရက အတည်ပြုလိုက်တာကြောင့် အခုတလော နိုင်ငံတော် အခမ်းအနားတွေမှာ သူနဲ့ တွေ့တွေ့နေရတဲ့ အမျိုးသမီးက ဘယ်သူလဲဆိုပြီး သီတင်းပတ်ပေါင်းများစွာ အမျိုးမျိုး ထင်ကြေး ပေးပြောဆိုနေကြတာတွေ အဆုံးသတ်သွားပြီဖြစ်ပါတယ်။
မစ္စတာကင်မ် နဲ့ ရဲမေ Ri Sol Ju တို့ဟာ  Pongyang မြို့တော်မှာ အသစ်ဆောက်လုပ်ပြီးစီးတဲ့ ပျော်ပွဲရွှင်ပွဲ ကစားကွင်းကို ဗုဒ္ဓဟူးနေ့မှာ သွားရောက်ခဲ့ကြတယ်လို့ အစိုးရသတင်းမှာ ဖော်ပြ
အသားထွက် ကုန်များအား တရုတ်က ငြင်းဆို ပြီးနောက် မွေး/ကု ထောက်ခံ ချက်အား ရပ်ဆိုင်း
တရုတ်နိုင်ငံ အစိုးရ၏ အသားထွက် ကုန်တင်သွင်းမူ ပိတ်ပင်တား မြစ်ခံရပြီးနောက် အေးခဲအသားနှင့် သားရေတင် ပို့သူများကို   မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပေးနေသော ကျန်းမာကြောင်း ထောက်ခံချက် ထုတ်ပေးမှုအား ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထောက်ခံချက် ပေးမှုအား ရပ်ဆိုင်းခဲ့ရာတွင် မြန်မာနိုင်ငံရှိဝန်ကြီးဌာနများက သက်ဆိုင်ရာ အောက်ခြေဌာနအသီးသီးသို့ ညွှန့်ကြားချက်ပေးပို့ ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ အသားထွက်ကုန်ပစ္စည်းများ ပြည်ပသို့တင်ပို့ရာ၌တိရစ္ဆာန်ကူးစက်ရောဂါဖြစ်ပွားတက်ခြင်းကြောင့် တရုတ်နိုင်ငံက  တင်သွင်းမှု ပိတ်ပင်ထားမြစ်ခဲ့ခြင်း ဖြစ်သည်။
တင်ပို့ခွင့် ပိတ်ပင်ခြင်းကို တရုတ်နိုင်ငံကုန်ပစ္စည်းအရည်အသွေ
NLD အဖွဲ့ဝင်တစ်ဦးအား ပြည်ခိုင်ဖြိုး ပါတီဝင်များမှ လုပ်ကြံသတ်ဖြတ်
မကွေးတိုင်း ဒေသကြီး ၊ပွင့် ဖြူမြို့နယ် ၊ သမန်းအင်းကျေးရွာတွင် ဇူလိုင်လ ၂၅
ရက်နေ့  နံနက်- ၉း၃၀ နာရီ ခွဲ အချိန်ခန့်တွင် လူသတ်မှု တစ်ခုဖြစ်ပွား ခဲ့ပါသည်။
သမန်းအင်း ကျေးရွာ မြောက်ဘက် တွင်ရှိ ဦးလက္ခဏ ဘုန်းတော်ကြီးကျောင်း
ဆောက်လုပ် သည့်နေရာမှ ရွာသို့ ပြန်လာခဲ့ ကြသော အမျိုးသားဒီမို ကရေစီ
အဖွဲ့ဝင်များ ဖြစ်ကြသော ဦးရဲဝင်းနှင့်  ဦးကြည်မောင်တို့အား ပြည်ခိုင်ဖြိုးပါတီမှ ဦးဝင်းမောင် ခေါင်းဆောင်သော အဖွဲ့ဝင် ( ၈)ဦးခန့်မှ ၄င်းတို့နှစ်ဦးအား
အပြန်စောင့်ဆိုင်းပြီး ဓားရှည်မျိုးစုံ ဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ပါသည်။
ဦးရဲဝင်းမှာ  ဦးခေါင်းပိုင်းပတ်လည် (၁၀ )ချက်နှင့် ညာဘက်လက်မောင်းမှာ
ဒါဏ်ရာကြောင့် ပြတ်လုနီးပါး ဖြစ်နေပါသည်။
ဦးကြည်မောင်၏ လက်တစ်ဖက်ရှိ လက်ချော
“ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး” သူရဦးရွှေမန်း သတိပေး
 တနှစ်ကျော်ကြာ သက်တမ်းရှိပြီဖြစ်သည် ပြည်ထောင်စု လွှတ်တော်အတွင်း ဆွေးနွေးသည့် အကြောင်းအရာများအနက် ဆွေးနွေးသူ အမတ်ဦးရေ ၄၅ ဦးဖြင့် စံချိန်တင် အဆိုတခုဖြစ်သော “လယ်ယာမြေ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေး တရားမျှတစွာ
ဖြေရှင်းဆောင်ရွက်ပေးရန်” အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပထမဆုံးအကြိမ် ဝင်ရောက်ဆွေးနွေးစဉ် ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး ထိန်းကျောင်းသင့်သည်ဟု ပြောဆိုသွားသည်။
ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ် တင်သွင်းခဲ့သည့် တောင်သူလယ်သမားအရေး အဆိုကို လွှတ်တော်တွင် ဆွေးနွေးဆဲဖြစ်ပြီး ကြာသပတေးနေ့တွင်ေ
***လောကမှာ အတူမရှိတဲ့တရားလေးပါး***
ဒီတရားကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဥပသိကာ ငါးယောက်ကိုဟောကြားတော်မူခဲ့ခြင်းဖြစ်သည်။
၁..-လောကမှာ
ရာဂထက် ပိုပူလောင်ပီးပိုပူပြင်းသော မီးဟူ၍အတူမရှိ။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက
နေဆယ်စင်းထွက်လာလော အပူကမြင်ရဦးမယ် ကိုယ့်စိတ်သန္တန်မှာဖြစ်နေတဲ့ ရာဂဆိုတဲ့ မီးကမမြင်မသိသာပဲ
ပူလောင်သောကြောင့်ရာဂထက်ပိုပူပြင်းသောမီးမရှိ
လို့ဟောဖော်ညွှန်ပြဆုံးမခဲ့ခြင်းဖြစ်ပါသည်။
၂...-လောကမှာ ဒေါသလောက် ဖမ်းယူ
***ရယ်သောသူ အသက်ရှည်၏***
၁) အောက်ပါတို့ကို သိရှိသလောက် ဖြေဆိုပါ။
အမေး။ နိုင်ငံတော် သီချင်းကို မည်သူရေးစပ်ခဲ့သနည်း။
အဖြေ။ သီချင်းရေးဆရာ ဖြစ်ပါသည်။
... အမေး။ Shakespeare ဆိုသည်မှာ မည်သူနည်း။
အဖြေ။ တုန်ခါနေသော လှံ ဟု အဓိပ္ပာယ်ရပါသည်။
အမေး။ အာဇာနည်ဆိုသည်မှာ အဘယ်သူနည်း။
အဖြေ။ `ယဉ်ယဉ်လေးရူး´ သီချင်းကို သီ
ဂွမြို့အနီးစက်လှေပျက်မြောလာသော ဘင်္ဂါလီများကို ထောင်ဒဏ်ချမှတ်
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အနီးတွင် ဇွန်နောက်ဆုံးပတ်က စက်လှေပျက်၍ဆိုက်ကပ်လာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအား သံတွဲမြို့နယ်တရားရုံးမှ ထောင်ဒဏ် ငါးနှစ်စီချမှတ်ပြီးနောက် ၎င်းတို့နှင့်အတူပါလာသူ ကလေးတစ်ဦးအား သံတွဲမြို့ သစ္စာဗလီမှ ခေါ်ယူစောင့်ရှောက်ထားကြောင်း ဒေသခံတစ်ဦးကပြောသည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ စက်လှေဖြင့် မလေးရှားနိုင်ငံသို့သွားရောက်စဉ် စက်ပျက်ပြီး ဂွမြို့အနီးရှိ
ကျွန်းတစ်ခုတွင် သောင်တင်လာခြင်းဖြစ်ကာ စုစုပေါ
ညောင်ကုလား ကျည်းပေါင်းတရုတ် ကဗျာရှင်(နေရဲနီ)
Inbox
x
စစ်တွေ သံတော်လီရွာမှ ဘင်္ဂလီများ.. (ဓာတ်ပုံ ဒီမိုဝေယံ သတင်းထောက်)
ညောင်ကုလား ကျည်းပေါင်းတရုတ်
ကဗျာရှင်(နေရဲနီ)
စေတီဘုရား
တည္ထားေ
မြန်မာစာပေမှ မင်းကျင့်တရား ၁၀ ပါး
မင်းကျင့်တရားဆိုသည်မှာ နိုင်ငံအုပ်ချုပ်မင်းလုပ်နေသော မင်းများသည် သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့် အဓွန့်ရှည်အောင် စိုးအုပ်ခွင့်ရရန် ပေးတဲ့အကြံဥာဏ်ကို ခေါ်ပါသည်။ မြန်မာမင်းတို့သည် သားစဉ်မြေးဆက် မင်းကျင့်တရား များကျင့်နိုင်ရန် မင်းကျင့်တရား (၁၀)ပါးကို မှတ်တမ်းတင်ခဲ့ကြသည်။ 
မင်းကျင့်တရား ၁၀ ပါးမှာ -
၁။ အလှူပေးခြင်း၊ (ဒါန)
၂။ ငါးပါးသီလ ဆောက်တည်ခြင်း၊ (သီလ)
၃။ ပေးကမ်း စွန့်ကြဲခြင်း၊ (ပရိစာဂ)
၎။ ဖြောင့်မတ်မှန်စွာကျင့်ခြင်း၊ (သမ္မာပဋိပန္န)
၆။ အခါအားလျှော်စွာ ရှစ်ပါးသီ
(၂၅.၇.၂၀၁၂နေ့ ထွန်စက်အောက်သို့ ၀င်ရောက်၍လယ်ယာမြေအတွက်အသက်ပေးထွန်တုံးတိုက်ပွဲဝင်သော လယ်သမားသုံးဦးမှာ ဦးတုပ်ကြီး၊ကိုကျော်ဝင်း၊ကိုသိန်းအောင် တို့ဖြစ်သည်။)
Inbox
x
 *မိတ္ထီလာမြို့***
*ပြည်သူ့အကျိုးဆောင်ကွန်ရက်***
*သတင်းထုတ်ပြန်ကြေငြာချက်***
*၁၃၇၄ ခုနှစ် ၊ ဒုတိယ**၀ါဆိုလဆန်း (၇) ရက်နေ့*
*၂၀၁၂ ခုနှစ်၊ ဇူလိုင်လ** (၂၅) ရက်*
*(၂၅.၇.၂၀၁၂)*
*မိတ္ထီလာခရိုင်အတွင်း အတင်းအဓမ္မလယ်ယာမြေ အသိမ်းခံထားရသောတောင်သူများ*
*ယနေ့ ထွန်တုံးတိုက်ပွဲ ဆက်လက်ဆင်နွှဲနေခြင်း*
* *
မြန်မာပြည်အလယ်ပိုင်းဒေသ မိတ္ထီလာခရိုင်မှာ
လယ်ယာမြေဆုံးရှုံးမှုတွေနဲ့ပါတ်သက်ပြီး အငြင်းပွားမှုတွေ ၊
ပြဿနာဖြေရှင်းမှုတွေဖြစ်နေတယ်။ ဖြစ်နေတာတွေက သိရသလောက်ဆိုရင် လယ်သမားတွေဟာ
သူတို့ရဲ့ ဘိုးဘွားပိုင်မြေ ၊ ဓါးမဦးချပိုင်မြေ ၊ မူလလက်ငုတ်လက်ရင်းပိုင်မြေ
ဆိုတာတွေနဲ့ သူတို့လယ်ယာမြေတွေကို သူတို့ရပိုင်ခွင့်အတွက် သက်ဆိုင်ရာသို့
၇-လပိုင်းမှာ စာတင်ခဲ့ပါတယ်။ ဒါပေမဲ့
တရုတ် ၁၃ ဦးပစ်သတ်မှု တရားခံအဖြစ်ဝန်ခံဖို့လက်နက်ချနော်ခမ်း ဒုလက်ထောက် အား ရိုက်နှက်
သျှမ်းသံတော်ဆင့်
တာချီလိတ်မြို့ရှိ အစိုးရတပ်မတော်ထံလက်နက်ချသွားသည့် မူးယစ်ရာဇာ စိုင်းနော်ခမ်း ၏ ဒု လက်ထောက် စိုင်းအောင်မြတ်အား မဲ ခေါင်မြစ် အတွင်း တရုတ် ၁၃ ဦးပစ်သတ်မှု၏ တရားခံအဖြစ် ဝန်ခံဖို့ ရိုက်နှက်ခိုင်းစေခဲ့ကြောင်းနီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါ သည်။
“ မေလလယ်က တာချီလိတ်မှာ လက်နက်ချတဲ့အဖွဲ့မှာ သူက ခေါင်းဆောင်ပဲ။ စိုင်းနော်ခမ်း ရဲ့ ဒုတိယ လက်ထောက်ပေါ့။ အဲဒီ လက်နက်ချ တဲ့သူတွေအား
အစိုးရအဖွဲ့တွင်း အပြောင်းအလဲ စတင်
ဒုတိယ သမ္မတအဖြစ် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို သမ္မတ အရည်အချင်းစစ် ကော်မတီက အတည်ပြုပေး တော့မယ်လို့ နေပြည်တော်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်တွေ အဆိုအရ သိရပါတယ်။
ခေတ်နောက်ပြန်ဆွဲလိုသူများကို ချန်ထားခဲ့မည်ဟု သမ္မတ ဦးသိန်းစိန် က မေလ ၁၁ ရက်နေ့ အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောဆိုခဲ့သည် (ဓာတ်ပုံ – သမ္မတရုံး ဝက်ဘ်ဆိုဒ်)
တချိန်တည်းမှာပဲ အစိုးရ ပြည်ထောင်စုဝန်ကြီး ၈ ဦးခန့်လည်း ရာထူး အပြောင်း အလဲ ဖြစ်ဖို့ရှိပြီး ပြောင်းလဲမယ့် ၀န်ကြီးတွေ ထဲ
မြ၀တီမြို့လယ် အင်ပါယာ ရွှေဆိုင်အား သေနတ်ပစ်ဖောက် လုယက်ခဲ့သူများထဲတွင် ပါဝင်ခဲ့သူဟု ယူဆရသူတစ်ဦးအား ဖမ်းဆီးရမိ
မဲဆောက်။ ဇူလိုင် ၂၅
Photo: ဓာတ်ပုံ - ရဲရင့်မောင်။
မြန်မာ-ထိုင်း နယ်စပ်မြ၀တီမြို့လယ်တွင် ယခင်လ ၂၄ ရက် မွန်းလွဲပိုင်းက အင်ပါယာရွှေဆိုင် ကိုဓားပြ
ယနေ့ နံနက်တွင် မဲဆောက်-မြ၀တီချစ်ကြည်ရေး တံတား
အစိုးရ စစ်တပ်က အပစ်အခတ် ရပ်စဲရေးကို တမင်ဖျက်ဆီးနေ
ရွှေဟင်္သာ
အစိုးရ တပ်ဖွဲ့မှ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) အား အရှိန်မြင့်ပြီး တမင် လာရောက် တိုက်ခိုက်နေ သည်ဟု RCS S ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဆိုင်မိန်း ကပြောပါသည်။
“ဇူလိုင် ၂၂ ရက်နေ့က မိုင်းပန်းမြို့နယ်မှာ အစိုးရတပ်က ကျတော်တို့ တပ်ရှိတဲ့နေရာကို ဘာမှ အကြောင်းမကြားဘဲ တမင်ကို ၀င်တိုက်ခဲ့ တယ်။ အ
Jennifer Hudson ရဲ့ မိသားစုဝင်များကို သတ်သူအား တသက်တကျွန်းထောင်ဒဏ်ချ
အမေရိကန်ပြည်ထောင်စုက နာမည်ကျော် အနုပညာရှင်တစ်ဦးဖြစ်သူ အကယ်ဒမီဆုရ Jennifer Hudson ရဲ့ မိသားစုဝင်များကို သတ်ခဲ့သည့် လူသတ်တရားခံအား တရားရုံးက တသက်တကျွန်းထောင်ဒဏ် ကျခံစေရန် အင်္ဂါနေ့က စီရင်ချက်ချမှတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ်လခန့်က Jennifer Hudson ရဲ့ မိသားစုဝင်များဖြစ်သည့် အသက်(၅၇)နှစ်အရွယ် Jennifer Hudson ၏ မိခင် ၊ အသက်(၂၉)နှစ်အ
သူငယ်ချင်းတွေက မလုပ်ရဲဘူးပြောလို့ မိမိခေါင်းကို မီးရှို့ပြခဲ့သူ
အမေရိကန်ပြည်ထောင်စု Georgia ပြည်နယ်က အသက်(၃၆)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အရက်ဘားတစ်ခုတွင် အတူသောက်ဖော်သောက်ဖက် သူငယ်ချင်းတွေနဲ့ ရန်ဖြစ်အပြီး သူငယ်ချင်းတွေက ၎င်းအား မျက်နှာကို မီးမရှို့ရဲပါဘူးဟု လောင်းရာ သူငယ်ချင်းတွေရဲ့ အပြောမှားကြောင်း
သက်သေပြချင်တဲ့အတွက် 151 rum နဲ့ မိမိခေါင်းကို
ရပ်/ကျေး အုပ်ချုပ်ရေးမှူး လစာ ၇ သောင်းရမည်
အောင်သက်ဝိုင်း
အစိုးရ အုပ်ချုပ်ရေး ယန္တရားတွင် အခြေခံ ကျဆုံးသော ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ပြည်သူများက စိတ်တိုင်းကျ မဲပေး ရွေး ချယ်၍ ခန့်အပ်ခံရသော အုပ်ချုပ်ရေးမှူးများသည် လစာ ကျပ် ၇ သောင်း ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လွှတ်တော် အစည်းအဝေးများတွင် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေကို တရားဝင် ပြဋ္ဌာန်းပြီး ဖြစ်သော်လည်း ပြင်ဆင်မှုများ
အပြစ်ပေးလျှင် ခံမည်ဟု ဦးအောင်သိန်းလင်း ပြော
ကျော်ခ
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ဗဟိုလုပ် မှုဆောင် ဦးအောင်သိန်းလင်းက တရုတ်နိုင်ငံထုတ် Southern Weekend China သတင်းစာ အနေဖြင့် ၎င်း၏ ဖြေဆိုမှုကို ဘာသာပြန်လွဲမှားဖော် ပြခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မိခင်ပါတီအ နေဖြင့် အပြစ်ပေး ပါက ခံယူသွားမည်ဟု ပြောဆိုလိုက်ကြောင်း သိရသည်။
ဦးအောင်သိန်းလင်း တရုတ် သတင်းစာကို ဖြေကြားမှု အပေါ် ပြည်တွင်း ဂျာနယ်တချို့နှင့် လူမှုကွန်ရက် Facebook စာမျက်နှာ များတွင် ဖော်ပြ ဆွေးနွေး ခဲ့ကြပြီး လူအများ၏ ဝေဖန်မှု ခံခဲ့ရသည်။ ယင်းသို့ ပြောဆို ခြင်းနှင့် ပတ်သက်ပြီး ကြံ့ခိုင်ေ
KIA ဗုံးခွဲတိုက်ခိုက်မှုကြောင့် အစိုးရစစ်သား ၅ ဦး ကျ
ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်လမ်းရှိ နှစ်ဖက်တပ်များ လှုပ်ရှားနယ်မြေ ဘန်ကောင်မူ (Bankawng Mu) တွင် ဇူလိုင်၂၄၊ အင်္ဂါနေ့က မြန်မာအစိုးရ တပ်ဖွဲ့များကို ကချင်လွပ်မြောက်ရေး တပ်ဖွဲ့ (KIA) မှ ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အစိုးရ စစ်သား ၅ ဦးေ
လေသေနတ်
~
"သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မလိုလားတဲ့ ခေါင်းမာဂိုဏ်းသားတွေကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ နာမည်ကိုသုံးပြီး ဟန့်တားဖို့ ကြိုးစားနေတယ်" လို့ နေပြည်တော်သတင်းရပ်ကွက်ကို ကိုးကားပြီး ဧရာဝတီ သတင်းတပုဒ်မှာ ဒီနေ့ ရေးထားပါတယ်။
ဗိုလ်ချုပ်သန်းရွှေက ဘယ့်သူ့ကိုဖြင့် မကြိုက်တော့
ဝိတ်ပြားရှင် ဦးအောင်သိန်းလင်း ငြင်းချက်ထုတ်နေချိန်မှာ တရုတ်ဝက်ဘ်ဆိုက် တချို့မှာတော့ ပြောဆိုချက်တွေကို မျဉ်းကြောင်းတားပြီး အတည်ယူနေပါပြီ..
缅甸有人对总统说不
缅甸前仰光市市长、现执政党“巩发党”中央执行委员、国会议员、国会“改革及现代化监督委员会”主席昂丁林接受《南方周末》采访,语出惊人,是个人物!
ညောင်မြစ်တူးတော့ ဖွတ်ဥပေါ်ဆိုသလို တရုတ်ဆိုဒ်တွေမှာတော့ ဝိတ်ပြားရှင် ဦးအောင်သိန်းလင်း ပြောတဲ့ အင်တာဗျူးထဲက အချက်တွေ မျဉ်းတားပြီး ဖော်ပြနေကြပါပြီ.. နားလည်တဲ့သူတွေ မျဉ်းတားထားတဲ့ အကြောင်းအရာတွေကို ဘာသာပြန် ပေးကြပါ..။ ဒီလင့်ခ်
နွားမှောင်ခိုကူးတဲ့ တပ်မတော်မှ ဗိုလ်ကြီးတဦး မှော်ဘီတွင် ဖမ်းဆီးမိ
ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့ နယ်မှာ နွား မှောင်ခို လုပ်စားသည်. စစ်ဗိုလ်ကြီးတစ်ဦးကို နွားကားနှင့်အတူ ဇူလိုင်လ ၂၂ ရက် နေ့ က ဖမ်းဆီးမိ ကြောင်း သတင်းရရှိပါသည်။
 မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည် ခရိုင်မှ ခိုင်းနွားများ တင်ဆောင်လာသည့် (၁၂)ဘီးကား ၁ဃ/၉၄၀၆ အား ဗိုလ်ကြီးတစ်ဦးမှ ကားခေါင်းခန်းတွင် ထိုင်ပြီး အလယ်ပိုင်းတိုင်း စစ်ဌာချုပ် မန္တလေး တိုင်းမှုး လက်မှတ် အတုထိုးကာ တင်ဆောင်လာခဲ့ပြီး မြောင်းတကာ ကျေးရွာ၌ နွားများချနေစဉ် --
ကချင်ရွာသား ၄ ဦး ဖမ်းဆီးခံရမှု စတင်စုံစမ်း
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန့်ဝါး ကျေးရွာအုပ်စု၊ မုတ်ကျိတ်ကျေးရွာ အေဂျီ ဧဝံဂေလိ အသင်းတော် ဘုရားရှိခိုး ကျောင်းထဲက ရွာသား ၄ ယောက်ကို မြန်မာစစ်တပ် တပ်မ (၈၈) က ဖမ်းဆီးသွားခဲ့မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စုံစမ်းမှုတွေ မနေ့က စတင်ပြုလုပ်ခဲ့ပါတယ်။
RFA
မြန်မာစစ်တပ်က ဖမ်းဆီးသွားသော ကချင်ရွာသားများအား ပြန်လည်လွှတ်ပေးရန် တောင်းဆိုနေကြစဉ်။
အဖြစ်မှန်ကို ဖော်ထုတ်နိုင်ရေးအတွက် လွတ်မြောက်လာသူ နှစ်ဦးနဲ့ လက်ရှိ အဖမ်းခံထားရဆဲ ဦးဖလောင်လွမ်းခေါင်ရဲ့ ဇနီး ဒေါ်ဇောင်းနော အပါအ၀င် သက်သေတချို့ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်းသီတာ ဟိုတယ်မှာ မြန်မာနိုင်ငံ အမျိုးသား
AIDS ဖဲကြိုးနီဆု မြန်မာနိုင်ငံက The Help အဖွဲ့ရရှိ
ဝါရှင်တန်မှာကျင်းပနေတဲ့ AIDS ညီလာခံ။ (ဓာတ်ပုံ/ကြေးမုံ)
နှစ်နှစ်တခါ ကျင်းပနေတဲ့ နိုင်ငံတကာ AIDS ညီလာခံတိုင်းမှာ AIDS ရောဂါ တိုက်ဖျက်ရေး လုပ်နေ တဲ့ အခြေခံ လူမှုအဖွဲ့အစည်းတွေကို Red Ribbon Award (ဖဲကြိုးနီဆု) ချီးမြှင့်လေ့ ရှိပါတယ်။ ကုလသမဂ္ဂ AIDS ရောဂါတိုက်ဖျက်ရေး အေဂျင်စီနဲ့ ပူးတွဲပေးတဲ့ ဆုပါ။ ၀ါရှင်တန်ဒီစီမှာ အခု ကျင်းပနေတဲ့ 2012 နိုင်ငံတကာ AIDS ညီလာခံမှာ 2012 ခုနှစ်ရဲ့ ဖဲကြိုးနီဆု ချီးမြှင့်ခံရတဲ့ အထဲ မြန်မာနိုင်ငံက The Help ဆိုတဲ့ အဖွဲ့ပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ တကယ့် အောက်ခြေ လူထုကြားထဲ AIDS ပညာပေးရေး လုပ်နေတဲ့အဖွဲ့ကို အခုလို အသိအမှတ်ပြုခံရတာဟာ တိုင်းပြည်တွင်း ပညာပေးရေး လုပ်ငန်းတွေအတွက် အားဖြစ်စေတယ်လို့ ညီလာခံကို တက်ရောက်နေတဲ့ မြန်မာနိုင်ငံက လူမှုရေးလုပ်ငန်းတွေ လုပ်နေသူတွေက ပြောပါတယ်။ ကိုသားညွန့်ဦးက ဆက်ပြီး တ
မြို့ပြ၏အဆင်မပြေမှု အန်မတုနိုင်၍ ကြိုးဆွဲချအဆုံးစီရင်ခြင်း ယမန်နှစ်ထက် သိသာစွာမြင့်တက်
အဆင်မပြေသော လူမှု စီးပွားအခြေအနေကြောင့် ရန် ကုန်တိုင်းဒေသကြီး အတွင်း ကြိုးဆွဲချအဆုံးစီရင်မှုမှာ ယမန် နှစ်ကထက် သိသာစွာမြင့်တက် လာကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့ မှုခင်းမှတ်တမ်းဌာနရဲအရာရှိ တစ် ဦးက ရန်ကုန်တိုင်းဒေသကြီးအတွင်း မိမိကိုယ်မိမိ အဆုံးစီရင်မှုမှာ ယခင်နှစ်က အမှုပေါင်း ၄ဝ ခန့်သာရှိ ခဲ့သော်လည်း ယခုနှစ်တွင်မူ ဇူလိုင် ၁၄ ရက်နေ့ အထိ ကြိုးဆွဲချသေဆုံး မှု ၆ဝ မှု၊ အဆိပ်သောက်မှု ၆ မှု နှင့် တိုက်ပေါ်မှ ခုန်ချမှု ၂ဝ မှုဖြစ် ပွားခဲ့သည်ဟုပြောသည်။ သေဆုံးသူ အများစု မှာ အသက် ၃ဝ မှ ၅ဝ နှစ်ကြား လူလတ်ပိုင်းများဖြစ်ပြီး အမျိုးသား ၆ဝ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၄ဝ ရာခိုင်နှုန်း ပါဝင် သည်ဟုသိရသည်။ အများအားဖြင့် ယခုနှစ်ပိုင်း အတွင်း စိတ်ကျန်းမာရေး အထူးကု ဆေးရုံသို့ရောက်ရှိလာသူ အများစု မှာ လူမှုရေးနှင့် လူမှုစီးပွားရေးအခြေ အနေများကြောင့် ရောက် ရှိလာ သူမှာ ပိုများကြောင်း ရန်ကုန်စိတ် ကျန်းမာရေး အထူးကုဆေးရုံ ကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦး ကျော်စိုးက ပြောသည်။ ''ပြီးခဲ့တဲ့နှစ်က စိတ်ကျန်းမာ ရေး ဆေးရုံကို ရောက်လာတဲ့လူနာ က ၉ဝဝ ဝန်းကျင်လောက် ပဲ ရှိပေ မယ့် ဒီနှစ်မှာတော့ ၁ဝ၃၁ ဦးရှိနေပြီ။ ဒါက ဆေးရုံကိုရောက်လာတဲ့ လူနာအရေ အတွက်ပဲရှိသေးတယ်။ အပြင်မှာ ရောဂါဖြစ်ပွားနေတဲ့လူနာ အရေအတွက်က ဘယ်လောက် ပမာဏရှိတယ်ဆိုတာကို မှန်းဆရ ခက်တယ်။ သေချာတာကတော့ စီးပွားရေးနဲ့ လူမှုရေးအခြေ အနေ တွေကြောင့် စိတ်ရောဂါခံစား နေရ တဲ့သူတွေဟာ နှစ်စဉ်နဲ့အမျှ ပိုများ လာတယ်''ဟု ၄င်းကဆိုသည်။ စိတ်ကျန်းမာရေး အထူးကု
စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) နှင့် နန်ယန်းနည်းပညာ တက္ကသိုလ် (NTU) မှာ သင်ယူမည့်သူများအတွက်ဟောပြောပွဲ
စင်ကာပူအမျိုးသားတက္ကသိုလ်  (NUS)  နှင့် နန်ယန်းနည်းပညာတက္ကသိုလ် (NTU) မှ ပါရဂူဘွဲ့ ရဆရာများမှအင်ဂျင်နီယာဘာ သာရပ်နှင့် BioMedical, MSc Healthcare Management သင်ယူမည့်သူများအတွက်ဟောပြောပွဲ
အင်ဂျင်နီယာဘာသာရပ်ကိုစိတ်ဝင်စားသောကျောင်းသားကျောင်းသူများအတွက်  ကမ္ဘာပေါ်တွင် အင်ဂျင်နီ ယာဘာသာရပ်၏ အရေးကြီးပုံအခန်းကဏ္ဍများ၊ ကမ္ဘာပေါ်တွင် အသုံးဝင်ဆုံး အင်ဂျင်နီယာဘာသာရပ်များ အကြောင်းနှင့် မြန်မာနိုင်ငံတွင် ရှေ့ တန်း ရောက်လာမည့် အင်ဂျင်နီယာပညာရပ်နှင့် ပတ်သက်သည့် အခန်း ကဏ္ဍများအကြောင်းကို Nanyang Technological University မှ
သိမ်းယူထားတဲ့ လယ်မြေတွေကို ပြန်မပေးနိုင်ဘူးလို့  လွှတ်တော်မှာ ဇေကမ္ဘာခင်ရွှေ ပြောဆို
စက်မှုမြေအဖြစ် ရောင်းပြီးတဲ့ လယ်မြေတွေကို ပြန်မပေးနိုင်တဲ့အကြောင်း ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် (၉) က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ဇူလိုင်လ ၂၃ ရက်နေ့ မှာ
ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
ဒါ့အပြင် - လယ်မြေတွေကို ကုမ္ပဏီတွေက သိမ်းယူပြီးနောက် စက်မှုဇုန်နဲ့ အိမ်ရာ စီမံကိန်းတွေ ဆောင်ရွက်နေတယ်ဆိုပြီး သတင်းမီဒီယာ တွေကနေ တဆင့် လယ်သမားတွေကို သွေး
လွှတ်တော် ကိုယ်စားလှယ်များ နှစ်ကြိမ် သတိပေး ခံရ
နေပြည်တော်၊ ဇူလိုင် ၂၅
ယနေ့ ကျင်းပ နေသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ကွတ်ခိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် အဆို တင်သွင်း ထားသော တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်ပေးရန် ပြဌာန်း ပေးရန် အဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ပါဝင် ဆွေးနွေးခဲ့မှုများတွင်အဆိုနှင့် မသက်ဆိုင်သော အကြောင်းအရာများ ပါဝင်နေသဖြင့်  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဆိုနှင့် တိုက်ရိုက် သက်ဆိုင်သည့် ကိစ္စရပ်များကိုသာ ဆွေးနွေးရန် လွှတ်တော် ကိုယ်စားလှယ်များကို နှစ်ကြိမ်တိုင် သတိပေးခဲ့သည်။
မဟာအောင်မြေ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်နှင့် ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဦးကျော်သီဟတို့၏ ဆွေးနွေးမှုများတွင် ပုဂ္ဂိုလ်ရေး ထောက်ခံ
ဦးမြင့်ဆွေကို ဒုသမ္မတ အဖြစ် အရည်အချင်း စိစစ်ရေး အဖွဲ့ အတည်ပြု ရန်ရှိ
ရန်ကုန်၊ ဇူလိုင် ၂၅
တပ်မတော် သား ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယ သမ္မတအဖြစ် ရွေးချယ်ထားသော ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေမှာ နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများ အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့်ငြိစွန်းမှု မရှိကြောင်း အရည်အချင်းစိစစ်ရေး အဖွဲ့ က ပြည်ထောင်စု လွှတ်တော်သို့ ရက်ပိုင်းအတွင်း အကြောင်းကြားသွားမည်ဟု လွှတ်တော် ကိုယ်စားလှယ်များ ထံမှ သိရသည်။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုပါက မကြာမီ ရက်ပိုင်းအတွ
အင်္ဂါရုပ်ဖတ်နည်း..ယောက်ကျားလေးများအတွက်
ကျွန်တော် သိထားတတ်ထားတဲ့  မိန်းကလေးများရဲ့အင်္ဂါရုပ် ဖတ်နည်းကိုကျွန်တော် ပြန်လည်ပြုစုပေးလိုက်ပါတယ်.. အထူးသဖြင့်လူရွှေး မှန်စေရန်၊ တစ်ချို့သော ရိုင်းမယ်ထင်တဲ့ အချက်များကိုတော့ ကျွန်တော် မတင်ပြတော့ပါ။ ဒီလောက်နဲ့လုံလောက်ပြီလို့ထင်ပါသည်။ အဆင်ပြေနိုင်ကြပါစေနော်*
၁။အကြင်မိန်းမ… မျက်လုံးကြီးအံ့- အသက်ရှည်၍စီးဟွားဥစ်စာ ပွါးစေသည်။
၂။ အကြင်မိန်းမ…ညိုသော၊နူးညံ့သော ဆံပင်ရှိ၏။အလွန်ရှည်သော မျက်နှာရှိ၏။
                      မျက်ခုံးနှစ်ဖက်ခါးစောင်နှစ်ဖက်တို့သည် ပြေပြစ်၏။ ချမ်းသာ၏။
၃။အကြင်မိန်းမ….. ရွေအဆင်းနှင့်တူသောအဆင်း။ ကြည်ညိုလှသောမျက်စိ၊ ကြည့်ရှုဟန်တင့်တယ်၏။
                        ကိုယ်ရည်လဲပြေပြစ်၏။ပဒုမ်မာကြာကဲ့သို့ စိမ်းသော မကျင်းသောမျက်လုံးရှိ၏။
                          သားသမီးကောင်းများေ
အစိုးရက နယ်စပ်တွင် ကုန်စည်အရည်အသွေး စစ်တော့မည်
Inbox
x
DVB
|
အေး​နိုငျ
တရုတ်နဲ့ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်း ၁၃ ခုကနေ တင်သွင်းလာတဲ့ အစားအသောက်တွေ နဲ့ ဆေးဝါးတွေကို ကျန်းမာရေးနဲ့ ညီမညီ စစ်ဆေးတော့မယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။
အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာန (အက်ဖ်ဒီအေ) က တာဝန်ရှိသူရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဇူလိုင် ၂၄ ရက်ထုတ် သတင်းစာမှာ ဖော်ပြထားရာ ကနဦး ကုန်သွယ်စခန်း ၂ နေရာမှာ စတင်မယ်လို့ ဆိုပါတယ်။
အက်ဖ်ဒီအေရဲ့ ဆောင်ရွက်ချက်ဟာ တဖက်နိုင်ငံတွေကနေ တရားမ၀င် ၀င်ရောက်လာတဲ့ ကုန်ပစ္စည်းတွေမှာ ကျန်းမာရေးနဲ့ မညီညွတ်တာ၊ အထူးသဖြင့် စားဆီအတုတွေ ၀င်ရောက်နေတဲ့ အပေါ် ပြည်တွင်းမှာ ကျယ်ကျယ်လောင်လော
ဂျီအက်စ်အမ်ဖုန်းများ ကျပ်တစ်သိန်း ဝန်းကျင်ဖြင့်လာမည့်နှစ်ဦးပိုင်းတွင်" ရောင်းမည်
Inbox
x
လာမည့် ဘဏ္ဍာရေး နှစ်ဦးပိုင်းတွင် ဂျီအက်စ်အမ်ဖုန်းများကို ကျပ်တစ်သိန်း ဝန်းကျင်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အတည်ပြု ပြောကြားလိုက်သည်။ ယင်းကဲ့သို့ ဖုန်းဈေးနှုန်းများ လျှော့ချပါက အလုံးရေ အများအပြားရောင်းရမည် ဖြစ်သောကြောင့် လိုအပ်သည့် လိုင်းအင်အား တိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ "ဈေးနှုန်းနည်းသွားရင် ဝယ်မယ့် အင်အားက များလာမယ်။ ဒါကြောင့် လက်ရှိမှာ လိုအပ်တဲ့ လိုင်းအင်အားတွေ ပြင်ဆင်နေတယ်။ လာမယ့် ဘတ်ဂျက် နှစ်စမှာတော့ ဈေးနှုန်းတွေ လျှော့ပေးဖို့ရှိတယ်။ ကျပ်တစ်သိန်းခွဲနဲ့ တစ်သိန်းဝန်းကျင် ဖြစ်မှာပါပဲ" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ဖုန်းများ ရောင်းချရာတွင် ဝယ်ယူလိုသည့် ပမာဏအတိုင်း ရောင်းချပေးနိုင်ရန် အစီအစဉ်များ ဆောင်ရွက်လျက်ရှိပြီး ကျပ်နှ
*** မိဘများသို့  အထူးသတိပေးခြင်း ( မြန်မာကလေးငယ်များပါ သတိပြုရမည့် EV-71 ဗိုင်းရပ်စ်) ***
***မြန်မာကလေးငယ်များပါ သတိပြုရမည့် EV-71 ဗိုင်းရပ်စ်***
ယခုအချိန်တွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံများရှိ ကလေးငယ်များတွင် ပြင်းထန်သည့် ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ဖြစ်ပွားနေပြီး ကလေးများ သေဆုံးမှုများ ဖြစ်ပွားလျက်ရှိသည်။
ဧပြီလနှောင်းပိုင်းက ကမ္ဘောဒီယားနိုင်ငံတွင်စတင်သည့် EV-71 ဟုခေါ်သော အဆိုပါဗိုင်းရပ်စ်မှာ သုံးလနှင့် ၁၁နှစ်ကြား ကလေးငယ် ၇၀ ကျော်တွင် ဖြစ်ပွားခဲ့ပြီး ၅၂ ဦးကျော် သေဆုံးနေပြီဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနတို့က ကြေညာခဲ့ပြီး မကြာခင် ထိုင်းနိုင်ငံရှိ ကလေးများတွင်ပါ ကူးစက်ြ
မြန်မာဟာသများစုစည်းမှု
Inbox
x
by U Kyaw Zay Ya
မသိလို့ကိုင်မိတာပါ..
အလွန် အရှက်ကြီးသော မိန်းမပျိုလေး တစ်ယောက် ငယ်သူတို့ဘာဝ ချစ်သူရည်းစား
အဖြစ် လူငယ်လေး တစ်ဦးနှင့် ရည်ငံ နေကြပါသတဲ့။ တစ်နေ့မှာ ချစ်သူနှစ်ဦး
သာယာတဲ့ မြစ်ကမ်းဘေး သစ်ပင်ရိပ်အောက် မြက်ခင်းလေးမှာ ချိန်းတွေ့နေကြတယ်။
သည်အခိုက်မှာ မနက်ခင်းတုန်းက ပဲကြီးလှော်သုပ်နဲ့ ကြက်သွန်ဖြူ
အပြင်အဘွားရဲ့ လျှက်ဆားကိုပါ တို့မြီးခဲ့တဲ့ မိန်းမပျိုခမျာ လေလည်ချင်
လာခဲ့ပါလေရော။
ခက်ပြီ။
အရှက်ကလည်းကြီး၊ ချစ်သူကလည်း အနီးမှာ အတူထိုင်နေတော့ လေများ
လည်မိလိုက်ရင် မဟာအရှက် ဟက်တက် ကွဲတော့မှာပဲ။ လေမလည်မိအောင် အတင်း
အောင့်ထားရတယ်။ အောင့်ထားရလွန်းလို့ သွားတွေလည်း စိပြီး၊ ခြေမကလည်း
ကွေးလို့။ အဲဒီ ကွေးနေတဲ့ ခြေချောင်းတွေနဲ့ ခြေမကို မြင်သွားတဲ့ ချစ်သူက
“အချစ်ရဲ့ ခြေချောင်းလေးတွေက လှရဲ့သားနဲ့ ဘာလို့ ကွေးထား တာလဲကွယ်” လို့
ပြောပြောဆိုဆို ခြေမလေး တစ်ဖက်ကို ကိုင်ပြီး ဆန့်လိုက်တယ်။
အဲလို လုပ်လိုက်မိတာနဲ့ပဲ မိန်းမပျိုမှာ လေကို အောင့်ထားလို့ မရတော့ဘဲ
ကျယ်လောင် ရှည်လျားတဲ့ အသံနဲ့ ထွက်ကျသွားရော။ မိန်းမပျိုလေးဟာ မျက်နှာကို
လက်ဝါးနှစ်ဖက်နဲ့ အုပ်ပြီး ရှက်လွန်းလို့ မြစ်ထဲ ခုန်ဆင်း သေမလို
ဖြစ်သွားတယ်။ ချစ်သူ ကောင်လေးဟာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ပြီး
ပျာပျာသလဲ ချော့မော့ တောင်းပန်လိုက်တာက
“အချစ်ကလေးရဲ့ အီးခလုတ်မှန်း မသိလို့ ကိုင်မိ လိုက်တာပါ။ ကိုယ့်ကို
ခွင့်လွှတ်ပါကွာ။ နောက်ဆို မကိုင်မိစေရပါဘူးနော်”တဲ့။ :D
(ကူးယူတင်ပြသည်)
........................................................
by U Kyaw Zay Ya
သူဘယ်မှာလဲ….
ကိုလှ – ဟေး ကိုမြ၊ ခင်ဗျားမျက်နှာကလဲဗျာ၊ ရှုံ့မဲ့နေတာပဲ ဘာဖြစ်နေတာလဲဗျ။
ကိုမြ – သွားကိုက်လို့ပါဗျာ။ သွားဆရာဝန်ကောင်းကောင်း တစ်ယောက်လောက် ခင်ဗျားသိလား။
နှုတ်ပစ်မလို့ အဲဒီသွားကို။
ကိုလှ – ဟာ.နှုတ်ပစ်စရာမလိုပါဘူးဗျာ။ ကျနော့လိုလုပ်ပါလား။
ဟိုနေ့က ကျနော်လဲသွားကိုက်တာ၊ အဲဒါကျနော့ မိန်းမကိုခေါ်ပြီး
နှုတ်ခမ်းချင်းစုပ်ပြီး နမ်းလိုက်တာ ကောင်းသွားရောဗျ။
ခင်ဗျားလည်းစမ်းကြည့်ပါလား။
ကိုမြ – ဟာ…အဲဒါဆိုမဆိုးဘူးဗျ။ ကျနော်စမ်းကြည့်မယ်ဗျာ။
ဘယ်မှာလဲ ခင်ဗျားမိန်းမ
(ကူးယူတင်ပြသည်)
...................................................................
by John Aksoe
‎" ဘာသာတရားကိုင်းရှိုင်းသူ..."
တက္ကသိုလ်ပထမနှစ်တွင် လူတွေ့စာမေးပွဲ မှပြန်လာတဲ့
သားမောင်လှိုင်ထွန်းကို
မိဘများဖြစ်ကြတဲ့ကိုအေးမောင်နဲ့မနန်းဖောင်းတို့က
စိတ်ဝင်တစားဝိုင်းမေးကြတယ်။
" ဘဲ့နဲ့လဲ...
သား
ဖြေနိုင်ရဲ့လား"
သားဖြစ်သူ မောင်လှိုင်ထွန်း
ပြန်ပြောလိုက်တာက...
"မဆိုးပါဘူး။
ဒါပေမယ့် မေးတဲ့ပါမောက္ခက တစ်မျိုးကြီးပဲ။
ဘာသာတရားအတော်ကိုင်းရှိုင်းပုံပေါက်တယ်။
သူ့မေးခွန်းကို သားက ဖြေလိုက်တိုင်း
မျက်လုံးကို အပေါ်လှန်ပြီး
"ဘုရား၊ ဘုရား"
လို့ အမြဲတမ်းပြောတယ်"
................................................................
by John Aksoe
သူ့ထက်သူ လူစွမ်းကောင်းတွေချည်းပဲ..."
နိုင်ငံခြား သဘောင်္ပေါ်က အဖြစ်အပျက်ပါ။
တနင်္ဂင်္နွေနေ့မှာ သဘောင်္သားအများစု အားကြတယ်။
မြန်မာနိုင်ငံက သဘောင်္သားအများစုက ဝိုင်းဖွဲ့ပြီး အရက်သောက်ကြတယ်။
အရက်လေးဝင်လာပြီဆိုရင် စကားလည်းများကြတယ်။ ငြင်းလာကြတယ်။ွ
ကျနော်တာဝန်က E.Oပါ။ကျနော်ကို အများက ဓါတ်ကြိုးကြီး လို့ခေါ်ကြတယ်။
ဒီနေ့မှာတော့ ကျနော် အရက်သောက်ချင်စိတ်မရှိတဲ့အတွက်
အနားမှာရှိတဲ့ကုတင်တစ်လုံးမှာ မဂ္ဂဇင်းတစ်အုပ်ကို လှဲပြီး ဖတ်နေတယ်။
သန်းအေးဆိုတဲ့အကောင်က
" ငါ့ကို ဘာကောင်မှတ်သလဲ၊
ငါနေတဲ့အရပ်ကို ပြောပြလိုက်ရင် မင်းတို့တွေ ဖြုံသွားမယ်။ "
" ကဲ...ပြောစမ်းပါအုန်း၊
မင်းဆိုတဲ့အကောင်က ဘယ် ကလာတာလဲ ပြောစမ်းပါအုန်း၊"
လို့ စိန်သန်းကမေးလိုက်တယ်။
ကိုသန်းအေးက" ငါက ဗိုလ်တထောင် ကလာတာကွ ။"
လို့ရင်ကော့ပြီးပြောလိုက်ပါတယ်။
" ဗိုလ်တထောင်ဆို ပျင်းတောင်ပျင်းသေးတယ်။
ငါက ကိုယ့်မင်းကိုယ်ချင်းလမ်း ကလာတာကွ"
လို့ စိန်သန်းကပြောလိုက်ပါ တယ်။
တင်ဝင်းက
" မင်းတို့လောက်တော့ အီစပျော့ပဲ။
ငါက မင်းမနိုင်ရပ်ကွက် ကလာတာကွ "
လို့ပြောလိုက်ပါတယ်။
သူတို့တွေ စကားနိုင်လုနေတာကို ကြားရတော့ ကျနော်ပြုံးမိပါတယ်။
သူတို့တွေ ဘာဆက်ပြောရမှန်း မသိတော့ ကျနော်ဖက် လှည့်လာပါတယ်။
" ဓါတ်ကြိုးကြီး ဘယ်ကလာတာလဲ "
လို့မေးလိုက်ပါတယ်။
ကျနော်က ဖတ်လက်စ စာအုပ်ကို လက်ကြားညှပ်ပြီး ပြန်ပြောလိုက်တာက
" တောင်ကြီးက....။"
သူတို့အားလုံး အသံတိတ်သွားကြတယ်။
................................................................
by John Aksoe
“ ရင်ခုန်သံနည်းနည်းမြန်တယ်…”
အဖေဖြစ်သူကိုလှမြင့်ဟာ
၁၇-နှစ်အရွယ်
သမီးငယ် ဘေဘီ
ကို ဘေးတွင်ထိုင်စေကာ
ကားမောင်းလာတယ်။
တစ်နေရာမှာ ဂျင်းဘောင်ဘီဝတ်
ဆံပင်ရှည်ရှည်လူတစ်ယောက်ကို
နောက်ဖက်မှ တွေ့တယ်။
အဖေက သမီး ကိုမေးတယ်။
“ သမီး၊
အခုတွေ့တဲ့ ဆံပင်ရှည်ရှည်နဲ့လူဟာ
ယောက်ျားလေးလား၊
မိန်းကလေးလား ”
“ ယောက်ျားလေးပါ ဖေဖေ ”
“ သမီး ဘယ်လိုလုပ်သိသလဲ ”
“ သမီး ရင်ခုန်သံနည်းနည်းမြန်သွားလို့ပါ ဖေဖေ ”
..................................................................
by ချစ်ကို ကို
မော်တော်ပီကယ်ဆိုရင် လူအမြင်ကပ်ပြီးသား လူတန်းစားလို့
အားလုံးကထင်ကြတယ်....ကျွန်တော်လား
အမြင်မကပ်ပါဘူးဗျာ....တခါတလေဆွဲထိုးချင်တာလောက်ပါပဲ....ကိုယ်ချင်းစာတတ်တဲ့
မှန်မှန်ကန်ကန်နေတဲ့ လူလဲ
ရှိသင့်သလောက်တော့ရှိမှာပေါ့....လူတွေဒီလောက်များတဲ့ လောကမှာတောင်
လူကောင်းဆိုတာအတော်ရှားတယ်
မဟုတ်လား....
မော်တော်ပီကယ်ကို ဘယ်လောက်အမြင်ကပ်ကြသလဲဆို
နိုင်ငံတကာသိပဲဗျ...ကင်မ်ချီတွေပေါ့ဗျာ...
ကင်မ်ချီဆိုတာသိတယ်မဟုတ်လား...ကမ္ဘာကျော် ချဉ်ဖတ် လေ...အနောက်တိုင်းဟာသတခု
ဖတ်ဖူးတာပဲ....
ကားတိုက်လို့သေခါနီး ခွေးကဆုတောင်းတာ...နောင်ဘ၀ ကားသမားတွေကို
အနိုင်ရတဲ့သူ ဖြစ်ပါရစေ ဆိုတာ
မော်တော်ပီကယ်ကြီးဖြစ်သွားရောဆိုပဲ...အော်...လက်စသတ်တော့...မော်တော်ပီကယ်ဆိုတာ...ခွေးဝင်စားတွေကိုး...
ထားပါတော့လေ...ဘယ်သူတွေဘယ်လောက်မုန်းမုန်း....ကျွန်တော်ကတော့ မမုန်းပါဘူး....
အရင်ကဆို ကျွန်တော်တို့မြို့မှာ မော်တော်ပီကယ်ဆိုတာ
စစရာအရုပ်ဗျ...တခါတလေများပျင်းရင် မီးပွိုင့်က
မော်တော်ပီကယ်ကို ဆိုင်ကယ်နဲ့ အလကားနေရင်း အော်ဆဲပြီး
မောင်းပြေးချင်ပြေးတတ်တာကိုး...
တကယ်ပြောတာပါ....အတော်ချစ်စရာကောင်းတဲ့ မော်တော်ပီကယ်တယောက်နဲ့ တွေ့ဘူးတယ်ဗျ...
လက်ဖက်ရည်ဖိုးလုံးဝ မတောင်းတတ်ဘူးဗျာ....အံ့ရော...
.......................................
တနေ့ကပေါ့ ကိစ္စတခုနဲ့ ပြန်အလာမှာ ခရာမှုတ်သံကြားလို့ ရပ်ပေးလိုက်တော့
ယာဉ်ထိန်းရဲကလှမ်းခေါ်တယ်
ခင်ဗျားဘာလို့ မီးနီဖြတ်မောင်းတာလဲတဲ့......ကျွန်တော်မောင်းလာတာ ညာဘက်
ဖရီးကြောကြီးဗျ...သူနီနေတာက အလယ်ကြော
အလွတ်ကြီးလေ....ဒါပေမယ့် အဲဒီဖရီးကြောကို အကွေ့မှာ ပိတ်ပြီး လမ်းပေါ်က
မျဉ်းဝါတွေကိုဆေးသုတ် နေတဲ့အဖွဲ့ရှိတယ်ဗျ...
ဒါနဲ့သူတို့ကိုရှောင်လိုက်တာ အလယ်ကြောက ပတ်တက်ပြီးမီးနီကျော်သလို ဖြစ်တာပေါ့ဗျာ...
မဖြတ်ပါဘူး ကျုပ်ဖရီးကြော ပေါ်ကမောင်းလာတာပဲဆိုတော့...ခင်ဗျား
အလယ်ကြောကဖြတ်တက်တယ်လေတဲ့....
မတက်လို့ ဘယ်ရမလဲ လမ်းပိတ်ထားတာကိုးဆိုတော့....ပိတ်ထားရင်
ရပ်စောင့်ချင်စောင့်ပေါ့...မစောင့်ချင် အဲဒီလူတွေ
အကုန်တိုက်ချသွားတဲ့....ဒါဆိုအမှုမဖြစ်ဘူးလားဆိုတော့......ဖြစ်တယ်လေတဲ့....တိုက်မှုပေါ့တဲ့.....အတော်ဆိုးတဲ့ကောင်
ဒါနဲ့ လိုင်စင်ပေးဝှီးတက်ပေးလုပ်တယ်ပေါ့ဗျာ.....ကျွန်တော်လဲမပေးချင်လို့
ကပ်ညှိတယ်....
ပွိုင့်မှာက သူတယောက်ထဲ
ချလံမဖြတ်နေပါနဲ့ဗျာ...ကျုပ်ဘယ်လိုလုပ်ပေးစေချင်လဲဆိုတော့.....
ခင်ဗျားတို့ လမ်းစည်းကမ်း ယာဉ်စည်းကမ်းနားလည်ရမယ်
ဘာညာနဲ့ သြ၀ါဒချွေတော်မူရောဗျ.....
ဟိုမှာအလုပ်လုပ်နေတာတွေ့လား....အဲဒီလူတွေဘာလုပ်နေတာထင်လဲတဲ့....
ကတ္တရာလမ်းကိုဆေးသုတ်နေတာလေ ဆိုတော့....အဲဒါတွေခင်ဗျားတို့ခက်တာပဲ.....
အဲဒါသတ်မှတ်လိုင်း မျဉ်းသားနေတယ်လို့
ခေါ်တယ်ဗျ....သတ်မှတ်လိုင်းဆိုတာဘာလဲသိလားတဲ့.....
မသိဘူးလေဗျာ....လုပ်စမ်းပါ...ကျုပ်အချိန်မရလို့
အဆင်ပြေအောင်ဘာလုပ်ပေးရမလဲ....ဆိုတော့
ခင်ဗျား လိုင်စင်ရှိရက်နဲ့ လမ်းစည်းကမ်းမလိုက်နာဘူး
....လမ်းစည်းကမ်းမသိရင် လမ်းပေါ်မတက်နဲ့ တဲ့
ခင်ဗျား လိုင်စင်လုပ်တော့ရေးဖြေ မဖြေရဘူးလားတဲ့.....
မဖြေရပါဘူး....ကညနကကောင်တကောင်ကို ငါးထောင်ပေးလိုက်
ခင်ဗျားဘယ်နှစ်ခုလိုချင်လဲ တန်းရတယ်လို့
ဟုတ်တယ်လေ သောက်မြင်ကကပ်လာတော့ ဘုကပြောမိရော...
ဘယ်ကောင့်ကိုပေးရတာလဲ ....ဒီကိစ္စမျိုးလုံးဝမရှိဘူးဘာညာနဲ့ လဒကလျှာရှည်တာ
အတော်ကြာတယ်ဗျာ...
ဒါနဲ့မြန်မြန်ပြတ်အောင်......ကဲ...ကဲ....ချလံသာမြန်မြန်ဖြတ်တော့ဗျာ
ဆိုတော့...သူ့တင်းကုပ်လေးထဲ ၀င်သွားတယ်
ပြန်ထွက်လာတယ် ဘောက်ချာတထပ်ကြီးနဲ့.......ဟောဒီမှာတွေ့လား
ဒီနေ့ဖမ်းထားတာတဲ့.....ကျုပ်လိုကောင်တွေချည်းပဲ
နေမှာပေါ့ ထောင်ဖမ်းထားတာ...မအေပေး....
အဲဒါနဲ့ ဘောက်ချာတွေလှန်တယ် ပြည့်နေတယ်....နောက်တအုပ်
....မလွတ်ဘူး....နောက်တအုပ်.....
ကံများကောင်းချင်တော့......ကျွန်တော့်ကိုဖမ်းဖို့ ချလံဖြတ်စရာ
စာရွက်မကျန်ဘူးဗျ.....
ကဲ.....စာရွက်မရှိရင်လဲ ဖြတ်မနေပါနဲ့ဗျာဆိုတော့....
မရဘူးလေ.....အရေးယူတာက ယူရမှာပဲတဲ့.....ဘောက်ချာနောက်ကျောမှာ ရေးမယ်ပြင်တယ်....
ဟာ.......ခင်ဗျားကလဲ....အဲလောက်ကြီးခဲရာ
ခဲဆစ်တွေလုပ်မနေပါနဲ့ဗျာ......လုပ်ပါ ခင်ဗျားလဲချလံရေးစရာမရှိဘူး
ကျုပ်လဲ ရုံးသွားရွေးရင် နှစ်သောင်းကျော်ကုန်မယ်....ဒီတော့
ခင်ဗျားကိုဘယ်လောက်ပေးစေချင်လဲ....ဒီနားတင်ဖြတ်
လိုက်ရအောင်ဆိုတော့.....
ဘာလဲဗျ.....လာဘ်ထိုးတာလား တဲ့.....
မဟုတ်ပါဘူးဗျာ ခင်ဗျားရုပ်ကြည့်ရတာ လာဘ်ပေးလာဘ်ယူလုပ်တတ်တဲ့
....အကျင့်ပျက်ဝန်ထမ်း မဟုတ်မှန်းသိပါတယ်
ခင်လို့ လက်ဖက်ရည်ဖိုးပေးတယ် သဘောထားဗျာ....အချိန်မရလို့ပါ....ဆိုပြီး
အိပ်ထဲကနှိုက်တော့ငါးထောင်တန်နှစ်ရွက်
ပါလာတယ်.....
ငနဲကလှမ်းကြည့်ပြီး.....ဒါလက်ဖက်ရည်ချိန်မဟုတ်ဘူးဗျ.....ထမင်းစားချိန်...တဲ့....
အေးပါဗျာ ရော့....ထမင်းဖိုးပေါ့ဗျာ....ဘီယာပါသောက်ချင်သောက်ဆိုတော့.......
လက်ကာပြပြီး.....စာအုပ်ကြားထဲညှပ်ထားခဲ့လိုက်....ဆိုပြီး ဆရာကြီးအထာနဲ့
ကော့ပက် ကော့ပက်နဲ့ လမ်းပေါ်ပြန်
ထွက်သွားတယ်.....
ဒါနဲ့ .....ငါးထောင်တန်လေး ညှပ်ထားခဲ့မယ် ကြံပြီးမှ ....သောက်မြင်ကပ်တာနဲ့.....
နှစ်ရာတန်လေးတရွက် ညှပ်ထားခဲ့တယ်.....မှတ်ရော......
ဒါတောင် ငါးကျပ်တန် တဆယ်တန်က ပါမလာလို့ပေါ့ဗျာ.........
တကယ်ပါ လက်ဖက်ရည်ဖိုး မတောင်းတဲ့ မော်တော်ပီကယ်နဲ့ တကယ်ကိုတွေ့ခဲ့ဘူး ပါတယ်.......
by ချစ်ကို ကို
ကောင်လေးတစ်ယောက်က ကောင်းမလေးတစ်ယောက်ကို ရည်စားစာလိုက်ပေးလေသည်
တစ်ရက်လည်မယူ နှစ်ရက်လည်းမယူ.........နောက်
တစ်ပတ်လောက် ဆက်တိုက်လိုက်ပေး
နေတော့ ကောင်မလေး
သနားသွားပုံရ၏.....စာကိုလက်ခံလိုက်သည်......၃ရက်ကြာတော့ကောင်လေးက
အဖြေပြန်လိုက်တောင်
ပါလေရော.....ကောင်မလေးပြောသွားသည်.....အကိုရယ်ဖတ်ဆဲပါပဲတဲ့........ဒီလောက်နဲ့
ကျေနပ်ပြီ ကောင်လေး ပြန်သွားလေသည်..........နောက် ၃ရက်ကြာတော့ အဖြေ ပြန်လိုက်
ထပ်တောင်း သည်.....ဟိုကထပ်ပြော သည်..”ဖတ်ဆဲပါပဲ”တဲ့.......၃ခါမြောက် သွားတောင်း
တော့လည်း ထိုနည်၎င်းပြောသည် ကောင်မလေးကိုမေးလိုက်သည်.....မင်းဟာက ဒီတစ်သက်
ဖတ်လို့ ပြီးအုံးမှာလား....ဆိုတော့ ကောင်မလေးက ”ဟုတ်တယ်လေ....အကို့စာကို ညီမက..
ဖတ်လိုက်ရင် ဆဲလိုက်ရင် မကျေနပ်လို့ ဖတ်လိုက်ရင် ထပ်ဆဲလိုက်ရင်းနဲ့
ဒီနေ့ထိပါပဲတဲ့....”
...................................................................
by Maggie Degrew
‎'လာနမ်းပေးပါလား....... ဟင်'
တစ်ခါကရထားပေါ်မှာ စုံတွဲတစ်တွဲနဲ့
သူတို့ရှေ့မှာတောကတက်လာတဲ့အဖွားကြီးတစ်ယောက်ထိုင်နေကြတရ်။နောက်
အဲစုံတွဲကလည်းခပ်ကဲကဲဆိုတော့ လူကြားသူကြားမရှောင်ပလူး အဲ
ရှလူးနေကြတာပေါ့။
kgmalayကမောင် ချစ် ဒီနားနာတရ်ဆိုပီး လက်ဖမိုးလေးကိုထိုးပြလိုက်တရ်။
kglayကဟုတ်လားဆိုပီး လက်ဖမိုးလေးကိုရှလွတ်ဆိုပီးနမ်းလိုက်ရော နောက်
'ပျောက်သွားပီလား'ဆိုပီးပြန်မေးတော့ kgmalayကပျောက်သွားပီပေါ့။
kgmalay ကထပ်ပီးတော့ နံဖူးနာတရ်ဆိုပီး ပြောလိုက်တော့
kglayကထပ်ပီးရှလွတ်လိုက်ပြန်ရောထပ်ပီးပျောက်သွားပီလားမေးတော့
kgmalayကပျောက်သွားပီပေါ့။နောက်kgmalayကထပ်ပီးတော့
ပါးလေးနာတရ်ပြောပြန်ရော kglayကရှလွတ်လိုက်ရော....။ထုံးစံတိုင်း
ပျောက်သွားပီလား ပျောက်သွားပီပေါ့..။နောက်သူတို့ရှေ့မှာထိုင်နေတဲ့
အဖွားကြီးက အဲလိုရှလွတ်နေတဲ့ အတွဲကို မကြည့်ချင်လည်းမြင်နေရတာပေါ့။
အဲတော့ အဖွားကြီးက ပထမတော့အမှုမဲ့အမှတ်ဘဲနောက်တော့
တခုခုကိုအတွေးပေါက်သွားသလိုဖြစ်ပီး kglayကိုလှမ်းခေါ်လိုက်တရ်။ လူလေး
လူလေး....... အဲတော့kglay ကလှည့်ကြည့်လိုက်တော့ 'လူလေးရယ်
အဖွားကိုတစ်ခုလောက်ကူညီပါ' ဆိုပီးပြောတော့ kglayက 'အော
ုဟုတ်ကဲ့ကျွန်တော်ဘာကူညီရမလဲ' လို့ပြန်မေးလိုက်တရ်။ အဖွားကြီးက 'လူလေးရယ်
မင်းက တအားအစွမ်းထက်တာဘဲ မင်းနမ်းလိုက်တိုင်း နမ်းလိုက်တိုင်း
ရောဂါတွေကပျောက်ပျောက်သွားတရ် အဲတော့
အဖွားရဲ့ယောက်ျားလိပ်ခေါင်းရောဂါဖြစ်နေလို့ လာနမ်းပေးပါလားဟင်'
လို့ပြောလိုက်ရောတဲ့.............းP
................................................................
by လက်မှန်လာလို့ပါ
ဒေါသထွက် ရန်ဖြစ်သည့်အခါတိုင်း ပန်းကန်တွေကို ပေါက်ခွဲတတ်သော
ဇနီးဖြစ်သူနှင့် အိမ်ထောင်သက် အနှစ်၂၀ အရောက်တွင် ကွာရှင်းဖို့
ဆုံးဖြတ်လိုက်သည်။ မိတ်ဆွေများက ယောကျာ်းဖြစ်သူကို ဝိုင်းတားကြသည်။
“နှစ်ပေါင်းများစွာပေါင်းလာပြီးမှ ဆက်ြပီးသည်းခံလိုက်ပါကွာ။ မင်းမိန်းမ
အကြောင်းလည်း သိနေတာပဲ။ ”
“မင်းတို့ဘာသိလို့တုန်းကွ။ ငါ့မိန်မက တစ်ဖြေးဖြေး လက်တည့်လာပြီ။ ”
....................................................................................................
by ချစ်ကို ကို
ဘွ့ဲရပြီးခါစ ကျောင်းဆရာပေါက်စ အတွေ့ ကြုံလေးပါ ၊ သိကြတဲ့ အတိုင်း
ကျောင်းဆရာ ဖြစ်စဆိုရင် မြို့ ပေါ်တွေမှာ တာဝန်မကျပဲ .ဟိုအဝေး
နယ်စပ်တောင်ပေါ်ဒေသ တိုင်းရင်းသားရွာလေးမှာ တာဝန်ကျတာပေါ့.. ကျောင်းဆရာလေး
ရောက်တဲ့ရွာလေးက မြန်မာစကား သိပ်မပြောတတ်ကြဘူး ဒီလိုနဲ့  ရွာလေးရောက်တော့
ကျောင်းဆရာလေး ရွာက ကလေးတွေကို စာသင်ရတာပေါ့..အဲ့မှာ စပါလေရော..သူသင်ရတာ
၃ တန်း ၊ ၄ တန်း ကလေးတွေ စာသင်ပေးရတာ အခက်အခဲ မရှိပေမယ့် သူတို
့ကစကားပြောရင် ကြီးကြီး ငယ်ငယ် နင် နဲ့  ငါ နဲ့  အဲ့လိုပြောကြတာ..ဆရာလေး
နားမှာ ကြားရတာ တမျိုးဖြစ်နေတာပေါ့ စာနားမလည်လို့  ထ မေးရင်တောင် နင်
ခုနပြောတာ ငါ နားမလည်ဘူး ပြန်ပြော ဒီလို၊ဆရာလေးက စာထမေးတဲ့ ကလေးကို
ဆုံးမတာပေါ့ ...... ဒီလိုမပြောရဘူးတပည့် ရ ဆရာ ကျွန်တော် နားမလည်လို့ 
ဒါလေးပြန်ရှင်း ပြပါ အဲ့လို
ပြောရတယ်........ပြောတော့ ကျောင်းသားက ဘာပြန်ပြောတယ်မှတ်လဲ..အို့ 
နင်ပြောသလို ငါမပြောတတ်ဘူး ငါဒီလိုပဲ ပြောတတ်တယ် လို့ ပြန်ပြောတာ
ဆရာပေါက်စ ခုမှခက်ပြီ ..ဒီကိစ္စပြေ လည်ဖို့  ဘယ်လိုလုပ်ရပါ့မလဲ
..ဟုတ်ပြီကျောင်းသားရဲ့  မိဘတွေကို ဆုံးမခိုင်းရမယ် ဒါအကောင်းဆုံးပဲ
ဒီလိုနဲ့  ခုနကျောင်းသားကို မင်းမနက်ဖြန် ကျောင်းလာရင် ဆရာ့  ဆီကို
မင်းမိဘ ခေါ်ခဲ့ ကြားလား …ကျောင်းသားက အေး နင် တွေ့ ချင်ရင် ငါ
ခေါ်ခဲ့မယ်..ဒီလိုနဲ့ နောက်နေ့ ရောက်တော့ ဆရာလေးလဲ သူ့ စားပွဲမှာ
အလုပ်လုပ်နေတုန်း အခန်းဝကို မနေ့ က ကျောင်းသားလေး လူကြီးတစ်ယောက် ခေါ်ပြီ
ရောက်လာတယ် ကျောင်းသားက ဆရာကို ပြောလိုက်တဲ့ စကားကြောင့် ဆရာလေး ပါးစပ်
အဟောင်းသားနဲ့  ဘာပြန်ပြောလို့  ပြောရမှန်း မသိအောင်ကို
ဖြစ်သွားတယ်..ကျောင်းသား ဘယ်လိုပြောလိုက်တယ် မှတ်လဲ… သူပြောလိုက်ပုံက သူ
့ဘေးကသူကို လက်ညှိုးထိုးပြီ ဟေ့ကောင်ဆရာ….မင်းတွေ့ ချင်တဲ့…ငါ့အဖေဆိုတာ
ဒီကောင်ပဲ ကွ တဲ့ သေပြီဆရာ......... အဖေ တောင် ဒီကောင်လို့ ခေါ်တာ ငါ့ကို
မင်းနဲ့ ငါ ပြောတာ တော်သေးတာပေါ့.ဟဲ ဟဲ
.......................................................................
by San Ci Paw
မရေးတာကြာလို့ရေးလိုက်ဦးမယ်နော်......ဟီးဟီး..
မြို့လေးတစ်မြို့မှာရှိတဲ့ ဘား ဆိုင်ထဲကိုလူစိမ်းတစ်ရောက်ဝင်လာတယ်ဗျ...
လူစိမ်းဆိုတော့လဲ ဆိုင်ထဲကလူတွေက ကျိတ်ရှိုးလေးရှိုးကြတာပေါ့
အဲ့ဒီလူက အေးဆေးအထာမျိုးနဲ့ ခုံမှာဝင်ထိုင်ပြီးတော့ အရက်မှာလိုက်တယ်...
''' ၀ီစကီ နှစ်ပတ် နှစ်ပတ် နှစ်ပတ်...သုံးခွက်ပေးပါ."""
ဆိုင်ရှင်ရော ဆိုင်ထဲကလူတွေပါ ဘာလဲဟ ဆိုပြီး ၀ိုင်းကြည့်တာပေါ့
အဲ့ဒီလူက ဘာမှ မပြောပဲနဲ့သူဟာသူသောက်စရာရှိတာသောက်ပြီးလစ်သွားတယ်
ဒီလိုနဲ့ ၂ ရက် ၃ ရက်လောက်နေတော့ဆိုင်ရှင်က မနေနိုင်မထိုင်နိုင် စပ်စုပါလေရော
""" နေပါဦးဗျ...ခင်ဗျားက ၀ီစကီကို တစ်ခွက်ထဲသောက်ရင်လည်းရရဲ့သားနဲ
ဘာဖြစ်လို့ သုံးခွက် သုံးခွက် မှာမှာသောက်တာတုန်းဗျ"""
အရက်သမား ------ ဒီလိုဗျ..ကျွန်တော့်မှာအကိုနှစ်ယောက်ရှိတယ်ဗျ
ကျွန်တော့အကိုတွေကိုသိပ်လေးစားတာ...ဒါကြောင့် ကျွန်တော်ဂါရ၀ပြုတဲ့အနေနဲ့
သူတို့ဖို့
တစ်ခွက်စီ သောက်ပေးတာပါဗျာ...
ဆိုင်ရှင် ----- သြော်....ဟုတ်လား...&^$#$(&^%#@
နောက်တစ်ပတ်လောက်လဲနေရော...
အရက်သမား -- ၀ီစကီကို နှစ်ပတ် နှစ်ခွက်ပဲပေးပါတော့ဗျာ....
ဆိုင်ထဲကလူတွေရော..ဆိုင်ရှင်ပါ အံသြသွားတယ်...အားလုံးထင်ကြတာက သူ့အကိုတစ်ယောက်
ယောက်တော့ရှော(သေ)သွားပြီပေါ့
ဒါနဲ့ဆိုင်ရှင်က အရက်ခွက်သွားချရင်းနဲ့ "''
စိတ်မကောင်းစရာပါပဲဗျာ...ကျွန်တော်တို့ခင်ဗျားအကို
အတွက်ဝမ်းနည်းပါတယ်'''''''
အရက်သမား ----- အင်...ကျုပ်အကိုက ဘာဖြစ်နေလို့လဲဗျ
ဆိုင်ရှင် ----- ခင်ဗျားအကိုဆုံးသွားတာမဟုတ်ဘူးလား
အရက်သမား -- ဘာလို့ဆုံးရမှာလဲဗျ..အိမ်မှာအကောင်းကြီး....
ဆိုင်ရှင် -- နေပါဦးဗျာ..ဒါဆိုခင်ဗျားက ဘာလို့ဒီနေ့မှ ၀ီစကီကို
နှစ်ခွက်ပဲမှာရတာလဲ
နှစ်ခွက်ပဲမှာတော့ ကျုပ်က
ခင်ဗျားအကိုတစ်ယောက်ယောက်များတစ်ခုခုဖြစ်တာများလားလို့ပေါ့
အဲဒါကြောင့်မေးမိတာပါဗျာ.....
အရက်သမား ------ သြော်ဒါလား....ဟင်းဟင်း...ဒီလိုဗျ..ကျွန်တော်ကအရက်ဖြတ်လိုက်ပြီလေ..
ဒီသောက်နေတဲ့ခွက်တွေက ကျွန်တော့အကိုတွေအစားသောက်ပေးနေတာပါတဲ့ ကဲ...။
မြန်မာဟာသမှ ယမကာ ချစ်သူများအား ဂုဏ်ပြုလျှက်...........။
................................................................
by Myo Min
‎1999
တစ်နေ့ ရွာဘုရားပွဲတွင် ဟောဒီမှာကြည့်မေလိ၊ ကျပ်မပြည့်မတ်စိ၊
ရာစုနှစ်အလှရှင်တီကေ နှင့် ဖြုတ်စူးတို့ ကာရာအိုကေသွားဆိုကြတယ်။ အဲဒီမှာ
မေလိ၊ မတ်စိ နဲ့ တီကေတို့က အန်းဒိတ်တွေပီပီ
ထွန်းအိန္ဒြာဗိုလ်သီချင်းတွေကို ဆိုတယ်။ ဒီတော့ ဖြုတ်စူးကလဲ အားကျမခံ
သူတို့နဲ့အတူလိုက်ဆိုမယ်ပေါ့။ သူ့အလှည့်ရောက်တော့
1999(နိုင့်တီနိုင့်တိနိုင်း) ဆိုတဲ့သီချင်းကျရော။ သူကလဲ စာသားက မရ။
မရဘူးလို့ပြောရင်လဲ အရှက်က ကွဲဦးမယ်။ ဒီတော့ အားကျမခံ
အောက်ကစာသားလိုက်ကြည့်ပြီး ဆိုမယ်ပေါ့။
အစကတော့ ချောနေတာပဲ။ အဲ… “1999… ကိုယ်ကိုယ်ရေ အတူတူနေမယ်…”
ဆိုတဲ့အပိုဒ်လဲရောက်ရော အားရပါးရဆိုလိုက်ပုံက
“ထောင့်ကိုးရာ့ကိုးဆယ့်ကိုး… ကိုယ်ကိုယ်ရေ အတူတူနေမယ်”…
by Soe Min Thu
A ပရယ်မှာစတွေ့ကြတဲ့
B စကစ်ကြိုက်တဲ့ကောင်မလေးရယ်
C စဉ်သမျှလွဲခဲ့ရလို့
D ရင်ဘတ်ကြီးကွဲခဲ့ရပြီ
E မေဂျာကောင်မလေးနဲ့ မင်းထင်သလိုမဟုတ်ရပါဘူး
F အမ်ကနေ
G လတ်ရဲ့သီချင်းတောင်းပေးတော့
H လို့်တောင်မပျော်ဘူးဆို
I လပ်ဗ်ယူလို့ပြောတော့
J အိုင်ပီကုန်တိုက်ဘေးက
K တီဗွီမသွားဖို့ကတိတောင်းခဲ့တယ်ေ
L ဆိုင်းဇီ သီချင်းကို
M ပီသရီးနဲ့နားထောင်ရင်း
N ကိုင်ရာအပြုံးနဲ့
O သိပ်ချစ်တာပဲလို့ပြောတော့
P တီတွေဖြာလို့ငါ့မှာ
Q တာဖြစ်မှ လက်ထပ်မယ်ဆိုပြီး
R ရိုက်သွားတဲ့သူရယ်
S ဆစ်နဲ့ နှလုံးသားကိုလောင်းလို့
T ကောင်ကို ဆားနဲ့တို့ကာမှတော်အုန်းမယ်
U ဒို့ကို အလွမ်းတွေပေးခဲ့တယ်
V ဒီယိုကားတွေထဲကလို
W (whisky) တလုံးနဲ့ အသည်းကိုစိမ်ပီး
X မက်ဆိုးတွေထဲမှာ
Y တခွက်လောက်မှ တန်ဖိုးမရှိတဲ့မင်း
Z ကြည့်ရင်းလင်နောက်လိုက်သွားတယ်တဲ့လေ….။
........................................................................
by Pyi Nyeinmoe
အရင်တုန်းက သိပ်ချစ်ကြတဲ့ကောင်မလေး2ယောက် အခန်းတစ်ခုတည်းမှာ တူတူနေကြတယ်တဲ့
သူတို့ နှစ်ယောက်လုံး တူညီတဲ့ အချက်ကတော့ ယောကျာ်းတစ်ယောက်နဲ့ အတွင်းကျကျ
ပါတ်သက်ရမှာ ကြောက်ကြတာပါပဲ။ဒါကြောင့်သူတို့မွေးထားတဲ့
ကြောင်မလေးကိုတောင် အပြင်လုံးဝမထွက်နိုင်အောင် ပိတ်လှောင်ထားကြတယ်တဲ့
ဖြစ်နေကျအတိုင်းပေါ့ သူတို့ထဲကတစ်ယောက်ကို အိမ်က
ဇွတ်ယောကျာ်းပေးစားလိုက်တော့ မင်္ဂလာဦးမနက်မှာ အတွေ့အကြုံကိုစာရေး
ပြောပြရမယ်လို့ ကတိထားပြီး ယောကျာ်းယူလိုက်တော့တာပေါ့
မင်္ဂလာဦး မနက်မှာတော့ ကျန်နေခဲ့တဲ့ အပျိုကောင်မလေး လက်ခံရလိုက်တဲ့
ကြေးနန်းကဒီလိုပါတဲ့
" ကြောင်မလေးကို အခန်းပြင်လွှတ်ပေးလိုက်ပါတော့" တဲ့
(ဆရာတင်ဆွေမိုး ၏
အော်မိန်းမ မိန်းမ ဟာသများစာအုပ်မှ မှတ်မိတာလေးပြန်ပြောပြတာပါ)
.............................................................................
by Aung Thet Paing
တစ်ခါက တောအုပ်တစ်ခုမှာရှိတဲ့ ကျားကြီး မင်္ဂလာဆောင်သတဲ့ ။
တောအုပ်မှာရှိတဲ့တိရိစ္ဆာန်ငယ်တွေအားလုံး
သူ့မင်္ဂလာဆောင်ကိုမဖြစ်မနေလာရမယ်လို့အမိန့်ပေးသတဲ့ ။
ကျားကြီးကိုကြောက်ရတော့ တစ်တောလုံးရှိသမျှအလုပ်တွေထားခဲ့ပြီး
မင်္ဂလာဆောင်ကိုသွားကြသတဲ့ ။
လမ်းခုလပ်မှာ အေးအေးလူလူမြက်စားနေတဲ့ နွားကြီးကိုတွေ့သတဲ့ ။
ထူးဆန်းနေလို့ မနေနိုင်တဲ့တိရိစ္ဆာန်ငယ်တစ်ချို့က ဒီလိုမေးသတဲ့ ။
" ဗျို့ ကိုနွားကြီး ဒီနေ့ ကိုကျားကြီး မင်္ဂလာဆောင်ရှိတယ်လေ။
မသွားဘူးလား ။ တော်ကြာ ပြသနာဖြစ်နေမယ်ဗျာ "
ဒီတော့ နွားကြီးက ဘာမှထွေထွေထူးထူးဖြစ်ဟန်မပြဘဲ ဒီလိုပြန်ပြောသတဲ့။
" အေး .... ငါလည်း တစ်ချိန်က ကျားကြီးပဲကွ ။ မင်္ဂလာဆောင်ပြီးတော့မှ
နွားကြီးဖြစ်သွားတာ ။"
(ကြားဖူးတဲ့ ပုံပြင်လေးပါ ။)
ဟာသကျေးရွာမှ
.............................................................................
by Wei Lynne
စိတ္တဇဆေးရုံတစ်ခုတွင်ဖြစ်သည်။ ဆရာမရုံးခန်းတွင်လူနာများဖြစ်သည့်
မောင်ဖြူနှင့်မောင်နီတို့အား -
ဆရာမ - '' ကဲ-မင်းတို့အခြေအနေကောင်းလာပြီ ဆိုတော့မကြာခင်ဆေးရုံကဆင်းရတော့မယ်နော်''
ထိုစဉ်မမျှော်လင်ဘဲ မောင်ဖြူကထိုင်ရာမှထပြီး
ရုံးခန်းအနီးရှိရေကန်ထဲသို့ခုန်ဆင်းသွားရာ မောင်နီကလည်း
ခုန်ဆင်းပြီး မောင်ဖြူကိုကယ်တင်လိုက်သည်။
ဆရာမ - '' ကောင်းပြီ မောင်နီ မင်းအတွက်တော့မြန်မြန်ဆင်းရအောင် ထောက်ခံပေးမယ် ''
နောက်တစ်နေ့တွင်မောင်ဖြူတစ်ယောက်သူ့အခန်းတွင်ကြိုးဆွဲချသေဆုံးကြောင်းသတင်းကြားရ၍ဆရာမနှင့်တာဝန်ရှိသူများ
လိုက်ကြည့်ပြီး ဖြစ်စဉ်ကို မောင်နီ အားမေးကြည့်ရာ -
မောင်နီ - '' ဟုတ်ကဲ့ - မနေ့ကသူရေတွေစိုနေလို့
ခြောက်သွားအောင်ကျွန်တော်လှမ်းပေးထားတာပါ''
..............................................................
by Pho Zayarlay
ရဲစခန်းလို ...... ဆေးရုံလို ..... အမြဲတမ်းဖွင့်လှစ် ထားတဲ့
ငါ့နှလုံးသားကို မင်း အများသုံးအိမ်သာလို ၀င်ချင်ဝင် ထွက်ချင်ထွက်ပါ.
ဒါပေမဲ့ ဗုံးတော့မထောင်ခဲ့ပါနဲ့နော်
...............................................................................
by John Aksoe
“ ခြွေတာရေး…”
မျက်နှာ မသာမယာဖြစ်နေတဲ့
ယောက်ျားဖြစ်သူ ကိုအုန်းဖေကို
မိန်းမဖြစ်သူ မအေးအေးအောင်က မေးတယ်။
“ ရှင် ဘာကိစ္စအတွက်
သောကရောက်နေတာလဲ ”
“ မင်းကို ငါ အမှန်အတိုင်း ပြောမယ်၊
ငါတို့ရဲ့စီးပွားရေးအခြေအနေ
တဖြည်းဖြည်း ကျဆင်းလာနေတယ်ကွ၊
အဲဒါကြောင့် တို့ ခြွေတာဖို့ လိုလာပြီ ”
“ ကောင်းပြီလေ၊
ကျမ ဘာလုပ်ရမလဲ၊
ချေးတာလျှော့ရမလား၊
အကြွေးဆပ်တာ လျှော့ရမလား ”
...................................................................
by ချစ်ကို ကို
အမျိုးသမီးတယောက် ဘူတာရုံမှတည်းခိုခန်းသို့ရောက်လာသည်… မန်နေဂျာအား
အခန်းရဦးမလား မေးသည် မန်နေဂျာမှ ဟာ … အခန်းကုန်သွားပြီ…
မရှိတော့ဘူး…. အမျိုးသမီးက … အို ရအောင်လုပ်ပေးပါ…
အချိန်လည်းမရှိတော့ဘူး… တခြားကိုသွားဖို့မလွယ်လို့ပါ… ထိုအခါ
မန်နေဂျာမှ .. အင်း.. ခင်ဗျားလိုချင်ရင် တစ်ခန်းတော့ရှိတယ်… ဒါပေမယ့်
အဲဒီအခန်းထဲမှာ ယောင်္ကျား (၃) ယောက် ရှိတယ်….
သူတို့မေးတဲ့မေးခွန်းကိုဖြေနို
င်ရင်တော့ ခင်ဗျား
တစ်ယောက်တည်းအေးအေးဆေးဆေး အိပ်လို့ရမယ်…. အဲ.. မဖြေနိုင်ရင်တော့
သူတို့အားလုံးနဲ့အိပ်ရလိမ့်မယ်… ဘယ့်နှယ်လဲ… အမျိုးသမီးမှ …
ရတယ်လေ… အဲဒီအခန်းကိုပဲပေးပါ… အခန်းထဲရောက်သောအခါ ….. ယောင်္ကျား (၃)
ယောက်က အမျိုးသမီးအားမေးသည် အပင်ကပုပု.. အသီးကနီနီ.. အဲဒါဘာသီးလဲ…
အဖြေမှန်မှာ စတော်ဘယ်ရီသီးဖြစ်သည်… အမျိုးသမီးကလည်းသိသည်.. သို့သော်
ခရမ်းချဉ်သီးဟုဖြေလိုက်သည်… သို့နှင့် သူတို့အိပ်လိုက်ကြသည်…
နောက်တစ်ကြိမ် ထိုမေးခွန်းပဲထပ်မေးသည် အမျိုးသမီးကလည်း ခရမ်းချဉ်သီးဟုပဲ
ဖြေသည်… နောက်တစ်နေ့မိုးလင်းသော်…. အခန်းထဲမှ ….. အမျိုးသမီးရော
ယောင်္ကျား (၃) ယောက်ပါ ထွက်မလာသေးသဖြင့် မန်နေဂျာမှ ဘာများဖြစ်နေသလဲဟု
သွားကြည့်သည်… ထိုအခါအခန်းထဲတွင် ယောင်္ကျားသုံးယောက်မှာ ကုတင်အောက်မှ
ဒူးတုပ်ထိုင်ပြီး အမျိုးသမီးအားတောင်းပန်နေသည်… လုပ်ပါအစ်မရယ်….
စတော်ဘယ်ရီသီးလို့ပြောပေးပါ…. ဟင့်အင်း….ခရမ်းချဉ်သီးပဲ….
မောင်ကောင်းထိုက် (ဟာသပဒေသာမှ)
................................................................................
by U Kyaw Zay Ya
အပိုင်း (၁)
တစ်ခါက အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ် လူမျိုး(၃)ဦးသည် သဲကန္တာရ တစ်ခုတွင်
ခရီးအတူ သွားကြသည်။ တစ်နေရာ
ရောက်သော် ပုလင်းတစ်လုံးကို တွေ့သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သောအခါ
ထိုပုလင်းကို စောင့်သော နတ်သား
တစ်ပါး ထွက်လာသည်။ (အာလာဒင်ပုံပြင် မဟုတ်ပါ) နတ်သားက တစ်ယောက်စီ
ကြိုက်နှစ်သက်ရာ ဆန္ဒ(၃)မျိုးကို
တောင်းဆိုစေသည်။
ပထမဦးစွာ အင်္ဂလိပ်လူမျိုးက “ကျွန်တော်မျိုး ပိုက်ဆံအများကြီး လိုချင်ပါတယ်”
“ဒုတိယ ဆန္ဒကရော”
“ ပိုက်ဆံတွေ ထပ်လိုချင်သေးတယ်”
“တတိယ ဆန္ဒကရော”
“ကျွန်တော်မျိုးကို နေရပ်ကို ပို့ပေးပါ”
သို့နှင့် အင်္ဂလိပ်လူမျိုးမှာ ငွေထုပ်ကို ပိုက်ပြီး မိမိနိုင်ငံကို ပြန်သွားရသည်။
တဖန် ပြင်သစ်လူမျိုးက “ ကျွန်တော်မျိုး မိန်းမလှလှလေး လိုချင်ပါတယ်”
“ဒုတိယ ဆန္ဒပြောပါ”
“ မိန်းမလှလှလေး နောက်တစ်ယောက် ထပ်လိုချင်တယ်”
“တတိယ ဆန္ဒပြောပါ”
“ကျွန်တော်မျိုးရဲ့ နိုင်ငံကို ပြန်ပို့ပေးပါ”
ပြင်သစ်လူမျိုးမှာ မိန်းမလှလေးတွေ အဖော်ပြုပြီး မိမိနိုင်ငံကို ပြန်သွားရသည်။
နောက်ဆုံး တရုတ်လူမျိုး အလှည့်တွင် “ကျွန်တော်မျိုး ရေဆာတယ် ရေတစ်ပုလင်းအရင်ပေးပါ”
“ဒုတိယ ဆန္ဒပြောပါ”
“ရေနောက်ထပ် တစ်ပုလင်းပေးပါ”
“တတိယ ဆန္ဒပြောပါ”
“ကျွန်တော်မျိုး သူတို့နှစ်ယောက်ကို သတိရနေတယ်။ သူတို့ ဒီပြန်ရောက်အောင် လုပ်ပေးပါ”
အပိုင်း (၂)
အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးမှာ မကျေမနပ်ဖြင့် တရုတ်လူမျိုးနှင့် အတူ
ခရီးဆက်ပြန်သည်။ တစ်နေရာ ရောက်သော်
ပုလင်းတစ်လုံးကို တွေ့ပြန်သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်ရာ နတ်သားတစ်ပါး
ထွက်လာပြန်သည်။ နတ်သားက တစ်
ယောက်စီ ကြိုက်နှစ်သက်ရာ ဆန္ဒ(၂)မျိုးကို တောင်းဆိုစေသည်။
အင်္ဂလိပ်နှင့်ပြင်သစ် လူမျိုးက တရုတ်လူမျိုး အကောက်ကြံမည် စိုးသောကြောင့်
သူ့အား အရင် တောင်းဆိုစေသည်။
တရုတ်လူမျိုး “ ကျွန်တော်မျိုးအား ရေတစ်ပုလင်း အရင်ပေးပါ”
နတ်သား “ နောက်ဆုံးတစ်ခု တောင်းဆိုချင်တာက ... ”
“ နောက်ဆုံးတောင်းဆိုချင်တာက အရှင် ဒီကထွက်သွားပါ”
အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဘာမှ မတောင်းဆိုရခင် နတ်သားမှာ ပျောက်ကွယ်သွားသည်။
အပိုင်း (၃)
အင်္ဂလိပ်နှင့် ပြင်သစ်မှာလည်း ဒေါသထွက်ပြီး ခရီးဆက်ပြန်သည်။
တစ်နေရာတွင် ပုလင်းတစ်လုံးကို တွေ့ပြန်သည်။ နတ်သားတစ်ပါး ထွက်လာပြီး
တစ်ယောက်စီ ကြိုက်နှစ်သက်ရာ
ဆန္ဒ(၁)မျိုးကို တောင်းဆိုစေသည်။
အင်္ဂလိပ်လူမျိုး “ဒီတရုတ်လူမျိုးကို မမြင်ချင်တော့ဘူး”
ပြင်သစ်လူမျိုး “ ကျွန်တော်မျိုးလည်း သူ့ကို မမြင်ချင်ဘူး”
တရုတ်လူမျိုး “သူတို့တောင်းဆိုတာတွေ တစ်ခုမှ မအောင်မြင်ပါစေနဲ့”
အပိုင်း (၄)
အင်္ဂလိပ်နှင့် ပြင်သစ်မှာ လက်သီးကိုဆုတ် အံကိုကြိတ်ပြီး ခရီးဆက်ပြန်သည်။
တစ်နေရာတွင် ပုလင်းတစ်လုံး တွေ့ပြန်သည်။ နတ်သားတစ်ပါး ထွက်လာပြီး
သူတို့(၃)ဦးကို လိုအင်ဆန္ဒ တစ်ခုပဲ
တောင်းဆိုစေသည်။ အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးက တရုတ်လူမျိုးကို
တောင်းဆိုစေပြီး နတ်သားအားလည်း သူ၏ဆန္ဒ
မပြည့်စေရန် တိုးတိုးပြောသည်။
တရုတ်လူမျိုးက “ကျွန်တော်မျိုး တောင်းဆိုချင်တာက သူတို့နှစ်ဦးကို
နေရပ်ပြန်ပို့ပေးလိုက်ပါ။ ကျွန်တော်မျိုးနဲ့ ဒုက္ခခံ
နေတာ မကြည့်ရက်လို့ပါ ” ဟူတည်း။
..............................................................................
by U Kyaw Zay Ya
သူ့ရှိမှာ ငါရစရာ $ 800
မိန်းမ ဖြစ်သူက ရေချိုးခန်းထဲ မှ ထွက်လာပြီးနောက် ယောကျာင်္း ဖြစ်သူက
ရေချိုးခန်းတွင်းသို့ ရေချိုးရန် ၀င်လိုက်လေသည်။ ထိုအခိုက်
တံခါးခေါင်းလောင်း မည်လာလေသည်။ မိန်းမဖြစ်သူလည်း ရေချိုးခန်းသုံး
တဘက်စောင်ကို ကမန်းကတန်း ပတ်ကာ အိမ်အောက်သို့ ခပ်လောလော
ပြေးဆင်းလိုက်သည်။ တံခါးဖွင့်ပေးလိုက်ရာ တဖက်အိမ်မှ "ဘောဘ့်" ဖြစ်နေသည်။
သူမ ဘာမှ မပြောရသေးခင် "ဘော့ဘ်" က ကျေးဇူးပြုပြီး တဘက်စောင်ကို
ဖယ်ပေးပါ.. $800 ပေးပါမယ် ဟုဆိုလေ၏။ သူမ ခဏမျှ မင်သက်သွားပြီး "ဘောဘ့်"
ရှေ့တွင် တဘက်စောင်ကို ဖယ်ပြပြီး ခတ္တ ရပ်နေလိုက်သည်။ စက္ကန့်
အနည်းငယ်ကြာပြီးနောက် "ဘောဘ့်" က $800 ကို ကမ်းပေးလိုက်ပြီး တိတ်ဆိတ်စွာ
ထွက်ခွာသွားသည်။ မိန်းမဖြစ်သူလည်း တဘက်စောင်ကို အမြန်ပြန်ဝတ်ကာ
အပေါ်ထပ်သို့ ပြန်တက်လာသည်။ ရေချိုခန်းနား အရောက်တွင် အထဲမှ
ယောင်္ကျားဖြစ်သူက "ဘယ်သူလဲ" ဟုမေး၏။ ဟိုဘက်အိမ်က "ဘောဘ့်" ပါ... သူမက
ပြန်ဖြေ၏။ ယောင်္ကျားဖြစ်သူက "အင်း... ကောင်းတယ်.. သူ့ဆီမှာ ငါ ရစရာ $800
ရှိတဲ့ အကြောင်း ပြောသေးလား?"
(ကူးယူတင်ပြသည်)
.............................................................................
by Arkar Ko Ko
‎"ချန်ပီယံ"
အိန္ဒိယ၊ဂျပန်နှင့်မြန်မာ သုံးနိုင်ငံ
အဆဲပြိုင်ပွဲကျင်းပ၏။
ပထမဆုံးအိန္ဒိယစင်ပေါ်တက်ဆဲ၏။
၁နာရီခန့်ကြာသွားသည်အထိကုလားဘာသာဖြင့်ဆဲနိုင်သဖြင့် ပရိတ်သတ်များတခဲနက်အားပေးကြ၏။
ဒုတိယဂျပန်တက်ဆဲပြန်၏။
၂နာရီကျော်အောင်မိုးမွှန်စွာဂျပန်ဘာသာဖြင့်အာရပါးရဆဲနိုင်သဖြင့်လက်ခုပ်သံများ
ကွင်းလုံးပြည့် ဆူညံသွားတော့၏။
နောက်ဆုံးမြန်မာ
ကြောက်ကြောက်လန့်လန့်ဖြင့်စင်ပေါ်တက်လာ၏။
ကြောက်ကြောက်နှင့်တက်လာရသည်ဖြစ်၍ ဆဲမည့်နေရာမရောက်ခင်
ခင်းထားသော ကော်ဇောအစဖြင့်ခလုတ်တိုက်လဲကျကာ ယောင်ပြီးမြန်မာဘာသာဖြင့်
ဆဲမိဆဲရာဆဲလိုက်မိရာ ၄နာရီနီးပါးကြာသွား၏။ ထို့နောက် ကုန်းရုန်းထလာကာ
ထိုင်လူကြီးအား အချိန်နောက်ကျမည်စိုးသည့်လေသံဖြင့်
" ဒိုင်လူကြီးခင်ဗျား ကျွန်တော် စဆဲလို့ရပြီလား ဟူ၏။"....:P
...................................................................................
U Kyaw Zay Ya
နားလေးသူမို့ပါ
” ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျား မဟုတ်လား ”
” ဟုတ်ပါတယ် ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စ အဆိုတော်ပါ ”
” ဒါဆို တဆိတ် ကူညီစမ်းပါဗျာ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့
ခပ်ကျယ်ကျယ် အော်ပေးစမ်းပါ။ သူက နားနည်းနည်းလေးလို့..
(ကူးယူတင်ပြသည်)
........................................................................................
by Naka Saki
‎" ပဟေဠိ တိတ်တိတ်ပုန်း"
ပင်လယ်ကမ်းစပ် ရွာတစ်ရွာက အိမ်ရှင်ယောက်ျားတွေဟာ မကြာခဏ
ပင်လယ်ထဲသွားပြီးငါးသွားရှာကြတယ်။
အိမ်ရှင်ယောက်ျားမရှိတဲ့အချိန် မိန်းမတွေက ဖောက်ပြန်ကြတယ်။
ဖောက်ပြန်ပြီးတိုင်းလဲ ဖာသာဆီသွားပြီး အမှားဝန်ခံကြတယ်။
ကြာလာတော့ ဖာသာ က မိန်းမတွေကို နောက်တစ်ခါလာဝန်ခံရင် "ခိုးစားတယ် မပြောဘဲ
ချော်လဲတယ် "လို့ပြောပါ။
"ချော်လဲလာတယ်လို့ပြောရင် ငါသိပြီလို့မှာလိုက်တယ်"
နောက်တော့ ဖာသာ အသက်ကြီးပြီး နောက်ဖာသာ အသစ်တစ်ယောက်
ပြောင်းတယ်။မပြောင်းခင် ရွာသူကြီးကို "ချော်လဲတယ်"ဆိုတဲ့
အဓိပ္ပါယ်ကိုပြောပြပြီး နောက်ဖာသာကိုတော့ ရှင်းပြဖို့ မှာခဲ့တယ်။ ဖာသာ
အသစ်ရောက်တော့သူကြီးက အဲ့ဒီစကား အဓိပ္ပါယ်ကို ဖာသာ အသစ် ပြောပြဖို့
မေ့သွားခဲ့တယ်။
ရွာထဲက မိန်းမတွေက အရင်တိုင်းပဲ ခိုးစားပြီးတိုင်း ဖာသာ
အသစ်ဆီသွားပြီးဝန်ခံကြတယ်။ချော်လဲသူတွေများနေတာကြောင့်ဖာသာက
သူကြီးဆီသွားပြီး မိန်းမတွေ မကြာခဏ ချော်လဲနေတာကြောင့် ရွာထဲက လမ်းတွေ
ပြုပြင်သင့်ကြောင်း ပြောပြတယ်။ဖာသာ စကားကိုကြားတော့သူကြီးက ထ
ရယ်တယ်။အားရပါးရ ရယ်နေတဲ့ သူကြီးကိုကြည့်ပြီး ဖာသာ နားမလည်စွာနဲ့
ထအော်တယ်။
"သူကြီး...ခင်ဗျား ဘာရယ်နေတာလဲ ...ဒီတစ်ပါတ်အတွင်း ခင်ဗျားမိန်းမ
ချော်လဲတာ ၃ ခါရှိပြီဗျ..ကျူပ်က စေတနာနဲ့ပြောတာ ခင်ဗျားက ဘာလို့
ရယ်နေရတာလဲ လို့" ဟူသတည်း။
.......................................................................
သင်္ချာဆရာ - A=B, B=C, A=C ဆိုတာကို ဆရာကို ဥပမာလေးနဲ့ပြောပြပါ..
Mr. Jugger - ဟုတ်ကဲ့ပါဆရာ...ဖြေပါ့မယ်ဆရာ...ကျွန်တော်က ဆရာ့ကိုချစ်တယ်...
                  ဆရာက ဆရာ့သမီးကိုချစ်တယ်ဆိုရင် ကျွန်တော်က ဆရာသမီးကို
ချစ်တယ်ဆိုတဲ့ သဘောအတိုင်းပါခင်ဗျား :D
........................................................................
.............အားလုံးရယ်မောပျော်ရွှင်နိုင်ကြပါစေ
--
--
--
*★* 。 • ˚ ˚ ˛ ˚ ˛ •*
*•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚*
**Mr.Jugger**
အသတ်ခံနေရဆဲ ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားများ
  ရွှေဟင်္သာသတင်းဌာန
0
MM0098ထိုင်းနိုင်ငံ တောင်ပိုင်း ဆွန်ခလာ မြို့ရှိ CPF ပုဇွန် ထုတ်လုပ်သည့် ကုမ္ပဏီမှ မြန်မာ အလုပ်သမား သုံးဦးအား အမည်မသိ မျက်နှာဖုံးစွပ် ဆိုင်ကယ်စီး သေနတ် သမားမှ (၂၄) ရက်နေ့ ညက လာရောက် ပစ်ခတ် ခဲ့ပါသည်။ ပစ်ခတ်မှုကြောင့် အလုပ်သမား တစ်ဦး ပွဲချင်းပြီး သေဆုံး ခဲ့ပြီး နှစ်ဦးအား အရေးပေါ် လူနာ အဖြစ် ဆေးရုံသို့ ပို့ဆောင် ခဲ့ရပြီး ဆေးရုံ၌ နောက်တစ်ဦး ထပ်မံ သေဆုံး ခဲ့သည်ဟု သိရှိ ရပါသည်။
“အလုပ်သမား တွေက အိုဗာတိုင် ဆင်းပြီး ပြန်လာ ကြတာ၊ ခြံထဲမှာ ထိုင်စကား ပြောနေတုန်း သေနတ် သမားက လာပစ် သွားတာ၊ မစံပယ်ဖြူ ကတော့ ပွဲချင်းပြီး ဆုံးတယ်၊ ယောက်ကျား လေးနှစ်ယောက် အပြင်းအထန် ဒဏ်ရာ ရပြီး ဆေးရုံကို ညတွင်းချင်း ပို့လို